Honest Hour (Mental Health Well-being)
3.37K subscribers
1.13K photos
90 videos
9 files
636 links
Honest Hour, where you can acquire the knowledge about Well-being, health care tips and to support your mental stability.

We will keep updating the activities and workshops of Honest Hour for you all.
Download Telegram
တစ်ခါတစ်ရံ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ လူတစ်ယောက်တည်း မထိန်းနိုင်တော့တဲ့ အခြေအနေထိ ရောက်လာတတ်ပါတယ်။

-အိပ်မပျော်ခြင်း၊
-စိတ်အတက်အကျ မတည်ငြိမ်ခြင်း၊
-အကြောင်းမရှိပဲ စိုးရိမ်ပူပန်နေခြင်း၊
-အရက် သို့မဟုတ် မူးယစ်ဆေးဝါးများကို မရပ်တန့်နိုင်တော့ခြင်း…
အဲဒီလိုအချိန်တွေမှာ
နားလည်ပေးနိုင်တဲ့ သူတစ်ယောက်တည်း မဟုတ်ပဲ ကျွမ်းကျင်တဲ့ ဆေးပညာနဲ့ ကူညီပေးနိုင်မယ့်
အထူးကုဆရာဝန်တစ်ဦးလည်း လိုအပ်လာတတ်ပါတယ်။

အဲဒီလို ဆရာဝန်တစ်ဦးကတော့ ဒေါက်တာ နန္ဒကျော်စွာ ဖြစ်ပါတယ်။

ဒေါက်တ နန္ဒကျော်စွာဟာ အရက်နဲ့ မူးယစ်ဆေးစွဲမှု (Addiction) နဲ့ စိတ်ကျန်းမာရေးကို အထူးပြုကုသပေးနေတဲ့ စိတ်ကျန်းမာရေးအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။
ဆေးကုသမှု လုပ်သက်အတွေ့အကြုံ ၁ဝ နှစ်ကျော် အတွင်း ဆရာဟာ ပြည်တွင်းပြည်ပရှိ လူနာများစွာကို ဆွေးနွေးကုသမှုများ ပြုလုပ်ပေးခဲ့ပြီး လက်ရှိတွင်လည်း Psychiatrist တစ်ဦးအဖြစ် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ဆက်လက်ပေးနေဆဲ ဖြစ်ပါတယ်။

ဆရာ့ဆီကို လာရောက်ဆွေးနွေးကြသူတွေထဲမှာ Disorder တွေနဲ့ပက်သက်တဲ့ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများ၊ Phobia ဆိုတဲ့ အကြောက်လွန်ရောဂါ များ၊ Anxiety နှင့် Depression ပြဿနာများ၊
စိတ်အတက်အကျ မြန်ခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်းများကို ခံစားနေရသူများအပြင်
လက်ရှိ သောက်သုံးနေတဲ့ စိတ်ပိုင်းဆိုင်ရာ ဆေးဝါးများနှင့် ပတ်သက်ပြီး
နားလည်ချင်သူများလည်း ပါဝင်ကြပါတယ်။

ဒါ့အပြင် အရက်နှင့် မူးယစ်ဆေးစွဲမှုကြောင့် ဘဝလမ်းကြောင်း ပျက်ယွင်းနေ များအတွက်လည်း
ဆရာဟာ ဆေးပညာနဲ့ စိတ်ပိုင်းဆိုင်ရာ နားလည်မှုကို ပေါင်းစပ်ပြီး ပြန်လည်ထူထောင်နိုင်မယ့် လမ်းကြောင်းတွေကို လမ်းညွှန်ပေးနေသူလည်း ဖြစ်ပါတယ်။
စိတ်ကျန်းမာရေးဆိုတာ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို သက်ရောက်စေနိုင်တဲ့ အရေးကြီးတဲ့ အရာပါ။

အဲ့ဒါကြောင့် လိုအပ်တဲ့အချိန်မှာ ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ဦးနဲ့ မှန်ကန်တဲ့ ဆွေးနွေးကုသမှု ရရှိနိုင်ဖို့က အရေးကြီးပါတယ်။

ဒေါက်တာ နန္ဒကျော်စွာ ဟာ စိတ်ကျန်းမာရေးကို ပိုမိုနားလည်စေဖို့ လူနာတစ်ဦးချင်းစီရဲ့ အခြေအနေကို ဂရုတစိုက် နားထောင်ပြီး သင့်တော်တဲ့ ဆေးပညာနဲ့ ဆွေးနွေးကုသမှုတွေကို
ပံ့ပိုးပေးလျက်ရှိပါတယ်။

ဆရာဟာ ဆွေးနွေးကုသတဲ့နေရာမှာလည်း medication သီးသန့်ပေးတာမျိုး ဆေးပေးကုထုံးဆိုတာထက် Holistic Approach နဲ့ စိတ်ရှည်စွာ တစ်ဦးတစ်ယောက်ချင်းစီကို ဆွေးနွေးတိုင်ပင်ကုသပေးလေ့ရှိတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။

တခါတလေ ကူညီမှုကို လက်ခံခြင်းကပဲ ပြန်လည်ကောင်းမွန်လာဖို့ အရေးကြီးဆုံး ပထမခြေလှမ်း ဖြစ်တတ်ပါတယ်။

ဒေါက်တာ နန္ဒကျော်စွာ ကို Honest Hour application မှာ P01 အနေနဲ့ တွေ့နိုင်မှာဖြစ်ပြီး ဆရာနဲ့ဆွေးနွေးကုသမှုခံယူလိုပါက Application ကနေတစ်ဆင့် appointment booking ရယူနိုင်ပါတယ်ရှင်…

#Psychiatrist #HonestHour #Counselling #Wellbeing #psychology #mentalhealth
3
မရေရာမသေချာမှုတွေ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလတစ်ခုမှာ ရှင်သန်ရတဲ့အခါ နေထိုင်မှုပုံစံသစ်တစ်ခု လိုအပ်လာပါတယ်။

အရင်က သင်ယူခဲ့ဖူးတဲ့ Productivity၊ Planning နဲ့ Balance ဆိုင်ရာ သီအိုရီတွေဟာ အခုအခါမှာ အရင်လို အလုပ်မဖြစ်တော့ပါဘူး။

ဒါကြောင့် - "မတည်ငြိမ်တဲ့ ပတ်ဝန်းကျင်တစ်ခုထဲမှာ ငါတို့ ဘယ်လို ကောင်းကောင်းမွန်မွန် ရှင်သန်မလဲ?" ဆိုတာကို ပြန်ပြီးမေးခွန်းထုတ်ရပါတော့မယ်။

တစ်ဦးတစ်ယောက်ချင်းစီ လုပ်နိုင်တဲ့နည်းလမ်းကတော့ (At an Individual Level)

မိမိရဲ့ မျှော်လင့်ချက်တွေကို စတင် ပြောင်းလဲခြင်းကနေ စတင်နိုင်ပါတယ်။

-နေ့တိုင်းဟာ အလုပ်တွင်နေမှာ မဟုတ်ဘူး။
-ချမှတ်ထားတဲ့ အစီအစဥ်တိုင်းဟာလည်း အမြဲအောင်မြင်နိုင်ဖို့ မသေချာဘူး။
-အရာအားလုံးကိုလည်း ကိုယ်က ထိန်းချုပ်လို့ မရနိုင်ဘူး။

ဒါဟာ ရှုံးနိမ့်မှု မဟုတ်ပါဘူး။ ဒါဟာ အခြေအနေ (Context) တစ်ခုကို လက်ခံခြင်းသာ ဖြစ်ပါတယ်။

"အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်" ဆိုတဲ့ စိတ်ကူးထက် ဒီအချက်တွေကို အာရုံစိုက်ဖို့ လိုလာပါတယ်။

-အချိန်ကိုပဲ စီမံတာမျိုးမဟုတ်ဘဲ မိမိရဲ့ စွမ်းအင် (Energy) ကို စီမံခန့်ခွဲပါ။
-ရေရှည်ထက် ကာလတို (တစ်နေ့တာ၊ တစ်ပတ်စာ) စီမံကိန်းတွေကိုပဲ အာရုံစိုက်ပါ။
-အပြစ်ရှိသလိုမခံစားဘဲ မိမိကိုယ်ကိုယ် ခေတ္တအနားပေးဖို့ ခွင့်ပြုပါ။
-တစ်နေ့တာအတွင်းမှာ စိတ်အပန်းပြေစေမယ့် ခဏတာ အနားယူမှုလေးတွေ ရှာဖွေပါ။

တခါတရံမှာ "တည်ငြိမ်မှု" ဆိုတာ အပြင်လောကမှာပဲ ရှာဖွေနေရတာမျိုး မဟုတ်ဘဲ မိမိဘာသာ နည်းလမ်းအသေးလေးတွေနဲ့ ဖန်တီးယူရတာမျိုးပါ။

(At an Organizational Level)

လုပ်ငန်းခွင်တွေအနေနဲ့လည်း အခြေအနေနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲဖို့ လိုအပ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ လူတွေဟာ အချိန်တိုင်းမှာ ရာနှုန်းပြည့် စွမ်းဆောင်ရည် (Full Capacity) မပြနိုင်ကြပါဘူး။

ဒါကြောင့်
-ဦးစားပေးအဆင့်ကို ရှင်းလင်းစွာ သတ်မှတ်ပါ။
-ဖြစ်နိုင်တဲ့နေရာတွေမှာ ပြောင်းလွယ်ပြင်လွယ် (Flexibility) ရှိပါစေ။
-လက်တွေ့ကျတဲ့ မျှော်လင့်ချက်တွေ ထားရှိပါ။
-ဝန်ထမ်းတွေ စိတ်ပိုင်းဆိုင်ရာ ပြန်လည်အားဖြည့်ဖို့ (Reset and Recover) အချိန်ပေးပါ။

ဒါဟာ စံနှုန်းတွေကို လျှော့ချလိုက်တာ မဟုတ်ပါဘူး။ ပန်းတိုင်ကိုသွားတဲ့ "လမ်းကြောင်း" ကို ပြုပြင်ပြောင်းလဲလိုက်တာပဲ ဖြစ်ပါတယ်။

ဒီလိုခေတ်ကာလမှာ (Resilience) ရဲ့ အဓိပ္ပာယ်သစ်ကိုလည်း ပြန်လည်သတ်မှတ်ဖို့လိုအပ်ပါတယ်။
ဒီလို အခြေအနေမျိုးမှာ ကြံ့ကြံ့ခံနိုင်ရည်ရှိခြင်းဆိုတာ ပိုပြီး အတင်းရုန်းကန် နေတာမျိုး မဟုတ်ပါဘူး။

"ရေရှည် တည်တံ့နေအောင် ထိန်းသိမ်းခြင်း" (Sustaining) လို့ ယူဆနိုင်ပါတယ်။
-စွမ်းအင် Energy ကို ထိန်းသိမ်းခြင်း။
-လူ့စွမ်းအားကို ထိန်းသိမ်းခြင်း။
-System တွေကို ဆက်လက်လည်ပတ်အောင် ထိန်းသိမ်းခြင်းတွေ ပါဝင်ပါတယ်။

လက်တွေ့ဘဝမှာ ဒီမတည်ငြိမ်မှုတွေဟာ ချက်ချင်း ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။
ဒါကြောင့် ရှေ့ဆက်ရမယ့်မျှော်လင့်ချက်တွေ ပျောက်မသွားစေဘဲ တဖြည်းဖြည်းချင်း "ရှေ့ဆက်နေဖို့" လိုပါတယ်။

#HonestHour #MentalWellbeing #Resilience ##WorkCulture #HumanCentric #SustainableProductivity #StabilityWithin
2👏1
သင်္ကြန်နှစ်သစ်ကူးကာလ ဖြစ်သည့် (၁၁.၄.၂၀၂၆) မှ (၁၉.၄.၂၀၂၆) အထိ Honest Hour ရဲ့ ဝန်ဆောင်မှုများ ခေတ္တနားထားမည်ဖြစ်ပြီး (၂၀.၄.၂၀၂၆) တွင်ဝန်ဆောင်မှုများ ပြန်လည်ပေးသွားမည်ဖြစ်ပါတယ်။

သင်္ကြန်အခါသမယအတွင်း မိမိကိုယ်ကိုယ် ဂရုစိုက်ရင်း အဓိပ္ပာယ်ရှိတဲ့ အချိန်လေးတွေ ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်..

#HonestHour #Thingyan_Holidays #Mental_Wellbeing
3
မြန်မာလူမျိုးတို့၏ အထိမ်းအမှတ်ပွဲတော်တစ်ခုဖြစ်တဲ့ နှစ်သစ်ကို ကြိုဆိုတဲ့ နှစ်သစ်ကူး သင်္ကြန်အချိန်အခါသမယတွင် ပြည်သူပြည်သားများအားလုံး စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာကာ ဘေးအန္တရာယ်အပေါင်း ကင်းရှင်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

#HonestHour
#Counsellingservices
#Wellbeing_services
4
💦မဟာသင်္ကြန် ပိတ်ရက်တွေမှာ…

စိတ်အေးအေးနဲ့
📺 Honest Hour ရဲ့ YouTube Channel မှာ
Mental Health အကြောင်းသိကောင်းစရာများ
Care givers တွေသိထားသင့်တဲ့အရာများ
Survivor True Story များ
Live workshop များ နဲ့ Mental Health Podcast series များ
စတဲ့mental wellbeing videos လေးတွေ ကြည့်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်လိုက်ပါနော် 🤍

👉Honest Hour YouTube Channel - https://www.youtube.com/@honesthourmm

#HonestHour #Counselling_services #mentalwellbeing #decemberpause #YouTube See less
2
လူတစ်ဦးတစ်ယောက်ရဲ့ သူ့ရဲ့အတွင်းစိတ်ထဲမှာ ဖြစ်နေတဲ့ အရာတွေဟာ
အပြင်ကလူတွေ မြင်နိုင်တဲ့ အရာတွေ မဟုတ်ပါဘူး။

မရှင်းလင်းတဲ့ စိုးရိမ်မှုတွေ၊
အကြောင်းမရှိပဲ တက်လာတဲ့ စိတ်ဖိအားတွေ၊
နားမလည်နိုင်တဲ့ စိတ်အတက်အကျတွေ…

အဲဒီလို အခက်အခဲတွေကို နားလည်ပြီး ကူညီဖြေရှင်းပေးဖို့ဆိုတာ
အတွေ့အကြုံ၊ အသိပညာနဲ့ လူသားတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း နားလည်နိုင်စွမ်းတွေ လိုအပ်ပါတယ်။

Dr. Soe Lwin ဟာ
MSc. Health and Clinical Psychological Sciences (Merit) ဘွဲ့ကို
Birkbeck, University of London မှ ရရှိထားသူဖြစ်ပြီး
စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု (MHPSS) နယ်ပယ်ထဲမှာ
၈ နှစ်ကျော် လုပ်ကိုင်လာခဲ့သူလည်း ဖြစ်ပါတယ်။

Honest Hour တွင်လည်း Therapist တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေပြီး Evidence-Based Therapy နည်းလမ်းများကို အသုံးပြုကာ Clients များကို ဆွေးနွေးပေးလျက်ရှိပါတယ်။

ဆရာ့ဆီကို လာရောက်ဆွေးနွေးကြသူများထဲမှာ
❗️Obsessive-Compulsive Disorder (OCD),
❗️Phobia,
❗️Depression,
❗️Trauma,
❗️Bipolar Disorder စတဲ့စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ခံစားနေရသူများ ပါဝင်ကြသလို
❗️Family Issues,
❗️Relationship Challenges,
❗️Parenting Difficulties တို့လို လူ့ဘဝအတွင်း ဆက်ဆံရေးနှင့် ပတ်သက်တဲ့ ပြဿနာများကိုလည်း ကိုင်တွယ်ဖြေရှင်းပေးလျက်ရှိပါတယ်။

Dr. Soe Lwin အတွက်Counselling ဆိုတာ အဖြေတွေကို ပြောပြပေးရုံ မဟုတ်ပါဘူး။

လူတစ်ယောက်ကို သူ့စိတ်အတွင်းမှာ ဖြစ်နေတဲ့ အရာတွေကို ပိုမိုနားလည်နိုင်အောင်
တဖြည်းဖြည်း ရှာဖွေသွားနိုင်မယ့် လမ်းတစ်လမ်းကို အတူလျှောက်သွားပေးခြင်း ဖြစ်ပါတယ်။

အခက်အခဲတွေ ကြားထဲမှာ
တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သိစေဖို့
နားလည်မှု၊ အသိပညာနဲ့ ကူညီလမ်းညွှန်ပေးနေတစ်ဦးလည်းဖြစ်ပါတယ်။

ဆရာ့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ပက်သက်တဲ့ ဗဟုသုတရဖွယ်အကြောင်းအရာတွေ၊ Therapy နဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို ပြောပြဆွေးနွေးထားတဲ့ Video လေးတွေကို ကြည့်ချင်တယ်ဆိုရင်တော့ Comment က Honest Hour ရဲ့ YouTube channel link လေးကတစ်ဆင့်ကြည့်ရှူ့လေ့လာနိုင်ပါတယ်ရှင့်။

Dr. Soe Lwin ကို Honest Hour application မှာ CP04 အနေနဲ့ တွေ့နိုင်မှာဖြစ်ပြီး ဆရာနဲ့ဆွေးနွေးမှုခံယူလိုပါက Application ကနေတစ်ဆင့် appointment booking ရယူနိုင်ပါတယ်ရှင်…

Honest Hour Application ကို ရယူနိုင်ရန်
Application Download link - For Android & IOS
https://bit.ly/3Z7yDbu

#Psychiatrist #HonestHour #Counselling #Wellbeing #psychology #mentalhealth
4
🌎ကမ္ဘာနဲ့ချီပြီး မတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ ကြုံနေရတာ၊ ကိုယ့်ပတ်ဝန်းကျင်က ဖိအားတွေကြောင့် စိတ်ဓာတ်ကျတာ၊ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။

ဒီလိုအချိန်မှာ "Resilience" (စိတ်ဓာတ်ကြံ့ခိုင်မှု) ကိုလေ့ကျင့်ပေးဖို့က အလိုအပ်ဆုံးပါပဲ။
ဒါဟာ ကိုယ့်မှာ ပြဿနာမရှိသလို အေးအေးဆေးဆေး ပုံစံ ဟန်ဆောင်တာမျိုးမဟုတ်ဘဲ၊ အပြင်လောကကြီး ဘယ်လောက်ပဲ ပရမ်းပတာဖြစ်နေပါစေ ကိုယ့်ရဲ့အတွင်းစိတ်ကို တည်ငြိမ်အောင် ထိန်းညှိတဲ့ နည်းလမ်းဖြစ်ပါတယ်။

နေ့စဉ်ဘဝမှာ လက်တွေ့ကျင့်သုံးလို့ရမယ့် စိတ်ဓာတ်ကြံ့ခိုင်မှု တည်ဆောက်နည်း (၉) ခု ကို ဝေမျှပေးချင်ပါတယ်။

၁။ လက်ရှိကာလ (Present Moment) မှာပဲ အာရုံစိုက်ပါ
ရှေ့ရေးအတွက်တွေးပြီး ကြောက်နေတာ၊ အတိတ်အတွက် နောင်တရနေတာတွေကို ကြိုးစာပြီး ရပ်တန့်လိုက်ပါ။
အသက်ကိုပြင်းပြင်းရှူပြီး ခြေထောက်က ကြမ်းပြင်နဲ့ ထိတွေ့နေတာကို အာရုံခံကြည့်ပါ။ ဒါဟာ စိတ်ကို လက်ရှိနေရာဆီ ပြန်ခေါ်လာပေးပါလိမ့်မယ်။

၂။ လက်ရှိအခြေအနေကို အရှိအတိုင်း လက်ခံပါ
"ငါ အဆင်ပြေပါတယ်" လို့ လိမ်မပြောပါနဲ့တော့။
"အခုက တကယ်ခက်ခဲတဲ့ အချိန်ပဲ၊ ငါပင်ပန်းမိတယ်" လို့ ကိုယ့်ရဲ့ခံစားချက်ကို အမှန်အတိုင်း အသိအမှတ်ပြုပေးပါ။
ပြီးရင် "ဒါပေမဲ့ ဒီနေ့ကို ဘယ်လို အပြုသဘောဆောင်စွာ ဖြတ်သန်းမလဲဆိုတာ ကိုယ်တိုင်ရွေးချယ်လို့ရသေးတယ်" ဆိုတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပြန်သတိရပေးပါ။

၃။ ကိုယ်ထိန်းချုပ်နိုင်တဲ့ အရာတွေကိုပဲ အာရုံစိုက်ပါ။
ကမ္ဘာကြီးကို ပြောင်းလဲဖို့ ခက်ပေမဲ့ သင့်ရဲ့ ကိုယ်ပိုင် action လေးတွေကနေ သင့်ကိုယ်သင်ပြောင်းလဲနိုင်ပါတယ်။
ဖုန်းခဏချထားပါ၊ ရေတစ်ခွက်သောက်ပါ ဒါမှမဟုတ် စားပွဲခုံလေးကို သန့်ရှင်းရေးလုပ်ပါ၊ သီချင်းနားထောင်ပါ၊ တရားထိုင်ပါ၊ ကျန်းမာတဲ့အစားအသောက်တွေစားပေးပါ။
သေးငယ်တဲ့ လုပ်ဆောင်ချက်တွေက သင့်ကို အားအင်ပြန်မွေးမြူပေးပါတယ်။

၄။ စိတ်ခံစားချက်ထက် ကိုယ်ပိုင်တန်ဖိုး (Values) ကို ဦးစားပေးပါ
စိတ်ခံစားချက်က တက်လိုက်ကျလိုက် ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ စိတ်တည်ငြိမ်တာ၊ သတ္တိရှိတာ၊ ကြင်နာတတ်တာ စတဲ့ သင့်ရဲ့ မူလတန်ဖိုးတွေကိုတော့ ခိုင်မြဲအောင် လေ့ကျင့်နိုင်ပါတယ်။
ဒီနေ့အတွက် တန်ဖိုးတစ်ခု (ဥပမာ - ကြင်နာမှု) ကို ရွေးချယ်ပြီး အဲဒါနဲ့အညီ နေထိုင်ပါ။

၅။ ကိုယ်ပိုင် လုပ်ထုံးလုပ်စဥ် အသေးလေးတွေ ဖန်တီးပါ။ (Micro-Rituals)
မနက်ခင်း ကော်ဖီသောက်တာ၊ လမ်းလျှောက်တာ ဒါမှမဟုတ် journaling ရေးတာမျိုး လုပ်ပါ။ ဒါဟာ "လောကကြီး ဘယ်လိုပဲ ဖြစ်နေပါစေ၊ ငါ့ဘဝကို ငါစီမံနေတုန်းပဲ" ဆိုတာ သတိရစေပါတယ်။

၆။ သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သတိရပါ
လူသားတွေဟာ သမိုင်းတစ်လျှောက် ခက်ခဲတဲ့ အပြောင်းအလဲတွေကို အတူတကွ ကျော်ဖြတ်ခဲ့ကြတာပါ။ ဒါကြောင့် ခံစားနေရတာတွေဟာ လူသားတိုင်း ကြုံတွေ့ရတတ်တဲ့ အရာဖြစ်ပြီး ဒီခရီးမှာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သတိရပါ။

၇။ ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ (Self-Compassion)
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာထက် "ငါဟာ စက်ရုပ်မဟုတ်ဘူး၊ လူသားတစ်ယောက်မို့ အားငယ်တာ၊ စိတ်ပင်ပန်းတာ သဘာဝပဲ" လို့ ပြောပေးပါ။ ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းကို အားပေးသလိုမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးပါ။

၈။ လူမှုပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံပါ
ကိုယ့်ကို စိတ်ခွန်အားပေးနိုင်မယ့်သူ၊ စိတ်တူကိုယ်တူ ရှိသူတွေနဲ့ စကားပြောပါ။ တခြားသူနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးရှိခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ကို ပိုမိုတည်ငြိမ်စေပါတယ်။

၉။ မျှော်လင့်ချက်ကို တည်ဆောက်ယူပါ
တခါတလေမှာ လူတွေက မျှော်လင့်ချက်ကို ကံကောင်းခြင်းတစ်ခုလို အဝေးမှာ လိုက်ရှာနေတတ်ကြပါတယ်။ တကယ်တော့ မျှော်လင့်ချက်ဆိုတာ အပြင်လောကမှာ ရှာဖွေရတဲ့အရာမဟုတ်ဘဲ ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာ နေ့စဉ်အသေးအဖွဲ လုပ်ဆောင်ချက်လေးတွေနဲ့ တည်ဆောက်ယူရတဲ့ "အလေ့အကျင့်" တစ်ခုသာ ဖြစ်ပါတယ်။

စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ တစ်ချိန်တည်းနဲ့ ရလာတာမျိုးမဟုတ်ဘဲ တစ်ခဏချင်း၊ တစ်နာရီချင်း၊ တစ်နေ့ချင်းစီ ပုံဖော်ယူရတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက်ကြင်နာပြီး ဒီခက်ခဲတဲ့ အချိန်တွေကို အတူတူ ကျော်ဖြတ်ကြရအောင်။

#HonestHour #CounsellingServices #Resilience #SelfCare #MentalHealthAwareness #StayStrong #Inspiration
3
Honest Hour (Mental Health Well-being)
Photo
“Stress Less, Live More” ဆိုတာ သာမန် workshop တစ်ခုထက်ပိုပါတယ်။ ဒီနေ့ခေတ်မှာ အလုပ်၊ တာဝန်ယူမှုတွေ၊ မပြတ်တောက်တဲ့ စိတ်ပင်ပန်းမှုတွေကြားထဲမှာ နေထိုင်ရင်း “အဆင်ပြေနေတယ်” လို့ ကိုယ်ကိုယ်ကို ပြောနေတတ်ကြပေမယ့် အတွင်းမှာတော့ မျက်မြင်မရတဲ့ stress တွေ စုနေတတ်ပါတယ်။

Stress က လုံးဝမရှိသင့်တဲ့အရာမဟုတ်ပါဘူး။ ဒါပေမယ့် မထိန်းနိုင်တဲ့အခါမှာတော့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေး၊ ဆက်ဆံရေးတွေနဲ့ နေ့စဉ်ဘဝရဲ့ အရည်အသွေးကို တဖြည်းဖြည်း သက်ရောက်လာတတ်ပါတယ်။ အဲ့ဒီလိုအခြေအနေတွေကြားထဲမှာ “နားလည်ပြီး ကိုင်တွယ်နိုင်တဲ့နည်း” ကို သိထားခြင်းက အရေးကြီးပါတယ်။

ဒီ workshop မှာတော့ stress ကို ဖယ်ရှားဖို့ မဟုတ်ပဲ—
stress နဲ့ ဘယ်လိုအတူနေမလဲ၊ ဘယ်လိုထိန်းချုပ်မလဲ၊ ကိုယ့်ကိုယ်ကို ဘယ်လိုပြန်ချိတ်ဆက်မလဲ ဆိုတာတွေကို လေ့လာနိုင်ပါမယ်။ ကိုယ့်ရဲ့ stress triggers တွေကို သိမြင်လာနိုင်ခြင်း၊ emotional awareness တိုးတက်လာခြင်းနဲ့ အတူ နေ့စဉ်ဘဝမှာ လက်တွေ့အသုံးချလို့ရမယ့် breathing techniques, grounding exercises နဲ့ mind reset practices တွေကိုပါဝင်တဲ့ Interactive Workshop ပုံစံမျိုးဖြစ်ပါတယ်။

တကယ်တော့ “busy ဖြစ်နေခြင်း” က “ကောင်းမွန်စွာနေထိုင်နေခြင်း” မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ပြန်နားထောင်ဖို့၊ ကိုယ့်စိတ်ကို ပြန်ထိန်းချုပ်ဖို့ အချိန်တစ်ခုပေးရတာကလည်း အရေးကြီးပါတယ်။

“Stress Less, Live More” က သင့်ဘဝကို အပြောင်းအလဲကြီးတစ်ခုလုပ်ဖို့မလိုပဲ—
တဖြည်းဖြည်း ပိုအေးချမ်းပြီး ပိုလွတ်လပ်တဲ့နေထိုင်မှုပုံစံတစ်ခုဆီကို လှမ်းသွားနိုင်ဖို့ အစတစ်ခုဖြစ်ပါတယ်။

သင်တစ်ယောက်တည်း မဟုတ်ပါဘူး။
ဒီခရီးကို အတူတူ သွားနိုင်ပါတယ်။
--------------------------------
Workshop Details
Instructor - Dr. Soe Lwin (Therapist)
Date: 25 April 2026 (Saturday)
Time: 7:00 PM – 8:00 PM (MMT)
Duration: 1 Hour
📌 Limited seats available
📩 Register now

Workshop လေးတက်ရောက်ချင်သူတွေအတွက် comment မှာ Join လို့ ချန်ထားခဲ့ပြီး Register လုပ်ပေးထားလို့ရပါတယ်။

#HonestHour #MentalHealth #workshop #free_workshop #stress #well_being
2
ကျွန်မတို့အားလုံးက တစ်ခုခုကို အမြဲတမ်း အသည်းအသန် လိုက်နေကြသလိုပဲနော်။ ပိုက်ဆံ၊ အောင်မြင်မှု၊ ဒါမှမဟုတ် သူများထက် သာဖို့... အမြဲတမ်း အပြေးပြိုင်နေရတာနဲ့တင် ငါတို့ရဲ့ 'အသက်ရှင်နေထိုင်ခြင်း' ဆိုတဲ့ အနှစ်သာရကို မေ့နေကြပြီလား?"

မရှုပ်ထွေးသင့်ပဲ ရှုပ်ထွေးနေတဲ့လူလောကကြီးမှာ လူတော်တော်များများက Slow Living ကိုတောင့်တကြတယ်။ Slow Living ဆိုတာကို လူအတော်များများက အလုပ်မရှိ အားယားနေတာ၊ ပျင်းတာလို့ ထင်ကြတယ်။ ဒါပေမဲ့ တကယ့် Slow Living ဆိုတာ လောကကြီးနဲ့ အဆက်အသွယ် ဖြတ်လိုက်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်နဲ့ ပြန်ပြီး အဆက်အသွယ် လုပ်တာပါ။"

ဒါဟာ အလုပ်တွေ အကုန်ပစ်ချပြီး တောထဲသွားနေဖို့ မလိုပါဘူး။ မနက်ခင်း ကော်ဖီဖျော်တဲ့အခါ ဖုန်းမကြည့်ဘဲ ကော်ဖီနံ့လေးကို ခံစားတာ၊ အပြင်သွားရင်လည်း ကောင်းကင်ကြီး ဘယ်လောက်လှလဲဆိုတာ ခဏလောက် ရပ်ကြည့်တာ... ဒါတွေအားလုံးက Slow Living ပါပဲ။ အဓိကက 'ရည်ရွယ်ချက်ရှိရှိ' အသက်ရှင်ဖို့ပါပဲ။ အလုပ်လုပ်တဲ့အခါ အာရုံစိုက်မယ်၊ နားတဲ့အခါမှာလည်း တကယ် စိတ်အေးလက်အေး နားမယ်။" ဒါဟာ Living with intention ပါ..

"ဒီနေ့တော့ ခဏလောက် အနားယူပြီး ကိုယ့်ကိုယ်ကိုယ် မေးကြည့်လိုက်ပါ... ငါ တကယ်ရော အသက်ရှင်နေရဲ့လား? ဒါမှမဟုတ် အပြေးပြိုင်နေရုံသက်သက်ပဲလား? Slow Living ဆိုတာ ပန်းတိုင်တစ်ခု မဟုတ်ဘူး၊ ခရီးစဉ်တစ်ခုပါ။ အတူတူ ဖြည်းဖြည်းချင်း လျှောက်ကြည့်ရအောင်။"

#HonestHour
8
Honest Hour မှာ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာရပ်တွေကို လုံခြုံစွာရင်ဖွင့်ဆွေးနွေးနိုင်ဖို့ ကျွမ်းကျင်ပညာရှင်တွေကို ထပ်မံအားဖြည့်ပေးထားပါတယ်။

Honest Hour မှာထပ်မံအားဖြည့်ထားတဲ့ ကျွမ်းကျင်ပညာရှင်ကတော့...

→C08 Lay Counsellor
→C32 Counsellor

ဆွေးနွေးနိုင်မည့် အကြောင်းအရာများ...
အောက်ပါ စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် စိန်ခေါ်မှုများ အပါအဝင် သင့်ဘဝ၏ အခက်အခဲများအားလုံးကို လုံခြုံစွာ၊ စိတ်ချစွာနဲ့ ရင်ဖွင့်ဆွေးနွေး အဖြေရှာနိုင်ပါတယ်။
• စိုးရိမ်ပူပန်မှုများ (Anxiety)
• စိတ်ဓာတ်ကျဆင်းခြင်း (Depression)
• စိတ်ကြွရောဂါ (Bipolar Disorder)
• စိတ်ထိခိုက်ဖူးသည့် အတိတ်ဖြစ်ရပ်များ (Trauma)
• အခြားသော စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုများ (Mental Disorders)
• အာရုံစူးစိုက်မှု ခက်ခဲခြင်း (ADHD)
• စိတ်စွဲလမ်း လွန်ကဲမှု စိတ်ဝေဒနာ (OCD - Obsessive-compulsive disorder)
• ဆက်ဆံရေးဆိုင်ရာအဆင်မပြမှုများ (Relationship Problem)

ဘဝရဲ့ စိန်ခေါ်မှုတွေကြားမှာ တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းဖို့ ခက်ခဲနေပါသလား? သင့်စိတ်ခံစားမှုတွေကို ရင်ဖွင့်ဖို့၊ နားလည်မှုနဲ့ အဖြေရှာမှုတွေ ရယူဖို့ Honest Hour က အသင့်ရှိနေပါတယ်။

သင့်ရဲ့ Well-being အတွက် Honest Hour Application မှာ Appointment ရယူ ဆွေးနွေးနိုင်ပါတယ်။

Honest Hour Application ရယူနိုင်ရန်
Application Download link - For Android & IOS
https://bit.ly/3Z7yDbu

#HonestHour #Counselling_services #MentalHealthMatters #Self_care #Professionals
ယနေ့ ၃၀.၄.၂၀၂၆ ဟာ ကဆုန်လပြည့်နေ့ ဗုဒ္ဓအခါတော် နေ့တစ်နေ့ဖြစ်ပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့အခါသမယတွင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစေပြီး
မေတ္တာတရားများ ဖြန့်ဝေနိုင်ကြပါစေ 🙏🌿

#HonestHour
4
ယနေ့ကျရောက်တဲ့ May Day – International Labour Day မှာ

ကမ္ဘာတစ်ဝှမ်းလုံးမှ အလုပ်သမားအားလုံးကို လေးစားဂုဏ်ပြုအပ်ပါသည်။ 🌍💪

သင့်ရဲ့ လက်တစ်စုံ၊ ချွေးတစ်စက်တိုင်းက
လူ့အဖွဲ့အစည်းအတွက်
အင်အားတစ်ခုဖြစ်ပါတယ်။

မည်သည့်အလုပ်မဆို တန်ဖိုးရှိပြီး ဂုဏ်ယူထိုက်ပါတယ်။

ကြိုးစားမှုတွေကနေ ပိုမိုတောက်ပတဲ့ အနာဂတ်တစ်ခုကို အတူတကွ ဖန်တီးနိုင်ကြပါစေ

💪🏼 Happy International Labour Day!

#HonestHour
4