Galaxy Aura Gaming Channel
32 subscribers
82 photos
1 video
Tiktok acc @galaxy.aura88
Download Telegram
🏴‍☠️ ONE PIECE: PIRATE WARRIORS 4

လူအုပ်ကြီးကို ဒုန်းဒိုင်းကျဲ ခုတ်ချင်တဲ့ ဝမ်းပီးစ်ပရိသတ်တွေအတွက်တော့ မိုးပျံအက်ရှင်ဂိမ်းပဲ။ Luffy ရဲ့ Gear 4 တွေနဲ့ ရန်သူထောင်ချီကို တစ်ချက်တည်းနဲ့ လွင့်ထွက်သွားအောင် နှစ်ယောက်သား စခရင်ခွဲပြီး အားရပါးရ ကြမ်းလို့ရပါတယ်
⚔️ 戦国BASARA4 皇 (Sengoku Basara 4)

ဂျပန်စစ်ပွဲခေတ်နောက်ခံ လူအုပ်လိုက် ဒုန်းဒိုင်းကျဲ ဓားခုတ်ရတဲ့ ဂန္ထဝင်မြောက် Musou ဂိမ်း။ ကာရက်တာတွေရဲ့ သိုင်းကွက်တွေက အရမ်းမိုက်ပြီး ကွန်ဘိုတွေ အဆက်မပြတ် နှိပ်ပြီး ရန်သူတွေကို သုတ်သင်ရတာ အားရစရာ ကောင်းလွန်းတယ်။ ဂျပန်ဓာခုတ်ဆိုပြီး ငယ်ငယ်က ခေါ်ခဲ့သော ဂိမ်းလေးဖြစ်ပါတယ်
🚜 Dirt 5


ရွှံ့ဗွက်တွေ၊ နှင်းတောတွေထဲမှာ Off-road ပြိုင်ကားတွေကို အရှိန်ပြင်းပြင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ကျော်တက်ပြီး အကြမ်းစား ပြိုင်ရတဲ့ ကားပြိုင်ဂိမ်း။ ကားဘီးတွေ လျှောထွက်တဲ့ ခံစားချက်က တကယ့်ကို အသက်ဝင်လှတယ်
🔫 Call of Duty: Black Ops 4


သေနတ်ပစ် အက်ရှင်ကိုမှ သူငယ်ချင်းချင်း ပြိုင်ပစ်မလား၊ ဒါမှမဟုတ် ဖုတ်ကောင် (Zombies) မုဒ်ထဲမှာ ဖုတ်ကောင်လှိုင်းကြီးတွေကို နှစ်ယောက်သား ကျောချင်းကပ်ပြီး သေနတ်မျိုးစုံနဲ့ ပစ်ခတ်ရှင်သန်မလား အက်ရှင်အပြည့်ပဲ
🏕️ Outward

သာမန်ဟီးရိုးတွေလို မဟုတ်ဘဲ သာမန်လူတစ်ယောက်အနေနဲ့ တောတောင်တွေထဲ အစာရေစာ ရှာဖွေ၊ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင် မျက်နှာပြင်ခွဲပြီး နှစ်ယောက်တွဲ ရုန်းကန်ရတဲ့ ခက်ခဲတဲ့ Survival RPG စွန့်စားခန်းဖြစ်တယ်
📢📢ဆိုင်ရဲ့ Promotion လေးပါ🎮🎮
ဒါကတော့ ကျွန်တော်တို့ဆိုင်ရဲ့ Tiktok account ပါ - galaxy.aura88
This media is not supported in your browser
VIEW IN TELEGRAM
အလုပ်တွေ၊ စာတွေနဲ့ စိတ်ပန်းလာရင် Galaxy Aura ရဲ့ Gaming Couch ပေါ်မှာ ခဏလောက် လာပြီး Recharge လုပ်လိုက်ပါ။ Gamer တစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ဒီအခန်းလေးထဲမှာ လာခံစားလိုက်ပါ 👾
🔥3
Sleeping Dogs

ဒီဂိမ်းလေးကတော့ GTA လိုပဲ open world game ဖြစ်တယ်။
ရိုးရိုးမြို့ပြသောင်းကျန်းရုံသာမက၊ ဟောင်ကောင်ရဲ့ တရုတ်မာဖီးယား (Triad) ဂိုဏ်းကြီးထဲကို လျှို့ဝှက်စုံထောက် (Undercover Cop) အဖြစ် ခိုးဝင်ပြီး ဂိုဏ်းကိုအမြစ်ပြတ်ချေမှုန်းရမယ့် "ဝေရှန်" ဆိုတဲ့ ကောင်လေးရဲ့ သွေးထွက်သံယို ဇာတ်လမ်းကြီးဗျာ။
ဒီဂိမ်းတွင် အနောက်တိုင်းသေနတ်ပစ်သက်သက် မဟုတ်ဘဲ တရုတ်သိုင်းကွက် (Kung Fu) ထိုးကြိတ်ချက်‌ေတွလဲ ပါဝင်တယ်။ ရန်သူတွေကို ကန်ချက်၊ ထိုးချက်တွေအပြင် ပတ်ဝန်းကျင်က ပစ္စည်းတွေဖြစ်တဲ့ song box နဲ့ဆောင့်၊ လွှစက်ထဲပစ်ထည့်၊ စတိုးဆိုင်တံခါးနဲ့ညှပ်... တကယ့်ကို ဟောင်ကောင်အက်ရှင်ရုပ်ရှင်တွေအတိုင်း အရိုးကွဲမတတ် အကြမ်းပတမ်း ဖိုက်တင်ချရတဲ့ ခံစားချက်က အားရတယ်
။ မြို့ထဲမှာလည်း ဟောင်ကောင်ရဲ့ နီယွန်မီးတောက်တွေအောက် ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ဒုန်းစိုင်းမောင်းပြိုင်မလား၊ လမ်းဘေးဆိုင်တွေမှာ အစားအသောက်တွေဝယ်စားမလား... လွတ်လပ်မှုအပြည့်။ ဇာတ်လမ်းပိုင်းကလည်း တရားဥပဒေနဲ့ ဂိုဏ်းသားသံယောဇဉ်ကြားထဲ ဝေရှန်တစ်ယောက် စိတ်ဒဏ်ရာတွေနဲ့ ရုန်းကန်ရတာမို့ ရုပ်ရှင်ကြည့်နေရသလို ရင်တလှပ်လှပ်နဲ့ အဆုံးအထိ စွဲစွဲမြဲမြဲ ဆော့ရမယ့် အလန်းစား Masterpiece ဂိမ်းကြီး ဖြစ်ပါတယ်။
1🍓1
🎉🎉 Galaxy Aura တွင် အားပေးကြသော ညီကိုများအတွက် (ဇွန် ၂၅) ရက်နေ့တွင် ကျနော့်ရဲ့ သားလေး အသက် (၂နှစ်)ပြည့် မွေးနေ့ဖြစ်သောကြောင့် အမှတ်တရအစီစဉ်လေးလုပ်ထားပါတယ်😊😊
🗓️ ၂၅ ရက်နေ့တွင် ဂိမ်းလာဆော့သူတိုင်းကို ရေခဲမုန့် အလကားကျွေး၍ လှူဒါနပြုပါမယ်🍦
ထို့နောက် Spin Wheel အလကားလှည့်ပြီး လက်ဆောင်များရယူနိုင်ပါတယ်🎁🎡
🎯 Spin Wheel လှည့်ရန်အတွက် အောက်က (၃) ခုထဲက ညီကိုတို့ အဆင်ပြေရာ (၁) ခုပဲ ဖြစ်ဖြစ် လုပ်ပေးထားရုံနဲ့ ချက်ချင်း လှည့်ခွင့်ရပါမယ်-
1. 👍 ယခု Post ကို Like ပေးလိုက်ရုံ (သို့မဟုတ်)
2. 📱 ကျနော်တို့ဆိုင်ရဲ့ TikTok ကို Follow လုပ်ပေးလိုက်ရုံ (သို့မဟုတ်)
3. ✈️ ဆိုင်ရဲ့ Telegram Channel ထဲ ဝင်ထားပေးလိုက်ရုံ သာဖြစ်သည်။
ဇွန်လ (၂၅) ရက် တစ်ရက်တည်းပဲမို့လို့ သူငယ်ချင်းတွေစုပြီး GLAXY AURA ဆိုင်ကို လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ! 🏃‍♂️💨💨
5
Galaxy Aura Gaming Channel
Location
ဆိုင် Location