အာဏာရှင်ဖြုတ်ချရေး သတင်းစုံ
7.39K subscribers
2.79K photos
119 videos
2 files
361 links
အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်
Download Telegram
Breaking News

ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)ရဲ​ဘော်များ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ်အသွင်ယူပြီး တိုင်းစစ်ဌာနချုပ်အတွင်း ဝင်​ရောက်တိုက်ခိုက်

▪️စစ်​ကောင်စီ၏ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ၊ အရာခံများ ထိခိုက်ဒဏ်ရာရဟု ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)ပြော

ဒီးဒီ/People’s Spring

ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲ​ဘော်များသည် တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသွင်ယူဝင်​ရောက်ပြီး တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် ပကဖ(အထူးတပ်ဖွဲ့)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ယနေ့ သောကြာ​နေ့ ​နေ့လယ်​ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီးရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာသို့ ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြင်းအားမြင့် အ​ဝေးထိန်းမိုင်းဖြင့် ​​အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

ရန်ကုန်ပကဖ(အထူး​ထောက်လှမ်း​ရေးအဖွဲ့)အသွင်ယူ ရဲ​ဘော်များထံမှ တိုင်းစစ်ဌာနချုပ်သို့ စစ်​​ကောင်စီ၏ ကစထ(၅)မှူး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့်အဖွဲ့ လာ​ရောက်မည်ဖြစ်​ကြောင်း၊ ၎င်းအပါအဝင် စစ်​ကောင်စီဝန်ကြီးအချို့၊ ရန်ကုန်တိုင်း စစ်တိုင်းမှူးနှင့် မြို့​တော်ဝန်၊ အခြား တပ်ဘက် အရပ်ဘက်အရာရှိကြီးများ ​လာ​ရောက်ရန်ရှိကြောင်း အတွင်းသတင်းအတိအကျ ​ပေးပို့လာသည့်အတွက် ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲ​ဘော်များက တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသွင်ယူဝင်​ရောက်ပြီးအချိန်မီ တိုက်ခိုက်နိုင်ရန် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီ၏ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ၊ အရာခံများ ထိခိုက်ဒဏ်ရာရရှိမှု များပြား​​ကြောင်းသိရပြီး ​သေဆုံးစာရင်းကို အတိအကျမသိရ​သေး​​​ဟု ဆက်လက်ပြောသည်။ ဖြစ်စဥ်နှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

တိုက်ခိုက်မှု ပေါက်ကွဲသံကို ​ဘေးပတ်ဝန်းကျင်မြို့နယ်များက ကြားရပြီး လက်ရှိတိုင်းစစ်ဌာနချုပ်အတွင်းသို့ မီးသတ်ကားနှင့်လူနာတင်ကားများ ဝင်သွား​ကြောင်း သိရသည်ဟု ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြောသည်။

ရန်ကုန်ပကဖသည် စစ်မှုထမ်းဥပ​ဒေကို ထုတ်ပြန်ပြီး ပြည်သူအ​ပေါ် မတရားသဖြင့် ဗိုလ်ကျစိုးမိုး၊ နိုင့်ထက်စီးနင်းပြုမူ​လျက် အာဏာကိုအလွဲသုံးစားလုပ် ​ငွေညှစ်၊ အကြပ်ကိုင်မှုများ၏ အဓိက​ခေါင်းကိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။

ထို့ကြောင့် စစ်ကောင်စီ၏ နောက်လိုက်​နောက်ပါ၊ ​ထောက်တိုင်၊ သတင်း​ပေး၊ တိုင်း၊ခရိုင်၊မြို့နယ်၊ရပ်ကွက်၊​ကျေးရွာ အဆင့်ဆင့် တာဝန်ယူလုပ်ကိုင်​နေသူများကိုလည်း ပြည်သူအ​ပေါ်ဆက်လက်​မောက်မာကျူးလွန်မှုများ ရှိ​နေ​ကြောင်း ​တွေ့ရပါက စနစ်တကျ​လေ့လာပြီး အပြီးသပ်​ချေမှုန်းတိုက်ခိုက်မှုများ ဆက်တိုက်​ဆောက်ရွက်သွားမည်ဖြစ်​ကြောင်းအသိ​ပေးအပ်သည်ဟု သတိ​ပေးထားသည်။

ဖေဖော်ဝါရီနှင့် မတ်လ နှစ်လအတွင်းမှာပင် ရန်ကုန်မြို့တွင်ရှိသည့် စစ်ကောင်စီနှင့် ဆက်စပ်သည့်နေရာ ၁၈နေရာအထိ မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများအနက် အကြီးဆုံးပြစ်မှတ်အနေဖြင့် ငါးခုပါဝင်ခဲ့သည်။

လေယာဥ်ဆီတင် MVသင်္ဘော ဖောက်ခွဲတိုက်ခိုက်မှု၊ MEC အရာရှိများ နေထိုင်သည့် မြဝတီအရာရှိရိပ်သာ ဖောက်ခွဲတိုက်ခိုက်မှု၊ Mytel ရုံးချုပ် ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု၊ အင်းစိန်မြို့နယ်မှာရှိ လေတပ်အိမ်ရာဝင်း ပစ်ခတ်တိုက်ခိုက်နှင့် ယခု ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီးရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာအတွင်း ဝင်ရောက်တိုက်ခိုက်မှုတို့ ဖြစ်သည်။
👍124👏2415😁5
ကနဦး သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်
၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း ကနဦး သတင်းရရှိသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Lethal Prop တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
👍11435🔥1
သင်္ဃန်းညီနောင် ဗျူဟာမှ စစ်သုံ့ပန်း ၆၀၀ ကျော်အား
စစ်ကောင်စီထံ KNUလွှဲပေးခြင်းမရှိ

︎လွှဲပေးသည့် အစဉ်အလာ မရှိသကဲ့သို့ လွှဲပေးပါက ရန်သူကို စစ်အင်အားစုဆောင်းပေးသလို ဖြစ်မည်ဟု သတင်းရင်းမြစ်ပြော

ထားမြတ်/People’s Spring

ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်စစ်ကောင်စီဗျူဟာမှ လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီတပ်သားများ၊ မိသားစုဝင်များ စုစုပေါင်း ၆၀၀ ကျော်ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခြင်းမရှိဘဲ ကရင်အမျိုးသားအစည်းအရုံး(KNU)က ကောင်းမွန်စွာ ထားရှိကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

ဧပြီ ၅ရက် သင်္ဃန်းညီနောင် ဗျူဟာ သိမ်းပိုက်မှု တွင် စစ်ကောင်စီတပ်မှ ဗျူဟာမှူး အပါအဝင် အရာရှိ ၆၇ ဦး၊ အခြားအဆင့်နှင့် တပ်သား ၄၁၀ဦး၊ ရဲမေနှင့် တပ်မိသားစုဝင် ၁၄၀ဦး စုစုပေါင်း ၆၁၇ ဦး လက်နက်ချအလင်းဝင်ခဲ့သည်။

“သူတို့ကျတော့ အဲဒီလို ပဲထားထားတပေါ့။မလွှဲပါဘူး။ ကျနော်တို့ဆီမှာ ကူညီစောင့်ရှောက်ပြီးတော့ အစားအသောက်နေထိုင်စားသောက်ရေးပေါ့” ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

တပ်အင်အား ပြုန်းတီးနေသည့် စစ်ကောင်စီထံ ဖမ်းမိ စစ်
သုံ့ပန်းများအား လွှဲပေးမည်ဆိုပါက ရန်သူက အင်အား တည်ဆောက်ပြီး အခြား လှုပ်ရှားမှုများ ဆက်လုပ်နိုင်သည့် အခြေအနေရှိကြောင်း ၎င်းက ပြောသည်။

“စစ်သုံ့ပန်းတွေက မဖြစ်မနေ သေရမယ့်အစား အညံ့ခံတာ။
အခုက မဖြစ်မနေ သူများ ဝိုင်းပိတ်ထားတဲ့အချိန် လက်
နက်ချတဲ့သဘော။ ကျနော်ထင်တာကတော့ ပြန်လွှဲပေးဖို့ မရှိဘူး။ လွှဲတဲ့ အစဉ်အလာလည်း မရှိဘူး” ဟု ကရင်သတင်းရင်းမြစ်က ပြောပြသည်။

အခြားစစ်​ရေးရင်းမြစ်တစ်ဦးက ဖမ်းဆီးရရှိထား​သောစစ်သုံ့ပန်းများထဲမှ စစ်ရာဇဝတ်မှုကျူးလွန်ထားသူများပါ၊မပါ ၊ပါဝင်ပါက အ​ရေးယူနိုင်ရန် စတင်စီစစ်နေပြီဖြစ်​ကြောင်းလည်းပြောသည်။

ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း သင်္ဃန်းညီနောင်၌ ဖမ်းမိသည့် စစ်ကောင်စီတပ်သားများအား လွှတ်ပေးမည်ဆိုပါက အကြမ်းဖက်အားပေးမှု မြောက်မည်ဖြစ်၍ သက်ဆိုင်ရာ တရားစီရင်မှု ပြီးမြောက်ပြီး နောက်ပိုင်းမှသာ လွှတ်ပေးသင့်ကြောင်း ၎င်း၏ အမြင်ကို လူမှုကွန်ရက်တွင် ရေးသားထားသည်။

လက်ရှိတွင်မြ၀တီ၌ ကျန်နေသည့် ခမရ(၂၇၅) ကို KNU ပူးပေါင်းတပ်က ဝိုင်းပတ်ပိတ်ဆို့ထားရာ အဆိုပါတပ်ရင်း လက်နက်ချ အလင်းဝင်ရေး ညှိနှိုင်းလျက်ရှိသည်ဟုစုံစမ်းသိရသည်။

“၂၇၅ ကို တိုက်တော့ မတိုက်သေးဘူး။ အခုက ဗျူဟာကုန်းရနေပြီ။ အခုကတော့ မြို့နဲ့ နီးတယ်ဆိုတော့ ဆက်တိုက်မယ်ဆိုရင် လူထုလည်းထိမယ်။ဆက်တိုက်ရင် သူတို့ လေယာဉ်နဲ့ လာချမယ်ဆိုတော့လေ” ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ညတွင် စစ်ကောင်စီ ဝန်ထမ်းနှင့် တပ်အပါအဝင် လူဦးရေ ၄၀ကျော်၊ ၅၀ ခန့်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ပြန်ခေါ်သွားသည်ဟု သတင်းရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

သို့​သော် ​လေယာဥ်ကွင်းပြင်ဘက်မှသတင်းရယူ​သောထိုင်းသတင်းဌာနများက စစ်​ကောင်စီ​လေယာဥ်​ပေါ်ဖြင့် လူ ၂၀.ဦးဝန်းကျင်သာပါသွားပြီး ​ငွေများကိုသယ်​ဆောင်သွား​ကြောင်း သတင်း​ဖော်ပြထားကြသည်။

မြဝတီမြို့အ​ခြေအ​နေမှာ ဧပြီ ၇ ရက်အထိပုံမှန်အတိုင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

Kawthooleiblood
👍1108
နေပြည်တော်အေလာလေတပ် ထပ်မံတိုက်ခိုက်ခံရ

**********************************

စစ်ကောင်စီဌာနချုပ် နေပြည်တော်ရှိ အေလာလေတပ်စခန်းသည် ယနေ့နံနက်အစောက ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် ထပ်မံတိုက်ခိုက်ခံရသည်။

ပြီးခဲ့သည့် ဧပြီ ၄ရက်နေ့ကလည်း တော်လှန်ရေးတပ်များသည် အေလာလေတပ်နှင့် နေပြည်တော်စစ်ရုံးတို့ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြရာ ယခုတိုက်ခိုက်မှုသည် သတင်းတစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။

ယနေ့နံနက်အစောပိုင်း အေလာလေတပ်ကိုတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း Mountain Knights Civilian Defense Force (MKCDF) အမည်ရအဖွဲ့က ကြေညာသည်။

တိုက်လေယာဉ်များရှိရာ ထိုလေတပ်ကို နံနက် ၄ နာရီခန့်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ဖြင့်တိုက်ခိုက်ရာတွင် စစ်တပ်ဘက်က အထိအခိုက်များခဲ့သည်ဟု ထိုအဖွဲ့ကဆိုသည်။

“ လက်ရှိ အေလာမစ်ရှင်မှာတော့ လေတပ်အရာရှိ ၅ ဦး၊ ရိုးရိုးတပ်ဖွဲ့ဝင် ၁၂ ဦးသေတယ်၊ နောက် ၁၂ ဦး ဒဏ်ရာ ရတယ်၊ ဖိုက်တာလေယာဉ်တစ်စင်းထိခိုက်တယ်...... စစ်ကားသုံးစီးထိခိုက်တယ်လို့ အတွင်းသတင်းအရ စုံစမ်း သိရှိရပါတယ်” ဟုဆိုသည်။

စစ်ကောင်စီဝါဒဖြန့် လူမှူကွန်ယက်စာမျက်နှာများကမူ အေလာလေဆိပ်တိုက်ခိုက်ခံရကြောင်း ဝန်ခံခဲ့သော်လည်း အထိအခိုက်မရှိဟု ဖော်ပြကြသည်။

လေတပ်အနီးတွင် မပေါက်ကွဲသေးသည့် ရှော့တိုက်ဒုံး (၃) လုံးနှင့် ပေါက်ကွဲပြီး ရှော့တိုက်ဒုံးအခွံ (၄) လုံးတွေ့ ကြောင်းလည်း စစ်တပ်ကျောထောက်နောက်ခံသတင်းဌာနတို့ကလည်း ရေးသားကြသည်။

နိုင်ငံအနှံ့မှ မြို့များ၊စခန်းများသိမ်းခံရပြီး စစ်ကောင်စီရှံးနေချိန် စစ်ကောင်စီ၏ ဌာနချုပ်ဖြစ်သည့် နေပြည်တော် ကိုပင် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက် ခြိမ်းခြောက်မှုများဆက်တိုက် ပြုလုပ်နေသည်။

ပြီးခဲ့သည့် ဧပြီ ၄ရက်နေ့ကပင် နေပြည်တော်မြို့ရှိ စစ်ရုံးချုပ်၊ အေလာလေတပ်ဌာနချူပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နေအိမ်များကို အသေခံဒရုန်း ၃၅ စင်းဖြင့်တိုက်ခိုက်ခဲ့ပြီး ၂၉ စင်းမှာ ပစ်မှတ်များဆီရောက်ရှိခဲ့ သည် ဟု NUG က ကြေညာထားသည်။

ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့လည်း စစ်ဗိုလ်ချုပ်အများအပြားမွေးထုတ်ရာ ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ရှော့တိုက်ဒုံး (၅) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း- သူရမောင်/ Myanmar Now
👍16436🤣1
အခုတလော ရှမ်းမြောက်က ဘက်က အသံတွေသဲ့သဲ့ ကြားရတယ်ဆိုပြီး လူတော်တော်များများ ရင်ခုန်ကြတာတွေ့တယ်။

အမှန်တိုင်း ပြောရရင် ၁၀၂၇ နဲ့ မအလ လောက်ကိုင်မှာ စစ်ဦးကျိုးပြီး လာရှိုးကို နင်းလို့ရတဲ့အချိန် တိုင်းပြည်အတွက် ဖြစ်သင့်တဲ့ အရာကို ဆွေးနွေးရမယ့်အစား တရုတ်ပြည်မှာ ဟိုင်ဂင်ဆွေးနွေးပွဲနဲ့ ကုန်သွယ်ရေး အပေးအယူလုပ်လိုက်တယ်။

အဲကတည်းက ရှမ်းမြောက်ဆို သိပ်ပြီး ရင်ခုန်ချင်စရာမကောင်းတော့ဘူး။

ပြောရရင် တိုင်းရင်းသား စိတ်ဓာတ် မရှိဘူးလို့ပြောရင် လွန်ရာကျမလားတော့မသိဘူး။

အခုလဲ ပစ်ကြခက်ကြမယ်၊ တော်ကြာနေရင် တစ်ဖန်ပြန်နားမယ်။

အဲထဲမှာ တရုတ်ကို ဘယ်သူကလွန်ဆန်ရဲလဲ?
လက်ရှိမှာ ပြည်သူကလွဲလို့ အားလုံးက တရုတ်ကိုမလွန်ဆန်ရဲဘူး။ အဲဒါက ဘယ်လိုမှ ငြင်းဆန်လို့ မရတဲ့ အမှန်တရားပဲ။

ဘာကြောင့်ပါ ညာကြောင့်ပါ တွေဆိုတာက အဲလောက်တော့ ယုံချင်စရာမကောင်းတော့ဘူး။

မအလကလဲ ဇာတ်ကို ဆွဲလို့ရသလောက်ဆွဲမယ်။ အမှန်တိုင်းပြောရရင် တမင်ကို လုပ်နေတာ။

စကားတစ်ခွန်းရှိပါတယ်။
“ နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာ မရှိဘူး” ဆိုတာပဲ။

သတင်းတွေထွက်လာတယ်။ စစ်ပြင်တယ် ဘာညာပေါ့။
မအလက လက်ရှိ အနယ်နယ်အရပ်ရပ်မှာ ခွေးဖြစ်နေတာ ရှမ်းမြောက်ကို ပြန်တိုက်စရာ ဘာအကြောင်းရှိလဲ?

ပြီးတော့ အဲရှမ်းမြောက်ကို ပြန်တိုက်မယ်ဆိုတဲ့ ကိစ္စ လျှို့ဝှတ်ချက်ကြီးတစ်ခုလဲ မဟုတ်ဘူး။ စစ်ဆင်ရေး စီမံချက်တစ်ခုအနေနဲ့ လဲ မဟုတ်ဘူး။

တချို့စစ်တပ်ထဲက အတော်သတင်းနှိုက်ရခက် နှုတ်လုံတဲ့ ဟာတွေကပါ။ ဒါကြီးကို တမင်ထုတ်ပြီး လုပ်ပြောနေတယ်ဆိုကတညိးက ခေတ်လူငယ်တွေ စကားနဲ့ ပြောရရင် သိပ်ဖီးလ်မလာဘူး။

ကျွန်တော့ personal အမြင်အရ ပြောရရင် ဝုန်းဝုန်းနဲ့ ခဏဖြစ်ကောင်းဖြစ်မယ်။ တော်ကြာနေ အပစ်ရပ်ကျမယ်ဟေ့လို့ ဖြစ်မယ်။ အဲအချိန်နဲ့တစ်ပြိုင်နက် မအလ တကယ်ဖြိုချင်တဲ့ လက်ရှိ ကရင်နီ KNDF၊ ရှေ့မတိုးနိုင်သေးပါဘူး ဆိုတဲ့ အောင်ဇေယျနဲ့ မြဝတီ အဲဘက်တွေကို အငိုက် ပြန်ဝင်ချင်ဝင်မယ် ဒါပဲရှိတယ်။

အရှေ့က ဖြစ်ခဲ့တဲ့ သင်ခန်းစာတွေကို ကိုယ်တွေဘက်က အိမ်စာကောင်းကောင်းလုပ်သင့်တယ်။ ပလိန်းကြီး ဟိုင်ဂင်နဲ့ အပစ်ရပ်ပါတယ်ဆိုပြီး မအလအတွက် တကယ်ခေါင်းခဲနေရတဲ့ စစ်ကိုင်းဘက်ကို အမုန်းထောင်းခံရတယ်။ NUG ရဲ့ အုပ်ချုပ်ရေး လည်ပတ်နေပါပြီဆိုတဲ့ ကောလင်းကို အသိမ်းခံလိုက်ရတယ်။ ရှမ်းမြောက်မှာ ပစ်ကြခက်ကြနဲ့ နောက်ဆုံး လောက်ကိုင် လက်နက်ချတော့ ကားနဲ့တောင် လားရှိုးကို အေးဆေး ဆေးလိပ်သောက်ပြီး ပြန်သွားလိုက်ကြသေးတာဗျာ။

မအလခွေးတွေ တကယ်သေနေတာ ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ကချင် နဲ့ ကရင်ပြည်နယ်မှာ တကယ်သေနေတာ။ ပြောရရင် ရှမ်းမြောက်ဆိုတာ မအလအတွက် တကယ်ကို သေရေးရှင်ရေအနေနဲ့ ခေါင်းကိုက်စရာ နေရာဒေသတစ်ခုမဟုတ်ဘူး။

လက်ရှိအဓိက မအလရဲ့ ဦးတည်ချက်က အယောင်ပြ ရွှေရေစိမ် ရွေးကောက်ပွဲဆိုပြီး လာမယ့် ၆လ ကနေ ၁ နှစ်အတွင်း လုပ်ပြဖို့အတွက် လူတွေရဲ့ အာရုံစိုက်မှုကို လှည့်စားချင်တဲ့ အကွက်တစ်ခုလို့ပဲ မြင်တယ်။

မအလက လက်ရှိ တိုင်းနဲ့ပြည်နယ် အသီးသီးက မြို့ကြီးတွေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို သန်းခေါင်စာရင်းကောက်ပြီး မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ သဘောကို ဖော်ဆောင်နေတာလို့ပဲ မြင်မိတယ်။ ဘယ်သူမှ မဲမပေးလဲ သူ့ကိုယ်သူ မဲပေးပြီး ရွေးကောက်ပဲ အထမြောက်ပါတယ် လုပ်မှာ။

ကြားသလောက်ကတော့ အရင်ကြံဖွတ်တွေက ရွေးကောက်ပွဲမှာ ၂၀၁၀ လို နေရာပြန်ယူမယ်။ စစ်တပ်က အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးအပ်ပါတယ်ဆိုပြီး ၁၀၀ ဖိုး ၃ပုဒ် ဇာတ်ကွက်ကို ပြန်ခင်းမယ်ဆိုတဲ့ ဓာတ်ပြားဟောင်းကို အမြန်ဆုံးပြန်ဖွင့်ဖို့ တလောက တရုတ်အဖွဲ့က သန်းရွှေ၊ သိန်းစိန်တို့နဲ့ ပြောကြတယ်လို့လဲ သတင်းတွေထွက်တယ်။

အဲတော့ မအလတို့ သန်းရွှေတို့ဆိုတာက တရုတ်ရှိနေသ၍ ဆက်မိုက်နေဦးမယ့် ငရဲခန်းက ပြိတ္တာတွေပါပဲ။

ရှမ်းမြောက်ဆိုတာ တရုတ်က သူ့အကျိုးစီးပွါးအတွက် လိုသလိုသုံးလို့ရတဲ့ နယ်ရုပ်လေးသာသာပါပဲ။ တိုက်ဆိုတိုက် ရပ်ဆိုရပ်ရမယ့်နေရာတစ်ခုပါပဲ။
👍13925👏4🔥2👎1
တရုတ်နိုင်ငံ နဲ့ အကောင်းအဆိုးဒွန်တွဲတဲ့ ဆက်ဆံရေးရှိခဲ့သူ သမ္မတဟောင်းကို ဘေဂျင်းမှာလုပ်တဲ့ အရေးကြီး အခမ်းအနားတစ်ခုကို တက်ရောက်စေတာက စစ်ရေးလွှမ်းမိုးထားတဲ့ မြန်မာ့နိုင်ငံရေးကို ပုစ္ဆာတစ်ပုဒ် ထပ်တိုးစေပါတယ်။
တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုက နေပြည်တော် ခြောက်လုံးတန်းမှာ စာရေး၊ပန်းချီဆွဲ၊ အပင်စိုက်ပြီး အေးအေးလူလူနေထိုင်တဲ့ သမ္မတဟောင်း ဦးသိန်းစိန် ကို နိုင်ငံရေးသတင်းတွေကြားထဲ ပြန်ရောက်သွားစေပါတယ်။
တရုတ်သမ္မတ ရှီကျင်းပင်ကိုယ်တိုင် တက်ရောက်တဲ့ ဒီအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ စစ်ကောင်စီ ကို ကျော်လွန်ပြီး အငြိမ်းစားသမ္မတကို ဖိတ်ခဲ့တာကိုလည်း အကဲခတ်တွေက သတိပြုမိကြပါတယ်။
ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်ဟာ ‘’ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် ချမှတ်ခဲ့တဲ့ နှစ်(၇၀)ပြည့်အထိမ်းအမှတ်အခမ်းအနား’’ ကို တက်ရောက်တာထက် ပိုတဲ့ တခြားအဓိပ္ပါယ်တွေ ရှိနေတယ် လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ခြောက်လုံးတန်းကို ရောက်လာတဲ့ ဖိတ်စာ

တရုတ်သံအမတ်ကြီး ချန်ဟိုင် ဧပြီလက ခြောက်လုံးတန်းက ဦးသိန်းစိန်အိမ်ကို ရောက်လာ၊

ဦးသိန်းစိန်ဟာ သူစိတ်ချတဲ့ တပည့်တွေကို ဇွန်လဆန်းကစလို့ တာဝန်ပေးချက်တချို့ ပြန်လုပ်လာလို့ ထူးခြားမှုတစ်ခုရှိနေတာကို ခြောက်လုံးတန်းနဲ့ နီးစပ်သူတွေက သတိထားမိခဲ့ကြပါတယ်။
‘’ထူးခြားနေပြီဆိုတာတော့ သိတယ်။ ဘာမှန်းသာမသိတာ။ တရုတ်သံရုံးက ထုတ်ပြန်တော့မှ သဘောပေါက်တော့တယ်’’ လို့ သမ္မတဟောင်းအိမ်ကို အဝင်အထွက်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
’ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ချမှတ်ခဲ့တဲ့ နှစ်(၇၀)ပြည့်အထိမ်းအမှတ်အခမ်းအနား’’ ကို တက်ရောက်ဖို့ ဇွန် ၂၇ ရက်မှာ နေပြည်တော်ကနေ သမ္မတဟောင်းဦးသိန်းစိန် ထွက်ခွာသွားတဲ့သတင်းကို တရုတ်သံရုံးက စတင်ဖော်ပြခဲ့တာဖြစ်ပါတယ်။

နေပြည်တော်ကိုလာတဲ့ တရုတ်ကိုယ်စားလှယ်တွေဟာ ခြောက်လုံးတန်းကို ဝင်လာလေ့ရှိပြီး တပ်ကိုသြဇာညောင်းသူ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမ္မတဟောင်းဦးသိန်းစိန်တို့ကို တွေ့ဆုံလေ့ရှိပါတယ်။
(ရာဇသင်္ဂဟအဝိုင်းအနီးမှာရှိတဲ့ ခြောက်လုံးတန်းမှာ အခုအငြိမ်းစားယူသွားကြပြီဖြစ်တဲ့ အရင် စစ်အစိုးရ ခေါင်းဆောင်တွေဖြစ်ကြတဲ့ နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ အဖွဲ့ဝင်တွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး နဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး တို့ နေထိုင်ကြပါတယ်။)
ခြောက်လုံးတန်း သံခင်းတမန်ခင်း ဘယ်လောက်အလုပ်ဖြစ်မလဲ
တရုတ်ရဲ့ ဖိတ်ကြားမှုကို ဦးသိန်းစိန်က ချက်ချင်းအဖြေမပေးခဲ့ဘဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ တိုင်ပင်ပြီးမှသာ အဖြေပေးခဲ့တယ် လို့ နီးစပ်သူတွေက ပြောပါတယ်။
ဦးသိန်းစိန်ကို ဖိတ်ကြားဖို့ တရတ်သံရုံးက စစ်ကောင်စီရဲ့ သဘောတူညီမှုကို အရင်တောင်းခဲ့ပြီး လေးရက်ကြာခရီးစဥ် ဖြစ်တဲ့အကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
ဦးသိန်းစိန် ရဲ့ တရုတ်ခရီးစဉ်ကို လေတပ် အထူးလေယာဉ် နဲ့ စီစဉ်ပေးခဲ့ပြီး ကာကွယ်ရေးဝန်ကြီးက ဦးဆောင်လို့ လေဆိပ်ကို လိုက်ပို့ခဲ့ပါတယ်။
ဦးသိန်းစိန်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း လက်ရှိ စစ်ကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ တရုတ်နဲ့ဆက်ဆံရေးကောင်းရှိတဲ့ စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးလွင်ဦး တို့လည်း လိုက်ပါပို့ဆောင်ပါတယ်။
‘’သမ္မတဟောင်းအတွက်က အဆောင်အယောင်ရှိတယ်၊ လိုက်ပို့တဲ့ လူတွေကို ကြည့်ရင် နိုင်ငံတော်အဆင့်ခရီးစဉ် လို့ ပြောလို့ရတယ်’’ လို့ နေပြည်တော်က စစ်ရုံး နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
သမ္မတဟောင်းဦးသိန်းစိန်အပါအဝင် လိုက်ပါနှုတ်ဆက်သူအားလုံးက အရပ်ဝတ်တွေဝတ်ထားကြပေမယ့် စစ်ဘက်ကနေ ကူးပြောင်းလာသူတွေပဲဖြစ်ကြပါတယ်။
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် ဟာ တရုတ်အစိုးရအတွက် အင်မတန်မှ အရေးကြီးတဲ့ နိုင်ငံခြားရေးမူဝါဒ ထဲက တခုလို့ တရုတ်အရေးကျွမ်ကျင်သူတွေက ပြောပါတယ်။
သမ္မတဟောင်းဦးသိန်းစိန် နဲ့အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုနဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားကြပါတယ်။
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးဌာနက ဖွဲ့ပေးထားတာဖြစ်ပြီး ဦးသန့်ကျော်က နိုင်ငံခြားရေးဒုဝန်ကြီး ဟောင်းဖြစ်ပါတယ်။
ဒေါ်သန်းသန်းနု ကတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဖြစ်ပါတယ်။
👍6510
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ သမ္မတဟောင်းဦးသိန်းစိန်တို့ကို တရုတ်သံအမတ်ကြီးသွားတွေ့

နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနု
ငြိမ်းချမ်းရေးစွာအတူယှဉ်တွဲနေထိုင်ရေး အခြေခံမူ ငါးချက်ကို ဘန်ဒေါင်းမူငါးရပ်လို့ လူသိများပြီး ပါလီမန်ဒီမိုကရေစီခေတ် ဦးနု ဝန်ကြီးချုပ်တာဝန်ယူချိန်မှာ ပေါ်ပေါက်ခဲ့တဲ့ သဘောတူညီမှုဖြစ်ပါတယ်။
၁၉၅၅ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာကျင်းပခဲ့တဲ့ ညီလာခံမှာ သဘောတူစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီးအာရှ၊ အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံက အတည်ပြုခဲ့ကြတာပါ။ ဘန်ဒေါင်းမူလို့ သိကြတဲ့ ဒီမူတွေကို အခြေခံပြီး ၁၉၆၁ မှာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
ဘန်ဒေါင်း ညီလာခံ နှစ် ၆ဝ ပြည့် ကျင်းပ
မူ ၅ ချက်ထဲမှာ နိုင်ငံတစ်နိုင်ငံ ပိုင်နက်နယ်ပယ် တည်တံ့ရေးနဲ့အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားဖို့၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်တာမလုပ်ဖို့၊ ပြည်တွင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ခြင်းမလုပ်ဖို့ ၊ နိုင်ငံရေးဝါဒအချင်းချင်း ကွဲလွဲစေကာမူ ငြိမ်းချမ်းစွာ အတူတကွ ပေါင်းသင်းဆက်ဆံနိုင်စေဖို့ဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။
‘’ဒီအခမ်းအနားက အစိုးရချင်းဖိတ်တာထက် ပြည်သူချင်း၊ လူမှုအဖွဲ့အစည်းချင်း ဖိတ်ကြတဲ့သဘောလည်း မြင်ရတယ်’’ လို့ တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
ဒါပေမဲ့ တရုတ်က သူပေးချင်တဲ့ သတင်းစကားကို သွယ်ဝိုက်ပြီးပေးတတ်တဲ့အကြောင်း လည်း ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
‘’(ဦး)မင်းအောင်လှိုင်ကို မကြိုက်ဘူး ဆိုတဲ့ သတင်းစကားများပေးချင်သလားပေါ့’’ လို့ သူက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ တရုတ် ဆက်ဆံရေး
တိန့်ရွှီကျင်းရဲ့ နေပြည်တော် ခရီးစဉ် ဝတ်စားဆင်ယင်ပုံကိုကြည့်ပြီး စစ်ကောင်စီနဲ့ဆက်ဆံရေးကို အကဲဖြတ်နေကြပါတယ်။

တိန့်ရွှီကျင်းရဲ့ နေပြည်တော် ခရီးစဉ် ဝတ်စားဆင်ယင်ပုံကိုကြည့်ပြီး စစ်ကောင်စီနဲ့ဆက်ဆံရေးကို အကဲဖြတ်နေကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ တရုတ်နိုင်ငံ ဆက်ဆံရေး အဆင်မပြေတာ လျှို့ဝှက်ချက်တောင် မဟုတ်တော့ဘူး လို့ နေပြည်တော်အသိုင်းအဝိုင်းကရော ကျွမ်းကျင်သူတွေကပါ သုံးသပ်ကြပါတယ်။
‘’တရုတ်က လူလဲကစားဖို့ တွန်းနေတာ ကြာပါပြီ’’ လို့ တရုတ်-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။

‘’ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေရာကို ဘယ်သူဆက်ခံမလဲ’’ ဆိုတာကို တရုတ်ဘက်က မကြာခဏ စကားထဲထည့်ပြောရင်း သူတို့သဘောထားကိုပြသတဲ့အကြောင်း သံတမန်အသိုင်းအဝိုင်း နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ဒီအကြောင်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း သိရှိပြီး မကျေမနပ် ဖြစ်တဲ့အကြောင်း စစ်ရုံးနဲ့ နီးစပ်သူတစ်ဦးကလည်း အတည်ပြုပါတယ်။
အနောက်နိုင်ငံတွေရဲ့ ဖိအားပေးပိတ်ဆို့မှုခံရတဲ့အခြေအနေချင်းတူခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က တရုတ်နိုင်ငံကို အဓိကထားဆက်ဆံခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတော့ ရုရှားဘက်ကို သိသိသာသာ ယိမ်းခဲ့ပါတယ်။
အာဏာသိမ်းပြီးကတည်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကလွဲလို့ တခြားစစ်ကောင်စီဝန်ကြီးတွေ ကို တရုတ်က ဘေဂျင်းကို အကြိမ်ကြိမ်ဖိတ်ကြားခဲ့ပြီးပါပြီ။

ဘေဂျင်း မရောက်တဲ့ စစ်ခေါင်းဆောင် နဲ့ တရုတ်ကို ခပ်စိပ်စိပ်ရောက်တဲ့ ဝန်ကြီးတွေ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ၂၀၁၆ ခုနှစ်က တရုတ်ခရီးစဉ်


တရုတ်ဘက်က သမ္မတရှီကျင့်ဖျင် နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ တိုက်ရိုက်တွေ့ဆုံရမယ့် ပွဲမျိုးတွေကို ရှောင်နေတယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။
မနှစ်ကလုပ်ခဲ့တဲ့ တတိယအကြိမ်ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကိုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ကိုပဲ ဖိတ်ခဲ့ပြီး အဲဒီအခမ်းအနားကို သမ္မတရှီကျင့်ဖျင် တက်ရောက်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကြောင့် သူတို့ပါ သိက္ခာကျစေတာ၊ ဝေဖန်မှုကြီးကြီးမားမားခံရစေတာ ကို လိုလားပုံမရဘူး လို့ တရုတ်-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
မြန်မာပြည်မှာ စစ်သက်ရှည်ရင် သူတို့ရဲ့မဟာဗျူဟာ အစီအစဥ်တွေ ကြီးကြီးမားမား ထိခိုက်တဲ့အတွက် နိုင်ငံရေးအရ ထွက်ပေါက်မရှာဘဲ ခေါင်းမာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို တရုတ်က သဘောမကျဘူးလို့ သူက ပြောပါတယ်။
‘’ငြိမ်းချမ်းစွာ အတူ ယှဥ်တွဲ နေထိုင်ရေးမှု ၅ ချက်က တရုတ်အတွက် အောင်မြင်မှုကို ပြရမယ့်ပွဲပါ။ မြန်မာကြောင့် ဖျက်မျဥ်းအဖြစ်ခံနိုင်မယ် မထင်ပါဘူး။ ဒါကြောင့် ရုပ်မပျက်စေတဲ့ သမ္မတဟောင်းကို ပြန်ထုတ်သုံးပုံရပါတယ်’’ လို့ အဲဒီအကဲခတ်က ပြောပါတယ်။
👍794🔥4😁2🥰1
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်က သင်္ကြန်အကြိုကာလမှာ ခြောက်လုံးတန်းကို ရောက်လာခဲ့ပြီး မြန်မာနှစ်သစ်ကူး အထိမ်းအမှတ် လို့ ခေါင်းစဉ် တပ်ပါတယ်။
ဇွန်လ ၂၆ ရက်က ဦးသိန်းစိန်နဲ့ တရုတ်သံအမတ်တွေ့ဆုံမှုမှာတော့ ‘’မြန်မာနိုင်ငံအခြေအနေ’’ ကို ဆွေးနွေးခဲ့ကြတယ် လို့ တရုတ်ဘက်က အတိအလင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်မှုမှာတော့ အဲဒီ အချက်ကို ဖော်ပြမထားပါဘူး။
ပလ္လင်ရှေ့ ရောက်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး
ပွဲတက်ရုံထက် ပိုမလား
ဦးသိန်းစိန် ရဲ့ တရုတ်ခရီးစဉ်ကို လေတပ် အထူးလေယာဉ် နဲ့ စီစဉ်ပေးဓာတ်ပုံ ရင်းမြစ်, MOI
ဓာတ်ပုံ ပုံစာ, ဦးသိန်းစိန် ရဲ့ တရုတ်ခရီးစဉ်ကို လေတပ် အထူးလေယာဉ် နဲ့ စီစဉ်ပေး
သမ္မတဟောင်း ဦးသိန်းစိန်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဆက်ဆံရေးကောင်းတောက်လျှောက်ရှိခဲ့သူဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို တပ်ချုပ်အဖြစ်ခန့်အပ်ခဲ့တာ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်ပေမယ့် ဦးသိန်းစိန်က သူ့သမ္မတသက်တမ်းမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးနဲ့ ပြန်လည်ခန့်ထားခဲ့ပါတယ်။
သမ္မတရာထူးကနေ အနားယူပြီးနောက်မှာလည်း တပ်မတော်နေ့တွေ မှာ ဦးသိန်းစိန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကန်တော့ခံပုဂ္ဂိုလ်နေရာမှာ ဆက်ရှိနေခဲ့ပါတယ်။
ဦးသိန်းစိန်ဟာ သူ့ရဲ့သမ္မတ သက်တမ်းမှာ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက် နဲ့ အမေရိကန်နဲ့ နီးစပ်မှုတွေကြောင့် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအဆင်မပြေခဲ့တဲ့ မှတ်တမ်းရှိဖူးသူ ဖြစ်ပါတယ်။
မြစ်ဆုံ ဘာ့ကြောင့် ရပ်လိုက်သလဲ
မြစ်ဆုံစီမံကိန်း ဘယ်သူ့မှာ တာဝန်ရှိလဲ - ဝန်ကြီးဟောင်း ဦးစိုးသိန်းနဲ့ ဘီဘီစီ မေးမြန်းခန်း
ဒါပေမဲ့ ဦးသိန်းစိန်အနားယူပြီးတဲ့နောက် ခြောက်လုံးတန်းကို တရုတ်ကိုယ်စားလှယ်တွေ တောက်လျှောက်အဝင်အထွက် လုပ်ခဲ့သလို ဘေဂျင်းကိုပါ ပြန်ဖိတ်လိုက်လို့ တရုတ်က သင်ပုန်းချေလိုက်ပြီလို့ ယူဆနိုင်ပါတယ်။
တရုတ်အရေးကို အထူးပြုလေ့လာတဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar ရဲ့‘’အထိုင်သစ်ပြန်ချလာသော တရုတ်၏ မြန်မာ့အရေးမူဝါဒ’’ဆိုတဲ့ စာတမ်းအရ လက်ရှိမြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ တရုတ်ဟာ ခြောက်လုံးတန်းက ခေါင်းဆောင်ဟောင်းတွေ ကို လိုလားပါတယ်။
‘’တရုတ်နိုင်ငံအတွက်တော့ ရွေးကောက်ပွဲလုပ်၊ အားကြီးတဲ့ပါတီ အနိုင်ယူ၊ တည်ငြိမ်မှုကိုထိန်း၊ အနောက်နိုင်ငံတွေကို လိုတာထက်ပိုမခေါ်နဲ့၊ သူနဲ့တွဲပြီး ‘ဖွံ့ဖြိုးတိုးတက်ရေး’ ကို ဦးစားပေး’’ ဆိုတဲ့ အချက်တွေကို လိုလားတဲ့အကြောင်း ISP Myanmar က ရေးသားခဲ့ပါတယ်။
ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲ နဲ့ နိုင်ငံရေးအပြောင်းအလဲကို ဖြစ်စေခဲ့တဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ၂၀၁၅ ရွေးကောက်ပွဲ နဲ့ NLD အစိုးရကို အာဏာလွှဲပေးတဲ့ ဦးသိန်းစိန် တို့ကို တရုတ်က မကြာခဏ လာရောက်တွေ့ဆုံတာ ဖြစ်နိုင်တယ် လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဆက်ဆံရေးကောင်းလည်း ရှိသလို နိုင်ငံ့ခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့အတွက် ဦးသိန်းစိန်ရဲ့ ဘေဂျင်း ခရီးစဉ်ဟာ အခမ်းအနားတက်ရုံထက် ပိုလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ပါသွားတာဖြစ်လို့ အဲဒီအဖွဲ့က အဓိက လုပ်စရာရှိတာလုပ်မယ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
‘’မြန်မာ့အကျပ်အတည်းကို တရုတ်က အဆုံးသတ်ချင်နေပြီ။ ဒါကိုဖြေရှင်းဖို့ ဦးသိန်းစိန်ကို သုံးချင်သလားပေါ့၊ ဒါလည်းစဉ်းစားစရာရှိတယ်’’ လို့ အကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
‘’စစ်ကောင်စီရဲ့ သဘောထားကို တရုတ်နားဝင်အောင် သူပြောနိုင်မလား၊ တရုတ်ပေးလိုက်တဲ့ ဇာတ်ညွှန်းကို ဦးမင်းအောင်လှိုင်ကို နားချ နိုင်မလား စောင့်ကြည့်ရမယ်’’ လို့ စစ်ရုံးနဲ့ နီးစပ်တဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
ဒါတွေက ဇူလိုင်လကုန်မှာ လုပ်မယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးဆုံးဖြတ်ချက်မှာ မြင်ရလိမ့်မယ် လို့ သူက သုံးသပ်ပါတယ်။


#BBC
👍29457🥰12👏12😁6👎2🔥2
ဂျပု လစ်ကွာ!! 🤣🤣
👍31866👏35😁11🗿1
မနေ့က Mizzima Channel က ဆရာဦးစိန်ဝင်း ဖြေကြားတာလေး နားထောင်ရင်း ခေါင်းထဲ ဝင်လာတာရှိတယ်။

ခက်တာက ဒီကာလမှာ အပစ်အခက်ရပ်စဲဖို့တို့ စကစနဲ့ စကားပြောဖို့တို့ ပြောရင် အင်တာဗျူးမှာ ဆရာဦးစိန်ဝင်းပြောသလို နိုင်ငံရေး ဖဲသုံးချပ်သမားလို့ အထင်ခံရပြန်ကော၊

ဖြစ်စေချင်ဝာာက အခုလို စကစက အဖက်ဖက်မှာ နိမ့်ပါးနေတဲ့ အချိန်မှာ စကားပြောဖို့လိုတယ်။ ကိုယ်လိုချင်တာကို တောင်းဖို့က စကားပြောကို ပြောရမယ်။ စကားပြောကြည့်လို့မှ အဆင်မပြေရင် ဆက်မပြောနဲ့။
ခွေးလုံးလုံးဖြစ်အောင်တိုက်။
သံတမန်ရေးနည်းလမ်းနဲ့ စစ်ကိုအနိုင်ယူတတ်ဖို့လိုတယ်။ ငါတို့က ပြည်သူ နဲ့ တိုင်းပြည်မျက်နှာကြည့်ပြီး စကားပြောဖို့ ဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ ကနဦး သဘောထားတွေ ညှိကြမယ်။

ဟုတ်ပြီး စစ်တပ် ဘယ်လိုမှမရဘူး၊ ဆွေးနွေးညှိနှိုင်းလို့ မရဘူးဆို အခု NUG အပစ်ရပ်ထားတဲ့ ၂ ပတ်ပြီးရင် တိုက်ဗျာ၊ ဟုတ်လား။

ပြောချင်တာက တိုက်မယ်ဆို စည်းစည်းလုံးလုံးနဲ့ မြန်မြန်တိုက်။
အဲလိုမဟုတ်ပဲ တစ်ယောက်တစ်ပေါက်နဲ့ ဆယ်နှစ်ဆယ်မိုးတိုက်မယ်ဆိုရင်တော့ ပြည်သူအပေါ် မေတ္တာမရှိတာ စကစ အုပ်စုတင်မဟုတ်တော့ဘူး။ လက်နက်နိုင်ကိုင်ထားတဲ့ အဖွဲ့တိုင်းက ပြည်သူကို မကြည့်သလိုဖြစ်‌တာဗျ။

တော်လှန်ရေးရှည်ကြာလာတော့ ဘာဖြစ်လာလဲ၊ လုပ်စားတွေများလာပြီး လုပ်စားနိုင်ငံရေး ဖြစ်လာတယ်။ နှစ် ၇၀ ပြည်တွင်းစစ်ဆိုတာ ကမ္ဘာမှာ မြန်မာပဲရှိတယ် ဆိုတာ ဘာကြောင့်မှ မဟုတ်ဘူး။ တကယ့်နိုင်ငံရေးကနေ လုပ်စားနိုင်ငံရေးတွေ ဖြစ်ကုန်တာ။ ကိုယ်ကျိူးအတွက်ကြည့်တယ်၊ ကိုယ်အာဏာပါဝါကို ကြည့်တယ်။ တကယ့်တကယ် ပြည်သူကို ဘယ်သူကြည့်လဲဆိုရင် ဘယ်သူမှမကြည့်ဘူ။ အဲဒါကိုက မြန်မာပြည်ရဲ့ ပြဿနာ။ တိုင်းရင်းသား EAO ဘယ်လောက်ပဲ အင်အား ကောင်းကောင်း ယနေ့ခေတ်လို ပြည်သူ့ အင်အားမပါရင် လက်ရှိ လို အခြေအနေ ရောက်ကို မရောက်လာဘူး။

နိဂုံးချုပ်ရရင် ‌အဖြစ်သင့်ဆုံးလို့ ယူဆတာက မအလနဲ့ စကားပြောဖို့ ကမ်းလှမ်းပြီး လိုချင်တာကို နင်းတောင်း၊ ဘယ်လိုမှ မဖြစ်နိုင်ဘူးလား။

မအလ ကို ရာဇသံပေး နေပြည်တော်ထိ ဒဲ့တိုက်။
လက်ရှိ မြန်မာပြည်အလယ်ပိုင်းမှာ မအလ လေယာဉ်ကွင်း ၁၀ ကွင်းရှိရင် ၉ ကွင်း လောက်က ရဟတ်ယာဉ်ကလွဲ တက်မရ‌သေး ဘူး။ အခုတလော ဗုံးထွက်ကျဲပြတာကလဲ သူတို့အခေါ် ‌ချောက်လှန့်ပစ်ခတ်မှု လုပ်ပြတာ။ လေယာဉ်‌တော့ ရှိသေးတယ် တက်မလာနဲ့ ဆိုတဲ့ အထာမျိုး။

စဉ်းစားကြည့်ဗျာ၊ စစ်ကိုင်း၊ မ‌န္တလေး နေပြည်တော် ၃ နေရာမှာ ကြီးကြီးမားမား ထိခိုက်ထားတာ။ ပြောရရင် စကစ အမာခံ နေရာတွေ ထိထားတာ မနည်းဘူး၊ အဲဒါကို အသည်းအသန် တပ်ထဲမှာ ရေငုံနှုတ်ပိတ်ခိုင်းထားတာ၊ လျှော့ပေါ့ ပြောဆိုတာ အများကြီး။

စကစ လေယာဉ်ကွင်းတွေကကော ဘာသာနဲ့ ထုထားတာ မို့လိုတုန်း။

Air Traffic Tower တွေ ထိခိုက်မှုရှိတယ်။
ရေဒါစခန်းတွေ ပျက်နေတယ်၊ Jammer တွေ ဒေါင်းနေတာ ရှိတယ်။ လျှပ်စစ်မီး တစ်လ လောက်ထိ ပြန်မရနိုင်သေးဘူ။
နောက်ပြီး တစ်နိုင်ငံလုံးကို အင်တာနက်ကနေ စောင့်ကြည့် ထိန်းချုပ်မှု လုပ်မယ်ဆိုပြီး လုပ်ထားတဲ့ ရတနာပုံဆိုက်ဘာစီးတီး၊ ဖိုက်ဘာလိုင်းတွေပါ ပြတ်တောင်ကုန်ပြီး အကုန်ဒေါင်းနေတာ။

ဒီတော့ NUG နဲ့ အခြားသော အင်အားစုတွေကလဲ မအလကို ဒီအချိန်မှာ နင်းပြီး ညှိရမှာ။ ခေါင်းမာနေတုန်းဆိုရင် ‌အခုချိန်ကြီးကို နာနာထောင်းလို့လဲ ဘယ်သူမှ အပြစ်မတင်ဘူး။ ‌ပြည်သူလူထုက ရရာဆွဲပြီး ဝိုင်းဝန်း‌ ပေးကြမှာ။ အဲလိုမှ မဟုတ်ပဲ၊ အွန်းလိုင်းပေါ်ကနေ စာထုတ် ကမ်ပိန်းလုပ်ပြီး၊ ဘာသံခင်းတမန်ခင်း ပရိယာယ် နည်းလမ်းမှ မရှိရင်တော့...ခက်တာတော့ ခက်တယ်ဗျာလို့ပဲ ပြောချင်တယ်။

တကယ်တော့ ဒီငလျင် ဖြစ်စဉ်မှာ တော်တော်လေး စိတ်ထဲမကောင်းမိလို့ပါ။
ရေရှည်အတွက် အကောင်းဆုံး နည်းလမ်းကိုတော့ ရှာကို ရှာဖို့လိုတယ်။

တိုင်းပြည်အတွက် ဘာဆက်လုပ်ကြမှာလဲလို့ပဲ ကျွန်တော် မေးချင်တယ်ဗျာ။
👍369👏1😁1
သတင်းတွေလဲ ကြားပြီးကြပြီလို့ ယူဆပါတယ်။
MMDAA လာရှိုးကနေ ပြန်ဆုတ်မယ် ဆိုတာ အပြီးသတ်လုနီးပါးဖြစ်‌နေပြီ။ ဒီနေရာမှာ တချို့သတင်း‌တွေမှာ သေချာချာ‌မဖော်ပြတဲ့ အခြေအနေလေးတချို့ကို ပြောပြချင်တာရှိတယ်။ ကိုယ့်တော်လှန်ရေးဘက်တော်သားတွေကို သင်ခန်းစာယူစေချင်တာလဲပါတယ်။

‌စစ်တပ်က လာရှိုးကို ပြန်ဝင်တဲ့ကိစ္စမှာ တရုတ်ကြားဝင် ညှိနှိုင်းမှုနဲ့ ဖြစ်ပေါ်လာတဲ့ အပေးအယူကို အဓိကပြောပြချင်တာ ဖြစ်ပါတယ်။

တရုတ် - မြန်မာ အဓိကကုန်သွယ်‌ဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော် နဲ့ မူဆယ်ဂိတ်တွေဟာ ကုန်သွယ်မှုအလွန် များပြားတဲ့ အတွက် စစ်ကောင်စီအတွက် လုံးဝလက်လွှတ်မခံနိုင်တဲ့ အခြေအ‌ထားဖြစ်ပါတယ်။ သို့သော် MMDAA နဲ့ ညီနောင်အဖွဲ့တွေက ကုန်းကြမ်းကနေစပြီး လောက်ကိုင် ကွမ်းလုံ ကို လက်လွှတ်ရပြီးကတည်းက သံလွင်မြစ် တစ်ဖက်ကမ်းမှာ စစ်တပ်ရဲ့ ထိန်းချုပ်မှုက လုံးဝမရှိတော့ပါဘူး။ ဒါက ၁၀၂၇ စစ်ဆင်ရေးအပြီး စစ်တပ်လက်လွှတ်လိုက်ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီနေရာမှာ MMDAA နဲ့ ညီနောင်အဖွဲ့တွေက စစ်တပ်ကို ဆက်လက်ဖိအားပေးနိုင်ဖို့ ၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးနဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာရှိတဲ့ လာရှိုးမြို့အပြင် စစ်တပ်ရဲ့ ရမခ ကိုပါ သိမ်းပိုက်လိုက်ပါတယ်။ ပထမ MMDAA ရဲ့ မူလအစီအစဉ်က ကွမ်လုံ ထိန်းချုပ်ပြီး လားရှိုး - ချင်းရွှေဟော် ကုန်သွယ်ရေးကို အဓိက ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ သို့ပေမဲ့ ၁၀၂၇ ပထမ ပိုင်းအပြီး တရုတ်နဲ့ ဆွေးနွေးပွဲမှာ စစ်တပ်ရဲ့ ခေါင်းမာမှု‌ကို MMDAA မြင်တွေ့ရပြီးနောက် ဒုတိယလှိုင်း အနေနဲ့ နမ့်ဖက်ကာ၊ ကွတ်ခိုင်၊ သန္နီ နဲ့ လာရှိုးပါ MMDAA ချုပ်ကိုင်လာခဲ့ပါတယ်။ လာရှိုးကို လက်လွှတ်လိုက်ရတဲ့ စစ်တပ်က မူဆယ် ၁၀၅ မိုင် လမ်းကြောင်းပါ ဆုံးရှုံးရမဲ့ အနေအထားထိ အထိနာခဲ့တဲ့ အပြင် အရှက်ကွဲခဲ့တဲ့ အဖြစ်ကိုရောက်ခဲ့ပါတယ်။

လာရှိုးသိမ်းပြီးနောက် တရုတ်ရဲ့ ဖိအားပေးမှုတွေ ခံခဲ့ရ‌ပြီး ‌NUG အပါအဝင် တော်လှန်ရေးနဲ့ လုံးဝ ပတ်သက်မှုမရှိတော့ပါဘူး ဆိုတဲ့ အနေအထားတွေအထိ သဘောထား ထုတ်ပြန်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီကိစ္စတွေအပြီး တရုတ်ကြားဝင်ထားတဲ့ ကနဦးဆွေးနွေးမှုတွေ၊ သတင်းထုတ်ပြန်မှုမရှိတဲ့ ဆွေးနွေးမှုတွေအပြီးမှာ လာရှိုးကို MMDAA က စစ်တပ်ကိုပြန်ပေးရမယ်။ MMDAA အနေနဲ့ ကွမ်းလုံအထိ ဆုတ်ပေးဖို့ စစ်တပ်က တောင်းဆိုပေမဲ့ တရုတ်က သန္နီမြို့အထိ အထူးဒေသ (၁) MMDAA ကိုပေးဖို့ ကြားဝင်တဲ့ အပေါ် စစ်တပ်က အလွန်အမင်း ဒေါသထွက်ခဲ့တယ်လို့ အတွင်းသတင်းတွေအရ သိရတာရှိတယ်။ စစ်ရှုံးနေတဲ့စစ်တပ်က တရုတ်ရဲ့ ဆုံးဖြတ်ချက်ကို မလွန်ဆန်နိုင်တဲ့အတွက် အချို့အသေးစိတ်အချက်တွေ အတည်ဖြစ်ဖို့ကို အချိန်တစ်ခုထိ ယူဖို့ဖြစ်လာခဲ့ပါတယ်။ ဒါက မူဆယ် - ၁၀၅ မိုင် - လားရှိုး လမ်းကြောင်းကို မနှောက်ယှက်ဖို့ နဲ့ MMDAA က တောင်းဆိုတဲ့ ကုန်သွယ်ရေးဝင်ငွေကို မလိုက်လျောဖို့လဲ အပါအဝင်ဖြစ်ပါတယ်။ ဒါတွေကြောင့်လဲ ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားကို ဆွဲသွင်းတဲ့အခြေအနေအထိကို ရောက်ခဲ့ပြီး တရုတ်ရဲ့ ဆုံးဖြတ်ချက်တွေက ‌မျှတမှုမရှိ တစ်ဖက်သတ်ဆန်တယ်လို့ မအလ စစ်တပ်က ယူဆခဲ့တာဖြစ်ပါတယ်။

အခု မအလရဲ့ရွေးကောက်ပွဲ အစီအစဉ်ထဲမှာ ကိုးကန့် MMDAA ရဲ့ အထူးဒေသသစ်ကို ၂၀၀၈ ဖွဲ့စည်းပုံမှာ ထည့်သွင်းရေးဆွဲပြင်ဆင်ဖို့လဲ ပါဝင်တယ်ဆိုတာ သိရပါတယ်။ ဒီလိုအပေးအယူတွေအပြီး ရွေးကောက်ပွဲအတွက် မဲရုံးစိုက်မဲ့ အထဲ ရှမ်းမြောက်မှာ လာရှိုးမြို့လဲ ပြန်လည်ပါဝင်ခဲ့ပါတယ်။

ဒီတော့ MMDAA ဇာတ်လမ်းက တစ်ခန်းရပ်သွားပြီလို့တောင် ပြောလို့ ရနိုင်ပြီး တော်လှန်ရေးအတွက် ဆုံးရှုံးမှု အပြင် အနုတ်လက္ခဏာ ဆောင်ခဲ့တဲ့ အခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်။

လက်ရှိတော်လှန်ရေးရဲ့ အခြေအနေကို ပြန်လည်သုံးသပ်တဲ့အခါမှာ NUG ရဲ့ တရုတ် နဲ့ သံတမန်ဆက်ဆံရေး ကြိုးစားမှု ကျရှုံးတဲ့ခဲ့ အမှားက အဓိက အပြောင်းအလဲ ကြီးဖြစ်ခဲ့တယ်လို့လဲ ဆိုနိုင်တယ်။ နောက်ဆုံးပေါ်နိုင်ငံရေးစနစ်ဖြစ်တဲ့ ကွန်မြူနစ် ဈေးကွက်စီးပွားရေး ကျင့်သုံးနေတဲ့ တရုတ်နိုင်ငံနဲ့ စကားပြောရာမှာ ဒီမိုကရေစီ အင်အားစု ဆိုတဲ့ စကားရပ်မျိုး သုံးရင်တောင် တရုတ်က ကြိုက်တာမဟုတ်ပါဘူး။ ပြောရရင် ဒီမိုကရေစီဆိုတာ တရုတ် လုံးဝ မကြားချင်ဆုံး စကားလုံး ဖြစ်ပါတယ်။ တရုတ်‌ ‌‌ကျောင်းသုံး စာအုပ်ထဲမှာတောင် မရှိပါဘူး။ တရုတ် စကားပြောတဲ့ လူမျိုးစုတွေထဲကို ကူးစက်မှာကိုလဲ လုံးဝ(လုံးဝ) မလိုလားတာမျိုးပါ။

ဒါကြောင့်သံခင်းတမန်ခင်းမှာ ကိုယ်ဆက်ဆံနေရတာ ဘယ်သူလဲဆိုတာ နားလည်ထားဖို့ အရမ်း အရေးပါ ပါတယ်။ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးမှာ ‌တိုင်းရင်းသား EAOs တွေအတွက် နိုင်ငံရေး စနစ် မက်လုံးတွေထက် ဘယ်အရာက သူတို့အတွက် အသက်တမျှ အရေးကြီးလဲ။ ဘယ်အရာက နှစ်ဖက်စလုံး အကျိုးရှိနိုင်လဲ။ ဖြစ်လာနိုင်တဲ့ စိတ်ခေါ်မှုတွေကို ကျော်လွှားဖို့ ဘယ်လိုအရာတွေနဲ့ နှောင်ဖွဲ့ထားမလဲ ဆိုတာ အရမ်းအရေးကြီးပါတယ်။

စစ်ကောင်စီရဲ့ခြေလှမ်းတွေကြား TNLA နဲ့ ဆွေးနွေးပွဲ ရလာဒ် ဖြစ်ပေါ်လာခဲ့ရင် လက်ရှိ လက်နက်ကိုင်တော်လှန်ရေးမှာ NUG ရဲ့ ဦးဆောင်မှုက တော်တော်ကြီးကို မေးခွန်းထုတ်စရာ အနေအထား ဖြစ်လာပါလိမ့်မယ်။

ပြည်သူတွေမှာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းနေရုံမှတစ်ပါး အခြားမရှိ။ ။
👍174
Media is too big
VIEW IN TELEGRAM
စစ်တပ်ကကောင်တွေ လုပ်လိုက်ရင် အဲလိုပါဆို...တကယ့် ‌ေ-ာက်ရှက်။
ခေါင်းမရှိဘူး ပြောရင်လဲ မကြိုက်ဘူး။

ခေါင်းသုံးဆို ကျွမ်းထထိုးမှ ကြိုက်တာ စစ်ဗိုလ်ချုပ်တွေက။
တကယ်မှန်မှန်ကန်ကန် လုပ်ရည်ကိုင်ရည် ရှိတဲ့သူမျိုးဆို စစ်တပ်မှာ မထားဘူး။

#Credit to original uploader
👍263
လာရှိုး၊ ကိုးကန့် ကိစ္စ
သတင်းတွေ တက်လာတာက လာရှိုးမှာ တရုတ်က ကောင်စစ်ဝန်ရုံးထားရှိပြီး MMDAA နဲ့ စစ်ကောင်စီကြား အထိန်းအကွပ် သဘောမျိုးရှိမယ်ဆိုတာက ဘယ်လိုမှ လက်မခံသင့်တဲ့ ကိစ္စတစ်ခုဗျ။

လာရှိုးကို ကိုးကန့်နဲ့ စကစ ကြား တရုတ် ကြားဝင်တယ်၊ လာရှိုးပြန်ပေးရတယ် ဆိုတဲ့ အထိ မကျေနပ်သော်လဲ မတတ်သာလို့ လက်ခံပေးလို့ရတယ်။

တရုတ်ကောင်စစ်ဝန် ရုံးလာဖွင့်တယ်ဆိုတာကတော့၊ တရုတ်က လာရှိုးထိ တက်သိမ်းတာနဲ့ တူတူပဲ။

ဟိုးမြန်မာ ဘုရင်တွေလက်ထက်တုန်းက လက်ရှိတရုတ်ပြည် ဆစ်ဆောင်ပန်းနား ဒေသမှာ ရုံးစိုက်ပြီး အုပ်ချုပ်ခဲ့တာရှိတယ်။ ဒီလို အကွက်မျိုး သမိုင်းတစ်ပတ်ပြန်လည်ပြီး တရုတ်က ကောင်စစ်ဝန်ရုံးသာ လာစိုက်မယ်ဆိုရင်တော့ နယ်စပ်ကနေ လားရှိုးအထိက တရုတ် လက်အောက် ရောက်သွားတာနဲ့ တူတူပဲ။

နွေဦးတော်လှန်ရေးလုပ်တာ အမြတ်ထွက်သွားတာက တရုတ် နဲ့ ဝ။

ကုန်ကုန်ပြောမယ်ဗျာ၊ သံလွင်မြစ် တစ်ဖက်ကမ်းက မြန်မာ မပိုင်တော့ဘူး။ ခင်ဗျားတို့ အလည်သွားရင်တောင် ဟိုကဒ်ဒီကဒ်တွေလုပ်ရတော့မယ်။

နည်းနည်းတော့ ခံပြင်းစရာကောင်းတယ်။
နိုင်ငံရေးသမားလူကြီးမင်းများလဲ ကြည့်ကျက်လုပ်ကြပါဦး။

ဒီပြည်တွင်းစစ်မှာ ကျွန်တော်တို့ တိုင်းပြည်က စနစ်တကျ ဖျက်စီးခံလိုက်ရပြီလို့ပဲ မြင်တယ်။

အဲဒါ မအလ မကောင်းလို့ ဆိုတာ မှန်တယ်။ သို့သော် တိုက်တုန်းက PDF တွေနဲ့ တိုင်းရင်းသား လူငယ်တွေ အသက်ပေးပြီး နောက်ဆုံးကျ တရုတ်က ရုံးလာစိုက်သွားတယ် ဆိုတာကတော့ သိပ်တော့မမိုက်ဘူး‌ဗျာ။

တကယ်ဖြစ်မလာပါစေနဲ့လို့ပဲ ဆုတောင်းရုံမှ တစ်ပါး အခြားမရှိ။
👍8114👎1
ခွေးတွေအခု ဖားကန့်ကို အသည်းအသန် ကျားထိုးတက်နေတယ်ဆိုလို့ ဘာများလဲ မေးမြန်းကြည့်တော့။

မက်လုံးတွေက အကြီးကြီးတွေ ရှိတယ်ပြောတယ်။

အကောင်ကြီးတွေက လုပ်ကွက်အသစ်တွေရမယ်။ အခြားအဆင့်တွေက ကျောက်တွေ့ရင် သယ်နိုင်သလောက်သယ်ခွင့်ရှိတယ်ဆိုပဲ။

နောက်သတင်းတစ်ခုက TNLA ကို ထိုးစစ်ဆင်နေတဲ့ စခတပ်တွေကို ဂြိုလ်တုထောက်လှမ်းရေး ဓာတ်ပုံတွေနဲ့၊ ‌နယ်မြေစိုးမိုးရေးအတွက် မဟာဗျူဟာမြောက်တပ်ဖြန့်မှုတွေကို တရုတ်က အကူအညီပေးနေတယ်ဆိုတဲ့ ကိစ္စပဲ။

လားရှိုးမှာ ထိုင်နေတဲ့ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့ကနေ တဆင့် သတင်းအချက်အလက်ဖြန့်ဝေမှု လုပ်ဆောင်တာလား သို့မဟုတ် ရုရှားကပဲ အကူအညီပေးသလားဆိုတာ သေချာ မရှင်း‌လင်းပေမဲ့။ လေကြောင်းပစ်မှတ်တွေအတွက် ဂြိုလ်တုကနေ တိုက်ရိုက် ထောက်လှမ်းရေး ပစ်မှတ်တွေကို ရှာဖွေနေတာ၊ တော်လှန်ရေးတပ်တွေ ရွေ့လျားမှုတွေကို စောင့်ကြည့်လေ့လာနေတယ်ဆိုတာ သေချာသလောက် သိရတယ်။

မအလရဲ့ စစ်ထောက်လှမ်းရေး ဟောင်းတွေ မနှစ်ကတည်းက အားနည်းနေတဲ့ ထောက်လှမ်းရေး သတင်းရယူဖို့ နည်းလမ်းပေါင်းစုံနဲ့ တရုတ် နဲ့ ရုရှားကို ချဉ်းကပ်ခဲ့တာတွေကို ဆက်စပ်ကြည့် ဖြစ်နိုင်ချေရှိတာကြောင့် အဖွဲ့တွေကိုသတိကပ်‌စေချင်တယ်။
👍2318
ဘင်္ဂလားဒေ့ရှ် သံအမတ် ဒါကာကိုပြန်ခေါ်မှုနှင့် မြန်မာဘက်၏ မကျေနပ်သည့် အကြောင်းများ

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ၂၀၂၅ ခုနှစ် မေလ ပြီးချိန်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဒါကာမြို့သို့ ပြန်ခေါ်လိုက်သည်ဟု သတင်းထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် မေလ ၂၇ ရက်နေ့တွင်ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ သံအမတ် မိုနိုဝါ ဟိုစိန်ကို ချက်ချင်း ဒါကာသို့ ပြန်ခေါ်ရန် အတည်ပြုကြောင်း လူသိရှင်ကြား ပြောကြားခဲ့ပါသည်။ အဆိုပါ သံအမတ်ပြန်ခေါ်ခြင်းသည် ၂၀၂၃ ခုနှစ် ဝန်းကျင်က ကတည်းက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်သစ်အဖြစ် မိုနိုဝါ ဟိုစိန် တာဝန်ထမ်းဆောင်ခဲ့ရာမှ နှစ်နှစ်အတွင်း သံတမန်ဆက်ဆံရေး ပြင်းထန်စွာ တင်းမာလာမှုကို ထင်ဟပ်‌စေပါသည်။ ထို့အပြင် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံး၏ စစ်ရေးရာ တာဝန်ခံ ဖြစ်သည့် ဗိုလ်မှူးချုပ် အက်ဖ်တက် ဟော့စိန် (Brig. Gen. Aftab Hossain) ကိုလည်း မေလလဆန်းပိုင်းတွင် အရေးပေါ်အခြေအနေဖြင့် ပြန်ခေါ်ထားခဲ့ကြောင်း သိရပါသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားသည့် အကြောင်းရင်းများ

ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က မြန်မာနိုင်ငံမှ သံအမတ်ကို ပြန်ခေါ်လိုက်ခြင်းသည် ရိုးရိုး သံတမန်အလုပ်အမှုဆောင် ကိစ္စများအရ ပြုလုပ်သည့် အဖြစ်သာဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် အသိပေးဖွယ် ပြောကြားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာရေးရာ ဌာနမှ ဒါရိုက်တာ မစ္စတာ ဆူဂျန် ဒက်ဗ်နက်ထ် က ဘီဘီစီသို့ ဖြေကြားသဖြင့် ဤသံအမတ်ပြန်ခေါ်ခြင်းသည် လူ‌တွေ့ကြားဖြတ် အစည်းအဝေးတစ်ရပ် ဆောင်ရွက်ရေးအတွက် ရိုးရိုးလုပ်ထုံးလုပ်နည်းအရ ချမှတ်ထားသည့် အခြေအနေဖြစ်ကြောင်း ဖွင့်ဆိုခဲ့ပါသည်။ ထို့အပြင် “မြန်မာဘက်မှ သံအမတ်ကို အနေအထားပျက်ကွက်အဖြစ် ဆောက်ရွက်ခဲ့သည်မဟုတ်ဘဲ၊ ယင်းပြန်ခေါ်ခြင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကိုယ်တိုင် စီမံချက်ဖြင့် ပြုလုပ်ခဲ့သည်” ဟု ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက် ယူနွတ် (X) လူမှုကွန်ယက် တွင် မေလ ၂၉ ရက်နေ့ထုတ် ပြောကြားချက်တွင် ပြောကြားထားပါသည်။ အဆိုပါ ပြောကြားချက်မှတစ်ဆင့် သံအမတ် မိုနိုဝါ ဟိုစိန်အား မြန်မာအစိုးရဘက်က “persona non grata” အဖြစ် ကြေညာခြင်းမရှိကြောင်း နှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ အခြား မဟုတ် သံအမတ်ကို ရုပ်သိမ်းခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းထားသည်။

သို့‌သော်လည်း ဘင်္ဂလားဒေ့ရှ်ရဲ့ သံတမန်ပြန်ခေါ်ယူမှု ဆုံးဖြတ်ချက်၏ နောက်ခံအကြောင်းအရင်းမှာ နိုင်ငံတကာသတင်းများအရ မြန်မာစစ်ကောင်စီဘက်မှ တောင်းဆိုထားသည့် တရားဝင် မကျေနပ်ကြောင်းနှင့်လည်း သက်ဆိုင်နေပါသည်။ ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ဒေါက်တာ ခါလီလာ ရာမန် က မီဒီယာမှထုတ် ပြောကြားခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အနှံ့အပြား လက်နက်ကိုင် ကာကွယ်ရေးလုပ်ဆောင်နေသည့် အာရက္ခတပ်တော် (AA) နှင့် အချက်အချာကျ ဆက်သွယ်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သူက “ဘင်္ဂလားဒေ့ရှ်ဟာ အပြည့်အဝ လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး၊ နိုင်ငံအကျိုးစီးပွား ထိန်းသိမ်းရန် လိုအပ်ခဲ့တဲ့ အခါ ဘယ်အဖွဲ့နှင့်မဆို ဆက်ဆံရလာနိုင်ပါသည်” ဟု ပြောကြားခဲ့ဖူးကြောင်း၊ အဆိုပါ ဆက်သွယ်မှုမှာ နယ်စပ်တည်ငြိမ်မှု ဆိုင်ရာ ရည်ရွယ်ချက်ဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်ဟု သိရပါသည်။ ဒီလို AA နဲ့ ဆက်သွယ်မှုကို လူသိရှင်ကြား ပြောကြားခဲ့ပြီး နောက်ပိုင်း မကြာခင်အကျဉ်း၊ မြန်မာစစ်ကောင်စီဘက်က ဒုတိယအကြိမ် သတင်းအဖွဲ့ ဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရသို့ တရားဝင် သံတမန်ရေး ကန့်ကွက်စာတစ်စောင် ပေးပို့လာခဲ့ကြောင်းသိရှိရပါသည်။ ယင်းသံတမန်ရေး ကြေညာချက်တွင် ဘင်္ဂလားဒေ့ရှ် အရာရှိတွေ AA နဲ့ ဆက်သွယ်နေမှုကို စစ်ကောင်စီဘက်က မကျေနပ်ကြောင်း ထုတ်ဖော်ဖော်ပြခဲ့သည်ဟု သံတမန် လမ်းကြောင်းများကို ကိုးကားပြီး သတင်းဖော်ထုတ်ရရှိထားပါတယ်။ သို့ကြောင့် AA နှင့် တိုက်ရိုက် ဆက်ဆံထားခြင်းကြောင့်ပင် မြန်မာဘက်က မကြာသေးမီက ဘင်္ဂလားဒေ့ရှ် ရန်ကုန်ဆိုင်ရာ စစ်သံမှူး ဖြစ်သူ ဗိုလ်မှူးချုပ် အက်ဖ်တက် ဟော့စိန်ကို တရားဝင် ဖြုတ်ချရန် တောင်းဆိုခဲ့ခဲ့ပြီး၊ အစိုးရ ဒါကာဘက်မှလည်း မေလ ၁၃ ရက်နေ့တွင် စစ်သံမှူးအဖြစ်ဆောင်ရွက်ခဲ့သည့် ဗိုလ်မှူးချုပ် အက်ဖ်တက် ဟော့စိန်ကို ပြန်ခေါ်ယူခဲ့သည်ဟု သိရှိရပါသည်။ မဖြစ်မနေ အကြောင်းတရားများ ဆက်စပ်နေသောကြောင့်ပါ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် သံအမတ် မိုနိုဝါ ဟိုစိန်ကိုလည်း ပြန်ခေါ်ယူရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်နိုင်သည်။

မြန်မာအစိုးရ ဘက်မှ မကျေနပ်သည့် အကြောင်းများ

မြန်မာစစ်အစိုးရဘက်မှ ဘင်္ဂလားဒေ့ရှ်နှင့် အာရက္ခတပ်တော် (AA) အကြား ထိတွေ့ဆက်ဆံမှုများ ရှိနေသည်ကို ၂၀၂၄ စက်တင်ဘာလကတည်း ထုတ်ဖော်ကာ ပြစ်တင်စွပ်စွဲနေပြီး၊ ယင်းဆက်ဆံမှုကို တရားဝင် ကန့်ကွက်ရှုတ်ချခဲ့သည်ဟု သိရပါသည်။ AA သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကျော်အား ထိန်းချုပ်ထားကာ ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်တလွှား တော်လှန်ရေး ဆောင်ရွက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပါသည်။ စစ်ကောင်စီအနေနှင့် AA ကို ပဋိပက္ခပြု
17👍1
တိုက်ခိုက်နေတာဖြစ်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနှင့် AA တို့နှင့် ဆက်သွယ်နေသည်မှာ မြန်မာဘက်အတွက် အနိုင်ကျင့်မှု၊ ပြည်တွင်းရေးစွက်ဖက်ခြင်းအဖြစ်ဆိုရာ မကျေနပ်ဘဲဖြစ်ခဲ့ကြောင်း နိုင်ငံတကာ လေ့လာသုံးသပ်သူများက ဖော်ပြထားပါသည်။ စစ်ကောင်စီ၏ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပင် AA နှင့် ဘင်္ဂလားဒေ့ရှ် အရာရှိများ ဆက်သွယ်ခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးချိန်တွင် ဒါကာသို့ တရားဝင် သံတမန်ရေး မှတ်ချက်စာ ပေးပို့ကာ မကျေနပ်ကြောင်း ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။ မြန်မာစစ်ကောင်စီဘက်မှ ဤကန့်ကွက်စာ ပေးပို့ခဲ့သည့်အကြောင်းရင်းကို တိုက်ရိုက်ဖော်ပြထားမှု မရှိသော်လည်း၊ အာရက္ခတပ်တော်အား ဘင်္ဂလားဒေ့ရှ်ဘက်က ဆက်သွယ်မှု ရပ်တန့်ရန် တောင်းဆိုခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံတကာ သတင်းစာများက ရေးသားထားကြောင်း တွေ့ရပါသည်။

ထို့အပြင် နောက်ထပ်ဖြစ်နိုင်‌ချေ အကြောင်းရင်းတစ်ရပ်အဖြစ် လူသားချင်းစာနာမှု စင်္ကြန် (humanitarian corridor) ဆိုင်ရာ ပြဿနာသည်လည်း သက်ဆိုင်နေသည်ဟု ယူဆနိုင်ပါသည်။ ကုလသမဂ္ဂ၏ စီမံချက်အရ ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှု လမ်းကြောင်းဖွင့်၍ ဘင်္ဂလားဒေ့ရှ်မှ အလှည့်ကျ အကူအညီများ ပေးပို့ရန်၊ ထို့အပြင် ဘင်္ဂလားဒေ့ရှ်၌ ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို စနစ်တကျ ပြန်လည်လက်ခံနိုင်ရန် ရည်ရွယ်ချက်များ ရှိခဲ့ပါသည်။ ၂၀၂၄ ခုနှစ် အကုန်ပိုင်းတွင် ကုလသမဂ္ဂ လူသားချင်းစာနာမှု ကော်ရီဒေါ် စီမံကိန်းအား UN က အကြံပြုချက်ကို ဘင်္ဂလားဒေ့ရှ်ဘက်မှ စိတ်ဝင်စားမှု ပြသခဲ့သည်ဟု သတင်းတွေထွက်ပေါ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ယာယီ နိုင်ငံခြားရေး အကြံပေး တိုဟစ် ဟော့စိန် က “ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂ ကြီးကြပ်ထိန်းကျောင်းမည့် လူသားချင်းစာနာထောက်ထားမှု စင်္ကြံတည်ဆောက်ရေး” ကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မူဝါဒအဆင့်မှာ Principle အရ သဘောတူကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြေညာချက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းရှိ စစ်ဘက်နှင့် နိုင်ငံရေး အရပ်သား အဖွဲ့အစည်းများအကြား ပြင်းထန်သော ဆန့်ကျင်ချက်များနှင့် ရင်ဆိုင်ခဲ့ရပြီး၊ ဘင်္ဂလားဒေ့ရှ် စစ်တပ်ဘက်မှ ၎င်းကို “သွေးစွန်းသည့် စင်္ကြံလမ်း” ဟု အမည်တပ်ကာ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာ ဥဇဇာမန် က မိုဟာမက် ယူနွတ် ကြားဖြတ်အစိုးရအား “သွေးစွန်းသည့် စင်္ကြံလမ်း မျှော်မှန်းချက်ကို ချက်ချင်း ရပ်တန့်ပစ်မည်” ဟု သတိပေးပြီး နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရမှာ ယင်းအစီအစဉ်ကို အတည်ပြုရန် ရှေ့တိုးဆောက်ရွက်ခြင်း မရှိလာတော့ပါ။ မြန်မာစစ်ကောင်စီဘက်မှလည်း လူသားချင်း စာနာရေး ကော်ရီဒော်မှတဆင့် AA သို့ လျှို့ဝှက်စွာ စစ်ရေးအထောက်အပံ့များ ထောက်ပံ့ခြင်း ဖြစ်စေမည်ဟု စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ်မှ ထုတ်ဝေသည့် သတင်းများတွင် ဖော်ပြခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် လူသားချင်း စာနာထောက်ထားမှု စင်္ကြံ ဆိုင်ရာ သဘောတူညီမှုကို ပြဿနာအနေဖြင့် မြန်မာဘက်က တွေးဆထားကြောင်း၊ အထူးသဖြင့် စစ်ကောင်စီအနေဖြင့် “နိုင်ငံတော်၏ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု” ဟူ၍ လေ့လာဆန်းစစ် ကြောင်း ရှုမြင်နေကြောင်း ဆိုနိုင်ပါသည်။

သို့ပေမယ့်လည်း ရခိုင်ပြည်နယ်ရှိ လူမျိုးစုပဋိပက္ခ၊ စစ်ရေးအရေးအခင်းများ ဖြစ်ပွားနေမှုများသည် ဘင်္ဂလားဒေ့ရှ် – မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တွင် ရေပန်းစား အစီအစဉ်တစ်ခုအနေဖြင့် ဖြစ်လာခဲ့ပါသည်။ ယခင်နှစ်များစွာတွင် ရိုဟင်ဂျာ မူစလင်လူနည်းစုများကို မြန်မာနိုင်ငံမှ အဓ္ဓမမောင်းထုတ်ခြင်း၊ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်သို့ ဖြတ်ကျော်ပြေးလာမှု၊ နယ်စပ်‌ဖြတ်ကျော် ရာဇဝတ်မှုများ ပါ ဝင်ပါသည်။ လက်ရှိတွင် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၁.၂ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားဝင် ခိုလှုံမိစေထားရပြီး၊ ရခိုင်ပြည်နယ်အတွင်း စားနပ်ရိက္ခာ ပြတ်လပ်မှုများ အရှိန်မြင့်လာမှုကြောင့် ထပ်မံ ဒုက္ခသည် စီးဆင်းနိုင်ခြေရှိသည်ဟု ကုလသမဂ္ဂ အထူးအဖွဲ့အစည်းများမှ သတိပေးထားကြောင်း သိရပါသည်။ ၂၀၂၂-၂၃ အတွင်းတွင်သာလျှင် လူပေါင်း ၁၃၀,၀၀၀ ကျော်သည် မတည်မငြိမ်သော ရခိုင်ပြည်နယ်အခြေအနေများကြောင့် နယ်စပ်ဖြတ်ကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထပ်မံ ခိုလှုံလာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ စိုးရိမ်တကြီးပြောကြားခဲ့ပါသည်။ ထို့ကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာသည် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အလေးထား ဖြေရှင်းရမည့် ပြဿနာဖြစ်လျက် ရှိပြီး၊ မြန်မာစစ်အစိုးရ ဘက်က “ဘင်္ဂလီ” ဟု ခေါ်ဝေါ်သော ရိုဟင်ဂျာပြဿနာကို ကိုယ်ပိုင် နည်းလမ်းဖြင့်သာ ဖြေရှင်းမည်ဟု အခါအားလျော်စွာ ကြေညာလေ့ရှိသည်။ မြန်မာဘက်မှ “ရခိုင်ပြည်နယ်တွင် ပြန်လည်လက်ခံရေးစီစဉ်များ ပြုလုပ်နေပြီး ဒုက္ခသည် များကို စိစစ် မှတ်ပုံတင်ပြီးမှသာ လက်ခံမည်” ဟု ထုတ်ပြန်လေ့ရှိသဖြင့်၊ ဒုက္ခသည်ပြန်လည်လက်ခံရေးမှာ ကြန့်ကြာမှုများစွာ ရင်ဆိုင်နေရသလို၊ ဘင်္ဂလားဒေ့ရှ်ဘက်တွင်လည်း အတော်လေးစိတ်ပျက်ဝမ်းနည်းဖွယ် ဖြစ်ခဲ့ပါသည်။

သံတမန်ရေး တင်းမာမှု၏ ယနေ့အခြေအနေနှင့် နိဂုံး
12👍9😁1
အဆက်မပြတ် ဖြစ်ပေါ်နေသော မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တဝိုက်ရှိ တင်းမာမှုများ၊ အထူးသဖြင့် ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာနှင့် AA အပစ်အခတ်များကြောင့် စစ်ရေးလုံခြုံရေး မသေချာမှုများမှာ တနည်းအားဖြင့် နှစ်နိုင်ငံ သံတမန်ရေးကို ထိခိုက်စေနေသည်ဟု ထင်ရှားလာပါသည်။ ၂၀၂၅ ခုနှစ် မေလ အတွင်း သံအမတ်ကြီးနှင့် စစ်သံမှူး ပြန်ခေါ်သည့် ဖြစ်စဉ်သည် နှစ်နိုင်ငံအကြား သံတမန်ရေး တင်းမာမှု မြင့်တက်ခဲ့ကြောင်း အထောက်အထားပြသလိုက်သည်ဟု နိုင်ငံတကာ မီဒီယာများကဖော်ပြထားသည်။ အင်အားကောင်းနေသော AA နှင့် ညှိနှိုင်းဆွေးနွေးခြင်း ဆက်လက်ရှိနေရသော်လည်း၊ မြန်မာစစ်ကောင်စီဘက်မှ ယင်းကို နိုင်ငံတော် လုံခြုံရေးအတွက် ပြစ်တင်ချက်ဖြစ်ကြောင်း ပြောကြားထားသည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က မျက်နှာမပျက်အောင် မြန်မာစစ်အစိုးရနှင့် ဆက်သွယ်ဆောင်ရွက်နေပြီး ရိုဟင်ဂျာ ပြန်လည်ပို့ထုတ်ရေး အပါအဝင် ရေရှည်တည်ငြိမ်ရေးအတွက် ဖြေရှင်းမှုကို ရှာဖွေရန် အစဉ်အမြဲ လုပ်ဆောင်နေကြောင်း ဝန်ခံထုတ်ဖော်ထားသည်။ ဤနောက်ခံဖြစ်ရပ်များကြားတွင် ဘင်္ဂလားဒေ့ရှ်သံအမတ် မိုနိုဝါ ဟိုစိန် ကို နေပြည်တော်မှ ပြန်ခေါ်လိုက်ပြီးနောက်၊ မကြာမီအနာဂတ်တွင် တာဝန်ပြန်လည် ဝင်ရောက်ဆောင်ရွက်ခြင်း ရှိမည် မရှိမည်မသိရသော်လည်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများက “မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကို ယာယီ ပြန်ခေါ်ထားခြင်းသာဖြစ်ကြောင်း၊ နောင်အခါ တာဝန်ပြန်ထမ်းဆောင်ရန် ရှိပါမည်” ဟု ကြေညာထားသည်ဟု သိရသည်။ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတိုင်းပြည်သည် သွယ်ဝိုက်ကပ်ရက်စွာ အိမ်နီးချင်း နှစ်နိုင်ငံဖြစ်ကြောင်း သမိုင်းဝင် စာမျက်နှာများမှ ဝန်ခံရမည်ဖြစ်သလို၊ နောက်ပိုင်းဇာတ်ကြောင်းများအရ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာ၊ နယ်စပ်လုံခြုံရေး ပြဿနာတို့သည် နှစ်နိုင်ငံ သံတမန်ရေးတွင် အဓိက စိန်ခေါ်မှုများဖြစ်လာနေကြောင်း လဲ ထင်ရှားလှပါသည်။ အဆိုပါ အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် နှစ်နိုင်ငံ ဘက်ကအသင်းအဖွဲ့များ အဆက်မပြတ် ဆွေးနွေးနေရသည်ကိုလည်း မြင်တွေ့နိုင်ပါသည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် မြန်မာစစ်ဘက် ဆက်ဆံရေး တင်းမာမှုများကို လူသိရှင်ကြား မပြင်းထန်စေချင်သော်လည်း၊ သံအမတ် ပြန်ခေါ်လိုက်ခြင်းကြောင့် သံတမန်ဆက်ဆံရေး အလားအလာများမှာ စိန်ခေါ်မှု များစွာဖြစ်မည်ကို သေချာပေါက် မပြောနိုင်ပါ။ သို့သော် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် ရိုဟင်ဂျာ ဒုက္ခသည်ပြန်လည်‌ နေရချထားရေး အပါအဝင် နိုင်ငံရေး၊ လုံခြုံရေး များပြားသော ပြဿနာကြီးများကို ပူးပေါင်းဖြေရှင်းရန် လိုအပ်သောကြောင့် သံအမတ်များကို ဆက်လက်ပြန်လည် နေရာချစေကြမည်ဟု မျှော်လင့်ရပါသည်။

ကိုးကားအရင်းအမြစ်များ: ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်များ၊ မြန်မာစစ်အစိုးရ သတင်းကြေညာချက်နှင့် ရက်ပိုင်းအတွင်းထုတ်ဝေသည့် Reuters၊ BBC Burmese၊ Irrawaddy၊ Narinjara စသည့် ယုံကြည် ရနိုင်သောသတင်းအရင်းအမြစ်များကို အထောက်အထားပြုစုပါခဲ့သည်။ ဥပမာအားဖြင့် Reuters သတင်းတွင် “Bangladesh has recalled its ambassador from Myanmar… after it acknowledged opening a communications line with a rebel army” ဟု ဖော်ပြခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ဒေါက်တာ Khalilur Rahman က AA နဲ့ ဆက်သွယ်နေကြောင်း မေလ ၆ ရက်နေ့က ပြောကြားခဲ့တယ်လို့ သိရသည်ဟု ထည့်သွင်းဖော်ပြထားပါသည်။ ထို့တူ Irrawaddy Burmese မှာလည်း “ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် (မေလ ၂၇) သံအမတ် မိုနိုဝါ ဟိုစိန်ကို ချက်ချင်း ဒါကာသို့ ပြန်ခေါ်ထားကြောင်း အတည်ပြုခဲ့သည်” ဟု ဖော်ပြခဲ့ပြီး၊ “မြန်မာစစ်ကောင်စီဘက်က AA နဲ့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများ ဆက်သွယ်နေခြင်းကို ကန့်ကွက်ခဲ့ပြီး နောက် သံအမတ် ပြန်ခေါ်ခြင်း ဖြစ်ပေါ်လာသည်” ဟု သံတမန် သတင်းရင်းမြစ်များကို ကိုးကားပြောကြားထားကြောင်း တင်ပြထားပါသည်။ BBC Burmese မှာလည်း ယူနွတ် ကြားဖြတ်အစိုးရ ခေါင်းဆောင်၏ ပြောကြားချက်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးဝန်ထမ်းများ၏ တုံ့ပြန်ချက်များနှင့် အာရက္ခတပ်တော် (AA) ကြောင့် ဖြစ်ပွားလာသော သံတမန်ရေး အချုပ်အခြာအာဏာ ထိခိုက်မှုများကို ဖော်ပြထားပါသည်။ ယခု‌ရေးသားသော သတင်းအချက်အလက်များ ကို အထက်ပါ ကိုးကားချက်များမှ တစ်ဆင့် အတည်ပြုနိုင်ပါသည်။
👍2316
MNDAA ဒေသမှာ ယွမ်ငါးသိန်းနဲ့ အထက် ရင်းနှီးမြှုပ်နှံသူကို နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်လုပ်ပေး၊ သိန္နီ အထက်ပိုင်း တရုတ်နိုင်ငံဖြစ်လာ

ဇွန် ၈ - ၂ဝ၂၅

MNDAA ထိန်းချုပ်နယ်မြေမှာ တရုတ်ငွေ ယွမ် ငါးသိန်းနဲ့ အထက် ရင်းနှီး မြှုပ်နှံနိုင်သူကို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် စတင် လုပ်ပေးနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"သိန္နီ အထက်ဘက်ပိုင်းက အခု တရုတ်နိုင်ငံ ဖြစ်လာနေပြီ။ တရုတ်ငွေ ယွမ် ငါးသိန်းနဲ့ အထက် ရင်းနှီး မြှုပ်နှံပြီး MNDAA ထိန်းချုပ်နယ်မြေမှာ စီးပွားရေး လုပ်ငန်းလုပ်နေသူ တွေကို ချင်းရွှေဟော် ကနေ တရုတ်နယ်စပ် အဝင်၊ အထွက် လုပ်ပေးနေပြီ ဆိုပြီး ကြေညာ နေတယ်။" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

တရုတ်နိုင်ငံသားတွေလည်း သိန္နီ အထက်ပိုင်း လာရောက် ရင်းနှီးမြှုပ်နှံတဲ့ သူတွေ အရမ်းများလာ နေတယ်လို့ သူက ပြောပါတယ်။

"လားရှိုး - သိန္နီ - ကွမ်းလုံ လမ်းမကြီးဘေး တလျှောက် ဒေသခံ ရှမ်းတွေရဲ့ ခြံတွေတောင် မကျန်တော့ဘူး။ မြေ လာ ငှား နေကြတယ်၊ အဆောက်အဦး တွေ ဆောက်နေကြ တယ်။" လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါ တယ်။

လမ်းသွား လမ်းလာ မမြင်နိုင်တဲ့ တောဘက်ထဲလည်း လက်ရှိ ထိန်းချုပ် နေတဲ့ MNDAA တပ်ဖွဲ့က နေရာချဲ့ယူ ပေး ပြီး တရုတ် နိုင်ငံသား သူဌေးတွေ နေထိုင်တာတွေ၊ ကြံစိုက် တာတွေ၊ ငါးမွေးကန်တွေ မအားမလပ် နေရာလွတ် မရှိ
အကုန် နေရာယူလာနေ ကြတယ်လို့ သူက ပြောပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ် ဘက် က နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်နဲ့ ဝင်လာမယ်ဆိုရင် တရုတ်ဘက်ခြမ်း မိန်းတိန် ဘက် သွားလာလို့ ရပြီး လောက် ကိုင်ဘက်ကနေ တရုတ် နယ်စပ်ဘက် ဝင်မယ် ဆိုရင်တော့ တရုတ်ဘက် နမ့်စန်မြို့ထိ သွားလာလို့ရတယ်လို့ နယ်စပ် ကုန်သည် တယောက်က ပြောပါတယ်။

ဒါ့အပြင် UWSA ထိန်းချုပ် ဒေသက ဒေသခံ မှတ်ပုံတင်ရှိတဲ့ သူတွေလည်း ဝ နယ်စပ် ကနေ တရုတ်ဘက် ဝင်ထွက်ခွင့် လက်မှတ်လုပ်ပေးတာရှိပြီး နှစ်နိုင်ငံ နယ်စပ် အဝင်အထွက် ရတယ်လို့ သိရတယ်လို့ သူက ပြောပါ တယ်။

မုံးကိုး နယ်စပ်ဘက်က နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် နဲ့ တရုတ်နယ်စပ် ဘက် ဝင်ရောက် သူတွေကိုတော့ တရုတ်နိုင်ငံ မံစီမြို့ အထိ သွားလာခွင့် ပြုထားကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီ နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်ကိုတော့ MNDAA တပ်ဖွဲ့ က ထုတ်ပေးတဲ့ ဒေသခံ အိမ်ထောင်စုနဲ့ ဒေသခံ မှတ်ပုံတင် ကတ်ပြား ရှိသူတွေကို တရုတ်ဘက်ခြမ်း တရုတ် နယ်စပ် ဂိတ်မှာ ကြိုတင် စာရင်း သွင်း ရပြီး အကန့်အသတ်နဲ့ အခမဲ့ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

Crd - VOM
111👍51💔14😢8🎉2😁1