မင်းလားကွ ကဗျာဆရာ 🖌️
1.56K subscribers
850 photos
15 videos
21 files
2 links
သင့်ဘဝကို ပြောင်းလဲပစ်ဖို့က သင်ကလွဲလို့ ဘယ်သူမှ မလုပ်နိုင်ပါဘူး။

-အမ်ကေဆိုနီ
Channel Admin @Saw_Kyi71
Download Telegram
ရှာတဲ့သူမရှိရင်
ပုန်းရတာ နာသကွဲ့ ။

*မြို့မငြိမ်း
💔17❤‍🔥2🆒1
တချို့ဟာတွေ
မေ့ပစ်ရတာ...
မမေ့လို့ရှိရင် ရောဂါရမှာပေါ့
ငါလည်း တချို့ဟာတွေ
မေ့ပစ်ရတယ်...
မမေ့နိုင်လို့ရှိရင်
ငါ့အသည်းတွေ ကွဲတာကြာလှပြီ...

-အောင်သင်း
😢11❤‍🔥3
နတ်သျှင်နောင်ဟာ ဓာတုကလျာနဲ့ ဝေးနေရတယ် ။
ဒါပေမယ့် သူ့အသဲနှလုံးမှာတော့ ဓာတုကလျာဟာ အမြဲရှိနေမှာပဲ။
မချစ်တဲ့သူကို နေ့စဉ်မျက်စိအောက်မှာ မြင်နေရတာထက် ချစ်သောသူကို ဘယ်လောက်အဝေးမှာရှိရှိ အသဲနှလုံးမှာ ပိုင်သိမ်းထားနိုင်တဲ့ဘဝက ပိုပျော်ဖို့ကောင်းပါတယ် ။

*တက္ကသိုလ်ဘုန်းနိုင်
*မောင့်ဘဝညအလားကွယ်
19❤‍🔥1
ဆေးတံတစ်အိုး
ဆေးချေးတိုးမှ
လူခိုးခံလိုက်ရသည်ကတစ်ကြိမ် ...

ဖောင်တိန်တစ်လက်
အရေးသွက်မှ
နစ်ပျက်သွားသည်ကတစ်ကြိမ် ...

ရည်းစားတစ်ယောက်
ဆယ်နှစ်မြောက်မှ
လင်နောက်လိုက်သွားသည်ကတစ်ကြိမ် ...

သုံးကြိမ်သုံးခါ
ရှိခဲ့တာမို့
ငါ့မှာကိုယ်ကျိုး နည်းလှပြီ ... ။     ။

-တာရာမင်းဝေ

ပန်းလက်ဖဝါးမှာပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေးမှ။
💔74😭3
ချစ်သောတနင်္လာ

--------------------------

တနင်္လာဟာ
ပြန်ပြန်ရောက်လာတယ်

ငါသတိပြုမိတိုင်းမှာ တနင်္လာ
ငါလွန်သွားခဲ့ရင်လည်း တနင်္လာ

နေ့ထဲဝင်ရောက် ပျောက်ကွယ်တတ်တာလည်း
တနင်္လာ
ဘဝတစ်ခု အစပြုနေတာလည်း
တနင်္လာ

ကော်ဖီသောက်ပါ တနင်္လာ
တစ်ယောက်ယောက်ကို စောင့်နေရတာလည်း တနင်္လာ

တနင်္လာမှာ
ဘယ်သူမှ ဘာမှမလုပ်ဘူးလား
အချစ်ဟာ တနင်္လာမှာ ခြောက်တဲ့သရဲလား

တစ်စုံတစ်ယောက်ကို ချစ်ဖို့ဖြစ်လာခဲ့ရင်
တနင်္လာနေ့မှာပဲ ချစ်ချင်ပါတယ်
နှစ်ခါပြန်ချစ်ချင်ပါတယ် ။ ။

#စိုင်းဝင်းမြင့်
#ချစ်သောတနင်္လာ
12
ခက်တော့လည်း ခက်သားလား...
အချစ်ဆိုတာမျိုးက
ခန္တာကိုပူလောင်စေတဲ့ ရာဂမီးတွေနဲ့
လုံးလုံးမပတ်သက်ကြောင်း
အချစ်ကိုတလေးတစား တန်ဖိုးထားသူ
တချို့တလေကပဲသိနိုင်တတ်ကြတာလေ

အကြင်သူသည် (သိုးဆောင်း)
23🔥1
ချစ်ခြင်းမေတ္တာဆိုတာ
ဘာကိုမှ မထိခိုက်စေလိုခြင်းပါ
ချစ်ရတဲ့သူလေး အဆင်ပြေစေဖို့
မေတ္တာပို့နေရတာလဲ
ချစ်ခြင်းမေတ္တာ ဖြစ်နိုင်ပါတယ် ။

*စောကြည်
22❤‍🔥10
ဘဝဆိုးအကြောင်း
တိုးတိုး တိုးတိုး
ရိုးရိုးလေး နားထဲဝင်လာရဲ့ ။

'သိပါရစေကွယ်' ပေါ့လေ
ကယ်တင်ရှင်လေသံနဲ့
ငါ့ရဲ့ စပ်စုမှုကြောင့်ပေါ့ ။

ပြီးတော့လည်း
တစ်ခြားလူတွေလိုပါပဲ
အိပ်လိုက်တာပါပဲ ။

'အဝင်း'ဆိုတဲ့ ဖာသည်မလေးကို
အဲ့သလို စော်ကားမိပါတယ်။ ။

*အောင်ချိမ့်
❤‍🔥93🤯3
လောကရေစီးကကြမ်းတယ်။
မင်းက ငါးကလေးဆိုရင်တောင်
ငါစိတ်ပူနေမှာပါပဲ။

- ကေဇဝင်း
19
“ငွေဟာသက်ရှိဖြစ်တယ်
လူဟာသက်မဲ့ဖြစ်တယ်....တဲ့။”

“တစ်နေရာရာမှာ တစ်စုံတစ်ခုဟာ
အမြဲမှားရွင်းနေခဲ့ပါလိမ့်မယ်။”

-မောင်ချောနွယ်
💔22
သေချာတယ်
မင်းဟာ ငါနောက်ဆုံးခေါင်းချချင်တဲ့
ပင်လယ်ဆိပ်ကမ်းမြို့လေးပဲ။

- လင်းမာအို
❤‍🔥155
အနာဂတ်ဆိုတာ
အခြား ရွေးချယ်စရာမရှိတဲ့အရာပါပဲ
ငါ ဘယ်တုန်းကမှ
တကယ်မပျော်ရွှင်ခဲ့ပါ
ငါလည်း စစ်လျော်ကြေး
ရလိုပါတယ်။

-အောင်ချိမ့်
💔18
အဲ့ဒီမနက်က
'ညွန့်ညွန့်သိန်းကလေး'ဟာ
'ခဏလေးပါ ကိုကိုရယ်' ဆိုပြီးတဲ့နောက်
ဓာတ်သဘာဝရဲ့ ကောက်ကွေ့မှုကို နားမလည်ရှာ
ခုများ ဘယ်လိုနေရှာပါလိမ့် ။

*အောင်ချိမ့်
16
အိမ်ဆိုတာ
ပြန်လို့ရတဲ့အရာမှန်း သိလေ
ပိုနာကျင်လေ
ဒါကြောင့်မို့
မြစ်တွေဟာ
သွယ်ဝိုက်စီးဆင်းတာ ဖြစ်မယ် ။

-ဝင်းမြင့်
18
ပန်းကလေးရေ
မင်းအနားရှိနိုင်ဖို့ ဘယ်ဘဝထိ
သံသရာအဆက်ဆက် စောင့်ရအုံးမလဲ ။
ဒီဘဝလဲ ဒီအမျှနဲ့ပြီးမသွားချင်ဘူး
ငါက မင်းအနားကိုရောက်အောင်
လျှောက်လာခွင့်ရတဲ့သူ ဖြစ်ချင်တာ ။
ဘယ်ဘဝက ဝဋ်ကြွေးမှန်းမသိပေမယ့်
ဒီဘဝမှာတော့ ကြေချင်ပါပြီ ။

*စောကြည်
14❤‍🔥3
အခုလောက် ဆိုရင်...
မင်း ဆံပင် ဘယ်လောက်ရှိပြီ
အခုလောက် ဆိုရင်...
မင်း အရပ် ဘယ်လောက်ရှိပြီ
ငါ့မှာ...
ပြင်မရတဲ့ အမှားတစ်ခုနဲ့
အဖျားကူးခဲ့ နေ့လေးတစ်နေ့နဲ့
အလွမ်းအဆွေးဟာ...
မင်းဘဝအတွက် မတိုးတော့တဲ့ဆေးလား
လမ်းကလေးဟာ...
ငါ့ဘဝအတွက် မဆုံးတော့တဲ့အတွေးလား
သြော်...
မင်းထားခဲ့တဲ့ တရားဓမ္မပေါ့
တခြားတစ်ယောက်နဲ့
အိုမင်းသွားရလေတယ် ။

- စိုင်းဝင်းမြင့်
💔122
တစ်နေ့ပြီးတစ်နေ့
ပြာပုံဖြစ်လာတဲ့နှစ်တွေထဲ
အံတွေကြိတ်ပြီး သူပုန်စိတ်မွေးခဲ့ကြတဲ့နေ့များ ။

-အောင်ခိုင်မြတ်
😢241💯1
သူဖုန်းစားတစ်ဦးဟာ
လက်ချည်းဗလာ ပြန်လာရိုးထုံးစံ မရှိ
ကိုယ်ကတော့ ဒီဇာတ်လမ်းမှာ
လက်ချည်းသက်သက် ပြန်ခဲ့ရတယ်။

- ဘုန်းပြည့်စုံမင်း
💔15
အဲ့ဒီ တစ်နေ့ပေါ့
ငါဟာ ချစ်တယ်ဆိုတဲ့ စကားလေးကို
ပေါ့ပျက်ပျက်ပြောတာလေး ကြားခဲ့ရတယ်
အဲ့ဒီ တစ်နေ့ပေါ့
ငါ့စိတ်တွေဟာ အငြိမ်မနေတော့
ဆေးရှူမိသွားပြီ ငါ့စိတ်တွေ
ငါ့စိတ်တွေကပေါ့ ဆေးရှူမိသွားပြီ
ငါရူးပြီ ဘေဘီရေ

*စောကြည်
18
ချစ်မိသူဆိုတာ
လောကမှာစစ်အရှုံးဆုံးလူပါ မသီတာ
ချစ်မိပြီဆိုကတည်းက အဲ့ဒီ့နှလုံးသားဟာ
တယုတယနဲ့ သေမိန့်ကျသွားခဲ့ပါပြီ။
ဦးပုညရဲ့ လင်္ကာထဲကလို
တရားဝေခွဲရင်း စကားတွေအလဲလဲဖြစ်ခဲ့ရတဲ့
ဒီကောင်ကတော့
စက္ကူမင် တစ်မျဉ်းအောက်မှာ
လူမိုက်အဖြစ် စာရင်းပေါက်သွားပါပြီ။

- တာရာမင်းဝေ
💔15
လောကကြီးကို အကောင်းအတိုင်းပဲ မြင်ချင်တယ် ။
မနက်ဖြန်မှာ ပန်းတွေပိုပွင့်စေချင်တယ်
ချစ်ရတဲ့သူကို ချစ်ရတဲ့အကြောင်းတွေ
တယုတယ ပြောပြချင်တယ် ။
ပြီးတော့ နွေးထွေးစေချင်တယ် ။

- ခက်နှောင်
16