ဘယ်သူမဆိုကိုယ်ချစ်တဲ့သူတစ်ခြားတစ်ယောက်နဲ့ ချစ်သွားမှကြောက်ကျတာပဲလေ အဲ့လိုခံစားချက်ကြီးက မင်းတို့ထင်ထားတာထပ် အဆပေါင်းများစွာပိုနာကျင်ရတယ် ပင်ပန်းတယ်ကိုယ်နဲ့မပျော်တဲ့သူကို ပျော်နိုင်မဲ့သူလက်ထဲထည့်ပေးရတာ
သူပျော်ရင် ကိုယ်ပျော်တယ်ဆိုတာ အလကားပါ ကိုယ်ချစ်တဲ့သူ တစ်ခြားတစ်ယောက်နဲ့ပျော်နေတာ မြင်ရင် ဘယ်သူကပျော်နေမှာလည်း သူဖြစ်ချင်တာဖြစ်ခွင့်ပေးရတာလည်း တစ်ခါတစ်ရံမှာ လက်ကိုင်ရိုး မရှိတဲ့ ဓားနဲ့ လှီးနေရသလိုပဲ ဟင်းတစ်ခွက်ရဖို့ ကိုယ့်လက်ပါရှတယ်