သတင်းဦး သတင်းထူး
576 subscribers
26 photos
8 links
Download Telegram
Forwarded from Popular Journal
တိုက်ကြီးမြို့နယ်က တပ်ကြပ်ကြီး(ငြိမ်း)သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊တိုက်ကြီးမြို့နယ်၊ကူးသီးနောင်ရွာက တပ်ကြပ်ကြီး(ငြိမ်း)တစ်ယောက် ဒီနေ့မနက် ၁၁ နာရီခွဲလောက်က သေနတ်နဲ့အနီးကပ်ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"သူတို့ကအိမ်ဆိုင်ဖွင့်ထားတာ စျေးလာဝယ်သလိုနဲ့အနီးကပ်တေ့ပစ်သွားတာ ဖြစ်တဲ့နေရာမှာပဲသေသွားတယ် ဆိုင်ကယ်နဲ့လာတာပစ်တဲ့လူက"လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

သေဆုံးသွားတဲ့ တပ်ကြပ်ကြီး(ငြိမ်း)ရဲ့ရုပ်အလောင်းကို ...

ဆက်လက်ဖတ်ရှုရန် >> https://wp.me/paRxJm-gX8
Forwarded from Popular Journal
ဒဂုံတောင်မှာ ကျောင်းကပြန်လာတဲ့ မူလတန်းပြဆရာမ နေအိမ်ရှေ့မှာသေနတ်နဲ့သုံးချက်ပစ်ခံရ

ရန်ကုန်တိုင်း၊ဒဂုံတောင်ပိုင်း၊ ၂၅ ရပ်ကွက်က အမ က(၂)ဒဂုံတောင်က မူလတန်းပြဆရာမ ဒေါ်ဇွန်ထက်ထက်ဝင်းဟာ ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ ချင်းတွင်းလမ်းက သူ့အိမ်ရှေ့မှာ သေနတ်နဲ့သုံးချက်ပစ်ခတ်ခံခဲ့ရတယ်လို ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

"ဆရာမပြန်လာတာကိုတွေ့တယ် အိမ်ရှေ့ရောက်တော့စက်ဘီးဒေါက်ထောက်ဆွဲခြင်းကိုင်ပြီး အိမ်ထဲအဝင်မှာ သေနတ်နဲ့သုံးချက်ဆက်တိုက်ပစ်သွားတာ အရင်ကလဲဆရာမကအဲ့အတိုင်းပဲပြန် လာနေကြ ဆရာမကအေးတယ်"လိုရပ်ကွက်နေသူတစ်ယောက်ကပြောပါတယ်။

မူလတန်းပြဆရာမကို ဆိုင်ကယ်မောင်းလာသူနှစ်ယောက်က သေနတ်နဲ့ပစ်ခတ်ပြီးမောင်းပြေးသွားခဲ့တာဖြစ်ပါတယ်။

ဆရာမဒေါ်ဇွန်ထက်ထက်ဝင်းဟာ ကျည်ဖောက်ဝင်ဒဏ်ရာသုံးချက်ရခဲ့တာကြောင့် ဒဂုံတောင်ပြည်သူ့ဆေးရုံကိုပိုဆောင်ခဲ့ပြီးနောက်မှာ ခွဲစိတ်ကုသဖိုလိုအပ်တာကြောင့် အမှတ်(၂)တပ်မတော်စစ်ဆေးရုံကိုထပ်မံပိုဆောင်ခဲ့ရပါတယ်။
Forwarded from Popular Journal
တွံတေးမြိုနယ်မှာ အမျိုးသားတစ်ယောက် သေနတ်နဲ့ပစ်ခံရပြီးသေဆုံး


ရန်ကုန်တိုင်း၊တွံတေးမြိုနယ်၊အုန်းပင်စုရပ်ကွက်က လဖက်ရည်ဆိုင်မှာ ဇနီးဖြစ်သူရယ် သမီးဖြစ်သူရယ်နဲ့ လဖက်ရည်ဆိုင်ထိုင်နေတဲ့ ဦးလှဝေ ကို ဆိုင်ကယ်မောင်းလာသူတစ်ယောက်က သေနတ်နဲ့ ငါးချက်ပစ်ခတ်ပြီးထွက်ပြေးသွားခဲ့တယ်လို ဒေ သခံတွေဆီကသိရပါတယ်။

ဦးလှဝေဟာ ရွှေလက်ခုတ်လမ်း အထက(၂) ကျောင်းနားက (စန္ဒာဝင်း)လဖက်ရည်ဆိုင်မှာ ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ ထိုင်နေစဥ် ဆိုင်ကယ်မောင်းလာသူတစ်ယောက်က သေနတ်နဲ့ငါးချက်ဆက်တိုက်ပစ်ခဲ့တာပါ။

"ဘာအကြောင်းနဲ့ပစ်တာလဲဆိုတာတော့မသိဘူး ပစ်လည်းပြီးကော ဆိုက်ကယ်ထားပြီး ဒီအတိုင်းအလွတ်ထွက်ပြေးသွားတယ် အနားကလူတွေကလိုက်သေးတယ်မမိဘူး"လို ဖြစ်စဥ်ကိုမြင်တွေ့ခဲ့သူတစ်ယောက်ကပြောပါတယ်။

ဦးလှဝေဟာ သေနတ်နဲ့ပစ်ခံရတာကြောင့် ကျည်ဖောက်ဝင်ဒဏ်ရာလေးချက်ရရှိခဲ့တာကြောင့် ပြည်သူ့ဆေးရုံကိုတင်ပိုပြီး ဆေးကုသမှုခံယူနေတုန်းမှာ သေဆုံးခဲ့ပါတယ်။

အခင်းဖြစ်နေရာကို လုံခြုံရေးအဖွဲတွေက စစ် ဆေးတဲ့အခါမှာ သေနတ်နဲ့ပစ်ခတ်သူကျန်ခဲ့တဲ့ ဆိုင်ကယ်၊ပစ္စတိုတစ်လက်၊ကျည်အိမ်၊ Luger ကျည် ၃ တောင့်နဲ့၊ကျည်ခွံ ၅ ခုကိုသိမ်းဆည်းရမိခဲ့ပါတယ်။

"ဆေးရုံကိုခေါ်သွားတယ် အဲဒီနားကလူတွေတော့တော်တော်အစစ်ခံလိုက်ရတယ် သွေးတွေက တော့အများကြီးပဲဖြစ်ဖြစ်ချင်း လဲကျသွားတာပဲ"လို ဒေသခံတစ်ယောက်ကပြောပါတယ်။
Forwarded from Popular Journal
🌎9.12.2021 သတင်းအစုံအလင်🌎

မန္တလေးမြို့တော်ဝန်ဟောင်းဒေါက်တာရဲလွင်ကိုထောင် ၂နှစ်ချ
https://wp.me/paRxJm-gW6

သမ္မတနှင့်နိုင်ငံတော်အတိုင်ပင်ခံအား ထောင်ဒဏ်ချမှတ်မှုကိုကုလလုံခြုံရေးကောင်စီလွန်စွာစိုးရိမ်
https://wp.me/paRxJm-gWo

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး(ဟောင်း)ဦးဝင်းခိုင်နဲ့ဒုဝန်ကြီး(ဟောင်း)နှစ်ယောက်ကိုအဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်
https://wp.me/paRxJm-gWq

၂သောင်းတန် ၊၅သောင်းတန်များထွက်ရှိမည်ဆိုသည့်သတင်းမှားယွင်းကြောင်းဗဟိုဘဏ်ထုတ်ပြန်
https://wp.me/paRxJm-gWV

Omicron အန္တရာယ်ကိုသတ်မှတ်ရန်စောလွန်းတယ်လို့WHOအကြီးအကဲပြော
https://wp.me/paRxJm-gWZ

တိုက်ကြီးမြို့နယ်ကတပ်ကြပ်ကြီး(ငြိမ်း) သေနတ်နဲ့ပစ်ခတ်ခံရလို့သေဆုံး
https://wp.me/paRxJm-gX8

ရန်ကုန်မြို့ကမြို့နယ်နှစ်ခုမှာတစ်နေ့တည်းမီး လောင်ကျွမ်းမှုနှစ်ကြိမ်ဖြစ်
https://wp.me/paRxJm-gXb

ဒဂုံဆိပ်ကမ်းကရာအိမ်မှူးအမျိုးသမီးသေနတ်နဲ့ပစ်ခံရ
https://wp.me/paRxJm-gXe

ဒဂုံတောင်မှာကျောင်းကပြန်လာတဲ့မူလတန်းပြဆရာမနေအိမ်ရှေ့မှာသေနတ်နဲ့သုံးချက်ပစ်ခံရ
https://wp.me/paRxJm-gXg
Forwarded from Popular Journal
Pfizer ကိုဗစ်ကာကွယ်ဆေးထပ်ဆောင်းထိုးခြင်းဖြင့် Omicron ကိုကာကွယ်နိုင်ဟု တာဝန်ရှိသူတွေပြော

US ဆေးဝါးကုမ္ပဏီကြီး Pfizer နဲ့ ၄င်းတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဂျာမန်ကုမ္ပဏီ
BioNTech မှ အမူဆောင်အရာရှိတွေကထပ် ဆောင်းကာကွယ်ဆေးထိုးတာဟာ Omicron ကို
ကာကွယ်နိုင်မယ့် အဓိကအချက်လို့ ပြောဆိုလိုက်ပါတယ်။

ကာကွယ်ဆေးက Omicron မျိုးကွဲကို ဘယ်လိုတုံ့ပြန်သလဲဆိုတဲ့အပေါ် သူတို့ရဲ့လေ့လာမှုရ လဒ်တွေကို အစီရင်ခံခဲ့တာပါ။

ကာကွယ်ဆေး ၂ကြိမ်ထိုးခြင်းဖြင့် ပြင်းထန်တဲ့​ရောဂါကို ကာကွယ်နိုင်ပြီးတတိယအကြိမ်ထပ်ဆောင်းကာကွယ်ဆေးထိုးမယ်ဆိုရင်တော့ ပဋိဇီဝပစ္စည်းတွေကို ထပ်တိုးလာစေတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီရဲ့သိပ္ပံပညာရှင်တွေကတော့ မျိုးကွဲကိုတုံ့ပြန်နိုင်ဖို့ ၄င်းတို့ရဲ့ကာကွယ်ဆေးကို လိုက် လျောညီထွေဖြစ်အောင် လုပ်ဆောင်နေပါတယ် ။မတ်လမှာအဆင်သင့်ဖြစ်နိုင်တယ်လို့ ၄င်းတို့က ဆိုပါတယ်။

WHO အကြီးအကဲကတော့ လက်ရှိကာကွယ် ဆေးတွေဟာ မျိုးကွဲကိုဘယ်လောက်ကာကွယ် နိုင်တယ်ဆိုတာကို ပြောဖို့ စောလွန်းသေးတယ်လို့ သတိပေးခဲ့ပါတယ်။

WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros က အစိုး ရခေါင်းဆောင်တွေဟာ ကာကွယ်ဆေးထိုးအစီ
အစဉ်တွေကို အရှိန်တိုးမြှင့်ဖို့နဲ့ ကာကွယ်ဆေးအပေါ် ဗိုင်းရပ်စ်ရဲ့တုံ့ပြန်မှုတွေကို ပြန်လည်အ ကဲဖြတ်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source-NHK
Forwarded from Popular Journal
ချန်ဂီလေဆိပ်အမှုထမ်းတစ်ဦးတွင် Omicron ပိုးထပ်တွေ့ပြန်

စင်ကာပူ၊ ဒီဇင်ဘာ ၁၁

စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်အမှုထမ်းတစ်ဦးတွင် Omicron မျိုးကွဲဗိုင်းရပ်စ် ကူးစက်နေခြင်းကို ထပ်မံစစ်ဆေးတွေ့ရှိကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ချန်ဂီလေဆိပ် တာမင်နယ် ၃ ရှိ ထွက်ခွာဂိတ်များတွင် ခရီးသည်များအားဝန်ဆောင်မှုပေးရသည့် အသက် ၃၈ နှစ်အရွယ် စင်ကာပူနိုင်ငံသားဝန်ထမ်းတစ်ဦးထံတွင် စစ်ဆေးတွေ့ရှိခြင်းဖြစ်သည်။

ထိုသူသည် ယခင်က Omicron ပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ခဲ့မဟုတ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများကဆိုည်။

ယမန်နေ့ကလည်း ချန်ဂီလေဆိပ် တာမင်နယ် ၁ နှင့် ၃ တိုတွင် တာဝန်ထမ်းဆောင်သည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဝန်ထမ်းတစ်ဦးတွင် Omicron ပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး၊ ယင်းတွေ့ရှိမှုသည် စင်ကာပူတွင် ပထမဆုံးပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ကိုးကား
Another Changi Airport employee among 3 COVID-19 cases preliminarily positive for Omicron variant
Photo: AFP/Roslan Rahman
Forwarded from Popular Journal
မြို့နယ်ရှစ်ခုကို Stay at Home ကနေထပ်မံပယ်ဖျက် မြို့နယ် သုံးခုသာပယ်ဖျက်ရန်ကျန်

နစက ရဲ့ကျန်းမာရေးဝန်ကြီးဌာနက တိုင်းဒေသကြီးနဲ့ပြည်နယ် ငါးခုမှာရှိတဲ့ မြို့နယ်ရှစ်ခုကို Stay at Home အစီအစဥ်ကနေ ဒီဇင်ဘာ ၁၁ ရက်မနက် ၄ နာရီကစပြီး ထပ်မံပယ်ဖျက်ပေးလိုက်ပါတယ်။

ကချင်ပြည်နယ်က ဗန်းမော်နဲ့မိုးညှင်းမြို့နယ်၊ ချင်းပြည်နယ်က ဖလမ်းနဲ့ထန်တလန်မြို့နယ်၊ မကွေးတိုင်းက ဂန့်ဂေါနဲ့မြိုင်မြို့နယ်၊ မွန်ပြည်နယ်က ဘီးလင်းမြို့နယ်နဲ့ ရှမ်းပြည်နယ်က တာချီလိတ်မြို့နယ်တို့ကို ပယ်ဖျက်ပေးခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက သက်ဆိုင်ရာမြို့နယ်တွေမှာနေထိုင်တဲ့သူတွေဟာ ...

ဆက်လက်ဖတ်ရှုရန် >>https://wp.me/paRxJm-gYe
Forwarded from Popular Journal
ဓနုအမျိုးသားနေ့ အမှတ်တရ

ယနေ့ နတ်တော်လဆန်း(၈)ရက်နေ့ (11.12.2021) ရက်နေ့တွင် ကျရောက်သော ဓနုအမျိုးသားနေ့အား ​နွေး​ထွေးစွာ ကြိုဆိုဂုဏ်ပြုပါတယ်။

ဓနုတိုင်းရင်းသား နှင့်အတူ နိုင်ငံသား များကြည်လင်​အေးမြကြလျက် ​သောကအ​ပေါင်းကင်း​ဝေး​စေ​ကြောင်း ဆု​တောင်း​မေတ္တာလည်း ပို့လိုက်ပါတယ်။

ဓနု နယ်တခွင် ခရီးသွားလုပ်ငန်း
နှင့် စိုက်ပျိုး​ရေးလုပ်ငန်းများသည်လည်း သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ တိုးတက်ကာ လူသားအ​ပေါင်းကို ငြိမ်းချမ်း​အေးမြသည့်ခံစားချက်များ ပိုမို​ပေးစွမ်းနိုင်ပါ​စေ။
Forwarded from Popular Journal
ကမ္ဘောဇတိုင်းမ်သတင်းဌာနက တာဝန်ခံအယ်ဒီ တာအပါအဝင် သတင်းသမား လေးယောက် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံရ

ရှမ်းပြည်နယ်အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာနက တာဝန်ခံအယ်ဒီတာ မနန်းနန်းတိုင်း(ခ)နန်းနွေးနွေးလှိုင်အပါအဝင် သတင်းသမား လေးယောက်ကို ညောင်ရွှေအကျဥ်းထောင်မှာရှိတဲ့ ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာ ၁၀ ရက်မှာ ထောင်ဒဏ် ၃ နှစ်စီအမိန့်ချမှတ်ခဲ့ပါတယ်။တာဝန်ခံအယ်ဒီတာ မနန်းနန်းတိုင်း(ခ)နန်းနွေးနွေးလှိုင်၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်၊ သတင်း ထောက် မနန်းဝင်းရီနဲ့သတင်းသမားတစ်ယောက်လို့ စွတ်စွဲခံရသူ ကိုစိုင်းစည်သူတို့ဖြစ်ပါတယ်။သူတို့ဟာ ....

ဆက်လက်ဖတ်ရှုရန်>> https://wp.me/paRxJm-gYs
Forwarded from Popular Journal
"မြန်မာတွင်အသက်အကြီးဆုံးဘွားသက်ရှည်အဖြစ် ရွေးချယ်ခံထားရသူအဘွား ကွယ်လွန်"

မြန်မာနိုင်ငံမှာ အသက်အကြီးဆုံးအဖြစ် ၃နှစ်ဆက်တိုက်ရွေးချယ်ခံခဲ့ရတဲ့ ဘွားသက်ရှည်ခေါ် အဘွားဒေါ်ထွေးဟာ ဒီဇင်ဘာ၁၀ရက် ညနေ ၆နာရီမှာ ဘဝတစ်ပါးကို ပြောင်းရွှေ့ကွယ်လွန်သွားတယ်လို့မိသားစုဝင်တွေက ပြောကြပါတယ်။

“ညနေ ၆နာရီလောက်မှာ ဆုံးပါတယ်။နှလုံးရောဂါ အခံလည်း ရှိတယ် အဘွားမှာ။မောတယ်။ ကြပ်တယ်။ပြီးတော့ အသက်ဆုံးသွားတယ်။ကြမ်းကြမ်းတမ်းတမ်းကြီးတော့ မဟုတ်တော့ ငြင်ငြင်သာသာနဲ့ ပဲ ဆုံးသွားတာ”လို့ ပြောပါတယ်။

အသုဘကို ဒီဇင်ဘာ၁၂ရက်မှာ ပြုလုပ်မယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

မှတ်ပုံတင်ပါ မွေးသက္ကရာဇ်အရ အဘွားသက်ရှည် ဒေါ်ထွေးဟာ မြန်မာသက္ကရာဇ် ၁၂၅၅ခုနှစ် မှာ မွေးဖွားခဲ့တာကြောင့်မှတ်ပုံတင်ပါ အသက်အရ အသက်၁၂၈နှစ် ရှိနေပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရှမ်းရွာအုပ်စု၊ သရက်ပင်ကန်ကျေးရွာမှာ နေထိုင်ခဲ့တဲ့ ဘွားသက်ရှည်ဒေါ်ထွေးကို ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလ ၁ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့မှာ နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်း နိုင်ငံတော်က ချီးမြှင့်ပူဇော်ကန့်တော့ခဲ့ပါသေးတယ်။

အဘွားဒေါ်ထွေးနှင့် အင်တာဗျူးကို အောက်ဖော်ပြပါ link တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်

You Tube >> https://youtu.be/7LSaS11PdtY
Forwarded from Kyaw Swar🇲🇲🇲🇲🇲🇲 (ThuRa Lin)
ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး
နေဝင်း၏သမီး ဗိုလ်မှူး(အငြိမ်းစား)
ဒေါက်တာဒေါ်ခင်စန္ဒာဝင်း (၇၇)နှစ်
မြောက် တပ်မတော်နေ့အခမ်းအနား
တက်ရောက်စဉ် တွေ့ရပုံဖြစ်ပါတယ်။

အတိတ်ဆိုတာ ဒီကနေ့မှာ သမိုင်းဖြစ်
သွားတယ်၊ စစ်သားသမီးပီသစွာ တပ်
မတော်မှာတာဝန်ထမ်းဆောင်ခဲ့သူမို့
လေးစားဂုဏ်ယူဖွယ်ပဲ ဖြစ်ပါတယ်။

#MTN
Forwarded from Popular Journal
ဘားအံမြို့နယ်ရှိ အာရှလမ်းမကြီးတွင် တွဲကားအရှိန်လွန်ကာသစ်ပင်ဝင်တိုက် တစ်ဦးသေဆုံး

ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ဒူရိန်ကျေးရွာအနီးရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်၌ မတ် ၂၇ ရက်(ယနေ့)နေ့လည် ၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-ကရင်ပြည်နယ်မှသိရသည်။

အာရှလမ်းမကြီးအတိုင်းမောင်းနှင်လာသည့် တွဲကားသည် အခင်းဖြစ်နေရာအရောက်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်အားဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် တွဲကားမောင်းသူမှာကားခေါင်းခန်းအတွင်း ....

ဆက်လက်ဖတ်ရှုရန် >>
https://wp.me/paRxJm-iAz
Forwarded from Popular Journal
🌎27.3.2022 သတင်းအစုံအလင်🌎

👉(၇၇)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားအားကျင်းပပြုလုပ်

👉မြန်မာနိုင်ငံသို့ပြည်ပမှဝင်ရောက်လာသူများအားအသွားအလာကန့်သတ်ရက်တစ်ပတ်မှ၅ရက်သို့လျော့ချ

👉ဂီတပညာရှင်၊ဓာတ်ပုံပညာရှင်၊ အတတ်ပညာရှင်၊အနုပညာရှင်၊ဒါရိုက်တာ၊ အဆိုတော် စုစုပေါင်း(၄၈)ဦးအား
လူမှုထူးချွန်ဆုများပေးအပ်ချီးမြှင့်ကြောင်းကြေညာ

👉မင်္ဂလာဒုံတွင်ငွေကျပ် ၁ ဒသမ ၅၈ဘီလီယံတန်ဖိုးရှိစိတ်ကြွဆေးပြားများဖမ်းမိ

👉မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတကာတပ်မတော်များနှင့်ဆက်ဆံရေးမြှင့်တင်၍ ကာကွယ်ရေးလုံခြုံရေးတို့အားပူးပေါင်းဆောင်ရွက်လျက်ရှိဟု နစကဥက္ကဋ္ဌပြော

👉အနုပညာရှင်စည်သူဗိုလ်ကလေးတင့်အောင်၊ ကောလိပ်ဂျင်နေဝင်း၊ဝင်းဦးအပါအဝင်စာရေးဆရာကြီးများအား
အင်္လကာကျော်စွာဘွဲ့ အပ်နှင်းချီးမြှင့်

👉ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးဆက်လက်ကြိုးပမ်းသွားမယ်လို့ဆို

👉တပ်တွင်းစည်းလုံးညီညွှတ်ရေးအမြဲရှိဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာကြား

👉ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရွေးချယ်ပေးခဲ့သည့် "ပြည်ထောင်စု"ဆိုသည့်စကားအားအလေးထားအကောင်အထည်ဖော်နေဟုနစကဥက္ကဋ္ဌပြော

👉မြဝတီ-ကော့ကရိတ်သွားအာရှလမ်းမကြီးရှိ တောနော်ရေတံခွန်အနီးတွင်ကုန်တင်ကား ၂ စီးမီးရှို့ဖျက်ဆီးခံရ
Forwarded from Popular Journal
ချမ်းအေးသာစံမြို့နယ်ရှိ ဒေးဝန်းအရှေ့ရပ်ကွက်ရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခံရ

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊၃၅လမ်း၊၈၉လမ်းနှင့်လမ်း၉၀ကြားရှိ ဒေးဝန်းအရှေ့ရပ်ကွက်ရုံး(မဟာအောင်မြေ) အား မတ်လ၂၇ရက်နေ့ မွန်းလွဲ၄နာရီ၃၅မိနစ်အချိန်က လက်ပစ်ဗုံးဖြင့် ပစ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

``အိမ်မှာ ထိုင်နေတုန်း အုန်းဆိုတဲ့အသံကတော်တော်ကျယ်တယ်။

နောက်ပြီးတော့သေနတ်ပစ်သံလည်း ၆ချက်လောက်ကြားလိုက်ရတယ်။၃၅လမ်းပေါ်က ရပ်ကွက်ရုံးကို လက်ပစ်ဗုံးနဲ့လာပစ်သွားတာလို့ သိရတယ်´´ဟု ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

လက်ပစ်ဗုံးဖြင့် ပစ်ခံရမှုဖြစ်စဉ်ှမှာ .....

ဆက်လက်ဖတ်ရှုရန် >> https://wp.me/paRxJm-iAw
The account of the user that owns this channel has been inactive for the last 5 months. If it remains inactive in the next 27 days, that account will self-destruct and this channel may no longer have an owner.