မှိုင်းဝေ
134K subscribers
45.6K photos
3.58K videos
8 files
5.96K links
သတင်းတွေဖတ်ရန် အောက်ကလင့်လေးကို Join ထားပါ။
👇👇👇
Download Telegram
ဒေသတွင်းတည်ငြိမ်မှုကို ဖျက်ဆီး
သူများကို အရေးယူမည်ဟု SNA
သတိပေး

CNI News

၂၀၂၂ ခုနှစ်၊ မေ ၁၀

စစ်ကိုင်းတိုင်းဒေကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသအတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေသည့် လုပ်ရပ်များကို လုပ်ဆောင်သော မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို အရေးယူသွားမည်ဟု ယနေ့ (မေလ ၁၀ ရက်)တွင် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) မှ သတိပေး ထုတ်ပြန်ခဲ့သည်။

နမ့်တောဒေသတွင် အကြမ်းဖက်
သမားများက လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများထံ အဓမ္မ ငွေကြေးများ ကောက်ခံလျက်ရှိသည်ကို ကြားသိရကြောင်း၊ နမ့်တောရွာ အ.မ.က စာသင်ကျောင်းအတွင်း ဒေသခံ ပြည်သူများအား စုဝေးစေပြီး လက်နက်များဖြင့် ခြိမ်းခြောက် ပြောဆို ကာ ငွေကြေးများ ကောက်ခံရေးအတွက် သတိပေး ပြောကြားကြောင်း သိရသည်ဟု ထုတ်ပြန်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ လုပ်ဆောင်မှုသည် ဒေသတွင်း ပြည်သူလူထုများအပေါ် မငြိမ်မသက်ဖြစ်စေခြင်း၊ ပိုမို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်း အပြင် မိမိတို့ SNA ၏ အမျိုးသားရေး လုပ်ငန်းများအား နှောက်ယှက်ဖျက်ဆီးသကဲ့သို့ ဖြစ်နေကြောင်း ပြောသည်။

SNA မှ “မိမိတို့ ဒေသတွင်းတွင် ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေး ကာလအခြေအနေအရ အဆိုပါ အဖွဲ့အစည်းများအား သွားလာလှုပ်ရှားမှုကို အတိုင်းအတာအရ နားလည်ပေးသော်လည်း မိမိတို့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေမည့် အဓမ္မငွေကြေး ကောက်ခံခြင်းမှ အစ မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။ ရှမ်းနီ တိုင်းရင်း သား လူထု၏ ဘိုးဘွားပိုင်ဆိုင်ရာ ဒေသနှင့် ဒေသတွင်း ပြည်သူများ တိုးတက်ဖွံ့ဖြိုးရေးအား တစ်နည်းနည်းဖြင့် နှောက်ယှက် ဖျက်ဆီးကြသော မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို အရေးယူ ကာကွယ်သွားမည် ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေး လိုက်သည်” ဟု ပြောသည်။

SNA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသို မြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အပါအဝင် ကချင် ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်တို့ တွင် လှုပ်ရှားလျက်ရှိသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီး ခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်းဒေသတို့ကို စုစည်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

#SNA #ရှမ်းနီ #တည်ငြိမ်ရေး
#နိုင်ငံရေး #ပြည်တွင်း
#CNImyanmar #cninews
#NayMyoThu

ပုံ-SNAကို...တွေ့ရစဉ်
KTLA ကိစ္စကိုင်တွယ်ရန်နှင့် ကရင်နှစ်ဖွဲ့ပေါင်းစည်းရေး DKBA နှင့် KNU သဘောတူ

CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၄

KNDO ကနေ ခွဲထွက်၍ ဗိုလ်ချုပ် စောနယ်ဒါးမြ ဖွဲ့စည်းခဲ့သည့် ကော်သူးလေတပ်မတော်(KTLA)ကိစ္စ ကိုင်တွယ်ဆောင်ရွက် ရန်နှင့် ကရင်လက်နက်ကိုင်နှစ်ဖွဲ့ (DKBA-KNU) ပြန်လည်ပေါင်းစည်းရေး ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKB A)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်များ ဆွေးနွေး၍ သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

DKBA နှင့် KNU ခေါင်းဆောင်များသည် ဆုံဆည်းမြိုင်မှာ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃ ရက်က တွေ့ဆုံ၍ ဆွေးနွေးပြီးနောက် အချက် ၅ ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

DKBA နှင့် KNU တို့ဖြင့် ရင်းနှီးသူ တစ်ဦးက “ အဲဒီသဘောတူညီချက် ၅ ချက်က အမှန်ပါပဲ၊ ကျနော်တို့က အဓိက ဒေသ တည်ငြိမ်ရေး၊ ရှေ့ဆက် တိုက်ပွဲမဖြစ်ရေးအတွက်၊ စစ်ပွဲမဖြစ်အောင် နည်းနာရှာတဲ့သဘောပါ။ အနာဂတ် ဖက်ဒရယ်မှာ တစ်ခုတည်းသော ဖက်ဒရယ်တပ်မတော် တည်ဆောက်တဲ့အခါအတွက် ကြိုတင်ပြင်ဆင်ချက်လို့ပဲ ပြောရမှာပေါ့။ အဲဒါက (ကော်သူးလေးတပ်မတော်ဖွဲ့စည်းမှုကိစ္စ) သူတို့ အချင်းချင်း တွေ့ဆုံ ညှိနှိုင်းသွားကြမှာပါ”ဟု CNI သို့ ပြောသည်။

DKBA နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံ၍ သဘောတူ ဆုံးဖြတ်ချက်ကျသည့် အချက် ၅ ချက်မှာ နံပါတ်တစ် KTLA ကိစ္စ နှင့်ပတ်သက်၍ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစတီးနှင့် KNU မှ ဒုဗိုလ်မှူးကြီး နယ်ဒါးထူးတို့မှ ညှိနှိုင်းဆွေးနွေး ကိုင်တွယ် ဆောင်ရွက်သွားရန် တာဝန်ပေးသည်၊ နံပါတ်နှစ် DKBA နှင့် KNU တို့ နှစ်ဖွဲ့သည် ပြန်လည်ပေါင်းစည်းရေးအတွက် နှုတ် အားဖြင့် သဘောတူပြီးဖြစ်သည်၊ လတ်တလော အောက်ခြေတပ်ဖွဲ့ဝင်များအား တစ်စုတစည်းတည်း ဖြစ်ကြောင်း ယာယီ အမှတ်တံဆိပ် တစ်ခုအား ညှိနှိုင်းတပ်ဆင်သွားမည်တို့ ဖြစ်သည်။

ထို့နောက် နံပါတ်သုံးအနေဖြင့် နှစ်ဖက် တွေ့ဆုံမှုအား ဖြစ်နိုင်ပါက တစ်လတစ်ကြိမ် တွေ့ဆုံကြရန် သဘောတူ ဆုံးဖြတ်ပါ သည်၊ နံပါတ်လေး KNU ဗဟိုမှ DKBA အတွက် ထုတ်ပြန်ထားသည့် ၁/၉၄ ထုတ်ပြန်ကြေညာချက်အား ပြန်လည် ဖျက် သိမ်းပေးရန် သဘောတူဆုံးဖြတ်ပါသည်ဟု ဖော်ပြထားသည်။

နောက်ဆုံး နံပါတ်ငါးမှာ လတ်တလော ဖြစ်ပေါ်နေသော ရန်သူထိုးစစ်ပြီးဆုံးစေရေးအတွက် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စတီးမှ တာဝန်ယူ၍ စကစနှင့် ဆွေးနွေးရန် သဘောတူဆုံးဖြတ်သည်။ အကယ်၍ ညှိနှိုင်းဆွေးနွေးမှုအား သဘောမတူဘဲ တပ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်မည်ဆိုပါက အတူတကွ ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူ ဆုံးဖြတ်ပါသည် ဟု ဖော်ပြထားသည်။

DKBA နှင့် KNU တို့ဖြင့် ရင်းနှီးသူ တစ်ဦးက “ အဲဒီဟာ(၁/၉၄)က DKBA က အဆိုပြုတာ ၁/၉၄ က KNU က ခွဲထွက်တဲ့ အဖွဲ့အစည်း၊ ရန်သူအဖွဲ့အစည်းအနေနဲ့ သတ်မှတ်ခဲ့တဲ့ စာကို ပြန်လည် ရုပ်သိမ်းဖို့ဆိုတဲ့ အဆိုပြုချက်။ အဲဒါကို မရုပ်သိမ်း ဘူးဆိုရင် DKBA နဲ့ KNU ပွတ်တိုက်မှု တစ်စုံတစ်ခု မဟုတ် တစ်ခုဖြစ်နေမှာပဲ။ အဲဒါကြောင့်မလို့ သဘောတူခဲ့ကြတာ”ဟု CNI သို့ ပြောသည်။

DKBA နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲမှ သဘောတူဆုံးဖြတ် ချက်သည့် အချက် ၅ ချက်အနက် နောက်ဆုံး ဆုံးဖြတ်ချက် နံပါတ် ၅ သည် မိမိတို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၏ သဘောထားနှင့် လုံးဝ(မတိုက်ဆိုင်) ကြောင်း ယနေ့ (သြဂုတ် ၄ ရက်)တွင် DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၃ ရက်နေ့က DKBA နှင့် KNU တွေ့ဆုံဆွေးနွေးပွဲသို့ DKBA ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စတီး(စောစတီး)၊ စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီးဆန်းအောင်၊ ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ရွှေဝ၊ စစ်ထောက်ချုပ် ဗိုလ်မှူးကြီး ကြာညူး၊ ကွပ်ကဲရေး- ၁ မှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှ၊ ဌာနချုပ် G2 ဗိုလ်မှူး စမင်း၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး စိန်ဝင်းတို့ တက်ရောက် ခဲ့သည်။

ထို့နောက် KNU ဘက်ကမူ ကာကွယ်ရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး ရောကျယ်ခင်၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုတာဒိုမှူး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ၊ သေ့ဘောဘိုး ကျေးရွာအုပ်စုမှူး ဗိုလ်ကြီးထောပလို့၊ တပ်မဟာ ၇ မှူး ဗိုလ်မှူးချုပ် ဖောဒို့၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နယ်ဒါးထူး၊ တပ်ခွဲမှူး ဗိုလ်ကြီးမူးဂေ တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Website တွင်ဖတ်ရန်----https://cnimyanmar.com/index.php/political-2/politics-local/8135-ktla-dkba-knu

#KNU #DKBA #KTLA #ငြိမ်းချမ်းရေး #စစ်ရေး #နိုင်ငံရေး #CNImyanmar #cninews

CNI TV YouTube Channel-----https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw

CNI Telegram Channel-----https://t.me/ChannelNewsIndependent

CNI Twitter Link-----https://twitter.com/ChannelNewsInd1

ပုံ- ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃ ရက် DKBA နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံကြစဉ်