ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့သော စစ်မှုထမ်းဥပဒေ အသုံးချ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်
#NUG_Myanmar

👍33👏6
Forwarded from Khit Thit Media
မုံရွာမြို့ပေါ်တွင် စစ်သား ၂ ဦးကို အနီးကပ် ပစ်ခတ် တိုက်ခိုက်မှု သေနတ် ၂ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် အကြမ်းဖက် စစ်သား ၂ ဦးကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ - TLWDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ပေါ် တစ်နေရာ၌ စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်သား ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး က အနီး ကပ် ပစ်ခတ် တိုက်ခိုက်ပြီး MA 3 သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“အတိုနဲ့ ကပ်ပစ်ခဲ့တာဗျ၊ နေရာမှာတင် လဲကျသွားတယ်၊ အသေပစ်မယ်ဆိုရင်တော့ ရတယ်၊ အရွယ် တွေက ၆၀ လောက်နီးပါးရှိတဲ့ တစ်ယောက်ရယ်၊ ၄၀ ၊ ၅၀ လောက်ရှိမယ် တစ်ယောက်က လက် မောင်းမှန်တယ်၊ တစ်ယောက်က ဗိုက်မှန်တယ်၊ အသက်ကြီးတဲ့သူတွေဖြစ်တာရယ် ရည်ရွယ်ချက် ကလည်း ရန်သူ့လက်နက်၊ ကိုယ်လက်နက်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် လက်နက်ပဲ ယူပြီး ထွက်လာခဲ့တာ အသေပစ်မယ်ဆိုရင်တော့ ရတယ်” ဟု သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ - TLWDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့ - TLWDF နှင့် Monywa M4 တပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် မုံရွာမြို့ပေါ်တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စာရင်း ကောက်ခံနေမှုရှိကြောင်း သိရသည်။

👍37❤5🥰1👏1
Forwarded from Rangoon Scout Network (RSN)
သာကေတ
*
သာကေတ ၁၀ မြောက်၊ ရတနာပုံ-၁ လမ်းထိပ်မှာ အရပ်ဝတ် လွယ်အိတ်လွယ်၊ ရဲခွေးဗိုလ်လေးအဆင့်ရှိသူ ၁
(ပခုံးမှာ ချီးပုံ တစ်ပုံတစ်ပုံတင်ထား) + အရပ်ဝတ်ရဲခွေးတပ်သား ၁ ဆိုင်ကယ် အနီတစ်စီးနဲ့
ကြက်ကင်ဆိုင်မှာ သတင်းရယူနေခဲ့
(လူငယ်များကိုဖမ်းဆီးဖို့သတင်းယူနေတဲ့ပုံစံလို့ယူဆရ)
*
7:28 PM
📬 @Inform_RSN

👍22🤬5👎2
မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်းစီးပွါးရေး
မင်းအောင်လှိုင်နဲ့ သားသမီးနှစ်ဦးကတော့ ပိုင်ဆိုင်မှုတွေကို သိမ်းကြုံးစုဆောင်းနေကြပါတယ်။ သူ့သားအောင်ပြည့်စုံနဲ့ ခင်သီရီသက်မွန်တို့ဟာ ဖခင်စစ်ခေါင်းဆောင်ဖြစ်လာချိန်ကစပြီးစီးပွါးရေးအင်ပါယာတွေထူထောင်ကြပါတယ်။ မိသားစုစီးပွါးရေးကို အောင်ပြည့်စုံက စီမံပါတယ်။ ရည်မှန်းချက်ကြီးပေမဲ့ အရည်အချင်းမမှီလို့ ဘေးထုတ်ခံထားရတဲ့ ဗိုလ်ချုပ်တစ်ဦးကို အသုံးချပြီး သူ့ဖခင်ရဲ့ ရာထူးကနေ ဘယ်လိုအကျိုးအမြတ်ရှာရမလဲဆိုတာကို ကျွမ်းကျင်သူဖြစ်ပါတယ်။
မင်းအောင်လှိုင်ကို မြန်မာစစ်တပ်ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ချိန်မှာ အောင်ပြည့်စုံဟာ ဓာတ်ပုံပညာကို လက်ဆော့နေချိန်ပါ။ သူဟာရန်ကုန်မှာ ပန်းချီနဲ့ ဓာတ်ပုံပြပွဲတွေ စီစဉ်ပါတယ်။ ပြည်သူ့ရင်ပြင်က Yangon Gallery ဆိုတဲ့နေရာကို သူပိုင်ပါတယ်။ စားသောက်ဆိုင်ကောင်းကောင်းတစ်ခုကိုလဲ ပိုင်ပါသေးတယ်။ ဒါတွေဟာ စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်နဲ့ တွေ့ဆုံတုန်းက သူ့ပိုင်ဆိုင်မှုတွေပါ။ မင်းနိုင်ဟာ တိုင်းမှူရာထူးကို လိုချင်ပေမဲ့လဲ ခြေမြန်တပ်မမှု ဘဝမှာ မအောင်မြင်တာကြောင့် စစ်တပ်ရဲ့ အိမ်ခြံမြေပိုင်ဆိုင်မှုတွေကို ကြီးကြပ်ရတဲ့တပ်မှာ နိဂုံးချုပ်သွားပါတယ်။ ဒီလိုအချိန်မှာ အောင်ပြည့်စုံဟာ သူ့အတွက် ခေတ်ကာလအရ အသုံးချစရာဖြစ်လာပါတယ်။ ဓာတ်ပုံဆရာဖြစ်မယ့် မင်းအောင်လှိုင်ရဲ့သားကို စစ်တပ်ပုံစံ စီးပွါးရေးလုပ်နည်း သင်ပေးလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး မင်းနိုင်ဟာ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပါတယ်။ သူဟာအခုချိန်မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းသူအဖြစ် ဆက်ရှိနေပြီး ဒီဇင်ဘာလက တရုတ်နိုင်ငံကူမင်းမြို့မှာ ညီနောင်မဟာမိတ်တွေနဲ့ ဆွေးနွေးတဲ့ ငြိမ်းချမ်းရေးပွဲမှာ ပါဝင်ပါတယ်။ မင်းနိုင်ဟာ စစ်ထောက်ချုပ်ရုံးမှာ ရှိတုန်းက အောင်ပြည့်စုံကို ဂေါက်ကွင်းခေါ်သွားပြီး စီးပွါးရေး အကြံတွေ ပေးပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွါးရေး ကော်ပိုရေးရှင်း MEC က အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေကို သူ့ဖခင်အရှိန်အဝါသုံးပြီး ရယူဖို့ အောင်ပြည့်စုံကို ကူညီခဲ့ပါတယ်။ မင်းနိုင်ဟာ ကန်ထရိုက်လုပ်ငန်းတွေကို အောင်ပြည့်စုံရဲ့ ကုပဏ္ဍီကို ပေးပြီး ဒီကုပဏ္ဍီက တပ်ချုပ်သားပိုင်တဲ့ ကုပဏ္ဍဖြစ်ကြောင်းပြောတယ်လို့ စစ်ထောက်ချုပ်ရုံးနဲ့ နီးစပ်တဲ့ စီးပွါးရေးသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ စစ်ထောက်ချုပ်ရုံးနဲ့ အောင်ပြည့်စုံတို့ ပူးပေါင်းဆောင်ရွက်တဲ့ အောင်မြင့်မိုရ်မင်း အာမခံလုပ်ငန်းလဲ ဖန်တီးပေးခဲ့ပါတယ်။ အကျိုးအမြတ်ခွဲဝေတာကို အများပြည်သူ မသိရပေမဲ့လည်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေဟာ ထိုကုပဏ္ဍီမှာ အလုပ်လုပ်နေရပြီး စစ်သားတွေဟာ အောင်မြင့်မိုရ်မင်းရဲ့ အသက်အာမခံကို မဝယ်မနေရ ဝယ်ရပါတယ်။ မင်းနိုင်ဟာ အောင်ပြည့်စုံကို ခရိုနီတွေနဲ့ မိတ်ဆက်ပေးပြီး သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တာတွေကနေ အကျိုးအမြတ်တွေ ရရှိစေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အောင်ပြည့်စုံဟာ မင်းနိုင်ဆီက အကြံတောင်းစရာမလိုတော့ပဲ သူ့ရဲ့စီးပွါးရေး အဆက်အသွယ်ကွန်ယက်ကို ထူထောင်လိုက်ပါတယ်။ အောင်ပြည့်စုံနဲ့ ခင်သီရီသက်မွန်တို့ဟာ စစ်တပ်လေယာဉ်တွေ အပါအဝင် နိုင်ငံပိုင်ပစ္စည်းတွေကို သူတို့ရဲ့ ပုဂ္ဂလိက ကိစ္စတွေအတွက် သုံးကြတယ်လို့ စစ်တပ်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီး မကြာခင်မှာ အမေရိကန်ဘဏ္ဍာရေးဌာနက မင်းအောင်လှိုင် သားနဲ့သမီးပိုင်တဲ့ လုပ်ငန်းခြောက်ခုကို အရေးယူပိတ်ဆို့လိုက်ပါတယ်။ အောင်ပြည့်စုံပိုင်တဲ့ လုပ်ငန်း ၄ ခုက A&M MAHAR Co.,Ltd, SkyOne Construction, Yangon Restaurant, Yangon Gallery တို့ ဖြစ်ပါတယ်။
ခင်သီရီသက်မွန် ပိုင်တဲ့ လုပ်ငန်းနှစ်ခုက EEVERFIT Gym company နဲ့ ရုပ်ရှင်ထုတ်လုပ်ရေး Company 7 sense တို့ဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီမောင်နှမဟာ မြန်မာမှာ ကဏ္ဍအားလုံးပါဝင်တဲ့ စီးပွါရရေး ကွန်ယက်ကို နောက်ကွယ်ကချုပ်ကိုင်နေတာပါ။ လုပ်ငန်းတွေကတော့ Stellar Seven ဖျော်ဖြေရေး Co., Ltd, ချောင်းသာကမ်းခြေက Azura Beach Resort အပန်းဖြေစခန်း၊ Mytel ဆက်သွယ်ရေး၊ ဘုန်းမြတ်ပြည့်စုံ ကုန်သွယ်ရေး Co., Ltd၊ Joox Myanmar ဂီတထုတ်လွှင့်ရေး၊ Pullman ဟော်တည်လုပ်ငန်း၊ ငြိမ်းချမ်းပြည့်စုံ ဘက်စ်ကားလိုင်း၊ မြန်မာစစ်သူကြီး၊ မင်းတရားကြီး၊ Windy Sky၊ True Golf၊ ငြိမ်းချမ်းပြည့်စုံ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်ရေး Co.

👍35❤3
, Ltdတို့ ဖြစ်ပါတယ်။ တင်ဒါခေါ်တဲ့အခါမှာလဲ တခြားစီးပွါးရေးလုပ်ငန်းတွေဟာ အောင်ပြည့်စုံပိုင်တဲ့ လုပ်ငန်းတစ်ခုကဝင်ပြီး ယှဉ်ပြိုင်တယ်ဆိုတာသိရရင် အလုပ်ရှုပ်ခံပြီး မပြိုင်တော့ပဲ ထိုတင်ဒါကိုစွန့်လွှတ်လိုက်ကြပါတယ်။ တင်ဒါစီစစ်အကဲဖြတ်ရေး ကော်မတီကလဲ ဘယ်ကုပဏ္ဍီကို ကန်ထရိုက်ပေးရမလဲဆိုတာသိနေကြပါပြီ။ အောင်ပြည့်စုံရဲ့ ကုပဏ္ဍီတွေဟာ လက်နက်ဝယ်တာကစလို့ စစ်ဝတ်စုံပေးသွင်းတာထိပါဝင်တဲ့ စစ်တပ်နဲ့ပတ်သတ်တဲ့ စီမံကိန်းတွေဆီကလဲ အကျိုးအမြတ်အများကြီးရှိပါတယ်။ မင်းအောင်လှိုင်ရဲ့ ညာလက်ရုံး ဒုဗိုလ်ချုပ်ကြီးညိုစောကလဲ အောင်ပြည့်စုံရဲ့ ကုပဏ္ဍီကြီးထွားလာအောင် ကူညီပါတယ်။ ဒါကြောင့်လဲ ညိုစောဟာ အငြိမ်းစားယူပြီးတာတောင် မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်းဥက္ကဌရာထူးကို ဆက်လက်ထိန်းသိမ်းနိုင်တာပါ။ သူဟာ မင်းအောင်လှိုင်မိသားစုရဲ့ အကျိုးစီးပွါးတွေကို အဓိက ကာကွယ်ပေးနေရသူဖြစ်ပါတယ်။
မင်းအောင်လှိုင်ရဲ့နေအိမ်ဟာ အမှတ် ၁၄ အင်းယားလမ်း ရန်ကုန်မှာ ရှိပါတယ်။ တစ်ချိန်က စစ်တပ်ဧည့်ဂေဟာဖြစ်ခဲ့ပေမဲ့လဲ အပိုင်ယူလိုက်တာပါ။ Lotte International Hotel အနီး ၆ မိုင်ခွဲနဲ့ ကန်သာယာဆေးရုံတွေမှာလဲ သူ့ရဲ့ အကျိုးစီးပွါးတွေရှိနေပါတယ်။ မကြာခင်က အင်းယားလေးလို့ခေါ်တဲ့ ကျွန်းကိုလဲ အောင်ပြည့်စုံ ရှယ်ယာရယူလိုက်ပါတယ်။ ဒီနေရာဟာ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေအနီး ၆ မိုင်ခွဲက သူ့အိမ်နားမှာရှိတာပါ။ အကြီးမားဆုံးအဆင့်မြင့် ကွန်ဒိုဖြစ်တဲ့ တောင်ဥက္ကလာပမြို့နယ် စစ်တပ်ပိုင် ပါရမီကားဂိတ်နားက Inno City Hotel မှာလဲ မင်းအောင်လှိုင်မိသားစုဟာ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားပါတယ်။
စစ်တပ်ပိုင်မြေတွေကို စစ်ထောက်ချုပ်ရုံးက အဓိကစီမံပါတယ်။ မင်းအောင်လှိုင် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာတဲ့ အခါမှာ စစ်တပ်ပိုင်မြေတွေရဲ့ မြေပုံကိုကြည့်ဖို့ တောင်းဆိုပါတယ်။ ဒီမြေပုံကို လူအနည်းငယ်ပဲ ကြည့်ခွင့်ရှိပြီး ထိုသူတွေကတော့ စစ်တပ်အကြီးအကဲ၊ စစ်ထောက်ချုပ်နဲ့ ဒုတိယ စစ်ထောက်ချုပ်တို့သာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ထိုစဉ်က တောင်းဆိုတာကို စစ်ထောက်ချုပ်ရုံးက လုံခြုံရေးအကြောင်းပြချက်နဲ့ ပယ်ချလိုက်ပါတယ်။ အခုချိန်မှာတော့ ဒီမြေပုံကို သူပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။
#the_irrawaddy

👍45❤1
Forwarded from Khit Thit Media
နတ်မောက်မြို့နယ်တွင် အရပ်ဝတ်ဖြင့် ခရီးသွားရန် ထွက်လာသည့် အမှတ် ၂ ပင်မဆက်သွယ်ရေးတပ်ရင်းမှ ဗိုလ်မှူး ဘစိုင်း ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွှေပန်းတောနှင့် ဂွေးကုန်းရွာအကြားရှိ အမှတ် ၂ ပင်မဆက်သွယ်ရေးတပ်ရင်းမှ ဗိုလ်မှူးဘစိုင်းကို ပစ်ခတ် ရှင်း လင်းခဲ့ရာ နေရာတွင်ပင်သေဆုံးသွားကြောင်း နတ်မောက်မြို့နယ် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က နတ်မောက်မြို့နယ်၊ ရွှေပန်းတောနှင့် ဂွေးကုန်းရွာအကြားရှိ အမှတ် ၂ ပင်မဆက်သွယ်ရေးတပ်ရင်းမှ ဗိုလ်မှူးဘစိုင်းသည် ပုဂံသို့ ရထားဖြင့် သွားရန် သားမျှားဘူတာသို့ ဆိုင်ကယ် ဖြင့် ထွက်လာကြောင်း၊ ဂွေးကုန်းကျေးရွာ တောင်ဘက် တစ်ဖာလုံခန့်အကွာအရောက် တော်လှန်ရေးတပ်ဖွဲ့က အရပ်ဝတ်ဖြင့် သွားလာနေသော ဗိုလ်မှူးဘစိုင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို နတ်မောက်မြို့နယ် တောင်လှန်ရေးတပ်ဖွဲ့များက သတင်းရရှိ၍ ကြို တင် စောင့် ဆိုင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး။

Forwarded from People's Spring
မြို့ပျက်ကြီးသဖွယ်မြင်တွေ့ရသည့် ကော့ကရိတ်မြို့
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ် များ မီးလောင်ပျက်စီးခဲ့ပြီး မြို့ပျက်ကြီးသဖွယ်မြင်တွေ့ရသည်။ ဖေဖော်ဝါရီ ၂၁ရက် ညနေ ၅ နာရီမှစ၍ ည ၁၀နာရီဝန်းကျင်အထိ ကော့ကရိတ်မြို့ အမှတ် (၇) ရပ်ကွက်အနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ရာမှ အမှတ် (၄)ရပ်ကွက်၊ အထက်ရွာ၊ ရှုခင်းသာလမ်း၊ တောင်သူစုနှင့် အမှတ်(၇)ရပ်ကွက်တို့မှ နေအိမ်များပျက်စီးခဲ့ရသည်။ အဆိုပါ တိုက်ပွဲဖြစ်ပြီးနောက် မြို့ပျက်ကြီးသဖွယ်ဖြစ်နေသော ကော့ကရိတ်မြို့၏ ယမန်နေ့(ဖေဖော်ဝါရီ ၂၃ရက်)က တွေ့ရသည့်မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။
ဓာတ်ပုံ - Yebaw Shanlay/FB
👍31😢9❤1
Forwarded from Blood Money- သွေးစွန်းငွေ
မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့တဲ့ သင်္ဘောတွေကို P&I အာမခံပေးနေတဲ့ ကုမ္ပဏီ (၅) ခုရှိပါတယ်. အဲ့ဒီကုမ္ပဏီတွေကတော့ (၁) UK P&I, (၂) Steamship Mutual, (၃) Britannia P&I, (၄) North Standard နဲ့ (၅) Shipowners’ Club တို့ပဲဖြစ်ပါတယ်။ ဒီအာမခံကုမ္ပဏီတွေက မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှုမှာ အဓိကကျတဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ အာမခံမရှိဘဲနဲ့ လေယာဉ်ဆီတင်ပို့လို့မရပါဘူး။
၂၀၂၂ ဖေဖော်ဝါရီမှာ ဗြိတိသျှအစိုးရအနေနဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်ပို့မှုမှာ ပါဝင်နေတာကို ရှောင်ရှားဖို့ လမ်းညွန်ချက်ကို အဲ့ဒီကုမ္ပဏီတွေအတွက် ထုတ်ပြန်ခဲ့ပေမယ့် ကုမ္ပဏီတွေက လျစ်လျူရှုထားဆဲဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုဆီကို လေယာဉ်ဆီတွေရောက်ရှိပြီး မြန်မာပြည်သူတွေကို လေကြောင်းတိုက်ခိုက် သတ်ဖြတ်မှုတွေအတွက် အသုံးပြုမှုမှာ သိပေမယ့်လည်း ကုမ္ပဏီတွေအနေနဲ့ အကျိုအမြတ်ကို စစ်အုပ်စုဆီ လေယာဉ်ဆီဆက်ပို့နေဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
#BanJetFuelExportsToMM
#StopJetFuelSalesAndShipmentInsuranceToMM
#BloodMoneyCampaignMM

👍15❤1