တပ်ကြပ်ကြီးဖိုးကွန်း
21.7K subscribers
11.2K photos
1.15K videos
771 links
Download Telegram
တရုတ်အကျိုးစီးပွား မြန်မာ့အချုပ်အခြာအာဏာ

အမေရိကန်တရုတ်အားပြိုင်မှု၊မြန်မာတရုတ်ဆက်ဆံရေး တွေဟာ တရုတ်နိုင်ငံအတွက် အကျိုးစီးပွားအရေးသာဖြစ်ပေမယ့် မြန်မာအတွက်တော့ အချုပ် အခြာအာဏာ တည်မြဲရေးထိပါးနိုင်တဲ့အထိကြီးမားတဲ့ အရေး ကိစ္စဖြစ်ပါတယ်။

အမေရိကန်တရုတ်ထိပ်တိုက် တိုက်ကြမှာမဟုတ်ဘဲ ပြည်တွင်းရှိအမေရိကန်နောက်ခံအုပ်စုနဲ့တရုတ်နောက်ခံအုပ်စု တိုက်ကြမှာဖြစ်လို့ တပ်မတော်ခိုင်မာတောင့်တင်းမှုမရှိရင် တိုင်းပြည်အစိတ်စိတ်အမွှာမွှာပြိုကွဲသွားမှာဖြစ်ပါတယ်။

ကမ္ဘာအနှံ့အမေရိကန်အနောက်အုပ်စု နောက်ခံနဲ့ ရုရှားတရုတ်နောက်ခံ လက်နက်ကိုင်အုပ်စုတွေတိုက်ခိုက်ပြီး တိုင်းပြည်ပျက်နေတာ မျက်မြင်ထင်ရှားတွေ့နေကြရတာဖြစ်လို့ မြန်မာလို လက်နက်ကိုင်အဖွဲ့ပေါင်းရာကျော်ရှိနေတဲ့တိုင်းပြည်အတွက် အဆိုးဝါးဆုံးကြေမွပျက်စီးသွားမှာဖြစ်ပါတယ်။

တရုတ်နောက်ခံEAOများ နဲ့ အမေရိကန်အနောက်အုပ်စုEAO များ က ဘယ်အဖွဲ့တွေလဲ ဆိုတာလည်းအားလုံးသိ ကြပြီးသားဖြစ်ပါတယ်။တရုတ်နဲ့အလွန်အဆင်ပြေတဲ့နဝတ/နယကခေတ်မှာတရုတ်နောက်ခံ EAO များ ငြိမ်းချမ်းရေးယူခဲ့ကြပြီး အမေရိကန်နဲ့ဆက်ဆံရေးအဆင်ပြေလာတဲ့ ဒီမိုကရေစီအစိုးရနှစ်ဆက်မှာ အမေရိကန်နောက်ခံ EAO များငြိမ်သက်နေခဲ့တာ မြင်တွေ့ခဲ့ကြရပြီးဖြစ်ပါတယ်။

အမေရိကန်လိုလားချက်က မြန်မာပြည်တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင်လုပ်ပြီး တရုတ်ကိုနှောင့်ယှက်ထားခြင်းဖြစ်ပြီး တရုတ်က နဝတ/နယကလို သူနဲ့ အခိုင်အမာ မဟာမိတ်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်အုပ်ချုပ်နိုင်တဲ့အစိုးရမျိုးကို လိုလားပါတယ်။

မြန်မာဘက်က အင်အားခိုင်မာတောင့်တင်းမာကျောတဲ့တပ်မတော်ဖြစ်ကြောင်း၊တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်အုပ်ချုပ်နိုင်တဲ့အစိုးရဖြစ်ကြောင်း လုပ်ပြနိုင်ဖို့လိုသလို တရုတ်ဘက်ကလည်း မြန်မာ အစိုးရနဲ့တပ်မတော် အတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးဖို့လိုပါတယ်။

ကိုယ်ခံအားနည်းရင်ရောဂါပိုးမျိုးစုံဝင်လာနိုင်သလို ပြည်တွင်းရန်ပြည်ပရန်ကာကွယ်နိုင်တဲ့ တပ်မတော်မရှိ၊တည်ငြိမ်အေးချမ်းအောင်အုပ်ချုပ်နိုင်တဲ့အစိုးရမရှိရင်တော့ ပြည်တွင်းပြည်ပမျိုးစုံဝင်ရောက်စွက်ဖက်
နှောင့်ယှက်လာတာခံရမှာဖြစ်တဲ့အတွက် ဘယ်သူမပြုမိမိမှု ဆိုသလို မိမိကိုယ်ခံအားကောင်းဖို့ကသာ အဓိက ဆိုတာကို သတိပြုကြဖို့ လိုပါတယ်။

စစ်ရေးသည်နိုင်ငံရေးရဲ့အဆက် ဆိုပေမယ့်စစ်ရေးအသာစီးရမှ နိုင်ငံရေးအသာစီးရမှာဖြစ်လို့ မြန်မာအတွက်အခုအချိန်မှာလုပ်သင့်တာက စစ်ရှုံးတဲ့ဂျာမန်မှာ အချိန်တိုအတွင်းဟစ်တလာစစ်ရေး ပြန်တည် ဆောက်သလို အလျင်အမြန် ပြန် တည် ဆောက် ဖို့လိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးကမြန်မာ အစိုးရဘက်က ခိုင်ခိုင်မာမာရပ်တည်ကြောင်း၊ပြည်ပစွက်ဖက်မှုကိုလက်မခံကြောင်း၊ပြည်တွင်း စစ်ပွဲဖန်တီးနေတဲ့EAO တွေကိုဆန့်ကျင်ကြောင်း ကမ္ဘာသိ ကြေညာသွားပြီးဖြစ်လို့ အနောက်ဘက်ကိစ္စ တရုတ်ကြီးတာဝန်ယူလိမ့်မယ်၊အရှေ့ မြောက် က မြောက်သုံးဖွဲ့ သိမ်းထားတဲ့မြို့တွေ ပြန်ဆုတ်သွားမယ်လို့ စိတ်ကူးယဥ်နေလို့မရဘဲ ဂါဇာမှာ အရပ်သားအများအပြားသေစေတဲ့ အစ္စရေးတိုက်ခိုက်မှုကိုဆန့်ကျင်တယ် ပြောပြီး အစ္စရေးကိုလိုအပ်သမျှလက်နက်ခဲယမ်းတွေအပြည့်အဝထောက်ပံ့နေတဲ့ အမေရိကန်လိုကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့Diplomacy ကိုလည်းသတိပြုရပါမယ်။

မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက် ထောက်ပြသွားတဲ့ "မြန်မာ့တပ်မတော်သည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၏ အခြေခံအုတ်မြစ်" လို့တရုတ်နိုင်ငံခြားရေးဝန်ကြီး ထောက်ပြပြောဆို သွားချက်ကိုသတိပြုကြရပါမယ်။

မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးဟာ မြန်မာ့ တပ်မတော်ရဲ့စွမ်းရည်ပေါ်မှာသာအဓိကမူတည်ကြောင်း ထောက်ပြသတိပေးသွားတာဖြစ်လို့ မိမိ အချုပ်အခြာ အာဏာကာကွယ်စောင့်ရှောက်ရေးအတွက် ၊တပ်မတော်ဆိုတဲ့ အခြေခံအုတ်မြစ်ခိုင်မာတောင့်တင်းရေးကို ဥစ္စာရင်လိုဥစ္စာရင်ခဲ လုပ်ကြဖို့သာ လိုပါတယ်။

#ThaungLwinHein
မြေစာပင်တိုင်းပြည်

၂၀၂၁အာဏာထိန်းပြီးကတည်းက နစကဥက္ကဌနဲ့တစ်ခါမှ တွေ့ဆုံခြင်းမရှိခဲ့သေးတဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ရှမ်းမြောက်တစ်ခုလုံးနီးပါးကို မြောက်သုံးဖွဲ့သိမ်းပြီးနောက်၊နစကဘက်က ဟိုင်ဂင်မတက်ဘူးလို့ငြင်းဆန်ပြီးနောက်၊ဘင်္ဂလားဒေ့ရ်ဝန်ကြီးချုပ် ထွက်ပြေးပြီးနောက် ၂၀၂၄သြဂုတ်လ၁၄ ရက်နေ့မှာနစကဥက္ကဌနဲ့လာတွေ့ခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အခိုင်အမာထောက်ခံကြောင်း၊နစကလုပ်မယ့်ရွေးကောက်ပွဲကိုထောက်ခံကြောင်း၊မြန်မာနိုင်ငံမတည်မငြိမ် ဖြစ်မှုနှင့်စစ်ပွဲများဖြစ်ပွားနေမှုကိုဆန့်ကျင်ကြောင်း၊ပြည်ပက ဝင်ရောက်စွက်ဖက်မှုများကိုဆန့်ကျင်ကြောင်း အဓိကပြောသွားတယ်။

သြဂုတ်လ၁၆ရက်နေ့ ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ တရုတ်မြန်မာလာအိုထိုင်း လေးနိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာပြည်မှာပြည်တွင်းစစ်ဖြစ်ပွားခြင်း၊အာဆီယံမိသားစုလမ်း ကြောင်းပေါ်က ကင်းကွာသွားခြင်း၊ပြင်ပအင်အားစုများဝင်ရောက်စွက်ဖက်ခြင်းဆိုတဲ့ အချက်သုံးချက်ကိုလက်မခံဘူးလို့ ကျော်လွန်လို့မရတဲ့ စည်းသုံးစည်းဆိုပြီးတားပြသွားတယ်။

ဆိုလိုတာကတော့ နစကကိုတရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုဆက်ဆံပြီ၊မဟာမိတ်ပြုလိုက်ပြီ၊မြန်မာ့အချုပ်အခြာအာဏာကိုလာထိပါးရင်၊ပြည်ပကဝင်စွက်ဖက်ရင် မခံဘူးပေါ့။အမေရိကန်သိအောင်ကြေညာလိုက် တာ။(အမေရိကန်အောက်လွှတ်တော်ဥက္ကဌနန်စီပလိုစီ ထိုင်ဝမ်ကိုသွားရင် ဘာဖြစ်မယ်ညာဖြစ်မယ် ဆိုသလိုမျိုး)

အမေရိကန်ကချက်ချင်းဘာပြန်လုပ်ပြလဲ။NUG,NUCC,KNU,KNPP,CNF ခေါင်းဆောင်တွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ် တို့အွန်လိုင်းကနေတွေ့ဆုံပြီး ထောက်ပံ့ရေးအကူအညီတွေကို တိုးမြှင့်ပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်တယ်။အမေရိကန်နောက်ခံEAOနယ်တွေမှာ စစ်ပွဲတွေ အရှိန်မြှင့်လာမယ့်သဘော။(အဓိကကျတဲ့အနောက်ဖက်မှာ လည်း AAကို လူမျိုးသုဥ်းသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှု တွေနဲ့ကျုံးသွင်းထားပြီ)

ဘင်္ဂလားဒေ့ရ်နဲ့မြန်မာနယ်စပ်မှာ ခရစ်ယန်နိုင်ငံငယ်တစ်ခုတည်ထောင်မယ်၊စိန့်မာတင်ကျွန်းမှာစစ်စခန်းဆောက်မယ် ဆိုတဲ့ ဂယက်က ဘင်္ဂလားဒေ့ရ်မှာအမေရိကန်ရုပ်သေးအစိုးရတက်လာရင် ဖြစ်လာစရာများသွားပြီ။မြန်မာတရုတ် ဘာလုပ်မလဲ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဥ်မှာ မြန်မာတရုတ် ပူးပေါင်းရင်ဆိုင်ကြမယ့် အနေအထားတွေ့ရပေမယ့် လက်တွေ့မှာအခက်အခဲအတားအဆီးတွေအများကြီးရှိနေတယ်။

အမေရိကန်တရုတ်အားပြိုင်ပွဲ ဆိုပေမယ့်
လက်တွေ့မြေပြင်မှာရင်ဆိုင်တိုက်ကြမှာက
တရုတ်နောက်ခံEAO တွေ ၊အမေရိကန်နောက်ခံEAO တွေဖြစ်လို့ မိမိနောက်ခံအဖွဲ့တွေကိုပိုမိုခိုင်မာတဲ့စည်းရုံးရေးတည် ဆောက် ကြဖို့လိုလာသလို နှစ်ဖက်ခွနေတဲ့အဖွဲ့တွေကိုလည်းကိုယ်ဘက်ပါအောင်စည်းရုံးဖို့လိုလာတဲ့အတွက် ရှမ်းမြောက်အချုပ်အခြာအာဏာကိစ္စမျိုးမှာတရုတ်ဘက်က အလုံးစုံဖိအားပေးမယ့်သဘောတော့မရှိဘူး။

အမေရိကန်က တရုတ်ပင်လယ်ထွက်ပေါက်မရအောင်ပိတ်ဆို့တားဆီးမယ်၊တရုတ်က ရအောင်ဖောက်မယ်။နှစ်ဘက်စလုံးက သူတို့အကျိုးစီးပွားကိုယ်စီအတွက်ရည်မှန်းချက်ရောက်ဖို့ လိုအပ်သမျှထောက်ပံ့ပြီး မြန်မာနိုင်ငံသားအချင်း ချင်းတိုက်ကြသေကြ၊သွေးမြေကျ၊တိုင်းပြည်ကြေမွ ဆိုတဲ့လမ်းပေါ်ဖြတ်လျှောက်သွားကြမှာပဲ။

ဒီမိုကရေစီဖက်ဒရယ်လိုချင်တယ်ဆိုတဲ့လက်နက်ကိုင်အဖွဲ့တွေ ရဲ့ နိုင်ငံရေးရေချိန်မြင့်မားမှု၊အစိုးရတာဝန်ရှိသူတွေရဲ့ ဒစ်ပလိုမေစီကျွမ်းကျင်လိမ်မာပါးနပ်မှု၊တိုင်းပြည်
ရဲ့အမာခံကျောရိုးဖြစ်တဲ့တပ်မတော်စစ်ရေးစွမ်းရည်ထက်မြက်မှု ၊ပြည်သူလူထုရဲ့စည်းလုံးညီညွတ်မှုနဲ့ အမျိုးသားရေးစိတ်ပြင်းပြမှုများ က သာ နိုင်ငံတော်ကို ကျွဲနှစ်ကောင်ခတ်တဲ့ကြားကမြေစာပင်ဘဝက လွတ်မြောက်အောင်ကယ်တင်နိုင်မှာဖြစ်ပါတယ်။

ပကတိ လက်ရှိအရှိတရားအရ ဒီစံတွေနဲ့ဝေးနေသေးတဲ့အတွက် မိမိတာဝန်ကိုယ်စီအရည်အချင်းပြည့်ဝရေး ကိုအခုအချိန်ကစလို့ အလျင်အမြန်အပြင်းအထန်ကြိုးစားလုပ်ကိုင်နိုင်မှသာ တိုင်းပြည်ကိုကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေစာပင်ဘဝက ကယ်တင်နိုင်ပါလိမ့်မယ်။

#ThaungLwinHein
လားရှိုးမှာ CDMဝန်ထမ်းတွေ MNDAA အုပ်ချုပ်မှု အောက်မှာ အလုပ်ပြန်ဝင်နေကြတယ်။

CDMလုပ်ခဲ့တာက စစ်အာဏာရှင်အုပ်ချုပ်တာ မကြိုက်လို့ ဆိုတော့ MNDAAကို ရွေးကောက်ပွဲကျင်းပပေးပြီး ဒီမိုကရေစီ အစိုးရ ဆီအာဏာပြန်အပ်မယ် အဖွဲ့လို့ ထင်နေကြလို့လား မသိဘူး။

#ThaungLwinHein
လားရှိုးကိုသိမ်းပိုက်ထားတဲ့ MNDAAက လားရှိုးမြို့ အုပ်ချုပ်ရေးကိစ္စတွေကို တရုတ်စကားပြောပြီးဘေးက မြန်မာလိုဘာသာပြန် ပေးနေတဲ့ ဗွီဒီယိုဖိုင်ကြောင့် ဂျပန်ခေတ် စကားပြန် အုပ်ချုပ်မှု လိုဖြစ်နေကြောင်း ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ သြဂုတ်လ၁၄ ရက်နေ့ နေပြည်တော်ရောက်လာပြီး မြန်မာနိုင်ငံအချုပ် အခြာအာဏာကို လေးစားထောက်ခံကြောင်း၊ရှမ်းမြောက် EAO တွေရဲ့မြို့သိမ်းတိုက်ပွဲတွေကိုဆန့်ကျင်ကြောင်း ပြောဆိုသွားပြီးနောက်EAO တွေသိမ်းပိုက်ထားတဲ့ ရှမ်းမြောက်မြို့တွေမှာ သူတို့အုပ်ချုပ်ရေးစနစ်ခိုင်မာအောင်အလျင်အမြန်လုပ်လာကြတာ တွေ့ရပါတယ်။

အထူးသဖြင့် ရှမ်းမြောက်မြို့တော်လားရှိုးကို MNDAAက အထူးဒေသ၁အတွင်း သွတ် သွင်းလိုက်ပြီး လွတ်မြောက်နယ်မြေဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်၊ကိုးကန့်အုပ်ချုပ်ရေးအလျင်အမြန်တည်ဆောက်နေခြင်းဟာ အချိန်ကြာလေ ဗဟိုအစိုးရအောက်ပြန်ရယူဖို့ခက်လေ ဖြစ်လာပါလိမ့်မယ်။

လားရှိုးကိုပြန်ရဖို့က ပြန်လည်တိုက်ခိုက်သိမ်းယူဖို့ကလွဲလို့အခြားနည်းလမ်းမရှိပါဘူး။အချိန်ကြာလေအုပ်ချုပ်ရေးတည် ဆောက်မှု ခိုင်မာလေ ပြန်တိုက်ယူရခက်လေ ဖြစ်တဲ့အတွက်မြန်မြန်ဆန်ဆန် ပြန်တိုက်ယူဖို့ လိုပါတယ်။

အခက်အခဲတွေကတော့အများကြီးရှိမှာပဲ။အရည်အချင်းဆိုတာအခက်အခဲကြုံမှ ပြသခွင့်ရတာ ဖြစ်လို့ အခက်အခဲပေါင်းစုံကြားက လားရှိုးကိုအလျင်အမြန်ပြန်တိုက်ယူပြခြင်းဖြင့် အရည်အချင်းရှိကြောင်း ပြသ ရမှာ ဖြစ်ပါတယ်။

#ThaungLwinHein
ခွာစစ်

ခံ၊ခွာ၊ချီ၊တိုက် စစ်ကဏ္ဍကြီးလေးရပ်မှာ ခွာစစ်ကဏ္ဍ ပါဝင်တဲ့အတွက် ခွာစစ်ဆင်ဖို့လိုအပ်လာရင် ခွာစစ်ဆင်ရမှာဖြစ်ပါတယ်။ရဲဘော်သုံးကျိပ်ဝင်ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောရေးတဲ့ စာအုပ်မှာတော့ဂျပန်စစ်ပညာမှာခွာစစ်မရှိကြောင်း၊မသင်ကြားကြောင်းဖတ်ရှုရပါတယ်။

ခွာစစ်သင်ခန်းစာသင်ကြားလေ့ကျင့်ထားတဲ့ ဗြိတိသျှစစ်တပ်မြန်မာပြည်ကနေ အိန္ဒိယအထိ ဆုတ်ခွာရာမှာ ခွာစစ်အဆင့်ဆင့်နဲ့ အောင်မြင်စွာဆုတ်ခွာသွားနိုင်ခဲ့ပြီး ခွာစစ်သင်ခန်းစာမရှိတဲ့ဂျပန်တပ်တွေ အိန္ဒိယ(အင်ဖာ)ကနေခွာစစ်ဆင်ရာမှာအကျအဆုံးများစွာနဲ့ ဖရိုဖရဲ ဆုတ်ခွာကြရပါတယ်။

ခွာစစ်ဆင်ရာမှာ ခွာစစ်ဥပဒေသများအတိုင်းလုပ်ဆောင်ခြင်း၊မသယ်ဆောင်နိုင်တဲ့ လက်နက်ခဲယမ်း အပါအဝင်ရန်သူအတွက်အသုံးဝင်မယ့်အရာအားလုံး၊အသုံးပြုလို့မရအောင်ဖျက်ဆီးခဲ့ခြင်းဟာ မဖြစ်မနေလိုက်နာကြရမယ့်အချက်တွေဖြစ်ပါတယ်။

မြန်မာ့တပ်မတော်မှာလည်း ခွာစစ်ဆင်ရတဲ့ တိုက်ပွဲတွေ ရှိခဲ့ပြီး ရှမ်းမြောက်ပွိုင့် ၆၀၄၁စခန်း တိုက်ပွဲဟာရန်သူဗကပ အများအပြားကိုသုတ်သင်နိုင်ခဲ့ပြီးမိမိအထိအခိုက်အကျအဆုံးအနည်းဆုံးနဲ့ဖွဲ့စည်းပုံမပျက်စနစ်တကျ ခွာစစ်ဆင်နိုင်တဲ့ စံနမူနာပြတိုက်ပွဲအဖြစ်နာမည်ကျော် ခဲ့ပါတယ်။

ယနေ့ ရှမ်းမြောက်တိုက်ပွဲတွေ ခွာစစ်တွေမှာ လက်နက်ခဲယမ်းယာဥ်ယန္တယားများဖျက်ဆီးခြင်းမပြုဘဲ ရန်သူ့လက် တွင်းကျရောက်သွားရခြင်းအကြိမ် ကြိမ်ကြုံတွေ့နေရတဲ့အတွက် ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာ သင် ခန်းစာ ဖော်ထုတ် ပြီးလိုအပ်ချက်အားနည်းချက်တွေကိုပြင်ဆင်သင့်ပြီထင်ပါတယ်။

#ThaungLwinHein
တိုင်းရင်းသားလား သောင်းကျန်းသူလား

ဒီကနေ့တိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာက တိုင်းရင်းသားလားသောင်းကျန်းသူလား၊နိုင်ငံသားလား အကြမ်းဖက်လား လေနဲ့ဝမ်းမကွဲတဲ့ ပြဿနာ ဖြစ်ပါတယ်။

တိုင်းရင်းသားက လက်နက်ကိုင် ပုန်ကန်ရင်သောင်းကျန်းသူ၊နိုင်ငံသားက အကြမ်းဖက် လုပ်ရပ်တွေလုပ်ရင်အကြမ်းဖက်သမားဆိုတာ ပီပီပြင်ပြင်ကွဲကွဲပြားပြားခွဲခြားမြင်ကြဖို့လိုပါတယ်။

သောင်းကျန်းသူ သူပုန်ကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)လို့ဂုဏ်တင်ပေးလိုက်တဲ့အတွက် ယခင်က သောင်းကျန်းသူသူပုန်ဟာအလိုလိုနေရင်သက်ဆိုင်ရာ တိုင်းရင်းသားကိုကိုယ်စားပြုတဲ့လက်နက်ကိုင်အဖွဲ့တွေအဖြစ် နေရာရလာကြပြီး အခုဆိုရင် သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအဖြစ် တရားဝင်အသိအမှတ်ပြုခံနေကြရတဲ့ အနေအထားမျိုးတောင်ရောက်လာပါတယ်။

ဒါဟာအလွန်မှားပါတယ်။
တိုင်းရင်းသားလူမျိုးအသီးသီးမှာ ပြည်ထောင်စုစိတ်ဓာတ်နဲ့အေး အတူပူအမျှအတူတကွနေထိုင်ကြမယ်ဆိုတဲ့ သူတွေက ကျဥ်းမြောင်းတဲ့လူမျိုးရေးစိတ်ရှိသူထက်ပိုများကြပါတယ်။

ကျဥ်းမြောင်းတဲ့လူမျိုးရေးစိတ်ရှိသူ အနည်းစု နဲ့တည်ထောင်တဲ့ လက်နက်ကိုင်အဖွဲ့ကအသံကျယ်ကျယ် နဲ့သက်ဆိုင်ရာလူမျိုးစုရဲ့ကိုယ်စားလှယ် ခေါင်းဆောင်လို ဖြစ်လာတဲ့အခါ ပြည်ထောင်စုစိတ်ဓာတ်အပြည့်ရှိတဲ့ သူအများစုကအသံပျောက်လာပြီး အလိုလိုနေရင်းနောက်ရောက်သွားရလို့ နေရာမရဖြစ်လာတဲ့အတွက် ပြည်ထောင်စုပြိုကွဲရေးလမ်းပေါ်ရောက်လာပါတယ်။

AAဘယ်လောက်ပဲ လူမျိုးရေးစိတ်ပြင်းတယ်ပြောပြော လက်နက်မကိုင်ဘဲ ပြည်ထောင်စုထဲမှာ နေလိုတဲ့ ရခိုင်လူမျိုးအများအပြားရှိနေပါတယ်။အခြားတိုင်းရင်းသားတွေမှာလည်း ဒီအတိုင်းဖြစ်လို့ တိုင်းရင်းသားနဲ့ သောင်း ကျန်းသူကို ကွဲကွဲပြားပြား ခွဲခြားထားဖို့လိုပါတယ်။

သောင်းကျန်းသူကို တိုင်းရင်းသားအချင်းချင်းဖြစ်လို့ညှာတယ်၊အကြမ်းဖက် သမားကိုနိုင်ငံသားအချင်းချင်းဖြစ်လို့ညှာတယ်ဆိုတာ ခြေမမကောင်းခြေမ၊လက်မမကောင်လက်မ ဖြတ်ရမယ့်ကိစ္စကိုအချိန်မီ မဖြတ်တဲ့အတွက်အသက်အန္တရာယ် ကျရောက်လာစေမယ့်ကိစ္စမျိုးဖြစ်ပါတယ်။

အမှောင်ထဲကနေ အလင်းထဲလာဖို့၊သောင်း ကျန်းသူဘဝကနေ သက်ဆိုင်ရာတိုင်း ရင်းသားကိုယ်စားပြုနိုင်ဖို့ NCA လမ်းကြောင်းနဲ့ ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။NCAထဲဝင်လာသူတွေကိုEAO တွေအဖြစ်နွေးထွေးစွာကြိုဆိုဆက်ဆံပြီးဝင်မလာသူတွေကို သောင်းကျန်းသူအဖြစ်ချေမှုန်းသင့်ပါတယ်။

NCAထဲမလာဘဲNCAပြင်ပကနေသောင်းကျန်းနေတာကို ကမ္ဘာတည်သရွေ့ရာသက်ပန်တံခါးဖွင့်ကြိုနေဖို့ မလိုသလို NCAကိုသာလာယံဇရပ်လို ဝင်ချင်သလိုဝင်ထွက်ချင်သလိုထွက်၊NCAထဲဝင်ပြီး သောင်းကျန်းသူလုပ်နေတာတွေကိုခွင့်ပြုထားခြင်းဟာNCAကိုတန်ဖိုးမဲ့စေပါတယ်။

တိုင်းရင်းသားEAOနဲ့ သောင်းကျန်း သူ လေနဲ့ဝမ်းကွဲ ရမယ့်အချိန်ရောက်နေပြီဖြစ်လို့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့နဲ့သောင်းကျန်းသူအဖွဲ့ ရောထွေးမနေဘဲ ပြတ်ပြတ်သားသားခွဲခြား သွားဖ်ို့လိုနေပြီဖြစ်ပါတယ်။

#ThaungLwinHein
သြဂုတ်၂၈ရက်နေ့ည VOAအယ်ဒီတာနဲ့ဆွေးနွေးခန်းအစီအစဥ်မှာဦးကျော်ဇံသာက

"မြန်မာ့သမိုင်းကိုမြန်မာပြည်ထဲမှာ အစိုးရအဆက်ဆက် အခု စစ်အစိုးရတို့လုပ်ပြီးသင်နေတဲ့ သမိုင်းတွေက ပုဂံခေတ်ကတည်းက မြန်မာနိုင်ငံစည်းလုံးညီညွတ်မှုရှိပြီး ပထမမြန်မာနိုင်ငံ ၊ဒုတိယ၊တတိယ စသဖြင့် အဲဒီလိုမဟုတ်ပါဘူး။တကယ်တမ်းကြည့်မယ်ဆိုရင် ပဒေသရာဇ်မင်းနိုင်ငံလေးတွေ သူ့ဟာသူကွဲပြီးနေခဲ့တာပါ" လို့ပြောသွားခဲ့ပါတယ်။

သူပြောမှပဲ သမိုင်းပညာရှင်တွေ သမိုင်းအချက်အလက်အထောက် အထားအပြည့်အစုံနဲ့ပြုစုခဲ့တဲ့ ပထမမြန်မာနိုင်ငံ၊ဒုတိယမြန်မာနိုင်ငံ၊တတိယမြန်မာနိုင်ငံတွေ ဆိုတာတွေ မရှိခဲ့ဘဲ ပဒေသရာဇ်နိုင်ငံလေးတွေ အသီးသီးတည်ထောင်နေခဲ့ကြသလို ဖြစ်သွားရပါတယ်။ပဒေသရာဇ်နိုင်ငံငယ်လေးတွေ ကွဲနေတာကို ဗြိတိသျှ က စုစည်းပြီးဖွဲ့စည်းလာလို့ပဲလက်ရှိမြန်မာနိုင်ငံဖြစ်လာသယောင်ပြော ဆိုသွားတာကလည်း တော်တော် ဆိုးပါတယ်။

ပထမ ဒုတိယတွေကဝေးသေးတော့ အနီး စပ်ဆုံး ကုန်းဘောင်ခေတ် တတိယမြန်မာနိုင်ငံ ရှိမရှိကိုပဲ ဥပမာ ကြည့်ပါ။

ဘကြီးတော်မင်းလက်ထက် အင်္ဂလိပ်မြန်မာ ပထမစစ်အပြီး ရန္တပိုစာချုပ်ချုပ်မှာ မြန်မာပိုင် ရခိုင်နဲ့တနင်္သာရီနယ်ကို ဗြိတိသျှတို့ထဲပေးအပ်သည် ဆိုတာက ပဒေသရာဇ်နိုင်ငံငယ် ရခိုင်၊တနင်္သါရီ နဲ့စာချုပ်မချုပ်ဘဲမြန်မာဘုရင်နဲ့ ချုပ်ပြီးယူရအောင် ဗြိတိသျှက ရူးနေလို့လား။မြန်မာဘုရင်ပိုင်နယ်ဖြစ်လို့ မြန်မာဘုရင် ဆီက သိမ်းယူတာပေါ့။

မင်းတုန်းမင်းလက်ထက် အနောက်ကရင်နီနယ်ကို လွတ်လပ်ရေးပေးသောစာချုပ် ဆိုပြီး ၁၈၇၅ခုနှစ်မှာ အင်္ဂလိပ်နဲ့မြန်မာ ဘာကြောင့်ချုပ်ဆိုတာလဲ။မြန်မာဘုရင်မပိုင်တဲ့ ကရင်နီနယ်ဆိုရင် ကရင်နီနယ်ကို လွတ် လပ်ရေးပေး ကြောင်း စာချုပ်စရာလိုပါ့မလား။

VOAအနေနဲ့ လက်ရှိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပျက်သထက်ပျက်အောင်ဖျက်တာကဖျက်ပါ။ သမိုင်းအချက်အလက်အထောက်အထားအခိုင်အမာရှိခဲ့တဲ့ ပထမ၊ဒုတိယ၊တတိယ မြန်မာနိုင်ငံတော်တွေ မရှိခဲ့ဘူး ဆိုတဲ့အထိ တော့ မလုပ်ပါနဲ့။

#ThaungLwinHein
တိုင်းရင်းသားအရေး

အလောင်းမင်းတရားတည်ထောင်ခဲ့တဲ့တတိယမြန်မာနိုင်ငံတော်ဟာ အင်္ဂလိပ်မြန်မာပထမစစ်နဲ့ရခိုင်တနင်္သါရီ၊ဒုတိယစစ်နဲ့ အောင်လံ(မြေထဲ)အောက်မြန်မာပြည် ဗြိတိသျှအောက်ကျရောက်ခဲ့ပေမယ့်ရှမ်းနယ်များအပါအဝင်အထက်မြန်မာပြည်ဟာကုန်းဘောင် မင်းဆက်(၁၁) ဆက်မြောက်ဖြစ်တဲ့နောက်ဆုံးမင်းဆက် သီပေါမင်းလက်ထက်အထိ တည်ရှိခဲ့ပါတယ်။

တတိယစစ်နဲ့မန္တလေးနေပြည်တော်ကိုသိမ်းပိုက်ပြီးတာနဲ့ မြန်မာဘုရင်ပိုင်နယ်အားလုံးဟာအလိုအလျောက် ဗြိတိသျှပိုင်နယ်ဖြစ်တယ်လို့ ဗြိတိသျှတို့သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။

မြန်မာပြည်တစ်ပြည်လုံးကျွန်ဘဝရောက်ပြီးမှဗြိတိသျှ အုပ်ချုပ်ရေးစနစ်အရ တောင်တန်းဒေသအုပ်ချုပ်ရေးနဲ့မြေပြန့်အုပ်ချုပ်ရေးစနစ်နှစ်မျိုးခွဲအုပ်ချုပ်တဲ့အတွက် အုပ်ချုပ်ရေးစနစ်နှစ်မျိုးကွဲသွားတာဖြစ်ပါတယ်။တိုင်းပြည်ကဒီတိုင်းပြည်ပဲ ဖြစ်ပါတယ်။

သိမ်းယူခဲ့စဥ်ကမြန်မာထီးနန်းကို သိမ်းပြီးတာနဲ့ မြန်မာဘုရင်ပိုင်နယ်အားလုံးသိမ်းပိုက်ပြီးဖြစ်တယ်လို့သတ်မှတ်ပြီး၊လွတ်လပ်ရေးပေးရမယ့်အချိန်ကျမှ အုပ်ချုပ်ရေးစနစ်မတူလို့ မြေပြန့်ဒေသကိုပေးမယ်၊တောင်တန်းဒေသကိုဆန္ဒသဘော ထားမေးမယ် လို့လုပ်တာက ဗြိတိသျှတို့ရဲ့တော်တော်လူလည်ကျ တဲ့ ကလိန်ကကျစ်လုပ်ရပ်ဖြစ်ပါတယ်။

အိန္ဒိယမှာ လည်း ဗဟိုအစိုးရနဲ့မဟာရာဇာနယ်များကို စနစ်မတူတဲ့အုပ်ချုပ်ရေးစနစ်နှစ်မျိုးခွဲအုပ်ချုပ်ခဲ့ပေမယ့်လွတ်လပ်ရေးပေးချိန်မှာတော့ဗဟိုအစိုးရအောက် တစ်ပေါင်းတစ်စည်းတည်းပေးခဲ့တာ ဖြစ်ပါတယ်။

ကိုယ်ပိုင်စစ်တပ်တွေရှိကြပြီးအိန္ဒိယအစိုးရအောက်မနေလိုဘဲသီးခြားခွဲထွက်နေလိုကြတဲ့မဟာရာဇာနယ်ပေါင်းများစွာရှိပေမယ့် မပူးပေါင်းရင်စစ်တပ်နဲ့တိုက်ယူသိမ်းပိုက်မယ်လို့ အိန္ဒိယခေါင်းဆောင်တွေက ပြတ်ပြတ်သားသားပြောသလို ဗြိတိသျှအစိုးရကလည်း လွတ်လပ်ရေးကြေညာပြီးတာနဲ့ သူတို့ဆီကအကူအညီရဖို့ ဘာမှ မမျှော်လင့်ပါနဲ့ လို့ မဟာရာဇာတွေကို ရှင်းရှင်းပြောခဲ့တဲ့အတွက်မြန်မာပြည်လို ပင်လုံစာချုပ်တွေဘာတွေမလိုဘဲ တစ်လုံးတစ်စည်းထဲလွတ်လပ်ရေးရခဲ့ပါတယ်။

အိန္ဒိယမဟာရာဇာနယ်ကြီးတစ်နယ်လောက်တောင်မရှိတဲ့မြန်မာပြည်ကျမှ တောင်တန်းနယ်စော်ဘွားနယ်တွေ ဆန္ဒသဘောထားရယူရမယ်၊သူတို့ဆန္ဒရှိမှ မြန်မာပြည်နဲ့အတူလွတ်လပ်ရေးပေးမယ် လို့ ဗြိတိသျှတို့ပညာပေးလိုက်တဲ့ နိုင်ငံရေးကစားကွက်တစ်ကွက်၊တို့မီးရှို့မီးတစ်ချက်ဟာ ပင်လုံစာချုပ်ပင်လုံကတိကဝတ်ဆိုပြီး အခု အချိန်အထိ တောင်တန်းဒေသအရေး၊တိုင်းရင်း သားအရေး ဆိုပြီး မပြီးနိုင်မစီးနိုင် အရှိန်ကောင်းစွာတောက် လောက်နေဆဲ ဖြစ်ပါတယ်။

#ThaungLwinHein
အခုရက်ပိုင်းနိုင်ငံတကာသတင်းတွေမှာ ကျင့်ဝတ်စည်းကမ်းဆိုတဲ့လူ့လောကထက် အင်အားဟာအမှန်တရား၊အင်အားကြီးသူအနိုင်ယူ ဆိုတဲ့တရိစ္ဆာန်လောက ပုံစံ အင် အားပြအနိုင်ကျင့်မှုတွေ ပိုတွေ့လာနေရပါတယ်။

အမေရိကန်က ဒိုမီနီကန်သမ္မတနိုင်ငံမှာ ဗင်နီဇွဲလားသမ္မတလေယာဥ်ကိုစက်တင်ဘာ၂ရက်နေ့ကဖမ်းဆီးပြီးဖလော်ရီဒါပြည် နယ်ဆီပျံသန်းစေခဲ့ပါတယ်။ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်လို့ အခုလိုလုပ်တာလို့ အမေရိကန်ကပြောပါတယ်။

ယူကရိန်းက ရုရှားနိုင်ငံထဲဝင်တိုက်တဲ့ကိစ္စကို"ယူကရိန်းမှာ မိမိကိုယ်ကိုယ်ခုခံပိုင်ခွင့်ရှိပါတယ်။နိုင်ငံတကာတရားဥပဒေအရ မိမိကိုယ်ကိုယ်ခုခံပိုင်ခွင့်ဟာ နယ်စပ်မှာတင် ရပ်တန့်မသွားပါဘူး"လို့ နေတိုးအကြီးအကဲ ဂျန်းစတိုတန်ဘာ့ချ်က ပြောပါတယ်။ယူကရိန်း နေတိုးထဲဝင်မယ့်ကိစ္စအကြောင်း ပြုပြီးနယ်စပ်လုံခြုံရေးအတွက်ကြိုတင်ကာကွယ်ဖို့ ရုရှားကယူကရိန်းနိုင်ငံကိုဝင်တိုက်စဥ်က နိုင်ငံတကာတရားဥပဒေအရအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကိုဝင်တိုက်တဲ့ကျူးကျော်စစ်လို့ အော်ခဲ့တဲ့ နေတိုးက အခုယူကရိန်း ကရုရှားထဲဝင်တိုက်တာဟာ မိမိကိုယ်ကိုယ်ကိုယ်ခုခံပိုင်ခွင့် ၊နိုင်ငံတကာတရားဥပဒေအရ မိမိကိုယ်ကိုယ်ခုခံပိုင်ခွင့်ဟာ နယ်စပ်မှာတင်ရပ်တန့်မသွားဘူးလို့ ဆိုပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ထားတဲ့ ရုရှားသမ္မတဗလာဒီမာပူတင် က ICCအဖွဲ့ဝင် မွန်ဂိုလီးယားနိုင်ငံကိုစက်တင်ဘာ ၂ရက်နေ့ကသွားပါတယ်။ICCကဖမ်းဝရမ်းထုတ်ထားသူတစ်ဦးICCအဖွဲ့ဝင်နိုင်ငံ ဆီရောက်လာရင်ဖမ်းဆီးရမယ် ဆိုပေမယ့် မွန်ဂိုလီးယားနိုင်ကံက ပူတင်ကို ကော်ဇောနီခင်းပြီးခမ်းခမ်း နားနားကြိုဆိုပါတယ်။ICCဟာအပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး ဆိုပေမယ့် နိုင်ငံငယ်လေးတွေပေါ်မှာသာကွက် သက်ရောက်မှုရှိပြီးအင်အားကြီးနိုင်ငံတွေအပေါ်သက် ရောက်မှမရှိပါဘူး။အမေရိကန်ကိုစစ်ရာဇဝတ်မှုနဲ့ တရားစွဲဖို့ ကြိုးစားခဲ့စဥ်ကလည်း အမေရိကန်ကပယ်ချတဲ့အပြင် ICCတာဝန်ရှိသူတွေကိုတောင်ပြန်အရေးယူလိုက်ပါသေးတယ်။အခုသမ္မတပူတင်ကလည်း ICCကို သောက်ဂရုမစိုက်ဘူးဆိုတဲ့ပုံစံလုပ်ပြလိုက်တော့ICCအတွက် သိက္ခါကျအရှက်ရစရာဖြစ်ပါတယ်။(ဒါပေမယ့်ရှက်မှာတော့မဟုတ်ပါဘူး)

ကုလသမဂ္ဂခွင့်ပြုချက်မရဘဲ အမေရိကန်က အီရတ်ကိုဝင်တိုက်ခဲ့စဥ်ကလည်း ကမ္ဘာ့ကုလသမဂ္ဂကြီးလည်း ဘာမှမတားဆီးနိုင်ဘဲ ထိုင်ကြည့်နေခဲ့ရပါတယ်။(အဖွဲ့သိက္ခာကျတယ် ရှက်စရာကောင်းတယ်ဆိုပြီးဘယ်ကုလတာဝန်ရှိသူတစ်ဦးမှနုတ်ထွက်တာမရှိပါ)
လူအစုလိုက်အပြုံလိုက်သေစေနိုင်တဲ့လက်နက်တွေရှိလို့အီရတ်ကို ဝင်တိုက်တာလို့ အကြောင်းပြပြီးဝင်တိုက်ပေမယ့်အဲဒီလက်နက်တွေ ရှာမတွေ့တော့လည်း ဒီမိုကရေစီအရေးအတွက်တိုက်တာလို့အမေရိကန်က ခပ်တည်တည်ပဲ ပြောင်း ပြောပြန်ပါတယ်။

လူနဲ့တရိစ္ဆာန်ကွာခြားချက်က အရှက်အကြောက်တရားဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ၊နိုင်ငံတကာ ဆိုတဲ့ ကုလသမဂ္ဂအပါအဝင်အဖွဲ့အစည်းတွေဟာ အင်အားကြီးနိုင်ငံကြီးတွေအပေါ်တစ်မျိုး၊နိုင်ငံငယ်တွေအပေါ်တစ်မျိုးကျင့်သုံးနေတဲ့ လူ့ကျင့်ဝတ်စံနှုန်းတွေ နဲ့မညီတဲ့ အရှက် အကြောက်မရှိအင်အားကြီးသူအနိုင်ယူ ၊တော တွင်းဥပဒေအဖွဲအစည်းတွေ ဖြစ်နေပြီဆိုတာ လည်း နည်းနည်းတော့ သတိပြုရှက်တတ်ကြဖို့ လိုပါပြီ။

#ThaungLwinHein
EAOများ၏ အနာဂတ်

သောင်းကျန်းသူ၊သူပုန်၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆိုတဲ့အမည်တွေ ဘယ်လိုပဲပြောင်းပြောင်း၊ဖက်ဒရယ်အရေး၊ဒီမိုကရေစီအရေး၊စစ်အာဏာရှင်ကျဆုံးရေးခေါင်းစဥ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း မြန်မာပြည်လက်နက်ကိုင်အဖွဲ့တွေမှာ တရုတ်နောက်ခံနဲ့အမေရိကန်အနောက် အုပ်စုနောက်ခံဆိုတဲ့ အုပ်စုကြီးနှစ်ခုသာရှိပါတယ်။

အမေရိကန်တရုတ်အားပြိုင်မှုအရှိန်မြင့်လာတာနဲ့အမျှဒီအုပ်စုနှစ်ခုထိပ်တိုက်တွေ့လာဖို့ ပိုနီးလာသလို နှစ်ဘက်ခွနေတဲ့ အဖွဲ့တွေတစ်ဘက်ဘက်ကိုပြတ်ပြတ်သားသားရွေးရပ်ရတော့မယ့် အခြေအနေ ရောက်လာမှာ ဖြစ်ပါတယ်။

UWSA,NDAA,MNDAA သုံးဖွဲ့ဟာပထဝီအနေအထားအရ တရုတ်နယ်စပ်မှာရှိပြီး အရာအားလုံးတရုတ်ကိုအမှီပြု ရှင်သန်ရပ်တည်နေရတာဖြစ်လို့ တရုတ်သြဇာကို မလှန်နိုင်တဲ့တရုတ်နောက်ခံ စစ်စစ်အဖွဲ့တွေဖြစ်ပါတယ်။

KIAဟာယခင်က တရုတ်နောက်ခံဖြစ်ခဲ့ပေမယ့် အမေရိကန်ဘက်ယိမ်းသွားပြီး နှစ်ဘက်ခွနေပါတယ်။ တစ်ဘက် ဘက်ကို ရွေးရမယ့်အနေအထားဖြစ်လာရင်တော့အမေရိကန်ဘက် ပါသွားဖို့များနေပါတယ်။KIAက မွေးထုတ်၊UWSAရဲ့မွေးစားတပည့်ခံယူလိုက်ပြီးမြောက်သုံးဖွဲ့နဲ့နာမည်ကြီးလာတဲ့ TNLAကတော့အနေမတတ်ရင် ကြားညပ်ဖို့များနေပါတယ်။KIAကတဆင့်အမေရိကန်တပည့်လုပ်မလား၊UWSAကတဆင့်တရုတ်တပည့်လုပ်မလားဆိုတာTNLAက ရွေးရပါလိမ့်မယ်။

TNLAလို လူမျိုးရေးအရအစဥ်အလာမရှိ၊အင်အားနည်းပါးတဲ့အဖွဲ့က တဆင့်ခံတပည့်ဖြစ်ရတာမဆန်းပေမယ့် လူမျိုးရေးအရကော လက်နက်ကိုင်သဘာအရပါ အစဥ်အလာဝါရင့်တဲ့ SSPPလိုအဖွဲ့ကတဆင့်ခံတပည့်ဖြစ်ရတာကတော့ ဆန်းနေပါတယ်။

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကွဲနေတဲ့ RCSSနဲ့ SSPPမှာ RCSSက ထိုင်း(အမေရိကန်) နောက်ခံဖြစ်ပေမယ့် SSPPက UWSAကိုမလှန်နိုင်တော့တဲ့တပည့် ဖြစ်ပါတယ်။ထိုင်းက UWSAရန်ကာကွယ်ဖို့ RCSSကိုမွေးထားသလို RCSSနဲ့SSPPရှမ်းအချင်းချင်းတိုက်ပွဲတွေမှာUWSAက SSPPဘက်ကဝင်ကူတိုက်ပေးရင်းSSPPဟာUWSAတပည့်ဖြစ်မှန်းမသိဖြစ်နေပြီ ဖြစ်ပါတယ်။

ပထဝီအနေအထားအရ ကွဲထွက်နေပြီး မြောက်သုံးဖွဲ့ဝင်ဖြစ်တဲ့AAဟာ အမေရိကန် တရုတ်ကြားမှာအရေးပါတဲ့အဖွဲ့ဖြစ် လာပါတယ်။ တရုတ်နဲ့နယ်စပ်ထိကပ်နေတဲ့အဖွဲ့မဟုတ်သလိုTNLAလို ပထဝီအရကြားညပ်နေတဲ့အဖွဲ့ မဟုတ်တဲ့အတွက်အခြားအဖွဲ့တွေလို တရုတ်ဘက်ကအထက်စီးအမိန့်ပေးပုံစံလုပ် ဖို့ခက်ပါတယ်။စစ်ကိုင်း တိုင်း PDFများရဲ့ဆရာကြီး KIAနဲ့ နယ်မြေဆက်စပ်လို့ရပြီး၊ဘင်္ဂလားဒေ့ရ်မှာ အမေရိကန်အလိုကျ အစိုးရဖြစ်လာခြင်း၊ဘင်္ဂါလီလူမျိုးတုံးသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှုတွေနဲ့အကျပ် ကိုင်လာခြင်းတွေက AAကို အမေရိကန်ဘက်ပြောင်းသွားစေဖို့ တွန်းအားပေးတဲ့ အချက်တွေ ဖြစ်လာနိုင်ပါတယ်။

KNU,KNPP,CNFကတော့ အထူးပြောစရာမလိုတော့တဲ့အမေရိကန်အနောက်အုပ်စုနောက်ခံ စစ်စစ် တွေဖြစ်ပါတယ်။အမေရိကန်တရုတ်အားပြိုင်မှုပြင်းထန်လာတာနဲ့အမျှ မိမိကြမ္မာ မိမိမဖန်တီးနိုင်ဘဲသက်ဆိုင် ရာနောက်ခံအလိုက် ကြိုးဆွဲရာ က ကြရမယ့် EAO တွေရဲ့အနာဂတ်ဟာလည်း လှုပ်လှုပ်ရွရွ တွေ ဖြစ်လာကြရပြီ ဖြစ်ပါတယ်။
#ThaungLwinHein
ဂယက်ရိုက်သွားတဲ့စာနှစ်စောင်

တရုတ်နိုင်ငံ ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မီတီအမည်နဲ့ TNLAကိုသတိပေးစာထွက်လာပြီးနောက် စာကအတုလိုလိုအစစ်လိုလို အငြင်းပွားနေတဲ့ကြားက ဒီစာရဲ့ဂယက်က တော်တော်ပြင်းထန်သွားခဲ့ပါတယ်။

အမေရိကန်တပ်တွေဝင်ပါ၊R2Pဝင်ပါလို့ အော်နေတဲ့အဖွဲ့တွေက အပြင်းအထန်ကန့်ကွက်ကြပြီးအချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်မရှုပ်ဖို့ တရုတ်ကိုတောင်းဆိုကြပါတယ်။
အမေရိကန်တပ်တွေဝင်ပါလို့ တောင်းဆိုနေသူတွေက တရုတ်ကTNLAကိုစာနဲ့ ဖိအားပေးတာ ပြည်တွင်းရေးဝင်ရှုပ်တာဆိုတော့ လိုတစ်မျိုးမလိုတစ်မျိုးလို ဖြစ်နေပါတယ်။

ထုတ်ပြန်စာအနေအထားနဲ့အရေးအသားက တရားဝင်ထုတ်ပြန်ချက်လို့ယူဖို့ခက်တဲ့အတွက်မေးမြန်းချက်အပေါ် တရုတ်တာဝန်ရှိသူတွေဘက်က ဒီစာထုတ်မထုတ်မဖြေကြားဘဲ မြန်မာနိုင်ငံငြိမ်းချမ်းရေးအပြု သဘောဆောင်တဲ့အလုပ်တွေဆက်လုပ်သွားမှာဖြစ်ပါတယ်လို့သာသံတမန်စကားဖြေကြားသွားပေမယ့် တရားလွှတ်တော်ချုပ်ရှေ့နေကြီးဆိုတဲ့ဦးကြီးမြင့်ကတော့ တရားရုံးတွေမှာ ဥပဒေအရ မငြင်းရင် ဝန်ခံတာပဲလို့ အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာဆက်ဆံရေး၊သံတမန်ရေးနိုင်ငံရေးတွေမှာ တရားရုံးအမှုစစ်သလို စကားလုံးတွေ သုံးသလို မသုံးကြဘူးဆိုတာ မသိရှာတဲ့ ရှေ့နေကြီးကို နိုင်ငံရေးလေ့လာသူ၊နိုင်ငံရေးကျွမ်းကျင်သူဆိုတဲ့ ဘွဲ့တွေတပ်အင်တာ ဗျူးနေကြတော့ မခက်ပေဘူးလား။

ဒုတိယစာကတော့ MNDAAကထုတ်ပြန်တဲ့ NUGနဲ့ မပူးပေါင်းဘူးဆိုတဲ့စာ ဖြစ်ပါတယ်။စက်တင်ဘာ၄ရက်နေ့ရက်စွဲနဲ့ ၅ရက်နေ့က တင်ခဲ့ပြီး ပြန်ဖြုတ်ချသွားတဲ့အတွက် အတည်မပြုဘူးလို့ ယူရမှာဖြစ်ပေမယ့် MNDAAရဲ့ဆန္ဒသဘောထားက ဒီလိုဆိုတာဖော်ပြလိုက်တာဖြစ်လို့ တော်တော်ဂယက် ထသွားပါတယ်။

စစ်ဆင်ရေးတိုင်းမှာEAO တွေနဲ့ညှိနှိုင်းလုပ်နေတယ်လို့ ပြောပြီး အတင်းမဟာမိတ်လိုက်လုပ်နေရတဲ့NUG အတွက်ဆောင့်ကန်ခံရသလိုဖြစ် ခံရခက်မှာဖြစ်လို့ စာပြန်ရုတ်သွားပေမယ့် ရပ်တည် ချက်သဘောထားက ပြောင်းမှာမဟုတ်တော့ဘူးဆိုတာ၁၀၂၇စကတည်းက MNDAAက NUGနဲ့ပတ်သက်လို့ပြောစရာမရှိဘူးလို့ပြောခဲ့သလို ယခင်ကတည်းက တရုတ်ဘက်က NUGနဲ့မပေါင်းဖို့ သတိပေးထားချက်တွေအရ MNDAAရဲ့သဘောထားအမှန်ဆိုတာ သိနိုင်ပါတယ်။

#ThaungLwinHein
တန်ပြန်ထိုးစစ်

တရုတ်ကမြောက်သုံးဖွဲ့နဲ့တွေ့တယ်။ဘာတွေပြောကြတယ်ဆိုတာအတိအကျ မသိရပေမယ့် ထွက်လာတဲ့သတင်းတွေအရ တိုက်ခိုက်မှုတွေရပ်စဲဖို့ ဆိုတာကတော့သေချာတယ်။

ရှမ်းမြောက်မှာ မူဆယ်တစ်မြို့ကလွဲလို့ တိုက်စရာမြို့လည်း မကျန်တော့တဲ့အတွက်တကယ်တော့ တိုက်စရာလည်း မလိုတော့ပါဘူး။

တရုတ်သဘောထား ခန့်မှန်းကြည့်ရသလောက် က မြန်မာနိုင်ငံအချုပ်အခြာ အာဏာကို တည်တံ့စေချင်တယ်၊မြို့တွေသိမ်းထားတဲ့သူပုန်တွေကလည်း ခွဲမထွက်နဲ့၊မြန်မာနိုင်ငံအစိုးရအောက်မှာပဲနေကြ၊အစိုးရကလည်း (ဝနယ်လို)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအထူးဒေသတွေ ပေးပြီး ငြိမ်းချမ်းရေးယူကြ ဆိုတဲ့ပုံစံမျိုး လိုလားပုံ ထင်ရတယ်။

လားရှိုးမှာMNDAAက အုပ်ချုပ်ရေးအလျင်အမြန်တည်ဆောက်နေသလိုကျောက်မဲနောင်ချိုမှာ TNLAကအခိုင်အမာ တည်ဆောက်နေပြီ။တရုတ်ကကြားဝင်စေ့စပ်ပေးလည်းမူလကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအတိုင်းMNDAAက လောက်ကိုင်ပြန်၊TNLAက မန်တုံပြန် ဖို့ ဆိုတဲ့အထိတော့ မဖြစ်နိုင်တော့ဘူး။

ဆွေးနွေးဖြစ်ရင်လည်းလက်ရှိသိမ်းထားတဲ့မြို့တွေကိုသူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲပေးပါ၊သူတို့တိုက်ယူထားတာဖြစ်လို့ လိုချင်ရင်ပြန်တိုက်ယူ လို့ ပြောလာမှာပဲ။ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရက ပေးလို့မရဘူး၊ပေးခွင့်လည်းမရှိဘူး။ပေးမှာလည်းမဟုတ်ဘူး။ဒီတော့ရအောင်ပြန်တိုက်ယူဖို့ပဲရှိပါတယ်။လောလောဆယ်မြေပြင်ကပြန်တိုက်မယူနိုင်သေးရင်တောင်မှလေကြောင်းတိုက်ခိုက်မှုနဲ့စစ်ပွဲမပြီးသေးကြောင်း၊အသိအမှတ်မပြုကြောင်း ပြနေရမှာပဲ။

ခေတ္တလက်လွှတ်လိုက်ရတဲ့ဒေသတွေကိုပြန်သိမ်းယူမယ်၊မြောက်သုံးဖွဲ့ကိုအကြမ်း ဖက်အဖွဲ့ကြေညာတယ်ဆိုတာ ကောင်းပါတယ်။အကောင်းဆုံးကတော့ ပြန်ရအောင်လက်တွေ့လုပ်ခြင်းပဲ။ရန်သူကသွေးနဲ့ရင်းယူထားတဲ့မြေကို လေနဲ့ဆွေးနွေးရုံနဲ့အလွယ် တကူပြန်ရဖို့ မဖြစ်နိုင်တဲ့အတွက် အချိန် ဆွဲမနေဘဲ အမြန်ပြန်တိုက်ယူဖို့သာရှိပါတယ်။မော်စီတုံးလက်ထက် ဗကပကို အစွမ်းကုန်ကူညီခဲ့ပြီးတိန့်ရှောင်ဖိန်လက်ထက် အကူအညီလျှော့ချဖြတ်တောက်လာသလို အခုတရုတ်သဘောထားကလည်း မိမိဘက်ပါလာဟန် ပြလာပြီဖြစ်လို့ ဒီအခြေအနေမှာ ဥစ္စာရင်လိုဥစ္စာရင်ခဲကိုယ်တိုင်အားထည့်ရုန်းဖို့သာလိုပါတော့တယ်။

အချိန်ကြာလေ ရန်သူ့မြို့ပြအုပ်ချုပ်ရေးတည်ဆောက်မှု ပိုခိုင်မာလေဖြစ်လာပြီးတိုက်ရပိုခက်လေဖြစ်လာပါလိမ့်မယ်။လားရှိုးမြို့ ကျတာတစ်လကျော်ကြာသွားပါပြီ။တပ်မတော်ကပြန်မသိမ်းနိုင်မချင်းမပြန်ဘူးဆိုတဲ့ လားရှိုးစစ်ရှောင်ပြည်သူ တွေ ယုံကြည်ချက် မမှားဘူးဆိုတာပြရပါမယ်။

တရုတ်နဲ့နစကတွေ့ခဲ့တယ်၊တရုတ်နဲ့မြောက်သုံးဖွဲ့တွေ့ခဲ့တယ်၊ဘာတွေသဘောတူကြတယ်ဆိုတာအသေးစိတ် မသိကြရပေမယ့်ထင်သာ မြင်သာတွေ့လာရတဲ့အနေအထားတွေအရ ဆုံးရှုံးသွားတဲ့မြို့တွေပြန်ရရေးဟာ ပြန်တိုက်ယူရေးသာရှိကြောင်း သုံးသပ်နိုင်ပြီဖြစ်လို့ တန်ပြန်ထိုးစစ်အမြန်ဆုံးပေါ်ထွက်လာရေးကိုသာ မျှော်လင့်နေကြရပြီဖြစ်ပါကြောင်း။

#ThaungLwinHein
သမိုင်းဆိုး

ရေဘေးဒုက္ခသည်တွေ ကယ်ဆယ်ရေးကူညီရေး ကို အစိုးရ တပ်မတော် ရဲ မီးသတ် ကြက်ခြေနီ လူမှုရေးအဖွဲ့အစည်းများ ပုဂ္ဂလိက အလှူရှင်များက အနီအစိမ်းမခွဲကြပဲ အင်တိုက်အားတိုက် လုပ်ဆောင်နေကြချိန်မှာ ဘယ်မှာရုံးထိုင်မှန်းမသိတဲ့ NUGကစက်တင်ဘာ၁၄ရက်နေ့မှာ အွန်လိုင်း အစည်းအဝေးပြုလုပ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအချိန်မဆိုင်းဘဲအစွမ်းကုန်ဆောင်ရွက်သွားမယ်ဆိုပါတယ်။NUGထံအလှူငွေထည့်ဝင်ကြဖို့နဲ့ အလှူငွေသုံးစွဲမှုကိုပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးမယ်လို့ လည်းဆိုပါတယ်။

လက်ရှိမှာ နစကအစိုးရ ထိန်းချုပ်မှုအောက်ရှိရေဘေးဒုက္ခသည်ကယ်ဆယ်ရေးကူညီရေးလုပ်ငန်းတွေ တွေ့နေကြရပေမယ့် NUG+ EAO ထိန်းချုပ်ထားတယ်ဆိုတဲ့နယ်တွေ ကရေဘေးဒုက္ခသည် ကယ်ဆယ်ရေးဆိုတာလုံးဝမတွေ့ရတဲ့အထိသတင်းပျောက်နေတဲ့ အတွက် (KNDF၁၈ဦးရေမျောသေဆုံးတာကလွဲလို့) အဲဒီနယ်တွေက ပြည်သူတွေ ဘယ်လိုရင်ဆိုင်နေကြမလဲ စိုးရိမ်စရာဖြစ်ပါတယ်။

ခရီးအတူသွားတဲ့အခါ၊သင်တန်းအတူတက်တဲ့အခါ၊ဘေးအန္တရာယ်ကြုံတဲ့အခါ လူတစ်ယောက်ရဲ့စိတ်သဘောထားအမှန် သိရတယ် ဆိုတဲ့အတိုင်းသဘာဝဘေးအန္တရာယ် ရေဘေးဒုက္ခ မှာ တတ်နိုင်တဲ့ဘက်က ဝိုင်းကူကြသူတွေ ပေါ်လာသလို အပျက်စိတ် နဲ့နှောင့်ယှက်ဖျက်ဆီးသူတွေလည်းပေါ်လာပါတယ်။

ရေကြီးတိုင်း ပြဿနာရှာတတ်တဲ့ ဝါဒဖြန့်
နည်းတစ်ခုက ရေပိုလွှဲကနေ ဆည်ရေတွေဖောက်ချ တယ် ဆိုပြီးလူထုကိုခြောက်လှန့်တာပါပဲ။ရေပိုလွှဲဆိုတာ ဆည်ရေ သိုလှောင်နိုင်တဲ့ပမာဏ ကျော် သွားရင်ရေတွေအလို အလျောက်ထွက်သွားပြီး မူလချောင်းထဲပြန်စီးဆင်းသွားအောင်လုပ်ဆောင်ထားတာဖြစ်လို့ ရေပိုလွှဲကနေ ရေတွေကိုတမင်ဖောက်ချ စရာမလိုပါ။ဖောက်ချစရာမလိုဘဲဆည်ရေသိုလှောင်နိုင်တဲ့ပမာဏကျော်တာနဲ့ ရေတွေ အော်တို ထွက်နေပြီ ဖြစ်ပါတယ်။

နောက်တစ်ချက်က ဘာသာရေးကိုပြဿနာရှာတာပါ။ရွှေတိဂုံဘုရားအလှုငွေတွေ ရေဘေးအလှူမသုံးလို့ တဲ့။တော်တော်အကုသိုလ်ကြီးသူတွေပါ။"အလှူရှင်က ရွှေတိဂုံဘုရားအတွက်ရည်စူးပြီးလှူထားတာကို ရွှေတိဂုံဘုရားကြီးကချမ်းသာတယ်၊ဆင်းရဲတဲ့ဘုရားဆီပြောင်းသုံးမယ်ဆိုရင်တောင်သုံးလို့မရဘူး "လို့ ပါချုပ်ဆရာတော်ကြီး မိန့်ကြားခဲ့တာလည်း ကြားဖူးမယ်မထင်ပါဘူး။

အံံ့သြစရာကောင်းတာက ဒီလောက်တပ်မတော်သားတွေ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ပုံတွေပလူပျံနေတာကိုတရားမဝင် ပြည်ပြေးမီဒီယာတွေက စစ်တပ်ကလူအင်အားနည်းသွားလို့ကယ်ဆယ်ရေးမှာ တစ်ယောက်မှ မတွေ့ရတော့ဘူးဆိုပဲ။အကြောင်းအကျိုးနဲ့ရှင်းပြလည်း
သူတို့ မကြိုက်တဲ့Comment သွားရေးရင် ဖျက်ချပါတယ်။အဆင့်အတန်းမရှိဆဲဆိုရိုင်းစိုင်းတဲ့Commentတွေကိုလက်ခံပါတယ်။ဘယ်လို ဒီမိုကရေစီ လိုချင်တဲ့မီဒီယာတွေလည်းတော့မသိပါ။

အစိုးရက နေ့စဥ်စာရင်းပြုစုရသလောက် သေဆုံး၊ပျောက်ဆုံးစာရင်းတွေထုတ်ပြန်ပေးနေတာကိုလည်း အမှန်တကယ်သေဆုံးတာဒီလောက်မကဘူး လို့ ပြည်ပြေးပြည်ပမီဒီယာတွေက ဖွပါတယ်။(များများသေစေချင်နေတာလား မသိ)

တရားဝင်စာရင်းအတည်ပြုဖို့က ဒေသခံတစ်ဦးကပြောသည် ဆိုတိုင်းသေစာရင်းသွင်းလို့မရပါဘူး။အလောင်းမတွေ့သေးရင်ပျောက်ဆုံးစာရင်းပဲသတ်မှတ်ထားပြီးအချိန်ကာလတစ်ခုကျမှ သေစာရင်းသတ်မှတ်ရပါတယ်။အဆိုးဆုံးကတော့ ရမည်းသင်းမြို့နယ်သပြေပင်ကျေးရွာမှာလူ၇၀၀ လောက် သေတယ် လို့ ပြည်ပြေးပြည်ပမီဒီယာများက လုပ်ကြံသတင်းထုတ်ပြန်နေကြခြင်းပါပဲ။

ဝါဒဖြန့်ချိရေးမှာအဆင့်အတန်းရှိတယ်ဆိုတဲ့VOAလိုသတင်းဌာနကြီးကတောင် တော်တော်အဆင့်နိမ့်လာပါတယ်။ပြည်ပြေးပြည်ဖျက်မီဒီယာတွေ မှာနောင်ချိုမြို့နယ်တောင်ခမ်းတပ်စခန်းကျသွားတာကြာပါပြီ။ခါတိုင်းတပ်စခန်းတွေရရင် ဓာတ်ပုံတွေရိုက်တင်ပေမယ့်အခုတောင်ခမ်းရပြီဆိုပြီး နောင်ချိုမြို့ထဲပြန်ဝင်လာတဲ့ပုံတွေနဲ့ လုပ်ချလိုက်ပါတယ်။

VOAက သူတို့လောက်တော့အဆင့်မနိမ့်တော့ "တောင်ခမ်းမှာရှိတဲ့စစ်ကောင်စီအမြောက်တပ်စခန်းနှစ်ခုကို TNLAနဲ့ပူးပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့သောကြာနေ့မနက်ကသိမ်းပိုက်ရရှိသွားပြီလို့ ဒေသခံတွေကပြောပါတယ်၊TNLA ကတော့သိမ်းပိုက်ရရှိကြောင်းပြီးခဲ့တဲ့နေ့အထိ အတည်ပြုခြင်းမရှိသေးပါဘူး"လို့ထုတ်လွှင့်သွားပါတယ်။TNLAကိုယ်တိုင်က မသိမ်းနိုင်သေးပါဘူးပြောတာတောင်ဒေသ ခံတွေကပြောတယ်လို့ မလှိမ့်တစ်ပတ်လုပ်တင်တဲ့အဆင့်ဖြစ်နေပါတယ်။

၂၀၂၄ ရေဘေးမှာ အစိုးရနာမည်ပျက်ဖို့ ပြည်သူများများသေစေလိုသူတွေ၊နိုင်ငံသားအားလုံးအရောင်မခွဲကြဘဲ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ကူညီကယ်ဆယ်ရေးလုပ်နေကြတာကို မုဒိတာမပွားနိုင်ဘဲတိုင်းပြည်ပျက်ရင်ပြီးရော လုပ်နေကြတဲ့ ပြည်ပြေးပြည်ဖျက်မီဒီယာတွေရဲ့သမိုင်းဆိုးမှတ်တမ်းက တော့ ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။

#ThaungLwinHein
ကိုယ်စားပြုမှု

တိုင်းရင်းသားလူမျိုးတစ်စုထဲက လူတစ်ဖွဲ့ လက်နက်ကိုင်ပုန်ကန်လိုက်တာနဲ့ လူမျိုးရေးကိုယ်စားပြုသူပုန်လို့ အသိအမှတ်ပြုခံနေရတာဟာ သက်ဆိုင်ရာလူမျိုးနဲ့ သူပုန်ကို ပေါင်းစည်းပေးရာကျနေတဲ့အတွက် သူပုန်အဖွဲ့တိုင်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လို့ မသုံးနှုန်းသင့်ပါဘူး။

သောင်းကျန်းသူလို့ ခေါ်ဝေါ်ခဲ့သူတွေကို လူရာဝင်အောင် EAOလို့ ခေါ်ပြီး NCA လမ်းကြောင်းနဲ့ နိုင်ငံ ရေးထဲ ကိုဂုဏ်သိက္ခါရှိရှိ ဝင်နိုင်လာအောင်အခွင့်အရေးပေးထားပြီးဖြစ်လို့ NCAထဲ မလာသူတွေကို သောင်း ကျန်းသူ လို့သာပြန်သုံးဖို့သင့်ပါတယ်။

လူမျိုးတစ်မျိုးမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တည်းရှိကြတာမဟုတ်တဲ့အတွက်ဘယ်အဖွဲ့က သက်ဆိုင်ရာလူမျိုးကိုကိုယ်စားပြုသလဲဆိုတာ လည်းအငြင်းပွားစရာဖြစ်ပါတယ်။

လက်နက်ကိုင်သူပုန်ထတာ ပြည်နယ်အရေးလား၊လူမျိုးရေးလား ဆိုတာကလည်းရှင်းရှင်း လင်းလင်းမရှိဘဲ ရောထွေးနေပါတယ်။ကချင်ပြည်နယ်မှာ ကချင်မျိုးနွယ်စုထက် အခြားမျိုးနွယ်စုက ပိုများပါတယ်။ကရင်ပြည်နယ်မှာနေထိုင်တဲ့ကရင်လူမျိုးထက်အခြားတိုင်းနဲ့ပြည်နယ်မှာနေကြတဲ့ကရင်လူမျိုးကပိုများပါတယ်။ပြည်နယ်အရေးဆိုရင်KIAက ကချင်ထက်လူပိုများနေတဲ့အခြားလူမျိုးတွေအရေးလုပ်ပေးရမှာဖြစ်သလိုလူမျိုးအရေး ဆိုရင်ကရင်ကလည်း ကရင်ပြည်နယ်အရေးထက် ကရင်လူမျိုးပိုများတဲ့ ကရင်ပြည်နယ်ပြင်ပက ကရင်လူမျိုးတွေအရေးပိုဦးစားပေးလုပ်ရမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရေးဆိုရင် ရှမ်းပြည်နယ်အတွင်းရှိလူမျိုးပေါင်းစုံအရေးဖြစ်ပြီးရှမ်းလူမျိုးအရေးဆိုရင် မြန်မာပြည်အနှံ့နေထိုင်ကြတဲ့ရှမ်းလူမျိုးတွေအရေးဖြစ်ပါတယ်။

ရန်ကုန်မန္တလေးမှာနေထိုင်တဲ့ ရှမ်းကချင်ရခိုင်စတဲ့ ဘယ်တိုင်းရင်းသားလူမျိုးမဆို အရာရာတိုင်းမှာဗမာနဲ့တန်းတူ အခွင့်အရေးခံစားရပါတယ်။ဗမာဖြစ်လို့ ပိုအခွင့်အရေးရတယ်ဆိုတာမရှိပါဘူး။ ပြည်နယ်တွေကဆင်းရဲတယ်၊တိုင်းတွေကတိုးတက်တယ်၊တန်းတူညီမျှမရှိဘူးလို့ ပြောကြတာများတဲ့အတွက် လူမျိုးရေးတန်းတူမှုထက်ပြည်နယ်တန်းတူမှုကိုလိုလားတယ်လို့ သာသုံးသပ်ရပါတယ်။ ပြည်နယ်အရေးဆိုရင်အထက်ကတင်ပြခဲ့တဲ့ကချင်ပြည်နယ်ကရင်ပြည်နယ်ဥပမာလို လူမျိုးအရေးကိုနောက်ပို့ရမှာ ဖြစ်ပါတယ်။

လူမျိုးအမည်တပ်ပြည်နယ်တစ်ခုမှာသက်ဆိုင်ရာလူမျိုးတစ်မျိုးတည်းနေထိုင်တာ မဟုတ်ဘဲ နိုင်ငံသားအားလုံးပြည်နယ်တိုင်းဒေသကြီးအားလုံးမှာဖြန့်ခွဲနေထိုင်ကြတာ မိမိပြည်နယ်မိမိလူမျိုးအရေးလို့ရောချလို့မရဘဲ ပြည်နယ်အရေးလားလူမျိုးအရေးလား ရှင်းရှင်းလင်းလင်းဖြစ်ဖို့လိုပါတယ်။

နိုင်ငံရေးပါတီ၊ပြည်နယ်အစိုးရ၊လွှတ်တော်နည်းလမ်းတွေနဲ့ ဖက်ဒရယ်အရေးပြည်နယ်အရေးတွေတိုးတက်အောင်လုပ်ဖို့လူထုရွေးချယ်တဲ့ပြည်နယ်ကိုယ်စားပြုလမ်း ကြောင်းရှိရက်နဲ့ပြည်နယ်လူထု စစ်ဘေးဒုက္ခရောက်စေတဲ့လက်နက်ကိုင်လမ်း ကြောင်း ကိုရွေးချယ်ခြင်းဟာတော်လှန်ရေးလုပ်တာ မဟုတ်ဘဲ တော်လှန် ရေးလုပ်စားဖို့သာ ဖြစ်ပါတယ်။

#ThaungLwinHein
ရွေးကောက်ပွဲ

ဘာမှမစရသေးတဲ့၂၀၂၅ ရွေးကောက်ပွဲကို တရားမျှတမှုရှိမှာမဟုတ်ဘူး လို့ BBC, VOAကဦးဆောင်ပြီး ဝိုင်းအော်နေကြပြီ ဖြစ်ပါတယ်။လက်ဆုပ်လက်ကိုင်သက်သေအထောက်အထားအခိုင်အမာနဲ့ ပြသထားတဲ့၂၀၂၀ ရွေးကောက်ပွဲမဲလိမ်မဲခိုးမှုတွေကိုမမြင်ဘဲ လူထုရွေးချယ်တဲ့အနိုင်ရအစိုးရဆီက အာဏာသိမ်းတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းတာမဟုတ်ဘူး၊အာဏာထိန်းတာ၊ရွေးကောက်ပွဲကျင်းပပြီးအာဏာပြန်အပ်မယ်ဆိုတော့လည်း ရွေးကောက်ပွဲပျက်အောင်ဖျက်ကြ ဆိုတော့ အာဏာပြန်မလွှဲဖို့လုပ်ပေးနေသလို ဖြစ်နေပါတယ်။

လိမ္မာပါးနပ်တဲ့တိုင်းပြည်နဲ့လူထုအကျိုးကြည့်တဲ့နိုင်ငံရေးသမား ဆိုရင် ရွေးကောက်ပွဲမြန်မြန်ဖြစ်အောင်ဝိုင်းတွန်းလို့ အခုအချိန်လောက်ဆို ရွေးကောက်ခံအစိုးရတစ်ရပ်တက်နေတာ အရှိန်အတော်ရနေလောက်ပြီဖြစ်ပါတယ်။

အလွန်ဆုံး၂နှစ်ထက်ပို ကြာခွင့်မရှိ၊ကျည်တစ်တောင့်ဖောက်စရာမလိုဘဲ ရွေးကောက်ပွဲကျင်းပ၊ပြန်ဆင်းသွားရမယ့် တပ်မတော်အစိုးရကို စစ်အာဏာရှင် တော်လှန်ရေးဆိုပြီးလက်နက်ကိုင်တော်လှန်လိုက်ကြတာ အခု ၃နှစ်ကျော်ကြာသည်အထိ မြို့ရွာတွေပျက်စီး၊ဒေသခံပြည်သူတွေစစ်ဘေးဒုက္ခရောက်၊တိုင်းပြည်နဲ့လူထု အကျိုးမဲ့ဖြစ်၊တပ်မတော်အစိုးရသက်တမ်းကြာရှည်တာကလွဲလို့ဘာတွေအကျိုးရှိခဲ့လဲဆိုတာပြန်သုံးသပ်ကြဖို့သင့်ပါပြီ။

တကယ်တော့ရွေးကောက်ပွဲလုပ်ဖို့အကောင်းဆုံးအချိန်တွေဟာ ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းမှ၊တစ်နိုင်ငံလုံးအကြားအလပ်မရှိလုပ်နိုင်မှ ဆိုတာ မဖြစ်နိုင်တော့တဲ့အတွက် ရတဲ့နေရာတွေကနေ အမြန်ဆုံးလုပ်သွားဖို့သာရှိပါတော့တယ်။

ရွေးကောက်ပွဲဟာဖြစ်သင့်တာထက်ကို အချိန်တွေအများကြီးနောက်ကျနေပြီ ဖြစ်လို့ အရိုးများတယ်၊ချေးခါးတယ် လုပ်နေလို့မရဘဲ အမြန်ဆုံးကျင်းပနိုင်ဖို့လိုပါတယ်။

ရွေးကောက်ပွဲဟာနိုင်ငံရေးပြဿနာအားလုံး ကိုဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့် ဖြေရှင်းနိုင်ဖို့လမ်းစဖြစ်ပါတယ်။ဘက်စုံပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပေမယ့် စစ်အာဏာရှင် လို့ ဆိုနေကြတဲ့ တပ်မတော်အစိုးရအုပ်ချုပ်ရေးကနေ ရွေးကောက်ခံအစိုးရသစ်တစ်ရပ်ပေါ်ထွက်လာရေး ဖြစ်လို့ စစ်အာဏာရှင်တော်လှန်ရေးဆိုသူတွေက ပိုလိုလားကြရမှာဖြစ်ပါတယ်။

ချို့ယွင်းချက်အားနည်းချက်တွေ ရှိမှာဖြစ်ပေမယ့် ဘဝတွေအသက်တွေရင်းပြီး၊မြို့ရွာကြေမွ၊လူထုစစ်ဘေးဒုက္ခရောက်၊တိုင်းပြည်အကျိုးယုတ်စေပြီး ဘယ်အချိန်ဘယ်ကာလမှာ ပြီးဆုံးမယ်မသိနိုင်တဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းနဲ့ ကျည်တစ်တောင့်ဖောက်စရာမလိုဘဲ အချိန်တိုအတွင်းတပ်မတော်အစိုးရထွက်၊ ရွေးကောက်ခံအစိုးရသစ်တက်လာမယ့် ရွေးကောက်ပွဲလမ်းဆိုတဲ့ လမ်းကြောင်း နှစ်ခု မှာ ဘာကိုရွေးမလဲဆိုတာ ပုံမှန်အသိညဏ်ရှိသူတိုင်းအလွယ် တကူ စဥ်းစားဆုံးဖြတ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။

#ThaungLwinHein
နိုင်ငံရေးအကျဥ်းသားနဲ့ သေဒဏ်

ရန်ကုန်မြို့ပတ်ရထားပေါ်ကရထားရဲတွေပစ်သတ်ခံမှုနဲ့ အင်းစိန်ထောင်ပါဆယ်လက်ခံတဲ့နေရာပေါက်ကွဲမှုကျူးလွန်လို့ သေဒဏ်ချမှတ်ခံထားရသူတွေကို စီရင်ကွပ်မျက်တော့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုရက်ပိုင်းအတွင်းပြည်ပြေးပြည်ဖျက်မီဒီယာတွေမှာ နိုင်ငံရေးအကျဥ်းသား၊တက်ကြွလှုပ်ရှားသူ ဆိုတဲ့ဘွဲ့တံဆိပ်မျိုးစုံတပ်ပြီးဒီမိုကရေစီသူရဲကောင်းတွေအဖြစ် မြှောက်ပင့်သံတွေ ဆူညံပွက်လောရိုက်နေပါတယ်။

လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့(APRH)က သေဒဏ်အမိန့်ချမှတ်ခံထားရတဲ့ကွပ်မျက်မယ့်နိုင်ငံရေးအကျဥ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ စက်တင်ဘာ၁၉ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တယ်လို့VOAကဆိုပါတယ်။(နိုင်ငံရေးအကျဥ်းသားကိုကွပ်မျက်မှာမဟုတ်တဲ့အတွက် ထုတ်ပြန်စာမှားနေတယ်)

ဒီသတင်းထွက်ပေါ်မှုကြောင့် ရန်ကုန်အခြေစိုက် နိုင်ငံတကာသံရုံး တွေက အထူးစိုးရိမ်နေကြောင်း(အထူးစိုးရိမ်ပြီး စားမ ဝင်အိပ်မပျော် ဖြစ်နေကြပြီလားမသိ)၊သံရုံးတစ်ဒါဇင်ကျော်ကသေဒဏ်စီရင်မှုတွေထပ်မလုပ်ဖို့ နဲ့ ဆိုင်းငံ့ထားဖို့နစကထံ တိုက်တွန်းထားကြောင်း BBCက ဆိုပါတယ်။

လူသားတစ်ယောက်(ဘယ်လောက်ယုတ်မာဆိုးသွမ်းမိုက်ရိုင်းပါစေ)ကျူးလွန်တဲ့ပြစ်မှုတွေလျှော့ပေါ့ရေး၊အသက်တစ်ချောင်း ကယ်တင်ရေး ကြိုးစင်မတင်ဖို့ မေတ္တာ ရပ်ခံတာ၊တောင်းဆိုတာ တွေ လုပ်တာက လုပ်သင့်ပါတယ်။ဒါပေမယ့်လူသတ်မှုကျူးလွန်သူကို သူတော်စင်တွေလိုလိမ်ညာ တောင်းဆိုတာမျိုးကတော့ မဖြစ်သင့်တဲ့ ကိစ္စပါ။

လူသတ်မှု ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို နိုင်ငံရေးသမား၊ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလို့ တံဆိပ်ကပ်တာတွေဟာ နိုင်ငံရေးသမားစစ်စစ်၊ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူစစ်စစ်တွေကို ရာဇဝတ်မှုကျူးလွန်တဲ့လူသတ်သမားတွေနဲ့တန်းတူထား နှိမ်ချ စော်ကားလိုက်တာဖြစ်တယ်ဆိုတာကိုလည်း သတိပြုဆင်ခြင်ကြဖို့ သင့်ပါတယ်။

ယခင် ဇေယျာသော်၊ဂျင်မီနဲ့လှိုင်သာယာကြေးစားလူမိုက်နှစ်ယောက်ကိုကြိုးပေးကွပ်မျက်စဥ်ကလည်း ကြေးစားလူမိုက်စစ်စစ် နှစ်ယောက်ကိုပါ ဒီမိုကရေစီသူရဲကောင်းတွေအဖြစ် မြှောက်ပင့်ခဲ့ကြလို့ နိုင်ငံရေးလုပ်ရင်းကနေ အကြမ်းဖက်ပြစ်မှုကျူးလွန်တဲ့ဇေယျာသော်နဲ့ဂျင်မီတို့ပါ လှိုင်သာယာကြေးစားလူမိုက်တွေနဲ့တစ်တန်းတည်း အဖြစ် ပိုနိမ့်ကျသွားခဲ့ကြရပါတယ်။

NLDအစိုးရလက်ထက် လက်နက်ဆိုလို့အပ်တိုတစ်ချောင်းတောင်မကိုင်ဘဲ အစိုးရကိုဝေဖန်လို့၊သံရုံးရှေ့ဆန္ဒပြလို့ ဖမ်းဆီး ထောင်ချခံရသူတွေတောင် နိုင်ငံရေးသမားလို့မသတ်မှတ်တဲ့အတွက် အမျိုးသမီးတစ်ယောက်ကိုကြိုးနဲ့တုပ်၊ဓားနဲ့အချက်ပေါင်းများစွာထိုးသတ်၊လက်ဝတ်ရတနာတွေယူပြီးလမ်းဘေးပစ်ချထားခဲ့တဲ့၊ဘာနိုင်ငံရေးလုပ်ဆောင်ချက်မှမရှိတဲ့ လှိုင်သာယာကြေးစားလူမိုက်နှစ်ယောက်ကို နိုင်ငံရေးအကျဥ်းသား၊ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူဆိုတာကတော့ တော်တော်တရားလွန်သွားပြီ ဖြစ်ပါတယ်။

အခုသေဒဏ်ချမှတ်ခံထားရလို့ ကွပ်မျက်စီရင်မယ်လို့ သတင်းထွက်နေတဲ့(ဘယ်ကစထွက်တဲ့သတင်းမှန်းမသိပေမယ့်အကုန်ပွက်လောရိုက်နေပြီ) တရားခံတွေဟာ ပြစ်မှုထင်ရှားစီရင်ခံထားရသူတွေဖြစ်လို့ နိုင်ငံရေး အကျဥ်းသားမဟုတ်တဲ့လူသတ်သမား ရာဇဝတ်သားတွေ သာ ဖြစ်ပါတယ်။သူတို့လက်ချက်ကြောင့် သေဆုံးသွားကြရသူတွေအတွက် တရားမျှတမှု ပြန်လည်ရယူပေးရပါမယ်။

နိုင်ငံရေးသမား လူသတ်မှုကျူးလွန်လို့ ဖမ်းဆီးအရေးယူခံရရင် ရာဇဝတ်အကျဥ်းသားဖြစ်ပါတယ်။နိုင်ငံရေးအကျဥ်းသားမဟုတ်ပါ။(နိုင်ငံရေးသမားစစ်စစ်၊ ဝါရင့်နိုင်ငံရေးသမား၊နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစော ကို သေဒဏ်စီရင်ရာမှာ နိုင်ငံရေးအကျဥ်းသားလို့မသတ်မှတ်ပါ)

ဒါကြောင့် အထူးစိုးရိမ်ပူပန်နေကြတယ်ဆိုတဲ့ သူတွေ၊အဖွဲ့အစည်းတွေ၊သံရုံးတွေအားလုံး ကြိုးပေးကွပ်မျက်ခြင်းမပြုဖို့ တောင်းဆိုတာ၊တိုက်တွန်းတာ တွေ လုပ်တာက လုပ်ကြပါ။ ရာဇဝတ်အကျဥ်းသားကို နိုင်ငံရေးအကျဥ်းသား လို့ မုသာဝါဒ မလုပ်ကြဖို့ တော့လိုပါတယ်။

#ThaungLwinHein
လေကြောင်းအရေးသာမှု

လားရှိုးကို လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ခံလာရပြီးနောက် လားရှိုးမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအနှောင့်အယှက်ဖြစ်စေတယ်၊ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက်ဖြစ်စေတယ်လို့ MNDAAက ပြောလာပါတယ်။

အဓမ္မသိမ်းပိုက်ပြီး အထူးဒေသ(၁)ထဲဆွဲသွင်းထားတဲ့ လားရှိုးကို သူတို့ တရားဝင်အပိုင်ရထားတဲ့ နယ်မြေတစ်ခုလိုသတ်မှတ်ပြီး ငြိမ်း ချမ်းရေးဆွေးနွေးမယ် ဆိုတဲ့ သဘောပါပဲ။

တရုတ်ဘက်က တိုက်ခိုက်မှုတွေရပ်စဲကြဖို့ တောင်းဆို ချက်အပေါ် လောက်ကိုင်ချင်းရွှေဟော်သာမက ယခင်ကအိပ်မက်တောင်မမက်ခဲ့ဖူးတဲ့ ကွမ်လုံ သိန္နီ ကွတ်ခိုင်လားရှိုးအထိနယ်မြေတွေအလွန်အကျွံ ရ ထားပြီးဖြစ်လို့ MNDAA ဟာ ဆက်တိုက်စရာလည်း မလိုတော့တဲ့အတွက် ရရှိထားတဲ့နယ်မြေတွေကို အုပ်ချုပ်ရေးအေးအေးဆေးဆေး တည်ဆောက်နိုင်ဖို့သာလိုပါတော့တယ်။ တိုက်ခိုက်မှုတွေရပ်စဲပြီး၊သိမ်းပိုက်နယ်တွေကိုတရားဝင်ပိုင်ဆိုင်မှုရအောင် ငြိမ်းချမ်းရေးစကားပြော
ဆွေးနွေး သွားဖို့သာရှိပါတော့တယ်။

မြန်မာအစိုးရနဲ့တပ်မတော် အတွက်က တော့ MNDAA အဓမ္မသိမ်းပိုက်ထားတဲ့နယ်မြေ တွေ ပြန်မရမချင်း တိုက်ခိုက်မှုရပ်စဲဖို့မဖြစ်နိုင်တဲ့အတွက် လေကြောင်းတိုက်ခိုက်မှုအပါ အဝင် နည်းလမ်းမျိုးစုံနဲ့ပြန်လည်သိမ်းပိုက်ရမှာဖြစ်လို့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့မဖြစ်နိုင်သေးတဲ့ အနေအထားဖြစ်ပါတယ်။

MNDAAကိုအကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားပြီး ယာယီလက်လွှတ်လိုက်ရတဲ့နယ်မြေတွေကိုပြန်သိမ်းယူမယ်လို့ နစက ဘက်က ပြောဆိုထားပြီးဖြစ်လို့ မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအနှောင့်အယှက်ဖြစ်စေတယ်၊ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အနှောင့်အယှက်ဖြစ်စေတယ် ပြောနေလို့မရဘဲ၊MNDAA လုပ်ရမယ့်အလုပ်က လေကြောင်းတိုက်ခိုက်မှုကနေတဆင့် ထပ်တိုးလာမယ့်
တပ်မတော်ထိုးစစ်ကိုရင်ဆိုင်နိုင်ဖို့ လားရှိုးမှာခံစစ် အကောင်းဆုံးပြင်ဆင် နေရမယ့် အလုပ်သာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုဟာMNDAAသာမက၊TNLA,AA နဲ့ K3C PDFတွေကိုပါ ခြောက်လှန့်နေတဲ့ အတွက် လေကြောင်းတိုက်ခိုက်မှု တားဆီးပေးရေး အသံတွေ ဆူဆူညံညံ ထွက်ပေါ်လာနေပါတယ်။

ထူးဆန်းတာက လေ ကြောင်းတိုက်ခိုက်မှုတိုင်းမှာ သူပုန်တစ်ယောက်တစ်လေမှ ထိခိုက်ဒဏ် ရာရမှု မကြေညာဘဲ အပြစ်မဲ့ပြည်သူတွေချည်း သာ သေကြေ ထိခိုက်ဒဏ်ရာရနေကြောင်း ထုတ်ပြန်နေကြတာပါပဲ။

ပြည်သူလူထုအကျိုးစီးပွားမငှဲ့ညှာဘဲ စစ်ပွဲစတင်ဖန်တီးသူတွေက အခုမှ ပြည်သူတွေထိကုန်ပြီ အော်နေတာ ပြည်သူကိုစာနာသနားလို့မဟုတ်ဘဲ တပ်မတော်ကိုအပုပ်ချဖို့သာဖြစ်ပါတယ်။

ဒီလောက်တန်ဖိုးကြီးမားတဲ့ တိကျတဲ့လေကြောင်းလက်နက်တွေကို သူပုန်တွေ ရှော့တိုက်ဒုံးပစ်သလို ထိချင်ရာထိ၊ကျချင်ရာကျ မလုပ်ဘဲ သေချာတိကျတဲ့ရန်သူ့ပစ်မှတ်နေရာတွေကိုသာ ရွေးချယ်တိုက်ခိုက်မယ်ဆိုတာ သာမန်စစ်ရေးအသိရှိသူတောင်စဥ်းစားလို့ရပါတယ်။

မြေပြင်သတင်းတွေအရလည်း သူပုန်ခေါင်းဆောင်ပိုင်းတွေနဲ့ စုဖွဲ့နေရာတွေ အများအပြားထိခိုက်သေကြေမှုတွေရှိကြောင်းကြားသိနေရပါတယ်။

အစိုးရဘက်က အကြောင်း ကြောင်းကြောင့် ဘာသတင်းမှ မထုတ်ပြန်တာ လို့ ယူဆရပေမယ့် လေကြောင်းတိုက်ခိုက်မှုကြောင့် ရန်သူထိခိုက်သေဆုံးမှုတွေ ထုတ်ပြန်ပေးနိုင်ရင်တော့ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတယ် ဆိုတဲ့ ဝါဒဖြန့်ချိမှုတွေ ကို ချေဖျက်နိုင်မှာဖြစ်သလို မိမိဘက်စိတ်ဓာတ်တက်ကြွရေး၊ရန်သူဘက်စိတ်ဓာတ်ပျက်ပြားရေး ကို များစွာအ ထောက် အကူဖြစ်စေမှာ ဖြစ်လို့ ထုတ်ပြန်ပေးနိုင်ရင်တော့ ပိုအကျိုးရှိမယ် ထင်ပါတယ်။

စစ်တိုက်တယ်ဆိုတာ ရန်သူ့အားနည်းချက်ကိုမိမိအားသာချက်နဲ့ ထိုးနှက်ရတာဖြစ်လို့ လေကြောင်းရန်ကာကွယ် ရေး အားနည်းချက်ရှိတဲ့ရန်သူဟာ တပ်မတော်ဘက်က တစ်ဖက်သတ်အသာစီးရထားတဲ့ လေ ကြောင်းအရေးသာမှုနဲ့ ထိုးနှက်ခံရတာ စစ်သဘောအရ ဘာမှထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။

#ThaungLwinHein
နိုင်ငံရေးအရကမ်းလှမ်းခြင်း

စက်တင်ဘာ၂၆ရက်နေ့ရက်စွဲနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်ကမ်းလှမ်းဖိတ်ခေါ်ခြင်းကြေညာချက်ထုတ်ပြန်ပါတယ်။

ထူးခြားချက်ကနိုင်ငံရေးအရလက်နက်ကိုင်ပုန်ကန်နေတဲ့အဖွဲ့တွေသာမက၊ နိုင်ငံတော်ကအကြမ်းဖက်အဖွဲ့လို့သတ်မှတ်ကြေညာထားတဲ့ အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့အစည်းများနဲ့အကြမ်းဖက်PDFများကိုပါ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ရေးဆက်သွယ်ဆောင် ရွက်ဖို့ကမ်းလှမ်းဖိတ်ခေါ်တာ ဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု လမ်းကြောင်းပြောင်းဖို့ရာမှာ မိမိတို့လုပ်ဆောင်ချက်မှားယွင်းကြောင်းသိမြင်လာခြင်း၊အကြောင်းအမျိုးမျိုးကြောင့်ဆက်လက်ရပ်တည်ရန်ခက်ခဲလာခြင်း ဆိုတဲ့အချက်နှစ်ချက်အပေါ်မှာအဓိကမူတည်ပါတယ်။

လက်ရှိ နိုင်ငံရေးအရလက်နက် ကိုင်ပုန်ကန်နေတဲ့ အဖွဲ့တွေနဲ့ အကြမ်းဖက်အဖွဲ့တွေဟာ သူတို့လုပ်ဆောင်ချက်မှန်နေတယ်လို့ ယူဆနေခြင်း၊ဆက်လက်ရပ်တည်ရန်အခက်အခဲအကြပ်အတည်းကြီးကြီးမားမား မရှိခြင်းကြောင့် ပါတီနိုင်ငံရေးလမ်းကြောင်းဆီတက်လာရန်အကြောင်းမရှိဘူးဆိုတာ နစကလည်းသဘောပေါက်မှာဖြစ်ပါတယ်။

ပြန်ဝင်မလာကြမှာသိပေမယ့် နိုင်ငံရေးအရမိမိဘက်က သဘော ထားကြီးကြောင်းနဲ့စစ်ရေးအရှိန်တိုးမြှင့်လာတဲ့အခါ ငြိမ်းချမ်းစွာဖြေရှင်းရေးလမ်းဖွင့်ပေးခဲ့ကြောင်းမှတ်တမ်းယူဖို့လည်းဖြစ်နိုင်ပါတယ်။ ကမ်းလှမ်းချက်ကိုလက်မခံလိုသူတွေဘက်ကတော့ နစက အင်အားချည့်နဲ့နေ လို့ လို့ ပြောကြတဲ့အတွက် လက်မခံသူတွေကို စစ်ရေးအရှိန်မြှင့် နှိမ်နင်းပြနိုင်ဖို့တော့ လိုပါတယ်။

နိုင်ငံရေးခံယူချက်အရ လက်နက်ကိုင်ရန်သူတွေ ဖြစ်ကြပေမယ့် အပြန်အလှန်လေးလေး စားစားဆက်ဆံကြရမယ်ဆိုတဲ့ အသိမရှိကြတဲ့သူပုန်ခေါင်းဆောင်တချို့ကဒီကမ်းလှမ်းချက်အပေါ် ရိုင်းရိုင်းစိုင်းစိုင်းပြန်တုံ့ပြန်ကြခြင်းနဲ့ သေးသိမ်တဲ့စိတ်သဘောထားအမှန်တွေဖော်ပြလာပါတယ်။

KNUပြောခွင့်ရ ဆိုသူ စောတောနီးက "ဓာတ်ပြားဟောင်းကြီး ထပ်ခါတလဲလဲဖွင့်ပြမနေနဲ့၊နားငြီးတယ်"လို့ ဆိုပြီး
"စစ်တပ်ကနိုင်ငံရေးကထွက်ရမယ်" ဆိုတဲ့ဓာတ်ပြားဟောင်းကြီးကိုပဲသူက ပြန်ဖွင့်ပြပါတယ်။ KIAဂွမ်မော်ကလည်း "ခေါ်ပုံခေါ်နည်း နည်းနည်းများ လိုနေသလားလို့ပါ"လို့ လူမှုကွန်ရက်ကနေစာတိုရေးလှောင်ပြောင်
သရော်ပါတယ်။

နိုင်ငံတော်ကအကြမ်းဖက်အဖွဲ့ကြေညာထားတဲ့ သူတွေဆီကဘာသံမှမကြားရသေးခင် နိုင်ငံရေးခံယူချက်အရလက်နက်ကိုင်တော်လှန်တဲ့အဖွဲ့လို့သတ် မှတ် ထားခံရတဲ့အဖွဲ့တွေဆီကအခုလိုတုံ့ပြန်သံတွေအရင်ဆုံးထွက်လာတာဟာ ရွှေလက်နဲ့မခေါ်နဲ့ ဘုလက်နဲ့ခေါ်၊ခေါ်ပုံခေါ်နည်းမှားနေတယ်၊လူလိုမခေါ်နဲ့အို့ ...အို့ ...လို့ခေါ် ဆိုသလို ဖြစ်နေတဲ့အတွက် နဝတ ခေတ်က လုပ်ခဲ့သလို စစ်ရေးဖိအားပေး၊ချောင်ပိတ်ရိုက်ပြီးရပ်တည်ဖို့ခက်လာတဲ့အခြေအနေရောက်အောင်လုပ်နိုင်မှသာ ငြိမ်းချမ်းရေးလမ်းပေါ် ရောက်လာကြမှာ ဖြစ်ပါတယ်။

#ThaungLwinHein
အပေးအယူ

တပ်မတော်နိုင်ငံရေးထဲပါဝင်လာရခြင်း အဓိကအချက်က ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှု တွေကြောင့်ဖြစ်ပါတယ်။

နိုင်ငံရေးဆိုတာ အပေးအယူအလျှော့အတင်းညှိနှိုင်းကြရတာ ဖြစ်လို့ တပ်ကနိုင်ငံရေးကထွက်ရင် သူပုန်တွေ လက်နက်စွန့်ပြီး ဒီမိုကရေစီပါတီနိုင်ငံရေးလိုင်းပေါ်ပြောင်းမယ်ဆိုတဲ့အပြန်အလှန်အပေးအယူရှိဖို့လိုပါတယ်။

တိုင်းပြည်လူထုအတွက် တကယ် စိတ်ကောင်းရှိရင် "တပ်မတော်နိုင်ငံရေးကထွက်ရင်ကျွန်တော် တို့လက်နက်စွန့်မယ်"လို့ သူပုန်တွေက တောင်းဆိုကြရမယ့်ကိစ္စဖြစ်ပါတယ်။

ကျည်တစ်တောင့်မဖောက်၊လူတစ်ယောက်မသေရဘဲ ပြည်တွင်းစစ်မရှိ၊ သူပုန်မရှိ၊နိုင်ငံရေးထဲကနေတပ်မတော်ထွက် ဆိုတဲ့သားရွှေအိုးထမ်းလာတာမြင်ရတဲ့လမ်းကိုမလျှောက်နိုင်တာဟာ လက်နက်ကိုင်သူပုန်တွေ စိတ်ထားမမှန်လို့ပါပဲ။(ပြည်တွင်းလက်နက်ကိုင်သူပုန်မရှိရင် နိုင်ငံရေးကထွက်မယ်လို့တပ်မတော်ဘက်ကကမ်းလှမ်းခဲ့ဖူးတာရှိခဲ့ပေမယ့်သူပုန် တွေဘက်က ဘာမှပြန် တုံ့ပြန်တာမတွေ့ခဲ့ရပါ)

လက်တွေ့မှာလည်း EAO ဘိုးအေ KNU ကိုယ်တိုင် တပ်မတော်နိုင်ငံရေးထဲမပါသေးတဲ့ ပါလီမန်ဒီမိုကရေစီအရပ်သားစစ်စစ်အစိုးရခေတ်မှာ လက်နက် ကိုင်ပုန်ကန်ခဲ့တာဖြစ်လို့ အခုမှ တပ်မတော်နိုင်ငံရေးကထွက်ရမယ် အော်နေတာဟာ လူကြားကောင်းအောင် လူပြိန်းကြိုက် အသံပေးနေရုံသာဖြစ်ပြီး တပ်မတော်နိုင်ငံရေးကထွက်ရုံမက လို့ တပ်မတော်မရှိတော့ဘူးဆိုရင်တောင် လက်နက်စွန့်မယ့်အဖွဲ့တွေ မဟုတ်ပါ။

နိုင်ငံရေးကတပ်မတော်ထွက်ရင် ပိုအနေချောင်မယ်၊တိုင်းပြည်ကာကွယ်တဲ့တပ်မတော်မရှိရင် လက်နက်ကိုင်ပြီးပိုထင်ရာစိုင်းလို့ရမယ် ဆိုတဲ့ အတွေးအခေါ်လောက်သာရှိနေသမျှ နိုင်ငံရေးကတပ်မ တော်ထွက်ဖို့ခက်နေအုံးမှာ ဖြစ်ပါတယ်။

ပြည်တွင်းလက်နက်ကိုင်သူပုန်မရှိ၊တိုင်းပြည်ကြီးငြိမ်းချမ်းသွားမယ်၊တပ်မတော်လည်းနိုင်ငံရေးကထွက်မယ် လို့ တွေးကြည့်ရုံနဲ့တင် အင်မတန်စိတ်ချမ်း သာစရာကောင်းနေ ပြီ ဖြစ်လို့ လက်တွေ့ ဖြစ်လာရင် နတ်လူသာဓုခေါ်ကြမယ့်အလုပ်ကြီးကို ဘာကြောင့် မလုပ်နိုင်ကြတာလဲ၊ဘယ်ဘက်က လွန်တာလဲ ဆိုတာ မှန်မှန်ကန်ကန်ပြန် စဥ်းစားဆင်ခြင်သုံးသပ်ကြည့်ကြဖို့ လိုနေပြီ ဖြစ်ပါတယ်။

#ThaungLwinHein
စက်တင်ဘာ၂၆ရက်စွဲနဲ့ နစကထုတ်ပြန်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်ကမ်းလှမ်းချက်အပေါ် KNU ပြောခွင့်ရစောတောနီး
က "စစ်တပ် နိုင်ငံရေးကထွက်ရမယ်၊ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကိုရေးဆွဲရမယ်၊ကျူးလွန်ခဲ့တဲ့အမှုတွေကိုတာဝန်ခံရမယ်"ဒီသုံးချက်လက်ခံမှ တွေ့ဆုံဆွေးနွေးမယ်လို့ ဆိုပါတယ်။

EAO တွေထဲမှာဝါအရင့်ဆုံးKNUကနေ နောက် ဆုံးပေါ် TNLAအထိသာမက၊ ကမ်းလှမ်းတဲ့အထဲစာရင်းမဝင်တဲ့ NUG ကပါ နိုင်ငံရေးက တပ်မတော်ထွက်ရမယ် ဆိုတဲ့အချက်ကို သာ နံပတ်တစ်ဦးစားပေးအဖြစ် ပြောဆိုနေကြတာတွေ့ရပါတယ်။

တပ်မတော် နိုင်ငံရေးက ထွက်ရေး

နိုင်ငံရေးကတပ်မတော်ထွက်ဖို့တောင်းဆိုသူတွေဟာ နိုင်ငံရေးမှာတပ်မတော် ဘာကြောင့်ပါဝင်လာရသလဲ ဆိုတဲ့သမိုင်းအမှန်ကိုသိမှသာ တပ်မတော်နိုင်ငံရေးကထွက်အောင်ဘယ်လိုလုပ်ရမယ် ဆိုတဲ့လုပ်နည်းအမှန်ကို နားလည်ပါလိမ့်မယ်။

စစ်တပ်ကအာဏာမက်လို့ ၅၈၊၆၂အာဏာသိမ်းတယ်၊၈၈အာဏာသိမ်းတယ် ဆိုတဲ့အသိလောက်နဲ့ တော့ နိုင်ငံရေးကနေတပ်မတော်ထွက်သွားအောင်လုပ်နိုင်မှာမဟုတ်ပါဘူး။

သမိုင်းအမှန် လိုရင်းအနှစ်ချုပ်ပြောရရင် တပ်မတော်နိုင်ငံရေးထဲပါနေတာ နိုင် ငံရေးသမားတွေ အသုံးမကျလို့ ပါပဲ။

လွတ်လပ်ရေးကြိုးပမ်းမှုမှာ ဦးဆောင်ပါဝင်ခဲ့ပေမယ့် လွတ်လပ်ရေးရပြီးနောက်ပါလီမန်ဒီမိုကရေစီအုပ်ချုပ်ရေးခေတ်မှာတပ်မတော်ဟာ နိုင်ငံရေးနဲ့လုံးဝကင်းကင်းရှင်းရှင်း နေခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးမကြာမီ(၃လမပြည့်မီ)မတ်လ၂၈ ဗမာပြည်ကွန်မြူနစ်ပါတီတောခိုမှု၊ဇူလိုင်၂၉ရဲဘော်ဖြူတောခိုမှု၊သြဂုတ်လ တပ်မတော်တပ်ရင်းအချို့တောခိုမှု၊၁၉၄၉ဇန်နဝါရီကေအန်ဒီအိုအတိအလင်းပုန်ကန်မှုတွေဟာ ပါလီမန်ဒီမိုကရေစီ အရပ်သားစစ်စစ်အစိုးရ လက်ထက် အစိုးရကိုမကျေနပ်လို့ပေါ်ပေါက်လာတဲ့ လက်နက် ကိုင်ပုန်ကန်မှုတွေဖြစ်ပြီး တပ်မတော်ကနိုင်ငံရေးထဲလုံးဝမပါတဲ့ အချိန်ကာလ တွေဖြစ်တယ်ဆိုတာ ကို စစ်တပ်ကြောင့်သူပုန်ပေါ်လာတာလို့ အော်နေသူတွေ သတိပြုကြဖို့လိုပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ စစ်ဘောင်ကျယ်တာနဲ့အမျှ တပ်မတော်ရဲ့ အခန်းကဏ္ဍက ပို အရေးပါလာစမြဲဖြစ်ပါတယ်။၁၉၄၈ဇန်နဝါရီ၄ရက်နေ့လွတ်လပ်ရေးရပြီးသုံးလမပြည့်မီ မတ်လ၂၈ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီတောခိုရာက စခဲ့တဲ့ပြည်တွင်းစစ်မီးဟာ တစ်ဖွဲ့ပြီးတစ်ဖွဲ့လက်နက်ကိုင်ပုန်ကန်မှုတွေဆက်တိုက်ပေါ်လာပြီးနောက် ၁၉၄၉ ဇန်နဝါရီဖေဖော်ဝါရီမှာ ရန်ကုန်မြို့ကွက်ကွက်လေးသာအစိုးရအာဏာသက်ရောက်တဲ့အဆိုးဆုံး အခြေအနေဆီ ရောက်နေပြီဖြစ်ပါတယ်။

ဒီအခြေအနေအထိ တပ်မ တော် ဟာ နိုင်ငံရေးထဲပါဝင်မှုမရှိခဲ့ဘဲအစိုးရအပေါ်သစ္စာရှိစွာနဲ့နိုင်ငံကာကွယ် ရေးကိုသာ လုပ်ကိုင်ခဲ့ပါတယ်။တပ်မတော်ကို နိုင်ငံရေးထဲမပါနဲ့လို့ ပြောနေသူတွေဟာ တပ်မတော်ကို နိုင်ငံရေးထဲဆွဲသွင်းခဲ့တာ နိုင်ငံ ရေးသမားတွေပဲ ဖြစ်တယ်ဆိုတာကို သတိပြုကြဖို့လိုပါတယ်။

တပ်မတော်ကိုနိုင်ငံရေးထဲ ဆွဲသွင်းမှုများ

ဗကပ နဲ့ ရဲဘော်ဖြူတောခိုပြီးနောက် ၁၉၄၈သြဂုတ်လမှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်ပြီး အာဏာသိမ်းရေး မြေပေါ်လက်ဝဲ ဦးသိန်းဖေမြင့်တို့ကြိုးစားခဲ့ပေမယ့်ဗိုလ်ချုပ်နေဝင်းကလက်မခံတဲ့အတွက် (ဗိုလ်ဇေယျ၊ဗိုလ်ရဲထွဋ်တို့နဲ့တပ်ရင်းအချို့တောခိုသွား) ပျက်သွားရပါတယ်။

ကေအန်ဒီအိုအတိအလင်းပုန်ကန်ပြီးနောက် တိုင်းပြည်အခြေအနေအဆိုးဆုံးဖြစ်နေပြီး အစိုးရ အကျပ်အတည်းဆုံးကာလ ၁၉၄၉နှစ်ဆန်းမှာ လက်ယာနိုင်ငံရေသမား ဦးဘဘေ(ဘကြီးဘဘေ) က ဗိုလ်ချုပ်နေဝင်းဦးဆောင်အာဏာသိမ်းဖို့ ကြံစည်ပြန်​ပေမယ့်ဗိုလ်ချုပ်နေဝင်းက လက်မခံတဲ့အတွက်ပျက်သွားရပြန်ပါတယ်။

ဒါတွေဟာလက်ရှိနိုင်ငံရေးသမားတွေ မပြောကြတဲ့ပါလီမန်ဒီမိုကရေစီအစိုးရကိုဖြုတ်ချဖို့ တပ်မတော်က အာဏာသိမ်းရေးလက်ဝဲလက်ယာနိုင်ငံရေးသမားတွေရဲ့တပ်မတော်ကိုနိုင်ငံရေးထဲဆွဲသွင်းရန် ကြိုးပမ်းချက်သမိုင်းအမှန်တွေ ဖြစ်ပါတယ်။

တိုင်းပြည်ပျက်မှာသေချာသလောက်ဖြစ်နေလို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေပါနူတ်ထွက်ကုန်ကြတဲ့အတွက် ၁၉၄၉ဧပြီလမှာ ဝန်ကြီးချုပ် ဦးနုက ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်နေဝင်းကို ဒုတိယဝန်ကြီးချုပ်၊ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီးရာထူးတာဝန်တွေပေးပြီးသူ့ရဲ့ဖဆပလ အစိုးရအဖွဲ့ထဲ ထည့်လိုက်ခြင်းဟာ အရပ် သားအစိုးရအဖွဲ့ထဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဆွဲသွင်းလိုက်တဲ့ ပထမဆုံးလုပ်ရပ်ဖြစ်ပါတယ်။

ဝဲယာနိုင်ငံရေးသမားတွေက တပ်မတော်အာဏာသိမ်းရေးကြိုးပမ်းကြပြီးနိုင်ငံရေးထဲတပ်မတော်ပါအောင်ဆွဲသွင်းမှုကို ရှောင်ခဲ့ရတဲ့ ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံရေးထဲအရင်ဆုံး ဆွဲသွင်းလိုက်သူကလည်း ထိုစဥ်က တည်ဆဲအစိုးရအကြီး အကဲဝါရင့်နိုင်ငံရေးသမားကြီးသာ ဖြစ်တယ်ဆိုတာ ဒီကနေ့ ပေါက်စနိုင်ငံရေးသမားလေးတွေ သိကြဖို့ လိုပါတယ်။

#ThaungLwinHein