မင်းလားကွ ကဗျာဆရာ 🖌️
1.56K subscribers
804 photos
15 videos
21 files
2 links
သင့်ဘဝကို ပြောင်းလဲပစ်ဖို့က သင်ကလွဲလို့ ဘယ်သူမှ မလုပ်နိုင်ပါဘူး။

-အမ်ကေဆိုနီ
Channel Admin @Saw_Kyi71
Download Telegram
အနာဂတ်ဆိုတာ
အခြား ရွေးချယ်စရာမရှိတဲ့အရာပါပဲ
ငါ ဘယ်တုန်းကမှ
တကယ်မပျော်ရွှင်ခဲ့ပါ
ငါလည်း စစ်လျော်ကြေး
ရလိုပါတယ်။

-အောင်ချိမ့်
💔18
အဲ့ဒီမနက်က
'ညွန့်ညွန့်သိန်းကလေး'ဟာ
'ခဏလေးပါ ကိုကိုရယ်' ဆိုပြီးတဲ့နောက်
ဓာတ်သဘာဝရဲ့ ကောက်ကွေ့မှုကို နားမလည်ရှာ
ခုများ ဘယ်လိုနေရှာပါလိမ့် ။

*အောင်ချိမ့်
16
အိမ်ဆိုတာ
ပြန်လို့ရတဲ့အရာမှန်း သိလေ
ပိုနာကျင်လေ
ဒါကြောင့်မို့
မြစ်တွေဟာ
သွယ်ဝိုက်စီးဆင်းတာ ဖြစ်မယ် ။

-ဝင်းမြင့်
18
ပန်းကလေးရေ
မင်းအနားရှိနိုင်ဖို့ ဘယ်ဘဝထိ
သံသရာအဆက်ဆက် စောင့်ရအုံးမလဲ ။
ဒီဘဝလဲ ဒီအမျှနဲ့ပြီးမသွားချင်ဘူး
ငါက မင်းအနားကိုရောက်အောင်
လျှောက်လာခွင့်ရတဲ့သူ ဖြစ်ချင်တာ ။
ဘယ်ဘဝက ဝဋ်ကြွေးမှန်းမသိပေမယ့်
ဒီဘဝမှာတော့ ကြေချင်ပါပြီ ။

*စောကြည်
14❤‍🔥3
အခုလောက် ဆိုရင်...
မင်း ဆံပင် ဘယ်လောက်ရှိပြီ
အခုလောက် ဆိုရင်...
မင်း အရပ် ဘယ်လောက်ရှိပြီ
ငါ့မှာ...
ပြင်မရတဲ့ အမှားတစ်ခုနဲ့
အဖျားကူးခဲ့ နေ့လေးတစ်နေ့နဲ့
အလွမ်းအဆွေးဟာ...
မင်းဘဝအတွက် မတိုးတော့တဲ့ဆေးလား
လမ်းကလေးဟာ...
ငါ့ဘဝအတွက် မဆုံးတော့တဲ့အတွေးလား
သြော်...
မင်းထားခဲ့တဲ့ တရားဓမ္မပေါ့
တခြားတစ်ယောက်နဲ့
အိုမင်းသွားရလေတယ် ။

- စိုင်းဝင်းမြင့်
💔122
တစ်နေ့ပြီးတစ်နေ့
ပြာပုံဖြစ်လာတဲ့နှစ်တွေထဲ
အံတွေကြိတ်ပြီး သူပုန်စိတ်မွေးခဲ့ကြတဲ့နေ့များ ။

-အောင်ခိုင်မြတ်
😢241💯1
သူဖုန်းစားတစ်ဦးဟာ
လက်ချည်းဗလာ ပြန်လာရိုးထုံးစံ မရှိ
ကိုယ်ကတော့ ဒီဇာတ်လမ်းမှာ
လက်ချည်းသက်သက် ပြန်ခဲ့ရတယ်။

- ဘုန်းပြည့်စုံမင်း
💔15
အဲ့ဒီ တစ်နေ့ပေါ့
ငါဟာ ချစ်တယ်ဆိုတဲ့ စကားလေးကို
ပေါ့ပျက်ပျက်ပြောတာလေး ကြားခဲ့ရတယ်
အဲ့ဒီ တစ်နေ့ပေါ့
ငါ့စိတ်တွေဟာ အငြိမ်မနေတော့
ဆေးရှူမိသွားပြီ ငါ့စိတ်တွေ
ငါ့စိတ်တွေကပေါ့ ဆေးရှူမိသွားပြီ
ငါရူးပြီ ဘေဘီရေ

*စောကြည်
18
ချစ်မိသူဆိုတာ
လောကမှာစစ်အရှုံးဆုံးလူပါ မသီတာ
ချစ်မိပြီဆိုကတည်းက အဲ့ဒီ့နှလုံးသားဟာ
တယုတယနဲ့ သေမိန့်ကျသွားခဲ့ပါပြီ။
ဦးပုညရဲ့ လင်္ကာထဲကလို
တရားဝေခွဲရင်း စကားတွေအလဲလဲဖြစ်ခဲ့ရတဲ့
ဒီကောင်ကတော့
စက္ကူမင် တစ်မျဉ်းအောက်မှာ
လူမိုက်အဖြစ် စာရင်းပေါက်သွားပါပြီ။

- တာရာမင်းဝေ
💔15
လောကကြီးကို အကောင်းအတိုင်းပဲ မြင်ချင်တယ် ။
မနက်ဖြန်မှာ ပန်းတွေပိုပွင့်စေချင်တယ်
ချစ်ရတဲ့သူကို ချစ်ရတဲ့အကြောင်းတွေ
တယုတယ ပြောပြချင်တယ် ။
ပြီးတော့ နွေးထွေးစေချင်တယ် ။

- ခက်နှောင်
16
ဟုတ်တယ်
ငါဘဝကိုခင်ရမယ်။
အရသာခါးသက်
ကြက်ဟင်းခါးဟင်း
စားရင်းစားရင်းချိုဘူးတယ်။

-အောင်ချိမ့်
💔147
ချစ်လှစွာသောလောကဓံတရားရေ
ဖြစ်ချင်တိုင်းမဖြစ်ရတာကိုပဲချစ်နေရပါတယ်။

-မောင်ချောနွယ်
17
သေတမ်းစာ

မြေကြီးပေါ်မှာပဲ
နေတယ်။
မြေကြီးပေါ်မှာပဲ
သေမယ်။
ငါ့ကို..မီးမရှို့နဲ့
လေထုညစ်ညမ်းမှာ
စိုးလို့။
ကောင်းကင်ဘုံကို
မမျှော်လင့်ပါဘူး။
မြေပြင်ကို မညစ်နွမ်းစေရင်
သေပျော်ပါပြီကွယ်...။ ။


-မောင်လှမျိုး(ချင်း‌ချောင်းခြံ)
24💯2❤‍🔥1
ချစ်တဲ့သူတွေကို
မိုးလေကင်းလွတ်စေချင်တယ်
အချစ်ရေ အနာတရကင်းကင်း
ပန်းတွေပွင့်တဲ့ဘက်မှာပဲနေပါ

ကိုယ့်ကိုလည်း ပျော်နေတယ်လို့ပဲ
မြင်စေချင်တယ် ...။

#မြကျေး
16
အချစ်

တစ်စက္ကန့်မျှ
မေ့လို့ မရဘူး။
မေ့ဆေးတစ်လုံး
သောက်သုံးလိုက်ရင် ကောင်းမလား။
တစ်ရေးလောက်မျှ
အိပ်လို့ မရဘူး။
အိပ်ဆေးတစ်လုံး
သောက်သုံးလိုက်ရင် ကောင်းမလား။
မေ့မိမှာ စိုး
အိပ်မိမှာ စိုး
သူ့ တန်ခိုးက
ညများစွာကို နိုးစေပြီ...။ ။

-မောင်လှမျိုး ချင်းချောင်းခြံ
💔104
မင်းက ကိုယ်အမြဲသိမ်းထားဖြစ်တဲ့
အမှားအယွင်းလေးတစ်ခုပါပဲ

ပြန်မပြင်ချင်တော့လောက်အောင်
ကိုယ်တန်ဖိုးထားမိခဲ့တယ် ။

*ဂန္ဓမာ
❤‍🔥14
ဆရာဝန်က ပြော၏
"ခင်ဗျားရဲ့ဒဏ်ရာတွေ ကျက်သွားပါပြီ " ။

" ဒဏ်ရာတော့ ကျက်ပါရဲ့ ဒါပေမယ့်…"
ကဗျာဆရာက လေးကန်စွာ ဆက်ပြော၏
" ပုံမှန်တော့ ပြန်မဖြစ်တော့ဘူးနော် " ။

-တာရာမင်းဝေ
💔152❤‍🔥1
တစ်နေ့နေ့တော့
ကိုယ့်ကို မင်းတွေ့ပါစေ
ချစ်ခြင်းမေတ္တာကိုလည်းတွေ့ပါစေ။

-ခွန်းညိုသွေး
18
စင်သီယာ

ငါ့ကဗျာ ဘယ်မှာလဲ
မရဲတရဲမေးခွန်း
တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့ပါနဲ့ ဝေဒနာ
ငါမနေတတ်ဖူး
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့် နားထောင်ချင်တာလဲ
အဲ့မှာစွဲတဲ့ မြှားချက်ဟာ
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ

-ထူးအိမ်သင်
💔13❤‍🔥21
နောက်ဆုံးတော့လည်း
ကိုယ်ဟာ မင်းကမ္ဘာထဲကို
ဘယ်တော့မှ ခြေချခွင့်မရှိတဲ့
အကြွေအလွင့် တစ်ခုသာသာပါပဲ။
တောင်းပန်ပါတယ်
မကြိုဆိုဘဲ လာချင်ခဲ့တဲ့အတွက်။
ပြီးတော့ ပျော်ရွှင်ရပါစေ ။

*နွေအိမ်မောင်ဝင်း
❤‍🔥11🐳4💔3
နောင်တစ်ကြိမ်တစ်ခါ

သို့မဟုတ်အကြိမ်ကြိမ်အခါခါ

ကျွန်တော့်ကိုငြင်းပယ်နိုင်ပါတယ်

သိုသော်....

မင်းကို ငါချစ်တယ်

-အောင်ချိမ့်
20