"ဟန်နီ"
ဝေးဖို့တွေအများကြီးရှိခဲ့ပါရဲ့ . . .
အဖေက အမေက
အသိုင်းက အဝိုင်းက
နင်တကယ်ပျော်ရဲ့လား အခု ။
ချစ်ရသူတွေအများကြီးအနားမှာ
သိပ်ချစ်ရတဲ့နင်မရှိတော့တဲ့အခါ
အောင်မြင်မှုဆိုတာ ဘာလဲ ။
ရထားတစ်စီးတည်းကိုပဲ
ဘူတာတစ်ခုတည်းမှာ
နင်နဲ့ငါ အကြိမ်ကြိမ်လွဲချော် . . .
ပြန်ဆုံခဲ့တယ်ဆိုပေမယ့်
ပြန်မဆုံနိုင်တော့ဘူးမလား ။
အရေးကြီးပါတယ်
ချစ်တယ်ဆိုတာ
တခါတလေ မိတ်ပြတ်ဆွေပြတ်ပဲ ။
စက်ဘီးလေးတစ်စီးနဲ့
ငါတို့သွားချင်တဲ့နေရာကို
ရောက်မယ်မဟုတ်ဘူးမဟုတ်လား . . .
ငါကြိုးစားတယ်
ငါရုန်းကန်တယ်
ဒါပေမယ့်
မတော်တဆတွေဟာ ခဏခဏပဲ ။
ပြောပြပါဦး
ချယ်ရီတွေအကြောင်း . . .
ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့
ဆာမူရိုင်းတွေအကြောင်း . . .
အဲ့မှာ နေသာကြောင်း. . . မိုးရွာကြောင်း . . .
ကျည်ဆံရထားတွေဟာ
အရမ်းအပြေးမြန်တယ်နော်
နင့်လိုပဲ. . .
ပျော်ရွှင်စရာ အမှတ်တရတွေက
သေရာပါဒဏ်ရာတွေလား . . .
အခုတော့ အသည်းပုံလေးဟာ
အသည်းပုံလေးအတိုင်း ကျန်ခဲ့ပြီပေါ့လေ ...
ငါလွှတ်လိုက်တဲ့စက္ကူစွန်လေး
ပျော်ရွှင်ခြင်းဆီ စိုက်စိုက်မြိုက်မြိုက်ရောက်ပါစေ ။
- ယဥ်ဝယ်ထက်
ဝေးဖို့တွေအများကြီးရှိခဲ့ပါရဲ့ . . .
အဖေက အမေက
အသိုင်းက အဝိုင်းက
နင်တကယ်ပျော်ရဲ့လား အခု ။
ချစ်ရသူတွေအများကြီးအနားမှာ
သိပ်ချစ်ရတဲ့နင်မရှိတော့တဲ့အခါ
အောင်မြင်မှုဆိုတာ ဘာလဲ ။
ရထားတစ်စီးတည်းကိုပဲ
ဘူတာတစ်ခုတည်းမှာ
နင်နဲ့ငါ အကြိမ်ကြိမ်လွဲချော် . . .
ပြန်ဆုံခဲ့တယ်ဆိုပေမယ့်
ပြန်မဆုံနိုင်တော့ဘူးမလား ။
အရေးကြီးပါတယ်
ချစ်တယ်ဆိုတာ
တခါတလေ မိတ်ပြတ်ဆွေပြတ်ပဲ ။
စက်ဘီးလေးတစ်စီးနဲ့
ငါတို့သွားချင်တဲ့နေရာကို
ရောက်မယ်မဟုတ်ဘူးမဟုတ်လား . . .
ငါကြိုးစားတယ်
ငါရုန်းကန်တယ်
ဒါပေမယ့်
မတော်တဆတွေဟာ ခဏခဏပဲ ။
ပြောပြပါဦး
ချယ်ရီတွေအကြောင်း . . .
ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့
ဆာမူရိုင်းတွေအကြောင်း . . .
အဲ့မှာ နေသာကြောင်း. . . မိုးရွာကြောင်း . . .
ကျည်ဆံရထားတွေဟာ
အရမ်းအပြေးမြန်တယ်နော်
နင့်လိုပဲ. . .
ပျော်ရွှင်စရာ အမှတ်တရတွေက
သေရာပါဒဏ်ရာတွေလား . . .
အခုတော့ အသည်းပုံလေးဟာ
အသည်းပုံလေးအတိုင်း ကျန်ခဲ့ပြီပေါ့လေ ...
ငါလွှတ်လိုက်တဲ့စက္ကူစွန်လေး
ပျော်ရွှင်ခြင်းဆီ စိုက်စိုက်မြိုက်မြိုက်ရောက်ပါစေ ။
- ယဥ်ဝယ်ထက်
💔10❤3😢1
" ငါ့ဆီမှာ အကြာကြီးမနေချင်တဲ့သူ "
မဝယ်လည်း
စျေးမေးကြည့်လို့တော့ရတယ်
ဒါအပေါစားပဲဟ ဆိုပြီး
ငါ့ကိုစိတ်မဝင်စားခဲ့တဲ့နှစ်များ
ငါနေစရာမရှိတဲ့နှစ်များ
နေချင်သလိုနေခဲ့တဲ့နှစ်များ
ပြီးတော့
နေလို့လည်းဖြစ်ခဲ့တဲ့ နှစ်များ
နင်ပစ်ချတာကိုခံရတာတန်တယ်
ကြီးကြီးကျယ်ကျယ်ပြောရရင်
လူတစ်ယောက် အသည်းကွဲပြီဆို
ဆုံလည်ကုလားထိုင်ပေါ်ကနေ
ဒိုင်တစ်ယောက်လို ငါအကဲ ဖြတ်နေခဲ့တာ
တစ်ယောက်မှငါ့ကီး မမှီဘူး
ခုထိရင်ဘတ်တစ်ခြမ်းကို ဆရာခိုလူးနေရတုန်း
ဒါပေမယ့် အပြစ်မမြင်ပါဘူး
နားထောင်မယ်ဆို
သတင်းကောင်းပဲပြောပြချင်တာ
အောက်လမ်းနည်းတွေသုံးရတာ စိတ်ကုန်နေပြီ
ကျန်ရစ်ခဲ့သူတစ်ယောက်ဆိုပေမယ့်
ရက်စက်ခဲ့သူတစ်ယောက်လို့တော့
နင့်ကိုနောက်ဆံမတင်းစေချင်
အမြဲတမ်း စိတ်ထည့်ထားတယ်
ကိုယ်က ကျေကျေနပ်နပ်ပေးရမယ့်သူ
ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့
ကျေရတာလည်းတန်တယ်
သေရတာလည်းတန်တယ်
ပြန်လည် ကြိုဆိုခွင့်ရရင်တော့ အတန်ဆုံးပဲ
ပြတင်းပေါက်သာပိတ်ရင်ပိတ်မယ်
ခွင့်လွှတ်ခြင်းကိုမပိတ်ပစ်ဘူး
မိုးတွေသည်းလာတိုင်းလည်း
ဟိုငေးဒီငေးနဲ့ မျှော်နေကျ
စိတ်မကောင်းစရာပါ …..
ပြန်တော့ပြန်လာပါတယ်
အဝတ်အိတ်ပါမလာဘူး ။
-ချောနကျယ်
မဝယ်လည်း
စျေးမေးကြည့်လို့တော့ရတယ်
ဒါအပေါစားပဲဟ ဆိုပြီး
ငါ့ကိုစိတ်မဝင်စားခဲ့တဲ့နှစ်များ
ငါနေစရာမရှိတဲ့နှစ်များ
နေချင်သလိုနေခဲ့တဲ့နှစ်များ
ပြီးတော့
နေလို့လည်းဖြစ်ခဲ့တဲ့ နှစ်များ
နင်ပစ်ချတာကိုခံရတာတန်တယ်
ကြီးကြီးကျယ်ကျယ်ပြောရရင်
လူတစ်ယောက် အသည်းကွဲပြီဆို
ဆုံလည်ကုလားထိုင်ပေါ်ကနေ
ဒိုင်တစ်ယောက်လို ငါအကဲ ဖြတ်နေခဲ့တာ
တစ်ယောက်မှငါ့ကီး မမှီဘူး
ခုထိရင်ဘတ်တစ်ခြမ်းကို ဆရာခိုလူးနေရတုန်း
ဒါပေမယ့် အပြစ်မမြင်ပါဘူး
နားထောင်မယ်ဆို
သတင်းကောင်းပဲပြောပြချင်တာ
အောက်လမ်းနည်းတွေသုံးရတာ စိတ်ကုန်နေပြီ
ကျန်ရစ်ခဲ့သူတစ်ယောက်ဆိုပေမယ့်
ရက်စက်ခဲ့သူတစ်ယောက်လို့တော့
နင့်ကိုနောက်ဆံမတင်းစေချင်
အမြဲတမ်း စိတ်ထည့်ထားတယ်
ကိုယ်က ကျေကျေနပ်နပ်ပေးရမယ့်သူ
ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့
ကျေရတာလည်းတန်တယ်
သေရတာလည်းတန်တယ်
ပြန်လည် ကြိုဆိုခွင့်ရရင်တော့ အတန်ဆုံးပဲ
ပြတင်းပေါက်သာပိတ်ရင်ပိတ်မယ်
ခွင့်လွှတ်ခြင်းကိုမပိတ်ပစ်ဘူး
မိုးတွေသည်းလာတိုင်းလည်း
ဟိုငေးဒီငေးနဲ့ မျှော်နေကျ
စိတ်မကောင်းစရာပါ …..
ပြန်တော့ပြန်လာပါတယ်
အဝတ်အိတ်ပါမလာဘူး ။
-ချောနကျယ်
❤14
မြို့သားတွေကို လိုက်မကြည့်နဲ့
ခင်ဗျားကိုယ်တိုင် မြို့ပြင်ရောက်သွားလိမ့်မယ်
ပတ်ထား နာရီစင်ကိုပတ်ထား
နန်းမြို့ရိုးကို ပတ်ထား
ရှိနေတုန်း ဝအောင်ကြည့်ထား
နောက်ဆို ဧရာဝတီလည်း မသေချာဘူး
ရှမ်းရိုးမလည်း ဖြူရင်ဖြူသွားမှာ
မန္တလေးတောင်နဲ့ ဓာတ်ပုံတွဲရိုက်ထား
ကျောက်စာတွေ အလွတ်ကျက်ထား
ဒါတွေလည်း မသေချာဘူး
တောင်သမန်ကို အမှတ်တရ လက်မှတ်ထိုးခိုင်းထား
မဟာမြတ်မုနိရောက် အမှတ်တရ
ငွေမပိုလည်း ဝယ်ထား
ရွှေကျောင်းကြီး၊သုဓမ္မာဇရပ်တန်း၊ပန်တျာကျောင်း
နောက်ဆို
နှောင်းလူတွေကို ကျိန်ပြောရင်ပြောနေရမှာ
သတိထား...
သတိကြီးကြီးထား ၊ကြပ်ကြပ်သတိထား
သူတို့က တတိတိနဲ့ ပိပိရိရိဖဲ့စားနေကြတာ
ခင်ဗျား သိပ်မကျန်တော့ဘူးဆိုတာ သိလား
အခုက လမ်းအစုတ်တွေပေါ်က
ဘီးစုတ်လေးကြည့်ပြီး
ရင်မောရမယ့်အချိန် မဟုတ်တော့ဘူး ကိုယ့်လူ
လာပါ..
သေချာတုန်းလေး စကားစမြည်ပြောရအောင်
ဒီကဗျာရွတ်ပြီးရင်
ကျွန်တော်လည်း စကားဝဲရင် ဝဲသွားမှာ ။
- ယဥ်ဝယ်ထက်
ခင်ဗျားကိုယ်တိုင် မြို့ပြင်ရောက်သွားလိမ့်မယ်
ပတ်ထား နာရီစင်ကိုပတ်ထား
နန်းမြို့ရိုးကို ပတ်ထား
ရှိနေတုန်း ဝအောင်ကြည့်ထား
နောက်ဆို ဧရာဝတီလည်း မသေချာဘူး
ရှမ်းရိုးမလည်း ဖြူရင်ဖြူသွားမှာ
မန္တလေးတောင်နဲ့ ဓာတ်ပုံတွဲရိုက်ထား
ကျောက်စာတွေ အလွတ်ကျက်ထား
ဒါတွေလည်း မသေချာဘူး
တောင်သမန်ကို အမှတ်တရ လက်မှတ်ထိုးခိုင်းထား
မဟာမြတ်မုနိရောက် အမှတ်တရ
ငွေမပိုလည်း ဝယ်ထား
ရွှေကျောင်းကြီး၊သုဓမ္မာဇရပ်တန်း၊ပန်တျာကျောင်း
နောက်ဆို
နှောင်းလူတွေကို ကျိန်ပြောရင်ပြောနေရမှာ
သတိထား...
သတိကြီးကြီးထား ၊ကြပ်ကြပ်သတိထား
သူတို့က တတိတိနဲ့ ပိပိရိရိဖဲ့စားနေကြတာ
ခင်ဗျား သိပ်မကျန်တော့ဘူးဆိုတာ သိလား
အခုက လမ်းအစုတ်တွေပေါ်က
ဘီးစုတ်လေးကြည့်ပြီး
ရင်မောရမယ့်အချိန် မဟုတ်တော့ဘူး ကိုယ့်လူ
လာပါ..
သေချာတုန်းလေး စကားစမြည်ပြောရအောင်
ဒီကဗျာရွတ်ပြီးရင်
ကျွန်တော်လည်း စကားဝဲရင် ဝဲသွားမှာ ။
- ယဥ်ဝယ်ထက်
❤17💔3🍓2❤🔥1
" လမ်းခွဲ "
ဘာမှမဖြစ်ပါဘူးဆိုပေမယ့်
ဘာမှမဖြစ်ဘူးတော့မဟုတ်ဘူး
ဒါပေမယ့် ဘာမှမဖြစ်ပါဘူး ။
ပျော်စရာတွေဆီသွားမလို့မဟုတ်လား။
ငါ့နာမည် ထိပ်ဆုံးမှာရေးပြီး
သေချာပေါက်မေ့ပစ်လိုက်ရမှာတွေကို
စာရင်းလုပ်ပေးလိုက်တယ်
မပျောက်စေနဲ့ဦး ။
ဘာပဲပြောပြော စောင့်နေမိမှာမို့
ဘာမှမပြောနဲ့ ရတယ် ။
တကယ်ပျော်အောင်နေ ကြားလား ။
နင်လမ်းလျှောက်တဲ့အခါ
ခဏခဏခလုတ်တိုက်မိရင်လည်း ဆောရီး
လွမ်းနေမှာတော့ သိတယ်မလား ။
ဘိုင့် . . . ။
- ယဉ်ဝယ်ထက်
ဘာမှမဖြစ်ပါဘူးဆိုပေမယ့်
ဘာမှမဖြစ်ဘူးတော့မဟုတ်ဘူး
ဒါပေမယ့် ဘာမှမဖြစ်ပါဘူး ။
ပျော်စရာတွေဆီသွားမလို့မဟုတ်လား။
ငါ့နာမည် ထိပ်ဆုံးမှာရေးပြီး
သေချာပေါက်မေ့ပစ်လိုက်ရမှာတွေကို
စာရင်းလုပ်ပေးလိုက်တယ်
မပျောက်စေနဲ့ဦး ။
ဘာပဲပြောပြော စောင့်နေမိမှာမို့
ဘာမှမပြောနဲ့ ရတယ် ။
တကယ်ပျော်အောင်နေ ကြားလား ။
နင်လမ်းလျှောက်တဲ့အခါ
ခဏခဏခလုတ်တိုက်မိရင်လည်း ဆောရီး
လွမ်းနေမှာတော့ သိတယ်မလား ။
ဘိုင့် . . . ။
- ယဉ်ဝယ်ထက်
❤13❤🔥1