တပ်ကြပ်ကြီးဖိုးကွန်း
22.1K subscribers
10.6K photos
1.07K videos
706 links
Download Telegram
Forwarded from Snow Queen #SQ🇲🇲🇲🇲🇲🇲 (Snow Queen)
Jan 29

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း
ဦးဖြိုးမင်းသိန်းလက်ထက်
တစ်ပေ ကျပ် ၂၀၀၀ နှင့်
ကျပ် ၄၈၀၀ ဖြင့်
ချပေးခဲ့သည့် YP စက်သုံးဆီဆိုင်၏ မြေကွက် ၆ ကွက်၊ ဧကပေါင်း ၇၅ ဧကကျော်ကို ဂရန်ပြန်လည်ပယ်ဖျက်
=================
၂၉. ၁. ၂၀၂၃
Written by Phyo Wei

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းလက်ထက် တစ်ပေ ကျပ် ၂၀၀၀ နှင့် ကျပ် ၄၈၀၀ ဖြင့် ချပေးခဲ့သည့် YP စက်သုံးဆီဆိုင်၏ မြေကွက် ၆ ကွက်၊ ဧကပေါင်း ၇၅ ဧကကျော်ကို ဂရန်ပြန်လည်ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

Yangon Petrol Co.,Ltd အနေဖြင့် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချရန်အတွက် မရမ်းကုန်းမြို့နယ် နှင့် သင်္ဃန်းကျွန်းမြို့နယ်များ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒလမြို့နယ်များရှိ မြေနေရာများအား ...

Facebook တွင် ဖတ်ရှုရန်
https://m.facebook.com/story.php?story_fbid=pfbid02sSW4wvSxe6VbpzCz1dPFbZaMSuBZ2Hx9gLh6Kbk4jPJdstPQYqd6uY3QZcAssYaEl&id=100084427521875&mibextid=Nif5oz

Website တွင် ဖတ်ရှုရန်
https://www.mtnewstoday.com/archives/10323

#mtnews #myanmar_transparency_news
Forwarded from Snow Queen #SQ🇲🇲🇲🇲🇲🇲
Feb 18
Mdy

ဆိုင်ကယ်စီးနေသည့် အုပ်ချုပ်ရေးမှူးအား သေနတ်သမား၂ ဦးက အလစ်အငိုက်တွင် အနောက်မှ သေနတ်ဖြင့်ပစ်သတ်မှု မန္တလေး၌ ယနေ့ညနေက ဖြစ်ပွား
==========================================
၁၇. ၂. ၂၀၂၃
Written by Min Mahar

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ၇၈ လမ်းနှင့် ရန်မန်းသံလမ်းကြား၊ ပညာပျိုးခင်းလမ်း( ဘုရားကြီးအရှေ့မုခ် ရတနာပူရပြတိုက်လမ်း) ၊ အကွက် ၉၀၂၊ သီတာအေးရပ်ကွက်၊ ပညာပျိုးခင်းဘုန်းကြီးကျောင်းအရှေ့တွင် ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီခွဲကျော်က မဟာအောင်မြေမြို့နယ်၌နေထိုင်သည့် အသက် ၅၆ နှစ်အရွယ်ခန့်ရှိသော ရွှေဘုန်းရှိန်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ပညာပျိုးခင်းလမ်းအတိုင်း အနောက်မှအရှေ့သို့မောင်းနှင်လာစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိလူ ၂ ဦးမှ အနောက်မှကပ်လိုက်ကာ ထိုဆိုင်ကယ် အနောက်တွင် ထိုင်နေသူမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး....

#mtnews #myanmar_transparency_news
Forwarded from Snow Queen #SQ🇲🇲🇲🇲🇲🇲
Feb 24

မန္တလေးမြို့တွင် အမျိုးသမီးတစ်ဦးထံမှ ဆိုင်ကယ်လုယက်ရန်ကြိုးပမ်းသူ ၂ ဦးအား ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ဟု သိရ
====================================================
၂၄. ၂. ၂၀၂၃
Written by Naing Thuta

မန္တလေးမြို့တွင် ဆိုင်ကယ်လုယက်သူ ၂ ဦးအား လမ်းသွားလမ်းလာပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သည်ဟု မဟာလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်းနှင့် ၈၉ လမ်းကြား၊ ၃၅ လမ်းပေါ်တွင် ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၅ နာရီကျော်က အမျိုးသမီးတစ်ဦးတည်းစီးသွားသော ဆိုင်ကယ်နောက်မှ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားလူငယ် ၂ ဦးသည် ကပ်လိုက်၍ လုယူရန်ကြိုးစားခဲ့သဖြင့် အလုခံရသူအမျိုးသမီးမှ အော်ဟစ်ကာအကူအညီတောင်းခံခဲ့ရာ အနီးပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာလူများမှ ဝိုင်းရိုက်ကာ ဖမ်းဆီးပေးခဲ့ကြကြောင်း သိရသည်။

" မန္တလေးမှာ အခုဆိုရင် နေ့စဉ်လိုလို ဆိုင်ကယ်တွေ၊ ဖုန်းတွေအရမ်းလုခံနေရတယ်။ အမျိုးသမီးတွေစီးလာတဲ့ဆိုင်ကယ်တင်မကတော့ဘူး။ အမျိုးသားတွေစိီးလာတဲ့ဆိုင်ကယ်တွေကိုပါ လုနေကြတာ။ လူမှုကွန်ရက်ပေါ်မှာတွေ့နေကြားနေရတယ်။ အချို့ဆို ဒဏ်ရာတွေရကြတယ်။ အဲဒီထက်ကံဆိုးတဲ့သူတွေဆိုရင် အသက်ပါသေသွားသည်အထိ အလုခံနေရတာ။ အစစအရာရာ သတိဝီရိယနဲ့သွားလာနိုင်မှ အန္တရာယ်ကင်းမှာ။ အခုလည်းမိန်း ကလေးတစ်ယောက်ထဲစီးလာတယ်ဆိုပြီး လုတာပဲ။ကလေးမက အကူအညီတောင်းတာမြန်လို့ လမ်းပေါ်မှာလည်း လူသွားလူလာများနေလို့သာပေါ့။ မဟုတ်ရင်ပါသွားနိုင်တယ်။ လုတဲ့နှစ်ယောက်က ဝိုင်းဖမ်းပေးတဲ့သူတွေကိုပါ ရန်မူပြီးပြန်ထိုးလို့ ဖမ်းပေးတဲ့သူတွေကလည်း ထိုးကြိတ်ရိုက်နှက်ပြီးဖမ်းလိုက်ရတယ်" ဟု အခင်းဖြစ်ရာအနီးရှိနေသော မျက်မြင်တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ လုယူရန်ကြိုးစားခဲ့သည့် လူငယ်အမျိုးသားနှစ်ဦးအား လမ်းသွားလမ်းလာများ၏ ဝိုင်းဝန်းဖမ်းဆီးပေးခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိသွားကာ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ ၏ယာဉ်ဖြင့် မန္တလေးဆေးရုံကြီးရှိ ပြင်ပလူနာဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခင်းဖြစ်ပွားရာသို့ သတ်ဆိုင်ရာရဲတပ်ဖွဲ့မှ တာဝန်ရှိသူများရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ၎င်းတို့နှစ်ဦးအား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း ရဲတပ်တပ်ဖွဲ့နီးစပ်သူထံမှ သိရသည်။

ပုံစာ။ ဆိုင်ကယ်လုယက်သူနှစ်ဦးကို တွေ့ရစဥ်
(ဓာတ်ပုံ- မဟာလူမှုကယ်ဆယ်ရေးအဖွဲ့)

#mtnews #myanmar_transparency_news
ကောလင်းမြို့သိမ်းထားသည့် KIA နှင့် PDF များအား တိုက်ခိုက်ချေမှုန်း၍ ကောလင်းမြို့ကို နိုင်ငံတော်က ပြန်လည်ထိန်းချုပ်

KIA နှင့် PDF များ ဆုတ်ခွာချိန် မိုင်းထောင်သွား၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ

MT News
၁၀. ၂. ၂၀၂၄

ကောလင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည့် KIA နှင့် NUG ဩဇာခံ PDF များအား တိုက်ခိုက်ချေမှုန်း၍ ကောလင်းမြို့ကို နိုင်ငံတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယခုသတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် KIA နှင့် PDF များက အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ မြို့လုံခြုံရေး ထုတ်နှုတ်အဖွဲ့နှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတို့အား တိုက်ခိုက်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ နေရပ်စွန့်ခွာသူ ဒေသခံများ၏နေအိမ်များသို့ ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့....

သတင်းအပြည့်အစုံဖတ်ရှုရန်

https://www.mtnewstoday.com/?p=52534

#ကောလင်း #KIA #PDF #NUG #ပွင့်လင်းမြန်မာ #mtnews #myanmar_transparency_news
Forwarded from Kyaw Swar
TNLA ၏ တစ်ကျော့ပြန်တိုက်ခိုက်မှုကြောင့် ကျောက်မဲတွင် သုံးရက်အတွင်း ပြည်သူ ၂၁ ဦးသေဆုံး

၂၇.၆.၂၀၂၄
Written by TZ

ရှမ်းပြည်နယ် ( မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့ကို TNLA ဦးဆောင်သည့် မြောက်ပိုင်းသုံးဖွဲ့၊ NUG ဩဇာခံ မန္တလေး PDF တို့ ပူးပေါင်းလက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမူကြောင့် သုံးရ​က်အတွင်း ​ပြည်သူ ၂၁ ဦးကျည်ထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။

ဇွန်လ ၂၅ ရက် နံနက်ခင်းမှစတင်၍ ဇွန်လ ၂၇ ရက်နေ့အထိ ကျောက်မဲမြို့အနီးတစ်ဝိုက်အတွင်း TNLA/PDF နှင့် လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ရာ ထိုတိုက်ပွဲများအတွင်း ပြည်သူများ အသက်ပေးခဲ့ရခြင်းလည်းဖြစ်သည်။

"လက်နက်ကြီးတွေနဲ့ပစ်နေကြတော့ အလောင်းတွေမကောက်ရဲဘူး။ နည်းနည်းငြိမ်သွားပြီဆိုရင် သွားကောက်လို့။ အခုလည်း အလောင်းတွေရှိသေးတယ်။ မကောက်ရဲသေးလို့။ တချို့က လက်နက်ကြီးကျည်ကျလို့ သေတယ်။ တချို့က ကျည်ထိလို့သေတယ်။ အခုလည်းပစ်နေတာ။ အများဆုံးသေတာက ( ၁) ရပ်ကွက်ကပိုများတယ်။ သေတဲ့သူတွေအကုန်က အမျိုးသားတွေ။ ဒီအလောင်းတွေက ၂၅ ရက်ကနေ ၂၇ ရက်ထိ အလောင်းတွေ" ဟု ဒေသခံလူမှုကူညီရေးအသင်းမှ MT News သို့ ဖြေကြားသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမူကြောင့် သေဆုံးသူများမှာ ကျောက်မဲမြို့၊ ( ၁) ရပ်ကွက်၊ ( ၂) ရပ်ကွက်၊ ( ၉) ရပ်ကွက် တောင်/ မြောက်တို့တွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရုပ်အလောင်းများကို နမ့်ခုံးရှမ်းများပရဟိတအသင်း(ကျောက်မဲအသင်းခွဲ)နှင့်နာရေးကူညီမှုအသင်း(ကျောက်မဲ)တို့မှ အေးချမ်းသာသုဿာန်တွင် သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

၁၀၂၇ အပိုင်း (၂) စစ်စစ်ရေးကို TNLA ပူးပေါင်းအဖွဲ့က ဇွန်လ ၂၅ ရက်တွင် စတင်ခဲ့ပြီး လက်ရှိတွင် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါ၊ မတ္တရာ စသည့်မြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားနေသလို ပြည်သူများစွာသေကြေနေသလို ပြည်သူထောင်သောင်းချီလည်း စစ်ဘေးရှောင်နေကြရသည်။

ဓာတ်ပုံ - နမ့်ခုံးရှမ်းများ
ပရဟိတအသင်း

#ကျောက်မဲ #TNLA #မန္တလေးPDF #AA #MNDAA #၁၀၂၇စစ်ဆင်ရေးအပိုင်း၂ #NUG #မိုးကုတ် #mtnews