မတ်လ. .၂၆ရက် ကြာသပတေး, နေ့ကစပြီး ကျွန်တော့်ဒေသတွင် ဥသြတွန်ပြီဖြစ်သည်။
ဆက်တိုက်ကြားနေရခြင်းမျိုးတော့ မဟုတ်။နေ့ခင်း ၂နာရီဝန်းကျင်လောက်တွင်ပဲ ကြားလိုက်ရပြီး ဒီနေ့ ညနေစောင်းတွင်တော့ ခနကြားလိုက်ရသည်။
ယနေ့ညလည်း လသာလျှက်လေတွေတိုက်နေ၏။
နွေညဆိုသော်ငြား မပူအိုက်သေးသည့် ကျွန်တော်တို့ဒေသမှာ အင်္ကျီရှည်ထူထူတစ်ထည်တော့ ဝတ်နေရသေးပြီး ဂွမ်းစောင် နှစ်ထပ်ခြုံနေရသေးသည်။
ပုံမှန်ပါပဲ ။
ဒီညလည်း အရင်ညတွေအတိုင်း ကျွန်တော် အိပ်မရပါ။တဝေါဝေါတိုက်နေသည့် လေသံကြောင့်လား၊ အဝေးမှ ကြားနေရသည့် ခွေးအူသံများကြောင့်လား ၊ သို့မဟုတ် အမြဲလေးလံဖိစီးနေသည့် ဘဝကြောင့်လား ဘယ်အရာကြောင့်ဟူသည်အား ရေရေရာရာ လက်ညှိုးထိုးပြစရာမရှိ။
ထိုကဲ့သို့ အိပ်ချိန် ကစဥ်ကလျားဖြစ်သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ ဖြစ်ချင်တာ မဖြစ်ခဲ့ရသည်များက တစ်ကြောင်း ၊ ဆုံးရှုံးခဲ့သည့် ပညာရေးလမ်းကြောင်း ၊ မိဘများ၏ စိုးရိမ်တတ်မှုကြောင့် ပိတ်လှောင်ရသည့် နောက်တွင် ကျွန်တော့်ညများဟာ အကျဥ်းကျသွားသည်။
တခါတရံ ငိုသည်။
လေတွေတိုက်သည့် ညများတွင် ပို၍ငိုမိသည်။
ဘာအကြောင်းကြောင့် ငိုနေသလည်း ဆိုသည်အား ဒီတစ်ခါလည်း ကျွန်တော် တိတိကျကျ မပေးတတ်ပါ။
အခွင့်အရေးမရှိတော့သည့် ပညာရေးအပေါ် နှမြောတမ်းတပြီး ငိုမိသည်မှာလည်း ဖြစ်နိုင်သည်။
အိမ်သူအိမ်သားများ၏ အမြဲအဆူခံရမှုကြောင့် ဝမ်းနည်း၍ ငိုသည်မှာလည်းဖြစ်နိုင်သည်။
ပူလောင်ခဲ့ရသည့် အချစ်ဟူသော စိတ္တဇနာမ်၏ ဖိစီးတိုက်ခိုက်မှုကြောင့် ငိုသည်မှာလည်း ဖြစ်နိုင်ပြန်သေးသည်။
တိတိကျကျ မရှိသည့်အကြောင်းနှင့်
တိတိကျကျ ကျလာသည့် မျက်ရည်များအား ကျွန်တော် မတားနိုင်ပါ။
ထာဝစဉ် ချုပ်တည်း ပိတ်လှောင်ရသည့် ကျွန်တော့်စိတ်အား အလိုလိုက်သင့်သည်ဟု ထင်မိသည်။
မငိုပါနဲ့- ဟူ၍ မတားဖြစ်ခဲ့ပါ။
ကျွန်တော့် ခေါင်းအုံးနှင့် ၂ပေသာသာဝေးသော စာအုပ်ပေါ်မှ ဖုန်းအား လှမ်းယူ၍ စခရင်မ် နှစ်ချက်တောက်လိုက်သောအခါ 12:04 AM ဆိုသည့် အချိန်ကိန်းဂဏာန်းအား မြင်လိုက်ရသည်။
ဖရက်ရ်မီး မဖွင့်ပါဘဲ မူလနေရာ စာအုပ်ပေါ် ဖုန်းပြန်ချထားလိုက်သည်။
တပြိုင်နက်တည်းမှာပဲ အစိုးမရသော ကျွန်တော့် ခြေထောက်များဟာ ကုတင်အောက်ရောက်၍ လက်ချောင်းဆယ်ချောင်းပါသော လက်နှစ်ဖက်သည် ပြတင်းပေါက်၏ အဖွင့်အပိတ် ဂလန့်အပေါ် ရောက်ရှိနေပြီဖြစ်သည်။
ယမန်နေ့ညများကဲ့သို့ပင် ညာဘက် တံခါးရွက်ကိုသာ ကျွန်တော် ဖွင့်လိုက်သည်။
လုပ်ထုံးလုပ်နည်း - ဟု ဆိုရမည်ဖြစ်သော ကျွန်တော့်မှေးဖျားသည် ပြတင်းပေါက်ဘောင်ပေါ် ရောက်နေ၍ လေတွေအဆက်မပြတ်တိုးဝင်မှုကြောင့် ကျွန်တော့်ဆံပင်များဟာ လွှင့်နေဆဲပင်။
ရင်ဘတ်အောက်ရောက်နေသော အင်္ကျီဇစ်အား အထက်သို့ ဆွဲတင်လိုက်သည်။
မနာလိုစရာကောင်းစွာ
လဟာ တိမ်မဖုံးမကွယ် ထိန်ထိန်သာနေသည်။
ဒီလိုည
ဒီလိုလေတွေတိုက်၍ ဒီလိုလသာနေတာ မြင်တိုင်း လူတစ်ယောက်ကို သတိရတတ်သည်။
သတိရမိတိုင်း နာကျင်သည်။
နှလုံး၏ အောက်ခြေ ဟိုးးအတွင်းပိုင်းအထိ နာကျင်သည်။
ဤနာကျင်မှုချောက်ထဲ ပြုတ်ကျသွားတိုင်း
လသာ၍လေတိုက်နေမြဲဖြစ်သည်။
သတိရတိုင်း ကျွန်တော်တော့ မေတ္တာမပို့နိုင်။ အဆင်ပြေပါစေ ဟုလည်း ဆုတောင်းမပေးချင်။ ထိုသို့ အဆင်ပြေနေသည်ကိုမြင်တိုင်း ကျွန်တော်ပို ဝမ်းနည်းရသည်။
ကျွန်တော်ပဲ ချစ်ရပြီး ကျွန်တော်ပဲ နာကျင်ရသည်မှာ ဝဋ်ကြွေးများကြောင့် ဖြစ်နိုင်သည်။
ဖြစ်ခဲ့သမျှအပေါ် တရားနဲ့ဖြေပါလို့လည်း ကျွန်တော် ကိုယ့်ကိုကိုယ် မနှစ်သိမ့်တတ်။
သိပ်ကိုခက်ပါသည်။
ဘယ်ကြောင့်များလဲ?
ကျွန်တော် တစ်ယောက်တည်း ပြေးခဲ့ရပြီး ကျွန်တော်တစ်ယောက်တည်း ရှုံးခဲ့ရသည်မှာ ဘာကြောင့်များပါလဲ?
ကျွန်တော်ပဲ ဘာကြောင့် ရုန်းမထွက်နိုင်တဲ့ ဝဲဂယက်မှာ ကူးခတ်နေရတာလဲ?
မနက်ခင်း နိုးထလာတိုင်း အရာအရာ မေ့ပစ်သွားဖို့ ကျွန်တော်ကြိုးစားကြည့်ဖူးတယ်။
သိပ်သနားစရာကောင်းတဲ့ ကျွန်တော်ဟာ ပြန်မရနိုင်တော့တဲ့ ဒီအတိတ်နွံတွေမှာပဲ ရုန်းကန်နေရတော့တယ်။
တဂျက်ဂျက် ကြားနေရတဲ့ စားပွဲတင်နာရီ မိနစ်လက်တံရွေ့လျားသံဟာ ကျွန်တော် မှုတ်ထုတ်လိုက်သည့် အသက်ရှုငွေ့နဲ့ ရောထွေးသွားသည်။
ကျွန်တော် လက်ဖဝါး ဖြန့်လိုက်၏။
ပြီးသည်နှင့် လက်ချောင်းများကို ဆုပ်လိုက်သည်။
ကျွန်တော် လရောင်ကို ဆုပ်ကိုင်လိုက်သော်ငြား လက်တွေ့မှာ ဆုပ်ကိုင်မနေပါ။
သူဟာ. .
ကျွန်တော့်လက်ထဲ ရောက်နေသလိုလိုနှင့် ထွက်ပြေးသွားသည့် လ၏အလင်းရောင်နှင့်တူသည်။
ပိုင်ဆိုင်တယ် ထင်ရပေမယ့်
မပိုင်ဆိုင်နေရသည့် ပုထုဇဥ်။
လေတွေတိုက်လို့ ပိုလွမ်းရသည်။
လသာလို့ပင် ပို၍သတိရသည်။
မုန်းသည်~ဆိုသည်မှာ အဖြေ မဟုတ်သော ကျွန်တော့်၏ အကြောင်းပြချက် ။
သတိရလို့ မုန်းသည်။
မုန်းလို့ကို လွမ်းသည်။
လွမ်းလွန်းလို့ပင် နာကျင်ရသည်။
ကျွန်တော် မျက်လုံးများအား ပိတ်သိမ်းလိုက်တော့ မျက်ရည်စများ စီးကျလာသည်။
ကျွန်တော် မသုတ်ခဲ့ပါ။
နွေညရဲ့လေကြမ်းကြောင့် ခြောက်သွားပါလိမ့်မည်။
ထို့အတူ ငိုနေတဲ့ကျွန်တော့်နှလုံးသားလည်း တဖြည်းဖြည်းတော့ အငိုတိတ်သွားပါလိမ့်မည်။
ဘယ်အချိန် အိပ်ပျော်မလဲ ကျွန်တော် မပြောတတ်သလို လေ ဘယ်အချိန်ထိ တိုက်နေအုံးမလဲဆိုသည်အား မသိချင်တော့ပါ။
ဖွင့်ထားသော ညာဘက်တံခါးကိုသာ ကျွန်တော် ဆွဲပိတ်လိုက်တော့သည်။ ။
- မတ် ၂၈
၁၂:၄၄

❤1
တိမ်ထူသောနေ့တစ်နေ့တွင် သူ့ကို ကျွန်တော် တွေ့ခဲ့သည်။
သူ့မျက်နှာဟာ ကျွန်တော့်နှလုံးသားတွင် ထာဝစဉ် တံဆိပ်ရိုက်နှိပ်လို့ထားသည်။
မူးယစ်ဆေးစွဲသလို ကျွန်တော် သိပ်စွဲလန်းသည်။
သူဟာ ကျွန်တော့်အိမ်မက်များတွင်အမြဲလိုလို ပါဝင်တတ်လာသည်။
ကျွန်တော်နဲ့လည်းမကြာမကြာ ဆုံဖြစ်ခဲ့သည်။
ထိုသို့ ဆုံတိုင်းလည်း တိမ်တွေအမြဲထူနေတတ်သည်။
တိမ်ထူသောနေ့များတွင် ကျွန်တော်သူနဲ့တွေ့ဆုံမည်ဆိုတာ အမြဲသေချာနေတတ်သည်။
ဒီထက်ပိုပြီးသေချာသည်က သူ့တွင် ပိုင်ရှင်ရှိလို့နေခဲ့သည်။
ကျွန်တော့်ရင်ဟာ တိမ်ထူသောနေ့မှာပဲ ပြိုကွဲသွားခဲ့သည်။
မစခင်တည်းက ကျွန်တော်ဟာ ရှုံးခဲ့သည်။
အဲ့သည်နောက်မှာတော့ တိမ်ထူတဲ့နေ့တွေကို ကျွန်တော် မုန်းတတ်လာသည်။
မီးခိုးရောင်တိမ်တွေပြည့်နေတဲ့ မိုးကုတ်စက်ဝိုင်းအောက်ကနေ
ကျွန်တော် ထွက်ပြေးခဲ့သည်။
ကျွန်တော်ပြေးရာနောက် တိမ်တွေဟာအမြဲလိုက်သည်။
မတ်တပ်ရပ်ပြီး ခေါင်းမော့ကြည့်လိုက်တိုင်း မီးခိုးရောင်တိမ်တွေက
အမြဲရှိသည်။ကျွန်တော်လက်လှမ်းမမှီနိုင်တဲ့အမြင့်ဆုံးမှာ
ရှိနေခြင်းဖြစ်သည်။
ကျွန်တော် သိလိုက်ရပါသည်။
မီးခိုးရောင်တိမ်တွေနဲ့တူတဲ့သူ့ကို ကျွန်တော်ဘယ်တော့မှ မုန်းမရသလို၊ထွက်ပြေးတိမ်းရှောင်လို့လည်း မရပါ။
မချစ်မိအောင်ကြိုးစားလည်း အလကားသာဖြစ်သည်။
ထို့အတူပါပဲ။
မိုးကုတ်စက်ဝိုင်းနဲ့မြေပြင်အကွာအဝေးလို သူဟာ
ကျွန်တော်လက်လှမ်းမမှီနိုင်တဲ့ အမြင့်ဆုံးမှာ. . .
💭
-Nu
- မီးခိုးရောင်ဒဏ္ဍာရီ

💔1
နွေအကုန် မိုးအကူးတွင် ပုစဥ်းရင်ကွဲများဟာ ရင်ကွဲသည်အထိ အော်သည်။ဒီရာသီတွင် ကျွန်တော့်ရင်လည်း ကွဲခဲ့ရပါသည်။
ကျွန်တော်သည် ပုစဥ်းရင်ကွဲတစ်ကောင်ဖြစ်ခဲ့သည်။
သေဆုံးမည်မှန်းသိသိလျှက် မိုက်မဲသည့် ပုစဥ်းကောင်ကဲ့သို့ပင်
ကျွန်တော်ဟာ ချစ်ခြင်းတရားကို ရင်ကွဲသည်အထိ မိုက်မဲ့ခဲ့သည်။
အဆုံးသတ်မှာ ကျွန်တော်ဟာ ရင်ကွဲပုစဥ်းတစ်ကောင်ပမာ။ ။
-မေ, ၂၈
၁၀:၄၉ ည

ကမ္ဘာကြီးက သိပ်ကျဥ်းသည်။
နောက်တစ်ကြိမ် သူနဲ့ကျွန်တော်ဆုံပြန်ပြီ။
ခြစ်ခြစ်တောက်ပူနေသော မေလ၏ မွန်းလွဲပိုင်းအချိန်တွင်ဖြစ်သည်။
သူနှင့်ကျွန်တော့်ကြားတွင် မြစ်ကြီးနားမြို့၏ မိန်းလမ်းမကြီးခြားထားသည်။
ဒီလမ်းပေါ်မှာ လူဘယ်နှစ်ယောက်ဖြတ်သန်းပြီးပြီလဲ?
သူနဲ့ကျွန်တော့်ကြားမှာရော လူတွေဘယ်လောက်များဖြတ်ပြီးနေပြီလဲ?
သူ. .ကျွန်တော့်ကို ကြည့်နေသည်။ အရင်ကထက် လူကြီးဆန်သွားသော သူ့မျက်နှာပေါ်တွင် ခန့်မှန်းရခက်သည့်အငွေ့အသက်တစ်ခု ဖြတ်ပြေးနေသည်။
မတင်မကျအငွေ့အသက်ဟု ခေါင်းစဥ်တပ်ရမယ့် ဝမ်းနည်းဝမ်းသာပုံစံမျိုးဖြစ်သည်။
သူ့ညာဘက်လက်ကြားတွင် သောက်လက်စ နာပိုလီ ဆေးလိပ်တစ်လိပ်ရှိနေသည်။
ကျွန်တော် သိပ်သဘောကျခဲ့ရတဲ့ လက်ချောင်းတွေဟာ အရင်လို နူးညံနေသေးရဲ့လား?
တစ်ချိန်က သူ့မျက်လုံးတွေထဲမှာ ရှိခဲ့တဲ့ ကျွန်တော့် အနာဂတ်တွေကတော့ သေဆုံးသွားခဲ့တာ (၅)နှစ်ကျော်ပြီ၊၊
အများကြီး ပြိုလဲခဲ့ရပြီးပြီ။
နှစ်တစ်နှစ်ရဲ့ ၁၁ လ မြောက် နိုဝင်ဘာလမှာ လမ်းခွဲခဲ့တုန်းကတည်းက လမ်းပျောက်ခဲ့ရတဲ့ကျွန်တော့်ညတွေ။
နေသားကျအောင် မနည်းကြိုးစားခဲ့ရတဲ့ ကျွန်တော့်နေ့စွဲတွေ။
အကျင့်ပါနေတာတွေကို မရမက,ဖျောက်ပစ်ခဲ့ရမှုတွေ။
ကျွန်တော်တို့ကြားက ကြိုး~ပြတ်သွားခဲ့တာတော့ ခနလေးပဲ။
ပေးခဲ့တာနဲ့ပြန်ရတညက မညီမျှပါဘူး။
သတိပေးလိုက်သလိုပါပဲ။ဟွန်းတီးသွားတဲ့ကားတစ်စင်းက
လမ်းမပေါ် အရှိန်နဲ့ ဖြတ်ပြေးသွားသည်။
အတိတ်မှာ ကျွန်တော်တို့ ချစ်ခဲ့ကြတယ်။ရယ်မောခဲ့ကြတယ်။
တစ်ယောက်နှလုံးသားတစ်ယောက် ဖလှယ်ခဲ့ကြတယ်။
ပစ္စုပ္ပန်မှာတော့ ကျွန်တော်တို့ဟာ သူစိမ်းတွေဖြစ်သွားခဲ့ကြတယ်။
ခေါ်ခွင့်မရှိ၊ပြောခွင့်မရှိ၊နှုတ်ဆတ်ခွင့်မရှိတဲ့အထိ သူစိမ်းဆန်ခဲ့ကြတယ်။နေကောင်းရဲ့လားလို့တောင် မေးဖို့မရဲလောက်အောင် နှုတ်လေးလွန်းကြတယ်။
ကျွန်တော် အကို့ကို သိပ်ချစ်ခဲ့ပါတယ်။
သိပ်လည်းမုန်းခဲ့ဖူးတယ်။ကျန်းကျန်းမာမာပုံစံနဲ့အသက်ရှင်နေပေးလို့တော့ ကျေးဇူးတင်မိတယ်။
မိနစ်လက်တံ နံပါတ် ၂ ရောက်သွားချိန်မှာ ကျွန်တော် ကျောခိုင်းလိုက်တယ်။

ဒီလောက်ပဲ အကို ။ဒီလောက်ပဲ။
ကျွန်တော်တို့ရေစက်ဟာ ဒီလောက်လေးပဲ။
- မေ ၂၉
ကျွန်တော်တို့ရေစက်ဟာ ဒီလောက်လေးပဲ။
- မေ ၂၉
အပြင်မှာ မိုးတွေရွာနေသည်။
ကျွန်တော့်ရင်ထဲက မတိတ်သေးတဲ့ မိုးရာသီကလည်း တအီအီရွာသည်။
မြန်မာ့ရာသီခွင်က သုံးရာသီ။
ကျွန်တော့်ရာသီဥတုဟာတော့
ထာဝစဉ် မိုးရာသီ။ ။
💭
ဇွန် ၁၅
၁၁:၀၉ (မနက်)

မိုးရေတွေနှင့်စတင်သည့် ဇူလိုင်လရဲ့ မနက်ခင်းတွေဟာ အေးစက်စက်နိုင်လွန်းသည်။
ဖျားနာနေဆဲဖြစ်တဲ့ ကျွန်တော့်နှလုံးသားဟာလည်း
အခုထိ အအေးမိနေဆဲ။
ဘိုင်အိုဂျက်ဆစ်လည်း မကယ်နိုင်။
မိုးရေထဲမှာ အမြဲလမ်းပျောက်နေတဲ့အတွက်လည်း
ကယ်တင်မယ့်သူ မရှိနိုင်။
မိုးကုတ်စက်ဝိုင်းတစ်ခုလုံး မှောင်မည်းပြီး
တိမ်တွေငိုချိန်တိုင်းမှာ ကျွန်တော်လည်း အမြဲငိုဖြစ်ခဲ့တယ်။
ညနက်နက်တွေမှာ မိုးတွေသည်းကြီးမည်းကြီး
ရွာချတိုင်း အိပ်မရခဲ့တဲ့အခါ ရင်ခွင်တစ်စုံကို
ပြန်ရှာဖွေမိတယ်။
တံခါးပိတ်သွားတဲ့ ရင်ခွင်ကိုသာ ကျွန်တော်တွေ့ခဲ့တယ်။
💭
- ဇူလိုင် ၂
၃:၃၅

အရင်နေ့များကလိုပင်. .
ဇူလိုင်လရဲ့ ပဥ္စမမြောက်နေ့မှာ အိပ်ရာကနိုးထလာတာနဲ့
သူ့ကို သတိရသည်။
စံပယ်တွေဟာ ထာဝစဥ်မွှေးသည်။
သူ ပန်ပေးခဲ့ဖူးတဲ့အချိန်ကို တမ်းတမိတော့ အပြင်မှာ မိုးတွေရွာနေသည်။
သူ့အတွက် ထီးတစ်ချောင်းဆက်ဖြစ်ချင်သည်။
နာကျင်စရာကောင်းစွာ ကျွန်တော်ဟာ သူ မလိုတော့သည့်
ထီးအဟောင်းလေးသာ ဖြစ်တော့သည်။
-ဇူလိုင် ၅
၅:၃၂ ၊မနက်