Glory Sports News Myanmar
7 subscribers
60 photos
Download Telegram
🐝 Nay Lwin
မန်ယူနိုက်တက်နဲ့ပတ်သက်သူတိုင်းက ကာရစ်ကို ချင်ခင်လေးစားကြပြီးသားပါ ဒီစကားကို ပြောဆိုလိုက်သူက အသင်းရဲ့တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ပါ။ မန်ယူနိုက်တက်ဆိုတာ ကမ္ဘာ့ဘောလုံးလောကရဲ့ ပရိသတ်အများဆုံးအားပေးမှုတွေရရှိထားတဲ့အသင်းတစ်သင်းဆိုတာ ဘော်ဒါတို့လည်း သိကြပြီးသားမလား။…
အသက်အငယ်ဆုံး ပရီးမီးယားလိဂ်ချန်ပီယံဆုရှင် ဖြစ်လာဖို့ရှိနေတယ်

အင်္ဂလန်ပရီးမီးယားလိဂ်ဆိုတာက ကမ္ဘာ့ဘောလုံးလောကရဲ့အခက်ခဲဆုံးလိဂ်ပြိုင်ပွဲတွေထဲကတစ်ခုလို့ ဘော်ဒါတို့အပါအဝင် ပရိသတ်တိုင်းလိုလိုက သတ်မှတ်ထားပြီးသားဖြစ်မှာပါ။ အဲဒီလိုပြိုင်ပွဲကြီးမှာ သွင်းဂိုးတွေရရှိဖို့ဆိုတာ မလွယ်ကူလှသလို အသင်းနဲ့အတူ ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်ခွင့်ကလည်း မက်မောလောက်စရာ မျှော်လင့်ချက်တစ်ခုပဲ မဟုတ်လား။ အခုတော့ အားလုံးက မမျှော်မှန်းထားတဲ့ လူငယ်ကစားသမားလေးတစ်ဦးက အဲဒီလိုအခွင့်အရေးတွေကို ရယူနိုင်သူဖြစ်လာဖို့ ရှိနေပါတယ်။

သူကတော့ အာဆင်နယ်အသင်းရဲ့လူငယ်ကစားသမားလေး မက်စ်‌ဒေါင်းမန်းပါပဲ။ အသက် ၁၄ နှစ်သာရှိသေးတဲ့ အင်္ဂလန်ကစားသမားလေးဟာ လက်ရှိမှာ ကျောင်းတက်နေဆဲဖြစ်ပေမယ့် အာဆင်နယ်စီနီယာအသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းနေရသူလည်း ဖြစ်တယ်ဗျ။ ဒါ့အပြင် စနေညက အဲဗာတန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီဆယ်ကျော်သက်လေးက စီနီယာအသင်းကြီးအတွက် အနိုင်ဂိုးတစ်ဂိုးပါ သွင်းယူပေးခဲ့ပြန်လေရဲ့။

ဒီတော့လည်း သူ့ရဲ့ထူးချွန်မှုသတင်းတွေက ပိုလို့ထွက်ပေါ်လာနေခဲ့တာပေါ့လေ။ အသက် ၁၄ နှစ်အရွယ်ပေမယ့် ယူ-၁၈ ပွဲစဉ်တွေမှာ ဂိုးတွေသွင်း၊ ဂိုးဖန်တီးမှုတွေလုပ်ပြနေသလို ဥရောပချန်ပီယံလိဂ် လူငယ်ပွဲစဉ်တွေမှာလည်း အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်တင်ထားနိုင်သူကလည်း ဒေါင်းမန်းပဲမလား။ ဒီလိုစံချိန်တွေရယူနိုင်နေသူ ဒေါင်းမန်းအတွက် အမျှော်လင့်နိုင်ဆုံး အိပ်မက်တစ်ခုကလည်း ရာသီကုန်ချိန်မှာ အဖြေထွက်လာဖို့ ရှိနေပါတယ်။

အစောပိုင်းက အာဆင်နယ်အသင်းအတွက် အသက် ၁၅ နှစ် ၁၈၁ ရက်နဲ့ စံချိန်တင်ထားတဲ့ အီသန် အန်ဝါနရီရဲ့ အသက်အငယ်ဆုံးပရီးမီးယားလိဂ်ကစားသမားဆိုတဲ့စံချိန်ကို ဒေါင်းမန်းက စနေညကပွဲမှာ ပါဝင်ကစားပြီး အသက် ၁၄ နှစ် ၁၀ လ နဲ့ ၁၈ ရက် ဆိုတဲ့ စံချိန်သစ်ကို တင်စေခဲ့ပါတယ်။ ဒါ့အပြင် အနိုင်ဂိုးပါ သွင်းယူနိုင်ခဲ့တော့ အသက်အငယ်ဆုံး ပရီးမီးယားလိဂ်သွင်းဂိုးရှင်ပါ ဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက်လည်း အဲဒီနိုင်ပွဲကြောင့်ပဲ ဒုတိယနေရာက မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားပြီး ၉ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီပေါ့။

အမှန်တကယ်သာ ရာသီကုန်ချိန်မှာ အာဆင်နယ်အသင်းသာ ချန်ပီယံဖြစ်ခဲ့ရင်တော့ အိမ်ကွင်းသစ် အမ်းမရိတ်မှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူသွားနိုင်မယ့်အပြင် ဒေါင်းမန်းအတွက်လည်း စီနီယာအသင်းကြီးမှာ ဆက်လက်ကစားခွင့်ရခဲ့ရင် အသက်အငယ်ဆုံး ပရီးမီးယားလိဂ်ချန်ပီယံဆုရှင်လည်း ဖြစ်လာဖို့ရှိနေပြီဆိုတော့... ရာသီကုန်အထိ ဘော်ဒါတို့နဲ့ အတူစောင့်ကြည့်သွားရအောင်လားဗျာ....