Honest Information - HI
57 subscribers
678 photos
38 videos
329 links
HI Burma is a report that investigates the lives of oppressed women in Myanmar. It is one of the main outlets supporting women.
Download Telegram
စစ်ရာဇဝတ်မှုနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအသိပညာပေး
------

စစ်ပွဲဆိုင်ရာ စစ်ရာဇဝတ်မှုဆိုတာ ဘာလဲ?

စစ်ရာဇဝတ်မှုမြောက်တဲ့ ရာဇဝတ်မှုအောက်မှာ အမျိုးသမီးတွေဘယ်လိုရင်ဆိုင်ကြုံတွေ့ နေ ရလဲ?

ဒါကြောင့် ဒီကနေ့ရဲ့ “မှတ်သားစရာ အသိပညာ” အစီအစဉ်မှာတော့ စစ်ရာဇဝတ်မှုမြောက်နိုင်သော ရာဇဝတ်မှု များအောက်မှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေပါဝင်နေတာကို မီးမောင်းထိုးပြတဲ့အနေနဲ့ အသိပညာပေးတင်ဆက်သွားမှာဖြစ်ပါတယ်။

ဗီဒီယိုကို ကြည့်ရှုပြီး မိမိရဲ့ အမြင်တွေကို commentမှာ ဆွေးနွေးပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။


https://youtu.be/cieygJ5tzh0?feature=shared
တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
----------


မေလ ၁၃ ရက်မှ ၁၉ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။


KIC အယ်ဒီတာချုပ် သတင်းမီဒီယာအမျိုးသမီးဆု ချီးမြှင့်ခံရ


သတင်းလောကမှာ ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ချီးမြှင့်တဲ့ ဆုတစ်ခုဖြစ်တဲ့ WAN-IFRA WIN ဆုကို ကရင်သတင်းဌာန(KIC) အယ်ဒီတာချုပ် နန်းဖော့ဂေဟာ ယခုနှစ်အတွက် ဆုချီးမြှင့်ခံခဲ့ရပါတယ်။


သတင်းမီဒီယာတွေ ဖိနှိပ်ခံနေရတဲ့ အာဖရိက၊ အာရပ်ဒေသနဲ့ အရှေ့တောင်အာရှက သတင်းသမားတွေကို အ ဓိက ချီးမြှင့်တာဖြစ်ပြီး နန်းဖော့ဂေဟာ အရှေ့တောင်အာရှကိုယ်စားပြုအဖြစ် ဆုချီးမြှင့်ခံရတာပါ။


စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့သတင်းမီဒီယာလောကမှာ အမျိုးသားနဲ့ အမျိုးသမီးတန်းတူ ညီမျှမှုရှိဖို့၊ အမျိုး သမီးသတင်း သမားတွေကို စံနမူထားနိုင်ဖို့ ဒီဆုကိုချီးမြှင့်တာဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ်အတွက် နန်းဖော့ဂေနဲ့အတူ Al Jazeera ဒါရိုက်တာ Dima Khatib နဲ့ အာဖရိ The Guardian အယ်ဒီတာ Beatrice Bandawe တို့ကိုလည်း ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။


Source – RFA


စစ်ကိုင်းနဲ့ မကွေး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်


စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ စစ်တပ်က မေ ၉ ရက်နေ့ကနေ ၁၄ ရက်အထိ အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုလေးကြိမ်ရှိခဲ့ပြီး အရပ်သား ၆၄ ဦးသေဆုံးကာ ၆၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။


မေလ ၁၄ ရက်က မကွေးတိုင်း ဆောမြို့နယ် တောမရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ၇ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။


စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္တောရွာကို မေလ ၁၁ ရက်က စစ်တပ်မှ စီးနင်းပစ်ခတ်လို့ ဒေသခံ အမျိုး သမီးတစ်ဦး အပါအဝင် ၃၄ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၆ ဦးရှိခဲ့ပါတယ်။
မေ ၁၁ ရက်မှာလည်း ဒီပဲယင်းမြို့နယ် မကြီးအုပ်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နှစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၃ ဦးရှိခဲ့ပါတယ်။ အဲဒီဒဏ်ရာရသူတွေထဲက တစ် ဦး နောက်ထပ် သေဆုံးခဲ့တာကြောင့် သေဆုံးသူ ခုနစ်ဦးအထိ ရှိသွားပါတယ်။ မေလ ၉ ရက်နေ့မှာတော့ ဆောမြို့ နယ်က အကြည်ပန်းပလွန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၆ ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။


Source – RFA


အမျိုးသမီး နိုင်/ကျဉ်းတွေကို မဲဆောက်မြို့မှထောက်ပံ့နေတဲ့အဖွဲ့


အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ လူ့ အခွင့် အရေးချိုးဖောက်တာတွေကို အဆိုးဝါးဆုံး ခံနေရတယ်လို့ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများ ကူညီ ထောက်ပံ့ရေးအဖွဲ့ဝင် တွေက ပြောပါတယ်။


၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးအမှုတွေနဲ့ အကျဉ်းကျခံခဲ့ရပြီး ပြန်လွတ်လာတဲ့ နိုင် ငံရေး အကျဉ်းသူဟောင်းတွေက အကျဉ်းထောင်တွေထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ကူညီ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။


အမျိုးသမီးတွေကို ထောင်ဝန်ထမ်းတွေက လိင်ပိုင်းဆိုင်ရာစော်ကားတာမျိုးတွေရှိနေပြီး ကိုယ့်ရဲ့အရှက်နဲ့ သိက္ခာ အတွက် ထုတ်ဖော်မပြောရဲကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ထောင်ဝန်ထမ်းတွေ နှုတ်ကနေ လိင်ပိုင်း ဆိုင်ရာ စော်ကား ပြောဆိုတာမျိုးတွေ ကိုယ်တိုင်ခံခဲ့ရတယ်လို့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှမဇူးဇူး မေယွန်းက ဆိုပါတယ်။


မြန်မာတစ်ပြည်လုံးက အကျဉ်းထောင်ပေါင်း ၄၆ ထောင်မှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၅၀၀၀ ကျော်ရှိပြီး သူတို့ကို အဓိကထားကူညီထောက်ပံ့ပေးနေတာပါ။


၂၀၂၄ ခုနှစ် ဇန်နဝါရီလက မြန်မာ-ထိုင်းနယ်စပ်တစ်နေရာမှာ အဲဒီအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီး လက်ရှိမှာ အဖွဲ့ဝင် ပေါင်း ၆၀ ကျော်တို့က နိုင်ငံရေးအကျဉ်းသူတွေရဲ့မိသားစုဝင်တွေနဲ့ချိတ်ဆက်ပြီး ကူညီထောက်ပံ့နေပါတယ်။


ခုလိုအခြေအနေဆိုးတွေကို တတ်နိုင်တဲ့ဘက်က ထောက်ပံ့နိုင်ဖို့အတွက် မြန်မာအစားအသောက်တွေ ရောင်း ချ ပြီး ရန်ပုံ ငွေရှာကာ ထောက်ပံ့ကူညီရေးတွေလုပ်ပေးနေတာဖြစ်ပါတယ်။


အဖွဲ့ကို စတင်ဖွဲ့စည်းပြီး လေးလကျော်အတွင်း အမျိုးသမီး နိုင်ငံရေးအကျဉ်းသူပေါင်း ၈၀ ကျော်ကို ပံ့ပိုးပေး နိုင် ခဲ့တယ်လို့ မဇူးဇူးမေယွန်းက ဆိုပါတယ်။


Source – RFA


ရန်ကုန်မှာဖမ်းဆီးခံရတဲ့ ရေဘဝဲအဖွဲ့ဝင် အမျိုးသမီးနှစ်ဦး သတင်းအစအနမရ


ရန်ကုန်မြို့အခြေစိုက်ပြောက်ကျားသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိတဲ့ ရေဘဝဲပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့ အစည်းရဲ့ အဖွဲ့ဝင်အမျိုးသမီးနှစ်ဦးဟာ မေ ၉ ရက်က ဖမ်းဆီးသွားပြီး သတင်းအစအနမရဖြစ်နေတယ်လို့ ဒီအဖွဲ့ က ထုတ်ပြန်ထားပါတယ်။


အသက် ၂၇ နှစ်အရွယ်ရေဘဝဲအဖွဲ့ရဲ့ စီမံရေးရာတာဝန်ခံနဲ့ အသက် ၂၁ နှစ်ဝန်းကျင် မြေပြင်သပိတ်ရဲဘော် S4 တို့ နှစ်ဦးဟာ အိမ်အပြန်လမ်းမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဘယ်နေရာရောက်နေ တယ်ဆိုတဲ့သတင်း အချက် အလက် မရရှိနေတာဖြစ်ပါတယ်။
ရေဘဝဲအဖွဲ့ဟာ ရန်ကုန်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တွေပြုလုပ်လေ့ရှိတဲ့အပြင် စစ် တပ်ရဲ့ စစ်သားစုဆောင်းမှုနဲ့ပတ်သက်တဲ့ ပညာပေးလက်ကမ်းစာဆောင်တွေဖြန့်ဝေတာ၊ အွန်လိုင်းပေါ်ကနေ လူ ငယ်တွေကို ဖွံ့ဖြိုးရေးသင်တန်းတွေ ပေးတာတွေလည်း လုပ်လေ့ရှိပါတယ်။


ရေဘဝဲအဖွဲ့ကတော့ ဖမ်းဆီးခံထားရတဲ့နေရာကို မသိရတာကြောင့် အဖမ်းခံထားရသူတွေရဲ့ အသက်အန္တရာယ် ကို စိုးရိမ်နေကြောင်း ထုတ်ပြန်ထားပါတယ်။


Source – Delta News Agency


သထုံမှာ လက်နက်ကြီးကျလို့ သုံးရက်အတွင်း အမျိုးသမီး ၂ ဦးသေဆုံး


မွန်ပြည်နယ်၊ သထုံနဲ့ဘီးလင်းမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် သုံးရက်အတွင်း အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးသေဆုံးခဲ့ရတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။


သထုံနှင့် ဘီးလင်းကြားရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသည့် မေလ ၁၁ရက်မှ ၁၃ရက်အထိ စစ်ကောင် စီတပ်ရင်း၊ တပ်စခန်းတို့က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း KNU က ထုတ်ပြန်ထားသည်။


မေ ၁၁ မှ ၁၃ ရက်အတွင်း စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အဝန်းကြီး ရွာမှ အသက် ၄၈ နှစ်ရှိ ဦးဇော်မင်းထွန်း၊ အသက် ၄၆ နှစ်ရှိ ဒေါ်မြသိန်းနဲ့ ဒေါက်ရပ်ကျေးရွာမှ အသက် ၈၂ နှစ်ရှိ ဒေါ်ခင်မေတို့ ကျည်စထိမှန်သေဆုံးခဲ့ရတာဖြစ်ပါတယ်။


သထုံခရိုင် အခြေစိုက် အမြောက်တပ် အမတ ၃၁၄ ၊ ခြေမြန်တပ် ခမရ ၉ နှင့် ခြေလျင်တပ် ခလရ ၈ တပ်ရင်း၊ တပ်စခန်း တို့က တံတားအနီးရှိ ရွှေရောင်ပြ၊ ဝီယော်၊ ကဒီပု၊ ဒေါက်ရပ်၊ အဝန်းကြီးစတဲ့ကျေးရွာတွေထဲ ပစ်ခတ် နေတာပါ။


ဒါ့အပြင် ဒေါက်ရပ်နဲ့ အဝန်းကြီးကျေးရွာမှ အသက် ၄ နှစ်နှင့် ၅ နှစ်အရွယ် ကလေးငယ် ခြောက်ဦး၊ ကိုယ်ဝန် ဆောင် အမျိုး သမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။


Source – Dawei Watch


လွိုင်ကော်မှာ နေအိမ်သန့်ရှင်းရေးပြန်လုပ်တဲ့ အမျိုးသမီး မိုင်းနင်းမိ


ပြီးခဲ့တဲ့ မေ ၁၃ ရက်မှာ ကရင်နီပြည် လွိုင်ကော်မြို့ပေါ် မင်းစုရပ်ကွက်မှာရှိနေတဲ့နေအိမ်ကို သန့်ရှင်း‌ရေး ပြန် လုပ်တဲ့ အမျိုးသမီး တစ်ဦးဟာ မိုင်းနင်းမိပြီး ညာခြေထောက် ဖြတ်ရတယ်လို့ သိရပါတယ်။


ဒီအမျိုးသမီးဟာ ရှမ်းပြည် ညောင်ရွှေကနေ လွိုင်ကော်မြို့နေအိမ်ကို ပြန်လာပြီး သန့်ရှင်းရေး လုပ်တာ ဖြစ်ပါ တယ်။ လွိုင်ကော်မှာ စစ်ဆင်ရေးစတင်ပြီးကတည်းက မြို့ခံအများစုဟာ နေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ရတာပါ။ ၆လကျော်လာတာနဲ့အမျှ နေအိမ် ပြန်ချင်ကြတဲ့ပြည်သူတွေ တချို့ပြန်ဝင်ကြတာဖြစ်တယ်လို့ သိရပါတယ်။


လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲကြီးကြီးမားမား မဖြစ်တော့ပေမယ့် နင်းမိုင်းတွေ ကြောင့်နေအိမ် မပြန်ရဲကြ သေး ဘူးလို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။


Source – ကန္တာရဝတီတိုင်း(မ်)


ကန်ပက်လက်မှ စစ်ဘေးဒုက္ခသည် အမျိုးသမီး ၂၇ ဦးအပါအဝင် အရပ်သား ၄၈ ဦးကို တောထဲထိ လိုက်လံ ဖမ်းဆီး


ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အုံရွာနဲ့အနီးတစ်ဝိုက် ကျေးရွာတွေမှ စစ်ဘေးဒုက္ခသည် ၃၈ ဦးကို စစ် တပ်က မေ ၁၄ ရက်မှာ တောတောင်တွေထဲအထိ လိုက်လံဖမ်းဆီးသွားခဲ့တယ်လို့ ရွာခံတချို့က ပြောပါတယ်။


ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာမသိရသေးပေမယ့် တောတောင်တွေထဲ စစ်ရှောင်နေကြတဲ့ဒေသခံ အမျိုး သမီး ၂၇ ဦးနဲ့ အမျိုးသား ၁၁ ဦးကိုဖမ်းဆီးသွားတာဖြစ်ပါတယ်။


စစ်တပ်က ပြီးခဲ့တဲ့ဧပြီလမှာ ကန်ပက်လက်မြို့နယ်ထဲက အုံရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အုံရွာအပါအဝင် ချိုင် လောင်း၊ လွီးစုံ၊ သိုးချောင်းစတဲ့ကျေးရွာတွေမှ နှစ်ရာဝန်းကျင်ရှိတဲ့ဒေသခံတွေဟာ တောထဲသွား စစ်ရှောင်နေ ကြသူတွေပါ။


Source – RFA


ကျောက်ကြီးမှာ လက်နက်ကြီးထိလို့ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၂ ဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ မေ ၁၆ ရက်မှာ KNU က သတင်းထုတ်ပြန်ပါတယ်။
သင်္ကန်းကုန်းကျေးရွာထဲ စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကျပြီး အသက် ၄၃ နှစ်အရွယ် မစုနဲ့ ၃၉ နှစ်အရွယ် ကိုသန်း စိုးတို့ ဒဏ်ရာရခဲ့ပါတယ်။ နောက်နေ့မှာ ကြိတ်ကွင်းရွာဘက်ကို လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ၁ လုံး က ရွာထဲကျပြီး အသက် ၃၅ နှစ်အရွယ် နော်အေးထွေး ခြေထောက်နဲ့ဗိုက်တွေကို ထိမှန်ဒဏ်ရာရခဲ့ပါတယ်လို့ ဆိုပါတယ်။


"စစ်တပ်ဘက်ကတော့ တိုက်ပွဲရှိတာဖြစ်ဖြစ် မရှိတာဖြစ်ဖြစ် သူတို့ပစ်ချင်ရင် လက်နက်ကြီးက ပစ်နေတာပဲ။ ဒီဘက်က ဒေသခံတွေကတော့ လက်နက်ကြီးသံကြားတာနဲ့ ဗုံးခိုကျင်းတွေထဲ ဝင်နေရတာက အလုပ်တခု လိုဖြစ် နေတယ်"လို့ ဒေသခံတဦးကပြောပါတယ်။


Source - မြေလတ်အသံ


လေယာဉ်နဲ့လာပစ်လို့ စားနပ်ရိက္ခာခွဲဝေနေတဲ့အမျိုးသမီး ၃ ဦးနဲ့ လသားကလေးငယ်တွေ သေဆုံး


မကွေးတိုင်း၊ ဆောမြို့နယ်မှာ ထောက်ပံ့ရေးပစ္စည်းတွေဝေဖို့ လူအများစုဝေးနေချိန် စစ်တပ်မှ လေယာဉ်နဲ့ လာပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး၊ လသားကလေးတွေအပါအဝင် အရပ်သား ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရခဲ့ပါတယ်။
အသက် ၁၀ လသားအရွယ် ကလေးတစ်ဦး၊ အသက် ၁၁ နှစ်အရွယ် ကိုနူး၊ အသက် ၄၅ နှစ်အရွယ် ဦးအောင်ရွှေ၊ ၆၀ ကျော်အရွယ်တွေဖြစ်တဲ့ ဒေါ်ခင်စန်းအေးနဲ့ ဒေါ်ကြင်သန်း၊ ၃၅ နှစ်အရွယ် ကိုဖိုးသားနှင့် မိခင်ဖြစ်သူ ၆၇ နှစ် အရွယ် ဒေါ်မစန်းတို့ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေဖြစ်ပါတယ်။


အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေစတဲ့ထောက်ပံ့ရေးပစ္စည်းတွေ ဝေငှ တော့မယ့် အချိန်မှ စစ်လေယာဉ်က ကျေးရွာအနောက်ပိုင်းနေအိမ်တွေကို ရုတ်တရက်တိုက်ခိုက်ခဲ့တာပါ။


Source - Myanmar Now


ခင်ဦးမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦး သေဆုံး၊ ငါးဦးဒဏ်ရာရ


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ပင်စုရွာကို မေ ၁၆ ရက် မနက်ပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ် တာကြောင့် အသက် ၄၆ နှစ်အရွယ် ဒေါ်စပ်မ နေရာမှာတင်သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။


သက်ရက်ပင်စုရွာနဲ့ တစ်မိုင်ကျော်ဝေးတဲ့ ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်ကနေ တိုက်ပွဲ ဖြစ်တာ မရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။


Source – RFA

ရွာရှည်ရွာကို စစ်တပ်က မီးရှို့ပြီး အမျိုးသမီး နှစ်ဦးအပါအဝင် ဒေသခံ ၅ ဦးကိုပါ မီးရှို့သတ်


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို စစ်တပ်က မီးရှို့ပြီး အမျိုးသမီး နှစ်ဦးအပါအဝင် အရပ်သား ၅ ဦးကို မီးရှို့ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
မေ ၁၃ ရက် မနက် ၈ နာရီလောက်မှာ ဆီမီးခုံဆိပ်ကမ်းကနေ အင်အား ၁၀၀ ကျော်ပါ စစ်သားတွေက စစ် ကြောင်း ၂ ကြောင်းခွဲပြီးထွက်လာချိန် ရွာရှည်ရွာအနီးမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်များနဲ့ ထိတွေ့ပစ် ခတ်မှု ဖြစ်ပြီးနောက် ရွာထဲကိုစီးနင်းဝင်ရောက်ခဲ့ပါတယ်။


အဲဒီနောက် အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိတဲ့ နေအိမ်အားလုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၄၅ နှစ်အရွယ် ကိုမင်းနိုင်၊ ၅၅ နှစ်အရွယ် ဦးမြင့်မောင်၊ ၆၅ နှစ်အရွယ် ဒေါ်ပေါကြည်၊ အသက် ၇၀ အရွယ် ဦးသန်းမြိုင်နှင့် ဒေါ်မြသွင်တို့ကိုပါ မီးရှို့သတ်ခဲ့တာဖြစ်ပါတယ်။


ရွာရှည်ရွာဟာ အခုလိုမီးရှို့ဖျက်ဆီးခံရတာ ပထမအကြိမ်ဖြစ်ပြီး အဲ့ဒီရွာက အိမ်ထောင်စု ၂၈၅ စု အပါအဝင် အ ခြားရွာနား နီးစပ်က ပြည်သူတွေဟာ မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်တွေမှာ တိမ်းရှောင်နေကြရတယ်လို့ သိရ ပါတယ်။


Source - မြေလတ်အသံ


လက်နက်ကြီးကြောင့် နောင်ချိုဒေသခံ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံး


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်ရွာထဲ စစ်ကောင်စီလက်နက်ကြီး ကျည်တချို့ကျ ရောက် ပေါက် ကွဲလို့ ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ တအာင်းတပ် TNLAသတင်းပြန်ကြားရေးက ဖော် ပြထားပါတယ်။


နောင်ချိုမြို့နယ် အုမ္မတီးရွာအခြေစိုက် တပ်မ၃၃လက်အောက်ခံ ခမရ -၁၁၁ကနေ မေလ ၁၀ရက် ညရှစ်နာရီ ဝန်းကျင်မှာ သုံးဆယ်ရွာဘက်ကို လက်နက်ကြီးလေးလုံးထက်မနည်းပစ်ခတ်ခဲ့တာပါ။ သေဆုံးသူတွေကတော့ အသက် ၆၂ နှစ်အရွယ် ဦးစံရွှေနဲ့ ၂၄နှစ်အရွယ် မဝင်းဝင်းပြုံးတို့ဖြစ်ပါတယ်။


ဦးစံရွှေရဲ့ သမီးဖြစ်သူ ဆွေဆွေဝင်း အသက် (၂၁) နှစ်၊ ညီဖြစ်သူ ဦးလွန်ကြည့် အသက် (၆၀)နှစ်နဲ့ သမက်ဖြစ်သူ မောင် အေးချမ်း၊မောင်မြင့်ဇော်ဦးတို့ကတော့ ဒဏ်ရာတွေရခဲ့တယ်လို့ TNLA က ဖော်ပြထားပါတယ်။


Source – Delta News Agency


Website link - https://bit.ly/3QRvzMB


#whatshappeningnowinmyanmar
#တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
#သတင်း
#honestinformation
Honest Information အမျိုးသမီးသတင်းဌာန၊ လူမှုဘဝဆောင်းပါး အစီအစဉ် (Episode-9)
--------------

အမျိုးသမီးအကြောင်းအရာတွေကို အဓိကထားတင်ဆက်နေတဲ့ ကျွန်မတို့ HIဌာနရဲ့ ဒီအပတ် လူမှုဘဝဆောင်းပါးအစီအစဉ်မှာတော့ "အပူဒဏ်နှင့်အတူ ရေရှားပါးမှုဒဏ်ပါ ကြုံတွေ့နေရတဲ့ ရခိုင်ဒေသခံများ” ဆိုတဲ့ လူမှုဘဝဆောင်းပါးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

YouTube link - https://youtu.be/EBfbVEPWBxs?feature=shared
အင်းဆက်နဲ့လူတွေကိုအကျိုးပြုချင်တဲ့ သုတေသနပညာရှင်မအိဖြူ
အင်းဆက်နဲ့လူတွေကိုအကျိုးပြုချင်တဲ့ သုတေသနပညာရှင်မအိဖြူ
----------


◾️ရှင်ငြိမ်း

မေ - ၂၂

အသားညိုညို ချည်ဂါဝန်ဖြူလေးဝတ်ထားတဲ့အမျိုးသမီးတစ်ဦးဟာ အသဲယားစရာ ဖြူဖြူသေးသေးနဲ့ ရွစိရွစိ အကောင် လေးတွေကို ခြင်းထဲကအုန်းဆံမှုန့်တွေအပေါ် တစ်လွှာတစ်ထပ်စီဖြန့်ခင်းရင်း အလုပ်ရှုတ်နေပါတယ်။

ဒီအမျိုးသမီးရဲ့နာမည်က မအိဖြူဖြစ်ပြီး သူက ယင်မဲစစ်သည်ကောင်လို့ခေါ်တဲ့ Black Soldier Fly (BSF)အင်း ဆက်တွေကို မွေးမြူစမ်းသပ်ရေးလုပ်နေသူပါ။ ဖြူဖြူလုံးလုံးနဲ့ အသဲယားစရာ ဒီအကောင် လေး တွေကတော့ ယင်မဲကောင်ဖြစ်လာမယ့် သားလောင်းလေးတွေဖြစ်ပါတယ်။

ဥကပေါက်တဲ့ဒီသားလောင်းလေးတွေဟာ အများရဲ့အမြင်ကတော့ ဘတ္တီးရီးယားပိုးများစွာပါတဲ့ “လောက်” တွေ လို့ထင်ကြမှာပါ။ အင်းဆက်အကြောင်းနားလည်သူတွေကတော့ “လောက်” မဟုတ်ဘူးဆိုတာအသေအချာသိ ထားကြပါတယ်။

“အမတို့မွေးနေတဲ့ယင်မဲကောင်က ပေါက်တဲ့သားလောင်းတွေဟာ ပရိုတိန်းဓါတ်ပြည့်ဝလို့ လူတွေစားနိုင်တယ်။ တိရိစ္ဆာန် အစာလည်း သုံးလို့ရတယ်။ သူ့မှာပါတဲ့ပရိုတိန်းဓါတ်က ဝက်သား၊ အမဲသားတွေမှာပါဝင်တဲ့ ပရိုတိန်း ဓါတ်ထက် ပမာဏ များစွာပိုပါတယ်။”လို့ မအိဖြူက ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ်မအိဖြူဟာ အင်းဆက်မွေးမြူရေးကို ဂျာမဏီမှာသင်ယူခဲ့ပြီး မြန်မာပြည်မှာ အိမ်ထောင် ရှင်အမျိုး သမီးတွေ အပိုဝင်ငွေရဖို့အတွက် အင်းဆက်မွေးမြူရေးပညာကို မျှဝေပေးနေ တဲ့အင်းဆက်သုတေသ နပညာရှင်ဖြစ်ပါတယ်။

ဒါပေမဲ့ အင်းဆက်သုတေသနပညာရှင်ဆိုတာ မြန်မာနိုင်ငံမှာမရှိသလောက်နည်းတဲ့အပြင် အမျိုးသမီးတစ် ယောက်ဖြစ်တာ ကြောင့် ဒီလုပ်ငန်း လုပ်ကိုင်လာတဲ့ ၁၂ နှစ်ကာလတလျှောက်လုံး စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရ တယ်လို့ဆိုပါတယ်။

“အင်းဆက်ကို လေ့လာဖို့ နယ်ကိုဆင်းတော့ အဲ့တုန်းက အသက်က ၂၀ ကျော်ဆိုတော့ငယ်သေးတယ်လေ။ အဲ့မှာ နယ်က လူတွေက မိန်းကလေးတယောက်ထဲလာရင် ဘာလဲဆိုတဲ့အကြည့်နဲ့ ကြည့်ခံရတယ်။”လို့ သူကဆက်ပြောပါတယ်။

အပြည့်အစုံဖတ်ရန် - https://bit.ly/4bK9yrd
တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
-----------


မေလ ၂၀ ရက်မှ ၂၅ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။


🔶ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသောCDMဆရာမအပါဝင်နိုင်ကျဥ်း၂ဦးကိုချင်းပူးပေါင်းတပ်များကယ်ထုတ်


ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့ရတဲ့ CDM ကျောင်းဆရာမအပါအဝင် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ချင်းပူးပေါင်းတပ်ဖွဲ့တွေကကယ်ထုတ်ခဲ့တယ်လို့ တွန်ဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။


CDM မူလတန်းပြဆရာမ ဒေါ်ဝုန်ဟွဲကိမ်နဲ့သူ့ရဲ့ဖခင်ကို စစ်ကောင်စီကလာရောက်ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀(ည)၊ ၅၂(က) တို့နဲ့စွဲချက်တင်ကာတွန်းဇံမြို့စစ်ခုံရုံးမှထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။


Source – Mizzima


🔶ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ဈေးလျော့ပြီး လေလံပြန်တင်ဖို့ ပြင်ဆင်


တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ခြံအမှတ် ၅၄ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ကို ကျပ်ငွေ ၃၁၅ ဘီလီယံကနေ ဘီ လီယံ၃၀လျော့ပြီး လေလံကြမ်းခင်းစျေးသစ်ကို တင်လိုက်တာ ဖြစ်ပါတယ်။ ဒီဈေးနှုန်းသစ်ကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက လက်ခံမခံကို လာမယ့် မေ ၃၁ ရက်နေ့မှာ ပြန်လည်ကြားနာမှာဖြစ်ပါတယ်။


ပြီးခဲ့တဲ့မတ်လ ၂၀ ရက်နေ့မှာ လေလံတင် ရောင်းချဖို့ ကမာရွတ်တရားရုံးက အမိန့် ချမှတ်ခဲ့ပြီး လေလံတင် ရောင်း ချခဲ့ပေမယ့် ဝယ်မယ့်သူ မရှိခဲ့ပါဘူး။


ဒါကြောင့် ဦးအောင်ဆန်းဦးက မူလခေါ်ထားတဲ့လေလံစျေး ၃၁၅ ဘီလီယံကနေ ဘီလီယံ ၃၀ လျှော့ခဲ့တာဖြစ်တယ်။


လေလံသဘောတရားအရ အခုသတ်မှတ်လိုက်တဲ့ စျေးသစ်အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ကန့်ကွက်မယ်ဆိုရင် အဆင့်ဆင့် တရားရုံးတင် ကန့်ကွက်နိုင်ပါသေးတယ်။ လေလံကိစ္စနဲ့ပတ်သတ်လို့ အကျဉ်း ကျ ခံ နေ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘယ်လောက်သိရှိထားလဲ ဆိုတာတော့ တိတိကျကျ မသိရပါဘူး။ တရား ရုံးနဲ့နီးစပ်သူတဦး အဆိုအရကတော့ လေလံကိစ္စကို ဒေါ်အောင်ဆန်းစုကြည်သိရှိထားတာမရှိဘူးလို့ ပြောပါတယ်။


Source - VOA Burmese


🔶ကျောင်းဆရာမအပါအဝင် ဒေသခံ ၇ဦးကို စစ်ကောင်စီမီးရှို့သတ်ဖြတ်ဟုဆို


စစ်ကောင်စီတပ်တွေဟာ ကျောင်းဆရာမတစ်ဦးနဲ့ ဒေသခံအမျိုးသားခြောက်ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်ဟာရေစကြိုမြို့နယ်၊ ကျောက်ထပ်ရွာကိုဝင်‌ရောက်စီးနင်းပြီး Yesagyo Revolution Group (YRG) စခန်းကိုလမ်းပြဖို့ခေါ်ဆောင်ပြီးနောက် ကျောင်းဆရာမတစ်ဦးနဲ့ဒေသခံအမျိုးသားတွေကိုစခန်းမှာပဲ မီးရှို့သတ် ဖြတ်ခဲ့တာဖြစ်တယ်လို့ YRG တာဝန်ရှိသူတစ်ဦးကပြောပါတယ်။


သတ်ဖြတ်ခံရသူတွေဟာ ကျောက်ထပ်ရွာသားတွေဖြစ်တဲ့ အသက်(၂၀)အရွယ် ကျောင်းဆရာမ ဒေါ်အေးအေးမာ၊ အသက်(၁၆)နှစ်၊ အသက်(၃၀)၊ အသက်(၅၀)၊အသက်(၅၅)နှစ်အရွယ်အမျိုးသားတွေဖြစ်ပါတယ်။


Source – Mizzima


🔶အမျိုးသမီးရဲမေများ ပါဝင်သည့် CDF- Daai အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ


အမျိုးသမီးရဲမေတွေပါဝင်တဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဦး - ဒိုင် (CDF-Daai) ရဲ့အမှတ်စဉ် (၅) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို မေလ (၁၅)ရက်နေ့က CDF-Daai ဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။


အဲ့ဒီသင်တန်းမှာ ရဲဘော်အယောက် (၅၀)နဲ့ရဲမေ အယောက် (၅၀)တက်‌ရောက်ခဲ့ပြီး သင်တန်းကာလနှစ်လကြာပါတယ်။


ချင်းပြည်ကာကွယ်ရေးတပ်ဦး-ဒိုင် (CDF-Daai) ဟာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝစတဲ့မြို့နယ်တွေအတွင်းက ဒိုင်ဒေသမှာ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။


Source - DVB


🔶မြိတ်တွင် စစ်ကောင်စီတပ် ယာဉ်တန်းမိုင်းဆွဲခံရ၊ အမျိုးသမီးအပါအဝင် ၆ ဦးကိုဖမ်းဆီး


တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ မြိတ်နဲ့ တနင်္သာရီမြို့နယ်တို့ရှိ ကျေးရွာနှစ်ရွာမှာစစ်ကောင်စီတပ် ရိက္ခာယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့်အမျိုးသမီးတဦးအပါအဝင် ဒေသခံခြောက်ဦး ရိုက်နှက်ဖမ်းဆီးခံခဲ့ရတယ်လို့ဒေသခံ တွေဆီကသိရပါတယ်။


မေ ၂၀ ရက်နေ့ မနက်ပိုင်းက မြိတ်မှ တနင်္သာရီဖက်ကိုတက်လာတဲ့ စစ်ကောင်စီတပ် ရိက္ခာယာဉ်တန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့စည်းတခုက လသာရွာအနီး မိုင်းဆွဲတိုက်ခိုက်ရာ မြိတ်မြို့ရှိ လသာရွာနဲ့ တနင်္သာရီမြို့နယ် ရမ်းဖိုရွာကျေးရွာတို့က အမျိုးသမီးတဦးအပါဝင် ဒေသခံ ခြောက်ဦးကို စစ်ကောင်စီတပ်က လမ်းပေါ်တွင် ရိုက်နှက် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။


ဖမ်းဆီးခံရတဲ့ ဒေသခံ ခြောက်ဦးဟာ မြို့ပေါ်သို့ စျေးဝယ်ရန် ထွက်လာသူတွေ၊ ရာဘာခြံအလုပ်သမားတွေနဲ့ ကျေးရွာနေ ဒေသခံပြည်သူတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။


Source – Mizzima


🔶ကလေးမှာ မိခင်နှင့်သမီးဖြစ်သူနှစ်ဦး ဖမ်းဆီးခံရပြီး ဆိုင်ကိုပါ ချိပ်ပိတ်


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွပ်ချက်နဲကလေးမှာစားသောက်ဆိုင် တစ်ခုကို ချိတ်ပိတ်လိုက်သလိုဆိုင်ပိုင်ရှင်သားအမိကိုလည်းဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။


စစ်ကောင်စီတပ်က မေလ ၂၃ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး ဆိုင်ပိုင်ရှင်မိခင်ဖြစ်သူနဲ့ သမီးဖြစ်သူတို့ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေး မြို့ခံတစ်ဦးက ပြောပါတယ်။
သူတို့ကို ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒ.က.စ) မှာ ဖမ်းဆီးစစ်ဆေးနေတာလို့ သူက ဆိုပါတယ်။


Source - RFA Burmese


🔶ရေစကြိုမြို့ပေါ်နေ အငြိမ်းစားဆရာနှင့် ဆရာမ အသတ်ခံရမှု စစ်ကောင်စီတပ် လက်ချက်ဟုဆို


အငြိမ်းစား ကျောင်းဆရာကြီးနဲ့ ကျောင်းဆရာမကြီးကို သတ်ဖြတ်သွားသူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဖြစ်တယ်လို့ ရေစကြိုပကဖက သတင်းထုတ်ပြန်ပါတယ်။


ရေစကြိုမြို့၊ အမှတ် ခုနှစ်ရပ်ကွက်၊ စာတိုက်ရုံးတောင်ဘက်မှာနေထိုင်တဲ့ အငြိမ်းစားကျောင်း ဆရာကြီးနဲ့ ဆရာ မကြီးတို့နေအိမ်ကို မေလ(၁၈)ရက်ပိုင်းက လူတစ်စုဝင်ရောက် ရှာဖွေ မွှေနှောက်ကာ ဓားနဲ့ထိုးသတ်သွားခဲ့တာ ဖြစ်ပါတယ်။


ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေစကြိုမြို့နယ်ပကဖက စုံစမ်းစစ်ဆေးခဲ့ရာ ရေစကြိုမြို့မရဲစခန်းမှ ရဲနဲ့ ခလရ ၂၅၇၊ ၂၅၈မှ စစ်သား စုစုပေါင်း ၁၃ဦးခန့်က ကျူးလွန်တာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။


Source – Myanmar Press Photo Agency


🔶စဥ့်ကူးတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ သက်ကြီးရွယ်အို ဇနီးမောင်နှံထိမှန်ပြီး အဘွားအို သေဆုံး


စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သက်ကြီးရွယ်အို ဇနီးမောင်နှံ ထိမှန်ပြီးဇနီးဖြစ်သူ သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။


မေလ ၂၃ ရက် ညနေက စဥ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာရှိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဟင်္သာဖိုအုပ်စု၊ မြေနုကျေးရွာသို့ လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။


ပေါက်ကွဲမှုကြောင့် မြေနုကျေးရွာနေ (၇၈)နှစ် အရွယ် အဘိုးအိုတစ်ဦးနဲ့ဇနီးသည် (၇၂)နှစ်အရွယ် အဘွားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ ဇနီးဖြစ်သူ အဘွားအိုမှာမူ ဒဏ်ရာပြင်းထန်ရကာ သေဆုံးခဲ့တယ်လို့သိရပါတယ်။


Source - People's Spring


Website link - https://bit.ly/3Vg7Isx


#တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
#သတင်း
#honestinformation
1
📢HI ရဲ့ စာဖတ်ပရိတ်သတ်များ မင်္ဂလာပါရှင်


အမျိုးသမီးအကြောင်းအရာတွေကို အဓိကထားတင်ဆက်နေတဲ့ ကျွန်မတို့ HI - Honest Information က Website, Facebook, YouTube, Telegram တို့မှာ သတင်း၊ သတင်းဆောင်းပါး၊ podcast နှင့်ရုပ်သံသတင်းများကို ပုံမှန်တင်ဆက်လျှက်ရှိတဲ့အပြင် X (Twitter) channel မှာလည်းအမျိုးသမီးအသံတွေ ကိုအချိန် နှင့်တပြေးညီတင်ဆက်ပေးလျှက်ရှိတာကြောင့် အခုပဲ Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။


Website - https://hiburma.net
Facebook- https://www.facebook.com/honestinfo/
YouTube - https://www.youtube.com/@honestinformation5658
Twitter- https://twitter.com/hiburma1
Spotify - https://open.spotify.com/show/0SqF2lgpAD2hVJc74hk53q


#အမျိုးသမီးတွေရဲ့အခြေအနေမှန်ကိုကိုယ်စားပြုဖော်ထုတ်ပေးမယ့်အမျိုးသမီးတို့အတွက်အသံ
#အမျိုးသမီးသတင်း
#twitterx
#honestinformation
3
အင်းဆက်နဲ့လူတွေကိုအကျိုးပြုချင်တဲ့ သုတေသနပညာရှင်မအိဖြူ
----------


◾️ရှင်ငြိမ်း

မေ - ၂၂

အသားညိုညို ချည်ဂါဝန်ဖြူလေးဝတ်ထားတဲ့အမျိုးသမီးတစ်ဦးဟာ အသဲယားစရာ ဖြူဖြူသေးသေးနဲ့ ရွစိရွစိ အကောင် လေးတွေကို ခြင်းထဲကအုန်းဆံမှုန့်တွေအပေါ် တစ်လွှာတစ်ထပ်စီဖြန့်ခင်းရင်း အလုပ်ရှုတ်နေပါတယ်။

ဒီအမျိုးသမီးရဲ့နာမည်က မအိဖြူဖြစ်ပြီး သူက ယင်မဲစစ်သည်ကောင်လို့ခေါ်တဲ့ Black Soldier Fly (BSF)အင်း ဆက်တွေကို မွေးမြူစမ်းသပ်ရေးလုပ်နေသူပါ။ ဖြူဖြူလုံးလုံးနဲ့ အသဲယားစရာ ဒီအကောင် လေး တွေကတော့ ယင်မဲကောင်ဖြစ်လာမယ့် သားလောင်းလေးတွေဖြစ်ပါတယ်။

ဥကပေါက်တဲ့ဒီသားလောင်းလေးတွေဟာ အများရဲ့အမြင်ကတော့ ဘတ္တီးရီးယားပိုးများစွာပါတဲ့ “လောက်” တွေ လို့ထင်ကြမှာပါ။ အင်းဆက်အကြောင်းနားလည်သူတွေကတော့ “လောက်” မဟုတ်ဘူးဆိုတာအသေအချာသိ ထားကြပါတယ်။

“အမတို့မွေးနေတဲ့ယင်မဲကောင်က ပေါက်တဲ့သားလောင်းတွေဟာ ပရိုတိန်းဓါတ်ပြည့်ဝလို့ လူတွေစားနိုင်တယ်။ တိရိစ္ဆာန် အစာလည်း သုံးလို့ရတယ်။ သူ့မှာပါတဲ့ပရိုတိန်းဓါတ်က ဝက်သား၊ အမဲသားတွေမှာပါဝင်တဲ့ ပရိုတိန်း ဓါတ်ထက် ပမာဏ များစွာပိုပါတယ်။”လို့ မအိဖြူက ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ်မအိဖြူဟာ အင်းဆက်မွေးမြူရေးကို ဂျာမဏီမှာသင်ယူခဲ့ပြီး မြန်မာပြည်မှာ အိမ်ထောင် ရှင်အမျိုး သမီးတွေ အပိုဝင်ငွေရဖို့အတွက် အင်းဆက်မွေးမြူရေးပညာကို မျှဝေပေးနေ တဲ့အင်းဆက်သုတေသ နပညာရှင်ဖြစ်ပါတယ်။

ဒါပေမဲ့ အင်းဆက်သုတေသနပညာရှင်ဆိုတာ မြန်မာနိုင်ငံမှာမရှိသလောက်နည်းတဲ့အပြင် အမျိုးသမီးတစ် ယောက်ဖြစ်တာ ကြောင့် ဒီလုပ်ငန်း လုပ်ကိုင်လာတဲ့ ၁၂ နှစ်ကာလတလျှောက်လုံး စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရ တယ်လို့ဆိုပါတယ်။

“အင်းဆက်ကို လေ့လာဖို့ နယ်ကိုဆင်းတော့ အဲ့တုန်းက အသက်က ၂၀ ကျော်ဆိုတော့ငယ်သေးတယ်လေ။ အဲ့မှာ နယ်က လူတွေက မိန်းကလေးတယောက်ထဲလာရင် ဘာလဲဆိုတဲ့အကြည့်နဲ့ ကြည့်ခံရတယ်။”လို့ သူကဆက်ပြောပါတယ်။

အပြည့်အစုံဖတ်ရန် - https://bit.ly/4bK9yrd
2
အမျိုးသမီးအကြောင်းအရာတွေကို နေ့စဉ်ပုံမှန်တင်ဆက်လျှက်ရှိသည့် Honest Information(HI) ရဲ့ Telegram Channel ကို ယနေ့မှစတင်ကာ အောက်ပါလင့်မှ Channel သို့ ပြောင်းလဲတင်ဆက်နေပြီဖြစ်ကြောင်း စာဖတ် သူများအား လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့်။ အောက်ပါ Channel အား Subscribe လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ https://t.me/honestinformationmedia
2
အမျိုးသမီးအကြောင်းအရာတွေကို နေ့စဉ်ပုံမှန်တင်ဆက်လျှက်ရှိသည့် Honest Information(HI) ရဲ့ Telegram Channel ကို ယနေ့မှစတင်ကာ အောက်ပါလင့်မှ Channel သို့ ပြောင်းလဲတင်ဆက်နေပြီဖြစ်ကြောင်း စာဖတ် သူများအား လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့်။ အောက်ပါ Channel အား Subscribe လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ https://t.me/honestinformationmedia
HI - Honest Information
အမျိုးသမီးတွေရဲ့အခြေအနေမှန်ကိုကိုယ်စားပြုဖော်ထုတ်ပေးမယ့် အမျိုးသမီးတို့အတွက်အသံ - Honest Information
----------

◾️Honest Information (HI) ကို ၂၀၁၄ ခုနှစ်က စတင်ခဲ့ပြီး မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese...
www.facebook.com

https://www.facebook.com/honestinfo/posts/pfbid0R9Lk4M5g3QDW5YaAqiGST8q5ZU7kbr1k4uE4CjtXBUPv8iXo2nPcUDffZDhj8KXxl
အမျိုးသမီးအကြောင်းအရာတွေကို နေ့စဉ်ပုံမှန်တင်ဆက်လျှက်ရှိသည့် Honest Information(HI) ရဲ့ Telegram Channel ကို ယနေ့မှစတင်ကာ အောက်ပါလင့်မှ Channel သို ပြောင်းလဲတင်ဆက်နေပြီဖြစ်ကြောင်း စာဖတ် သူများအား လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့်။ အောက်ပါ Channel အား Subscribe လုပ်ထားဖို ဖိတ်ခေါ်လိုက်ပါတယ်နော်။ https://t.me/honestinformationmedia