မင်းလားကွ ကဗျာဆရာ 🖌️
1.55K subscribers
808 photos
15 videos
21 files
2 links
သင့်ဘဝကို ပြောင်းလဲပစ်ဖို့က သင်ကလွဲလို့ ဘယ်သူမှ မလုပ်နိုင်ပါဘူး။

-အမ်ကေဆိုနီ
Channel Admin @Saw_Kyi71
Download Telegram
" ငါ့ဆီမှာ အကြာကြီးမနေချင်တဲ့သူ "

မဝယ်လည်း
စျေးမေးကြည့်လို့တော့ရတယ်
ဒါအပေါစားပဲဟ ဆိုပြီး
ငါ့ကိုစိတ်မဝင်စားခဲ့တဲ့နှစ်များ
ငါနေစရာမရှိတဲ့နှစ်များ
နေချင်သလိုနေခဲ့တဲ့နှစ်များ
ပြီးတော့
နေလို့လည်းဖြစ်ခဲ့တဲ့ နှစ်များ
နင်ပစ်ချတာကိုခံရတာတန်တယ်
ကြီးကြီးကျယ်ကျယ်ပြောရရင်
လူတစ်ယောက် အသည်းကွဲပြီဆို
ဆုံလည်ကုလားထိုင်ပေါ်ကနေ
ဒိုင်တစ်ယောက်လို ငါအကဲ ဖြတ်နေခဲ့တာ
တစ်ယောက်မှငါ့ကီး မမှီဘူး
ခုထိရင်ဘတ်တစ်ခြမ်းကို ဆရာခိုလူးနေရတုန်း
ဒါပေမယ့် အပြစ်မမြင်ပါဘူး
နားထောင်မယ်ဆို
သတင်းကောင်းပဲပြောပြချင်တာ
အောက်လမ်းနည်းတွေသုံးရတာ စိတ်ကုန်နေပြီ
ကျန်ရစ်ခဲ့သူတစ်ယောက်ဆိုပေမယ့်
ရက်စက်ခဲ့သူတစ်ယောက်လို့တော့
နင့်ကိုနောက်ဆံမတင်းစေချင်
အမြဲတမ်း စိတ်ထည့်ထားတယ်
ကိုယ်က ကျေကျေနပ်နပ်ပေးရမယ့်သူ
ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့
ကျေရတာလည်းတန်တယ်
သေရတာလည်းတန်တယ်
ပြန်လည် ကြိုဆိုခွင့်ရရင်တော့ အတန်ဆုံးပဲ
ပြတင်းပေါက်သာပိတ်ရင်ပိတ်မယ်
ခွင့်လွှတ်ခြင်းကိုမပိတ်ပစ်ဘူး
မိုးတွေသည်းလာတိုင်းလည်း
ဟိုငေးဒီငေးနဲ့ မျှော်နေကျ

စိတ်မကောင်းစရာပါ …..

ပြန်တော့ပြန်လာပါတယ်
အဝတ်အိတ်ပါမလာဘူး ။

-ချောနကျယ်
14
နေထိုင်ချင်တဲ့မြို့ရယ်လို့မရှိပါဘူး။
မင်းရှိနေလို့ သွားချင်တာကို
သွယ်ဝှိုက်ပြီးပြောလိုက်တာပါ။

-မောင်မြင့်လွင်
18
မြို့သားတွေကို လိုက်မကြည့်နဲ့
ခင်ဗျားကိုယ်တိုင် မြို့ပြင်ရောက်သွားလိမ့်မယ်

ပတ်ထား နာရီစင်ကိုပတ်ထား
နန်းမြို့ရိုးကို ပတ်ထား
ရှိနေတုန်း ဝအောင်ကြည့်ထား

နောက်ဆို ဧရာဝတီလည်း မသေချာဘူး
ရှမ်းရိုးမလည်း ဖြူရင်ဖြူသွားမှာ
မန္တလေးတောင်နဲ့ ဓာတ်ပုံတွဲရိုက်ထား
ကျောက်စာတွေ အလွတ်ကျက်ထား
ဒါတွေလည်း မသေချာဘူး

တောင်သမန်ကို အမှတ်တရ လက်မှတ်ထိုးခိုင်းထား
မဟာမြတ်မုနိရောက် အမှတ်တရ
ငွေမပိုလည်း ဝယ်ထား
ရွှေကျောင်းကြီး၊သုဓမ္မာဇရပ်တန်း၊ပန်တျာကျောင်း

နောက်ဆို
နှောင်းလူတွေကို ကျိန်ပြောရင်ပြောနေရမှာ
သတိထား...
သတိကြီးကြီးထား ၊ကြပ်ကြပ်သတိထား
သူတို့က တတိတိနဲ့ ပိပိရိရိဖဲ့စားနေကြတာ
ခင်ဗျား သိပ်မကျန်တော့ဘူးဆိုတာ သိလား

အခုက လမ်းအစုတ်တွေပေါ်က
ဘီးစုတ်လေးကြည့်ပြီး
ရင်မောရမယ့်အချိန် မဟုတ်တော့ဘူး ကိုယ့်လူ

လာပါ..
သေချာတုန်းလေး စကားစမြည်ပြောရအောင်

ဒီကဗျာရွတ်ပြီးရင်
ကျွန်တော်လည်း စကားဝဲရင် ဝဲသွားမှာ ။

- ယဥ်ဝယ်ထက်
17💔3🍓2❤‍🔥1
မချစ်ဘူးလို့ပဲ လိမ်လို့ရခဲ့တယ်
သတိရခြင်းကိုတော့ လိမ်လို့မရခဲ့ဘူး ။

#ဂန္ဓမာ
10💔3
ပျက်နေတဲ့ နာရီတောင်
တစ်နေ့ကို နှစ်ချိန်မှန်တယ်တဲ့

ရှိမှာပါ
သတိရတာချင်း တိုက်ဆိုင်တာမျိုး

- ကျော်ထက်ထွေး
18
ကဗျာ

ကျွန်တော်က ပြုံးလိုက်တယ်
ဒါကို အမေက မြင်တော့
"ငါ့သား ၊ ရူးသွားပြီ …" တဲ့
အပေါင်းအသင်းတွေက
"ဟာ…ဒီကောင်တော့
သွားပြီ…" တဲ့
ကျန်တဲ့လူတွေကလည်း
ဒီအတိုင်းပါပဲ ။
ညီမလေးရေ …
မင်းကရောကွယ် ။ ။

-စိုင်းဝင်းမြင့်
11
ကျွန်တော်တို့ ဆုံရန်မရှိတော့ပါဘူး
နောက်နောင်နွေမှာလည်း
ကျွန်တော်တို့ ဆုံရန်မရှိတော့ပါဘူး ။

*အောင်ချိမ့်
💔113😢2
" လမ်းခွဲ "

ဘာမှမဖြစ်ပါဘူးဆိုပေမယ့်
ဘာမှမဖြစ်ဘူးတော့မဟုတ်ဘူး
ဒါပေမယ့် ဘာမှမဖြစ်ပါဘူး ။

ပျော်စရာတွေဆီသွားမလို့မဟုတ်လား။

ငါ့နာမည် ထိပ်ဆုံးမှာရေးပြီး
သေချာပေါက်မေ့ပစ်လိုက်ရမှာတွေကို
စာရင်းလုပ်ပေးလိုက်တယ်
မပျောက်စေနဲ့ဦး ။

ဘာပဲပြောပြော စောင့်နေမိမှာမို့
ဘာမှမပြောနဲ့ ရတယ် ။

တကယ်ပျော်အောင်နေ ကြားလား ။

နင်လမ်းလျှောက်တဲ့အခါ
ခဏခဏခလုတ်တိုက်မိရင်လည်း ဆောရီး
လွမ်းနေမှာတော့ သိတယ်မလား ။

ဘိုင့် . . . ။

- ယဉ်ဝယ်ထက်
13❤‍🔥1
တစ်ယောက်တည်းနေတတ်ပြီဆို
တစ်ယောက်ယောက် ရောက်လာတယ်
သိပ်မကြာတဲ့အချိန်အတွင်းမှာပဲ
အဲ့တစ်ယောက်ယောက်က အဝေးကြီးထွက်သွားတယ်။

ငါ့မှာတစ်ယောက်တည်း ပြန်နေသားကျအောင်
ပြန်ပြီးပုံသွင်းယူရတယ်။

အရာရာကို ဘဝကြီးနဲ့ချီပြီး
မျှော်လင့်တတ်တဲ့ငါ့အတွက်တော့
တော်တော်လေးအလုပ်ရှုပ်ပါတယ်။

-လင်းညီ
21
ကျွန်တော့်ကိုယ် ကျွန်တော်
ဘဝင်မြင့်နေတာဆိုလို့
ခင်ဗျားကို ကျွန်တော်ကလွဲရင်
တခြားတစ်ယောက်ယောက်က
ဂရုမစိုက်နိုင်ဘူး
အကာအကွယ်မပေးနိုင်ဘူး
ကျွန်တော့်လောက် မချစ်ပေးနိုင်ဘူးပဲ
ထင်နေတာ
ခင်ဗျားက ကျွန်တော်မရှိလည်း အေးဆေးပဲဆိုတာ
မေ့မေ့သွားတယ်
ဒါဟာ ဘယ်လောက်ရူးသွပ်တဲ့ခံစားချက်လဲ။

- လင်းမာအို
12🍓2
ငါ့ထက်အပုံကြီးသာတဲ့ရည်းစားရလို့တဲ့

ငါ့ကိုလာမော်ကြွားတယ်

မယ်မင်းကြီးမက ။

အေးလေ ဝမ်းသာပါတယ်။

“ မိဘအသိုင်းအဝိုင်းတောင့်တယ်

ချမ်းသာတယ် ရုပ်ချောတယ်

ယောက်ျားပီသတယ် ” တဲ့

ငါကအေးအေးဆေးဆေးပဲလူသေကောင်လို

ငါကလူသေကောင်လိုအေးအေးဆေးဆေးပဲ။

“ နင့်ကောင်ငါ့လိုကဗျာရေးတတ်ရင်ခက်မယ် ”

အေး ခက်မယ် ။

- အောင်ချိမ့် -
17
ကျွန်တော့်ဘဝမှာ
စိတ်ကြီးဝင်စရာ ဘာမှမရှိပါဘူး
ဒါပေမဲ့
သူမရဲ့အသံလေးကို
နားနဲ့ဆက်ဆက်ကြားရတဲ့အချိန်မျိုးမှာတော့
ကျွန်တော်ဟာ ဘဝမေ့တတ်ပါတယ် ။

~ မောင်သိန်းဇော်
14🍓1
တယ်လီဖုန်းမှာ ကြိုးမပါတော့ဘူး
ကင်မရာမှာ ဖလင်မပါတော့ဘူး

တစ်ယောက်နဲ့တစ်ယောက် ချစ်တာ
အချစ် မပါတော့ဘူး။

*သုခမိန်လှိုင်
17💔7
လူတွေက
လူတွေကို မေ့နေတဲ့ ကာလမှာ
တရားနဲ့လည်း မဖြေနိုင်
အမှားနဲ့လည်း မသေနိုင်
မြစ်ထဲက ငါးတွေလို
ကန်ထဲက ငါးတွေ ဘယ်ပျော်နိုင်ပါ့မလဲ။

-လှသန်း
15😢3
ကမ္ဘာသာ
ဖြည်းဖြည်းလေး လည်ခဲ့ရင်
မင်းအနားမှာ အချိန်ကြာကြာရှိခဲ့ဦးမှာ ။

*ဂန္ဓမာ
💔125
ဒီနေ့ကားသမားက
အသည်းကွဲလာပုံရတယ်

လမ်းတွေချော်တယ်
မှတ်တိုင်တွေမှားရပ်တယ်

ကြေကွဲသံကြီးနဲ့
တောင်းပန်ပါတယ် တောင်းပန်ပါတယ်
ခဏခဏပြောနေရတယ်

ဘယ်သူမှလည်း အပြစ်မပြောကြပါဘူး
ကြည့်ရတာ
တစ်ကားလုံး အသည်းကွဲလာပုံရတယ်....။     ။

-မြကျေး
16
၀မ်းနည်းစရာဆိုတာ
ဆုံးရှုံးလိုက်ရမှမဟုတ်ပါဘူး
ကိုယ်သံယောဇဥ်ထားမိတဲ့လူက
ပေါ့ပေါ့တန်တန်ဆက်ဆံတဲ့အခါ
သူအလိုလိုဖစ်ပေါ်လာတတ်ပါတယ် ။

#အကြည်တော်
13
တကယ်ချစ်မိပြီဆိုရင်
ဆောင်းတွင်းမှာလည်း ငိုရတယ်
မိုးတွေရွာရင်လည်း ငိုရတယ်
နေပူကြီးထဲလည်း ငိုရတယ်။    ။

-မောင်ဆောင်းခ
16
ငါတို့နှစ်ယောက်ကြားကတိတ်ဆိတ်ခြင်းကို
ဘယ်စကားလုံးနဲ့ ပြန်အသက်သွင်းမလဲ။
မင်းကနေနိုင်တယ်၊ ငါကမနေနိုင်ဘဲ
နေနိုင်ချင်ယောင်ဆောင်တယ်။
တကယ့်ငရဲပဲ ။.....။

*လင်းမာအို
💔95
ခင်ဗျားဟာ
ဘာအတွက် ဒီသံသရာကို ရောက်ရှိလာခဲ့သလဲ
ကျွန်တော်ကတော့
ပန်းကလေးတွေကို ငေးဖို့သက်သက်
ရောက်ခဲ့ပါတယ်
မိုးထဲ လေထဲ ။ ။

*ပြည့်စုံဝင်း
*စိတ်ကူး - ၂
9
အချစ်ကို ယုံလို့
မြစ်ထဲ ခုန်ချခဲ့တာပဲ
ဒါ စုံလုံးကန်းဝါဒတဲ့လား
ဖြေရှင်းမပြနိုင်တာ ခွင့်လွှတ်ပါ။

မရှိတဲ့တရားကို
အသိမှားတွေနဲ့
မဟားတရားတွန်းရှာ
အဆုံးမှာ ကိုယ့်အမည်ကိုယ်ပြန်သတိရ
ဒီ့ထက်စိတ်ချရတာ ဘာရှိသေးလို့လဲ။

ဒီလိုနဲ့ သူဟာ
သီချင်းတွေကိုချစ်ခဲ့တယ်
သူငယ်ချင်းတွေကို ချစ်ခဲ့တယ်

".... .... ..." ကိုချစ်ခဲ့တယ်။

- လှသန်း
11