Fluentopia 1310
167 subscribers
9 photos
5 videos
6 links
Youths network and non profit organization
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ကဲ...Quizzes တွေဖြေပြီးပြီဆို‌တော့ fluentopia citizens တို့ ကိုယ့် grammar skill ကို သိသွားကြလောက်ရောပေါ့..😼😼

မွှတ်..ဟဲ..ဟဲ..ဟဲ

#fluentopia1310
🤣5😈1
Good evening everyone. This is a gentle reminder for you. We will present our speaking club, using “Discord” on coming Saturday. Let us know if you have already downloaded it or not?❣️
Anonymous Poll
61%
Yes
19%
Not yet
19%
I will
4🎉1
2👏1
Hello👋

မကြာ‌သေးခင်က လုပ်တဲ့ quizzes လေးတွေကြည့်ရင်း ခင်ဗျားလေးတို့ရဲ့ grammar skills ကို စိုးရိမ်သွားလို့ ဒီ content လေး ဖန်တီးလိုက်ရတာပါ။
(ဒီတော့ အဆုံးထိဖတ်ပေးကြပါဗျ)

Fluentopia group မှာရှိတဲ့ members တွေအားလုံးနဲ့ English grammar တွေကို လေ့လာနေတဲ့သူတွေအတွက် Fluentopia ကနေ ကိုယ်ရဲ့ grammar skills ကို update လုပ်ပေးနိုင်မယ့် စာအုပ်လေး ငါးအုပ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။😉

Grammar ကိုလေ့လာသင်ယူနေတဲ့သူတော်တော်များများက ဘယ်စာအုပ်ကကောင်းလဲ၊ ဘယ်စာအုပ်က ကိုယ့်အဆင့်အတွက်ရောသင့်တင့်သလဲဆိုတာ မသိလို့ ခက်ခဲကြပါတယ်။ တကယ်တော့ Grammar book တစ်အုပ်ချင်းစီမှာသင့်တင့်တဲ့အချက်တွေ၊ အသုံးဝင်ပုံတွေ ကွာသွားပါတယ်..🧠

အခု မိတ်ဆက်ပေးထားတဲ့ Grammar books ၅အုပ်က Fluentopia group မှာ Lessons တွေတင်တဲ့အခါမှာ Learners တွေအတွက် တကယ်ကိုအထောက်အကူဖြစ်စေမယ့် books တွေဆိုတာကို Fluentopia က ယုံကြည်လို့ပါ။

အခြေခံကနေ Advance အထိ တစ်ဆင့်ချင်း support ပေးနိုင်တဲ့ အကောင်းဆုံးစာအုပ်တွေကို ရွေးပီးတော့ sharing လုပ်ထားခြင်းဖြစ်ပါတယ်ဗျာ..
ကဲ အခုဆိုရင် အဲ့ဒီ စာအုပ်ငါးအုပ်နဲ့ မိတ်ဆက်ပေးပါရစေ🗣️

1. English Grammar in Use — Raymond Murphy

➡️ ဒီစာအုပ်ကတော့ Myanmar students တွေရဲ့ Most-used bookပဲဆိုရမယ်ထင်ပါတယ်။📝
ဘာကြောင့်လဲဆိုတော့—
✔️နားလည်ရလွယ်
✔️ချောချောမွေ့မွေ့ ရှင်းပြထားတယ်
✔️Unit တစ်ခုချင်းစီက short ဖြစ်လို့ Learners တွေမပျင်းစေရဘူး

Foundation မရှိရင်တောင် အစကနေ သင်လို့ရတဲ့အတွက် Grammar ကို စဉ်းစားလို့ရအောင်၊ ရေရှည်တည်ဆောက်ချင်သူတွေအတွက် အရမ်း work ပါတယ်။😉

2. Essential Grammar in Use — Raymond Murphy

➡️ဒီစာအုပ်ကတော့ အကုန်ကို Basic နဲ့ပဲ ပြထားတာမို့ Zero beginner လည်း အဆင်ပြေပါတယ်။
➡️English နဲ့မသိသေးသလိုပဲ… Grammar ကို “အရမ်းထူးထူးဆန်းဆန်း” မထင်စေဘဲ Unit တစ်ခုချင်းစီလေးနဲ့ Slowly ရှင်းပြပေးထားပါတယ်။
➡️ဒီစာအုပ်က Basic grammar ကို လွယ်လွယ်နားလည်အောင် သင်ပေးထားလို့ Beginner တွေအတွက် သင်ယူဖို့ကောင်းတယ်။
➡️အခြေခံတွေကို ဒီအုပ်ကနေ တစ်ခါ‌ေလာက်ကောင်းကောင်း grasp လုပ်ထားရင်, နောက်ထပ် Intermediate နဲ့ Advanced grammar books တွေကိုသင်တဲ့အချိန်မှာလည်း လွယ်ကူသွားမယ့်အပြင်, Rule တွေကို confusion မရှိဘဲ follow လုပ်လို့ရအောင် အထောက်အကူပြု‌ပေးတယ်။

3. Practical English Usage — Michael Swan

➡️ ဒီစာအုပ်ကတော့ Detail ကြိုက်သူတွေ၊ “Rule တစ်ခုအကြောင်းကို အနက်ရှိုင်းရှိုင်းပြန်သိချင်တဲ့သူတွေ” အတွက်ပါ။
➡️ Myanmar learners တွေရဲ့ common mistakes တွေလည်း အများကြီးသုံးပြထားလို့ Speaking, Writing မှာ rule တွေကို စိစစ်ချင်ရင် မရှိမဖြစ်လိုတဲ့ reference လည်း ဖြစ်ပါတယ်။💯
➡️ Short explanation type မဟုတ်ပဲ, စာအုပ်ထဲက မေးခွန်းအမျိုးမျိုးကို dictionary ပုံစံအဖြစ်ရှင်းပြထားတဲ့အတွက် Intermediate တက်နေတဲ့သူတွေအတွက်လည်း လွယ်ကူပါတယ်။

4. Oxford Practice Grammar — John Eastwood

➡️ ဒီစာအုပ်ကတော့ တစ်ဆင်ချင်းလေး သင်ချင်သူတွေအတွက်အရမ်းအဆင်ပြေပါတယ်...
Basic → Intermediate → Advanced
➡️ Oxford Practice Grammar မှာ Basic, Intermediate, Advanced လို့ အဆင့်သုံးဆင့်ခွဲထားလို့ ကိုယ်ဘယ်အဆင့်ကနေအဆင့်မယ်တက်နေလဲ ကိုယ်တိုင်တောင် တိတိကျကျ သိနိုင်ပါတယ်။ Progress ကို follow လုပ်ရလွယ်ပြီး သင်ခန်းစာတစ်ခုပြီးတိုင်း “အဆင့် တစ်ခုတိုးလာပြီ” ဆိုတဲ့ feeling ကို ပေါ်စေနိုင်ပါတယ်။😉

➡️ Exercises အများကြီးပါတာမို့ Grammar ကို သင်ရုံမက၊ ကျွမ်းလာအောင် practice လုပ်ချင်တဲ့သူတွေ အတွက် အထူးသင့်တော်ပါတယ်။

5. Advanced Grammar in Use — Martin Hewings

➡️ ဒီစာအုပ်ကတော့ Grammar ကို already basic သိပြီး Next level တက်ချင်သူတွေအတွက်ပါ။
✔️ IELTS သင်နေသူတွေ၊ Formal writing လုပ်ရတဲ့သူတွေ အစရှိသဖြင့် complexity တွေနဲ့ nuance တွေကို သေချာလေးသင်ချင်ရင် ဒီစာအုပ်က တကယ်ကောင်းပါတယ်။
✔️ “မသိသေးတာကို သင်နေသလို” မဟုတ်ပဲ, “Already တတ်တာကို ပိုကောင်းအောင် လုပ်သွားပေးတဲ့” feeling ပေးပါတယ်။

🗣️ အခု sharing လုပ်ပေးသွားတဲ့ Grammar books တွေက အမှန်တကယ်ကိုမှ Learners တွေအတွက် အထောက်အကူဖြစ်စေမယ်လို့ ယုံကြည့်ပါတယ်။
📝 Grammar ကအတော်လေးရှုပ်တယ်ထင်ရပေမဲ့, အမှန်တကယ်တော့ ဒီလို books တွေကိုသုံးကြည့်မယ်ဆိုရင် သင်ရတာလွယ်လာပါလိမ့်မယ်။
ဒါကြောင့် အခု sharing လုပ်ပေးသွားတဲ့ Grammar books တွေကို လေ့လာကြည့်ဖို့တိုက်တွန်းအကြံပေးရင်းနဲ့ ဒီ content ကို အဆုံးသတ်ပါရစေ...👋

Fluent, Free, Forever Fluentopia🌟

Our telegram channel
https://t.me/fluentopia1310_org

Our Facebook page
https://www.facebook.com/share/1DB9P3xK16/d
4👌1😈1
3🕊1😍1
ပျော်ရွှင်စရာ Holiday Hype ကို Belliam နဲ့ အတူ ဆင်နွဲလိုက်ရအောင်! 🗣️

Fluentopia Christmas Serie တစ်ခုဖြစ်တဲ့ Merry speakmas ရဲ့ Holiday hype ကို Belliam နဲ့ အတူ ဆင်နွဲကြမယ်..

ဒီနှစ် Christmas season ကို English speaking ကို practice လုပ်ချင်ရင် ဒီလာမယ့်...

🗓️ Monday • November 24 • 7 PM မှာ
English Speaking Club လေးတစ်ခု စီစဉ်ထားပါတယ်။

English Speaking Club မှာ ဘာတွေလုပ်မလဲ?

Belliam က energy-full host တစ်ယောက်ဖြစ်ပြီး သင့်ကို အမှားတွေကြားကနေ Confidence တက်လာအောင် စိတ်ကူးကောင်းကောင်းနဲ့ guide ပေးသွားမှာပါ။

• Platform -
Discord : အိမ်ကနေတင်လည်း လွယ်လွယ်ကူကူ Join လို့ရပါတယ်။ (discord မသုံးဖူးရင် fluentopia ရဲ့ telegram channelမှာ တင်ထားပေးပါတယ်ဗျ)

• Mistakes Allowed -

English Speaking Club ဆိုတာ အမှားသုံးသပ်ပြီး တိုးတက်ဖို့လမ်းပဲနော်။ Belliam က သင့်အမှားတွေကို soft-soft correction လုပ်ပေးပြီး speaking flow ပိုင်နိုင်အောင် support ပေးသွားမယ်။

• Friends အသစ်တွေ

Speaking Lover တွေနဲ့ တွေ့မယ်— Youth vibe, friendly vibe, chill vibe အကုန်ရမယ်! Network လည်း ချဲ့သွားမယ်။

• Christmas Vibe:

"Holiday hype" ဆိုတဲ့ ခေါင်းစဉ်အတိုင်း holiday mood, warm conversations, fun game တွေနဲ့ အရမ်း လန်းတဲ့ session တွေလည်း ပါလာမယ်

🚀 Belliam နဲ့ အတူ English Speaking Skill ကို Boost လုပ်လိုက်ရအောင်!
Ready ဖြစ်ပြီလား Youths တို့?

Christmas mood, happy vibe, good energy—all in one!

တတ်တတ်ကြွကြွနဲ့ Speaking Club မှာ ပါဝင်ဖို့ အခုပဲ ပေးထားတဲ့ လင့်ကနေ ပြေးလာခဲ့လိုက်တော့နော်!

Join Link ➡️ https://t.me/fluentopia1310

Our telegram channel
https://t.me/fluentopia1310_org

Facebook page
https://www.facebook.com/share/1DB9P3xK16/
4🥰3🤩1😘1
Grammar လေး မှားနေလို့ပါ ဟဲဟဲ
🤣3🎉21👍1
"Quick Grammar Check"🤓✌️

Let me hear you all saying "Ready" if you AREEE!

Are you READYYYYY!?🙂‍↔️🫵
🔥1🕊1
Choose the correct usage of the prepositions😌

"IN" & "ON"


A. He is ____ the train.
B. She is riding ____ a bike.

Drop your answers below.
Let's see who gets both correct.🤭
3👍1🐳1
3🏆1
"On The Bus", "In A Car"... ဒါဆို ဆိုင်ကယ်ကျ ဘယ်လိုပြောမလဲ

Hello guys! 👋 အင်္ဂလိပ်စာ လေ့လာနေသူတွေအတွက် အမြဲတမ်း ခေါင်းရှုပ်စေတဲ့ အရာတစ်ခုကတော့ Prepositions တွေပါပဲနော်။

📌 အထူးသဖြင့် Transportation တွေနဲ့ ပတ်သက်လာရင် "On" နဲ့ "In" ကို ဘယ်လိုခွဲသုံးရမလဲဆိုတာ မသိဘဲ မှားတတ်ကြတယ်။

ဒီနေ့တော့ ဒီအချက်ကို ရှင်းရှင်းလင်းလင်း သိသွားအောင် ပြောပြပေးသွားပါမယ်ရှင့်! 😉

🤷 Preposition "IN" နဲ့ "ON" ကို Transportation မှာ ဘယ်လို ခွဲသုံးမလဲ?

Preposition "IN" ကို သုံးမလား၊ "ON" ကို သုံးမလားဆိုတာကို အလွယ်ဆုံး ခွဲခြားဖို့အတွက် ဒီအချက်လေးကို မှတ်ထားကြပါ-

"IN" ကို အဓိကအားဖြင့် Cars နဲ့ Taxis/Small Vans လိုမျိုး အတွင်းထဲမှာ ထိုင်လိုက်လို့ရတဲ့ ယာဉ်ငယ်တွေ၊ မတ်တပ်ရပ်လို့မရတဲ့ယာဉ်ငယ်တွေမှာပဲ အသုံးပြုလို့ရပါတယ်။
(You can't stand up inside.)

For example,

🔹 in a car - I'm in a car right now, I'll call back later.
🔹 in a taxi - She left her phone in the taxi.
🔹 in a truck - The packages are in the truck.
🔹 in a helicopter - They are flying in a helicopter over the city.

🎯 IN ကို ဒီလိုမှတ်ထား

ကိုယ်က ထိုင်နေရမယ့် ယာဉ်ငယ် (Car/Taxi) တွေဆိုရင် "IN" ကို ချက်ချင်း သုံးလိုက်ပါ။ 🚫 မတ်တပ်ရပ်လို့ မရဘူးနော်!

"ON" ကို‌တော့ အဓိကအားဖြင့် ဘတ်စ်ကား (Buses)၊ ရထား (Trains)၊ လေယာဉ် (Planes) နဲ့ သင်္ဘော (Ships) လိုမျိုး ယာဉ်ကြီးတွေလိုမျိုး အထဲမှာ မတ်တပ်ရပ်လို့လဲရတယ်၊ လမ်းလျှောက်လို့လဲရတဲ့ ယာဉ်တွေမှာပဲ အသုံးပြုလို့ရပါတယ်။
(You can stand up and walk around inside.)

For example,

🔹 on a bus - The kids are on the bus going to school.
🔹 on a train - I always read a book on the train.
🔹 on a plane - Are you comfortable on the plane?
🔹 on a ship/boat - They are having a party on the boat.

🎯 On ကို ဒီလို မှတ်လို့ရပါတယ်

ကိုယ်က မတ်တပ်ရပ်ပြီး လမ်းလျှောက်လို့ရတဲ့ ယာဉ်ကြီး (Bus/Train/Plane) တွေဆိုရင်တော့ "ON" ကို ယုံကြည်ချက်အပြည့်နဲ့ သုံးလိုက်ပါ။


🛵 ဆိုင်ကယ်ကျ ဘယ်လိုပြောမလဲ🤷
ဒါကတော့ (On) ရဲ့ Exception ပဲပေါ့နော်!
ဆိုင်ကယ်တွေ၊ စက်ဘီးတွေ အဲ့လိုမျိုးယာဉ်တွေရဲ့အပေါ်မှာပဲခွပီးစီးရတဲ့ယာဉ်တွေမှာ ခန္ဓာကိုယ်က ယာဉ်ရဲ့ အတွင်းထဲမှာ ရှိတာမဟုတ်ဘဲ အပေါ်မှာ ထိုင်နေတာ ဖြစ်တဲ့အတွက် "ON" ကိုပဲ သုံးရပါမယ်။

For example,

🔹 on a motorcycle - He arrived on a motorcycle.
🔹on a bike/bicycle - She goes to work on a bicycle.
🔹on a horse - The cowboy rode on a horse.


💡 Tip: ပိုပြီး ရင်းနှီးတဲ့ပုံစံနဲ့ ပြောချင်ရင်တော့ "I'm on my bike" (ငါ့စက်ဘီးနဲ့/ဆိုင်ကယ်နဲ့) ဆိုပြီး ပြောလေ့ရှိပါတယ်။

🎉 ကဲ... အခုဆိုရင် Preposition "IN" နဲ့ "ON" ကို Transportation တွေမှာ မှန်ကန်စွာ ဘယ်လိုသုံးရမလဲဆိုတာ သေချာ နားလည်သွားပြီလို့ ထင်ပါတယ်! ဒါဆိုရင်တော့ ကိုယ့်ရဲ့လက်တွေ့ဘ၀မှာ ပြောဆိုတဲ့အခါမှာ မမှားစေဖို့ လက်တွေ့အသုံးချပြောဆိုကြည့်ကြပါလို့ တိုက်တွန်းရင်း အဆုံးသတ်ပါရစေရှင်!🤗


Fluent, Free, Forever Fluentopia🌟

#fluentopia1310_org #contentbyYuuko
#graphic_by_Sakcube
#englishlearning@fluentopia1310_org
3🥰3😍1
This media is not supported in your browser
VIEW IN TELEGRAM
Merry Christmas everyone...
😭😭😭
2🕊1💯1
This media is not supported in your browser
VIEW IN TELEGRAM
ဒီဇင်‌ဘာတောင် လကုန်တော့မယ်နော်

၂၀၂၅ အစက ချခဲ့တဲ့ Goal တွေ... အခု ဖုန်တောင် တက်နေပြီ မဟုတ်လား?"🤣🤣


ဒီနှစ်တော့ အင်္ဂလိပ်စာ အပတ်တိုင်း လေ့လာမယ်၊ စာအုပ်တွေ ဖတ်မယ်၊ Gym ဆော့မယ်...ဆိုပြီး အာချောင်ခဲ့တာ...
အခု ဒီဇင်ဘာ‌တောင် ကုန်တော့မယ်။

ဖတ်ဖြစ်တာဆိုလို့ တစ်နေ့ကုန် သူငယ်ချင်းတွေနဲ့ ထိုင်ပြောတဲ့ Chat တွေပဲ ရှိတာမလား? အမှန်တရားက ခါးတယ်ဆိုတာ ဒါမျိုးပေါ့။ 🫣
🤣3🤩2🙏1
🐳21🎉1
“၂၀၂၅ ကို အမှတ်တရစာစုလေးတွေနဲ့ နှုတ်ဆက်ကြစို့ Fluentopia citizens လေးတို့ရေ 🌿"

Fluentopia 1310 ရဲ့ ဒီဇင်ဘာလကုန် ဆောင်းညလေးမှာ ၂၀၂၅ ခုနှစ်ကို အမှတ်တရတွေနဲ့အတူ နှုတ်ဆက်ကြရအောင်...
ဒီနှစ်တစ်နှစ်လုံးမှာ ရုန်းကန်ခဲ့ရတာတွေ၊ ပြုံးပျော်ခဲ့ရတာတွေနဲ့ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကို essay လေးတွေ၊ Poem လေးတွေ ဒါမှမဟုတ် short letter လေးတွေနဲ့ ကိုယ်အားသန်ရာလေးနဲ့ ပါဝင်ဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်နော်

💡 အောက်မှာပေးထားတဲ့ ပုံစံလေးတွေနဲ့ ideaယူလို့ရပါတယ်

1. Vlog စတိုင်

"ဒီနေ့ဟာ Vlog တစ်ခုဆိုရင်..."
ဒီနေ့ ဘာတွေလုပ်ဖြစ်လဲ? ဘယ်လိုခံစားရလဲ? သူငယ်ချင်းတစ်ယောက်ကို ပြန်ပြောပြနေသလိုမျိုး ပေါ့ပေါ့ပါးပါး ရေးကြည့်ပါ။
စကားပြောသလို ရေးလို့ရပါတယ်။ အမှားအမှန်ထက် "Expression" ကိုပဲ အလေးပေးနိုင်ပါတယ်ခင်ဗျ

2. Letter လေးတစ်စောင် 💌

"ဘယ်တော့မှ ပေးမဖြစ်တော့တဲ့ စာ..." လိုမျိုး
ကိုယ့်ရဲ့ ငယ်ငယ်က self ဆီကိုပဲဖြစ်ဖြစ်၊ အနာဂတ်က ကိုယ့်ဆီကိုပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ဆီကိုဖြစ်ဖြစ် ရေးချလိုက်ပါ။

3. နေ့စဉ်မှတ်တမ်းလို mini story📓

"မေ့မပစ်ချင်တဲ့ ခဏတာလေးတစ်ခု" ဒါမဟုတ်၊
ဒီနေ့မှာ ကိုယ့်ကို ပြုံးမိအောင်လုပ်ခဲ့တဲ့ အရာလေးတွေ၊ ကျေးဇူးတင်မိတဲ့ အသေးအဖွဲလေးတွေကို ချရေးပါ။

4. Creative imaginations
အိမ်က ကြောင်သာ စကားပြောတတ်ရင်..." စတဲ့အလုပ်လုပ်နေတာကို ကြည့်နေတဲ့ မင်းရဲ့ ဖုန်း ဒါမှမဟုတ် ကော်ဖီခွက်ရဲ့ အမြင်ကနေ ကိုယ့်အကြောင်းကိုယ် ပြန်ရေးကြည့်လို့လည်းရပါတယ်။

📌 Activity Frame

"အမှားတွေအတွက် မစိုးရိမ်ပါနဲ့၊ ခေါင်းထဲပေါ်လာသမျှကိုပဲ ချရေးပါ"

How to participate?

Comment box မှာ ဖြစ်စေ၊ မိမိ Wall ပေါ်မှာ #Fluentopia1310 #Farewell2025 ဆိုတဲ့ Hashtag လေးတွေနဲ့ ရေးသားနိုင်ပါတယ်ဗျ

🗓 Deadline: January 5

🌱 Rule:
No judging. No correcting. Just writing. (ဘယ်သူကမှ လာမစစ်ဆေးဘူး၊ ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ် ရေးဖို့ပါပဲ!)

So...Keep learning and keep writing, guys!


Fluent, Free, Forever Fluentopia🌟


#fluentopia1310_org #contentbybarley
#graphic_by_Sakcube
#englishlearning@fluentopia1310_org
🐳21👍1🍓1
မင်္ဂလာရှိသော နှစ်သစ်လေးဖြစ်ပါစေဗျာ...

ဒီနှစ်ထဲမှာ ကိုယ့်ရဲ့ Potential တွေကို အပြည့်အဝ အသုံးချနိုင်ပြီး ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေပြီး အခက်အခဲရှိရင်တောင် အကောင်းဆုံး ကျော်ဖြတ်နိုင်တဲ့ Positive Vibe တွေ အမြဲရှိနေပါစေလို့ Fluentopia family ကနေ ဆုတောင်းပေးလိုက်ပါတယ်။

Cheers to a brilliant 2026!
4💘31🏆1
2👌1🕊1
အမှားလုပ်ရမှာ ကြောက်နေသရွေ့ အင်္ဂလိပ်စာက တက်လာမှာမဟုတ်ပါဘူး! 🚫🗣️

အင်္ဂလိပ်လို စကားပြောတဲ့အခါ, ရေးတဲ့အခါ "မှားသွားရင် ရှက်စရာကြီး၊ ငါ့ကို ဝေဖန်ကြမလား" ဆိုတဲ့ အတွေးနဲ့တင် တန့်နေတတ်ကြတယ်မလား? တကယ်တော့ အမှားဆိုတာ သင်ယူမှုရဲ့ "အမြန်လမ်း (Shortcut)" တစ်ခုပါပဲ။

အမှားကို မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးချတတ်ရင် တခြားသူတွေထက် Level တစ်ခုကို ပိုမြန်မြန် ရောက်သွားနိုင်ပါတယ်။

ဒီနေ့မှာတော့ ကျ‌နော်တို့တွေ အမှားတွေကြားကနေ တိုးတက်လာဖို့ အသုံးဝင်မဲ့ Steps (4) ခုကို ဆွေးနွေးပေးသွားချင်ပါတယ်..😍

1️⃣ Mindset အရင် "Update" လုပ်ပါ 🧠

အမှားလုပ်မိတာဟာ ရှက်စရာမဟုတ်ဘူး၊ "ငါ ဘာကို ထပ်ဖြည့်ရမလဲ" ဆိုတာ သိလိုက်ရတာပါ။ Native Speaker တွေတောင် Grammar မှားတတ်တာမို့ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး Strict မဖြစ်ပါနဲ့။

2️⃣ "Error Journal" ထားပါ 📖

ဒါကတော့ ကျနော် အကြိုက်ဆုံး Tip ပါပဲ။ ကိုယ်ခဏခဏ မှားတတ်တာလေးတွေကို စာအုပ်သီးသန့်တစ်အုပ်ထဲမှာပဲဖြစ်ဖြစ်၊ ဖုန်းထဲမှာဖြစ်ဖြစ် မှတ်ထားတာပါ.

Wrong: I am agree.

Right: I agree.

Reason: 'Agree' က Verb မို့လို့ 'am' ထည့်စရာ မလိုပါဘူး။

ဒီလိုမျိုး တစ်ပတ်တစ်ခါ ပြန်ဖတ်ပေးရင် နောက်ခါ ဆိုရင် အလိုလို သတိကပ်လာပါလိမ့်မယ်‌‌နော်။

3️⃣ နည်းပညာနဲ့ AI ကို အသုံးချပါ

အခုခေတ်မှာ ကိုယ့်အမှားကို ထောက်ပြပေးမယ့် Tools တွေ အများကြီးရှိပါတယ်။

Gemini/ChatGPT: ကိုယ်ရေးထားတဲ့စာကို "ဒီထဲမှာ ဘာမှားနေလဲ ရှင်းပြပေးပါ" လို့ မေးလိုက်ရုံနဲ့ အလကားသင်တဲ့ ဆရာတစ်ယောက် ရလိုက်သလိုပါပဲ။

Grammarly: ဆိုရင် စာရေးတဲ့အခါမှာတောင် အမှားတွေကို အချိန်နဲ့တပြေးညီ ပြင်ပေးပါတယ်။

4️⃣ "Self-Correction" ကို မရှက်ပါနဲ့ 🗣️

စကားပြောရင်း မှားသွားတာ သိလိုက်ရင် ချက်ချင်း ပြန်ပြင်ပြောလိုက်ပါ။

"Yeah She go school... oh wait, She goes to school."

ဒီလို ပြန်ပြင်ပြောတာက ဦးနှောက်ကို မှန်ကန်တဲ့ Pattern မှတ်မိအောင် လေ့ကျင့်ပေးတာမို့ အရမ်း ထိရောက်ပါတယ်။

အမှားအားလုံးကို တစ်ပြိုင်နက် ပြင်ဖို့ မကြိုးစားပါနဲ့။ ဒီအပတ်မှာ Tense အမှားကို အာရုံစိုက်မယ်၊ နောက်အပတ်ကျမှ စကားလုံးရွေးချယ်မှုကို ပြင်မယ် စသဖြင့် တစ်ဆင့်ချင်းစီ သွားတာက ပိုပြီး Balance ဖြစ်စေပါတယ်။

"Don't practice until you get it right; practice until you can't get it wrong."


ဒီလိုမျိုး အင်္ဂလိပ်စာ လေ့ကျင့်တဲ့အခါ အသုံးဝင်မယ့် Tips တွေ ထပ်သိချင်ရင်တော့ Fluentopia ရဲ့ Telegram Channel လေးကို Join ထားဖို့ မမေ့နဲ့ဦးနော်!

Fluent, Free, Forever, Fluentopia🌟

#englishlearning@fluentopia1310_org
#graphic_by_Sakcube #contentbybarley
71🏆1