မင်းလားကွ ကဗျာဆရာ 🖌️
1.55K subscribers
807 photos
15 videos
21 files
2 links
သင့်ဘဝကို ပြောင်းလဲပစ်ဖို့က သင်ကလွဲလို့ ဘယ်သူမှ မလုပ်နိုင်ပါဘူး။

-အမ်ကေဆိုနီ
Channel Admin @Saw_Kyi71
Download Telegram
ချစ်လှစွာသောလောကဓံတရားရေ
ဖြစ်ချင်တိုင်းမဖြစ်ရတာကိုပဲချစ်နေရပါတယ်။

-မောင်ချောနွယ်
17
သေတမ်းစာ

မြေကြီးပေါ်မှာပဲ
နေတယ်။
မြေကြီးပေါ်မှာပဲ
သေမယ်။
ငါ့ကို..မီးမရှို့နဲ့
လေထုညစ်ညမ်းမှာ
စိုးလို့။
ကောင်းကင်ဘုံကို
မမျှော်လင့်ပါဘူး။
မြေပြင်ကို မညစ်နွမ်းစေရင်
သေပျော်ပါပြီကွယ်...။ ။


-မောင်လှမျိုး(ချင်း‌ချောင်းခြံ)
24💯2❤‍🔥1
ချစ်တဲ့သူတွေကို
မိုးလေကင်းလွတ်စေချင်တယ်
အချစ်ရေ အနာတရကင်းကင်း
ပန်းတွေပွင့်တဲ့ဘက်မှာပဲနေပါ

ကိုယ့်ကိုလည်း ပျော်နေတယ်လို့ပဲ
မြင်စေချင်တယ် ...။

#မြကျေး
16
အချစ်

တစ်စက္ကန့်မျှ
မေ့လို့ မရဘူး။
မေ့ဆေးတစ်လုံး
သောက်သုံးလိုက်ရင် ကောင်းမလား။
တစ်ရေးလောက်မျှ
အိပ်လို့ မရဘူး။
အိပ်ဆေးတစ်လုံး
သောက်သုံးလိုက်ရင် ကောင်းမလား။
မေ့မိမှာ စိုး
အိပ်မိမှာ စိုး
သူ့ တန်ခိုးက
ညများစွာကို နိုးစေပြီ...။ ။

-မောင်လှမျိုး ချင်းချောင်းခြံ
💔104
မင်းက ကိုယ်အမြဲသိမ်းထားဖြစ်တဲ့
အမှားအယွင်းလေးတစ်ခုပါပဲ

ပြန်မပြင်ချင်တော့လောက်အောင်
ကိုယ်တန်ဖိုးထားမိခဲ့တယ် ။

*ဂန္ဓမာ
❤‍🔥14
ဆရာဝန်က ပြော၏
"ခင်ဗျားရဲ့ဒဏ်ရာတွေ ကျက်သွားပါပြီ " ။

" ဒဏ်ရာတော့ ကျက်ပါရဲ့ ဒါပေမယ့်…"
ကဗျာဆရာက လေးကန်စွာ ဆက်ပြော၏
" ပုံမှန်တော့ ပြန်မဖြစ်တော့ဘူးနော် " ။

-တာရာမင်းဝေ
💔152❤‍🔥1
တစ်နေ့နေ့တော့
ကိုယ့်ကို မင်းတွေ့ပါစေ
ချစ်ခြင်းမေတ္တာကိုလည်းတွေ့ပါစေ။

-ခွန်းညိုသွေး
18
စင်သီယာ

ငါ့ကဗျာ ဘယ်မှာလဲ
မရဲတရဲမေးခွန်း
တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့ပါနဲ့ ဝေဒနာ
ငါမနေတတ်ဖူး
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့် နားထောင်ချင်တာလဲ
အဲ့မှာစွဲတဲ့ မြှားချက်ဟာ
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ

-ထူးအိမ်သင်
💔13❤‍🔥21
နောက်ဆုံးတော့လည်း
ကိုယ်ဟာ မင်းကမ္ဘာထဲကို
ဘယ်တော့မှ ခြေချခွင့်မရှိတဲ့
အကြွေအလွင့် တစ်ခုသာသာပါပဲ။
တောင်းပန်ပါတယ်
မကြိုဆိုဘဲ လာချင်ခဲ့တဲ့အတွက်။
ပြီးတော့ ပျော်ရွှင်ရပါစေ ။

*နွေအိမ်မောင်ဝင်း
❤‍🔥11🐳4💔3
နောင်တစ်ကြိမ်တစ်ခါ

သို့မဟုတ်အကြိမ်ကြိမ်အခါခါ

ကျွန်တော့်ကိုငြင်းပယ်နိုင်ပါတယ်

သိုသော်....

မင်းကို ငါချစ်တယ်

-အောင်ချိမ့်
20
ဒီဘဝမှာ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်း
သူ့ဆီကကြားရဖို့ မဖြစ်နိုင်တော့ဘူးလား။
သူ့ခြေဖမိုးလေးကိုပဲ နမ်းရနမ်းရပါ
လုံးဝ မဖြစ်နိုင်တော့ဘူးလား။

-အောင်ချိမ့်
11💔5
မကြာခင် အိမ်ပြန်တော့မှာပါ
တစ်ခွန်း နှစ်ခွန်း အနစ်မွန်းခံပြီးရင် ခြူသံပေးလိုက်ရုံပါ
သူ့လမင်းကို .. ကိုယ် လက်လှမ်းမမီကြောင်းပြောရတာ
ပုလင်းနံပါတ် မမှတ်မိလောက်အောင်ခါးတယ် ..။

ကိုယ်ထင်တယ်
ကျမ်းစာထဲမှာ မပါတာတွေ ရှိကောင်းရှိနိုင်ရဲ့
အာဒမ်က...
ဧဝ ကို ပေးခဲ့တာ...
နံရိုးတစ်ချောင်းထဲမဟုတ်လောက်ဘူး။ ။

-တာရာမင်းဝေ
💔85
မုန်းနေတဲ့သူအတွက်
ကမ္ဘာ ကြီးကမရှောင်နိုင်အောင်
ကျဉ်းပါတယ်
ချစ်နေတဲ့သူအဖို့ ကမ္ဘာကြီးကမဆုံနိုင်အောင် ကျယ်လွန်းရဲ့
တစ်ခါတစ်လေ
ဆုံချင်စိတ်နဲ့
မင်းကိုမုန်းပြစ်ချင်တယ်ကွယ်

*ဆန်းကျော်စွာ၀င်း
21🍓2
ချစ်တယ်လို့ပြောဆိုလိုက်တာဟာ
ကိုယ့်အတွက်မျှော်လင့်ခြင်းဖြစ်ပြီး
သူ့အတွက်တော့အပျင်းပြေဟာသဖြစ်သွားသည်။

-ဖော်ဝေး
😢20❤‍🔥2💔21
ကမ္ဘာပေါ်မှာ
ဘယ်အရာမဆို ညာလို့ရပေမယ့်
အစာအိမ်ကို ညာလို့မရတဲ့အကြောင်း
ပြောပြချင်တယ်
မစဉ်းစားတော့ပါဘူး . . .တဲ့။

-မောင်ချောနွယ်
😢10💔53
"ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွယ်။
ဖြစ်လေရာဘဝမှာ ငါ့ဘေးမှာ မင်းရှိရင်ရှိ
မရှိရင်တော့ မင်းဘေးမှာ ငါရှိပါရစေ"

*သိုးဆောင်း
*ကတိသစ္စာတည်သောအခါ
24
နောက်ထပ် ဘာဆုယူဦးမလဲဆိုရင်
မနက်ဖြန်တိုင်း
မင်း ကိုယ့်ကို ပိုချစ်ပါစေပေါ့

အဲဒီထက်ပိုပြီး တောင်းလို့ရရင်
ဘ၀ဆက်တိုင်းမဟုတ်တောင်
ညမနက်တိုင်း
မင်းဆံနွယ်လေးထိပြီး အိပ်ခွင့်နိုးခွင့် ရချင်တယ်။

*ဆန်းကျော်စွာ၀င်း
19
နေပါဉီး အချစ်
ပစ်မသွားပါနဲ့ကွယ်
နွေလယ်အိပ်မက်တစ်ခု
ငါစာတမ်းပြုထားတယ် စင်သီယာ
မင်းဘာမှမသိဘူး ....။

-ထူးအိမ်သင်
💔112
တစ်ယောက်ယောက်အလာကို
ထိုင်စောင့်နေသလို ဟန်ဆောင်ပြီး
ခုန်တန်းရှည်လေးမှာ
တစ်ယောက်တည်း ထိုင်နေရတာလောက်
နာကျင်ကြေကွဲမှုဆိုတာ ရှိပါဦးမလား ။

- မာဂရက်
💔185
မိန်းမလှလေးတွေ
အကြင်နာကင်းခြင်းဟာ
ငါတို့ လျှာပေါ်မှာ အရက်ကို
ချိုစေခဲ့တယ် မဟုတ်လား ။

-အောင်ခင်မြင့်
💔21
တစ်ယောက်ယောက်မရှိလို့
မဖြစ်တဲ့ကမ္ဘာဆိုတာတော့
မရှိပါဘူး၊
ဒါပေမဲ့ တစ်ယောက်ယောက် ရှိပေးတဲ့အခါ
တစ်ယောက်ယောက်ရဲ့ ကမ္ဘာဟာ
ချောက်ကမ်းပါးစွန်းကနေ ပြန်လှည့်လာနိုင်တာမျိုး...။

•ခွန်းညိုသွေး•
24