Honest Hour (Mental Health Well-being)
3.42K subscribers
1.1K photos
90 videos
9 files
624 links
Honest Hour, where you can acquire the knowledge about Well-being, health care tips and to support your mental stability.

We will keep updating the activities and workshops of Honest Hour for you all.
Download Telegram
🌟 ကိုယ့်ကိုယ်ကိုယ်ရော ပတ်ဝန်းကျင်ကိုပါ ပိုမိုနားလည်နိုင်ဖို့ "Certificate of Counselling Psychology Level (3) - Mental Health & Abnormal Psychology" သင်တန်း 🌟

လူတစ်ယောက်ရဲ့ အပြုအမူတွေ၊ စိတ်ခံစားချက်တွေနောက်ကွယ်မှာ ဘယ်လိုအကြောင်းရင်းတွေ ရှိနေမလဲ? "ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေ" ဆိုတာ ဘယ်လိုမျိုးလဲ?

စိတ်ပညာကို စနစ်တကျလေ့လာချင်သူတွေနဲ့ စိတ်ကျန်းမာရေးနယ်ပယ်ထဲ ခြေလှမ်းစချင်သူတွေအတွက် Honest Hour ကနေ အထူးစီစဉ်ထားတဲ့ ဆရာမကြီး ဒေါ်မြမြဆွေ (စိတ်ပညာ) ရဲ့သင်တန်းတစ်ခု ရှိနေပါပြီ။

📚 ဒီသင်တန်းမှာ ဘာတွေသင်ကြားရမလဲ (Course Outline)
Unit (၁) ကနေ (၁၀) အထိ စနစ်တကျ ရေးဆွဲထားတဲ့ ဘာသာရပ်တွေကတော့ -
✅ Mental Health & Mental Illness အခြေခံသဘောတရားများ
✅ Fields of Counseling & Abnormal Psychology
✅ Anxiety, Mood & Personality Disorders (စိုးရိမ်စိတ်၊ စိတ်အပြောင်းအလဲနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြဿနာများ)
✅ Schizophrenia & Delusional Disorders
✅ Treatment & Psychotherapy (စိတ်ကုထုံးဆိုင်ရာ နည်းလမ်းများ)

✨ ဒီသင်တန်းကို တက်ရောက်ခြင်းဖြင့် ဘာတွေရရှိမလဲ?
1️⃣ စိတ်ကျန်းမာသူနဲ့ စိတ်ရောဂါခံစားနေရသူတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ကွာခြားချက်တွေကို သေချာနားလည်လာမယ်။
2️⃣ လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ လွဲချော်နေတဲ့ အပြုအမူတွေကို ခွဲခြားတတ်လာမယ်။
3️⃣ အပျော့စားနဲ့ အပြင်းစား စိတ်ရောဂါတွေရဲ့ သဘောသဘာဝ၊ လက္ခဏာနဲ့ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို သိရှိလာမယ်။
4️⃣ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးသူ (Counselor) တစ်ယောက် ဖြစ်လာဖို့အတွက် သိထားရမယ့် အခြေခံအုတ်မြစ်တွေကို ပိုင်နိုင်သွားမယ်။

💡 ဒီအတန်းကို...
• စိတ်ပညာကို အခြေခံကစပြီး စနစ်တကျ လေ့လာချင်သူများ
• Counselor တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုသူများ
• မိမိပတ်ဝန်းကျင်ရှိ လူငယ်နှင့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာကို နားလည်ပေးချင်သူများ
• စိတ်ကျန်းမာရေး အသိပညာ ဗဟုသုတ ကြွယ်ဝလိုသူများ တက်ရောက်သင့်တဲ့အတန်းမျိုးဖြစ်ပါတယ်။

Class Details
Date: June 20th ,21st , 27th , 28th | July 4th ,5th , 11th , 12th 2026
(Every Saturday & Sunday)
Duration: 4 Weeks (Total 8 Days)
Time: 7:00 PM to 8:30 PM
Original Price : 250,000 MMK
Early Bird Discount : 190,000 MMK (limited offer)

Counselling Psychology level 3 ကို Honest Hour ရဲ့ Counselling Specialist တစ်ဦးဖြစ်တဲ့ ဆရာမကြီး ဒေါ်မြမြဆွေ (စိတ်ပညာ) မှ ဦးဆောင်သင်ကြားပေးမှာ ဖြစ်ပါတယ်။
Counselling Psychology Level 1, 2 ပြီးထားတဲ့ ကျောင်းသားဟောင်းတွေလည်း တတ်လို့ရပါတယ််ရှင်။

ဆရာမကြီးကတော့ စိတ်ပညာဆိုင်ရာ စာအုပ်ပေါင်းများစွာကို ရေးသားထားတဲ့အပြင် လက်ရှိ Honest Hour မှာ Applied Psychology, Child Psychology အတန်းတွေကို သင်ကြားပေးလျက်ရှိပါတယ်။

တက်ရောက်လိုသူများအတွက် Chatbox ကနေတစ်ဆင့်ဖြစ်စေ၊ 09792824522 ကိုဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

#HonestHour
#Counsellingservices
#EmotionalSupport
#Psychiatrist #Self_awareness
#selfcare
ယနေ့ခေတ်မှာ ADHD (Attention Deficit Hyperactivity Disorder) ဆိုတာကို လူတော်တော်များများ မစိမ်းသက်နေကြပေမယ့် အမှန်တကယ်သိရှိနားလည်တာမျိုးတော့ မဟုတ်သေးပါဘူး။

တချို့သူတွေမှာ
• အာရုံမစိုက်နိုင်ခြင်း
• အလုပ်တွေ စတင်ပြီး ပြီးမြောက်အောင်မလုပ်နိုင်ခြင်း
• စိတ်အလျင်လိုခြင်း
• အချိန်စီမံခန့်ခွဲမှု အခက်အခဲရှိခြင်းတွေ ကြုံနေရတာဟာ ADHD နဲ့ဆက်စပ်နိုင်တဲ့ လက္ခဏာများ ဖြစ်နေနိုင်ပါတယ်။
•
ဒါကြောင့် Honest Hour မှ
ADHD အကြောင်းကို သိရှိနားလည်နိုင်ဖို့ Dr. Khine Myint Thu (P02) ဦးဆောင်မယ့် ADHD Awareness & Education Free Workshop လေးကို စီစဉ်ထားပါတယ်။

Topic: ADHD Awareness & Education
Speaker : Dr. Khaing Myint Thu (P02)
Date: 22 March 2026 (Sunday)
Time: 7:00 PM – 8:00 PM
Platform: Zoom (online)

✨ ဒီ Workshop မှာ ဘာတွေသိရမလဲ?
• ADHD ဆိုတာဘာလဲ?
• ADHD ရဲ့ အဓိက လက္ခဏာတွေ
• ADHD ဖြစ်တဲ့ အကြောင်းအရင်းတွေ
• ADHD နဲ့ ပတ်သက်ပြီး မမှန်ကန်တဲ့ အယူအဆတွေ
• ADHD ရှိသူတွေကို ဘယ်လို ပံ့ပိုးကူညီနိုင်မလဲ?

💡 ဘာကြောင့် တက်ရောက်သင့်လဲ?
• ADHD အကြောင်းကို အခြေခံနဲ့ နားလည်နိုင်မယ်
• ကိုယ့်ကိုယ်တိုင် သို့မဟုတ် မိသားစုဝင်တွေမှာ ရှိနိုင်တဲ့ လက္ခဏာတွေကို သိနိုင်မယ်
• ADHD ရှိသူတွေကို ပိုပြီး နားလည်ကူညီနိုင်မယ်
• စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ မမှန်ကန်တဲ့ အယူအဆတွေကို ဖြေရှင်းနိုင်မယ်
ADHD အကြောင်းကို ပိုမိုနားလည်ချင်ပြီး Mental Health ကို စိတ်ဝင်စားတဲ့ မည်သူမဆိုတတ်ရောက်နိုင်ပါတယ်။

Workshop လေးတတ်ရောက်လိုပါက Join လို့ comment မှာ ချန်ထားခဲ့ပါအုံးနော်...

#HonestHour #Counsellingservices #ADHD #MentalHealthAwareness #Education #FreeWorkshop #ADHDMyanmar
❤3
Dr. Thinnie ရဲ့ “Retrain Your Brain (Cognitive Behavioral Therapy – CBT)” Class မှ Feedback လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီသင်တန်းလေးကတော့ Cognitive Behavioral Therapy - CBT နည်းလမ်းတွေကို အသုံးချပြီး ကိုယ့်ရဲ့ စဉ်းစားပုံ၊ ခံစားပုံ၊ ပြုမူပုံတွေကို ပြောင်းလဲ တည်ဆောက်ဖို့ အထောက်အကူပြုပေးတဲ့ အတန်းလေးဖြစ်ပါတယ်။

ဒီအတန်းလေးကနေ ကိုယ့်အတွေးတွေကို ပိုပြီး သတိထားလာနိုင်တယ်၊
စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှု၊ ဖိစီးမှုတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းတတ်လာစေပါတယ်။

CBT နည်းလမ်းတွေကို ပိုပြီး လက်တွေ့ကျကျ practice လုပ်နိုင်ဖို့
Retrain Your Brain Class ရဲ့နောက်ဆက်တွဲ workshop လေးကို ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

🧠 Practical Tools to Retrain Your Brain
A 2-Hour Experiential One-Day Workshop
ဒီ workshop မှာတော့ theory ထက်ပိုပြီး လက်တွေ့လေ့ကျင့်ရမယ့် practices တွေကို အဓိကထား လေ့လာနိုင်မှာဖြစ်ပါတယ်။

ဘာတွေကို အဓိကထားလေ့ကျင့်သွားမှာလဲ?
• Deep breathing for relaxation
• Progressive muscle relaxation
• Guided visualization
• Mindfulness techniques
• Body scan practice
• Simple tools for managing Stress / thoughts / emotions

CBT ကို နားလည်ရုံတင်မဟုတ်ဘဲ လက်တွေ့အသုံးချနိုင်အောင် ကူညီပေးမယ့်
experiential workshop လေးဖြစ်ပါတယ်။

📩 Workshop အကြောင်းစိတ်ဝင်စားပါက Honest Hour Facebook Chat Box မှာဖြစ်စေ၊ 09 792824522 ကိုဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

#HonestHour
#RetrainYourBrain
#CBT
#MentalWellbeing
#Mindfulness
#PracticalToolsForMind
❤4
တစ်ခါတစ်ရံ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲပေးနိုင်တာက စကားလုံးကြီးကြီးမားမားတွေ မဟုတ်ပါဘူး။

“နားထောင်ပေးနိုင်တဲ့ လူတစ်ယောက်” တစ်ယောက်ပဲ လိုအပ်တတ်ပါတယ်။

အဲဒီလို နားထောင်ပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်သူကတော့
ဆရာမကြီး ဒေါ်မြမြဆွေ (စိတ်ပညာ) ဖြစ်ပါတယ်။

Counsellor အဖြစ်၊ စာရေးဆရာမအဖြစ် ဆယ်နှစ်ကျော် လမ်းလျှောက်လာခဲ့တဲ့ ဆရာမကြီးရဲ့ခရီးဟာ
အသိပညာနဲ့တင်မက
ချစ်ခြင်းမေတ္တာ၊ စာနာနားလည်မှု၊ လူသားတစ်ယောက်ကို လူသားလိုပဲ မြင်နိုင်စွမ်းတွေပါ ပေါင်းစပ်ထားတဲ့ ခရီးဖြစ်ပါတယ်။

ဆရာမကြီးဆီကို လာရောက်ဆွေးနွေးကြသူတွေဟာ
- Marriage ပြဿနာကြားမှာ မျက်ရည်တိတ်ထားသူများ၊
- Parenting အပေါ် စိတ်ရှုပ်ထွေးနေတဲ့ မိဘများ၊
- Childhood trauma ကြောင့် မသိမသာ နာကျင်နေတဲ့ လူငယ်များ၊
- Workplace ဖိအားကြောင့် အသက်ရှူမလွယ်တော့တဲ့ ဝန်ထမ်းများ၊
- Social Anxiety, Depression တို့နဲ့ တိုက်ပွဲဝင်နေသူများ ဖြစ်ကြပါတယ်။

ဆရာမကြီးဒေါ်မြမြဆွေဟာ သူတို့ကို “problem” အဖြစ်မမြင်ပါဘူး။
သူတို့ကို လူသားတစ်ယောက်အဖြစ် မြင်ပါတယ်။

နာကျင်နေတဲ့ စိတ်ကို ပြုပြင်ရမယ့် အရာတစ်ခုအဖြစ်မမြင်ဘဲ
နားလည်ရမယ့် အရာတစ်ခုအဖြစ် မြင်ပါတယ်။

Buddhist Psychology ကို အခြေခံထားတဲ့ စိတ်ပိုင်းဆိုင်ရာ အသိပညာနဲ့
လူသားဘဝရဲ့ အလှအပနဲ့ အနာအဆာကို တစ်ပြိုင်နက်တည်း လက်ခံနိုင်ဖို့
လမ်းပြပေးနေသူလည်း ဖြစ်ပါတယ်။

ဆရာမကြီးရဲ့ ဆွေးနွေးခန်းထဲမှာ
✨ဝေဖန်တာတွေမရှိပါဘူး။
✨ဖိအား မရှိပါဘူး။
ရှိတာကတော့
✨လုံခြုံမှု၊
✨နားလည်မှု၊
✨ရှာဖွေနေတဲ့ အဖြေတစ်ခုကိုရှာတွေ့နိုင်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။

ဆရာမကြီး ဒေါ်မြမြဆွေကို Honest Hour application မှာ C14 အနေနဲ့ တွေ့နိုင်မှာဖြစ်ပြီး ဆွေးနွေးမှုရယူလိုပါက appointment booking ရယူနိုင်ပါတယ်။

Application Download link - For Android & IOS
https://bit.ly/3Z7yDbu

#HonestHour #Counselling #Wellbeing #psychology #mentalhealth
Avoidant Attachment Style ဆိုတာ ဘာလဲ?

“ငါ့ကိုချစ်တာမှဟုတ်သေးရဲ့လားဆိုတဲ့မေးခွန်းကို ခဏခဏ မေးခြင်းခံရတဲ့ “Avoidant Attachment Style”

Avoidant Attachment ဆိုတာ Relationship တစ်ခုမှာ တစ်ဖက်လူနဲ့ စိတ်ချင်းနီးကပ်လာမှုကို မသက်သာသလို ခံစားရပြီး Emotional Distance (စိတ်ခံစားချက်အရ အကွာအဝေးတစ်ခု) ထားရှိချင်တဲ့ အမူအကျင့်တစ်ခု ဖြစ်ပါတယ်။

Psychology အရ ဒီ Attachment Style ဟာ ငယ်စဉ်ကလေးဘဝက (Caregiver) နဲ့ ဆက်ဆံရေးအပေါ် အခြေခံပြီး ဖြစ်ပေါ်လာတတ်ပါတယ်။

Avoidant Attachment ရှိသူတွေဟာ "ငါ့အတွက် ဘယ်သူမှမလိုဘူး၊ ငါ့ဘာသာငါ နေလို့ရတယ်" ဆိုတဲ့ “အလွန်အကျွံ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးလိုစိတ်” mindset နဲ့ ဆက်ဆံရေးတွေကို တည်ဆောက်လေ့ရှိကြပါတယ်။

Avoidant Attachment ရဲ့ အဓိကလက္ခဏာတွေကတော့...
Emotional Closeness ကို ရှောင်ကြဉ်တာမျိုးတွေ
Relationship တစ်ခု ပိုပြီး နက်ရှိုင်းလာလေလေ၊ မလုံခြုံသလို ခံစားရပြီး သူတို့တွေဟာ အဝေးကို ရုန်းထွက်ချင်လာတတ်ပါတယ်။

👉🏻လွတ်လပ်မှုကို အလွန်အမင်း တန်ဖိုးထားခြင်း
"ငါ့ကိုယ်ငါပဲ အားကိုးရမယ်" ဆိုတဲ့ ခံယူချက်ပြင်းထန်ပြီး တစ်ဖက်လူအပေါ် မှီခိုရမှာကို ကြောက်ရွံ့တတ်ပါတယ်။

👉🏻ခံစားချက်များကို ဖော်ပြရန် ခက်ခဲခြင်း
ကိုယ့်ရဲ့အတွင်းစိတ် ခံစားချက် တွေကို တစ်ဖက်လူကို ဝေမျှဖို့ ဝန်လေးတတ်ပါတယ်။

👉🏻Withdrawal Issue
ပြဿနာတစ်ခုခုဖြစ်လာရင် ဖြေရှင်းမယ့်အစား Silent Treatment ပေးတာမျိုး ဒါမှမဟုတ် လူချင်းခွာလိုက်တာမျိုး ပြုလုပ်တတ်ပါတယ်။

👉🏻နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့ အားနည်းချက် ဒါမှမဟုတ် နုညံ့တဲ့စိတ်ကို ပြသရမှာကို မလုံခြုံသလို ခံစားရတာကြောင့် အမြဲတမ်း အကာအကွယ်တံတိုင်း တွေ ခံထားတတ်ကြပါတယ်။

✅ဘာကြောင့် Avoidant Attachment ဖြစ်လာရတာလဲ?

အများအားဖြင့် ငယ်စဉ်ကလေးဘဝ အတွေ့အကြုံ တွေကြောင့် အဖြစ်များတတ်ပါတယ်။

ဥပမာ -

→မိဘတွေနဲ့ စိတ်ခံစားချက်ခြင်း နီးနီးကပ်ကပ်မဖြစ်ခဲ့တာ၊ မိဘတွေနဲ့ close relationship မရခဲ့တာမျိုး

→ကလေးဘဝက လိုအပ်ချက်များကို လျစ်လျူရှုခံရခြင်း

→"မငိုနဲ့၊ အားတင်းထား" ဆိုတဲ့ ခံစားချက်ကို ဖိနှိပ်ခိုင်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရခြင်း။

→ခံစားချက်ကို ထုတ်ဖော်ပြောဆိုခြင်းကို အားမပေးတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းလာရခြင်း ကြောင့် ဖြစ်တတ်ပါတယ်။

→ဒီလို အခြေအနေတွေကြောင့်ပဲ သူတို့ရဲ့ Subconscious mind (မသိစိတ်) ထဲမှာ "ဘယ်သူ့ကိုမှ အားကိုးလို့မရဘူး၊ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်" ဆိုတဲ့ ယုံကြည်ချက် ကိန်းအောင်းသွားတာ ဖြစ်ပါတယ်...

Relationship ထဲမှာ ဘယ်လို သက်ရောက်မှုရှိလဲ?

Avoidant Attachment ရှိသူနဲ့ လက်တွဲရတဲ့အခါ...

→Commitment Issue တို့

→နီးကပ်လွန်းလာရင် အသက်ရှူကျပ်သလို ခံစားရပြီး ခပ်စိမ်းစိမ်း ပြန်နေတတ်တဲ့အမူအကျင့်တို့

→တစ်ခါတလေ Mixed Signals ဖြစ်သွားတာတွေပေါ့၊ တခါကျရင် အရမ်းချစ်ပြပြီး၊ တစ်ခါတလေကျတော့လည်း လုံးဝ သူစိမ်းလို ဖြစ်သွားတာမျိုးတွေ

ဒါကြောင့် သူတို့ရဲ့ Partner တွေမှာ "သူ တကယ်ရော ငါ့ကိုချစ်ရဲ့လား?" ဆိုတဲ့ သံသယနဲ့ Confusion တွေ မကြာခဏ ဖြစ်ပေါ်စေပါတယ်။

သိထားသင့်တဲ့ အချက် ကတော့ Avoidant Attachment ရှိနေခြင်းဟာ "မချစ်တတ်တာ" မဟုတ်ပါဘူး။ သူတို့ဟာ စိတ်ထဲမှာ -
အနာကျင်မခံချင်တာ
ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မဆုံးရှုံးချင်တာ
ရင်ဖွင့်ပြရမှာကို လက်တွန့်တက်တာတွေ ကြောင့်သာ ဖြစ်ပါတယ်။
သတင်းကောင်းကတော့...

ကိုယ့်မှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ partner မှာ ဒီလို Avoidant Attachment နဲ့ပက်သက်တဲ့ ပြဿနာလေးတွေရှိနေပြီဆိုရင်

Therapy ခံယူခြင်း၊ Self-awareness ရှိခြင်းနဲ့ နားလည်မှုရှိတဲ့ Healthy Relationship တွေကတစ်ဆင့် ပိုမိုခိုင်မာတဲ့ Secure Attachment တစ်ခုဖြစ်အောင် ပြောင်းလဲ တည်ဆောက်သွားလို့ ရပါတယ်ရှင်..

#HonestHour
#MentalHealthAwareness
#EmotionalWellbeing
#SelfAwareness
#AvoidantAttachment
(English Below)
"Mental Health Program တစ်ခုရဲ့ ROI ကို ဘယ်လိုတိုင်းတာမလဲ?" ဆိုတဲ့ မေးခွန်းက အမြဲတမ်း ရှိနေတတ်ပါတယ်။

ဒါပေမဲ့ တကယ့်အကြီးမားဆုံး ROI ဆိုတာ ချက်ချင်းမျက်မြင်ကိုယ်တွေ့ ပြလို့ရတဲ့ ကိန်းဂဏန်းတွေထက် ပိုပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဖွဲ့အစည်းအတွင်းမှာ..
1- ပဋိပက္ခတွေ လျော့နည်းလာတာ၊
2.ဆုံးဖြတ်ချက်ချမှတ်မှု အရည်အသွေးတွေ တိုးတက်လာတာနဲ့
3. ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု (Emotional Intelligence) မြင့်မားလာတာတွေကို မြင်တွေ့ရမှာပါ။

ဒါ့အပြင် အလုပ်ထဲရောက်နေပေမဲ့ အာရုံမစိုက်နိုင်တဲ့ Presenteeism ပြဿနာတွေ လျော့ကျသွားပြီး အချင်းချင်း ယုံကြည်မှုနဲ့ ခေါင်းဆောင်မှုအပိုင်း တည်ငြိမ်မှုတွေပါ အားကောင်းလာပါတယ်။

မရေရာတဲ့ ဈေးကွက်စီးပွားရေးအခြေအနေတစ်ခုမှာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိတဲ့ (Emotionally Resilient) Team ရှိတဲ့ အဖွဲ့အစည်းတွေဟာ ဘယ်လိုအခက်အခဲမျိုးကနေမဆို ပိုမိုမြန်ဆန်စွာ ပြန်လည်ရုန်းထတာ Bounce Back လုပ်နိုင်ကြပါတယ်။

တကယ်တော့ Performance မပါတဲ့ Wellbeing ဟာ မပြည့်စုံသလို၊ Wellbeing မပါတဲ့ Performance ဟာလည်း ရေရှည်မခံပါဘူး။ Wellbeing ကို အခြေခံထားတဲ့ Performance ကသာလျှင် စစ်မှန်တဲ့ Sustainable Success ကို ပေးစွမ်းနိုင်တာဖြစ်ပါတယ်။

သင့် Organization ရဲ့ 2026 Wellbeing Roadmap အတွက် “Manager Hotline: 30 minutes Clarity session” လေးကို အနာဂတ်လုပ်ငန်းခွင်ရဲ့ စိန်ခေါ်မှုတွေကို အသင့်ကျော်ဖြတ်နိုင်ဖို့ အခုပဲ Register လုပ်ပြီး အခမဲ့ဆွေးနွေးတိုင်ပင်လိုက်ပါ"
👉 Registration Link: https://forms.gle/KP1KU1WGSNAhJKTC8
—-----------------------------------------

(English Version)
The question of "How do we measure the ROI of a Mental Health Program?" is one that constantly surfaces. However, the most significant returns on this investment aren't always immediate or visible on a balance sheet right away.

Over time, the true ROI manifests through a noticeable decrease in workplace conflict, improved decision-making quality, and a rise in the team's collective Emotional Intelligence. You begin to see a reduction in "presenteeism"—where employees are physically at their desks but mentally checked out—while trust and leadership stability steadily climb.

In an uncertain market, organizations with emotionally resilient teams are the ones that bounce back the fastest. Performance without wellbeing is never enough; it’s performance fueled by wellbeing that is truly sustainable.

"Get ready to navigate the challenges of the future workplace with our 'Manager Hotline: 30-Minute Clarity Session' for your Organization’s 2026 Wellbeing Roadmap. Register now for a free consultation and start building a resilient workforce today."

👉 Registration Link: https://forms.gle/KP1KU1WGSNAhJKTC8
#HonestHour #Employee_Wellbeing #MentalHealth #EAP
❤1
Honest Hour (Mental Health Well-being)
Photo
🌿 Thingyan Special Mental Decluttering Day - Vol 2 🌿

လူတိုင်းမှာ မမြင်ရတဲ့ စိတ်ဖိစီးမှုတွေ၊ ရှုပ်ထွေးနေတဲ့ အတွေးပေါင်းစုံ ရှိတတ်ကြတာပဲလေ။ ဒီတစ်ခါတော့... အဲ့ဒီအရှုပ်အထွေးတွေကို ခဏဘေးဖယ်ထားပြီး စိတ်လုံခြုံရတဲ့ ရပ်ဝန်းလေးမှာ ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့ ဒီ Event လေးက သင့်အတွက် "Reset Button" တစ်ခု ဖြစ်လာမှာပါ။

🗓 Activities Highlights:

1. စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ Wellbeing ကို စောင့်ရှောက်နိုင်မယ့် အသိပညာပေးလမ်းပြမှု sessionတွေမှာ ပါဝင်ကြမယ်
2. Mindful Meditation နဲ့စိတ်တည်ငြိမ်မှု ရှာဖွေကြမယ်
2. Journaling လုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ကြမယ်
3. Body Stretching နဲ့ခန္ဓာကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ကြမယ်
4. "မုန့်လုံးရေပေါ်" အတူလုပ်ရင်း ပျော်ရွှင်စရာအချိန်လေးတွေဖန်တီးကြမယ်နော်…

✅ ဗဟုသုတရမယ့် Workshop တွေအပြင်
✅လက်တွေ့ပါဝင်ဆောင်ရွက်ရမယ့် Activities တွေကြောင့် ပျင်းဖို့မကောင်းဘဲ အနှစ်သာရရှိတဲ့ နေ့တစ်နေ့ ဖြစ်မှာမို့လို့ပါ။
✅ဒီလို စိတ်ထွက်ပေါက်ဖြစ်စေမယ့် Activities တွေနဲ့အတူ Booth တွေမှာလည်း လျှောက်ပတ်ကြည့်ရင်း ဒီ Weekend လေးကို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းကြရအောင်…

✨အစီအစဉ်အသေးစိတ်✨
📅 နေ့ရက် - 5th April 2026 (Sunday)
💰 ဝင်ကြေး - ၂၀,၀၀၀ ကျပ်
🕰အချိန် - 1:00 PM to 4:00 PM

‼️Honest Hour ရဲ့ မည်သည့် service မဆိုရယူဖူးတဲ့ clients တိုင်းအတွက် ဝင်ကြေး - ၁၀,၀၀၀ ကျပ် နဲ့ပါဝင်နိုင်မယ့် အခွင့်အရေးလေးလည်း ရှိပါတယ်။

📌 နေရာ - The Moon Gallery Café and Bistro (Poppa Room), 2nd Floor, Regency Office (CB Bank အပေါ်ထပ်)၊ ပြည်လမ်း၊ ကမာရွတ် မြို့နယ်။

လူဦးရေအကန့်အသတ်ရှိတာကြောင့် အမြန်ဆုံး စာရင်းပေးသွင်းထားလိုက်တော့နော်...

🔗Registration Link - https://forms.gle/7NtTupfnq9MVgnmr7

စိတ်ဖိစီးမှုတွေကို ချန်ထားခဲ့ပြီး အေးချမ်းတဲ့ ခံစားချက်ကိုပဲ ယူဆောင်သွားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

#HonestHour #Thingyan #Mental_Decluttering #mental_health
❤3
၂၀၂၆ ခုနှစ်ရဲ့ နေ့စဉ်ဖြတ်သန်းမှုတွေကြားမှာ ပင်ပန်းနွမ်းနယ်နေတဲ့ သင့်ရဲ့ စိတ်နဲ့ခန္ဓာကို ပြန်လည်နိုးထစေဖို့ PARKROYAL Nay Pyi Taw Hotel နဲ့ Honest Hour တို့ ပူးပေါင်းစီစဉ်လိုက်တဲ့ " Holistic Harmony Retreat" အစီအစဉ်သစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။

သင်္ကြန်ကာလလေးမှာပြုလုပ်မယ့် ဒီ Retreat လေးဟာ လျင်မြန်လွန်းတဲ့ လူနေမှုပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုနဲ့ လူမှုပင်ပန်းမှုတွေကို ဖြေဖျောက်ပေးပြီး ၊ သင့်ရဲ့ Mind (စိတ်)၊ Body (ခန္ဓာ) နဲ့ Lifestyle (နေထိုင်မှုပုံစံ) တို့ကြားမှာ ရေရှည်တည်တံ့တဲ့ ဟန်ချက်ညီမှုတစ်ခုကို ပြန်လည်တည်ဆောက်ပေးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

🌿 Holistic Harmony Retreat (3 Days 2 Nights)
Day 1: ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေခြင်း
✨Orientation & Intention Setting
✨Art Therapy ကတစ်ဆင့် စိတ်ခံစားချက်တွေကို ပုံဖော်ကုစားခြင်း။
✨Tea Meditation နဲ့အတူ စိတ်ကို soothing ဖြစ်စေပြီး ငြိမ်းချမ်းမှုရှာဖွေခြင်း။
✨ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝခရီးလမ်းကို Life Journey Reflection နဲ့ပြန်လည်သုံးသပ်ပြီး ခွန်အားသစ်ယူခြင်း။

Day 2: ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို နိုးထစေခြင်း
✨နံနက်ခင်းမှာ Mindful Stretching & Breathwork နဲ့ ခန္ဓာကိုယ်ကို လန်းဆန်းစေခြင်း။
✨Walk with Nature: လမ်းလျှောက်ရင်း စိတ်ကြည်လင်အေးချမ်းမှု ရယူခြင်း။
✨Stress Relief Dance နဲ့အတူ လွတ်လပ်စွာလှုပ်ရှားရင်း စိတ်ဖိစီးမှုများ စွန့်ထုတ်ခြင်း။
✨ကျေးဇူးတင်ထိုက်တာတွေကို Gratitude Circle လေးမှာမျှဝေရင်း စိတ်ခွန်အားဖြည့်တင်းကြပါမယ်။

Day 3: နောက်ဆုံးပြန်မယ့်မနက်ခင်းလေးကို
✨Breathwork & Meditation ပြုလုပ်ကာ တည်ငြိမ်အေးချမ်းတဲ့ စိတ်နဲ့အတူ ဒီ Holistic Harmony Retreat လေးကို အနှစ်သာရရှိရှိ အဆုံးသတ်ကြပါမယ်

🌿 3 Days 2 Nights Retreat Program (Full Package)
ဧပြီလ (၁၆) ရက်မှ (၁၈) ရက်၊ ၂၀၂၆ အထိ

ပါဝင်မည့် ဝန်ဆောင်မှုများ:
✅ Deluxe Room တွင် (၂) ညတာ တည်းခိုခွင့် (Sharing with another guest)။
✅ ကျန်းမာရေးနှင့်ညီညွတ်သော နံနက်စာ (၂) ကြိမ်၊ နေ့လည်စာ (၂) ကြိမ် နှင့် ညစာ (၂) ကြိမ်။
✅ Tea Break (၂) ကြိမ်။
✅ Experienced Instructor ကိုယ်တိုင်ဦးဆောင်မယ့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ Activities များ။

Pricing
Standard Rate: MMK 860,000 net per person
Early Bird Rate: MMK 810,000 net per person

🚶 Retreat Program (Walk-In)
တည်းခိုခွင့်မပါဝင်ဘဲ Activities များတွင် ပါဝင်လိုသူများအတွက်:

ပါဝင်မည့် ဝန်ဆောင်မှုများ:
✅ ကျန်းမာရေးနှင့်ညီညွတ်သော နံနက်စာ (၁) ကြိမ်၊ နေ့လည်စာ (၂) ကြိမ် နှင့် ညစာ (၂) ကြိမ်။
✅ Tea Break (၂) ကြိမ်။
✅ Retreat Program တစ်ခုလုံးရှိ Activities များတွင် ပါဝင်ခွင့်။

Pricing:
Walk-In Rate: MMK 600,000 net per person
Holistic Harmony Retreat အစီစဉ်လေးမှာပါဝင်ဖို့ ကြိုတင် Booking ပြုလုပ်လိုပါက အောက်ပါဖုန်းနံပါတ်နှင့် အီးမေးလ်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

📞 09 448 5405 68, 09 428 125 054 (PARKROYAL Nay Pyi Taw Hotel)
📞 09 967077901, 09 79 282 4522 (Honest Hour)
📧 salesmgr.prnyt@parkroyalhotels.com (PARKROYAL Nay Pyi Taw Hotel)
📧 yukninemoe@honesthourmm.com, info@honesthourmm.com (Honest Hour)

#PARKROYALNayPyiTaw #HonestHour #Retreat #Holistic_Retreat #Balancing #mental_health #nature #Travel