𝐅𝐥𝐞𝐱𝐱 [ 𝐌𝗼𝐯𝐢𝐞 ] 2
342K subscribers
4.37K photos
1.79K links
𝐅𝐥𝐞𝐱𝐱
Download Telegram
Beyond That Mountain (2020)

ဒီဇာတ်ကားကတော့ 1982ခုနှစ်တုန်းက ရိုမန်ကတ်သလစ် ဘုန်းတော်ကြီး စတီဖန် ကင်ဆွန်းဟွမ်း ရဲ့ငယ်ဘဝအကြောင်းကို အခြေတည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။

အဆိုပါဘုန်းတော်ကြီးဟာ တောင်ကိုရီးယားနိုင်ငံရဲ့စစ်တပ်အုပ်ချုပ်မှုလက်အောက်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းတဲ့ အရေးအခင်းကာလမှာပါဝင်ခဲ့တဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဉီးဖြစ်ပြီး လူအများလေးစားအားကြခံရတဲ့ သူလည်းဖြစ်ပါတယ် ။

ဒီဇာတ်ကားထဲမှာတော့ ဘုန်းတော်ကြီးရဲ့ငယ်ဘဝ ကိုဘယ်လိုသရုပ်ဖော်ထား မလဲဆိုတာကိုတော့

#Credit

▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Disquiet (2023)
-------------------

(ဇတ်ကားသစ်)

ဇာတ်လမ်းရဲ့အစမှာတော့ ဆမ်ကသာမာန်ဘဝမှာပဲရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့အိမ်ထောင်ရှင်တစ်ယောက်ပေါ့ ၊ တနေ့ကျတော့ဆမ်ဟာ car accident အကြီးအကျယ်ဖြစ်ရာကနေဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံမှာသတိရပြီးနိုးလာတော့ ဘေးပတ်လည်မှာဘယ်သူမှမရှိတော့တဲ့အပြင်ဖုန်းလိုင်းတွေလည်းမမိတော့ပါဘူး၊ ဆမ်လည်းလူတွေ့လိုတွေ့ငှါးလိုက်ရှာတဲ့အခါ ဘာမှန်းမသိတဲ့အဘိုးကြီးတစ်ယောက်တိုက်ခိုက်တာစခံရပါတော့တယ်၊ အဲ့လိုနဲ့ဆမ်လည်းဆေးရုံကမူမမှန်တာသိသွားတော့ထွက်ပြေးဖို့ကြိုးစားရပါပြီ၊ ဆမ်ကဆေးရုံထဲမှာပိတ်မိနေတာသူတစ်ယောက်တည်းမဟုတ်မှန်းသိလိုက်ရတော့သူလဲအားတက်ပြီးထွက်ပေါက်အတူတူကြိုးစားရှာကြပါတယ်၊ ထွက်ပြေးဖို့ကြိုးစားတာကလည်းအဲ့လောက်မလွယ်ကူခဲ့ပါဘူး၊ ဘာဖြစ်လို့ဖြစ်နေမှန်းမသိ၊ ဖုန်းလိုင်းတွေမရ၊ဆေးရုံဘေးပတ်လည်မှာလည်းအမှောင်ထုတွေပြည့်နှက်နေတဲ့အပြင် ဆမ်တို့ကိုတားဆီးဖို့ဆိုပြီးစောင့်နေတဲ့လက်ရဲဇက်ရဲလူလိုလိုမကောင်းဆိုးဝါးလိုလိုတွေကအနောက်ကနေလိုက်နေတာဆိုတော့ ဆမ်တို့အဖွဲ့အသက်ရှင်လျက်အဲ့ဆေးရုံကြီးကနေထွက်နိုင်ပါ့မလား၊ အဲ့ထဲမှာပဲထာဝရနေသွားရမလား ပဟေဠိတွေနဲ့ ရင်ဖိုဖိုကြည့်ရမှာပဲဖြစ်ပါတယ် ။

#Credit

▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Cities of Last Things (2018)

ဒီတစ်ခါမှာတော့ ၂၀၁၈က ထွက်ရှိထားတဲ့ ထိုင်ဝမ်ကားလေးတစ်ကားကို မိတ်ဆက်ပေးပါရစေ

ဒီဇာတ်ကားလေးဟာ တခြားကားတွေနဲ့ မတူဘဲ ကွဲထွက်နေတာကတော့ ဇာတ်ဆောင်ရဲ့ အလှည့်အပြောင်းကို ခေတ်သုံးခေတ် ရိုက်ပြထားခြင်းဖြစ်ပါတယ်

IMDb မှာ 6.2 ထိရရှိထားတဲ့ကားကောင်းလေးဖြစ်တာကြောင့် မလွှတ်တမ်းကြည့်ရှုသင့်ပါတယ်နော်

လူ့လောကမှာ ထူးခြားတဲ့အဖြစ်အပျက်တွေကိုကြုံတွေ့နေရတဲ့ ကျန်းတုန်းလင်တစ်ယောက်ဟာ လွန်ခဲ့တဲ့ ၁၀စုနှစ်အနည်းငယ်တုန်းက

မတရားခံရတာတွေကို ဘယ်လို လက်စားလိုက်ချေမလဲဆိုတာ Cities of last things ဆိုတဲ့ ဇာတ်ကားလမ်းမှာ ကြည့်ရှုအားပေးကြပါဦးနော်

#Credit


▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Three Kingdoms: Resurrection of the Dragon (2008)

IMDb -6.2/10

Red cliff လိုပဲ တရုတ်ဂန္တဝင်ဝတ္ထုRomance of the three kingdims ကိုပဲအခြေခံထားပါတယ်
ဒီတော့ Red cliff မှာပရိသတ်ရင်းနှီးပြီးသား ဇာတ်ကောင်အတော်များများပြန်လည်ပါဝင်ပါတယ်။
အဓိကဇာတ်ကောင်ဖြစ်တဲ့ လှံရေးမှာ သူမတူအောင်ကျွမ်းကျင်သူ Zhao Zilong(Red cliffပထမဆုံးအခန်း မှာ Lui Bei ရဲ့ သားငယ်ကိုကယ်တင်ခဲ့သူ)အဖြစ် မင်းသားကြီး Andy lau က ပါဝင်ထားပါတယ်။
အက်ရှင်ခန်းတွေ အရမ်းမိုက်ပြီး အထူးသဖြင့် setting ဟာ 2008 ထွက်ကားလို့မထင်ရအောင် ကောင်းမွန်ပါတယ်။စစ်ဝတ်စုံ တွေဟာ red cliff ထဲကထက် smart ကျပြီး အက်ရှင်ခန်းတွေကတော့ red cliff ကိုမကျော်ဘူးဆိုရင်တောင် မနိမ့်ကျပါဘူး။
ဇာတ်လမ်းအနေနဲ့ကတော့ Cao Cao က Lui Bei ရဲ့နယ်မြေကိုကျူးကျော်နေချိန်မှာ သာမန်တပ်သားငယ်လေးဖြစ်တဲ့ Zilong ဟာသူ့ရဲ့ ရဲစွမ်းသတ္တိကြောင့် ထင်ရှားလာပုံ ရန်သူခေါင်းဆောင် Cao Cao ကိုယ်တိုင် လေးစားရပုံ ကျားဗိုလ် ငါးယောက်မှာ တစ်ယောက်အပါအဝင်ဖြစ်လာပုံ Cao ရဲ့ မြေးမ(Maggie Q)နဲ့ ရင်ဆိုင်ရပုံ တွေကို စစ်အခင်းအကျင်းခမ်းနားစွာနဲ့တင်ဆက်ထားတာပါတယ်

#Credit


▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Oz the Great and Powerful (2013)

IMDB (6.3/10)

သက္ကရာဇ် (၁၉၀၅) ခုနှစ်မှာ အော်စကာလို့ အမည်ရတဲ့ မျက်လှည့်ဆရာတစ်ယောက်ဟာ လေမုန်တိုင်းတိုက်ခံရတာကနေတစ်ဆင့် (The Land of OZ) ခေါ်တဲ့နေရာကိုရောက်ရှိသွားပါတယ်

သူရောက်ရှိသွားတဲ့နေရာမှာ (သီအိုဒေါ) ဆိုတဲ့ မိန်းမလှလေးနဲ့ တွေ့ဆုံခဲ့ပါတယ်..အဲ့ဒီမိန်းမလှလေးက (အော်စကာ) ဟာဆိုရင် သူတို့ရဲ့ မြေကို ရက်စက်တဲ့ စုန်းမကြီးလက်ထဲကနေ ကယ်တင်မယွ ဟောကိန်းလာ မှော်ဆရာကြီးလို့ ယုံကြည်ခဲ့ပါတယ်

ဒါပေမယ့် (အော်စကာ) ဟာ မှော်ပညာတတ်တဲ့ သူတစ်ယောက်မဟုတ်ပဲ သာမန် မျက်လှည့်ဆရာလေးဖြစ်ပါတယ်

ဒီလိုနဲ့ (အော်စကာ)ဟာဆိုရင် နန်းတော်ကိုရောက်သွားပြီး (သီအိုဒေါ) ရဲ့ အစ်မဘုရင်မတို့နဲ့ တွေ့ဆုံခဲ့ပါတယ်

အဲ့ဒီနောက်မှာတော့ (အော်စကာ) ဟာ စုန်းမကြီးကို နှိမ်နှင်းပေးဖို့ ကတိပေးပြီး ဟန်ကိုယ့်ဖိုဆိုသလို ထွက်လာခဲ့ပါတယ်

ဒါပေမယ့် စုန်းမကြီး နေထိုင်တဲ့နေရာကိုရောက်တော့ သူထင်နေသလို စုန်းမကြီးမဟုတ်တဲ့အပြင် တစ်ကယ့် အမှန်တရားတစ်ခုကို သိလာရတဲ့ အခါမှာတော့ ဘာတွေ ဘလို ဆက်ဖြစ်လာမလဲဆိုတာကိုတော့

#Credit



▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Three Kingdoms: Resurrection of the Dragon (2008)

IMDb -6.2/10

Red cliff လိုပဲ တရုတ်ဂန္တဝင်ဝတ္ထုRomance of the three kingdims ကိုပဲအခြေခံထားပါတယ်
ဒီတော့ Red cliff မှာပရိသတ်ရင်းနှီးပြီးသား ဇာတ်ကောင်အတော်များများပြန်လည်ပါဝင်ပါတယ်။
အဓိကဇာတ်ကောင်ဖြစ်တဲ့ လှံရေးမှာ သူမတူအောင်ကျွမ်းကျင်သူ Zhao Zilong(Red cliffပထမဆုံးအခန်း မှာ Lui Bei ရဲ့ သားငယ်ကိုကယ်တင်ခဲ့သူ)အဖြစ် မင်းသားကြီး Andy lau က ပါဝင်ထားပါတယ်။
အက်ရှင်ခန်းတွေ အရမ်းမိုက်ပြီး အထူးသဖြင့် setting ဟာ 2008 ထွက်ကားလို့မထင်ရအောင် ကောင်းမွန်ပါတယ်။စစ်ဝတ်စုံ တွေဟာ red cliff ထဲကထက် smart ကျပြီး အက်ရှင်ခန်းတွေကတော့ red cliff ကိုမကျော်ဘူးဆိုရင်တောင် မနိမ့်ကျပါဘူး။
ဇာတ်လမ်းအနေနဲ့ကတော့ Cao Cao က Lui Bei ရဲ့နယ်မြေကိုကျူးကျော်နေချိန်မှာ သာမန်တပ်သားငယ်လေးဖြစ်တဲ့ Zilong ဟာသူ့ရဲ့ ရဲစွမ်းသတ္တိကြောင့် ထင်ရှားလာပုံ ရန်သူခေါင်းဆောင် Cao Cao ကိုယ်တိုင် လေးစားရပုံ ကျားဗိုလ် ငါးယောက်မှာ တစ်ယောက်အပါအဝင်ဖြစ်လာပုံ Cao ရဲ့ မြေးမ(Maggie Q)နဲ့ ရင်ဆိုင်ရပုံ တွေကို စစ်အခင်းအကျင်းခမ်းနားစွာနဲ့တင်ဆက်ထားတာပါတယ်

#Credit


▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Battlefield Heroes (2011)

[ Comedy / Drama ]

ဒီထဲမှာ ကိုရီးယားက တကယ့်မင်းသားကြီးဖြစ်တဲ့ Jin-young Jung ၊ (Kingdom)အပြင် နာမည်ကြီးဇာတ်ကားတော်တော်များများမှာပါတဲ့ Seung-ryong Ryu ၊ Je-mun Yun တို့အပြင်အာရှမင်းသားဆိုပြီး နာမည်ကြီး မိန်းကလေးတွေအရမ်းကြိုက်ပြီး Running Man မှာလည်းပါတဲ့ သစ်ကုလားအုတ် အီဂွမ်ဆူ ( Lee Kwang-Soo ) ကလည်း အခွီဇာတ်ရုပ်နဲ့ ပါဝင်ထားပါသေးတယ် ။

ဇာတ်လမ်းကတော့ …လူအင်အားနည်းနေတဲ့ ထန်မင်းဆက်က ဂိုဂူလျောကိုတိုက်ခိုက်ဖို့အတွက် ရှီလာတွေဆီကနေ စစ်ကူတောင်းပါတော့တယ်ရှီလာတွေကလည်းဘတ်ဂျယ်နဲ့မြစ်တောင်ပိုင်းပေးရင် စစ်ကူလွှတ်မယ်လို့ကတိတောင်းခဲ့တာပေါ့ဒီလိုနဲ့ စစ်ပွဲအတွက် ပေါ်တာဆွဲတဲ့ထဲမှာ ဘတ်ဂျယ်ကမူဂွန်ဆိုတဲ့တစ်ယောက်လည်းပါသွားပါတယ်

သူက စစ်မတိုက်ချင်တဲ့သူပါ ( သူရဲ့စစ်ပွဲတွင်းမသေအောင်နေနည်းတွေက အံ့မခမ်းပါပဲ )မွန်ဒီ ( Lee Kwang-Soo ) ဆိုတဲ့တစ်ယောက်ကတော့ စစ်တိုက်မယ်ဆိုပြီး ကိုယ်တိုင်လိုက်လာခဲ့တဲ့သူပါစစ်တိုက်ချင်တဲ့သူ မတိုက်ချင်လို့ကန့်လန့်လိုက်လုပ်တဲ့သူ သူတို့နှစ်ယောက်ရဲ့ဟာသအလွဲတွေနဲ့ ဟိုးအရင်ခေတ် စစ်ပွဲပရိယာယ်တွေကို တွေ့ရမှာမို့ လက်မလွှတ်တမ်းကြည့်ရှု့လိုက်ပါဦး

#Credit


▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Vindicta (2023)
----------------------

အထက်လူကြီး​တွေလာဘ်စားမှု​ကြောင့် ဆန္ဒပြပွဲ​တွေဖြစ်​နေတဲ့ မြို့​လေးတစ်မြို့မှာ ဆိုးဝါးတဲ့လူသတ်မှု​တွေဖြစ်​နေတဲ့အချိန် လု တစ်​ယောက် သူ့ရဲ့ ပထမဆုံး ​​ရှေးဦးသူနာပြုအလုပ်ဆင်းတဲ့​နေ့မှာပဲ မ​​မျှော်လင့်ထားတဲ့ လူသတ်မှု​တွေ ကြုံလာရတဲ့အခါ…
တဖက်မှာလည်း ဒီကိစ္စ​တွေမတိုင်ခင် လွန်ခဲ့တဲ့ငါးနှစ်တုန်းက တိုက်​ဟောင်းတစ်ခုမီး​လောင်မှုမှာ မိသားစုတစ်စု မီးထဲပါသွားပြီး အဲဒီကိစ္စမှာ ပါဝင်တဲ့သူ​တွေ တစ်​ယောက်ပြီးတစ်​ယောက် ရက်စက်စွာ အသတ်ခံနေရပါတယ်။အသတ်ခံရတဲ့သူ​တွေနဲ့ ဖြစ်ရပ်ဆိုးမီး​လောင်မှုကြီးနဲ့ ဘယ်လိုပတ်သက်​နေလဲ… လူသတ်သမားက​ရော ဘာ​ကြောင့် သူတို့ကိုလိုက်သတ်​နေရတာလဲ… လု ဆီကို​ရော တိုက်တိုက်ဆိုင်ဆိုင် လူသတ်မှုကြီးက ​ရောက်ရှိလာတာလား… ဆိုတာ​တွေကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းပြီးတဲ့အထိ ဆက်သာကြည့်လိုက်ကြပါတော့။


#Credit

▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Arang (2006)
---------------------

IMDb rating 6 ရရှိထားပြီး
Graceful Friend ထဲက မင်းသမီး Song Yoon-Aနဲ့
မင်းသား Lee Dong Wook တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ် ။

စုံထောက် မင်ဟာ ဒေါသကြီးတဲ့ စုံထောက်မလေး တစ်ယောက်ပါ
အသက်ငယ်ပေမယ့် အရည်ချင်းပြည့်ဝတဲ့ စုံထောက်ဖြစ်ပါတယ်

စုံထောက် လီဟျွန်ဂီကလည်း ဆေးသိပ္ပံဌာနကနေ အမှုစုံစမ်းရေးဘက်ကို ပြောင်းလာတဲ့သူပါတစ်နေ့မှာ ထူးဆန်းတဲ့ လူသတ်မှုတွေဖြစ်ခဲ့ပါတယ်
လူသတ်လက်နက်လည်းမတွေ့ရဘူး

တရားခံလည်းရှာမရပဲ
ဝိညာဥ္တစ်ကောင်က သတ်သလိုမျိုး
ဘာသဲလွန်စမှ မရတဲ့လူသတ်မှုတွေကြောင့် အားလုံးခေါင်းခဲနေရပါတယ်

အဲ့အမှုကို စုံထောက် လီနဲ့ စုံထောက်မင်တို့ တူတူဘယ်လိုစုံစမ်းမလဲဆိုတာ
ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်…။

( အညွှန်းရေးသားထားသူကတော့ Seung ဖြစ်ပါတယ် )

#Credit


▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
End of Loyalty (2023)

ဂိုဏ်းရာဇာတစ်ဦးဖြစ်တဲ့ ကာမိုင်းနဲ့သားဖြစ်သူတ်ို့ဟာ လုပ်ငန်းအကျိုးတူပူးပေါင်းသူဖြစ်တဲ့ ရုကာနဲ့ညှိနှိုင်းရန် သွားတွေ့ဆုံရာမှ ဖခင်ဖြစ်သူအသတ်ခံလိုက်ရပါတော့တယ်။

ဖခင်ဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ရဲအရာရှိတစ်ယောက်ဖြစ်နေပြီတဲ့ ငယ်သူငယ်ချင်းနဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ အဖေဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ၊ ရဲဖြစ်သူ သူငယ်ချင်းကရော ဂိုဏ်းရန်ပွံတွေကြားမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ စသဖြင့်ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

#Credit


▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
End of Loyalty (2023)

ဂိုဏ်းရာဇာတစ်ဦးဖြစ်တဲ့ ကာမိုင်းနဲ့သားဖြစ်သူတ်ို့ဟာ လုပ်ငန်းအကျိုးတူပူးပေါင်းသူဖြစ်တဲ့ ရုကာနဲ့ညှိနှိုင်းရန် သွားတွေ့ဆုံရာမှ ဖခင်ဖြစ်သူအသတ်ခံလိုက်ရပါတော့တယ်။

ဖခင်ဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ရဲအရာရှိတစ်ယောက်ဖြစ်နေပြီတဲ့ ငယ်သူငယ်ချင်းနဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ အဖေဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ၊ ရဲဖြစ်သူ သူငယ်ချင်းကရော ဂိုဏ်းရန်ပွံတွေကြားမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ စသဖြင့်ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

#Credit


▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Blood Diamond (2006) မြန်မာစာတန်းထိုး

ကမ္ဘာကျော် တိုင်တန်းနစ် မင်းသား လီယိုနာဒို အဓိကပါဝင်ထားပါတယ်။သယံဇာတပေါများပြီး ပဋိပက္ခ ပေါများတဲ့ အာဖရိကနိုင်ငံတွေမှာသံယံဇာတနှင့် ပြည်တွင်းစစ်ပွဲ ဆက်စပ်ပုံအကြောင်း ဖြစ်ရပ်မှန်ကိုအခြေပြု ပြီး ရိုက်ကူးထားတဲ့ နာမည်ကျော်ဇတ်ကား ဖြစ်ပါတယ်။

Adventure/Drama/Thriller အမျိုးအစားဇာတ်ကားပါ။IDMb Rating မှာ (8.0/10) ထိရထားလို့လက်လွတ်မခံသင့်တဲ့ ဇာတ်ကားဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

#Credit


▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Lawless (2012)

Rotten Tomatoes… 67%
ဒီအရေ ဒီအသား ဒီအသွေးနဲ့ပဲ တည်ဆောက်ထားကြတဲ့ အသက်တစ်ချောင်းစီရှိကြတဲ့ လူချင်းအတူတူ ဘယ်သူမဆို သတ်ရင်သေကြတာပါပဲ။ အကြောက်တရား ရှိကြတာပါပဲ။
ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာ ကိုယ့်အကြောက်တရားကို ကိုယ်ထိန်းချုပ်နိုင်တဲ့လူ ၊ ဒဏ်ရာတွေကြား ရှင်သန်ဖို့ အားတင်းနိုင်တဲ့လူ ၊ မသေမျိုးအထင်ခံရတဲ့လူတစ်ယောက် ပါဝင်ထားပါတယ်။
အဲ့ဒီလူနေရာက သရုပ်ဆောင်ထားတာကလည်း Tom Hardy á€•á€Ťá‹

ဒီဇာတ်လမ်းဟာ…
1920 ကနေ 30 အတွင်း အရက်ပုန်းတားမြစ် ဥပဒေကာလမှာ အမေရိကန်ပြည်ထောင်စု Franklin ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အရက်မှောင်ခိုသမားတွေနဲ့ ဥပဒေကြားက ထိပ်တိုက်ယှဉ်ပြိုင်မှူတွေအကြောင်း.. ဖြစ်ရပ်မှန် အခြေခံ ဇာတ်လမ်း ဖြစ်ပါတယ်။
ဒီ ရုပ်ရှင်ရဲ့ ဝတ္တုကို Matt Bondurant ရေးသားပြီး သူ့အဘိုး Jack Bondurant ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါတဲ့။
ဒီဇာတ်လမ်းရဲ့ တစ်ပါးသော ဆွဲဆောင်မှုကတော့ Memento ရဲ့Lead Actor Guy Pearce ပါ။
(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung á€–ဟစ်ပဍတယ်)

#Credit


▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
The Pope's Exorcist [2023]


မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ အတော်လည်းကောင်းသလို ဇာတ်အိမ်ကြီးတာမို့ အဆက်တွေလည်းထွက်လာနိုင်တဲ့ရုပ်ရှင်မျိုးပါပဲ။

အဓိကဇာတ်ကောင်ကိုလည်း အပြင်မှာ တကယ်ရှိခဲ့တဲ့ နာမည်ကြီး အပနှင် ဘုန်းတော်ကြီး Gabriele Amorth ကို အခြေခံထားပါတယ်။ ဇာတ်လမ်းကလည်း Gabriele Amorth ရဲ့ အပနှင်တဲ့အတွေ့အကြုံတွေကို အခြေခံထားတာဖြစ်ပါတယ်။

Gabriele Amorth ဟာ နတ်ဆိုးဗေဒနဲ့ အပနှင်ခြင်းအကြောင်းကို ကမ္ဘာကသိလာအောင် လုပ်ခဲ့တာကြောင့် ခရစ္စယာန်သမိုင်းမှာ ထင်ရှားတဲ့ အီတလီဘုန်းတော်ကြီးတစ်ဦးပါပဲ။

~ ဇာတ်လမ်းအကျဉ်း ~

ပုပ်ရဟန်းမင်းကြီး ယုံကြည်ရတဲ့ အပနှင်အဖွဲ့ခေါင်းဆောင် ဂါဘရီရဲ အာမော့ဟာ သာမန် အပနှင်အမှုလေးတွေကို လိုက်နေရင်းနဲ့ တစ်နေ့မှာ စပိန်က ကလေးတစ်ယောက်နတ်ဆိုးပူးခံရတာကို ကူညီဖို့ ဖန်လာပါတယ်။

ဒါပေမဲ့ ကလေးကိုဝင်ပူးနေတဲ့နတ်ဆိုးက သာမန်မဟုတ်ဘဲ အရမ်းအစွမ်းထက်နေပြီး ဂါဘရီရဲကို တမင်မျှားခေါ်လိုက်တဲ့ နတ်ဆိုးဖြစ်နေပါတယ်။

အဲဒီနတ်ဆိုးရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဘယ်သူလဲဆိုတာကို သိအောင်လုပ်ရင်း တန်ပြန်ဖို့ ကြိုးစားရပုံတွေကို တွေ့ရမှာပါ။

#Credit

▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Cloud Atlas (မြန်မာစာတန်းထိုး)


ဒီCloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင်
၆ ယောက်ရဲ့ ဇာတ်လမ်းကိုု ရုုိက်ပြထားပြီးအဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ၂၁၀၀၊
နောက်တော့ လူ့ယဉ်ကျေးမှုုပျက်ဆီးသွားတဲ့ ခေတ် စတဲ့ မတူညီတဲ့ ခေတ် ၆ ခေတ်ကဖြစ်ပါတယ်။ဇာတ်လမ်းဆင်ထားတဲ့ ပုုံကအရမ်းအံ့အော်စရာ
ကောင်းပါတယ်။ ဇာတ်ကားတစ်ကားတည်းနဲ့ ဇာတ်ကား ၆ ကားကိုု တစ်ခါတည်းကြည့်ရသလိုု
ပါပဲ။ အဲ့ဇာတ်ကား ၆ ကား ဟာလည်း တစ်ခုုနဲ့တစ်ခုု theme မတူညီတဲ့အတွက်အပေါ်မှာရေးထား သလိုု
Adventure, Drama, Thriller, Scifi, Action, Mystery, Fantasy, Comedy ခံစားမှုုပေါင်းစုုံနဲ့ ရုုိက်ကူးထားပါ
တယ်။ ကျွန်တော်အကြိုက်ဆုုံးအချက်ကတော့ ဒီလိုုမတူညီတဲ့ ခေတ် ၆ ခေတ်မှာ မတူညီတဲ့ ဇာတ်ကောင် ၆
ယောက်ရဲ့ ဇာတ်လမ်းကိုု တစ်ပြိုင်တည်း တင်ဆက်ထားတာမှာဇာတ်လမ်းအတက်အကျတွေဟာ တစ်ပြေးညီဖြစ်နေတာပါပဲ။

#Credit


▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Geostorm (2017)

၂၀၁၉ ခုနှစ်မှာ ကမ္ဘာတ၀ှမ်း ရာသီဥတုဆိုးရွားပျက်ဆီးမှုတွေ နဲ့ ကြုံတွေ့လာခဲ့ရတာကို စတင်ပြသထားပြီး အဲ့ဒီ ရာသီဥတု ဆိုးဝါးတာတွေကို ကာကွယ်ဖို့ အတွက်ဂျိတ် နဲ့ မတ် ဆိုတဲ့ ညီအကို ၂ ယောက်က နိုင်ငံတကာကသိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒက်​ချ်​ဘွိုင်း ဆိုတဲ့ စနစ်တစ်ခုကိုဖန်တီးခဲ့ပြီး အာကသ ထဲတွင် စခန်းတည်ဆောက်ကာသက်ဆိုင်ရာ နိုင်ငံတွေ ရဲ့ ရာသီဥတုတွေကို လိုက်လျောညီထွေစေရန်ဆောင်ရွက်အောင်မြင်ခဲ့ကြပါတော့တယ်

ဂျိတ်မရှိတဲ့နောက်မှာဂျိတ် ရဲ့ ညီ ဖြစ်သူ မတ် က စနစ်ကို နာဆာ လက်အောက်မှ တဆင့်ဦးဆောင်ရင်း ၃ နှစ်ခန့် ကြာသော အခါမှာတော့ နာဆာ ရဲ့ ဒက်​ချ်​ဘွိုင်း ဂြိုလ်တု တစ်ခုဟာ အာဖဂန်နစ်စတန် ရဲ့သဲကန္တာရ တစ်ခုထဲက မြို့အပေါ်ကျခဲ့ပြီး တစ်မြို့လုံး ရေခဲပြီးအကုန်အေးခဲသေသွားကြတယ်

ဂျိတ် တစ်ယောက် နာဆာ မှ တဆင့် အာကသ ထဲက ဒက်​ချ်​ဘွိုင်းစနစ်တည်ရှိရာ စခန်းသို့ ရောက်သွားချိန်မှာတော့ သူ့ညီ မတ်ထင်နေခဲ့သလို ဒက်​ချ်​ဘွိုင်း ရဲ့ စနစ်ချို့ယွင်းမှု မဟုတ်ပဲအမည်မသိ တစ်စုံတစ်ယောက်ရဲ့ မိုးလေ၀သ ထိန်းချုပ်တဲ့ စက်အပေါ်လူသတ်လက်နက် အဖြစ် အသုံးချနေတဲ့ အဖြစ်မှန်း သိရှိသွားခဲ့သောအခါ

#Credit

▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
10,000 BC (2008)

ခရစ်တော်မပေါ်ခင် ဘီစီ ၁၀၀၀၀လောက်က ယာဂါလ်လူမျိုးတွေမှာ
ဒဏ္ဍာရီတစ်ခု ပေါ်လာခဲ့ပါတယ်။ အပြာရောင် မျက်လုံးပိုင်ရှင်ဆိုတဲ့
ဒဏ္ဍာရီပေါ့။ ဒီမျက်လုံးပိုင်ရှင်ဟာ နိမ့်ပါးတဲ့ ယာဂါလ်တွေရဲ့ဘဝကို
လှံဖြူကိုင်စစ်သည်တော်နဲ့အတူ ကယ်တင်နိုင်မယ်ဆိုတဲ့ဒဏ္ဍာရီပေါ့။
တစ်နေ့မှာ ဒဏ္ဍာရီထဲကလို အပြာရောင်မျက်လုံးပိုင်ရှင် မိန်းကလေး
တစ်ဦး တခြားအရပ်ကနေ ယာဂါလ်ဒေသကို ရောက်လာခဲ့ပါတယ်။
သူ့နာမည်ကို အက်ဗိုလက်လို့မှည့်တွင်စေခဲ့ပါတယ်။ သူနဲ့ နီးစပ်မယ့်
လှံဖြူကိုင်စစ်သည်တော်ကိုလည်း မန်နက်ခေါ် အမွေးထူဆင်ကြီးကို
သတ်နိုင်သူကိုပဲ ရွေးချယ်မှာပါ။ ဒါကြောင့် အက်ဗိုလက်နဲ့ မေတ္တာမျှ
နေတဲ့ ဒလေးဆိုတဲ့ ယာဂါလ်သားလေးဟာ အမဲလိုက်ပွဲကို ဝင်နွှဲရင်း
စစ်သည်တော်အဖြစ် ဗိုလ်ဝင်ခံခဲ့ပါတယ်။ဒါပေမဲ့ သူတို့၂ဦးရဲ့ ချစ်ခရီးက ကြာကြာမတည်မြဲခဲ့ဘဲ ခြေ၄ချောင်း
နတ်ဆိုးရယ်လို့ ခေါ်တွင်တဲ့လူတွေ ယာဂါလ်တွေဆီ ရောက်လာကြပြီး
အက်ဗိုလက်အပါအဝင် ယာဂါလ်လူမျိုးတွေကို ဖမ်းဆီးသွားတဲ့အခါ
ဒလေးအနေနဲ့ ချစ်ရသူကိုကယ်ဖို့ အင်မတန်ရှည်လျားတဲ့ စွန့်စားခန်း
ခရီးရှည်ကြီးကို စတင်ခဲ့ပါတော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။

#Credit


▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
My Shining Revenge [2023]

တစ်ခါတလေမှာ ကိုယ့်အတွက် အပြင်းထန်ဆုံး စိတ်ဒဏ်ရာက တခြားတစ်ယောက်အတွက် မတော်တဆလို့ သတ်မှတ်ခံရတာရှိပါတယ်

အဲလိုအချိန်မှာ လက်စားချေတာ မှန်ရဲ့လား...

ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် စုံထောက်ရူအီဂျယ်ဟာ သားဖြစ်သူကိုဆုံးရှုံးလိုက်ရသလိုဇနီးဖြစ်သူကိုလည်း ကွာရှင်းလိုက်ရပြီးတစ်ယောက်တည်း ဖြစ်သလိုနေခဲ့ရာကနေ..

သားဖြစ်သူကိုသတ်သွားတဲ့ တရားခံကို နောက်မှသိလိုက်ရတဲ့အချိန်မှာ
အချိန်တွေအများကြီး ကိန်းအောင်းခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ အမုန်းတရားတွေကို လက်စားချေနိုင်မလား
လက်စားချေရင်ရော ရင်ထဲကအမုန်းတရားတွေပျောက်သွားမလား၊
ဘဝအသစ်ကိုပြန်ထူထောင်နိုင်မလားဆိုတဲ့ မေးခွန်းတွေကို ဒီဇာတ်လမ်းကိုကြည့်ရင်း အဖြေရှာလိုက်ပါဦးနော်...

အညွှန်း နဲ့ ဘာသာပြန်ကတော့ JoyZ ပဲ ဖြစ်ပါတယ်။

#Credit

▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Baang (2023)
==============
IMDb 7.7/10
အသစ်ထွက်ရှိလာတဲ့ ကန်နာဒါစကားပြော တောင်ပိုင်း Dark comedy,
အက်ရှင်ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဉ်း...
အာရပ်ဗ်.. ဘူရှန်နဲ့ ဆူနေးလ်ဆိုတဲ့ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းသုံးယောက်။
တစ်နေ့မှာ အာရပ်ဗ်ရဲ့ ညီလေး အာရုရှ်ကိုပါခေါ်ပြီး သုံးယောက်သား ကားတစ်စီးနဲ့ နိုက်အောက်ထွက်
ပတ်ကဲရင်း ဒယ်ဒီနဲ့ လီယိုနာဆိုတဲ့ ဂိုဏ်းစတားသားအဖနဲ့ ဘုမသိဘမသိဘဲ ငြိသွားကြတဲ့အခါမှာတော့...။
ဒီရုပ်ရှင်ဟာဆိုရင် ဇာတ်လမ်းကို pov တစ်ခုပြီးတစ်ခု သွားထားပြီး မြင်နေကျမဟုတ်တဲ့ပုံမျိုးနဲ့ တင်ဆက်ထားပါတယ်။
လီယိုနာအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးလေး ရှန်ဗီကလည်း တော်တော်လေး မျက်စိပဒါသဖြစ်တာမလို့
ပေါ့ပေါ့ပါးပါး အက်ရှင်ဟာသတွေရှာနေသူတွေအတွက် perfect ဖြစ်မယ့်ရုပ်ရှင်လေးပါပဲ...။

#Credit


▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Gold (2017)

၁၆ ရာစု ဝန်းကျင်က စပိန်တပ်ဖွဲ တွေ ဘယ်လို တာဝန်တွေ ထမ်းဆောင်ရတာလဲရောမ စစ်ကားကို စစ်တိုက်နေတာကြီးပဲ မဟုတ်ပဲ ခပ်အေးအေးလေး အနှစ်သာရ ပြည့်ပြည့်ဝဝကြည့်ချင် သူတွေအကြိုက်ပါ

ဆာလောင်မှုတွေ ဆင်းရဲမှုတွေထဲကနေ ရုန်းထွက်ဖိုက တပ်ထဲဝင်ဖို ပဲ ရှိတယ်…တပ်ဖွဲဆီ ရောက်လာတဲ့ mission က အင်ဒီးယန်းလူမျိုးတွေရဲ့ ပါးစပ်ပုံပြင်တွေထဲက ရွှေမြိုတော် ကိုရှာရမယ်သူတို ရှာနေတဲ့ ရွှေမြိုတော်က တကယ်ပဲရှိသလား

သူတို ရွှေမြိုတော်ဆီ အောင်အောင်မြင်မြင်နဲ့ သွားနိုင်ပါ့မလား ဖြတ်သန်းရမယ့် နယ်မြေက ကြားတောင်မကြားဖူး အိပ်မက်တောင်မမက်ဖူးတဲ့ သေခြင်းတရားလက်တကမ်းမှာရှိနေတဲ့နေရာ…….

တပ်ထဲမှာသာ အချင်းချင်း ရန်ဖြစ်ပေမယ့် ရန်သူနဲ့တွေ့ရင် စည်းလုံးသွားကြတဲ့ သေမတူရှင်မကွာရဲဘော်ရဲဘက်တွေလောဘတွေ ဒေါသတွေကြောင့် ဘယ်လိုတွေပြောင်းလဲသွားလဲ

တပ်ဖွဲနဲ့အတူပါလာတဲ့ အဖွဲခေါင်းဆောင်ရဲ့ အမျိုးသမီးချောမောနားလည်ရခက်တဲ့ ကောင်မလေးအကြည့်ချင်းတွေနဲ့သာ နားလည်မှုရနေတဲ့ တပ်သားလေးနဲ့ သူမတို… နီးစပ်သွားကြပါ့မလား…Rating 5.7 ရထားတဲ့ ဒီကားလေးကို ကြည့်လိုက်ရအောင်နော်

#Credit


▶️ 𝐩𝐥𝐚𝐲 🔗⚡⚡


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡