မြစ်ဘေး/ချောင်းဘေးက ပြည်သူများ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်
ဇူလိုင် ၁၇ ရက်၊ ည ၉ နာရီခွဲချိန် HEFS, GEM-ENS, ECMWF-AIFS, ECMWF, GFS စ တဲ့ model များရဲ့ နောက်ဆုံးရထားတဲ့ updatတွေအရ ဇူလိုင် ၁၈ ရက် ညနေပိုင်းမှာ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်လာနိုင်ကြောင်းတွေ့ရပါတယ်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*
အခုဖော်ပြချက်တွေဟာဆိုရင် Numerical models တွေရဲ့ ကြိုတင်ခန့်မှန်းချက်ဖြစ်ပါတယ်။
မြန်မာပြည်ဘက်မှာ နေရာအနှံ့မိုးရွာနိုင်ပါမယ်။ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတွေကတော့ မိုးနည်းနေပြီး ဇူလိုင် ၂၁-၂၂ ရက်နဲ့ နောက်ပိုင်းရက်တွေကျမှ မိုးရွာနိုင်ချေများလာ၊ မိုးရွာရန်သေချာလာမှာဖြစ်ပါတယ်။
ကမ်းရိုးတန်းဒေသအားလုံး(ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်ပေါ်ကမ်းရိုးတန်းနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းဒေတွေမှတော့ မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးနိုင်ကြောင်ရှေ့ post တွေမှာ တင်ပြပေးခဲ့ပြီးပါပြီ။
အနောက်ဘက် ဘင်္ဂလားပင်လယ်အော်ဘက်က လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ ရွေ့လျားဝင်ရောက်လာတဲ့ မိုးတိမ်များရဲ့လမ်းကြောင်းနဲ့တိုက်ဆိုင်ရင်တော့ အလယ်ပိုင်းဒေသတွေလဲ နေရာကွက်ပြီးမိုးများနိုင်ပါမယ်။
အခုကြိုတင်ခန့်မှန်းချက်တွေကိုတင်ပြပေးနေတာက လေဖိအားနည်းရပ်ဝန်းကြောင့်မိုးများလာပြီး၊ ရေထရက်ကြောင့် ပင်လယ်ဒီရေတက်တဲ့အချိန် ရေပြန်မကျနိုင်ပဲ တောင့်နေမဲ့အချိန်တွေ ပိုကြာလာနိုင်တာကြောင့် မြစ်ရေကြီးပြီး အနိမ့်ပိုင်းဒေသတွေရေဝင်နေတဲ့ မြစ်ဘေး/ချောင်းဘေးက ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ကြအောင်ဖြစ်ပါတယ်။
မုန်တိုင်းဖြစ်လာရင်တောင် မြန်မာပြည်ဘက်ကို ဦးတည်ရွေ့လျားမှာ မဟုတ်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့နေရတာကြောင့် မုန်တိုင်းဝင်တိုက်နိုင်မဲ့ အန္တရာယ်ကို စိုးရိမ်စရာမလို၊ အခုဖြစ်နေတဲ့ ပထမရေကြီးကာလအတွင်း မုန်တိုင်းအရှိန်သက်ရောက်ပြီး မိုးများနိုင်မဲ့ အခြေအနေကို ရင်ဆိုင်နိုင်ကြဖို့ လိုပါတယ်။
ရေးသားသူ - ဦးဝင်းနိုင်
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
#မိုးလေဝသ
#မုန်တိုင်း
#မြစ်ရေ
https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_july_18_2024

GreenWay Myanmar
မြစ်ဘေး/ချောင်းဘေးက ပြည်သူများ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်
မြန်မာပြည်ဘက်မှာ နေရာအနှံ့မိုးရွာနိုင်ပါမယ်။ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတွေကတော့ မိုးနည်းနေပြီး ဇူလိုင် ၂၁-၂၂ ရက်နဲ့ နောက်ပိုင်းရက်တွေကျမှ မိုးရွာနိုင်ချေများလာ၊ မိုးရွာရန်သေချာလာမှာဖြစ်ပါတယ်။
🦈ငါးပရိုတိန်းမြေဩဇာရည်တွင် အာဟာရဓာတ်အမျိုးစုံ များပြားစွာ ပါဝင်သည့်အတွက် အပင်ကြီးထွားသန်မာစေပြီး၊ ပန်းဖြိုင်ဖြိုင်ပွင့်စေသည့်အပြင် အထွက်နှုန်း သိသာစွာ တိုးတက်စေသည်။
_____ _______
_____ ___________
🌱အပင်တွေကို ကျန်းမာသန်စွမ်းစေတဲ့ ငါးပရိုတိန်းမြေသြဇာရည်ပြုလုပ်နည်း
လူသားများ ကောင်းစွာ အသက်ရှင် နေထိုင်နိုင်ရန် အာဟာရစုံ ပါဝင်သော သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သည်။ သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်ရာတွင် သီးနှံအထွက်နှုန်း မြှင့်မားရေးနှင့် မျှော်မှန်းအထွက် ရရှိရေး၊ စိုက်ပျိုးထုတ်လုပ်ခြင်းမှ အကျိုးအမြတ်ရရှိရေးသည် အရေးကြီးသော အချက်ဖြစ်သည်။
စိုက်ပျိုးထုတ်လုပ် အောင်မြင်စေရန်အတွက် အပင်မှ စားသုံးနိုင်သော အာဟာရဓာတ်များ ပြည့်စုံသည့် မြေဆီလွှာကောင်း ဖြစ်စေရန် လိုအပ်သည်။ တောင်သူအများစုသည် သီးနှံအထွက်နှုန်း တိုးစေရန်အတွက် ဓာတ်မြေသြဇာကို မှီခိုပြီး အလေးထား သုံးစွဲလာကြသည်။ ဓာတ်မြေသြဇာများ စနစ်တကျသုံးစွဲခြင်းဖြင့် အထွက်နှုန်းကောင်းမွန်သော်လည်း ကုန်ကျစရိတ် မြင့်မား၍ အကျိုးအမြတ် ရရှိမှု နည်းပါးခြင်းများ ကြုံတွေ့နေရသည်။
လက်ရှိအခြေအနေတွင် ဂေဟစနစ်များ ပျက်စီးခြင်း၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းများ ကျဆင်းခြင်း၊ ပိုးမွှားရောဂါများ အလွန်အကျွံ ကျရောက်ခြင်း၊ မြေဆီသြဇာကုန်ခမ်းခြင်းများ ဖြစ်ပေါ်နေသည်ကို သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်ရာတွင် အဟန့်အတားများအဖြစ် တွေ့ရှိရသည်။
|
ရေရှည်တည်တံ့သော၊ အမှီအခိုကင်းသော၊ ကုန်ကျစရိတ်သက်သာသော၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်း ပျက်စီးမှု မဖြစ်စေဘဲ လိုက်လျောညီထွေမှုရှိသော သီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း ဆောင်ရွက်နိုင်ရန်အတွက် မိမိဒေသတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ဒေသပေါက်ပင်များ၊ ၎င်းတို့၏ပင်ကြွင်းပင်ကျန်များ၊ ခြံထွက်/စိုက်ခင်းများမှ ထွက်ရှိသော သီးနှံပင်ကြွင်း ပင်ကျန်များ၊ သဘာဝမှ ရရှိနိုင်သော ကုန်းနေ ရေနေသတ္တဝါများ၏ အစိတ်အပိုင်းများကို အသုံးပြု၍ သဘာဝ မြေသြဇာများ ပြုလုပ်သုံးစွဲနိုင်သည်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*
သဘာဝမြေသြဇာ ပြုလုပ်အသုံးပြုခြင်းကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို များစွာအကျိုးကျေးဇူး ရရှိနိုင်သည်။ မြေသားဖွဲ့စည်းတည်ဆောက်မှုကောင်းစေခြင်း၊ မြေဆီသြဇာထက်သန်စေခြင်း၊ အော်ဂဲနစ်မက်တာပါဝင်မှုကောင်းစေခြင်း၊ ရေရှည် တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေခြင်း၊ အပင်အတွက် လိုအပ်သော အာဟာရဓာတ်မျိုးစုံ ရရှိနိုင်ခြင်း၊ မြေဆီလွှာအတွင်း အကျိုးပြုအဏုဇီဝ သက်ရှိများ လုံးဝမပျက်စီးစေဘဲ မြေဆီလွှာနှင့် အပင်များအတွက် အထောက်အကူ ဖြစ်စေခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည်။
သဘာဝမြေသြဇာ ပြုလုပ်ခြင်းများပြားစွာရှိသည့်အနက် လျှင်မြန်ပြီး အကျိုးဖြစ်ထွန်းမှု မားစေသည့် ထုတ်လုပ်နည်းတစ်မျိုးမှာ ငါးပရိုတိန်းမြေသြဇာရည် (FPH - Fish Protein Hydrolysate) ဖြစ်သည်။
FPH ပြုလုပ်ရာတွင် အောက်ပါပစ္စည်းများ လိုအပ်သည်။
၁။ ငါး နှင့် စွန့်ပစ်ဘေးထွက်ငါးပစ္စည်းများ
၂။ တင်လဲရည်/ သကာရည်/ကြံသကာ/ သကြား/ထန်းလျက်
၃။ နို့ချဉ် ဘက်တီးရီးယားအချဉ်ရည် (LAB –Lactic Acid Bacteria)
LAB ကို အောက်ပါအတိုင်း ပြုလုပ်ပါ။
LAB ပြုလုပ်ရန်အတွက် ပစ္စည်း (၂) မျိုးသာ လိုအပ်သည်။ လိုအပ်သော ပစ္စည်းများမှာ နွားနို့နှင့် ဆန်ဆေးရည်သာ ဖြစ်သည်။ ဆန်ဆေးရည် ကို ဖန်ပုလင်း/ ပလတ်စတစ်ဘူးတွင် ထည့်၍ အပေါ်မှ ပိတ်ပါးစ ဖုံးပြီး အေး၍ မှောင်သော အခန်းတွင် (၅ - ၇ ) ရက်ခန့် ထားပါ။ ဖွင့်ကြည့်၍ အချဉ်နံ့ရပါက ဆန်ဆေးရည်ချဉ်ကို ပိတ်ပါးစနှင့် စစ်ပါ။ အချဉ်ဖောက်၍ ရလာသော ဆန်ဆေးရည်ချဉ် (၁) ပုလင်းကို လတ်ဆက်သော နွားနို့(၆)ပုလင်းနှင့် ရောစပ်ပါ။ ပိတ်ပါးစနှင့် ဖုံးအုပ်ကာ အမှောင်ခန်းတွင် ထားပါ။ (၃-၅) ရက်ကြာပါက အရည်နှင့်အဖတ် ကွဲသွားမည်။ ရရှိလာသော အရည်ကြည်စစ်စစ်သည်သာ LAB ဖြစ်သည်။

FPH ပြုလုပ်ရာတွင် အကောင်ကြီးသော ငါးများ၏အရိုး၊ အရေခွံ၊ ခေါင်း၊ ဆူးတောင် အစရှိသော စွန့်ပစ်ပစ္စည်းများ နှင့် ငါးသေးငါးမွှားများကို စုဆောင်း၍ ချိန်တွယ်ပြီး ပုံးထဲသို့ထည့်ပါ။ ငါး (၁) ဆကို ရေ (၃) ဆ ထည့်ပါ။ တင်လဲရည်ကို ငါးပမာဏ၏ (၃) ပုံ(၁) ပုံထည့်ပါ။ LAB ကို ရေ (၁)လီတာလျှင် ထမင်းစားဇွန်း(၁)ဇွန်းနှုန်းထည့်ပါ။ အားလုံးထည့်ပြီးလျှင် နှံ့စပ်စွာမွေပါ။ ထို့နောက် အဖုံးလုံအောင်ဖုံးပါ။ နေ့စဉ် နံနက်(၁)ကြိမ်၊ ညနေ (၁)ကြိမ် နှံ့စပ်စွာမွေပါ။ (၁၅) ရက်မှ (၁)လ အတွင်း အသုံးပြုနိုင်သည်။
FPH ကို သီးနှံမျိုးစုံတွင် ရွက်ဖျန်းမြေသြဇာအဖြစ်လည်းကောင်း၊ မြေဆီလွှာ အတွင်း ထည့်သွင်း၍လည်းကောင်း၊ အစက်ချ ရေသွင်းစနစ်တွင် ထည့်၍လည်းကောင်း နည်းမျိုးစုံ ထည့်သွင်း အသုံးပြုနိုင်သည်။ ရေ (၁) ဂါလံကို FPH အာဟာရဖျော်ရည် ထမင်းစားဇွန်း (၂)ဇွန်း/(၃၀)မီလီလီတာ ရော၍ ဖျော်စပ်သုံးစွဲပါ။

အပူချိန် မပြင်းသောနံနက်ခင်းနှင့် ညနေ နေအေးချိန်တွင် အသုံးပြုပါ။(၁) ပတ်လျင် (၁)ကြိမ်သာ သုံးစွဲပါ။ အပင်ငယ်စဉ်မှ စ၍ အပင်ကြီးထွားမှု သက်တမ်းတလျှောက်လုံး( ကြီးထွားချိန်၊ ပွင့်ဖူးဝင်ချိန်၊ အပွင့်ပွင့်ချိန်၊ သီးကင်းဝင်ချိန်၊ အစေ့အသီး ကြီးထွားနေစဉ်အချိန် ) သုံးစွဲနိုင်သည်။
FPH ကို ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ
FPH တွင် အပင်အတွက် လိုအပ်သည့် အာဟာရဓာတ်များဖြစ်သည့် နိုက်ထရိုဂျင်၊ ဖော့စဖိုရပ်(စ်)၊ ပိုတက်စီယမ်၊ အမိုင်နိုအက်ဆစ် နှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်ပြီး အပင်မှ လျှင်မြန်စွာ အလွယ်တကူ စုပ်ယူစားသုံးနိုင်သည်။ အာဟာရဓာတ်အမျိုးစုံ များပြားစွာ ပါဝင်သည့်အတွက် အပင်ကြီးထွားသန်မာစေပြီး၊ ပန်းဖြိုင်ဖြိုင်ပွင့်စေသည့်အပြင် အထွက်နှုန်း သိသာစွာ တိုးတက်စေသည်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*
FPH တွင် ပါဝင်သည့် အမိုင်နိုအက်ဆစ်သည် အပင်အစာချက်လုပ်ခြင်းကို တိုးတက်ကောင်းမွန်စေပြီး အပင်ကို ကျန်းမာသန်စွမ်းစေသည်။ FPH ကို မြေဆီလွှာတွင် ထည့်သွင်းခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှု ၊ ရေထိန်းသိမ်းသိုလှောင်နိုင်မှု ကောင်းစေခြင်း၊ အဏုဇီဝ သက်ရှိများကောင်းစွာ ရှင်သန်ကြီးထွားစေခြင်း အကျိုးကျေးဇူးများ ရရှိနိုင်သည်။ ၎င်းအပြင် မြေဆီလွှာ ဆားပေါက်မှု မှ ကာကွယ်နိုင်ခြင်း၊ ရေငတ်ဒဏ်နှင် ရောဂါပိုးမွှားဒဏ် ခံနိုင်ရည်ရှိခြင်း နှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးမှု မရှိစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။
သီးနှံပင် - မြေဆီလွှာ - သဘာဝ ပတ်ဝန်းကျင် စသည့် အလုံးစုံသော ကဏ္ဍများတွင် အကျိုးထိရောက်မှု အကောင်းတကာ့ အကောင်းဆုံး နည်းစနစ် ( Best of the best method) ဖြစ်၍ ငါးပရိုတိန်းမြေသြဇာရည် ( FPH - Fish Protein Hydrolysate)ကို ပြုလုပ်သုံးစွဲသင့်သည်။
ရေးသားသူ - ဒေါက်တာစန်းလှထွေး
.
.
.ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#နွားချေး
#စိုက်ပျိုးရေး
#သဘာဝမြေဩဇာ
#အစိမ်းရောင်လမ်း
#Green_Way
https://greenwaymyanmar.com/posts/Fish_Protein_Hydrolysate_making

အပင်တွေကို ကျန်းမာသန်စွမ်းစေတဲ့ ငါးပရိုတိန်းမြေသြဇာရည်ပြုလုပ်နည်း
FPH တွင် အပင်အတွက် လိုအပ်သည့် အာဟာရဓာတ်များဖြစ်သည့် နိုက်ထရိုဂျင်၊ ဖော့စဖိုရပ်(စ်)၊ ပိုတက်စီယမ်၊ အမိုင်နိုအက်ဆစ် နှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်ပြီး အပင်မှ လျှင်မြန်စွာ အလွယ်တကူ စုပ်ယူစားသုံးနိုင်သည်။
မြေချဉ် (pH-5 အောက်) ရင် မြေကြီးထဲမှာရှိနှင့်ပြီးသား မြေဆောင်မှိုရောဂါ(Soil borne diseases)တွေကို ပိုမိုပွားများစေပါတယ်။
------
__________
🌱ပဲတီစိမ်းအပင်ကွက်ကြားသေ ဘာကြောင့်ဖြစ်၊ ဘယ်လိုရှင်း...
ပဲတီစိမ်းစိုက်တောင်သူများ အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ခရမ်း၊ သုံးခွ၊ သက္ကလ နယ်မြေများ၊ ဧရာဝတီတိုင်း အချို့ဒေသများ၊ ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ် ဒေသများမှာ ပဲပင်များ တဖြည်းဖြည်း ညှိုးခြောက်ပြီး အကွက်လိုက်သေသွားတဲ့ ပြဿနာတွေ အများဆုံးတွေ့ရပါတယ်။
သိသာထင်ရှားစေတာကတော့...
မျိုးစေ့နှုန်း တစ်တင်းနှုန်းနဲ့အထက် သုံးနေရခြင်းဟာ အပင်ကွက်ကြားသေလို့ ကာမိအောင် မျိုးစေ့ ပိုကြဲနေရခြင်းပါ။
ကဝမြို့နယ်က ခေတ်မီလယ်သမားတဦးဖြစ်တဲ့ ကိုခိုင်ဇော်ကတော့...
"မျိုးစေ့နှုန်းက အရင်က ၈ ပြည် - ၁၀ ပြည်(၈ လုံးကိုက် -ပြည်) ကြဲရာကနေ ခုက အပင်တွေ အသေများလာတော့ ဒီနှစ် ၁၆ ပြည်လောက်ကြဲနေရတယ်" လို့ ဆိုလာပါတယ်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*
အုန္နဲရွာက နောက်ထပ်တောင်သူကြီးတယောက်ဖြစ်တဲ့ ဦးခင်ဝမ်းကလည်း...
စာရေးသူ ကွင်းဆင်းရင်းနဲ့ သူ့တဲ အလည်ရောက်ရင်း စကားစပ်မိတော့...
" ပဲပင်လေးတွေက စထွက်လာတုန်းတော့ စိမ်းစိုလှပနေပြီး ၁၅-၂၀ ရက်သားရောက်ရင်တော့ အရွက်လေးတွေ ဝါ၊ အောက်ရွက်တွေခြောက်၊ တဖြည်းဖြည်း သေကုန်ရော. ဆရာရေ..အဲဒါဘာဖြစ်လို့ပါလဲဆရာ" တဲ့။
"မှိုသတ်ဆေး တွေရော မဖျန်းဘူးလား..ဦးလေး..." ဆိုတော့..
"ဘယ်နေမလဲ..ဆရာ...
မှိုသတ်ဆေးတွေ စုံနေအောင်ဖျန်းတာ၊ အသေမရပ်ဘူးဆရာရေ..."တဲ့။
စာရေးသူလည်း... သာမန် ခါးရိ/ညှိုးသေ လို့မှတ်ပြီး... မှိုသတ်ဆေးတွေ ညွှန်တော့မလို့...
တောင်သူ့အသံ ကြားလိုက်တော့မှ..ဒီပြဿနာဟာ.. မြေဆီလွှာရဲ့ ပြဿနာ ဖြစ်နိုင်တယ်..လို့ တွေးမိသွားတယ်။
ဆိုတော့ကာ... ကဲ..ဦးခင်ဝမ်းရေ..
ကျနော်ထင်တာမမှားဘူးဆိုရင်..ဦးလေး မြေကြီးတွေ
ပျက်နေပြီ။ လာ..ကျနော်ပြမယ်..ဆိုပြီး
စာရေးသူပါလာတဲ့ pH မီတာလေးနဲ့ အစိုဓာတ်များတဲ့နေရာ ၅ နေရာ တိုင်းကြည့်ပါတယ်။
ပျမ်းမျှ.... ၃.၈ ပဲရှိတယ်။ တွေ့လား ဦးခင်ဝမ်း... မြေကြီးက အက်ဆစ်ဆန်နေပြီ။

မြေချဉ်ခြင်းနှင့် ပဲပင်သေ ပြဿနာ...
တောင်သူ ။ ။ မြေတွေချဉ်တာနဲ့ ပဲပင်သေတာ ဘယ်လို သက်ဆိုင်တာလဲဆရာ..
ဒို့ဦးလေး။ ။ ဒါ..မေးသင့်တဲ့မေးခွန်းပါပဲ...
အရင်ဦးဆုံး မြေချဉ်/ငန် pHအကြောင်း နည်းနည်းရှင်းပြမှဖြစ်မယ်။
pH မှာကိန်းဂဏန်းအရ ၀-၁၄ အထိ ရှိတယ်။ pH-7 ဆိုရင် သမမျှတမှု သင်္ကေတ(Neutral point)..ဖြစ်ပြီး pH -7 ထက် များရင်တော့ မြေငန်၊ pH-7 ထက် နည်းရင်တော့ မြေချဉ်တယ်လို့ မှတ်ပါ။
အနည်းဆုံး pH 6 နဲ့ 8 အကြားမှာ ရှိနေမှ မြေမှန်တယ်လို့ ယူဆနိုင်ပါတယ်။
ဆိုတော့ကား..
အခုနက မေးခွန်းပြန်ကောက်ရရင်..

နောက်တခုက မြေချဉ်ရင် မြေကြီးထဲ ဖော့စ်ဖရပ်၊ ပိုတက်စီယံ၊ ကယ်လ်စီယံ စတဲ့ ဓာတ်ဖိုအိုင်းယွန်းတွေကို အပင်က မစားနိုင်အောင် ထိန်းချုပ်ခံရခြင်းပါ။|
တောင်သူ။ ။ သြော်..ဒါကြောင့် ပဲပင်တွေက အာဟာရချို့တဲ့သလို စဖြစ်လာတာကိုးဆရာရဲ့။
"ဒါပေမဲ့..မှိုသတ်ဆေးဖျန်းရက်နဲ့ ဘာလို့ ဆက်သေရတာလဲ ဆရာ၊ အဲဒါလည်း ရှင်းပေးပါဦး"
ဒို့ဦးလေး။ ။ မြေဆောင်မှိုရောဂါတွေမှာ မှိုသတ်ဆေးနဲ့ နှိမ်နင်းရခက်တဲ့ ရောဂါတွေရှိတယ် ဦးခင်ဝမ်းရဲ့။
ဥပမာ.. ဖျူဆေရီယံ ခါးရိရောဂါနဲ့ Rhyzoptonia လို့ ခေါ်တဲ့ အမြစ်ခြောက်ဆွေး ရောဂါတွေဟာ ကြိုတင်ကာကွယ်နည်းနဲ့သာ အဆင်ပြေပြီး၊ ကုသဖို့ခဲယဉ်းတဲ့မှိုအမျိုးအစားတွေ ဖြစ်ပါတယ်။
တောင်သူ။ ။ မှိုသတ်ဆေးတွေက မစွမ်းဘူးလားဆရာ...။
ဒို့ဦးလေး ။ ။ မှိုဆေးတွေက မစွမ်းလို့တော့မဟုတ်ပါဘူး၊ မှိုရောဂါတွေက ရေသောက်မြစ်ကနေတဆင့် ရေကြောစည်းထဲ ဝင်တိုက်ခိုက်တာရယ်၊ မှိုသတ်ဆေးက ရောဂါရှိတဲ့ဆီကို မရောက်နိုင်တာလည်းပါလို့ မထိရောက်တာပါ။
ကိုခိုင်ဇော်။ ။ ဒါဆိုရင် ဒီပြဿနာရဲ့ သော့ချက်က မြေကြီးပြင်ဖို့အဓိကပေါ့ဆရာ...နော။
ဒို့ဦးလေး ။ သိပ်မှန်တာပေါ့ ကိုခိုင်ဇော်ရေ။ ကျနော်အဓိကပြောချင်တာ အဲဒါပဲ။
တောင်သူအများစုက #မြေကိုမပြင်ဘဲ #အပင်ကိုပြင်နေသမျှ လိုရာပန်းတိုင်နဲ့ ဝေးနေဦးမှာပဲဗျ။
ပဲပင်ကွက်သေတွေကို ဘယ်လိုကျော်လွှားရမလဲ
တောင်သူ။ ။ ကျနော့ကို ရှင်းအောင်ပြောပြခဲ့ပါဆရာ။ လာမယ့်နှစ် ဒီလိုမဖြစ်အောင် ဘယ်လို ကာကွယ်လုပ်ဆောင်ရမလဲ..ဆိုတာ..

ဒို့ဦးလေး ။ ။ သတ္တဝါတိုင်းမှာ အမေ တွေရှိကြသလို၊ ပြဿနာတိုင်းမှာလဲ..အဖြေတွေရှိပါတယ် ဦးခင်ဝမ်းရယ်။
လိုက်နာဆောင်ရွက်ဖို့ပဲ လိုပါတယ်။
တောင်သူ။ ။ မလုပ်လို့မရတော့ဘူးဆရာ.. အနာတခြား၊ ဆေးတခြားဖြစ်ပြီး ကြာရင် လယ် သမားတွေ ဆေးဖိုးနဲ့ မွဲလိမ့်မယ်။
ဒို့ဦးလေး။ ။အကြောင်းမကောင်းခဲ့လို့ အကျိုးမကောင်းတာဆိုတော့ ဖြစ်ရခြင်းအကြောင်းရင်းတွေကို ဖြေရှင်းလိုက်ရုံပါပဲ။ ဆိုတော့...
သဘာဝမြေဆွေးများများ(ချနိုင်သလောက်များများ)ထည့်ပါ။
၁ ဧက အတွက် မဖောက်ထုံး ၅၀ ကီလို ၁၀ အိတ်နှုန်း ၃ နှစ်ဆက်တိုက်ထည့်ပါ။
ထယ်ရေး၊ ထွန်ရေး နက်နက်ညက်ညက် ပြုပြင်ပါ။
မျိုးကောင်းမျိုးသန့် အသုံးပြုပါ
မစိုက်မီ မျိုးစေ့ကို ဆေးလူးစိုက်ပါ။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*
#အင်ဒေါင်း(မက်တလက်ဇီး+အေမီဒါ)
(မက်တလက်ဇီးသည်၊အမြစ်ပုပ်ရောဂါအတွက်အကောင်းဆုံး လူးနယ်ဆေးဖြစ်ပြီး မြေကြီးအတွင်း ကြာရှည်စွာနေနိုင်ပါသည်။)
သို့မဟုတ်
ထရိုင်ကိုဒါးမား/ ရိုင်ဇိုဘီယံ လူးနယ်စိုက်ပါ။
ပေါင်းသတ်ဆေး ဓာတ်ကြွင်းများက၊ မြေကြီးကို ပိုချဉ်စေ/ပိုပျက်စေပါတယ်။
မြေကြီး အတွင်း၊ ဓာတ်ကြွင်းများလျော့ပါးစေရန် အီးအမ် ဘိုကာရှီကဲ့သို့ မြေတွင်းအကျိုးပြု မိုက်ခရုပ်များ မွေးမြူပါ။
ကဲ..ဘယ်နှယ့်လဲ... ဦးခင်ဝမ်း..လုပ်နိုင်ပါ့မလား။
တောင်သူ။ ။ ဖြစ်အောင်လုပ်ရမှာပေါ့ ဆရာရယ်။
အခုလို စိတ်ရှည်လက်ရှည် ရှင်းပြပေးတာကိုပဲကျေးဇူးတင်ပါတယ်..ဆရာ..
ဒီဆောင်းပါးရေးဖြစ်အောင် အစစ ကူညီပေးခဲ့တဲ့ ကဝမြို့နယ်၊ အုန္နဲရွာမှ ကိုခိုင်ဇော်နဲ့ ဦးခင်ဝမ်းကိုကျေးဇူးတင်ပါကြောင်းနဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
စေတနာများစွာဖြင့်
ဒို့ဦးလေး
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#စိုက်ပျိုးရေး
#အစိမ်းရောင်လမ်း
#greenway
#ပဲတီစိမ်း
#အပင်သေခြင်း
https://greenwaymyanmar.com/posts/Greengram_Wilting_Problem

ပဲတီစိမ်းအပင်ကွက်ကြားသေ ဘာကြောင့်ဖြစ်၊ ဘယ်လိုရှင်း...
" ပဲပင်လေးတွေက စထွက်လာတုန်းတော့ စိမ်းစိုလှပနေပြီး ၁၅-၂၀ ရက်သားရောက်ရင်တော့ အရွက်လေးတွေ ဝါ၊ အောက်ရွက်တွေခြောက်၊ တဖြည်းဖြည်း သေကုန်ရော. ဆရာရေ..အဲဒါဘာဖြစ်လို့ပါလဲဆရာ" တဲ့။
📢 ဉာဏ်စမ်းအတွက် အဖြေမှန်လေးတိုက်လို့ရပါပြီရှင့် ♥️
👩🌾 အဖြေမှန်ကတော့ မှိုသတ်ဆေး+ရွက်ဖြန်းအားဆေးနဲ့ ပေါင်းသတ်ဆေး+ ပိုး/အားဆေးတို့ပဲ ဖြစ်ပါတယ်ရှင့်
ကဲဘယ်သူတွေမှန်ကြလဲနော်
ပြောပြပေးသွားကြပါဦး
စိုက်ပျိုးရေးမှာ အသုံးချနေတဲ့ ဓာတုဆေးတွေအကြောင်းနဲ့ အာနိသင်ထိရောက်မှု အကောင်းဆုံးဖြစ်အောင် အသုံးချပုံနည်းပညာတွေကိုတော့ အစိမ်းရောင်လမ်းဆော့ဝဲထဲမှာ ဝင်ရောက်လေ့လာလို့ရပါတယ်ရှင့်
အခုလိုဗဟုသုတကို မင်မင်ဘယ်က သိလဲဆို အစိမ်းရောင်လမ်းက ဆောင်းပါးတွေ ဖတ်ကြည့်ရင်းနဲ့ သိတာပါ
ဗဟုသုတရဖွယ်ဆောင်းပါးတွေ ဖတ်ရှုဖို့ ဘာမှမလိုပါဘူး အစိမ်းရောင်လမ်းဆော့ဝဲလေးပါ လိုတာပါနော်.. 👉📲

🐛ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
ငမြောင်တောင်ပိုးသည် လိပ်ပြာဖလံ အုပ်စုဝင်ပိုးဖြစ်ပါသည်။ ဘဝစက်ဝန်းအရ လောက်ကောင် (ဘောက်ဖတ်) အဆင့်တွင်သာ သီးနှံပင်များကို ဒုက္ခပေးသည်။ ဥ၊ ပိုးရုပ်ဖုံး၊ ဖလံ အကောင်ကြီး အဆင့်များသည် သီးနှံပင်အတွက် ဒုက္ခမရောက်နိုင်ပါ။
အပင်ကိုထိခိုက်သော လောက်ကောင် အဆင့်ဆင့်(instar) ကို အရောင်အနုအရင့်၊ အရွယ်အစား အကြီးအသေးပေါ်မူတည်ပြီး ခွဲခြားသည်။
လောက်ကောင် အရွယ်အစားကြီးပြီး အရောင်အရင့်များသည် ပိုးသတ်ဆေးဒဏ်ကို ပို၍ ခံနိုင်ရည် ရှိပါသည်။
ပုံအရ အစိမ်းရောင် (ကွင်းခတ်ထားသောအဆင့်) အရွယ်သေးသောအဆင့်များတွင် ပျော့သော ဆေးများကိုသာ သုံးပေးပါ။
အနီကွင်းခတ်ထားသည်ကို ဆေးအပြင်းများ သုံးရမည်။ ဆေးအပြင်းအပျော့ မခွဲတတ်ပါက အကြမ်းဖျင်းအားဖြင့်ဆေး ၂၅၀ စီစီ တစ်ဘူးလျှင် ၂၅၀၀၀ ကျပ်ကျော်သည်ဟုပြောလျှင် ပြင်းသည်ဟုသာ ယူဆလိုက်ပါ။
ဘယ် အေအိုင် အသေးစိတ်ဘာညာပြောရမည်ဆိုရင် မြန်မာပြည်အနေဖြင့် ဆေးအမျိုးအစားပေါင်းထောင်ချီရှိသဖြင့် ဖော်ပြရန်အဆင်မပြေ၍ ဖြစ်သည်။
ပိုးသတ်ဆေးများဖျန်းရာတွင် သူ၏ အာနိသင်ပိုထိရောက်ရန်အတွက် ကြိုက်သည့် ကော်ရည်တစ်ခုခု ထည့်ဖျန်းခြင်းဖြင့် ဆေးအစွမ်းပိုထက်နိုင်ပါသည်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*
ငမြှောင်တောင်အတွက် ဆေးဖျန်းချိန်ဆိုပါက ညနေ (၅) နာရီ နောက်ပိုင်းဖျန်းရမည်။ လ မပြည့်မီ ၁ - ၂ ရက်အလိုနှင့် လပြည့်နေ့၊ လပြည့်ကျော် ၁ -၂ ရက်နေ့များတွင် ဖလံများ မိတ်လိုက်တတ်သည့် သဘောရှိသည့်အတွက် ဥသေဆေး အာနိသင်ရှိ profenofos, indoxacarb, thiodicarb ပါသောဆေးတစ်မျိုးမျိုးကို တစ်ကြိမ် လောက်ဝင်ဖျန်းပြီးမှ အေအိုင်အပျော့များ လိုက်ရပါမည်။
ဆေးအပြင်းဖြစ်သည့် ဈေးကြီးသောအေအိုင်များ ဥပမာ Profenofos, Indoxacarb, Chlorantraniliprole, Cytranniliprole, Tetraniliprole, Flubendiamide) တို့ ကို အစောပိုင်းအဆင့် ပိုးကျနည်းသောအချိန်များတွင် ခဏခဏဖျန်းရန် အလွယ်မပေးစေလိုပါ။
ဆေးအပျော့ (Lamda, Emamectin, Cypermethrin သီးသန့်)များဖြင့်သာ ညှပ်သုံးပေးရမည်။
ထိုသို့လုပ်ခြင်းအားဖြင့် ကုန်ကျစားရိတ်သက်သာ၍ ဆေးယဉ်ပါးမှုကို လျှော့ချနိုင်စေပါသည်။ ကျွန်တော်တို့သည် အမြန်သေစေသည့် ဆေးအပြင်းများကို တစ်ခါတည်းအသုံးပြုလိုက်ပါက ပိုးမှာနောက်ရာသီများတွင် ဆေးကို ပိုမိုခံနိုင်ရည်ရှိလာမည် ဖြစ်ပါသည်။
ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံး ပိုးဒဏ်ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းပြုလျက်
ဖုန်းမာန်တိုး (ရေဆင်းရနံ့)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#စိုက်ပျိုးရေး
#အစိမ်းရောင်လမ်း
#greenway
#ငမြောင်တောင်
https://greenwaymyanmar.com/posts/armyworm_each_stages_pesticide

ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
လောက်ကောင် (ဘောက်ဖတ်) အဆင့်တွင်သာ သီးနှံပင်များကို ဒုက္ခပေးသည်။ ဥ၊ ပိုးရုပ်ဖုံး၊ ဖလံ အကောင်ကြီး အဆင့်များသည် သီးနှံပင်အတွက် ဒုက္ခမရောက်နိုင်ပါ။
လာမည့် ၃ ရက်အတွင်း မိုးများ၊ မိုးနည်းနိုင်သည့် ဒေသများ ⛈
============
ဇူလိုင် ၂၁ ရက် ညနေ ၄ နာရီ အချိန်ရရှိသည့်ဒေတာများအရ
🔸 တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းတိုင်ဖွန်းမုန်တိုင်း PRAPIROON(04W) နဲ့ ဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းတိုင်ဖွန်းမုန်တိုင်း GAEMI)05W) တို့သည်တရုတ်ပြည်မကြီးဘက်ကိုပဲ ဦးတည်ရွေ့လျားနေပါတယ်။
🔸 တောင်တရုတ်ပင်လယ်က တိုင်ဖွန်း PRAPIROON(04W)က မနက်ဖန် ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်း/ညပိုင်းမှာ "တရုတ်ပြည်မ-ဟိုင်နန်ကျွန်း"ကိုဝင်ရောက်တိုက်ခတ်နိုင်ပြီး၊ ဖိလစ်ပိုင်ပင်လယ်က တိုင်ဖွန်း GAEMI(05W) က ဇူလိုင် ၂၅ ရက်နေ့မှာ "ထိုင်ဝမ်(တိုင်ပေ)ကျွန်း" အရှေ့ဘက်မှကပ်၍ဖြတ်ကျော်ကာ - ဇူလိုင် ၂၆ ရက်မှာ "တရုတ်ပြည်မ အရှေ့တောင်ဘက်ကမ်းခြေ"ကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*
ဒီမုန်တိုင်းတွေရဲ့အရှိန်သက်ရောက်မှုကို မြန်မာပြည်က တိုက်ရိုက်ခံစားရမှာမဟုတ်သော်လည်း အားပိုကောင်းလာမဲ့ အနောက်တောင်မုတ်သုံလေနဲ့ အရှေ့လေပွေလှိုင်းတွေဝင်ရောက်လာနိုင်မှာကြောင့် နောက်လာမဲ့ ၇၂ နာရီအတွင်း -
"အလယ်ပိုင်းဒေသအချို့၊ တနင်္သာရီတိုင်းတောင်ပိုင်းစွန်ဒေသအချို့နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအချို့မှအပ" ကျန်ပြည်နယ်တိုင်းဒေသတွေမှာ မိုးကြီးနိုင်ပါတယ်။
🔸 မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းစတဲ့ ပြည်န်တိုင်းဒေသတွေမှာ လာမည့် ၃ ရက်အတွင်း စုစုပေါင်းမိုးရေချိန် ၁၀၀မီလီမီတာအထက် မိုးရွာနိုင်ပြီး မိုးများနိုင်ပါတယ်။
🔸 အလယ်ပိုင်းမိုးနည်းရေရှားဒေသ စစ်ကိုင်းတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းဒေသတွေမှာတော့ နေရာကွက်မိုးကြီးနိုင်ပြီး အများအားဖြင့် မိုးအသင့်အတင့်သာရွာနိုင်/မိုးနည်းနေနိုင်ပါတယ်။
🔸 ဇူလိုင် ၂၂-၂၃ ရက်ပြီးမှ ရေထရက်ကျော်ပြီး မြစ်ရေများပင်လယ်ကို ကောင်းကောင်းစီးဆင်းနိုင်မှာမို့ ရေထရက်မကျော်ခင် မိုးလည်းများနေမယ်ဆိုရင် မြစ်ရေအကျနှေးကွေးနေဦးမှာဖြစ်ပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်။
ရေးသားသူ - ဦးဝင်းနိုင်
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
#မိုးလေဝသ
#ရာသီဥတု
#မုန်တိုင်း
#မြစ်https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_july_22_2024024

ဒီတစ်ပတ်အတွက် ဥာဏ်စမ်းလေးလာပါပြီရှင့်
စပါးစိုက်တဲ့ ဦးကြီးတို့ စိုက်ခင်းထဲမှာ ဒီလိုရောဂါလက္ခဏာမျိုးမြင်ဖူးကြလား
ဒီရောဂါက ဆိုးသွားရင် စိုက်ခင်းထဲမှာ မီးလောင်ထားသလားလို့တောင် ထင်ရလောက်အောင် အကွက်လိုက်ခြောက်သွားတာပုံစံမျိုးပါနော်
ဆိုတော့ ဒီနေ့မေးခွန်းက ဒီရောဂါကိုဖြစ်စေတာ မှိုကလား..ပိုးကလား... အာဟာရမလုံလောက်လို့လားပဲဖြစ်ပါတယ်
ဘယ်သူတွေသိကြလဲနော်
သိတယ်ဆိုရင် တခြားသူတွေပါ ဗဟုသုတရအောင် ဖြေပေးသွားကြပါဦးရှင့်
အဖြေမှန်လေးကိုတော့ အစိမ်းရောင်လမ်းက သောကြာနေ့မှာ ဖော်ပြသွားပါ့မယ်..

🐞ရေသောက်မြစ်ကို အဓိကထား၍ ကိုက်ဖြတ်စားသောက်လေ့ရှိသောကြောင့် အပင်ပုခြင်း၊ ဝါခြင်း၊ ညှိုးခြင်း၊ အပင်သေခြင်းတို့ကို ဖြစ်စေသည်။
--------------------____
_____ _______
🥜မြေပဲတွင်ကျရောက်ဖျက်ဆီးသော ဖိုးလမင်း
မြေပဲပင်သည် သဘာဝအားဖြင့် ပိုးမွှားဒဏ်ကို အတိုင်းအတာတစ်ခုအထိ ခံနိုင်စွမ်းရှိ သည်။ ပိုးမွှားကြောင့် မြေပဲအထွက်နှုန်း များစွာလျော့နည်းသည်ဆိုတာ ရှားသည်။ အကြောင်းမှာ မြေပဲအရွက်နှင့် အတောင့်တို့တွင် ပိုးမွှားမကြိုက်နှစ်သက်သော ဓာတုပစ္စည်းများရှိနေခြင်းကြောင့် ဖြစ်သည်။ မြေပဲရွက်မျက်နှာပြင်ပေါ်တွင် အမွှေးများရှိသောကြောင့်လည်း ပိုးမွှားကျရောက်မှု နည်းခြင်းဖြစ်သည်။ သို့သော် မြေပဲမျိုးအလိုက် ခံနိုင်စွမ်းရည်ကွာခြားသဖြင့် ပိုးမွှားအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့တော့ လိုပါသည်။
မြေပဲပင်မှာ ကျရောက်ဖျက်ဆီးတာက ဖိုးလမင်းကျိုင်း၊ ခြ၊ မြေပဲရွက်ထွင်းပိုး (မြေပဲရွက်ကပ်ပိုး)နှင့် မြေပဲပျပိုး စသည်တို့လို့ သိရသည်။ အဆိုပါပိုးမွှားများအနက် ဖိုးလမင်းအကြောင်း ပြောလိုသည်။ ဖိုးလမင်းဆိုတာ ကောင်းကင်က ‘လ’ မဟုတ်ပါ။ လူ၏လက်မအရွယ်ခန့်ရှိသည့် ဖိုးလမင်းပိုးတုံးလုံးကို ပြောလိုခြင်းဖြစ်သည်။ မြေပဲစိုက်ခင်းတွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားတစ်မျိုးဖြစ်ပါသည်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*
မြေပဲစိုက်ခင်းတစ်ခုသို့ရောက်စဉ် ယာသမားကြီးတစ်ဦးက ဖိုးလမင်းအကြောင်း စတင်စူးစမ်းသဖြင့် အပြန်အလှန် အမေးအဖြေတွေ ပြုလုပ်မိပါသည်။
“မြေပဲပင်သက်တမ်းတစ်လျှောက်လုံး အပင်ကြီးထွားမှုအဆင့်တိုင်းမှာ ဖျက်ဆီးလေ့ရှိပါတယ်”
“မြေပဲခင်းမှာ အကွက်လိုက် အပင်တွေသေနေတယ်။ မသေဘဲကျန်တဲ့အပင်တွေက ပုတိုပြီး ညှိုးနွမ်းနေတယ်။ မြေကြီးထဲ တူးဖေါ်ကြည့်တော့ ဖိုးလမင်းကောင်တွေကို တွေ့ရတယ်။ အမြစ်တွေကို ဖြတ်တောက်စားထားတယ်။ မြေပဲအတောင့်တွေကိုလည်း ကိုက်ဖြတ်ဖျက်ဆီးထားတယ်”
ရေသောက်မြစ်ကို အဓိကထား၍ ကိုက်ဖြတ်စားသောက်လေ့ရှိသောကြောင့် အပင်ပုခြင်း၊ ဝါခြင်း၊ ညှိုးခြင်း၊ အပင်သေခြင်းတို့ကို ဖြစ်စေသည်။ ယာသမားကြီးက မေးလာသည်။
“အဲဒီ ဖိုးလမင်းပိုးတုံးလုံး ဘယ်ကလာတာလဲ”
“ကျိုင်းကောင်က လာတာဖြစ်ပါတယ်။ ကျိုင်းကောင်ဆိုတာ ဖိုးလမင်းရဲ့ အကောင်ကြီးဘဝပါ။ နှမ်းပင်မှာကျတဲ့ နှမ်းကျိုင်းနက်နှင့် အတူတူဖြစ်တယ်လို့ သိရပါတယ်။ ကျိုင်းကောင်ရဲ့ လက်ခံပင်တွေကတော့ နှမ်း၊ မြေပဲ၊ ချဉ်ပေါင်၊ မြက်ပင်၊ ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတယ်”
နှမ်းပင်အရွက်များကို ကျိုင်းကောင်တွေက ကိုက်ဖြတ်ဖျက်ဆီးသည်။ ဆိုးရွားစွာကျရောက်ပါက အရွက်ရိုးတန်သာကျန်သည်အထိ ဖျက်ဆီးတတ်သည်။ ပထမဦးဆုံး မိုးဖွဲဖွဲ ရွာပြီးကာစတွင် များပြားစွာ အစုလိုက် ကျရောက်ဖျက်ဆီးလေ့ရှိသည်။ များသောအားဖြင့် ညနေပိုင်းတွင် စားသောက်ဖျက်ဆီးတတ်သည်။ ပိုးတုံးလုံးများသည် အမြစ်များကို ကိုက်ဖြတ်စားတတ်သဖြင့် ဆိုးရွားစွာကျရောက်ပါက အပင်များသေကြေနိုင်ကြောင်း သိရပါသည်။
“ကျိုင်းကောင်ပိုးမဟာ မြေထဲတိုးဝင်ပြီး ဥတွေကို အစုအပြုံအလိုက်အုတယ်။ အဖြူရောင်ပိုးလောက်ကောင်ငယ်လေးတွေ ပေါက်လာတယ်။ တဖြည်းဖြည်းအရွယ်ရောက်လာတော့ ဖိုးလမင်းပိုးတုံးလုံးဖြစ်လာတာပါ”

ဖိုးလမင်းပိုးသည် တစ်နှစ်ဖျက်ဆီးခံရလျှင် နောင်နှစ်တွေမှာလည်း ဆက်လက်ကျရောက်တတ်သည်။ မြေပဲခင်းအနီးရှိ တမာပင်၊ ထနောင်းပင် စသည့်အပင်တို့မှ အရွက်များကို စားသောက်နေထိုင်သောကြောင့် ဖြစ်သည်။ ဘဝစက်ဝန်း မပြတ်ပါ။ ပိုးတုံးလုံးနှင့် အကောင်ကြီးဘဝ ဆက်ခါဆက်ခါဖြစ်နေပါသည်။
သို့ဖြစ်၍ ယာသမားကြီးကို ဖိုးလမင်းကာကွယ်နှိမ်နင်းရေး ဤသို့အကြံပြု ပြောကြားလိုက်ပါသည်။
၁။ မြေပဲနှုတ်သိမ်းပြီးသည်နှင့် စိုက်ခင်းကို ထယ်ရေးနက်နက်ထိုးပါ။ ထယ်ရေးနက်နက်ထိုးခြင်းဖြင့် မြေပေါ်သို့ပေါ်လာသော ဖိုးလမင်းများကို ငှက်များ စားသောက်စေရန်နှင့် ပိုးရုပ်ဖုံးများကိုလည်း ပျက်စီးစေရန် ဖြစ်ပါသည်။
၂။ ဖိုးလမင်းဘဝမဖြစ်မီ ကျိုးကောင်ဘဝတွင် ကျရောက်ဖျက်ဆီးတတ်သော တမာပင်၊ ထနောင်းပင်များကို သင့်တော်သည့် ပိုးသတ်ဆေးဖြင့် ပက်ဖျန်းပါ။
၃။ မြေပဲမျိုးစေ့ကို သင့်တော်ရာပိုးသတ်ဆေးရည်တွင် ရောမွှေခြင်း၊ စိုက်မြောင်းထဲသို့ သင့်တော်ရာပိုးသတ်ဆေး ထည့်ပေးခြင်းတို့ ပြုလုပ်ပါ။
၄။ မြေပဲစိုက်ခင်းပတ်လည်တွင် အမြစ်ဖွာရှိသော နှံစားပြောင်း၊ ဆတ်တို့ကဲ့သို့ အပင်များစိုက်ထားပါ။ အကြောင်းမှာ ထိုအပင်တို့၏အမြစ်များကို ဖိုးလမင်း မကိုက်ဖြတ်နိုင်ပါ။ ထိုအမြစ်များအကြားတွင် ဖိုးလမင်းများ ခိုအောင်းနေသဖြင့် မြေပဲပင်များတွင် ကျရောက်မှုသက်သာစေရန် ဖြစ်ပါသည်။
ဆင်းသီဟ
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#စိုက်ပျိုးရေး
#အစိမ်းရောင်လမ်း
#greenway
#မြေပဲ
https://greenwaymyanmar.com/posts/about_peanut_beetle

မြေပဲတွင်ကျရောက်ဖျက်ဆီးသော ဖိုးလမင်း
ဖိုးလမင်းပိုးသည် တစ်နှစ်ဖျက်ဆီးခံရလျှင် နောင်နှစ်တွေမှာလည်း ဆက်လက်ကျရောက်တတ်သည်။
📢 ဉာဏ်စမ်းအတွက် အဖြေမှန်လေးတိုက်လို့ရပါပြီရှင့် ♥️
👩🌾 အဖြေမှန်ကတော့ မှိုကြောင့်ပဲဖြစ်ပါတယ်ရှင့်
Rhizoctonia solani လို့ဆိုတဲ့ သက်ရှိမှိုကြောင့်ဖြစ်တဲ့ စပါးရွက်ဖုံးခြောက်ရောဂါဟာစပါးစေ့များ အဆန်မတည်ဘဲ ဖျင်းကုန်တာမျိုးအထိပါ ဖြစ်တတ်ပါတယ်နော်
ဘယ်သူတွေမှန်ကြလဲနော် ပြောပြပေးသွားကြပါဦး
အခုလိုဗဟုသုတကို မင်မင်ဘယ်က သိလဲဆို အစိမ်းရောင်လမ်းက ဆောင်းပါးတွေ ဖတ်ကြည့်ရင်းနဲ့ သိတာပါ
ဗဟုသုတရဖွယ်ဆောင်းပါးတွေ ဖတ်ရှုဖို့ ဘာမှမလိုပါဘူး အစိမ်းရောင်လမ်းဆော့ဝဲလေးပါ လိုတာပါနော်.. 👉📲
👩🌾 အဖြေမှန်ကတော့ မှိုကြောင့်ပဲဖြစ်ပါတယ်ရှင့်
Rhizoctonia solani လို့ဆိုတဲ့ သက်ရှိမှိုကြောင့်ဖြစ်တဲ့ စပါးရွက်ဖုံးခြောက်ရောဂါဟာစပါးစေ့များ အဆန်မတည်ဘဲ ဖျင်းကုန်တာမျိုးအထိပါ ဖြစ်တတ်ပါတယ်နော်
ဘယ်သူတွေမှန်ကြလဲနော် ပြောပြပေးသွားကြပါဦး
အခုလိုဗဟုသုတကို မင်မင်ဘယ်က သိလဲဆို အစိမ်းရောင်လမ်းက ဆောင်းပါးတွေ ဖတ်ကြည့်ရင်းနဲ့ သိတာပါ
ဗဟုသုတရဖွယ်ဆောင်းပါးတွေ ဖတ်ရှုဖို့ ဘာမှမလိုပါဘူး အစိမ်းရောင်လမ်းဆော့ဝဲလေးပါ လိုတာပါနော်.. 👉📲
https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_July_2_2024
မိုးဆက်နေဦးမှာမို့ ရေပြန်ကျနိုင်မဲ့ရက် ပိုမိုရှည်ကြာလာနိုင်
___________
__________________
ဇူလိုင်လ လကုန်ရက်၊ ဇူလိုင် ၃၁ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကုန်းတွင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ထပ်မံဖြစ်ပေါ်နိုင်ကြောင်း ECMWF, GFS, ICON, METEOBLUE-NEMS နဲ့ ECMWF ဉာဏ်ရည်တု AI ခန့်မှန်းချက်များမှာ တပြေးညီ တွေ့လာရပြန်ပါတယ်။
ECMWF chart မှာ ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းက စ ပြီး ၆ နာရီမှ ၁၂ နာရီအတွင်း မိုးရေချိန် ၄၀ မှ ၅၀ မီလီမီတာအထိရွာသွန်းနိုင်ကြောင်း(မိုးများနိုင်ကြောင်း)ခန့်မှန်းချက်ထွက်ပေါ်လာတာလဲတွေ့ရပါတယ်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*
လက်ရှိမြစ်ရေကြီးနေတဲ့ဒေသအားလုံးမှာ အထက်ရေကျလာတာထက် မိုးများတာကြောင့် အခြေအနေပိုဆိုးလာတာဖြစ်ကြောင်းလဲ ကြားသိရပါတယ်။ ဇူလိုင်လကုန်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက ကုန်းတဝက်ရေတဝက်လေဖိအားနည်းရပ်ဝန်းက မိုးရွာသွန်းမှုကို ပိုမိုစေဦးမှာဖြစ်ပြီး ရေပြန်ကျနိုင်မဲ့ရက် ပိုမိုရှည်ကြာလာနိုင်တာကြောင့် ရေကြီးရေလွှမ်းနေပြီးဖြစ်သောဒေသများမှ ပြည်သူများ အထူးသတိထားနိုင်ကြပါရန် အသိပေးတင်ပြလိုက်ပါတယ်။
🔸 နောက် ၄ ရက်အတွင်း မိုးရွာနိုင်/နေပူနိုင်တဲ့အခြေအနေကို အောက်ပါ link မှတဆင့် မိမိပြည်နယ်/တိုင်း/မြို့နယ်များအလိုက် ကိုယ်တိုင်ကြည့်ပေးကြပါရန် -
https://www.mmweather.org/divisional-cities-weather
ရေးသားသူ - ဦးဝင်းနိုင်
.
.
.
ဆောင်းပါးများ၊ သတင်းများပြန်လည်ဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#မိုး

လက်ရှိမြစ်ရေကြီးနေတဲ့ဒေသအားလုံးမှာ အထက်ရေကျလာတာထက် မိုးများတာကြောင့် အခြေအနေပိုဆိုးလာတာဖြစ်ကြောင်းလဲ ကြားသိရပါတယ်။
ရေကြီးနစ်မြုပ်မှုတွေမှာ လျှပ်စစ်အန္တရာယ်နည်းတူ လူနဲ့ တိရစ္ဆာန်တွေအတွက် ကြီးမားတဲ့ နောက်ထပ် အန္တရာယ်တစ်ခုကတော့ မြွေအန္တရာယ်ပဲ ဖြစ်ပါတယ်။
_______________
⛈⚡️သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် မွေးမြူရေးသမားများ ဆောင်ရွက်သင့်သည်များ
သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားရမှာဖြစ်သလို အဲဒီ သဘာဝဘေးအန္တရာယ်တွေနဲ့ လက်တွေ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာလည်း မှန်မှန်ကန်ကန် တုံ့ပြန်ဆောင်ရွက် နိုင်ဖို့ လိုအသဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားရမှာဖြစ်သလို အဲဒီ သဘာဝဘေးအန္တရာယ်တွေနဲ့ လက်တွေ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာလည်း မှန်မှန်ကန်ကန် တုံ့ပြန်ဆောင်ရွက် နိုင်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် မုန်တိုင်းနဲ့ ရေကြီးမှု ဘေးအန္တရာယ်တွေ မကျရောက်မီ မွေးမြူရေးသမားတွေဆောင်ရွက်သင့်တဲ့ အကြံပြုချက်အချို့ကို တင်ပြလိုပါတယ်။
တကယ်တော့ သဘာဝဘေးအန္တရာယ် ကျရောက်နေချိန်မှာ မိမိတို့ အသက်ရှင်သန်ရေးအတွက် အားထုတ် နေရမှာမို့ မွေးမြူရေးတိရစ္ဆာန်တွေအတွက် လက်တွေ့ဆောင်ရွက်နိုင်တာ သိပ်မရှိလှပါဘူး။ သို့သော်လည်းပဲ တကယ်ကြုံလာရင် ဘာလုပ်မလဲဆိုတာမျိုး ကြိုတင်စဉ်းစားထာမယ်၊ ကြုံလာချိန်မှာ စဉ်းစားထားတာလေးကို သတိကပ်ပြီး တတ်နိုင်သမျှ ကြိုးစားအားထုတ်ဆောင်ရွက်မယ်ဆိုရင် ဆုံးရှုံးလေလွင့်မှုက လျော့နည်းနိုင်ပါတယ်။ ဒါကြောင့် လာမယ့်ဘေး ပြေးမတွေ့ခင်၊ လာမယ့်ဘေးကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကို ကြိုတင်စဉ်းစားထားနိုင်ဖို့ အခုလို အကြံပြုရတာ ဖြစ်ပါတယ်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*
(၁) ဦးစားပေးအဆင့်အလိုက် ကာကွယ်စောင့်ရှောက်ပါ။
မုန်တိုင်းနဲ့ ရေကြီးမှုတွေ လက်တွေ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ မိမိရဲ့ မွေးမြူရေးတိရစ္ဆာန်တွေနဲ့ အခြား ပိုင်ဆိုင်မှုတွေ ဆုံးရှုံးလေလွင့်မှုမရှိရအောင် ကာကွယ်စောင့်ရှောက်ရမှာ မှန်ပေမယ့် ပထမဦးစားပေးတော့ မဟုတ်ဘူးဆိုတာကို သတိကပ်ထားသင့်ပါတယ်။
အရင်ဆုံး စဉ်းစားရမှာက မိမိကိုယ်တိုင်နဲ့ မိမိရဲ့ မိသားစုဝင်တွေ၊ မိမိတို့ရပ်ရွာက အခြားပြည်သူတွေအပါအဝင် လူသားတွေရဲ့ အသက်တွေကို ပထမဦးစားပေးအနေနဲ့ ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ လူ့အသက်တွေ လုံခြုံမှုရှိပြီးမှသာ တိရစ္ဆာန်တွေနဲ့ အခြားပိုင်ဆိုင်မှုတွေကို ဆက်လက်ပြီး ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။
တိရစ္ဆာန်တွေနဲ့ အခြားပိုင်ဆိုင်မှု တစ်ခုခုကို ကယ်တင်ဖို့ မိမိရဲ့ အသက်နဲ့ အလဲအထပ်လုပ်ရမှာမျိုးဆိုရင်တော့ မလုပ်သင့်ပါဘူး။
(၂) အန္တရာယ်ကို သတိပြုပါ။
မုန်တိုင်းတိုက်ခတ်တာ၊ ရေကြီးတာတွေကြောင့် လျှပ်စစ်ဓာတ်လိုက်မှုဖြစ်စဉ် ဖြစ်နိုင်တဲ့အခြေအနေမှာ ရှိတယ်လို့ သုံးသပ်ရရင် မိမိရဲ့ အိမ်၊ မွေးမြူရေးခြံ စတာတွေကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားသင့်ပါတယ်။
ရေကြီးနစ်မြုပ်မှုတွေမှာ လျှပ်စစ်အန္တရာယ်နည်းတူ လူနဲ့ တိရစ္ဆာန်တွေအတွက် ကြီးမားတဲ့ နောက်ထပ် အန္တရာယ်တစ်ခုကတော့ မြွေအန္တရာယ်ပဲ ဖြစ်ပါတယ်။ ဒါကိုလည်း သတိပြုသင့်ပါတယ်။
(၃) တိရစ္ဆာန်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပါ။
ခွေး၊ ကြောင်နဲ့ သိုး၊ ဆိတ်၊ ဝက် အငယ်လေးတွေကို လူတွေနဲ့အတူ စောင့်ရှောက်ထားနိုင်မလား ဆိုတာ စဉ်းစားကြည့်သင့်ပါတယ်။ စောင့်ရှောက်ထားနိုင်ရင် အတူစောင့်ရှောက်ထားသင့်ပါတယ်။
ရေမကြီးမီ တိရစ္ဆာန်တွေကို ကုန်းမြင့်နေရာတွေကို ရွှေ့ပြောင်းရပါမယ်။
ကုန်းမြင့်နေရာကို ရောက်ရှိသွားပြီဆိုရင်တော့ ကြိးဖြည်ပြီး လွှတ်ထားပေးသင့်ပါတယ်။ ဒါမှသာ တကယ်လို့ အဲဒီနေရာအထိ ရေကြီးလာမယ်ဆိုရင် တိရစ္ဆာန်တွေက ရေကူးလွတ်မြောက်ပြီး အသက်ရှင်နိုင်မှာပါ။
တိရစ္ဆာန်တွေကို ခြံထဲက ခေါ်ထုတ်သွားပြီး ရေလွတ်ရာ ရွှေ့ထားပြီးပြီဆိုရင် သူတို့နေခဲ့တဲ့ ခြံရဲ့ တံခါးကို ပိတ်ထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အချို့တိရစ္ဆာန်တွေဟာ သူတို့ရဲ့ခြံ (ချည်တိုင်) ကို ပြန်လာတတ်တဲ့ အကျင့်ရှိတာကြောင့် ခြံထဲပြန်ဝင်လာပြီး ပိတ်မိနေတာမျိုး မဖြစ်တော့မှာပါ။

(၃) တတ်နိုင်သမျှ အဆက်အသွယ် မပြတ်ပါစေနှင့်။
တယ်လီဖုန်းလိုင်းတွေ ဆက်သွယ်လို့ ရသေးတယ်ဆိုရင် ကြိုတင်သတ်မှတ်ထားတဲ့ (ဘယ်သူက ဘယ်သူ့ဆီ ဆက်သွယ်ရမယ်ဆိုတဲ့) ဆက်သွယ်ရေးလမ်းကြောင်းအတိုင်း အချင်းချင်း သတင်းပေးပို့တာ၊ ဆက်သွယ်တာတွေ ဆောင်ရွက်ရပါမယ်။
(၄) မိမိရဲ့ အခြေအနေကို အသိပေးပါ။
မိမိတို့မိသားစုနဲ့ မွေးမြူရေးတိရစ္ဆာန်တွေဟာ ကယ်ဆယ်ရေးအကူအညီတွေ မလိုအပ်ဘူးဆိုရင် “OK” “ဘေးကင်းလုံခြုံပါသည်” “အဆင်ပြေပါသည်” စသည်ဖြင့် အဝေးကမြင်နိုင်တဲ့ ဆိုင်းဘုတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို အသိပေးသင့်ပါတယ်။
တကယ်လို့ ကယ်ဆယ်ရေးအကူအညီတွေလိုအပ်တယ်ဆိုရင်လည်း “HELP” “ကူညီပါ” အစရှိသဖြင့် မိမိတို့မှာ ကယ်ဆယ်ရေးအကူအညီ လိုအပ်လျက်ရှိကြောင်း အဝေးက လှမ်းပြီးမြင်နိုင်သိနိုင်အောင် ဆိုင်းဘုတ်တွေနဲ့ အသိပေးသင့်ပါတယ်။ (အဲဒီ ဆိုင်းဘုတ်တွေက ကြိုတင်ပြင်ဆင်ထားမှရမှာပါ။)

(၅) ဆက်လက်ဖြစ်ပေါ်နိုင်တဲ့ အခြေအနေကို သိအောင်လုပ်ဆောင်ပါ။
ရင်ဆိုင်ကြုံတွေ့နေရတဲ့ဘေးအန္တရာယ်ဟာ ဘယ်လောက် ဆက်လက်ပြင်းထန်မလဲ၊ ဘယ်လောက် ဆက်ပြီး ကြာရှည်ဦးမလဲ စတာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို ရရှိနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်သလို ဘေးအန္တရာယ်ကျရောက်နေစဉ်မှာလည်း အဲဒီသတင်းအချက်အလက်တွေကို ရရှိနိုင်ဖို့ ဆက်လက် ကြိုးပမ်းနေရပါမယ်။
ဒါမှသာ မိမိနဲ့ မိသားစုအတွက်ရော၊ တိရစ္ဆာန်တွေအတွက်ပါ ဘေးကင်းအောင် ဆက်လက်လုပ်ပြီး ကြံစည်အားထုတ်နိုင်မှာ ဖြစ်ပါတယ်။
ရေးသားသူ - သက်ခိုင်
.
.
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
#သဘာဝဘေးအန္တရာယ်
#မိုးရာသီ
#မွေးမြူရေး
#အစိမ်းရောင်လမ်း
#Green_Way
https://greenwaymyanmar.com/posts/Farm_animals_control_during_disaster

သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် မွေးမြူရေးသမားများ ဆောင်ရွက်သင့်သည်များ
မုန်တိုင်းနဲ့ ရေကြီးမှု ဘေးအန္တရာယ်တွေ မကျရောက်မီ မွေးမြူရေးသမားတွေဆောင်ရွက်သင့်တဲ့ အကြံပြုချက်အချို့ကို တင်ပြလိုပါတယ်။
နောက် ၂၄ - ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ကနေ ကျဆင်းနိုင်တဲ့ မြစ်များနှင့် ဆက်လက်တည်ရှိနိုင်တဲ့ မြစ်များ
___________________
ထိုင်းမိုးလေဝသဋ္ဌာနက ထုတ်ပြန်တဲ့ မိုးလေဝသ chart မှာ ဗီယက်နမ်နိုင်ငံအရှေ့ဘက်ပင်လယ်ပြင်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အိန္ဒိယအရှေ့မြောက်ဘက်ကုန်းတွင်းမှာ လေဖိအားနည်း cell တွေဖြစ်ပေါ်နေပြီး မုတ်သုံမြောင်တန်း(Monsoon Trough)က ဗီယက်နမ်၊ လာအို၊ ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းတွေပေါ်မှာ ဆက်စပ်ဖြစ်ပေါ်နေတာတွေ့ရပါတယ်။
ဒီအခြေအနေကြောင့် နောက်လာမဲ့ ၁၂ နာရီအတွင်း မြန်မာနိုင်ငံအရှေ့ပိုင်း(ရှမ်းပြည်နယ်)၊ ကချင်ပြည်နယ်၊ အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေနဲ့ ရခိုင်ပြည်နယ်မှာ မိုးပိုလာနိုင်ပြီး၊ အနောက်တောင်မုတ်သုံလေအားအလွန်ကောင်းနေတာကြောင့် မြန်မာနိုင်ငံတောင်ပိုင်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာလည်း မိုးဆက်လက်များနေနိုင်ပါမယ်။
🔸 လက်ရှိဖြစ်ပေါ်နေတဲ့ မြစ်ရေအခြေအနေများကိုကြည့်တဲ့အခါ ဧရာဝတီမြစ်ရေက ဇလွန်၊ ဟင်္သာတမြို့တွေမှာ နောက် ၂၄ နာရီ မှ ၃၆ နာရီအတွင်း ပြန်လည်ကျဆင်းနိုင်ကြောင်းတွေ့ရပြီး ငဝန်မြစ်၊ ပဲခူးမြစ်နဲ့ စစ်တောင်းမြစ်ရေတွေကတော့ စိုးရိမ်ရေမှတ်တွေအထက်မှာ ဆက်လက်တည်ရှိနေနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားပါတယ်။
*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*
GFH(Global Flood Hub)မှာ-
🔸 ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြစ်ရေမြင့်တက်မှုများ သတိပေးအဆင့်မှ စိုးရိမ်ရေမှတ်ကျော်လွန်တဲ့ (danger level)အဆင့်ရောက်နေကြောင်းတွေ့ရပြီး၊
🔸 ဧရာဝတီမြစ်ရေက ပဲခူးတိုင်းအနောက်ခြမ်းအစ ပြည်မြို့အောက်ဘက်မြို့များမှာ သတိပေး(warning level)မှ စိုးရိမ်ရေမှတ်(danger level)အထိ ဆက်လက်ရှိနေကြောင်း၊
🔸 ပဲခူးမြစ်နဲ့ စစ်တောင်းမြစ်ဘက်မှာတော့ danger level မှ extreme level(အန္တရာယ်များတဲ့အဆင့်)တွေမှာ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း တွေ့ရပါတယ်။
GFH ကိုအသေးစိတ်ဆက်လက်လေ့လာတဲ့အခါ -
🔸 ပဲခူးမြစ်၊ စစ်တောင်းမြစ်၊ စစ်တောင်း-ပဲခူးတူးမြောင်းရေပြင်များသည် ဩဂုတ်လ ၅ ရက်နေ့မှ ရေပြန်ကျဆင်းရန် မျှော်လင့်နိုင်ကြောင်း၊
🔸 လှိုင်မြစ်ရဲ့ ရေမျက်နှာပြင်သည် ဩဂုတ်လ ၄ ရက်အထိ ပြောင်းလဲမှုမရှိဘဲ အခုအခြေအနေအတိုင်းဆက်လက်ရှိနေနိုင်မှာဖြစ်ကြောင်း(ရေကြီး-ရေလွှမ်းသည့်နေရာဒေသများ ဩဂုတ် ၄ ရက်နေ့အထိ ရေပြန်ကျရန် မျှော်လင်နိုင်မည်မဟုတ်သေး) ဆိုတာတွေ တွေ့ရတဲ့အတွက် .. အများသိရှိနိုင်ပါရန် အသိပေးတင်ပြလိုက်ပါတယ်။
သဘာဝဘေးအပေါင်းမှ အလျင်အမြန် ကင်းဝေးလွတ်မြောက်နိုင်ကြပါစေ။
ရေးသားသူ - ဦးဝင်းနိုင်
.
.
.
ဆောင်းပါးများ၊ သတင်းများပြန်လည်ဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#မိုး
#မိုးလေဝသ
#မြစ်ရေ
#စိုက်ပျိုးရေး
https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_Jul_30_2024

ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာလည်း မိုးဆက်လက်များနေနိုင်ပါမယ်။
ဒီတစ်ပတ်အတွက် ဥာဏ်စမ်းလေးလာပါပြီရှင့်
အမြဲစိုစွတ်နေတဲ့ အခုလိုရာသီမျိုးမှာ ခရုနဲ့ ပက်ကျိ ကျွန်မတို့ဘေးပတ်ဝ်းကျင်မှာ မမြင်ချင်မှ အဆုံးပါနော်
သူတို့ကလေ နှေးကွေးပေမယ့် အလှစိုက်ပန်းပင်တွေနဲ့ ဟင်းသီးဟင်းရွက်အပင်တွေမှာ ကျရောက်လာခဲ့မယ်ဆိုရင်တော့ အချိန်ခဏအတွင်း လျင်မြန်စွာနဲ့ ပျက်စီးအောင် လုပ်ပစ်နိုင်ပါတယ်။
ဆိုတော့ ဒီနေ့မေးခွန်းရဲ့အဖြေကို ဘယ်သူတွေသိကြလဲနော်
သိတယ်ဆိုရင် တခြားသူတွေပါ ဗဟုသုတရအောင် ဖြေပေးသွားကြပါဦးရှင့်
အဖြေမှန်လေးကိုတော့ အစိမ်းရောင်လမ်းက သောကြာနေ့မှာ ဖော်ပြသွားပါ့မယ်..
အမြဲစိုစွတ်နေတဲ့ အခုလိုရာသီမျိုးမှာ ခရုနဲ့ ပက်ကျိ ကျွန်မတို့ဘေးပတ်ဝ်းကျင်မှာ မမြင်ချင်မှ အဆုံးပါနော်
သူတို့ကလေ နှေးကွေးပေမယ့် အလှစိုက်ပန်းပင်တွေနဲ့ ဟင်းသီးဟင်းရွက်အပင်တွေမှာ ကျရောက်လာခဲ့မယ်ဆိုရင်တော့ အချိန်ခဏအတွင်း လျင်မြန်စွာနဲ့ ပျက်စီးအောင် လုပ်ပစ်နိုင်ပါတယ်။
ဆိုတော့ ဒီနေ့မေးခွန်းရဲ့အဖြေကို ဘယ်သူတွေသိကြလဲနော်
သိတယ်ဆိုရင် တခြားသူတွေပါ ဗဟုသုတရအောင် ဖြေပေးသွားကြပါဦးရှင့်
အဖြေမှန်လေးကိုတော့ အစိမ်းရောင်လမ်းက သောကြာနေ့မှာ ဖော်ပြသွားပါ့မယ်..
📢 ဉာဏ်စမ်းအတွက် အဖြေမှန်လေးတိုက်လို့ရပါပြီရှင့် ♥️
👩🌾 အဖြေမှန်ကတော့ ကြက်ဥခွံနဲ့ ကော်ဖီမှုန့်တို့ပဲ ဖြစ်ပါတယ်နော်
ပက်ကျိနဲ့ ခရုတွေခိုအောင်းနေနိုင်တဲ့ သစ်ရွက်ခြောက်ကတော့ အပင်အနီးအနားမှာ ရှိမနေအောင် ဂရုစိုက်ရမှာပဲဖြစ်ပါတယ်ရှင့်
ကာကွယ်နည်းအသေးစိတ်ကိုတော့ ခရုနဲ့ ပက်ကျိတွေကို ကာကွယ်နှိမ်နင်းနိုင်တဲ့ သဘာဝနည်း ၆ မျိုး ဆိုတဲ့ အစိမ်းရောင်လမ်းရဲ့ ဆောင်းပါးကနေလေ့လာလို့ရပါတယ်ရှင့်
ဘယ်သူတွေမှန်ကြလဲနော် ပြောပြပေးသွားကြပါဦး
👩🌾 အဖြေမှန်ကတော့ ကြက်ဥခွံနဲ့ ကော်ဖီမှုန့်တို့ပဲ ဖြစ်ပါတယ်နော်
ပက်ကျိနဲ့ ခရုတွေခိုအောင်းနေနိုင်တဲ့ သစ်ရွက်ခြောက်ကတော့ အပင်အနီးအနားမှာ ရှိမနေအောင် ဂရုစိုက်ရမှာပဲဖြစ်ပါတယ်ရှင့်
ကာကွယ်နည်းအသေးစိတ်ကိုတော့ ခရုနဲ့ ပက်ကျိတွေကို ကာကွယ်နှိမ်နင်းနိုင်တဲ့ သဘာဝနည်း ၆ မျိုး ဆိုတဲ့ အစိမ်းရောင်လမ်းရဲ့ ဆောင်းပါးကနေလေ့လာလို့ရပါတယ်ရှင့်
ဘယ်သူတွေမှန်ကြလဲနော် ပြောပြပေးသွားကြပါဦး
သြဂုတ်လသည် မိုးရာသီစပါးသီးနှံစိုက်ပျိုးပြီးစီးရေး၊ စိုက်ပြီးမိုးစပါးများ အပင်ပြုစု စောင့်ရှောက်ရေး၊ မိုးဦးယာသီးနှံအချို့ရိတ်သိမ်းရေးနှင့် မိုးလယ်ယာသီးနှံများ စိုက်ပျိုးရေး အတွက် အရေးကြီးသည့်လဖြစ်ပါသည်။
သို့ဖြစ်၍ မိုးစပါးနှင့် ယာသီးနှံများစိုက်ပျိုးရိတ်သိမ်းခြင်းဆိုင်ရာတို့ကို အချိန်ရာသီအကိုက် မိုးရွာသွန်းမှုနှင့်အညီ ဆောင်ရွက်သင့်သည်များကို အသိပေးလိုပါသည်။
၁။ ယာသီးနှံများ
နှမ်းလျင်သီးနှံ
အပင်ဖြစ်ထွန်းလျက်ရှိသော နှမ်းလျင်စိုက်ခင်းများ မိုးကြီးရွာသွန်းပါက ရေဝပ်၍ ပျက်စီးမှုမဖြစ်စေရေး ရေထုတ်မြောင်းများပြုလုပ်ထားရှိသင့်သည်။
စိုက်ချိန်စောသည့်နှမ်းလျင်စိုက်ခင်းများ ကောင်းစွာရင့်မှည့်ပြီး ပန်းပွင့်မှုရပ်သွားချိန်၊ အရွက်များအဝါရောင်ပြောင်းပြီး စတင်ကြွေလာချိန်နှင့် သီးတောင့်များ အစိမ်းရောင် ရှိပြီး အစိုဓါတ်အသင့်အတင့်ရှိနေသောအချိန်တွင် ရိတ်သိမ်းရန် ဖြစ်သည်။ ရိတ်သိမ်းမှု လုပ်ငန်းများတွင် အလေအလွင့်နည်းပါးရေး ဂရုပြုဆောင်ရွက်ရန် ဖြစ်ပါသည်။
ရိတ်သိမ်းပြီးနှမ်းလျင်စိုက်ခင်းများတွင် သီးထပ်အဖြစ် ဒုတိယယာသီးနှံ တစ်မျိုးမျိုးကို ထပ်မံစိုက်ပျိုးခြင်းဖြင့် ‘ယာသီးနှံ-ယာသီးနှံသီးနှံ ပုံစံကို ချမှတ်ဆောင်ရွက်နိုင်ပါသည်။
ပဲစင်းငုံသီးနှံ
ပဲစင်းငုံသီးနှံစိုက်ခင်းများ ပေါင်းမြက်ကင်းစင်ရေး ဆောင်ရွက်ရန် ဖြစ်သည်။ ပဲစင်းငုံသီးနှံသည် မိုးခေါင်ခံသီးနှံဖြစ်သော်လည်း ပုံမှန်ဖြစ်ထွန်းကြီးထွားရေးအတွက် ထိုက်သင့်သောမြေအစိုဓာတ်ရှိဖို့လိုသည်။ သြဂုတ်လအတွင်း ရွာသွန်းသည့် မိုးရေကို ထိန်းသိမ်းသည့်အနေဖြင့် ပဲစင်းငုံသီးနှံ စိုက်တန်းများကြားတွင် မိုးရေခံမြောင်းကဲ့သို့ မိုးရေစုဆောင်းနိုင်မည့် ထယ်ရေးစနစ် ဆောင်ရွက်ထားသင့်ပါသည်။
မြေပဲသီးနှံ
သြဂုတ်လတွင် မြေပဲသီးနှံကို စကမြေပဲအဖြစ် အားထားစိုက်သည့်ဒေသများတွင် ဒေသဖြစ်ထွန်းသည့်အထွက်ကောင်းမျိုးကောင်းမျိုးသန့်ကိုရွေးချယ် စိုက်ပျိုးရန်ဖြစ်သည်။ မြေပဲသီးနှံအပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် လိုအပ်သောနိုက်ထရိုဂျင်အာဟာရဓာတ်ကို ရရှိစေရန် မြေပဲသီးနှံအတွက် သီးသန့်ထုတ်လုပ်သော ပဲမြစ်ဖုဇီဝမြေသြဇာနှင့် မျိုးစေ့အား လူးနယ် စိုက်ပျိုးသင့်ပါသည်။
မြေပဲစွယ်ချချိန်ရောက်သည့်စိုက်ခင်းများတွင် အစိုဓါတ်ထိန်းသိမ်းနိုင်ရေး ဆောင် ရွက်သင့်သည်။
ရိတ်သိမ်းချိန်ရောက်သည့်စိုက်ခင်းများတွင်မူ မြေပဲတောင့်များ၏ ၇၀ ရာခိုင်နှုန်း ရင့်မည့်ချိန်ရောက်မှသာ နှုတ်သိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ဖြစ်ပါသည်။
နေကြာသီးနှံ
မိုးလယ်သီးနှံအဖြစ် နေကြာသီးနှံကို သြဂုတ်လအတွင်း စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးမြေသည် နုန်းဆန်သဲမြေ(သို့) သဲနုန်းမြေဖြစ်သင့်ပြီး မြေသားနက်ရှိုင်းသောမြေ ဖြစ်သင့် သည်။ ရွှံ့စေးမြေ(သို့) မြေကျစ်လွှာခံသောမြေများတွင် မစိုက်ပျိုးသင့်ပါ။
အပင်ပေါက်ရာခိုင်နှုန်း ( ၈၀ မှ ၉၀ ) ခန့်ရှိပြီး အထွက်ကောင်း မျိုးသန့်မျိုးစေ့ကို အသုံးပြုစိုက်ပျိုးရန် ဖြစ်ပါသည်။
ချည်မျှင်ရှည်ဝါသီးနှံ
သြဂုတ်လတွင် မိုးနှောင်းချည်မျှင်ရှည်ဝါကို နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ သဲစနယ်မြေ၊ စနယ်မြေစေးတို့တွင် စိုက်ပျိုးနိုင်သည်။ ဆား၊ ဆပ်ပြာ၊ ယမ်းစိမ်း မပေါက်သောမြေ ဖြစ်ရပါမည်။
အထွက်နှုန်းနှင့် ဝါဂွမ်းမွေးအရည်အသွေးကောင်းသည့် ဝါမျိုးကောင်းမျိုးသန့်မျိုးစေ့ များကို အသုံးပြုရန် ဖြစ်သည်။
ဝါအထွက်ကောင်းရရှိစေရန် သဘာဝဓာတ်မြေသြဇာ၊ နွားချေး၊ မြေဆွေးနှင့် ဓာတ်မြေသြဇာများကို တွဲဖက်အသုံးပြုရန် ဖြစ်ပါသည်။
ပဲတီစိမ်းသီးနှံ
မိုးလယ်ပဲတီစိမ်းသီးနှံကို သြဂုတ်လအတွင်း အစိုဓာတ်လုံလောက်စွာရရှိချိန်တွင် စိုက်ပျိုးနိုင်သည်။
အပင်ပေါက်ရာခိုင်နှုန်းကောင်းပြီး အဝါရောင်မိုစေ့ရောဂါခံနိုင်သောမျိုးကို အသုံးပြုရန် ဖြစ်သည်။
ပဲတီစိမ်းသီးနှံအပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် လိုအပ်သော နိုက်ထရိုဂျင်အာဟာရ ဓာတ်ကို ရရှိစေရေန် ပဲတီစိမ်းသီးနှံအတွက် သီးသန့်ထုတ်လုပ်သော ပဲမြစ်ဖုဇီဝမြေသြဇာနှင့် မျိုးစေ့အား လူးနယ်စိုက်ပျိုးသင့်ပါသည်။
စိုက်ပျိုးပြီးပဲတီစိမ်းသီးနှံများ၏အရွက်များ ဝါခြောက်ပြီး အတောင့်များ (၇၅ မှ ၈၅)ရာခိုင်နှုန်း အနက်ရောင်သို့ပြောင်း၍ ခြောက်သွေ့ချိန်တွင် ရိတ်သိမ်းရန် ဖြစ်သည်။ ပဲတီစိမ်းအသီးသီးခြင်းကာလကြာရှည်သဖြင့် လိုအပ်ပါက (၇ ရက်မှ ၁၀ ရက်)လျင် တစ်ကြိမ် အကြိမ်ကြိမ် ရိတ်သိမ်းရန် ဖြစ်ပါသည်။
ရိတ်သိမ်းပြီးပဲတီစိမ်းစိုက်ခင်းများတွင် သီးထပ်အဖြစ် ဒုတိယယာသီးနံတစ်မျိုးမျိုး ကို ထပ်မံစိုက်ပျိုးခြင်းဖြင့် ‘ယာသီးနှံ-ယာသီးနှံသီးနှံပုံစံကို ချမှတ်ဆောင်ရွက်နိုင်ပါသည်။
၂။ မိုးစပါးသီးနှံ
မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့်သော်လည်းကောင်း၊ ဆည်ရေ/သွင်းရေ အခက်အခဲကြောင့်သော်လည်းကောင်း စိုက်ပျိုးခြင်းမပြုရသေးသည့်လယ်မြေများတွင် သြဂုတ်လဆန်းအတွင်း တိုက်ရိုက်မျိုးစေ့ချကာ မိုးစပါးကို စိုက်ပျိုးရန်ဖြစ်ပါသည်။

ပျိုးအဆင်သင့်ရှိ၍ သြဂုတ်လမှာမှ စိုက်ပျိုးရေရရှိမှုကြောင့် မိုးစပါးစိုက်ပျိုးရာတွင် သန်စွမ်းပြီး၊ ပိုးမွှားရောဂါအနာအဆာကင်းသောပျိုးပင်များဖြင့် သြဂုတ်လဆန်းအတွင်း စိုက်ပျိုးရန် ဖြစ်သည်။ ပျိုးသက် ၂၅ ရက်မှ ၃၀ ရက်သားရှိသောပျိုးဖြစ်ပါက အကောင်းဆုံးဖြစ်ပါသည်။
ပျိုးသက်ကြီးပါကလည်း အမြင့်ဆုံးအထွက် (Maximum Yield) ကို မမျှော်မှန်းနိုင် သော်လည်း သင့်တင့်သောအထွက် (Accptable Yield)ကိုတော့ ရရှိနိုင်မည် ဖြစ်သည်။ သို့သော် ပျိုးသက်ရက် ၆၀ ထက်ကြီးသော ပျိုးများကိုမူ အသုံးမပြုသင့်ပါ။
ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase)အတွင်း ရောက်ရှိနေသော စပါးခင်းအများစုကို ပေါင်းမြက်ကင်းစင်စေရေး၊ လယ်ကွက်အတွင်း ရေမပြတ်စေရေး၊ မြေသြဇာအာဟာရ မချို့တဲ့စေရေးနှင့် ပိုးမွှားရောဂါကင်းစင်စေရေးတို့ကို လိုအပ်သလို လုပ်ကိုင်ရန် ဖြစ်ပါသည်။
သြဂုတ်လသည် ဒေသနှင့် ရေမြေအခြေအနေပေါ်မူတည်ပြီး မိုးသီးနှံများအတွက် အပင်ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများ၊ ရိတ်သိမ်းခြင်းလုပ်ငန်းများနှင့် မိုးလယ်သီးနှံများ အတွက် စတင်စိုက်ပျိုးခြင်းလုပ်ငန်းများကို ပြောင်းလဲရာသီမိုးရွာသွန်းမှုနှင့်အညီ အောင်မြင်စွာဆောင်ရွက်ခြင်းဖြင့် သီးနှံအလိုက် မြင့်မားသောအထွက်နှုန်းများကို ရရှိကြစေလိုပါသည်။