𝑺𝒉𝒘𝒆 𝒀𝒆𝒆 𝑽𝒍𝒐𝒈
1.52K subscribers
360 photos
14 videos
68 files
83 links
GED 📚
Sharing study tips & free resources
Scholarship opportunities 🎓
Study smarter. Achieve bigger ✨
Download Telegram
𝑺𝒉𝒘𝒆 𝒀𝒆𝒆 𝑽𝒍𝒐𝒈 pinned «TSU International College Announces Admissions for Bachelor’s Degree Programs – Class of 2026 Thaksin University, Thailand, is officially opening admissions for international and local students to join its prestigious International College (TSUIC) for the…»
𝗛𝗼𝘄 𝘁𝗼 𝗔𝘃𝗼𝗶𝗱 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 𝗥𝗲𝗷𝗲𝗰𝘁𝗶𝗼𝗻 ⁉️
Scholarship Winner တစ်ယောက် ဖြစ်ဖို့ဆိုတာ Personal Statement (PS) ဆိုတဲ့ တံခါးကြီးကို ဘယ်လိုတွန်းဖွင့်မလဲ ဆိုတာပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါကြောင့် ရွှေရည်တို့ PS ရေးတော့မယ်ဆိုရင် REJECT မထိအောင် ဒီအချက်လေးတွေကို အထူးသတိထားကြရအောင်နော်။💁‍♀️

📌 𝗙𝗶𝗻𝗱 𝗬𝗼𝘂𝗿 𝗙𝗼𝗰𝘂𝘀
စရေးပြီဆိုတာနဲ့ ခေါင်းထဲရှိသမျှ အောင်မြင်မှုတွေ၊ ဝါသနာတွေကို အကုန်လျှောက်ရေးတတ်ကြပါတယ်။ အဲ့ဒါက PS တစ်စောင်ကို ဦးတည်ချက် ပျောက်သွားစေတာမို့ ရွှေရည် အကြံပေးချင်တာက အရင်ဆုံး အကြမ်း (Draft) ချရေးကြည့်ပါ။ ပြီးမှ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ တကယ်သက်ဆိုင်တဲ့ အချက်တွေကိုပဲ ရွေးပြီး အသားပေးရေးပါ။

📌 𝗙𝗼𝗹𝗹𝗼𝘄 𝘁𝗵𝗲 𝗚𝘂𝗶𝗱𝗲𝗹𝗶𝗻𝗲𝘀
ကိုယ်လျှောက်မယ့် ကျောင်းက ဘာကို လိုချင်တာလဲ၊ သူတို့ရဲ့ Vision က ဘာလဲဆိုတာကို အရင် နောကျေအောင် လေ့လာပါ။ Guideline ထဲက Word Limit (စာလုံးရေ) ကို လုံးဝ သတိထားပါနော်။ သတ်မှတ်ချက်ကို ကျော်သွားရင် ကိုယ့်ရဲ့ စည်းကမ်းလိုက်နာမှုကို အမှတ်လျှော့ခံရနိုင်လို့ပါ။

📌Be Unique
"I am a hardworking student" လိုမျိုး လူတိုင်းသုံးနေတဲ့ စကားလုံးတွေပဲ သုံးနေရင် ရွှေရည်တို့စာက ပျင်းစရာကြီး ဖြစ်သွားပါလိမ့်မယ်။ ငယ်ငယ်က Myself အက်ဆေး ရေးသလိုမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ Unique ဖြစ်တဲ့ အချက်တွေကို ပေါ်လွင်အောင် ရေးဖို့ လိုပါတယ်။

📌 𝗦𝗵𝗼𝘄, 𝗗𝗼𝗻’𝘁 𝗝𝘂𝘀𝘁 𝗧𝗲𝗹𝗹
PS ဆိုတာ ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်ဖို့ထက် "ငါဟာ ဒီ Scholarship နဲ့ ဘယ်လောက် ကိုက်ညီသလဲ" ဆိုတာကို သက်သေပြရမှာပါ။
✅Achievements: အောင်မြင်မှုတွေရေးရင် ဒီဘာသာရပ်နဲ့ ဘယ်လို ဆက်စပ်လဲ၊ ကိုယ်ဘာတွေ တိုးတက်လာလဲဆိုတာကိုပဲ အဓိကထားပါ။
✅Activities: "ဘာတွေ လုပ်ခဲ့တယ်" ဆိုတာထက် "အဲ့ဒီကနေ ဘာတွေ သင်ယူခဲ့ရလဲ" ဆိုတာကို ပေါ်လွင်အောင် ရေးပါ။

📌 𝗣𝗿𝗼𝗼𝗳𝗿𝗲𝗮𝗱 & 𝗘𝗱𝗶𝘁
ရေးပြီးသွားရင် ဒီအတိုင်း မထားပါနဲ့။ စာလုံးပေါင်းနဲ့ Grammar အမှားတွေ ရှိမရှိ အကြိမ်ကြိမ် ပြန်စစ်ပါ။ ကိုယ့်ထက် အတွေ့အကြုံရှိတဲ့ Senior တွေ၊ ဆရာတွေကို ပြပြီး အကြံဉာဏ် တောင်းတာက အမှားနည်းဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။
ရွှေရည် အလေးအနက် ပြောချင်တာက...
Plagiarism (ခိုးချတာ) နဲ့ AI ကိုပဲ အကုန်ပုံအပ်ပြီး ရေးခိုင်းတာမျိုးက ကိုယ့်ကို Reject ထိစေမယ့် အဆိုးဆုံးအချက်တွေပါပဲ။ ကိုယ့်အကြောင်းကိုယ် စစ်စစ်မှန်မှန်နဲ့ ရိုးရိုးသားသား ရေးတာကသာ အထိရောက်ဆုံး ဖြစ်မှာပါ။
ဒီအချက်လေးတွေကို သေချာလေး ပြင်ဆင်သွားမယ်ဆိုရင်တော့ ရွှေရည်တို့ အားလုံး အိပ်မက်ထားတဲ့ Scholarship တွေနဲ့ နီးစပ်သွားမှာ အသေအချာပါပဲ။ အားလုံးပဲ အိပ်မက်တွေဆီ အရောက်လှမ်းနိုင်ကြပါစေရှင်။ ❤️
❤17🔥2
𝑺𝒉𝒘𝒆 𝒀𝒆𝒆 𝑽𝒍𝒐𝒈 pinned «𝗛𝗼𝘄 𝘁𝗼 𝗔𝘃𝗼𝗶𝗱 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 𝗥𝗲𝗷𝗲𝗰𝘁𝗶𝗼𝗻 ⁉️ Scholarship Winner တစ်ယောက် ဖြစ်ဖို့ဆိုတာ Personal Statement (PS) ဆိုတဲ့ တံခါးကြီးကို ဘယ်လိုတွန်းဖွင့်မလဲ ဆိုတာပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါကြောင့် ရွှေရည်တို့ PS ရေးတော့မယ်ဆိုရင် REJECT မထိအောင် ဒီအချက်လေးတွေကို…»
ဒီနေ့ ရွှေရည် sharing လုပ်ပေးချင်တာလေးကတော့ အိမ်မှာနေရင်းနဲ့ ကိုယ့်ရဲ့ skill တွေကို နိုင်ငံတကာအဆင့်မီ upgrade လုပ်လို့ရမယ် ပြီးရင် courses တော်တော်များများကို Free လေ့လာလို့ရတဲ့ UniAthena ဆိုတဲ့ online learning platform လေးအကြောင်းပဲ ဖြစ်ပါတယ်။ 🎓✨

အလုပ်တဖက်နဲ့ပဲဖြစ်ဖြစ်၊ ကျောင်းတက်နေရင်းပဲဖြစ်ဖြစ် ပညာရပ်အသစ်တွေလေ့လာချင်ပေမယ့်
အချိန်မပေးနိုင်လို့ အခက်အခဲဖြစ်နေတဲ့သူတွေအတွက် ဒီ platform က တကယ့်ကို အဆင်ပြေပါတယ်ရှင့် ။

🌟 UniAthena ဆိုတာ ဘာလဲ?
UniAthena ဆိုတာကတော့ ကမ္ဘာတစ်ဝန်းက learners တွေအတွက် အထူးရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ online education platform တစ်ခုဖြစ်ပါတယ်ရှင့် ။

📚သူ့ရဲ့ အားသာချက်တွေကတော့-
နယ်ပယ်စုံလင်ခြင်း: Business, IT, Healthcare ကနေ Project Management အထိ ကိုယ်စိတ်ဝင်စားရာ field တွေကို ရွေးချယ်သင်ယူနိုင်ပါတယ်။
Self-paced Learning: သင်ခန်းစာတွေကို ကိုယ်အားတဲ့အချိန်၊ ကိုယ်အဆင်ပြေတဲ့ အနှေးအမြန်နှုန်းနဲ့ စိတ်ကြိုက် လေ့လာလို့ရတာမလို့ အချိန်ဇယားညှိရတာ အရမ်းလွယ်ကူပါတယ်။
🎓 သင်ခန်းစာတွေမှာ ဘာတွေပါမလဲ?
သင်တန်းတစ်ခုချင်းစီမှာ video lessons တွေတင်မကဘဲ ဖတ်ရှုရမယ့် reading materials တွေလည်း ပါဝင်ပါတယ်။ သင်ခန်းစာအပြီးမှာ ကိုယ့်ရဲ့ နားလည်မှုကို ပြန်စစ်ဆေးဖို့ Quiz နဲ့ Assessment လေးတွေလည်း ထည့်သွင်းပေးထားတတ်လို့ တကယ်တတ်မြောက်ဖို့အတွက် အထောက်အကူပြုပါတယ် (Beginner ကနေ Intermediate level အထိ ရှိပါတယ်ရှင်)။

💰 သင်တန်းကြေးနဲ့ Certificate
ဒီဟာလေးကတော့ လေ့လာချင်တဲ့သူတွေအတွက် သတင်းကောင်းပါပဲ။
Free Learning: သင်တန်းအားလုံးနီးပါးကို Free တက်ရောက်ခွင့်ပေးထားပါတယ်။
Free Certificate: ဒါကတော့ တော်တော်လေးမိုက်ပါတယ်ရှင့် 🫢
သင်တန်းအချို့ (အထူးသဖြင့် short courses လေးတွေ) မှာ သင်ယူခရော၊ Completion Certificate ပါ လုံးဝ (Free) ပေးတာမျိုးတွေရှိပါတယ်။
Paid Certificate: ဒါပေမဲ့ Professional Diploma တွေလိုမျိုး Level မြင့်တဲ့ course တွေမှာတော့ certificate လိုချင်ရင် paid ဖြစ်တတ်ပါတယ် (ဒါကတော့ course ပေါ်မူတည်တာပေါ့နော်)။
ပိုက်ဆံတစ်ပြားမှမကုန်ဘဲ ပညာရပ်အသစ်တွေလေ့လာချင်တယ်ဆိုရင် UniAthena ရဲ့ "Free Certification Courses" လေးတွေကို ရွေးတက်ဖို့ အကြံပေးချင်ပါတယ်ရှင်။

ကိုယ့်ရဲ့ career အတွက် skill အသစ်တွေ ရှာဖွေနေတယ်ဆိုရင်တော့ ဒါလေးကို စမ်းလေ့လာကြည့်ဖို့ ရွှေရည်က တိုက်တွန်းချင်ပါတယ်နော်။ အားလုံးပဲ ပညာဗဟုသုတတွေ တိုးပွားကြပါစေရှင်။ 🥰💖

https://uniathena.com/short-courses?utm_source=conversions&utm_medium=google&utm_campaign=GOG-EXL-UN-280622-SRC&utm_page=Login&gad_source=1&gad_campaignid=17599819677&gclid=CjwKCAjwwdbPBhBgEiwAxBRA4bOB3fcGqkZxfpJ6_peRUQ_NXL6T1rXIpN3pY0WoEEojuoRB7scgqhoCXpAQAvD_BwE
❤7
𝑺𝒉𝒘𝒆 𝒀𝒆𝒆 𝑽𝒍𝒐𝒈 pinned «ဒီနေ့ ရွှေရည် sharing လုပ်ပေးချင်တာလေးကတော့ အိမ်မှာနေရင်းနဲ့ ကိုယ့်ရဲ့ skill တွေကို နိုင်ငံတကာအဆင့်မီ upgrade လုပ်လို့ရမယ် ပြီးရင် courses တော်တော်များများကို Free လေ့လာလို့ရတဲ့ UniAthena ဆိုတဲ့ online learning platform လေးအကြောင်းပဲ ဖြစ်ပါတယ်။ 🎓✨ အလုပ်တ…»
ဒီနေ့ ရွှေရည် recommend ပေးချင်တဲ့ website လေး (၂) ခုကတော့ ကျောင်းသားကျောင်းသူတွေနဲ့ ဗဟုသုတရှာဖွေရတာ ဝါသနာပါသူတွေအတွက် တကယ့်ကို အသုံးဝင်တဲ့ Website လေးတွေပဲ ဖြစ်ပါတယ်ရှင့် ။💎✨
ကိုယ့်ရဲ့ ပညာရေးအတွက်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အရည်အချင်း တိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ် ဒီ website တွေက အခမဲ့ (Free) အသုံးပြုနိုင်လို့ အရမ်းကို အဆင်ပြေစေမှာပါ။

1️⃣ MIT OpenCourseWare (OCW) 🏫
ဒါကတော့ ကမ္ဘာ့ထိပ်တန်း MIT (Massachusetts Institute of Technology) တက္ကသိုလ်ကြီးကနေ သူတို့သင်ကြားပေးနေတဲ့ ဘာသာရပ်ပေါင်းစုံရဲ့ သင်ရိုးညွှန်းတမ်းတွေကို လူတိုင်းလေ့လာနိုင်အောင် အလကားဖွင့်ပေးထားတဲ့ platform တစ်ခုပါ။
📕Lecture notes တွေ၊ စာမေးပွဲ မေးခွန်းဟောင်းတွေနဲ့ Video lectures တွေကို အခမဲ့ ကြည့်ရှုနိုင်ပါတယ်။
📗Engineering, Computer Science, Economics စတဲ့ ဘာသာရပ်တွေကို နက်နက်နဲနဲ လေ့လာချင်သူတွေအတွက် အကောင်းဆုံးပဲပေါ့။

2️⃣ Project Gutenberg 📚
စာဖတ်ရတာ ဝါသနာပါတဲ့ သူတွေအတွက်တော့ ဒီ website က နိဗ္ဗာန်ဘုံပါပဲ။ Project Gutenberg ဆိုတာ ကမ္ဘာ့အကြီးဆုံး e-books အခမဲ့ (Free) ရနိုင်တဲ့ library ကြီးတစ်ခုပါရှင့် ။
📙Copyright (မူပိုင်ခွင့်) သက်တမ်းကုန်သွားတဲ့ ကမ္ဘာကျော် ဂန္ထဝင်စာအုပ်ကြီးတွေ၊ ဝတ္ထုတွေနဲ့ သမိုင်းဝင် စာပေပေါင်း ၇၀,၀၀၀ ကျော်ကို eBook အနေနဲ့ download ဆွဲဖတ်နိုင်ပါတယ်ရှင့် ။ 📚
📘အင်္ဂလိပ်စာပေ လေ့လာချင်သူတွေ၊ ဂန္ထဝင်စာအုပ်တွေကို မူရင်းအတိုင်း ဖတ်ချင်သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။
ဖုန်းထဲမှာ စာအုပ်တွေအများကြီး ဆောင်ထားပြီး အချိန်မရွေး ဖတ်ချင်သူတွေအတွက်တော့ ဒါက အခမဲ့လေ့လာလို့ရမယ့် Website တွေပဲ ဖြစ်ပါတယ်ရှင့် ။ 🫶🏅

ဒီ website (၂) ခုစလုံးက ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ လေ့လာလို့ရနိုင်မယ့် နေရာလေးတွေဖြစ်လို့ ကျောင်းသားကျောင်းသူတွေနဲ့ လူငယ်တွေအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ရှင့် 🥰📖💡
❤16🥰1
𝑺𝒉𝒘𝒆 𝒀𝒆𝒆 𝑽𝒍𝒐𝒈 pinned «ဒီနေ့ ရွှေရည် recommend ပေးချင်တဲ့ website လေး (၂) ခုကတော့ ကျောင်းသားကျောင်းသူတွေနဲ့ ဗဟုသုတရှာဖွေရတာ ဝါသနာပါသူတွေအတွက် တကယ့်ကို အသုံးဝင်တဲ့ Website လေးတွေပဲ ဖြစ်ပါတယ်ရှင့် ။💎✨ ကိုယ့်ရဲ့ ပညာရေးအတွက်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အရည်အချင်း တိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ်…»
‼️Budget လည်း save ဖြစ်မယ် ၊ Uni life ကိုလည်း အပြည့်အဝခံစားရမယ့် ရွှေရည်အခုတက်နေတဲ့ Thaksin University ကနေ November intake အတွက် ကျောင်းအပ်လက်ခံနေပါပြီ ။ 📚📢 ✅ရွှေရည်တက်နေတာကတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Thaksin University ပဲ ဖြစ်ပါတယ် ။ ✅ Campus ကတော့ နှစ်ခုရှိပြီး International Program ဖွင့်ထားတာကတော့ Songkhla Campus ပဲ ဖြစ်ပါတယ် ။ ✅ 2025 ကနေ စပြီး international students တွေကို Scholarships တွေပေးခဲ့ပါတယ် ။ ✅ International College မှာ မေဂျာအနေနဲ့တော့ 3 ခုရှိပါတယ် 📖BA (4years) -BA English -BA English for Communication and Career 📖 BBA (3.5 years )
- International Business Administration
- Business and Computer Science
- Digital Marketing 📖 BED (အခုတော့ international studentလက်မခံသေးပါ ) ✅ ကျောင်းလခ BA - Semesterတစ်ခုကို 25000 ပဲ ဖြစ်ပါတယ် ။ BBA - Semester တစ်ခုကို 28000 ပဲ ဖြစ်ပါတယ် ။ ✅ ကျောင်းအဆောင်ခ Drom - 4000 +1700(6months ) ✅Application Fees -375 THB ✅ကျောင်းဝင်ခွင့် သတ်မှတ်ချက် -Ged / G12 level
- English Test (optional) -Must be 18 years old -Must have a passport -Portfolio November intake အတွက် ကျောင်းဝင်ခွင့်လက်ခံနေပါပြီနော် ။ ကျောင်းအပ်ဖို့ စိတ်ဝင်စားပါကရွှေရည်ဆီမှာ လာမေးလို့ရပါတယ်နော် ။ 💓
❤13❤‍🔥2🥰1💘1
𝑺𝒉𝒘𝒆 𝒀𝒆𝒆 𝑽𝒍𝒐𝒈 pinned «‼️Budget လည်း save ဖြစ်မယ် ၊ Uni life ကိုလည်း အပြည့်အဝခံစားရမယ့် ရွှေရည်အခုတက်နေတဲ့ Thaksin University ကနေ November intake အတွက် ကျောင်းအပ်လက်ခံနေပါပြီ ။ 📚📢 ✅ရွှေရည်တက်နေတာကတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Thaksin University ပဲ ဖြစ်ပါတယ် ။ ✅ Campus ကတော့…»
မြန်မာကျောင်းသားကျောင်းသူတွေ လျှောက်လို့ရမယ့် ပညာသင်ဆု (၃)ခု 🎖️

🏅Prospects Burma Scholarship
မြန်မာကျောင်းသားတွေကိုပဲ သီးသန့်ရည်ရွယ်ပြီး နှစ်စဉ် ပညာသင်ဆု ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်ရှင့် ။
အာရှနိုင်ငံတွေမှာ ကျောင်းတက်ချင်သူတွေအတွက် အဆင်ပြေပါတယ်ရှင့် ။
🟩 Host Countries: ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင် စတဲ့ အာရှဒေသတွင်း နိုင်ငံတွေပဲဖြစ်ပါတယ်ရှင့် ။ (ကုန်ကျစရိတ်သက်သာတဲ့ ထိုင်းနိုင်ငံမှာ ကျောင်းတက်မယ့်သူတွေကို ပိုဦးစားပေးလေ့ရှိပါတယ် )
🟩 Degree Levels: ဘွဲ့ကြို (Bachelor) ကော ဘွဲ့လွန် (Master / Ph.D) ပါ လျှောက်လို့ရပါတယ်ရှင့် ။
🟩 Benefits: ကျောင်းလခ (Tuition fees) နဲ့ နေထိုင်စားသောက်စရိတ် (Living allowance) တွေကို ပံ့ပိုးပေးတာပါရှင့် ။
🟩 Requirements: မြန်မာနိုင်ငံသား ဖြစ်ရမယ်။ ဘွဲ့ရပြီးရင် ကိုယ့်ရဲ့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အကျိုးပြုမယ့် ဘာသာရပ်မျိုး (ဥပမာ - Education, Social Development) တက်မယ့်သူတွေကို ပိုရွေးပါတယ်။
🟩 Deadline: ပုံမှန်အားဖြင့် နှစ်စဉ် January ကနေ March အတွင်း လျှောက်လွှာပိတ်လေ့ရှိပါတယ်။
🔗 Official Website

🎖️Child's Dream University Scholarship
ထိုင်းနိုင်ငံက နာမည်ကြီး ထိပ်တန်းတက္ကသိုလ်တွေမှာ ကျောင်းစရိတ်ငြိမ်း တက်ချင်တဲ့ မြန်မာလူငယ်တွေအတွက် အသေချာဆုံး ပညာသင်ဆုတစ်ခု ဖြစ်ပါတယ်ရှင့် ။
🟩 Host Country: ထိုင်းနိုင်ငံ (ဥပမာ - Chiang Mai University, Mae Fah Luang University စတဲ့ ကျောင်းကြီးတွေ)
🟩 Degree Levels: ဘွဲ့ကြို (Bachelor's Degree) သီးသန့်ပဲ ဖြစ်ပါတယ်ရှင့် ။ ကျောင်းပထမနှစ် စတက်မယ့်သူတွေ (Freshmen) အတွက်ပါရှင့် ။
🟩 Benefits (Fully Funded): ကျောင်းလခ (Tuition fees)၊ တက္ကသိုလ်ကြေး၊ ကျောင်းသုံးစာအုပ်၊ ယူနီဖောင်း၊ အဆောင်ခနဲ့ စားစရိတ်အကုန် အပြီးအစီး ရှင်းပေးပါတယ်ရှင့် ။
🟩 Eligibility: အသက် ၃၀ နှစ်အောက် မြန်မာနိုင်ငံသား ဖြစ်ရမယ် (မှတ်ပုံတင် ဒါမှမဟုတ် ပတ်စပို့ ရှိရမယ်)။ အထက်တန်းအောင်ထားသူ သို့မဟုတ် GED၊ IGCSE ရထားသူ ဖြစ်ရမယ်။
🟩 Selection Criteria: မိသားစုရဲ့ ငွေကြေးအခြေအနေ အမှန်တကယ် ခက်ခဲပြီး အကူအညီ လိုအပ်နေသူတွေကို (Financial Need) အဓိက ဦးစားပေး ရွေးချယ်ပါတယ်။
🔗 Official Website

🎖️Daughters Rising Scholarship
မြန်မာနဲ့ ထိုင်းက လူနည်းစု တိုင်းရင်းသူ အမျိုးသမီးငယ်တွေ၊ စစ်ဘေးရှောင်နဲ့ ခက်ခဲတဲ့အမျိုးသမီးတွေ ပညာသင်နိုင်အောင် သီးသန့်ရည်ရွယ်ပြီး ပေးတာ ဖြစ်ပါတယ်ရှင့်။

🟩 Degree Levels: ဘွဲ့ကြို (Bachelor's Degree) သီးသန့်ပဲ ပေးပါတယ်ရှင့် ။
🟩 Available Awards:
Lotus Scholarship: ကျောင်းလခ၊ အဆောင်ခ၊ စားစရိတ်နဲ့ ကျောင်းသုံးပစ္စည်းအကုန် ရှင်းပေးတဲ့အပြင် နိုင်ငံခြားကို သွားရောက်လေ့လာမယ့် (Study Abroad) စရိတ်ပါ ပါပါတယ်။
Orchid Scholarship: ကျောင်းလခ ဒါမှမဟုတ် လစဉ်ထောက်ပံ့ကြေး (တစ်လကို ဘတ် ၁၀,၀၀၀ အထိ) ကို တစ်စိတ်တစ်ပိုင်း ကူညီပေးပါတယ်။
🟩 Priority Majors: စိတ်ပညာ (Psychology)၊ သတင်းစာပညာ (Journalism)၊ ငြိမ်းချမ်းရေးလေ့လာမှု (Conflict & Peace Studies)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေးနဲ့ ဥပဒေ (Law) စတဲ့ ဘာသာရပ်တွေကို ပိုဦးစားပေးပါတယ်။
🔗 Official Website
: ဒီပညာသင်ဆု သုံးခုလုံးက နှစ်စပိုင်း (ဇန်နဝါရီကနေ မတ်လအတွင်း) လျှောက်လွှာပိတ်တတ်တာများလို့ အခုကတည်းက Essay တွေနဲ့ စာရွက်စာတမ်းတွေကို ကြိုပြင်ထားတာ အကောင်းဆုံးဖြစ်မှာပါရှင့်
❤15💘4
𝑺𝒉𝒘𝒆 𝒀𝒆𝒆 𝑽𝒍𝒐𝒈 pinned «မြန်မာကျောင်းသားကျောင်းသူတွေ လျှောက်လို့ရမယ့် ပညာသင်ဆု (၃)ခု 🎖️ 🏅Prospects Burma Scholarship မြန်မာကျောင်းသားတွေကိုပဲ သီးသန့်ရည်ရွယ်ပြီး နှစ်စဉ် ပညာသင်ဆု ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်ရှင့် ။ အာရှနိုင်ငံတွေမှာ ကျောင်းတက်ချင်သူတွေအတွက် အဆင်ပြေပါတယ်ရှင့် ။ 🟩 Host…»