Honest Hour (Mental Health Well-being)
3.37K subscribers
1.13K photos
90 videos
9 files
636 links
Honest Hour, where you can acquire the knowledge about Well-being, health care tips and to support your mental stability.

We will keep updating the activities and workshops of Honest Hour for you all.
Download Telegram
Honest Hour (Mental Health Well-being)
Photo
🌿 Thingyan Special Mental Decluttering Day - Vol 2 🌿

လူတိုင်းမှာ မမြင်ရတဲ့ စိတ်ဖိစီးမှုတွေ၊ ရှုပ်ထွေးနေတဲ့ အတွေးပေါင်းစုံ ရှိတတ်ကြတာပဲလေ။ ဒီတစ်ခါတော့... အဲ့ဒီအရှုပ်အထွေးတွေကို ခဏဘေးဖယ်ထားပြီး စိတ်လုံခြုံရတဲ့ ရပ်ဝန်းလေးမှာ ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့ ဒီ Event လေးက သင့်အတွက် "Reset Button" တစ်ခု ဖြစ်လာမှာပါ။

🗓 Activities Highlights:

1. စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ Wellbeing ကို စောင့်ရှောက်နိုင်မယ့် အသိပညာပေးလမ်းပြမှု sessionတွေမှာ ပါဝင်ကြမယ်
2. Mindful Meditation နဲ့စိတ်တည်ငြိမ်မှု ရှာဖွေကြမယ်
2. Journaling လုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ကြမယ်
3. Body Stretching နဲ့ခန္ဓာကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ကြမယ်
4. "မုန့်လုံးရေပေါ်" အတူလုပ်ရင်း ပျော်ရွှင်စရာအချိန်လေးတွေဖန်တီးကြမယ်နော်…

✅ ဗဟုသုတရမယ့် Workshop တွေအပြင်
✅လက်တွေ့ပါဝင်ဆောင်ရွက်ရမယ့် Activities တွေကြောင့် ပျင်းဖို့မကောင်းဘဲ အနှစ်သာရရှိတဲ့ နေ့တစ်နေ့ ဖြစ်မှာမို့လို့ပါ။
✅ဒီလို စိတ်ထွက်ပေါက်ဖြစ်စေမယ့် Activities တွေနဲ့အတူ Booth တွေမှာလည်း လျှောက်ပတ်ကြည့်ရင်း ဒီ Weekend လေးကို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းကြရအောင်…

✨အစီအစဉ်အသေးစိတ်✨
📅 နေ့ရက် - 5th April 2026 (Sunday)
💰 ဝင်ကြေး - ၂၀,၀၀၀ ကျပ်
🕰အချိန် - 1:00 PM to 4:00 PM

‼️Honest Hour ရဲ့ မည်သည့် service မဆိုရယူဖူးတဲ့ clients တိုင်းအတွက် ဝင်ကြေး - ၁၀,၀၀၀ ကျပ် နဲ့ပါဝင်နိုင်မယ့် အခွင့်အရေးလေးလည်း ရှိပါတယ်။

📌 နေရာ - The Moon Gallery Café and Bistro (Poppa Room), 2nd Floor, Regency Office (CB Bank အပေါ်ထပ်)၊ ပြည်လမ်း၊ ကမာရွတ် မြို့နယ်။

လူဦးရေအကန့်အသတ်ရှိတာကြောင့် အမြန်ဆုံး စာရင်းပေးသွင်းထားလိုက်တော့နော်...

🔗Registration Link - https://forms.gle/7NtTupfnq9MVgnmr7

စိတ်ဖိစီးမှုတွေကို ချန်ထားခဲ့ပြီး အေးချမ်းတဲ့ ခံစားချက်ကိုပဲ ယူဆောင်သွားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

#HonestHour #Thingyan #Mental_Decluttering #mental_health
❤3
၂၀၂၆ ခုနှစ်ရဲ့ နေ့စဉ်ဖြတ်သန်းမှုတွေကြားမှာ ပင်ပန်းနွမ်းနယ်နေတဲ့ သင့်ရဲ့ စိတ်နဲ့ခန္ဓာကို ပြန်လည်နိုးထစေဖို့ PARKROYAL Nay Pyi Taw Hotel နဲ့ Honest Hour တို့ ပူးပေါင်းစီစဉ်လိုက်တဲ့ " Holistic Harmony Retreat" အစီအစဉ်သစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။

သင်္ကြန်ကာလလေးမှာပြုလုပ်မယ့် ဒီ Retreat လေးဟာ လျင်မြန်လွန်းတဲ့ လူနေမှုပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုနဲ့ လူမှုပင်ပန်းမှုတွေကို ဖြေဖျောက်ပေးပြီး ၊ သင့်ရဲ့ Mind (စိတ်)၊ Body (ခန္ဓာ) နဲ့ Lifestyle (နေထိုင်မှုပုံစံ) တို့ကြားမှာ ရေရှည်တည်တံ့တဲ့ ဟန်ချက်ညီမှုတစ်ခုကို ပြန်လည်တည်ဆောက်ပေးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

🌿 Holistic Harmony Retreat (3 Days 2 Nights)
Day 1: ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေခြင်း
✨Orientation & Intention Setting
✨Art Therapy ကတစ်ဆင့် စိတ်ခံစားချက်တွေကို ပုံဖော်ကုစားခြင်း။
✨Tea Meditation နဲ့အတူ စိတ်ကို soothing ဖြစ်စေပြီး ငြိမ်းချမ်းမှုရှာဖွေခြင်း။
✨ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝခရီးလမ်းကို Life Journey Reflection နဲ့ပြန်လည်သုံးသပ်ပြီး ခွန်အားသစ်ယူခြင်း။

Day 2: ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို နိုးထစေခြင်း
✨နံနက်ခင်းမှာ Mindful Stretching & Breathwork နဲ့ ခန္ဓာကိုယ်ကို လန်းဆန်းစေခြင်း။
✨Walk with Nature: လမ်းလျှောက်ရင်း စိတ်ကြည်လင်အေးချမ်းမှု ရယူခြင်း။
✨Stress Relief Dance နဲ့အတူ လွတ်လပ်စွာလှုပ်ရှားရင်း စိတ်ဖိစီးမှုများ စွန့်ထုတ်ခြင်း။
✨ကျေးဇူးတင်ထိုက်တာတွေကို Gratitude Circle လေးမှာမျှဝေရင်း စိတ်ခွန်အားဖြည့်တင်းကြပါမယ်။

Day 3: နောက်ဆုံးပြန်မယ့်မနက်ခင်းလေးကို
✨Breathwork & Meditation ပြုလုပ်ကာ တည်ငြိမ်အေးချမ်းတဲ့ စိတ်နဲ့အတူ ဒီ Holistic Harmony Retreat လေးကို အနှစ်သာရရှိရှိ အဆုံးသတ်ကြပါမယ်

🌿 3 Days 2 Nights Retreat Program (Full Package)
ဧပြီလ (၁၆) ရက်မှ (၁၈) ရက်၊ ၂၀၂၆ အထိ

ပါဝင်မည့် ဝန်ဆောင်မှုများ:
✅ Deluxe Room တွင် (၂) ညတာ တည်းခိုခွင့် (Sharing with another guest)။
✅ ကျန်းမာရေးနှင့်ညီညွတ်သော နံနက်စာ (၂) ကြိမ်၊ နေ့လည်စာ (၂) ကြိမ် နှင့် ညစာ (၂) ကြိမ်။
✅ Tea Break (၂) ကြိမ်။
✅ Experienced Instructor ကိုယ်တိုင်ဦးဆောင်မယ့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ Activities များ။

Pricing
Standard Rate: MMK 860,000 net per person
Early Bird Rate: MMK 810,000 net per person

🚶 Retreat Program (Walk-In)
တည်းခိုခွင့်မပါဝင်ဘဲ Activities များတွင် ပါဝင်လိုသူများအတွက်:

ပါဝင်မည့် ဝန်ဆောင်မှုများ:
✅ ကျန်းမာရေးနှင့်ညီညွတ်သော နံနက်စာ (၁) ကြိမ်၊ နေ့လည်စာ (၂) ကြိမ် နှင့် ညစာ (၂) ကြိမ်။
✅ Tea Break (၂) ကြိမ်။
✅ Retreat Program တစ်ခုလုံးရှိ Activities များတွင် ပါဝင်ခွင့်။

Pricing:
Walk-In Rate: MMK 600,000 net per person
Holistic Harmony Retreat အစီစဉ်လေးမှာပါဝင်ဖို့ ကြိုတင် Booking ပြုလုပ်လိုပါက အောက်ပါဖုန်းနံပါတ်နှင့် အီးမေးလ်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

📞 09 448 5405 68, 09 428 125 054 (PARKROYAL Nay Pyi Taw Hotel)
📞 09 967077901, 09 79 282 4522 (Honest Hour)
📧 salesmgr.prnyt@parkroyalhotels.com (PARKROYAL Nay Pyi Taw Hotel)
📧 yukninemoe@honesthourmm.com, info@honesthourmm.com (Honest Hour)

#PARKROYALNayPyiTaw #HonestHour #Retreat #Holistic_Retreat #Balancing #mental_health #nature #Travel
💪🏼လူသားတွေက ထင်ထားတာထက်ပိုပြီး သန်မာကြပါတယ်တဲ့…

ဘဝဆိုတာ တစ်ခါတလေမှာ မမျှော်လင့်ထားတဲ့ အန္တရာယ်ရှိတဲ့ အခြေအနေတွေ စိန်ခေါ်မှုတွေကို ရုတ်တရက် ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ခက်ခဲတဲ့ အချိန်တိုင်းမှာပဲ လူသားတွေရဲ့ "ကြံ့ခိုင်မှု (Resilience)" ဆိုတာ ဘယ်လောက်တောင် အားကောင်းကြောင်း ပြန်ပြီးတွေ့ရှိရတတ်ပါတယ်။

လူသားတွေဟာ ထင်ထားတာထက်ပိုပြီး သန်မာကြပါတယ်။ တစ်ယောက်တည်းမဟုတ်ဘဲ အတူတကွ လက်တွဲရင်ဆိုင်ကြတဲ့အခါ၊ တစ်ယောက်ကိုတစ်ယောက် ဖေးမကြတဲ့အခါမှာ ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ စွမ်းအားတွေ ရှိနေတတ်ကြပါတယ်။ ဒီလို စွမ်းအင်တွေပေးဖို့ Honest Hour က ဖေးမတဲ့လက်တစ်စုံအနေနဲ့ အတူရှိနေမှာပါ။

ခန့်မှန်းမရတဲ့ အရေးပေါ်အခြေအနေတွေကြုံလာတဲ့အခါ စိတ်တည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ နည်းလမ်း (၅) ခု ကိုမျှဝေပေးလိုက်ပါတယ်။
မထင်မှတ်ထားတဲ့ အခြေအနေတွေကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတဲ့အခါ သင့်စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

🧘🏻‍♀️အသက်ရှူခြင်းကို အာရုံစိုက်ပါ (Mindful Breathing)
ရင်ဘတ်ထဲမှာ တင်းကျပ်လာတယ်လို့ ခံစားရရင် မျက်လုံးလေးမှိတ်ပြီး နှာခေါင်းကနေ ဖြည်းဖြည်းချင်း လေကို ဝဝရှူသွင်းပါ။ ခဏအောင့်ထားပြီးမှ ပါးစပ်ကနေ လေကို ဖြည်းဖြည်းချင်း ပြန်ထုတ်ပါ။ ဒါဟာ သင့်ခန္ဓာကိုယ်ရဲ့ Stress ကို ချက်ချင်း လျှော့ချပေးနိုင်ပါတယ်။

🌿 ၅-၄-၃-၂-၁ နည်းလမ်းကို သုံးပါ (Grounding Technique)
လွင့်မျောပြီး ပူပန်နေတဲ့စိတ်ကို လက်ရှိပစ္စုပ္ပန်ဆီ ပြန်ခေါ်လာဖို့အတွက်
မြင်နေရတဲ့ အရာ ၅ ခုကို ရှာကြည့်ပါ။
ထိတွေ့လို့ရတဲ့ အရာ ၄ ခုကို ကိုင်ကြည့်ပါ။
ကြားနေရတဲ့ အသံ ၃ မျိုးကို နားထောင်ပါ။
ရနေတဲ့ အနံ့ ၂ မျိုးကို ခံစားပါ။
မြည်းစမ်းလို့ရတဲ့ အရသာ ၁ မျိုးကို စဉ်းစားပါ။

✔️လက်ရှိလုပ်ဆောင်နိုင်တာကိုပဲ အာရုံစိုက်ပါ (Focus on What You Can Control)
အခြေအနေအားလုံးကို မထိန်းချုပ်နိုင်ပေမဲ့ ကိုယ့်ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ကိုယ့်ရဲ့ တုံ့ပြန်မှုကိုတော့ ထိန်းချုပ်နိုင်ပါတယ်။ "အခုလောလောဆယ် ငါဘာလုပ်နိုင်လဲ" ဆိုတာကိုပဲ အာရုံစိုက်ပါ။

📵သတင်းအချက်အလက်ကို အကန့်အသတ်နဲ့ ရယူပါ (Limit Media Exposure)
စိုးရိမ်စိတ်ကို ပိုတိုးစေမယ့် သတင်းတွေ၊ ရုပ်ပုံတွေကို ရှောင်ကြဉ်ပါ။ စိတ်တည်ငြိမ်သွားတဲ့အထိ ဖုန်းကို ခေတ္တချထားပြီး ကိုယ့်ကိုယ်ကိုယ် အနားပေးပါ။

✨အဆက်အသွယ်မပြတ်ပါစေနဲ့ (Stay Connected)
တစ်ယောက်တည်း ကြိတ်မခံစားပါနဲ့။ မိသားစု၊ သူငယ်ချင်း ဒါမှမဟုတ် ယုံကြည်ရသူတစ်ဦးဦးကို ဖုန်းဆက်စကားပြောတာ၊ စာပို့တာမျိုး လုပ်ပါ။ တစ်ဦးနဲ့တစ်ဦး အားပေးစကားပြောခြင်းက အထိရောက်ဆုံး ကုထုံးတစ်ခုပါပဲ။

Honest Hour Chat Function မှာလည်း Emotional Supporter တွေနဲ့ ည(7) နာရီကနေ (၁၁) နာရီအတွင်း မိနစ် (၃၀) အခမဲ့ ရင်ဖွင့်ဆွေးနွေးနိုင်ပါတယ်။
Honest Hour Chat Function ကို အသုံးပြုဖို့ comment မှာ Honest Hour Application ကို download ရယူနိုင်ပါတယ်ရှင်။

ခက်ခဲတဲ့အခြေအနေတွေကို ကျော်ဖြတ်ခဲ့ပြီး ရှင်သန်ရပ်တည်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း appreciate လုပ်ပေးပါ။ ဒီနေ့ ဒီအချိန်ခါမှာ ခွန်အားသစ်တွေ ပြန်လည်မွေးဖွားရင်း ရှေ့ဆက်ကြရအောင်နော်။

#HonestHour #HumanResilience #StrongerTogether #MentalHealthMyanmar #CommunitySupport
ဘဝထဲမှာ “အပြောင်းအလဲတစ်ခု” စတင်ဖို့ ဆိုရင် ဒါကို အစပျိုးပေးတဲ့ အခိုက်အတန့်တစ်ခု လိုအပ်တတ်ပါတယ်။

အဲ့ဒီအခိုက်အတန့်က တခါတလေ စကားတစ်ခွန်း၊
တခါတလေ ကိုယ့်ကိုအတွင်းကျကျနားလည်ပြီး နားထောင်ပေးနိုင်တဲ့ လူတစ်ယောက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Counselling နဲ့ Coaching နှစ်ခုလုံးမှာ အတွေ့အကြုံများစွာရှိတဲ့ Lilly ဟာ

Relationship ပြဿနာတွေ၊ Trauma အတွေ့အကြုံတွေ၊ Depression၊ Anxiety နဲ့ Obsessive-Compulsive Disorder (OCD) တို့လို စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို

ရင်ဆိုင်နေရတဲ့ လူအများအပြားရဲ့ အခက်အခဲ ပြဿနာတွေကို root cause ကနေပြီး ကာယကံရှင်ကိုယ်တိုင် ပြောင်းလဲမှုကို ဖော်ဆောင်နိုင်အောင် ကူညီပေးလျှက်ရှိပါတယ်။

Lilly ဟာ အကြံပေးရုံတင်မဟုတ်ပါဘူး။
လူတစ်ယောက်ကို သူ့ဘဝထဲက အဓိပ္ပါယ်တွေ ပြန်ရှာဖွေနိုင်အောင်
လမ်းပြပေးသူတစ်ယောက်ဖြစ်ပါတယ်။

Counsellor အနေနဲ့ လူတွေကို နားထောင်ပေးသလို
Coach တစ်ယောက်အနေနဲ့လည်း
Life Coaching နဲ့ Career Coaching များကို ပြုလုပ်ပေးကာ
ကိုယ့်ဘဝရဲ့ ရည်မှန်းချက်တွေကို ပြန်လည်ရှာဖွေလိုသူတွေကို
အဆင့်သစ်တစ်ခုဆီ လှမ်းတက်နိုင်အောင် ကူညီပေးနေပါတယ်။

Lilly ရဲ့ Clients တွေကိုကူညီပေးနေတဲ့ Transformation Journey ဟာ
ပညာရပ်တစ်ခုတည်းနဲ့ မတည်ဆောက်ထားပါဘူး။

သူမရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ၊
လူတွေကို အမှန်တကယ်ကူညီချင်တဲ့ Passion,
နှစ်ပေါင်းများစွာ လေ့လာသင်ယူထားတဲ့ ကျွမ်းကျင်မှုတွေကို
ပေါင်းစပ်ထားတဲ့ ခရီးတစ်ခုပဲ ဖြစ်ပါတယ်။

ဒီပေါင်းစပ်မှုကြောင့်ပဲ Clients များစွာဟာ မိမိတို့ဘဝကို ပြန်လည်သုံးသပ်နိုင်ခဲ့ကြပြီး အခက်အခဲတွေထဲကနေ ပြောင်းလဲမှုလမ်းပေါ်ကို တဖြည်းဖြည်း လျှောက်လှမ်းနိုင်ခဲ့ကြပါတယ်။

Lilly ယုံကြည်တဲ့ အရာတစ်ခုရှိပါတယ်—
“လူတစ်ယောက်က
ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့
တကယ် အဆင်သင့်ဖြစ်နေတဲ့ စိတ်တစ်ခုသာ ရှိမယ်ဆိုရင်
ဘယ်လို အခြေအနေကနေမဆို
အသစ်တစ်ခု စတင်နိုင်တယ်” ဆိုတာပါ။

ဒါကြောင့်
သူမဆီကို ယုံကြည်ပြီး လာရောက်ဆွေးနွေးတဲ့ လူတစ်ယောက်အတွက်
သူမပေးနိုင်တာက အဖြေတစ်ခုတည်း မဟုတ်ပါဘူး။

ကာယကံရှင် ကိုယ်တိုင် မိမိဘဝရဲ့ အဖြေကို ရှာတွေ့နိုင်အောင်
လမ်းလေးတစ်ခု ဖွင့်ပေးခြင်းပါ။

အဲ့ဒီလမ်းပေါ်မှာ Lilly ဟာ
နားထောင်ပေးမယ့်သူ၊
အားပေးမယ့်သူ
လမ်းညွှန်ပေးမယ့်သူအဖြစ်
လက်တွဲလျက်ရှိနေပါတယ်။ 🌿

Lilly နဲ့ပြောင်းလဲမှု ခရီးစဉ်တစ်ခုကို အတူတူလျှောက်လှမ်းခဲ့ဖူးသူတွေအနေနဲ့ ကိုယ့်ရဲ့ ပြောင်းလဲမှုအတွေ့အကြုံများကို Honest ဖြစ်ဖြစ်နဲ့ မျှဝေပေးခဲ့လို့ရပါတယ်ရှင်။

Lilly ကို Honest Hour application မှာ CP02 အနေနဲ့ တွေ့နိုင်မှာဖြစ်ပြီး ဆွေးနွေးမှုရယူလိုပါက Application ကနေတစ်ဆင့် appointment booking ရယူနိုင်ပါတယ်ရှင်…

Application Download link - For Android & IOS
https://bit.ly/3Z7yDbu

#HonestHour #Counselling #Wellbeing #psychology #mentalhealth
Honest Hour (Mental Health Well-being)
Photo
🌿 နှစ်သစ်မှာ စိတ်အညစ်အကြေးတွေ ဆေးကြောပြီး စိတ်ခွန်အားသစ်တွေ မွေးမြူနိုင်ဖို့ နှစ်သစ်ကူး Thingyan Promotion

သင်္ကြန်ရေပက်ဖျန်းတာဟာ အညစ်အကြေးတွေကို ဆေးကြောသန့်စင်တာတင်မကဘဲ စိတ်သစ်၊ လူသစ် ဖြစ်စေဖို့လည်း ရည်ရွယ်ပါတယ်။

ဒီနှစ်သစ်မှာ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် စိတ်ထဲမှာ စုပုံနေတဲ့ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဒဏ်ရာတွေကိုလည်း သန့်ရှင်းအောင် ပြန်လည်စတင်နိုင်တဲ့ အချိန်တစ်ခုပါ။

ဒီနှစ်သစ်မှာ…
💙 စိတ်ကို reset လုပ်ကြမယ်
💚 ကိုယ့်ကိုယ်ကို ပြန်နားထောင်ကြမယ်
🌿 ပိုပြီးကျန်းမာတဲ့ mental state နဲ့ အသစ်စတင်ကြမယ်။

‼️Thingyan Promotion Details
🌊 (ဧပြီလ ၁ ရက်နေ့မှ ၅ရက်နေ့ အထိ)

🔺Mental Counselling Sessions Promotion
15% discount (Package Session)

🔺Thingyan Special Classes Promotion
🌿 COP Level 3 Class
Original: 250,000 MMK
Early Bird: 190,000
🎉 Thingyan Price: 150,000 (40% OFF)
Class Details: https://www.facebook.com/share/p/1B97bmBoRL/

🌿 Relationship Reboot
Level 1 / 2 / 3
Original : 240,000 MMK
🎉 Special Price: 190,000 MMK

🌿 Elderly Class
Original: 250,000
Early Bird: 200,000
🎉 Thingyan Price: 150,000 (40% OFF)
Class Details: https://www.facebook.com/share/p/1B8HZwWKLY/

Counselling Session များကို appointment ရယူလို၍ဖြစ်စေ၊ အတန်းများအပ်နှံလို၍ဖြစ်စေ Message Box ကနေ ဖြစ်စေ၊ ဖုန်းကိုဖြစ်စေ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါပြီ။

#HonestHour #Thingyan2026 #MyanmarNewYear #MentalWellnessMM #MindCareMatters #EmotionalWellbeing #InnerPeace