Honest Hour (Mental Health Well-being)
3.37K subscribers
1.13K photos
90 videos
9 files
636 links
Honest Hour, where you can acquire the knowledge about Well-being, health care tips and to support your mental stability.

We will keep updating the activities and workshops of Honest Hour for you all.
Download Telegram
Stress နဲ့ ဘယ်လိုအတူနေမလဲ၊ ဘယ်လိုထိန်းချုပ်မလဲ၊ ကိုယ့်ကိုယ်ကို ဘယ်လိုပြန်ချိတ်ဆက်မလဲ ဆိုတာတွေကို “Stress Less, Live More” Workshop video လေးကနေ လေ့လာကြည့်ရအောင်...

ဒီနေ့ခေတ်မှာ အလုပ်၊ တာဝန်ယူမှုတွေ၊ မပြတ်တောက်တဲ့ စိတ်ပင်ပန်းမှုတွေကြားထဲမှာ နေထိုင်ရင်း “အဆင်ပြေနေတယ်” လို့ ကိုယ်ကိုယ်ကို ပြောနေတတ်ကြပေမယ့် အတွင်းမှာတော့ မျက်မြင်မရတဲ့ stress တွေ စုနေတတ်ပါတယ်။

ဒီ workshop မှာတော့ stress ကို ဖယ်ရှားဖို့ မဟုတ်ပဲ—
stress နဲ့ ဘယ်လိုအတူနေမလဲ၊ ဘယ်လိုထိန်းချုပ်မလဲ၊ ကိုယ့်ကိုယ်ကို ဘယ်လိုပြန်ချိတ်ဆက်မလဲ ဆိုတာတွေကို လေ့လာနိုင်ပါမယ်။ ကိုယ့်ရဲ့ stress triggers တွေကို သိမြင်လာနိုင်ခြင်း၊ emotional awareness တိုးတက်လာခြင်းနဲ့ အတူ နေ့စဉ်ဘဝမှာ လက်တွေ့အသုံးချလို့ရမယ့် breathing techniques, grounding exercises နဲ့ mind reset practices တွေကိုပါဝင်တဲ့ Interactive Workshop ပုံစံမျိုးဖြစ်ပါတယ်။

ဒီ workshop လေးမှာ Honest Hour ရဲ့ Therapist တစ်ဦးဖြစ်တဲ့ Dr.Soe Lwin မှ ဆွေးနွေးပေးထားတာဖြစ်ပါတယ်။

Workshop Video လေးကို Honest Hour Youtube Channel ကနေတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။

Stree Less, Live More Part -1
https://youtu.be/Q-TgoU9n9oQ

Stress Less,Live More Part- 2
https://youtu.be/vVHj_u5jF58

#HonestHour #MentalHealth #workshop #free_workshop #stress #well_being
4
Honest Hour (Mental Health Well-being)
Photo
လူမှုဆက်ဆံရေးမှာ ကျန်နေခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် ရှေ့ဆက်ဖို့ ဝန်လေးနေတာမျိုး၊ ဒါမှမဟုတ် ချစ်ခင်ရသူတွေနဲ့ ဘာကြောင့် အဆင်မပြေဖြစ်နေရတာလဲဆိုတဲ့ အဖြေကို ရှာမတွေ့ဘဲ အထီးကျန်သလို ခံစားနေရလား?

ဒီလို ခံစားချက်တွေကို အဖြေရှာကြည့်ဖို့ Relationship Reboot Class လေးကမနက်ဖြန်ဆိုရင် Level 1 စတော့မှာပဲဖြစ်ပါတယ်။
အတန်းလေးမစခင် Orientation Session ကို Free Workshop အနေနဲ့ မနက်ဖြန် (မေလ ၅ ရက်နေ့) မှာ ပြုလုပ်မယ့် ဒီ workshop လေးကို Register မလုပ်ထားရသေးသူတွေလည်း Walk-in တက်ရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။

🌿 Relationship Reboot: Free Orientation Workshop
ဒီ Workshop လေးကနေ...

👉🏻မိမိကိုယ်ကို ပြန်လည်နားလည်လာစေဖို့
👉🏻အတိတ်က စိတ်ဒဏ်ရာတွေကို အတူတူကုစားဖို့
👉🏻ပိုမိုကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးတွေကို ဖန်တီးတည်ဆောက်ဖို့

Counsellor & Coach တစ်ယောက်ဖြစ်တဲ့ “Lilly” မှ ကိုယ့်ရဲ့ ဆက်ဆံရေးတွေကို ဘယ်လို ပုံဖော်နေသလဲဆိုတာကို စိတ်ပညာသီအိုရီများစွာနဲ့ လေ့လာဆန်းစစ်သွားကြမှာဖြစ်ပါတယ်။

Workshop Details:
Date: 5th May 2026 (Tuesday)
Time: 7:00 PM to 9:00 PM
Platform: Zoom (Online)

Zoom Link : https://us06web.zoom.us/j/7198489158...
Meeting ID : 719 848 9158
Passcode : Honest

ကိုယ့်ရဲ့ စိတ်အနာရွတ်တွေကို နွေးထွေးတဲ့ နားလည်မှုတွေနဲ့ ကုစားပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတွေကို ပြန်စကြရအောင်။

#RelationshipReboot #MentalHealth #HealthyRelationships #SelfHealing #HonestHour
3
Honest Hour (Mental Health Well-being)
Photo
Mindful Vitality & Inner Balance Retreat

ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်နဲ့ရုပ်ကို တစ်မနက်ခင်းစာ အချိန်ပေးပြီး Reset လုပ်ကြမလား? 🌿

နေ့စဉ် Stress တွေကြားမှာ ကိုယ့်ရဲ့ Inner Energy တွေ ပိတ်ဆို့နေသလို ခံစားနေရရင် ဒီ Retreat လေးက သင့်အတွက်ပါ။ Inner Balance ကိုအခြေခံပြီး စိတ်ကြည်လင်လန်းဆန်းသွားစေမယ့် "Mindful Vitality & Inner Balance" အစီအစဉ်လေးကို
𝐓𝐫 𝐂𝐡𝐨 𝐌𝐲𝐚𝐭 𝐍𝐰𝐞 က ဦးဆောင်သွားမှာဖြစ်ပါတယ်။

𝓓𝓮𝓽𝓪𝓲𝓵𝓼
𝐃𝐚𝐭𝐞: 6.6.2026 (Saturday)
𝐓𝐢𝐦𝐞: 8:00 AM to 12:00 PM
𝐕𝐞𝐧𝐮𝐞: The Moon Gallery Café and Bistro (Bagan Room), ကမာရွတ်။ (CB Bank အပေါ်ထပ်၊ Regency Office 2nd Floor)

🧘 ဒီ ၄ နာရီအတွင်းမှာ ဘာတွေလုပ်ကြမလဲ?

𝟎𝟖:𝟎𝟎 - 𝟎𝟗:𝟎𝟎: ဘဝနေထိုင်မှုပုံစံနှင့် ခန္ဓာကိုယ်၏ 𝑽𝒊𝒕𝒂𝒍𝒊𝒕𝒚 𝑷𝒐𝒊𝒏𝒕𝒔 ဆက်စပ်ပုံကို နားလည်ခြင်း။
𝟎𝟗:𝟎𝟎 - 𝟎𝟗:𝟐𝟎: 𝑷𝒓𝒂𝒏𝒂𝒚𝒂𝒎𝒂 & 𝑶𝑴 𝑪𝒉𝒂𝒏𝒕𝒊𝒏𝒈 - စနစ်တကျ အသက်ရှူသွင်း၊ ရှူထုတ်ခြင်းဖြင့် အတွင်းစိတ်ကို ငြိမ်သက်စေခြင်း။
𝟎𝟗:𝟑𝟎 - 𝟏𝟎:𝟑𝟎: 𝑰𝒏𝒏𝒆𝒓 𝑩𝒂𝒍𝒂𝒏𝒄𝒆 𝒀𝒐𝒈𝒂 - ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်စီးဆင်းမှုကို ကောင်းမွန်စေမည့် ယောဂလေ့ကျင့်ခန်းများ။
𝟏𝟎:𝟑𝟎 - 𝟏𝟏:𝟑𝟎: 𝑽𝒊𝒕𝒂𝒍𝒊𝒕𝒚 𝑴𝒆𝒅𝒊𝒕𝒂𝒕𝒊𝒐𝒏 - စိတ်ဖိစီးမှုတွေကို လျှော့ချပြီး စိတ်ခွန်အားဖြည့်တင်းပေးမည့် meditation
𝟏𝟏:𝟑𝟎 - 𝟏𝟐:𝟎𝟎: 𝑯𝒆𝒂𝒓𝒕-𝒕𝒐-𝑯𝒆𝒂𝒓𝒕 𝑺𝒉𝒂𝒓𝒊𝒏𝒈 - ပါဝင်သူအချင်းချင်း အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် မေးခွန်းများ ဆွေးနွေးခြင်း။

လူဦးရေ ၂၀ ဦးသာ ကန့်သတ်ထားတာမို့ စိတ်အေးချမ်းမှုနဲ့ ကျန်းမာခြင်းကို တန်ဖိုးထားသူများအတွက် အမြန်ဆုံး စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်ပါတယ်။
Original Price: 150,000 MMK
Early Bird Discount: 120,000 MMK (သတ်မှတ်ရက်အတွင်း အပ်နှံသူများအတွက်)

"အတွင်းစိတ် ငြိမ်းချမ်းမှုကနေတစ်ဆင့် ပိုမိုတက်ကြွတဲ့ ရှင်သန်ခြင်းတွေကို တည်ဆောက်လိုက်ပါ"
စာရင်းပေးသွင်းရန်နှင့် အသေးစိတ်သိရှိလိုပါက Honest Hour ရဲ့ Messenger မှဖြစ်စေ Phone – 09 79 282 4522 သို့ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။ 📩

#HonestHour #Chakra #Mental_Health
Honest Hour (Mental Health Well-being)
Photo
ပင်ပန်းသမျှ ခဏချထား... စိတ်အပန်းပြေဖို့အတွက် ဖန်တီးထားတဲ့ "ခိုလှုံရာလေး" ဆီ ခဏလာခဲ့ပါ 🌿

“Mental Break” လို့ ရိုးရိုးလေးနာမည်ပေးထားတဲ့ ဒီ Event လေးမှာတော့ ရည်ရွယ်ချက်လေးတစ်ခုရှိပါတယ်။

ဒါကတော့ ကိုယ့်ရဲ့ Wellbeing ကို တန်ဖိုးထားပြီး၊ စိတ်တူကိုယ်တူ Vibe တူတဲ့သူတွေနဲ့ နွေးထွေးစွာ ထိတွေ့ဆက်ဆံနိုင်မယ့် Safe Space လေးတစ်ခု ဖန်တီးပေးချင်လို့ပါ။ ဒီလို In-person ထိတွေ့နိုင်မယ့် အခွင့်အရေးလေးကိုလည်း တစ်လ တစ်ခါပေးချင်တာကြောင့် Monthly ပြုလုပ်သွားဖို့လည်း စီစဉ်ထားပါတယ်။

ကာလ၊ ဒေသ၊ ပယောဂ (၃) ပါးလုံး ကောင်းမွန်ခြင်းတွေနဲ့ ပြည့်စုံစေမယ့် Honest Hour ရဲ့ ၄ နာရီတာ Community Gathering လေးမှာ အနားယူဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီလရဲ့ Monthly In-person Event မှာတော့ Dr. Soe Lwin နဲ့အတူ နွေးထွေးတဲ့ အသိုက်အဝန်းလေးထဲမှာ အခုလို အစီအစဉ်လေးတွေနဲ့ ဖြတ်သန်းသွားကြမှာပါ။

ဘာတွေက သင့်ကို စောင့်ကြိုနေမလဲ?
• Trash Can Exercise: ပင်ပန်းစေတဲ့ တာဝန်တွေနဲ့ ဖိစီးမှုတွေကို အမှိုက်ပုံးထဲ စွန့်ပစ်ပြီး စိတ်ကို ပေါ့ပါးအောင် အတူလုပ်ကြမယ်။
• Mindful Walk & Reflection: သဘာဝနဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ လမ်းလျှောက်ရင်း ကိုယ့်စိတ်ကို ပြန်လည် နားထောင်မယ်။
• Arts & Music: အနုပညာနဲ့ တေးဂီတရဲ့ ကုစားမှုနဲ့အတူ စိတ်ကို အနားပေးမယ်။
• Life Assessment & Self-care Plan: ကိုယ့်ဘဝရဲ့ မျှခြေကို ပြန်စစ်ဆေးပြီး ရှေ့ဆက်ဖို့ ခွန်အားဖြစ်စေမယ့် ဂရုစိုက်မှုအစီအစဉ်တွေ ဆွဲကြမယ်။

ကိုယ့်ကို နားလည်ပေးမယ့် အပေါင်းအသင်းကောင်းတွေနဲ့အတူ စိတ်ချင်းနီးနီးကပ်ကပ် အနားယူရင်း၊ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ပြည့်ဝသွားစေမယ့် အကောင်းဆုံး "Mental Break" တစ်ခုကို ပိုင်ဆိုင်ဖို့ ဒီ Event လေးမှာ စာရင်သွင်းချင်တယ်ဆိုရင်တော့ အောက်က Registration form လေးမှာ စာရင်းပေးသွင်းလို့ရပါတယ်။
Registration Link – https://forms.gle/pwwJ58nmEVqHhKrw6

Event Details
---------------
Date: 23rd May 2026
Time: 2:00 PM to 5:00 PM
Registration Fees: 30,000 MMK
Special Discount အနေနဲ့ 👇
Honest Hour Application Page ကို Like & Share ပြုလုပ်ပြီး ဒီ post ရဲ့ comment မှာ Screen Shot လေးပြပေးမယ်ဆိုရင်တော့ 10,000 MMK discount ရရှိပြီး အလိုအလျှောက် Registration Fees:20,000 MMK နဲ့ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

Facebook Page Link: https://www.facebook.com/honesthourapplication

နေရာ - The Moon Gallery Café and Bistro (Poppa Room), 2nd Floor, Regency Office (CB Bank အပေါ်ထပ်)၊ ပြည်လမ်း၊ ကမာရွတ် မြို့နယ်

လူဦးရေအကန့်အသတ်ရှိတာကြောင့် အမြန်ဆုံး စာရင်းပေးသွင်းထားလိုက်တော့နော်...

#HonestHour #Mental_Health #Wellbeing #MentalBreak #Pause
(English Below)
ကျွန်မတို့အားလုံး ရင်ဆိုင်နေရတဲ့ အခြေအနေတွေက "ခဏတဖြုတ် အကျပ်အတည်း” ဆိုတာထက် မသေချာမှုတွေကြားမှာပဲ နေသားတကျဖြစ်အောင် နေထိုင်ရတဲ့ "ရေရှည် မတည်ငြိမ်မှု" (Chronic instability) ထဲ ရောက်နေတာပါ။

ဒီလိုအခြေအနေမှာ Survival Mode (ရှင်သန်နိုင်ရေးကိုပဲ အာရုံစိုက်ရတဲ့ စိတ်အခြေအနေ) က ခဏတဖြုတ် မဟုတ်တော့ဘဲ ကျွန်မတို့ရဲ့ ပုံမှန် Standard တစ်ခုလို ဖြစ်လာတယ်။

အမြဲတမ်း ပင်ပန်းနေမယ်။
စိတ်ရှည်နိုင်စွမ်းတွေ နည်းလာမယ်။
အကောင်းမြင်စိတ်တွေကိုလျော့ကျစေမယ်။
အနာဂတ်အတွက်ဆိုတာထက် "ဒီနေ့ကို ဘယ်လိုဖြတ်ကျော်မလဲ" ဆိုတာကိုပဲ တွေးနိုင်တော့မယ်။

ဒါဟာ လူတစ်ယောက်ချင်းစီတင် မဟုတ်ဘဲ လုပ်ငန်းခွင်တွေမှာပါ သက်ရောက်မှုရှိလာပါတယ်။ ဒီအချိန်မှာ Wellbeing (စိတ်ကျန်းမာရေးနဲ့ ကိုယ်စိတ်အေးချမ်းမှု) ဆိုတာ "ရှိရင်ကောင်းတယ်" ဆိုတဲ့ အပိုပစ္စည်း မဟုတ်တော့ပါဘူး။ ဒါက ရေရှည်မှာ ဆက်ပြီး လျှောက်လှမ်းနိုင်ဖို့အတွက် အဓိက လိုအပ်တဲ့ Fuel (လောင်စာ) ဖြစ်လာပါပြီ။

ကျွန်မတို့ရဲ့ မေးခွန်းက "ဘယ်လို အလုပ်တွေ ပိုပြီး အောင်မြင်အောင် လုပ်မလဲ?" ဆိုတာထက် "ဘယ်လိုမျိုး ရေရှည်တည်တံ့အောင် ရှေ့ဆက်မလဲ?" ဆိုတာ ဖြစ်သင့်ပါတယ်။
ဒီမေးခွန်းလေးကိုဖြေချင်တဲ့ တစ်ဦးတစ်ယောက်ချင်းစီဖြစ်စေ၊ Organization ကဖြစ်စေ အခြေအနေတွေကြားမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မယ့် ကိုယ့်ရဲ့ "Internal Capacity" ကိုတော့ Honest Hour နဲ့အတူ ပြန်လည်တည်ဆောက်နိုင်ပါတယ်။

Honest Hour ရဲ့ Employee Assistance Program အကြောင်း အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့
📞09 79 282 4522 သို့ဖြစ်စေ 📧info@honesthourmm.com သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

We’re no longer just facing a “temporary crisis.”

We’re living in a state of chronic instability — where uncertainty has become part of our daily reality.
In times like this, Survival Mode is no longer short-term.

It quietly becomes our default setting.
You may notice it in subtle ways:
– Feeling constantly exhausted
– Having less patience
– Losing optimism
– Shifting your focus from “building a future” to simply “getting through today”

This doesn’t just affect individuals — it shows up in our workplaces, our teams, and our organizations too.
That’s why wellbeing is no longer a “nice-to-have.”

It’s essential. It’s the fuel that helps us keep going — sustainably.
The question is no longer:
“How can we achieve more?”
But rather:
“How can we keep going — and stay steady — in the long run?”

Whether you’re an individual or an organization, this is the moment to rebuild your internal capacity — the strength within that helps you stand firm through uncertainty.

And that’s a journey you don’t have to take alone.
Honest Hour is here to walk it with you.

For detailed information regarding Honest Hour’s Employee Assistance Program (EAP), please feel free to reach out to us at 📞 09 79 282 4522 or email us at 📧 info@honesthourmm.com.

#HonestHour #Wellbeing #Survival #EmotionalWellbeing
1
Honest Hour (Mental Health Well-being)
Photo
Relationship Reboot Class မှာ ဘာတွေလေ့လာရမလဲ?

ကိုယ့်ကိုယ်ကို နားလည်လာပြီး၊ စိတ်ဒဏ်ရာတွေကို ကုစားကာ ပိုမိုခိုင်မြဲပြီး ကျန်းမာတဲ့ လူမှုဆက်ဆံရေးတွေကို တည်ဆောက်နိုင်စေဖို့...
💕Relationship Reboot Class

ဒီအတန်းလေးဟာ ဒီနေ့ညစတင်တော့မှာ ဖြစ်ပါတယ်။ သင်တန်းလေး တက်ရောက်ချင်ပါက ယနေ့နောက်ဆုံးထား အပ်နှံလို့ရပါတယ်ရှင်။

Class Details: https://www.facebook.com/share/p/1XXF25FjFa/

သင်တန်းအပ်နှံလိုပါက comment မှာ Relationship လို့ ချန်ထားခဲ့လို့ရပါတယ်ရှင်။

အသေးစိတ်ကို Facebook Page chat box မှာဖြစ်စေ 09 792824522 ကိုဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

#HonestHour #Counsellingservices #Emotional_support #Relationship
Honest Hour (Mental Health Well-being)
Photo
☀️အမှောင်ထုကနေ အလင်းဆီသို့ စိတ်ခွန်အားတွေနဲ့လျှောက်လှမ်းနိုင်ဖို့ အသိပညာပေးမယ့် "Mental Reset for Depression Free Workshop"

စိတ်ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေသလို ခံစားနေရတာ၊ အားအင်ကုန်ခမ်းပြီး ဘာကိုမှ စိတ်မပါတော့တာမျိုးတွေက စိတ်ဓာတ်ကျခြင်း (Depression) ရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

ဒီလိုအခြေအနေကနေ ရုန်းထွက်ပြီး စိတ်ခွန်အားသစ်တွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့ "Mental Reset for Depression" အခမဲ့ Workshop လေးကို Honest Hour က စီစဥ်ပေးထားပါတယ်။

မိမိရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြန်လည်ဆန်းသစ် (Reset) လုပ်ပြီး Depression ရဲ့နွံထဲကနေ ဘယ်လိုရုန်းထမလဲဆိုတာ Dr. Min Thein Kyi မှ လမ်းညွှန်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

Mental Reset for Depression Workshop
Speaker: Dr. Min Thein Kyi (Counselling Psychologist)
Date: 10th May 2026 (Sunday)
Time: 7:00 PM – 8:00 PM (MMT)
Platform: Zoom Online Session

🔍 ဘာတွေ သိရှိနားလည်သွားမလဲ?
Understanding Depression: စိတ်ဓာတ်ကျခြင်းက ဦးနှောက်နဲ့ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်နိုင်လဲ?

Mental Reset Techniques: စိတ်အာရုံကို ပြန်လည်စုစည်းပြီး အဆိုးမြင်အတွေးသံသရာကနေ ရုန်းထွက်နည်းများ။

Self-Care Strategies: စိတ်ဓာတ်ကျနေချိန်မှာ မိမိကိုယ်ကို ဘယ်လို ပြုစုပျိုးထောင်မလဲ?

Expert Advice: ကျွမ်းကျင်ဆရာဝန်ထံမှ တိုက်ရိုက်အကြံဉာဏ်နဲ့ အမေးအဖြေဆွေးနွေးနိုင်မယ်။

ဒီ Workshop လေးက သင့်အတွက် မျှော်လင့်ချက်အသစ်နဲ့ စိတ်ခွန်အားတွေ ပေးစွမ်းနိုင်မှာဖြစ်တာကြောင့် အခမဲ့တက်ရောက်ဖို့ ဒီ post လေးရဲ့အောက်မှာ “join” ဆိုပြီး comment ပေးခဲ့လိုက်ပါနော်…

#HonestHour #Counsellingservices #MentalHealthAwareness #Education #FreeWorkshop #UnderstandingDepression #MentalReset #MentalHealthRecovery #Hope
1🥰1
Honest Hour (Mental Health Well-being)
Photo
Mental Health Awareness Week အထိမ်းအမှတ်🌿

"ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီး သင့်စိတ်ကျန်းမာရေးအတွက် လိုအပ်သော ဝန်ဆောင်မှုများကို ရယူလိုက်ပါ"

ဒီတစ်ပတ်မှာ ကျရောက်တဲ့ Mental Health Awareness Week ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ Honest Hour Application ရဲ့ အသုံးပြုသူများအတွက် Wellbeing Services တွေကို ပိုမိုလွယ်ကူစွာ ရယူနိုင်ဖို့ လက်ဆောင်တစ်ခု ပြင်ဆင်ပေးထားပါတယ်။

Honest Hour မှာရှိတဲ့ ကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးခြင်းနဲ့ပက်သက်တဲ့ စိတ်ကျန်းမာရေးဝန်ဆောင်မှုများအတွက် ၁၁,၁၁၁ ကျပ် Discount ခံစားခွင့်ရမည့် Coupon Code ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

🎟 Coupon Code: May698364

အသုံးပြုပုံလေးကတော့…
Honest Hour Application ထဲသို့ ဝင်ရောက်ပါ။
Our Service ထဲဝင်ရောက်ပြီး Mental Well-being category ထဲဝင်ရောက်ပြီး
မိမိရွေးချယ်လိုတဲ့ Mental Health Professional ကို ရွေးချယ်ပါ။
Appointment Schedule ရွေးချယ်ပြီး
Payment မပြုလုပ်မီ “Add promo Code” နေရာတွင် Coupon Code ကိုရိုက်ထည့်ပြီး Discount ရယူနိုင်ပါပြီ။

🚨ဤ Code ကို May 2026 အတွင်း တစ်ကြိမ်သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

သင့်ရဲ့ Mental Wellbeing အတွက် လိုအပ်တဲ့ အကူအညီနဲ့ ဝန်ဆောင်မှုတွေကို ရယူနိုင်ဖို့ Honest Hour Application က အမြဲရှိနေမှာပါ။
အခုပဲ App ကို download လုပ်ပြီး သင့်အတွက် သင့်တော်မယ့် ဝန်ဆောင်မှုကို ရွေးချယ်ရယူလိုက်ပါနော် 🤗

Honest Hour Application ကို download ရယူနိုင်ရန်
Application Download link - For Android & IOS
https://bit.ly/3Z7yDbu

#HonestHour #CounsellingServices #MentalHealthAwarenessWeek
Caremebot ရဲ့ CareMe Patient App မှာလည်း 𝐇𝐨𝐧𝐞𝐬𝐭 𝐇𝐨𝐮𝐫 ရဲ့ Professional counsellor တွေနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ရင်ဖွင့်ဆွေးနွေးအဖြေရှာနိုင်ပါပြီ...

𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐀𝐩𝐩 ရဲ့ Mental Well-being session ထဲက 𝐇𝐨𝐧𝐞𝐬𝐭 𝐇𝐨𝐮𝐫 မှာဆိုရင်

👉🏻စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ၊ ခံစားချက်တွေကို ရင်ဖွင့်ဆွေးနွေး၊ အဖြေရှာနိုင်ဖို့ အတွက် 𝐈𝐧𝐝𝐢𝐯𝐢𝐝𝐮𝐚𝐥 / 𝐂𝐨𝐮𝐩𝐥𝐞/ 𝐅𝐚𝐦𝐢𝐥𝐲 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐒𝐞𝐬𝐬𝐢𝐨𝐧 များကို App user များအတွက် အထူး 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 များနှင့် ရယူနိုင်ရန် App ကို အခုပဲ Download ဆွဲပြီး အသုံးပြုလို့ ရနေပါပြီနော်….

𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐀𝐩𝐩 လေးကို Download ဆွဲလိုပါက 📲
📍 https://ymbhub.com/careme

𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐀𝐩𝐩 အသုံးပြု၍ ဘိုကင်တင်ရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက
𝐂𝐚𝐫𝐞𝐦𝐞𝐛𝐨𝐭 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫
☎️09 973 800044
☎️09 941 555955 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#HonestHour #Caremebot #onlinebookings #GlobalApp #mentalhealth #counselling
(English Below)
"လုပ်ငန်းခွင်မှာ Performance ထက် Wellbeing က ပိုအရေးကြီးလာတဲ့အခါ"

အဖွဲ့အစည်းတစ်ခုအတွက် အကြီးမားဆုံး အန္တရာယ်က ရုတ်တရက် ပြိုလဲသွားတာထက် Slow Exhaustion (ဖြည်းဖြည်းချင်း အင်အားကုန်ခမ်းသွားတာ) ဖြစ်ပါတယ်။

အခုလို မသေချာမှုတွေကြားမှာ လူတွေဟာ "Survival Mode" နဲ့ အလုပ်လုပ်နေကြရပါတယ်။ ဒါက အဖွဲ့အစည်းတွေမှာ ဘာဖြစ်လာစေလဲဆိုရင်-
Strategic Thinking (ရေရှည်စီမံကိန်း) ထက် Reactive Decision (အရေးပေါ်တုံ့ပြန်မှု) တွေပဲ ပိုများလာတယ်။

Team တွေက တိုးတက်ဖို့ထက် ပုံမှန်လည်ပတ်နိုင်ဖို့ပဲ အားစိုက်နေရတယ်။
ဖိအားများတဲ့အတွက် ဆုံးဖြတ်ချက်တွေ မှားယွင်းနိုင်ခြေ ပိုများလာတယ်။

ဒီလိုအခြေအနေမှာ ဝန်ထမ်းတွေရဲ့ Wellbeing ကို ဦးစားပေးတာဟာ Performance ကို မြှင့်တင်ပေးနေတာပါပဲ။ Wellbeing ဆိုတာ Performance နဲ့ သီးခြားစီ မဟုတ်ပါဘူး။ Wellbeing ရှိမှသာ Performance ဆိုတာ ဖြစ်တည်လာနိုင်တာပါ။

အထူးသဖြင့် အရာရာ ထိရှလွယ်နေတဲ့ အခုလိုအချိန်မျိုးမှာ အဖွဲ့အစည်းတစ်ခုကို ရေရှည်ထိန်းကျောင်းချင်တယ်ဆိုရင် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို အရင်ဆုံး တည်ဆောက်ပေးဖို့ လိုအပ်နေပါပြီ။

Honest Hour ရဲ့ Employee Assistance Program အကြောင်း အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့
📞09 79 282 4522 သို့ဖြစ်စေ 📧info@honesthourmm.com သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

When Wellbeing Starts to Matter More Than Performance at Work
One of the greatest risks to an organization isn’t sudden collapse—it’s slow exhaustion.

In times of ongoing uncertainty, many employees operate in “survival mode.” And over time, this quietly reshapes how organizations function:
Strategic thinking gives way to reactive decision-making
Teams focus more on maintaining stability than driving growth
Increased pressure leads to a higher likelihood of poor decisions
This is where a shift in perspective becomes critical.

Prioritizing employee wellbeing is not separate from improving performance—it is what enables it. Sustainable performance doesn’t come from pushing harder; it comes from people who are mentally and emotionally equipped to navigate challenges.

Especially in fragile and unpredictable environments, organizations that want to sustain themselves must first invest in strengthening the psychological resilience of their people.

Because when wellbeing is supported, performance follows.

For detailed information regarding Honest Hour’s Employee Assistance Program (EAP), please feel free to reach out to us at 📞 09 79 282 4522 or email us at 📧 info@honesthourmm.com.

#HonestHour #Wellbeing #WorkplaceWellbeing #Leadership #Resilience