တပ်ကြပ်ကြီးဖိုးကွန်း
21.1K subscribers
11.5K photos
1.17K videos
816 links
Download Telegram
ယူကရိန်းနိုင်ငံတွင် စစ်ဆင်ရေး ပထမအဆင့်ပြီးဆုံးကြောင်း ရုရှားနိုင်ငံ ကြေညာ

Russia announces completion of 1st stage of military operation in Ukraine

မော်စကို၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး အဓိကတာဝန်မှာ ယေဘူယျအားဖြင့် ပြီးစီးသွားပြီဖြစ်ကြောင်း ရုရှား စစ်တပ်က မတ် ၂၅ ရက်၌ ပြောကြားခဲ့သည်။

“ယူကရိန်းစစ်တပ်ကို တိုက်ခိုက်ရေးအလားအလာကို သိသိသာသာ လျှော့ချလိုက်ပါပြီ” ဟု ရုရှား စစ်တပ် ပထမ လက်ထောက် စစ်ဦးစီးအရာရှိချုပ် Sergei Rudskoy က ပြောခဲ့သည်။

“ကျွန်တော်တို တပ်ဖွဲတွေနဲ့ ရည်ရွယ်ချက်တွေကတော့ ဒွန်ဘတ်စ်ဒေသ အပြည့်အဝလွတ်မြောက်ရေး ဆိုတဲ့ အဓိကအချက်ကို အာရုံစိုက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယူကရိန်းနိုင်ငံရှိ ကရှာဆွန်နှင့် ဇာပိုရေဇီးယား ဒေသအများစုမှာ ရုရှား၏ အပြည့်အဝထိန်းချုပ်မှုအောက် ရောက်ရှိနေပြီဖြစ်သလို ကိဗ်၊ ခွာကစ်ဗ်၊ ဆူးမီနှင့် မာလ်ကိုလိုင်ဗ် စသည့်မြိုများကိုလည်း ရုရှား တပ်ဖွဲဝင်များက ပိတ်ဆိုထားကြောင်း Rudskoy က ဆိုသည်။

လွန်ခဲ့သည့်တစ်လအကြာ စစ်ဆင်ရေးစတင်ချိန်မှစ၍ ယူကရိန်း စစ်သား ၁၄,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၆,၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း Rudskoy က ပြောခဲ့သည်။

“ယူကရိန်း လေတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ လုံးဝနီးပါး ပျက်စီးသွားပါပြီ။ ရေတပ်ကလည်း ရပ်တည်ဖိုအတွက် အပစ်အခတ်ရပ်စဲထားတာပါ” ဟု Rudskoy က သတင်းထောက်များကို ပြောကြားခဲ့သည်။

ရုရှားနိုင်ငံဘက်တွင်မူ စစ်သား ၁,၃၅၁ ဦး သေဆုံးပြီး ၃,၈၂၅ ဦး ဒဏ်ရာရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော် အလေးထားပြောလိုတာကတော့ အထူးစစ်ဆင်ရေးက ခွင့်ပြုထားတဲ့ အစီအစဉ်အတိုင်း တင်းတင်ကျပ်ကျပ် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်” ဟု ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ပြောကြားခဲ့သည်။ (Xinhua)

#Russia, #Ukraine, #SpecialMilitaryOperation, #Completion, #Xinhua, #Myanmar, #XinhuaMyanmar, #ရုရှား, #ယူကရိန်း, #အထူးစစ်ဆင်ရေး, #ပြီးစီး, #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ
………………………………………………
နိုင်ငံတော်ဝန်ကြီးချုပ်က လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကိုထိထိရောက်ရောက်ဖော်ဆောင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအား တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကိုထိထိရောက်ရောက်ဖော်ဆောင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ယနေ့ (ဧပြီ ၂၂ရက်)ပြောကြားသော ငြိမ်းချမ်းရေးမိန့်ခွန်း၌ ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။

"ဒီ၂၀၂၂ခုနှစ်မှာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျနော်ပြောခဲ့ပါတယ်။ဒါကို လက်တွေ့ကျကျထိထိရောက်ရောက်အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်နေတဲ့အတွက် ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။အဖွဲ့ များအားလုံးကို ကျနော်ကိုယ်တိုင်တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားပါ့မယ်။လိုအပ်ရင်လည်း ထပ်မံတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားပါ့မယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်၂ဦးတက်ရောက်နိုင်ပြီး တက်ရောက်မည့် တိုင်းရင်းသားခေါင်းဆောင်နှင့် အဖွဲ့ဝင် ၂ဦးစီ၏ အမည်စာရင်းကို ၂၀၂၂ မေလ ၉ ရက်နေ့ နောက်ဆုံးထားပေးပို့ ကြရန် ၎င်းကဆိုသည်။

"ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေဆီ ယနေ့(ဧပြီ ၂၂ရက်) မှာ စာတွေပို့ဖိတ်ကြားလိုက်ပါပြီ၊ တက်ရောက်လာမယ့်အဖွဲ့အစည်းတွေအတွက် ကျွန်တော်တို့ လုံခြုံရေးအာမခံချက်အပြည့်အဝပေးပါတယ်၊ နောက်ပြီး အဖွဲ့တွေက ပြည်တွင်း ဘယ်နေရာကို လာကြိုပေးဆို သူတို့ကမ်းလှမ်းတဲ့နေရာအထိ ကြိုပေးမှာပါ၊ ခရီးစဉ်အစဆုံး အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးမယ် ၊ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် မည်သည့်အဖွဲ့အစည်း မည်သည့်နိုင်ငံမဆို ကူညီမှုကို လက်ခံဆောင်ရွက်သွားမှာ ပါ" ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်မှုအရသာ ခံစားနိုင်ရန်ရိုးသားပွင့်လင်းစွာဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကပြောကြားခဲ့သည်။

“လာမည့်၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ရက်နေ့သည် စိန်ရတု လွတ်လပ်ရေးနေ့ ဖြစ်ပြီး၊တိုင်းရင်းသားပြည်သူတွေအနေဖြင့်လွတ်လပ်ရေးရဲ့ အနှစ်သာရကို အပြည့်အဝမခံစားရသေးတာကို ပကတိဖြစ်ရပ်တွေက ပြသနေတဲ့ကြောင်း၊
ယင်းတို့သည် သဘောထားကွဲလွဲမှုများကို အခြေခံပြီးဖြစ်ပေါ်လာခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့ကိုဖြေရှင်းနိုင်မှသာ ဒီမိုကရေစီ၏ အနှစ်သာရ ၊လွတ်လပ်ရေးအနှစ်သာရကို အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်း” မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

#နိုင်ငံတော်ဝန်ကြီးချုပ်, #လက်နက်ကိုင်ပဋိပက္ခ,#ငြိမ်းချမ်းရေးဆွေးနွေးပွဲ#ဆင်ဟွာ,#မြန်မာ,#ဆင်ဟွာမြန်မာ #Xinhua, #Myanmar, #XinhuaMyanmar,
This media is not supported in your browser
VIEW IN TELEGRAM
🇲🇲ကထီးလှ ရဲကင်းစခန်းအား
ရန်သူလက်သို့ မရောက်အောင်
ကာကွယ်ခဲ့သော(ဒုရဲအုပ် တင့်
နိုင်ထွန်းနှင့်တကွ ရဲစစ်သည် အဆင့်
အတန်းအားလုံးအား လေးစားဂုဏ်
ယူလျှက်ပါ👍)။

ဂုဏ်ယူပါတယ် တို့မြန်မာ🇲🇲 👍 (A♥️T)

#Myanmar Aung
Forwarded from Ko Khant (#kk) (Ko Khant)
အင်တာပိုလ်အထွေထွေညီလာခံတွင် ပြည်ထဲရေးဒုတိယဝန်ကြီး၊ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် တက်ရောက်၍ အင်တာပိုလ်အကြီးအကဲနှင့် ပြည်ပနိုင်ငံ များတွင် ခိုအောင်းနေသော မြန်မာနိုင်ငံသား အကြမ်းဖက်သမားများအား တည်ဆဲဥပဒေ များနှင့်အညီ တားဆီးနှိမ်နင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဆွေးနွေးခဲ့ #Myanmar_Update_News

#kokhant

https://t.me/mnk1985/78019
Forwarded from Snow Queen #SQ🇲🇲🇲🇲🇲🇲 (Snow Queen)
Jan 29

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း
ဦးဖြိုးမင်းသိန်းလက်ထက်
တစ်ပေ ကျပ် ၂၀၀၀ နှင့်
ကျပ် ၄၈၀၀ ဖြင့်
ချပေးခဲ့သည့် YP စက်သုံးဆီဆိုင်၏ မြေကွက် ၆ ကွက်၊ ဧကပေါင်း ၇၅ ဧကကျော်ကို ဂရန်ပြန်လည်ပယ်ဖျက်
=================
၂၉. ၁. ၂၀၂၃
Written by Phyo Wei

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းလက်ထက် တစ်ပေ ကျပ် ၂၀၀၀ နှင့် ကျပ် ၄၈၀၀ ဖြင့် ချပေးခဲ့သည့် YP စက်သုံးဆီဆိုင်၏ မြေကွက် ၆ ကွက်၊ ဧကပေါင်း ၇၅ ဧကကျော်ကို ဂရန်ပြန်လည်ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

Yangon Petrol Co.,Ltd အနေဖြင့် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချရန်အတွက် မရမ်းကုန်းမြို့နယ် နှင့် သင်္ဃန်းကျွန်းမြို့နယ်များ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒလမြို့နယ်များရှိ မြေနေရာများအား ...

Facebook တွင် ဖတ်ရှုရန်
https://m.facebook.com/story.php?story_fbid=pfbid02sSW4wvSxe6VbpzCz1dPFbZaMSuBZ2Hx9gLh6Kbk4jPJdstPQYqd6uY3QZcAssYaEl&id=100084427521875&mibextid=Nif5oz

Website တွင် ဖတ်ရှုရန်
https://www.mtnewstoday.com/archives/10323

#mtnews #myanmar_transparency_news
Forwarded from Snow Queen #SQ🇲🇲🇲🇲🇲🇲
Feb 18
Mdy

ဆိုင်ကယ်စီးနေသည့် အုပ်ချုပ်ရေးမှူးအား သေနတ်သမား၂ ဦးက အလစ်အငိုက်တွင် အနောက်မှ သေနတ်ဖြင့်ပစ်သတ်မှု မန္တလေး၌ ယနေ့ညနေက ဖြစ်ပွား
==========================================
၁၇. ၂. ၂၀၂၃
Written by Min Mahar

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ၇၈ လမ်းနှင့် ရန်မန်းသံလမ်းကြား၊ ပညာပျိုးခင်းလမ်း( ဘုရားကြီးအရှေ့မုခ် ရတနာပူရပြတိုက်လမ်း) ၊ အကွက် ၉၀၂၊ သီတာအေးရပ်ကွက်၊ ပညာပျိုးခင်းဘုန်းကြီးကျောင်းအရှေ့တွင် ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီခွဲကျော်က မဟာအောင်မြေမြို့နယ်၌နေထိုင်သည့် အသက် ၅၆ နှစ်အရွယ်ခန့်ရှိသော ရွှေဘုန်းရှိန်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ပညာပျိုးခင်းလမ်းအတိုင်း အနောက်မှအရှေ့သို့မောင်းနှင်လာစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိလူ ၂ ဦးမှ အနောက်မှကပ်လိုက်ကာ ထိုဆိုင်ကယ် အနောက်တွင် ထိုင်နေသူမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး....

#mtnews #myanmar_transparency_news
Forwarded from Snow Queen #SQ🇲🇲🇲🇲🇲🇲
Feb 24

မန္တလေးမြို့တွင် အမျိုးသမီးတစ်ဦးထံမှ ဆိုင်ကယ်လုယက်ရန်ကြိုးပမ်းသူ ၂ ဦးအား ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ဟု သိရ
====================================================
၂၄. ၂. ၂၀၂၃
Written by Naing Thuta

မန္တလေးမြို့တွင် ဆိုင်ကယ်လုယက်သူ ၂ ဦးအား လမ်းသွားလမ်းလာပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သည်ဟု မဟာလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်းနှင့် ၈၉ လမ်းကြား၊ ၃၅ လမ်းပေါ်တွင် ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၅ နာရီကျော်က အမျိုးသမီးတစ်ဦးတည်းစီးသွားသော ဆိုင်ကယ်နောက်မှ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားလူငယ် ၂ ဦးသည် ကပ်လိုက်၍ လုယူရန်ကြိုးစားခဲ့သဖြင့် အလုခံရသူအမျိုးသမီးမှ အော်ဟစ်ကာအကူအညီတောင်းခံခဲ့ရာ အနီးပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာလူများမှ ဝိုင်းရိုက်ကာ ဖမ်းဆီးပေးခဲ့ကြကြောင်း သိရသည်။

" မန္တလေးမှာ အခုဆိုရင် နေ့စဉ်လိုလို ဆိုင်ကယ်တွေ၊ ဖုန်းတွေအရမ်းလုခံနေရတယ်။ အမျိုးသမီးတွေစီးလာတဲ့ဆိုင်ကယ်တင်မကတော့ဘူး။ အမျိုးသားတွေစိီးလာတဲ့ဆိုင်ကယ်တွေကိုပါ လုနေကြတာ။ လူမှုကွန်ရက်ပေါ်မှာတွေ့နေကြားနေရတယ်။ အချို့ဆို ဒဏ်ရာတွေရကြတယ်။ အဲဒီထက်ကံဆိုးတဲ့သူတွေဆိုရင် အသက်ပါသေသွားသည်အထိ အလုခံနေရတာ။ အစစအရာရာ သတိဝီရိယနဲ့သွားလာနိုင်မှ အန္တရာယ်ကင်းမှာ။ အခုလည်းမိန်း ကလေးတစ်ယောက်ထဲစီးလာတယ်ဆိုပြီး လုတာပဲ။ကလေးမက အကူအညီတောင်းတာမြန်လို့ လမ်းပေါ်မှာလည်း လူသွားလူလာများနေလို့သာပေါ့။ မဟုတ်ရင်ပါသွားနိုင်တယ်။ လုတဲ့နှစ်ယောက်က ဝိုင်းဖမ်းပေးတဲ့သူတွေကိုပါ ရန်မူပြီးပြန်ထိုးလို့ ဖမ်းပေးတဲ့သူတွေကလည်း ထိုးကြိတ်ရိုက်နှက်ပြီးဖမ်းလိုက်ရတယ်" ဟု အခင်းဖြစ်ရာအနီးရှိနေသော မျက်မြင်တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ လုယူရန်ကြိုးစားခဲ့သည့် လူငယ်အမျိုးသားနှစ်ဦးအား လမ်းသွားလမ်းလာများ၏ ဝိုင်းဝန်းဖမ်းဆီးပေးခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိသွားကာ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ ၏ယာဉ်ဖြင့် မန္တလေးဆေးရုံကြီးရှိ ပြင်ပလူနာဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခင်းဖြစ်ပွားရာသို့ သတ်ဆိုင်ရာရဲတပ်ဖွဲ့မှ တာဝန်ရှိသူများရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ၎င်းတို့နှစ်ဦးအား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း ရဲတပ်တပ်ဖွဲ့နီးစပ်သူထံမှ သိရသည်။

ပုံစာ။ ဆိုင်ကယ်လုယက်သူနှစ်ဦးကို တွေ့ရစဥ်
(ဓာတ်ပုံ- မဟာလူမှုကယ်ဆယ်ရေးအဖွဲ့)

#mtnews #myanmar_transparency_news
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု (အောက်စဖိုဒ့်) ဆရာတော်အား ဖူးမြော်ကြည်ညို၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း 🙏🙏🙏
#Myanmar_Update_News
ကောလင်းမြို့သိမ်းထားသည့် KIA နှင့် PDF များအား တိုက်ခိုက်ချေမှုန်း၍ ကောလင်းမြို့ကို နိုင်ငံတော်က ပြန်လည်ထိန်းချုပ်

KIA နှင့် PDF များ ဆုတ်ခွာချိန် မိုင်းထောင်သွား၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ

MT News
၁၀. ၂. ၂၀၂၄

ကောလင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည့် KIA နှင့် NUG ဩဇာခံ PDF များအား တိုက်ခိုက်ချေမှုန်း၍ ကောလင်းမြို့ကို နိုင်ငံတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယခုသတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် KIA နှင့် PDF များက အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ မြို့လုံခြုံရေး ထုတ်နှုတ်အဖွဲ့နှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတို့အား တိုက်ခိုက်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ နေရပ်စွန့်ခွာသူ ဒေသခံများ၏နေအိမ်များသို့ ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့....

သတင်းအပြည့်အစုံဖတ်ရှုရန်

https://www.mtnewstoday.com/?p=52534

#ကောလင်း #KIA #PDF #NUG #ပွင့်လင်းမြန်မာ #mtnews #myanmar_transparency_news