မင်းလားကွ ကဗျာဆရာ
🖌️
@htppuse
1.55K
subscribers
808
photos
15
videos
21
files
2
links
သင့်ဘဝကို ပြောင်းလဲပစ်ဖို့က သင်ကလွဲလို့ ဘယ်သူမှ မလုပ်နိုင်ပါဘူး။
-အမ်ကေဆိုနီ
Channel Admin
@Saw_Kyi71
Download Telegram
Join
မင်းလားကွ ကဗျာဆရာ
🖌️
1.55K subscribers
မင်းလားကွ ကဗျာဆရာ
🖌️
ချစ်တယ်လို့ပြောဆိုလိုက်တာဟာ
ကိုယ့်အတွက်မျှော်လင့်ခြင်းဖြစ်ပြီး
သူ့အတွက်တော့အပျင်းပြေဟာသဖြစ်သွားသည်။
-ဖော်ဝေး
😢
20
❤🔥
2
💔
2
❤
1
မင်းလားကွ ကဗျာဆရာ
🖌️
ကမ္ဘာပေါ်မှာ
ဘယ်အရာမဆို ညာလို့ရပေမယ့်
အစာအိမ်ကို ညာလို့မရတဲ့အကြောင်း
ပြောပြချင်တယ်
မစဉ်းစားတော့ပါဘူး . . .တဲ့။
-မောင်ချောနွယ်
😢
10
💔
5
❤
3
မင်းလားကွ ကဗျာဆရာ
🖌️
"ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွယ်။
ဖြစ်လေရာဘဝမှာ ငါ့ဘေးမှာ မင်းရှိရင်ရှိ
မရှိရင်တော့ မင်းဘေးမှာ ငါရှိပါရစေ"
*သိုးဆောင်း
*ကတိသစ္စာတည်သောအခါ
❤
24
မင်းလားကွ ကဗျာဆရာ
🖌️
နောက်ထပ် ဘာဆုယူဦးမလဲဆိုရင်
မနက်ဖြန်တိုင်း
မင်း ကိုယ့်ကို ပိုချစ်ပါစေပေါ့
အဲဒီထက်ပိုပြီး တောင်းလို့ရရင်
ဘ၀ဆက်တိုင်းမဟုတ်တောင်
ညမနက်တိုင်း
မင်းဆံနွယ်လေးထိပြီး အိပ်ခွင့်နိုးခွင့် ရချင်တယ်။
*ဆန်းကျော်စွာ၀င်း
❤
19
မင်းလားကွ ကဗျာဆရာ
🖌️
နေပါဉီး အချစ်
ပစ်မသွားပါနဲ့ကွယ်
နွေလယ်အိပ်မက်တစ်ခု
ငါစာတမ်းပြုထားတယ် စင်သီယာ
မင်းဘာမှမသိဘူး ....။
-ထူးအိမ်သင်
💔
11
❤
2
မင်းလားကွ ကဗျာဆရာ
🖌️
တစ်ယောက်ယောက်အလာကို
ထိုင်စောင့်နေသလို ဟန်ဆောင်ပြီး
ခုန်တန်းရှည်လေးမှာ
တစ်ယောက်တည်း ထိုင်နေရတာလောက်
နာကျင်ကြေကွဲမှုဆိုတာ ရှိပါဦးမလား ။
- မာဂရက်
💔
18
❤
5
မင်းလားကွ ကဗျာဆရာ
🖌️
မိန်းမလှလေးတွေ
အကြင်နာကင်းခြင်းဟာ
ငါတို့ လျှာပေါ်မှာ အရက်ကို
ချိုစေခဲ့တယ် မဟုတ်လား ။
-အောင်ခင်မြင့်
💔
21
မင်းလားကွ ကဗျာဆရာ
🖌️
တစ်ယောက်ယောက်မရှိလို့
မဖြစ်တဲ့ကမ္ဘာဆိုတာတော့
မရှိပါဘူး၊
ဒါပေမဲ့ တစ်ယောက်ယောက် ရှိပေးတဲ့အခါ
တစ်ယောက်ယောက်ရဲ့ ကမ္ဘာဟာ
ချောက်ကမ်းပါးစွန်းကနေ ပြန်လှည့်လာနိုင်တာမျိုး...။
•ခွန်းညိုသွေး•
❤
24
မင်းလားကွ ကဗျာဆရာ
🖌️
ပို့သသောမေတ္တာ၌ မင်းပျော်ပါစေ
ပြုခဲ့သောကုသိုလ်၌ မင်းရပါစေ
မေ့လျော့ခြင်းမှာ ငါနာကျင်ပါစေ
-ကြည်ဇော်အေး
❤
19
❤🔥
2
မင်းလားကွ ကဗျာဆရာ
🖌️
ဘဝဆိုတာ မိုးရာသီတွေချည်းမဟုတ်
မျှော်လင့်နိုင်သလောက် မျှော်လင့်ရင်း
ဘဝကိုရှေ့ဆက်ပါကွယ် ။
#ဂန
္ဓမာ
❤
15
❤🔥
4
မင်းလားကွ ကဗျာဆရာ
🖌️
ကိုယ်ကသာ ပြောစရာရှိပြီး
သူကပြောစမရှိတော့သော ယတိပြတ်မှုကို
ငါချိန်းခဲ့ပါတယ်
ငါစောင့်ခဲ့တယ်
-အောင်ချိမ့်
💔
15
❤
4
❤🔥
3
မင်းလားကွ ကဗျာဆရာ
🖌️
တစ်စုံတစ်ယောက်က
မင်းနာမည်လေး စာရွက်မှာချရေးထားရင်
ဘယ်လိုခံစားရပါသလဲ
မင်းကတော့
ကိုယ့်နာမည်ကို
အခါခါမေ့လျော့ ခဲ့ပါတယ် ။
- ဂန္ဓမာ
❤🔥
14
မင်းလားကွ ကဗျာဆရာ
🖌️
အမေရယ်......
အရာရာလွဲချော်နေတတ်တဲ့ ဒီကောင်ကလေ
ခေါင်းမာပြီး နှလုံးသားကျမှပျော့တယ်။
-မောင်ချောနွယ်
❤
19
❤🔥
2
မင်းလားကွ ကဗျာဆရာ
🖌️
နိဗ္ဗာန်ဝင်ပေါက်က လှည့်ပြန်ပြီး
သံသရာကို ဆွဲဆန့်မိတဲ့
အကြောင်းရင်းက
မင်းကို မြတ်နိုးလွန်းလို့ပဲ ။
-လင်းမာအို-
❤
23
❤🔥
2
မင်းလားကွ ကဗျာဆရာ
🖌️
အခြားသူတွေကျ ကံကောင်းပြီး
ခင်ဗျားတစ်ယောက်တည်း
ကံဆိုးတယ်လို့ တွေးနေမိသလား
သေချာတယ် ခင်ဗျားတစ်ယောက်တည်းမဟုတ်ဘူး
ကျွန်တော်ရောပဲ။
-လင်းမာအို
💔
15
❤
3
မင်းလားကွ ကဗျာဆရာ
🖌️
သတ္တဝါ တစ်ခု ၊ ကံ တစ်ခုပါ တဲ့
ငါ သိပါတယ် ။
ငါကလည်း မင်းဘဝထဲ
ဘယ်တော့မှ ခြေချခွင့်မရှိတဲ့
အပေအတေလေး တစ်ကောင်ပေါ့ ။
တစ်ခါတစ်လေ မင်းဆံနွယ်လေးတွေကြား
ဝင်တိုးလိုက်ချင်ပါရဲ့ ။
ချစ်သူရေ ဒီဘဝတော့ နေရစ်ခဲ့မယ်ကွယ် ။
*စောကြည်
❤
16
❤🔥
3
😢
1
မင်းလားကွ ကဗျာဆရာ
🖌️
ကျွန်မရဲ့လက်တွေကပဲ
တိုလွန်းနေလို့လား။
မမီမကမ်းဖြစ်ခဲ့ရသော
ချစ်ခြင်းမေတ္တာနှင့်လည်း
လွဲခဲ့ရဖူးပြီ။
-ဂျူး
💔
20
❤
3
မင်းလားကွ ကဗျာဆရာ
🖌️
" တစ်ယောက်ကို တစ်ယောက်က
ချစ်တယ်ဆိုတာ
ဘုရားစိုက်တဲ့ ပန်းကလေး
ပွင့်လာတာပါ...တဲ့ "
- တာရာမင်းဝေ
❤🔥
18
❤
10
မင်းလားကွ ကဗျာဆရာ
🖌️
တိတ်ဆိတ်ခြင်းမှာ တရားရှိတယ်
ငါ့နှလုံးခုန်သံကြောင့်
ဘယ်သူမှအကုသိုလ် မဖြစ်စေရ။
-ကြည်ဇော်အေး
💔
19
❤
4
မင်းလားကွ ကဗျာဆရာ
🖌️
သူဌေးလေးရဲ့မေတ္တာနဲ့စေတနာကိုလည်း
နားလည်ပါတယ် ဒါပေမယ့်
သူဌေးလေးပြောသလိုတော့
သူဇာလုပ်နိုင်မှာမဟုတ်ဘူး။ အထူးသဖြင့်
သူဌေးလေးနဲ့ လက်ထက်ရမယ့်အရေးကိုပေါ့
"ဘာဖြစ်လို့လဲသူဇာ၊
သူဇာကခန္ဓာသည်တစ်ယောက်ဖြစ်နေလို့လား"
"မဟုတ်ဘူး..."
"သူဇာမှ သူဌေးလေးကိုမချစ်နိုင်တာ"
*အကြင်သူသည်
*သိုးဆောင်း
💔
21
❤
5
မင်းလားကွ ကဗျာဆရာ
🖌️
မထိရက်မကိုင်ရက်သည်မှာ
မချစ်၍မဟုတ်
မြတ်နိုးလွန်း၍ဖြစ်သည်။
-တက္ကသိုလ်ဘုန်းနိုင်
❤
26
💔
5
❤🔥
4