KOREA MOVIE
26.5K subscribers
175 photos
37 videos
153 links
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန်

Admအကောင့်သို့ဆက်သွယ်ရန် @Donki2003 Ck Lottery/Big Win လက်မခံပါ
Download Telegram
Forwarded from Horror Movie
Blood Haven (2025)

IMDb Rating (6.2)


ဒီနေ့တော့ လတ်တလော ဗီယက်နမ်ရုံတွေမှာ ဝင်ငွေစံချိန်တင်နေတဲ့ Thien Duong Mau ဆိုတဲ့ ရုပ်ရှင်ကားလေး တင်ပေးထားပါတယ်။ ဒီကားက ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ထွက်ထားပြီး ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး ဝင်ငွေစံချိန်တင် ရုပ်ရှင်အဖြစ် ရပ်တည်နေတာပါ။

ဒါရိုက်တာ Hoang Tuan Cuong က ရိုက်ကူးထားပြီး နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Quang Tuan, Quach Ngoc Ngoan, Hoai Lam, Sy Toan နဲ့ Thanh Huong တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအကျဉ်း

အခုနောက်ပိုင်း တော်တော်လေး နာမည်ကြီးနေတဲ့ ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု) ဂိုဏ်းတွေအကြောင်းကို အခြေခံပြီး ရိုက်ထားတာပါ။ "အလုပ်ပင်ပန်းမှုမရှိဘဲ လစာကောင်းကောင်းရမယ်" ဆိုတဲ့ မက်လုံးတွေနဲ့ လူငယ်တွေကို နယ်စပ်က အထူးဒေသတွေဆီ လိမ်လည်ခေါ်ဆောင်သွားတဲ့ အဖြစ်အပျက်တွေနဲ့ စတင်ထားပါတယ်။

အဲဒီလို လိမ်ခေါ်ခံရပြီး ရောက်သွားတဲ့သူတွေဟာ အပြင်ထွက်ခွင့်မရဘဲ အကျဉ်းချခံထားရပြီးတော့ ကိုယ့်နိုင်ငံသားတွေကိုပဲ ပြန်လည် လိမ်လည်ဖို့ အတင်းအကျပ် ခိုင်းစေခံရတဲ့ အခြေအနေတွေကို ရင်တမမနဲ့ ကြည့်ရမှာပါ။

ဒီကားထဲမှာ မင်းသား Quang Tuan က ပျောက်ဆုံးနေတဲ့ ညီမဖြစ်သူကို လိုက်ရှာတဲ့ တွမ် ဆိုတဲ့ ကာရိုက်တာကနေ သရုပ်ဆောင်ထားပြီး၊ အဲဒီဒုစရိုက်ဂိုဏ်းခေါင်းဆောင် ဖူး နေရာမှာတော့ Quach Ngoc Ngoan က သရုပ်ဆောင်ထားပါတယ်။ လိမ်လည်မှုအဖွဲ့အစည်းရဲ့ အကြီးတန်း မန်နေဂျာ မိုင် အဖြစ် Thanh Huong က အပီပြင်ဆုံး သရုပ်ဆောင်ထားပါတယ်။

တွမ် တို့လို သားကောင်ဖြစ်သွားတဲ့ လူငယ်တွေ ဒီငရဲခန်းကြီးထဲကနေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြမလဲ၊ ဘယ်လို ရက်စက်မှုတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကို ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားစရာ တင်ဆက်ထားတာ တွေ့ရမှာပါ။

ဒီကားလေးဟာ လက်ရှိခေတ်မှာ တကယ်ဖြစ်ပျက်နေတဲ့ အွန်လိုင်းလိမ်လည်မှုတွေ၊ လူကုန်ကူးမှုတွေကို သတိထားမိစေဖို့ ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှုရင်းနဲ့ ဗဟုသုတရော၊ အက်ရှင်နဲ့ ဒရာမာ ရသကိုပါ အပြည့်အဝခံစားရမယ့် ကားကောင်းတစ်ကားဖြစ်လို့ အချိန်ပေးပြီး ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။


ချန်နယ်joinကြည့်ပါ🔽🔽🔽

https://t.me/htoohtet1005

ဇာတ်ကားလင့်ခ်🔽🔽🔽

https://t.me/htoohtet1005/1253
Forwarded from India Movie Channel
မျက်မမြင်ပါကစ္စတန်သူလေးနဲ့အိန္ဒီယစပိုင်စုံထောက်ဇာတ်ကားလေး

ဆစ်ဒ်နဲ့ တောင်ပိုင်းမင်းသမီးရာရှ်မီကားတို့ရဲ့ မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ 'Mission Majnu'
ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၉၇၀ ခုနှစ်အချိန်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့
ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ကားလေးလည်းဖြစ်ပါတယ်
အာမန်ဒိဟာပါကစ္စတန်ရဲ့ နယူးကလီးယားလျှို့ဝှက်စမ်းသပ်နေတဲ့ကိစ္စကို
စုံစမ်းဖို့အတွက်သူလျှိုအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ် ပါကစ္စတန်မှာသူလျှိုအဖြစ်လှုပ်ရှားရင်း
မျက်မမြင်ကောင်မလေး နာစရင်းနဲ့လည်း အိမ်ထောင်ကျနေခဲ့တာပေါ့ အာမန်ဒိဟာတစ်ဖက်မှာသူ့မိသားစုလေးကို
တည်ထောင်ရင်း တစ်ဖက်မှာလည်းတိုင်းပြည်တာဝန်တွေကို မလစ်ဟင်းရအောင်လုပ်ဆောင်ပေးခဲ့ပါတယ်
အာမန်ဒိတစ်ယောက် ဘယ်လိုအခက်အခဲတွေကို ကျော်လွှားသွားရမလဲ သူ့ရဲ့မိသားစုလေးကိုရော
အန္တရာယ်ကင်းအောင်ထားနိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်အားပေးကြပါဦးနော်

ပါကစ္စတန်နိုင်ငံထဲကို ဝင်ရောက်အသက်စွန့်ပြီးတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အိန္ဒိယအေးဂျင့်တွေရဲ
့လေးစားစရာစိတ်ဓာတ်ကိုပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့အပြင် အာမန်ဒိနဲ့ နာစရင်းရဲ့ အချစ်ဇာတ်လမ်းလေးကိုလည်းလွမ်းမောဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်

ချန်နယ်လင့်🔽🔽🔽

https://t.me/htethtet8616

ဇာတ်ကားကြည့်ရန်🔽🔽🔽

https://t.me/htethtet8616/409
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from FLASH BET
Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️


🪼အတာနှစ်ကူးအချိန်ခါလေးမှာ

🪼အလန်းဆုံးဂိမ်းတွေဆော့ပြီး

🪼အလျော်အစားမှန်ကန်မြန်ဆန်တဲ့

🪼Flashbet ရဲ့အော်တိုဂိမ်းဆိုဒ်ကြီးမှာ

🪼ဘောနပ်များစွာနဲ့အတူစိတ်ကြိုက်

🪼ကစားဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင့်


◼️မန်ဘာသစ်တိုင်းအတွက်🟦🟦🟦🟦ဘောနပ်ကြီး◼️


❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️

📱 www.77flash.com

❗️❗️❗️❗️❗️❗️❗️❗️❗️❗️

📱 @vipfb77
📱 09 76 30 35 300

❗️❗️❗️❗️❗️❗️❗️❗️

😎@flashbetchannel

❗️❗️❗️❗️❗️❗️❗️❗️❗️
Please open Telegram to view this post
VIEW IN TELEGRAM
👍1
Homecam (2025)

*

သင်္ကြန်ပိတ်ရက်မှာ ကြည့်ရှုဖို့အတွက် အသစ်ထွက် သည်းထိတ်ရင်ဖို သရဲကားလေးကို
ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။

Sky Castle ထဲက မင်းသမီး Yoon Se A၊ ကလေးသရုပ်ဆောင် Yoon Byeol Ha နဲ့
In Your Radiant Season ထဲက မင်းသား Kwon Hyuk တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

- ဇာတ်လမ်းအကျဉ်း -

နေရာသစ်တစ်ခုဆီ အိမ်ပြောင်းလာတဲ့ အာမခံ စုံစမ်းစစ်ဆေးရေးမှူး ဝူဆောင်းဟီး (Yoon Se A) ဟာ
သူ အလုပ်သွားနေစဉ်မှာ သူ့ရဲ့သမီးလေး ဂျီအူ (Yoon Byeolha) ကို ထိန်းပေးဖို့အတွက် ဗီယက်နမ်သူ
အိမ်အကူကို ငှားထားပြီး သမီးလေးကို အမြဲမပြတ် စောင့်ကြည့်နိုင်ဖို့အတွက်လည်း တစ်အိမ်လုံးအနှံ့မှာ
Homecam တွေ တပ်ဆင်ထားလိုက်ပါတယ်။

တစ်နေ့မှာ ဆောင်းဟီးက ကုမ္ပဏီကနေ Homecam ကို စောင့်ကြည့်နေရင်း ကြောက်မက်ဖွယ်
သူစိမ်းမိန်းကလေးတစ်ဦးက ဂျီအူနဲ့အတူ ရှိနေတာကို တွေ့မြင်လိုက်ရတဲ့အခါ ချက်ချင်း
ဖုန်းဆက်မေးလိုက်ပေမဲ့ ဂျီအူရော အိမ်အကူမိန်းကလေးကရော သူတို့ကလွဲပြီး
ဘယ်သူမှ မရှိဘူးလို့ ပြန်ဖြေခဲ့တာကြောင့် ဆောင်းဟီးလည်း ပဟေဠိဖြစ်သွားရတာပေါ့။

အဲဒီနောက်ပိုင်းမှာလည်း အဆိုပါ သူစိမ်းမိန်းကလေးက Homecam ထဲမှာ မကြာခဏ
ပေါ်လာတတ်ပေမဲ့ အိမ်မှာတော့ ဘာခြေရာလက်ရာမှကို ရှာမတွေ့ခဲ့ပါဘူး။

တစ်ဖက်မှာလည်း ဂျီအူက ကြာလေလေ ထူးဆန်းတဲ့ အပြုအမူတွေ လုပ်လာတဲ့အခါမှာတော့...

တကယ်ပဲ Homecam ထဲမှာ ပေါ်ပေါ်လာတဲ့ သူစိမ်းမိန်းကလေးက ဘယ်သူဖြစ်မလဲ.....

ဂျီအူကရော ဘာကြောင့် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပြောင်းလဲလာနေတာလဲဆိုတာကိုတော့
ဇာတ်လမ်းထဲမှာပဲ ဆက်လက် အဖြေရှာရင်း ကြည့်ရှုပေးကြပါဦး။

ချန်နယ်လင့်🔽🔽🔽

https://t.me/htethtet1005

ဇာတ်ကားကြည့်ရန်🔽🔽🔽

https://t.me/htethtet1005/431
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from K Cinema 2025 - 26
Media is too big
VIEW IN TELEGRAM
Homecam (2025) WEB-DL 1080p
Forwarded from Global Movie mm(sub)
ဟေးလ်မေရီ စီမံချက် [၂၀၂၆]
=========================
IMDB : 8.4

ဇာတ်လမ်းအကျဉ်း

Ryland Grace (Ryan Gosling) ဆိုတဲ့ သိပ္ပံကျောင်းဆရာတစ်ယောက်ဟာ
ကမ္ဘာနဲ့ အလင်းနှစ်တွေချီပြီး ဝေးကွာတဲ့ အာကာသယာဉ်တစ်စီးပေါ်မှာ
တစ်ယောက်တည်း သတိရလာပါတယ်။ ပြဿနာက သူကိုယ်တိုင် ဘယ်သူလဲဆိုတာရော၊
အဲဒီကို ဘယ်လိုရောက်နေလဲဆိုတာကိုပါ လုံးဝ မှတ်မိမနေတာပါပဲ။
အချိန်ကြာလာတာနဲ့အမျှ သူ့မှတ်ဉာဏ်တွေ တဖြည်းဖြည်း ပြန်ပေါ်လာချိန်မှာတော့
သူဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့ နောက်ဆုံးကျန်နေတဲ့ မျှော်လင့်ချက်ဖြစ်နေမှန်း
သိလာရပါတော့တယ်။ကမ္ဘာပေါ်က သက်ရှိတွေအကုန်လုံး မျိုးသုဉ်းသွားလောက်တဲ့အထိ
နေမင်းကြီးကို အလင်းရောင် မှေးမှိန်သွားစေတဲ့ ထူးဆန်းတဲ့အရာတစ်ခု
ပေါ်လာလို့ အဲဒါကို ဖြေရှင်းဖို့ သူက စေလွှတ်ခံခဲ့ရတာပါ။ လမ်းခရီးမှာ
သူသိထားတဲ့ သိပ္ပံပညာရပ်တွေကို အသုံးချပြီး အသက်ရှင်ဖို့ ကြိုးစားရမယ့်အပြင်၊
လုံးဝ မျှော်လင့်မထားတဲ့ မိတ်ဆွေသစ်တစ်ယောက်နဲ့လည်း ဆုံတွေ့ရဦးမှာပါ။

ချန်နယ်လင့်🔽🔽🔽

https://t.me/htoohtoo161120

ဇာတ်ကားကြည့်ရန်🔽🔽🔽

https://t.me/htoohtoo161120/414
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie
ကျိန်စာသင့် ရွှံ့ရုပ်လေး M_u-d_b-o_r-n (2-0-2-5)

"ငါက သူ့အဖေလုပ်မယ်... ငါက သူ့အမေလုပ်မယ်... သူ့ကို ထာဝရ ချစ်သွားမယ်"

ကလေးဘဝတုန်းက ဆိုခဲ့ဖူးတဲ့ ချစ်စရာ ကလေးကဗျာလေးတစ်ခုက တကယ်တမ်းမှာ သွေးပျက်စရာ ကျိန်စာတစ်ခု ဖြစ်နေခဲ့မယ်ဆိုရင်…

အိမ်မှာကြည့်ရင်း ကျောထဲစိမ့်သွားစေမယ့် ထိုင်ဝမ် Folk Horror ကားကောင်းကောင်း မျှော်နေသူတွေအတွက် ၂၀၂၅ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးစာရင်းဝင် "Mudborn" ဆိုတဲ့ ဇာတ်ကားသစ်ကြီး ထွက်ရှိလာပါပြီ။

နာမည်ကျော် မင်းသား Tony Yang နဲ့ မင်းသမီး Cecilia Choi တို့က အဓိက ခေါင်းဆောင်ပါဝင်ထားပြီး Derek Chang, Puff Kuo တို့လို အချစ်တော်တွေပါ အားဖြည့်ထားတာမို့ casting တစ်ပေါက် လျှမ်းလျှမ်းတောက်ပဲပေါ့။

ဇာတ်လမ်းကတော့ ရွှိချွမ်းဆိုတဲ့ VR ဂိမ်းရေးဆွဲသူ ကောင်လေးက သူ့ရဲ့ သရဲဂိမ်းပရောဂျက်အတွက် သုတေသနလုပ်ဖို့ဆိုပြီး နာမည်ကြီး သရဲခြောက်တဲ့ နေရာတစ်ခုကနေ ပျက်စီးနေတဲ့ ရွှံ့ရုပ်လေးတစ်ခုကို အိမ်ကို ကောက်ယူလာခဲ့ရာကနေ စပါတယ်။

ပြဿနာက သူ့ရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည် မုဟွားက ရှေးဟောင်းပစ္စည်းတွေ ပြုပြင်ထိန်းသိမ်းတဲ့သူပီပီ ဒီရွှံ့ရုပ်လေးကို ပြန်လည်ပြုပြင်ဖို့ စွဲစွဲလမ်းလမ်း ကြိုးစားရာကနေ ထူးခြားမှုတွေ စတင်ပါတော့တယ်။ ရွှံ့ရုပ်လေး ပြင်လို့ ပြီးခါနီးလေလေ၊ အိမ်ထဲမှာ ရှင်းပြလို့မရတဲ့ သဘာဝလွန် ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်လာလေလေပါပဲ။

နောက်ပိုင်းမှာ ကိုယ်ဝန်ဆောင် ဇနီးသည်ရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တဖြည်းဖြည်း ယိုယွင်းလာပြီး ဒီရွှံ့ရုပ်လေးနဲ့ သူတို့အိမ်က ခြောက်ခြားစရာ အခြေအနေတွေကြားမှာ ဘယ်လိုတွေ ဗျာများကြမလဲ... "ရွှံ့ရုပ်လေး" ဆိုတဲ့ ကလေးကဗျာလေးရဲ့ နောက်ကွယ်က ဆိုးရွားတဲ့ အတိတ်နဲ့ ကျိန်စာတွေကို သွားဆွမိတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့…..

ချန်နယ်လင့်🔽🔽🔽

https://t.me/htoohtet1005

ဇာတ်ကားကြည့်ရန်🔽🔽🔽

https://t.me/htoohtet1005/1262
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from India Movie Channel
Asmee (2021)

ဇာတ်လမ်းကတော့ လေးနှစ်ကြာမျှ အခန်းတစ်ခုအတွင်း ပိတ်လှောင်ခံရပြီး ရက်စက်စွာ နှိပ်စက်ညှင်းပန်းခံခဲ့ရသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ လွတ်မြောက်လာပြီးနောက် သူမသည် ထိုသို့ပြုလုပ်ခဲ့သူမှာ Rajesh (ကေသဗ် ဒီပတ်) ဖြစ်သည်ဟု ယုံကြည်ကာ လက်စားချေ သတ်ပစ်လိုက်သည်။
သို့သော်လည်း သူမ၏ ကံကြမ္မာဆိုးက မပြီးဆုံးသေးဘဲ၊ သူမကို တကယ်တမ်း ညှဉ်းပန်းနှိပ်စက်ခဲ့သူမှာ Siva (ရာဇာ နာရင်ဒရာ) ဆိုသူဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိလာရသည်။ ထိုအခါ Asmee သည် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုများကြားမှ သူမအား ဖျက်ဆီးခဲ့သူ အစစ်အမှန်ကို မည်သို့ ရင်ဆိုင်ဖြေရှင်းမလဲ၊ သူမ၏ နက်နဲသော အတိတ်လျှို့ဝှက်ချက်များသည် လက်ရှိအိမ်ထောင်ရေးကို မည်သို့ ခြောက်လှန့်လာမလဲဆိုသည်ကို သည်းထိတ်ရင်ဖိုဖွယ်ရာ အလှည့်အပြောင်းများ ဖြင့် ရိုက်ကူးထားသည့် တေလဂူ သည်းထိတ်ရင်ဖို ဇာတ်ကား ဖြစ်ပါသည်။

ချန်နယ်လင့်🔽🔽🔽

https://t.me/htethtet8616

ဇာတ်ကားကြည့်ရန်🔽🔽🔽

https://t.me/htethtet8616/414
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from FLASH BET
🅰️🅰️🅰️🅰️🅰️☄️🅰️🅰️🅰️


ပြိုင်စံရှားတဲ့အနိုင်ရသူဖြစ်ဖို့

အနိုင်ကြမ်း၊အလျော်လန်းပြီး

ဘောနပ်တွေပါအပေးကြမ်းတဲ့

Flashbet ရဲ့အော်တိုဂိမ်းဆိုဒ်ကြီးမှာ

အမြန်ဆုံးသာအကောင့်ဖွင့်ကစားလိုက်တော့နော်



◼️မန်ဘာသစ်တိုင်းအတွက်🔢🔢🔢ဘောနပ်ကြီး◼️


❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️

📱 www.77flash.com

❗️❗️❗️❗️❗️❗️❗️❗️❗️❗️

📱 @vipfb77
📱 09 76 30 35 300

❗️❗️❗️❗️❗️❗️❗️❗️

😎@flashbetchannel

❗️❗️❗️❗️❗️❗️❗️❗️❗️
Please open Telegram to view this post
VIEW IN TELEGRAM
👍1
Forwarded from India Movie Channel
O2 (oxygen) 2022
=================

Kaathuvaakula Rendu Kaadhal ကားထဲက နာမည်ကြီး ဘောလိ၀ုဒ်မင်းသမီး Nayanthara နဲ့
နာမည်ကြီး ကလေးသရုပ်ဆောင် Rithvik တို ပါဝင်သရုပ်ဆောင်ထားတဲ့ O2 ဆိုတဲ့
Disney+Hostarကထုတ်လွှင့်တဲ့ တမီးလ် Thriller ဇာတ်ကားလေး ထွက်ရှိလာပါပြီ။
ဇာတ်လမ်း ဇာတ်အိမ်ကိုက တခြားတမီးလ်ကားတွေနဲ့ မတူပဲ
ထူးထူးခြားခြားလေး ရိုက်ကူးထားပြီး မိခင်မေတ္တာကိုအပြည့်အဝဖော်ပြထားတဲ့
ကားကောင်းလေးတစ်ကားပါ ။
ဒီကားလေးထဲမှာ မင်းသမီး Nayanthara က မုဆိုးမ ကျန်းမာရေးမကောင်းတဲ့ သားလေးကို
ပိုင်ဆိုင်ထားတဲ့ သားတစ်ယောက်မိခင် ပါဗက်သီ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာပါ ....
ဗီရာကတော့ ပါဗက်သီရဲ့ သားလေးဖြစ်ပြီး ငယ်စဉ်ထဲက cystic fibrosis လိုခေါ်တဲ့
အသက်ရှူလမ်းကြောင်း နံရံတွေထူတဲ့ ရောဂါဝေဒနာကို ခံစားနေရတာကြောင့်
သွားလေရာနေရာ အောက်စီဂျင်အိုးသယ်သွားပြီး အောက်စီဂျင်နဲ့ အသက်ဆက်နေရတဲ့ ဝေဒနာသည်ကလေးလေးပါ
သားဖြစ်သူကို ခွဲစိတ်ကုသဖိုအတွက် ကုမ်ဘာတာကနေ ကိုချင် ကို ဘတ်စ်ကားနဲ့ ခရီးထွက်လာတဲ့ အချိန် .....

ချန်နယ်လင့်🔽🔽🔽

https://t.me/htethtet8616

ဇာတ်ကားကြည့်ရန်🔽🔽🔽

https://t.me/htethtet8616/416
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie
Long Weekend (2013)

အစအနောက် သန်ကြတဲ့ သူငယ်ချင်းတစ်စု လှေစီးပြီးမှ သွားရတဲ့ ရွာငယ်လေးတစ်ခုကို ပျော်ပျော်ကြီး ခရီးထွက်ခဲ့ကြတယ်….အဲ့ဒီထဲမှာမှ ငယ်ငယ်တုန်းက သရဲဖမ်းစားခံရလို ၀ိဉာဉ် ပြန်ခေါ်ထားရတဲ့ ကောင်လေးလဲ ပါတယ် ကံဆိုးစွာပဲ အဲ့ဒီကောင်လေးကို ကျန်တဲ့သူငယ်ချင်းတွေကနတ်တင်တဲ့ ဂူထဲမှာ ပိတ်ပြီး စနောက်မိလိုက်ကြတယ်….အဲ့ဒီနောက်မှာတော့….. ” ဒီ ဖယောင်းတိုင် မငြိမ်းစေနဲ့ ငြိမ်းသွားရင်တော့ အားလုံး အသက်အပျောက်ပဲ ”” ဟတ်ပီး ဘာ့ဒေးပါ သမီးလေး ဖယောင်းတိုင်ကို မှုတ်လိုက်တော့ “” ဟင့်အင်းမ် မေမေ က သမီး အတွက် မွေးနေ့ ဘယ်တုန်းကမှ မလုပ်ပေးခဲ့ဘူး ရှင် ဘယ်သူလဲ ”
အညွှန်းတွေ ဘာတွေ ထွေထွေထူးထူး မတင်ပေးတော့ပါဘူး တစ်စိမ့်စိမ့်ကြည့်ရင်း ကြောက်စေချင်လိုပါ..ကြည့်ပြီးရင် နောင်တ မရမယ့် ကားမျိုးထဲမှာပါပါတယ် ကြည့် ကြည့်လိုက်ကြပါလို.တိုက်တွန်းပါရစေ။

ချန်နယ်လင့်🔽🔽🔽

https://t.me/htoohtet1005

ဇာတ်ကားကြည့်ရန်🔽🔽🔽

https://t.me/htoohtet1005/1268

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie
R_e-a_d-y o_r N-o_t 2 : H_e-r_e I C-o_m-e (2-0-2-6)
==========================================

IMDB ⭐️ 8.1/10

"လင်ယူမှားခဲ့ရင်တောင် ဒူးနဲ့မျက်ရည်သုတ်ရယုံဘဲဆိုပြီး ကောက်ယူချလိုက်မှ လူ့မုဆိုး‌တွေကြား အသက်လုပြေးရတော့တာပဲ"

ကဲ... Horror/Comedy အကြမ်းစားတွေမှ ကြိုက်ပါတယ်ဆိုတဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ ရဲ့ အမိုက်ဆုံး သွေးသံရဲရဲ ဇာတ်ကားသစ်ကြီး ရောက်ရှိလိုလာပါပြီ။

ပထမကား (၂၀၁၉) တုန်းက မင်္ဂလာဦးညမှာ ဟန်းနီးမွန်းမထွက်ရဘဲ ယောက္ခမဆွေမျိုးတစ်သိုက်နဲ့ တူတူပုန်းတမ်း ကစားခဲ့ရတဲ့ သတို့သမီးလေး ဂရေ့စ်ကို အားလုံးပဲ မှတ်မိကြဦးမှာပါ။

နောက်ဆုံးမှာ မကောင်းဆိုးဝါးနဲ့ ပဋိညာဉ်ဖောက်ဖျက်မိတဲ့ ယောက္ခမတစ်ဆွေလုံး သွေးသံရဲရဲနဲ့ ပေါက်ကွဲထွက်သွားတာကို အေးအေးဆေးဆေး ဆေးလိပ်လေးဖွာပြီး ရဲတွေလာတဲ့အခါ "In-laws..." ဆိုတဲ့ ခပ်မိုက်မိုက် စကားတစ်ခွန်းတည်းနဲ့ အဆုံးသတ်ခဲ့တဲ့ အလန်းစား ဇာတ်သိမ်းလေးနဲ့တင် ဒီကားက Horror ဖန်တွေကြားမှာ Masterpiece တစ်ခုဖြစ်ခဲ့တာပေါ့။

အခု ဒုတိယပိုင်းမှာတော့ ဆေးလိပ်တောင် ဆုံးအောင်မဖွာလိုက်ရသေးပါဘူး... ဇာတ်လမ်းကပြန်စပြန်ပါပြီ။ ဒီဇာတ်လမ်းကတော့ ပထမဇာတ်ကားရဲ့အဆုံးသတ် လဒိုးမက်စ် မိသားစုရဲ့ ငရဲခန်းအိမ်ကြီးထဲကနေ ထွက်လာပြီးပြီးချင်း အချိန်ကနေပဲ ဆက်သွားတာပါ။

ငရဲခန်းအိမ်ကနေ လွတ်ပြီလို ထင်ထားတဲ့ ဂရေ့စ်တစ်ယောက် အပြင်ရောက်တော့မှ ပိုကြီးတဲ့ သေမင်းတမန်ကစားပွဲကြီးဆီ ထပ်ရောက်သွားပါတော့တယ်။

ပြဿနာက ဒီကမ္ဘာကြီးမှာ မကောင်းဆိုးဝါးနဲ့ အပေးအယူလုပ်ထားတဲ့ မိသားစုက သူတိုတစ်စုတည်း မဟုတ်နေတာပါပဲ။

ဂရေ့စ်ဟာ သူ့ရဲ့ သွေးကွဲနေတဲ့ ညီမအရင်းဖြစ်သူ ဖိတ်နဲ့ ပြန်လည်ဆုံတွေ့ပြီးချိန်မှာတော့...

ကမ္ဘာကြီးကို နောက်ကွယ်ကနေ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အထက်တန်းလွှာ "မိသားစုကြီး (၄) စု" က အမြင့်ဆုံးနေရာကို လုဖိုအတွက် ဂရေ့စ်တို ညီအစ်မနှစ်ယောက်ကို အမဲလိုက်ကြပါတော့တယ်။

ဒီတစ်ခါက အိမ်တွင်းပုန်းတမ်း မဟုတ်တော့ဘဲ ရှင်ကျန်ရစ်သူက အရာအားလုံးကို ပိုင်ဆိုင်မဲ့ သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုတဲ့ Death Game ကြီးဖြစ်နေတဲ့အခါ...

အသားလွတ်ကြီး သားကောင်ဖြစ်ရပြန်တဲ့ ၇ နှစ်တိတိ စကားမပြော အကြောမတည့်ကြတဲ့ ဂရေ့စ်နဲ့ သူ့ညီမဖိတ်တို့ အရေးကြီးတဲ့အခါ သွေးစည်းပြီး လူ့မိစ္ဆာ လောဘသားကောင်တွေကို ဘယ်လို ပြန်ဖြုတ်ကြမလဲဆိုတာကတော့ ....

ချန်နယ်လင့်🔽🔽🔽

https://t.me/htoohtet1005

ဇာတ်ကားကြည့်ရန်🔽🔽🔽

https://t.me/htoohtet1005/1272
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie
I can Only See [2021]
====================

2021 မှာအသစ်ထွက်ထားတဲ့ Horror/Comedy ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်

Cast တွေကတော့ 2AM member ဖြစ်သူ Jung Jin Woon
မင်းသမီးကတော့ Sol Binတို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်

ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းသလို .....
သရဲကားဆိုပေမယ့် ဟာသလေးတွေရောထားလို့
ကြောက်တတ်သူတွေ ကြည့်ပျော်မယ့်ကားလေးလည်းဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းလေးကတော့ ......
ဇာတ်ကားရိုက်ဖို့ နေရာရှာနေတဲ့ တက်သစ်စ လူငယ်ဒါရိုက်တာတစ်ယောက်နဲ့
သူတို့ရိုက်ကူးရေးအဖွဲ့အကြား ကြောက်စရာဖြစ်ရပ်တွေ ကြုံရပုံကို အဓိကထားရိုက်ကူးတာဖြစ်ပါတယ်

ဂျန်းဂွန်းဆိုတဲ့ တက်သစ်စဒါရိုက်တာက ဇာတ်ညွှန်းလည်းရေးသလို
ဒါရိုက်တာလည်းလုပ်နေတဲ့ လူငယ်တစ်ယောက်ပါ

တစ်ရက်မှာသူရေးထားတဲ့ဇာတ်လမ်းကို အတူတူရိုက်ကူးဖို့
ကျောင်းတုန်းကစီနီယာတွေကိုခေါ်ပြီး ဇာတ်ကားတစ်ကားဖန်တီးဖို့အကြောင်းဖန်လာရင်း
အဲ့ဒီဇာတ်ကားရိုက်တဲ့ နေရာ ဟိုတယ်ဟောင်းတစ်ခုမှာ သဘာဝလွန်ဖြစ်ရပ်တွေစဖြစ်လာပါတော့တယ်

သူတို့အဖွဲ့ကဘယ်လိုတွေ အခြောက်ခံရမယ်ဆိုတာတော့
စိတ်ဝင်စားစရာကောင်းတဲ့ ဟာသလေးတွေပါလို့
ရီမောဖွယ် ကြည့်ရှုရမှာဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးဖြစ်ကြောင်းညွှန်းချင်ပါတယ်

ချန်နယ်လင့်🔽🔽🔽

https://t.me/htoohtet1005

ဇာတ်ကားကြည့်ရန်🔽🔽🔽

https://t.me/htoohtet1005/1276


#Crd
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from FLASH BET
🤩🤩🤩🤩🤩☄️🤩🤩🤩


🤩ပျော်ရွှင်စရာလည်းကောင်းပြီး

🤩နေ့စဉ်ဝင်ငွေတွေလည်းရမဲ့အပြင်

🤩ဘောနပ်တွေလည်းရှယ်အပေးကြမ်းတဲ့

🤩ဂိမ်းအခန်းများစွာကိုဆော့ကစားပြီး

🤩အနိုင်ငွေတွေသိမ်းပိုက်ဖို့အတွက်

🤩Flashbet ဂိမ်းဆိုဒ်ကြီးမှာခုပဲ

🤩အကောင့်ဖွင့်ကစားလိုက်‌တော့နော်



◼️မန်ဘာသစ်တိုင်းအတွက်🤩🤩🤩ဘောနပ်ကြီး◼️


❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️

📱 www.77flash.com

❗️❗️❗️❗️❗️❗️❗️❗️❗️❗️

📱 @vipfb77
📱 09 76 30 35 300

❗️❗️❗️❗️❗️❗️❗️❗️

😎@flashbetchannel

❗️❗️❗️❗️❗️❗️❗️❗️❗️
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from India Movie Channel
He.. ad B.. us.. h (20.. 22)

အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ KGF မင်းသားတို့ရပ်ဝန်းက
ကန်နန်ဒါးဘာသာစကားနဲ့ထွက်ရှိလာပြီး မင်းသားဒန်နန်ဂျေယားနဲ့ မင်းသမီး
ပါယလ်ရာဂျ်ပွသ်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်

ဒီဇာတ်ကားလေးဟာ Agni Sridhar ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
'My Days in the Underworld' ဆိုတဲ့ စာအုပ်အပေါ်အခြေခံထားပြီး
ဘန်ဂလောမြို့ မြေအောက်လောကအကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်

နိုင်ငံရေးမှာ ထာဝရ ရန်သူ ထာဝရမိတ်ဆွေဆိုတာ မရှိပါဘူး ထာဝရအကျိုးစီးပွားဆိုတာပဲ ရှိပါတယ်

နိုင်ငံရေးသမားတွေဟာ သူတို့အာဏာတည်မြဲရေးအတွက်
မြေပေါ်မြေအောက်နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုကြပါတယ်

The Guys of Rangoon ထဲက လမ်းမတော်ဖိုးတုတ်ဇာတ်လမ်းထဲမှာလဲ
ဆန္ဒပြပွဲဖြစ်ပြီး အစိုးရတွေပြုတ်ကျဖို့ လူမိုက်တွေကို ငှားလုပ်ခိုင်းတာကို တွေ့ရမှာပါ

ခုဇာတ်ကားက လမ်းမတော်ဖိုးတုတ် live action လိုပါပဲ မိုက်ပေမဲ့ နှလုံးသားလှတဲ့ လူမိုက်ကြီး ဂျယ်ရက်ဂ်ျရဲ့ ဒီမြို့ကို ငါတို့ပိုင်တယ်ဆိုတဲ့ အထာအလန်းကြီးတွေနဲ့ ဂိုဏ်းစတားတွေကို တစ်ဝကြီးရှုစားရမှာပါ

ချန်နယ်လင့်🔽🔽🔽

https://t.me/htethtet8616

ဇာတ်ကားကြည့်ရန်🔽🔽🔽

https://t.me/htethtet8616/421
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Global Movie mm(sub)
Slanted (2026)
++++++++

ဒီဇာတ်ကားဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို အသားပေးတဲ့ Body Horror အမျိုးအစားဖြစ်ပြီး ပရိသတ်တွေကို

ရင်တထိတ်ထိတ်နဲ့ အော့နှလုံးနာစရာ မြင်ကွင်းတွေ ပေးစွမ်းမယ့် ကားမျိုးပါ။

ဇာတ်လမ်းကတော့ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ အလှအပဆိုင်ရာ စံနှုန်းတွေကို တရားလွန် လိုက်စားရင်း၊ မဖြစ်သင့်တာတွေ

ဖြစ်လာတဲ့အခါမှာ ကြုံတွေ့ရမယ့် ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်ဆိုးတွေကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
+++++++++

ဂျုံးဟွမ်ဆိုတဲ့ကောင်မလေးဟာ ကလေးဘဝလေးကတည်းက မိဘတွေနဲ့အတူ အမေရိကန်ကို ပြောင်းရွှေ့လာပြီး အခြေချနေထိုင်ခဲ့တဲ့

အာရှနွယ်ဖွား တရုတ်အမေရိကန် ဖြစ်ပါတယ်။

သူမဟာ ငယ်ငယ်တုန်းက ကျောင်းကပွဲတစ်ခုမှာ King နဲ့ Queen ရွေးချယ်နေတာကို မြင်ခဲ့ဖူးပြီးတဲ့နောက်မှာ ကြီးလာရင် ကျောင်းကပွဲမှာ

Queen တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ သူမဟာ သာမန်အောက်ခြေလုပ်သားတွေဖြစ်တဲ့ မိဘတွေက မပြည့်စုံတာကတစ်ကြောင်း၊ တရုတ်အမေရိကန် ဖြစ်နေတာကတစ်ကြောင်း၊

သူမကိုယ်သူမ ယုံကြည်မှုအားနည်းတာကတစ်ကြောင်းကြောင့် ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းမှာ ဘယ်သူကမှ

အဖက်သိပ်မလုပ်တဲ့ အပယ်ခံလေး ဖြစ်နေခဲ့ပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ သူမဟာ ကိုယ့်ရဲ့လူမျိုးကိုပါ အပြီးတိုင် ပြောင်းလဲပြီး လူဖြူတစ်ယောက်ဖြစ်လာအောင် ခွဲစိတ်ပေးနိုင်တယ်ဆိုတဲ့ ဆေးခန်းတစ်ခုကို

ရှာတွေ့သွားပါတော့တယ်။

ဒီတော့ ဂျုံးဟွမ်တစ်ယောက် ဘယ်လိုရွေးချယ်မှုတွေနဲ့ နှစ်ပါးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

ချန်နယ်လင့်🔽🔽🔽

https://t.me/htoohtoo161120

ဇာတ်ကားကြည့်ရန်🔽🔽🔽

https://t.me/htoohtoo161120/427
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie
"ကျိန်စာသင့် မျက်နှာဖုံး" "T_a Kh-o_n: T-h-e Cu-rs-e_d M-as-k" (2-0-2-5) 
=========================================================

IMDB ⭐️ 7/10

ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ "ဖီတံခွန်" ဆိုတဲ့ ရိုးရာမျက်နှာဖုံးပွဲတော်ကို အခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

"ဖီတံခွန်" ပွဲတော်ကတော့ ဒေသခံအတွင်းမှာရှိတဲ့ ဘိုးဘေးဝိညာဉ်တွေကို အရိုအသေပြုလုပ်တဲ့ပွဲပဲဖြစ်ပါတယ်။ ဒီပွဲတော်မှာဆိုရင် ဒေသခံတွေဟာ မျက်နှာဖုံးတွေပြုလုပ်ကြပြီးတော့ ပွဲတော်ရက်အတွင်းမှာ မျက်နှာဖုံးတွေ တပ် ခေါင်းလောင်းသံတွေ တချွင်ချွင်နဲ့ ဘိုးဘေးဝိညာဉ်တွေကို ပူဇော်ပြီးနောက်မှာ ပွဲတော်ပြီးတာနဲ့ အဲဒီမျက်နှာဖုံးတွေကို မြစ်ထဲမျှောကာ အညစ်အကြေးတွေ သန့်စင်သွားတယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့လည်း ဒီပွဲတော်မျက်နှာဖုံးတွေရဲ့ နောက်ကွယ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ရှေးဟောင်းကျိန်စာတစ်ခု ရှိနေပါတယ်။

ဂျွိုင်လို့ခေါ်တဲ့ကောင်လေးဟာ ညီမဖြစ်သူ ဂျက်ရယ် အဘွားဖြစ်သူ အဘွားသင်တို့နဲ့အတူ နေထိုင်နေပါတယ်။ အဘွားသင်ဟာ သူ့ခင်ပွန်းဖြစ်သူက ရွာသားတွေကို နတ်ကွန်းဆောက်ဖို့အတွက် သူတို့ပိုင်မြေထဲကနေ ခွဲပေးထားတဲ့မြေကို ခင်ပွန်းဖြစ်သူဆုံးသွားချိန်မှာတော့ ပြန်တောင်းပြီး သားဖြစ်သူအတွက် အိမ်ဆောက်ပေးခဲ့ရာကနေ ဒီဇာတ်လမ်းက စတင်ခဲ့တာဖြစ်ပါတယ်။

နတ်ကွန်းပိုင်မြေကို ပြန်ယူလိုက်ကတည်းက သူတို့မိသားစုဟာ ကံဆိုးမှုတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆုံး အဘွားသင်ရဲ့ သားဖြစ်သူ ဆုံးသွားတဲ့အထိပါပဲ။ ဒီလိုနဲ့ နေလာရင်း မြေးဖြစ်သူ ဂျွိုင် အရွယ်ရောက်လာတဲ့အချိန်ထိ အဘွားသင်ဟာ သားဖြစ်သူဆုံးသွားတာကို လက်မခံနိုင်ဖြစ်လို့နေပါတယ်။

ဒီလိုနဲ့ အဘွားသင်တစ်ယောက် မျက်နှာဖုံးစွပ်လျက်နဲ့ သေဆုံးသွားရာကနေ ဘာတွေ ဆက်ဖြစ်မလဲ ......
အဘွားသင်ရဲ့ သေဆုံးမှုနောက်ကွယ်က ရိုးရဲ့လား .....
ဒီသတင်းကို လိုက်တဲ့ သတင်းထောက်မလေးနဲ့ ဂျွိုင်တို့ကရော ဘယ်လိုဇာတ်လမ်းတွေ ဖြစ်လာမလဲ .......
"ဖီတံခွန်" ပွဲတော်ကြီးနဲ့ ဂျွိုင်တို့မိသားစုရဲ့ ကံဆိုးမှုတွေကရော ဆက်စပ်နေမလား.... ဆိုတာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် သမိုင်းနောက်ခံအကြောင်းအရာတွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။

ချန်နယ်လင့်🔽🔽🔽

https://t.me/htoohtet1005

ဇာတ်ကားကြည့်ရန်🔽🔽🔽

https://t.me/htoohtet1005/1282
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from India Movie Channel
Ka*la*mk*av*al (2025)

IMDb 7.6/10

ရွာငယ်လေးတစ်ရွာမှာ လူမျိုးရေးပ-ဋိ-ပ-က္ခအသွင်ဆောင်တဲ့ ရ-န်ပွဲအသေးစားလေးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ရဲ-တပ်ဖွဲ့က ဒါကို သာမန်ရ-န်ပွဲတစ်ခုလို့ပဲ ယူဆထားပေမဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲက အရာရှိ နာ့သ်ရောက်လာတဲ့အခါမှာတော့ အရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်။

"သမီးလေးတစ်ယောက်အရွယ်ရောက်"လို့ လင်နောက်လိုက်တဲ့ ရိုးရိုးရှင်းရှင်း အ-မှု-တွေကနေ တကယ်တမ်း နောက်ကွယ်မှာတော့ ကီရာလာနဲ့ တမီးလ်နာဒူး နယ်စပ်တစ်လျှောက်မှာ အမျိုးသမီးတွေ ဆက်တို-က်ပျေ-ာက်ဆုံးနေတဲ့ ကြီးမားတဲ့ လူပျေ-ာက်မှုကွ-င်းဆက်ကြီးတစ်ခုရှိနေကြောင်း ပေါ်ပေါက်လာပါတော့တယ်။

ပျော-က်ဆုံးသွားသူတိုင်းဟာ မု-ဆိုး-မတွေ၊ ကွာရှင်းထားသူတွေနဲ့ အိမ်ထေ-ာင်ပြုရမဲ့အရွယ် အမျိုးသမီးတွေဖြစ်ကြပြီး သူတို့အားလုံးဟာ ပ-ဟေ-ဠိဆန်ဆန်ပဲ အစအနမကျန် ပျေ-ာက်ကွယ်သွားကြတာပါ။

လူသ-တ်ရတာကို အရသာတစ်ခုလိုခံယူထားတဲ့ လူသ-တ်သမားတစ်ယောက်နဲ့ အမှန်တရ-ားကိုဖော်ထုတ်ဖို့ကြိုးစားနေတဲ့ ရဲ-အရာရှိတစ်ယောက်တို့ရဲ့အားပြိုင်မှုကို ရင်တမမ ရှုစားကြပါဦးဗျ။

ချန်နယ်လင့်🔽🔽🔽

https://t.me/htethtet8616

ဇာတ်ကားကြည့်ရန်🔽🔽🔽

https://t.me/htethtet8616/425
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from FLASH BET
🅰️🅰️🅰️🅰️🅰️☄️🅰️🅰️🅰️


👌‌နေ့ရက်တိုင်းမှာငွေလျှံစေဖို့👌

👌အနိုင်ငွေတွေရှယ်အမ်းနေတဲ့👌

👌Flashbet ရဲ့အော်တိုဂိမ်းဆိုဒ်ကြီးလာပြီနော်👌

👌လက်ဖျားငွေသီးဖို့ခုပဲကစားလိုက်တော့နော်👌



◼️မန်ဘာသစ်တိုင်းအတွက်🔢🔢🔢ဘောနပ်ကြီး◼️


❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️

📱 www.77flash.com

❗️❗️❗️❗️❗️❗️❗️❗️❗️❗️

📱 @vipfb77
📱 09 76 30 35 300

❗️❗️❗️❗️❗️❗️❗️❗️

😎@flashbetchannel

❗️❗️❗️❗️❗️❗️❗️❗️❗️
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from India Movie Channel
Assi (2026) "၈၀"
IMDb - 7.3/10

ဇာတ်ကားနာမည် ၈၀ဆိုတာ အိန္ဒိယနိုင်ငံမှာ တစ်ရက်ကို အဓမ္မကျင့်ခံရမှုပေါင်း ၈၀နီးပါး တိုင်ကြားခံနေရတယ်ဆိုတဲ့ တုန်လှုပ်ဖွယ်ရာ ကိန်းဂဏန်းကို ရည်ညွှန်းထားတာပါ။မင်းသမီးချော တာ့ပ်ဆီးပန်နူးက ရာဗီဆိုတဲ့ ရဲရဲတောက် ရှေ့နေတစ်ယောက်အဖြစ် အဓိကပါဝင်ထားပါတယ်။ကျောင်းဆရာမတဦးလည်းဖြစ် အိမ်ထောင်ရှင်မလည်းဖြစ် ကလေးအမေလည်းဖြစ်တဲ့ ပါရီမာတစ်ယောက်ညဦးပိုင်း အိမ်အပြန် လူတစ်စုက ကားပေါ် အတင်းအဓမ္မဆွဲတင်ခေါ်သွားခံလိုက်ရပါတယ်။နှိပ်စက်အဓမ္မကျင့်ထားပြီးမှ ရက်ရက်စက်စက် စွန့်ပစ်ထားခံခဲ့လိုက်ရပါတယ်။သက်သေတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီး အဓိကတရားခံတွေကို တရားရုံးတင်ပေမယ့်လည်းမဟုတ်မမှန်သက်သေတွေနဲ့ အမှုက ရှေ့မဆက်နိုင်ဖြစ်နေရတာပေါ့။အဲဒီမှာပဲ ရှေ့နေရာဗီက စနစ်ဆိုးကြီးကို အံတုပြီး ပါရီမာဘက်က ရပ်တည်ပေးရင်းအိန္ဒိယရဲတပ်ဖွဲ့ရဲ့ ပေါ့ဆမှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ သက်သေဖျက်ဆီးမှုတွေကနေတဆင့် အထက်အရာရှိတွေ၊လုပ်ငန်းရှင်သူဌေးကြီးတွေရဲ့ တရားမဲ့မှုတွေကြောင့် တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်လောက်တောင် အားကိုးလို့ မရဘူးလဲဆိုတာကို ပြသထားတာမို့ ခံစားကြည့်ရှုကြပါဦး။

ချန်နယ်လင့်🔽🔽🔽

https://t.me/htethtet8616

ဇာတ်ကားကြည့်ရန်🔽🔽🔽

https://t.me/htethtet8616/427
Please open Telegram to view this post
VIEW IN TELEGRAM