ရှင်သန်လာခဲ့ရသမျှ…
အသက် ၂၁ နှစ်နဲ့အထက်က အခက်ခဲဆုံးပဲဗျာ ....
အမေ့ကို တဖြေးဖြေးနဲ့ အသက်ကြီးလာတာကို
မြင်ရတာ ဒုက္ခတစ်ခု ။
ဘာမှရေရေရာရာ ဘဝအာမခံချက်မရှိသေးတာ တစ်ခု ၊ အိမ်မက်နောက်လိုက်ချင်တာတစ်ခု ....
ဝမ်းစာနဲ့ဝါသနာကြား မိဘက အိုမင်းလာပြီး
နာမကျန်းတွေ ထဖြစ်တဲ့
အသက်အရွယ်ကြီးက ခက်ခဲလွန်းပါတယ်ဗျာ။
ညဖက်တွေ အိပ်မရပဲ ခေါင်းထဲဝင်လာတဲ့ အတွေးကလဲ ခြောက်ခြောက်ခြားခြားနဲ့
" ငါလုပ်နိုင်ပါ့မလား ငါဖြစ်ပါ့မလား " ဆိုတဲ့ မေးခွန်းတွေ…
#crd
#justmemories

❤5🔥3👍1
အိမ်ကိုလွမ်းတဲ့ညတွေလဲရှိတတ်တယ်။
အဆင်မပြေတာတွေရှိရင် အိမ်ကိုပဲပြန်ချင်တယ်။
အရိပ်သေးသေးလေးတစ်ခုရှိတယ်။
နေရာတစ်နေရာစာ ကိုယ့်အတွက်ရှိတယ်။
အမေချက်တဲ့ဟင်းတွေရှိမယ်။
မခမ်းနားပေမယ့်
ဒီလောက်ဆို ကိုယ့်အတွက်လုံလောက်ပြီမလား။
တချို့ညတွေမှာ အိမ်ပြန်ချင်တယ် ။
💭 || 28.9.2025

❤7
ပျော်ရွှင်မှု့ဆိုတာ မင်းမှာ အရာအားလုံးပြည့်စုံနေလို့မဟုတ်ဘူး၊ မင်းမှာရှိတာလေးနဲ့ ရောင့်ရဲတတ်သွားလို့ပဲဆိုတာ သဘောပေါက်သွားတဲ့နောက်မှာ မလိုအပ်ရင်မလုပ်ဖြစ်တော့တဲ့အရာတွေမှ အတော်များသွားတယ်။
(ဂျစ်ပစီတစ်ယောက်ရဲ့ ဥရောပအိပ်မက်များ)
𝗔𝗹𝗲𝘀𝘀𝗮𝗻𝗱𝗿𝗼 𝗔𝗱𝘃𝗲𝗻𝘁𝘂𝗿𝗲
(ဂျစ်ပစီတစ်ယောက်ရဲ့ ဥရောပအိပ်မက်များ)
𝗔𝗹𝗲𝘀𝘀𝗮𝗻𝗱𝗿𝗼 𝗔𝗱𝘃𝗲𝗻𝘁𝘂𝗿𝗲
❤4
(၁)
ငါ မချစ်ရင်
မျက်လုံးချင်းလည်း မဆုံဘူး
အသားချင်းလည်း မထိဘူး
ငါ ချစ်ရင်
ဖြတ်ခနဲဆုံမိသွားတဲ့
မျက်ဝန်းလေးက အစ
မှေးစင်းသွားတဲ့ မျက်တောင်ကလေး အဆုံး။
(၂)
ငါ မချစ်ရင်
သူ့ ဒဏ်ရာ နဲ့ သူ
သူ့ တရား နဲ့ သူ
သူ့ ကြမ္မာဟာ ဒီတိုင်းပဲ
ငါ ချစ်ရင်
သူ့ မျက်ရည်ဟာ ငါ့ငရဲ
သူ့ တစ်မျက်နှာဟာ ငါ့ကမ္ဘာ။
(၃)
ငါ မချစ်ရင်
စက္ကန့်တွေ ကြာလွန်းတယ်
နေပူတယ် မိုးရွာတယ်
ငါ ချစ်ရင်
ကမ္ဘာ ဘယ်လိုလည်လည်
အချိန်ဘယ်လောက်ကြာကြာ
ငါစောင့်တယ် ငါစောင့်ခဲ့။
ငါချစ်ရင်
ကံကိုလည်း ယုံတယ်
ဘုရားကိုလည်း ယုံတယ်
ငါ့ကိုယ်ငါထက် မင်းကို ပိုခဲ့တယ်။
ငါ ချစ်ရင်
ငါ ချစ်ရင် ။ ။
#စိုင်းဝင်းမြင့်
Poem Heaven
ငါ မချစ်ရင်
မျက်လုံးချင်းလည်း မဆုံဘူး
အသားချင်းလည်း မထိဘူး
ငါ ချစ်ရင်
ဖြတ်ခနဲဆုံမိသွားတဲ့
မျက်ဝန်းလေးက အစ
မှေးစင်းသွားတဲ့ မျက်တောင်ကလေး အဆုံး။
(၂)
ငါ မချစ်ရင်
သူ့ ဒဏ်ရာ နဲ့ သူ
သူ့ တရား နဲ့ သူ
သူ့ ကြမ္မာဟာ ဒီတိုင်းပဲ
ငါ ချစ်ရင်
သူ့ မျက်ရည်ဟာ ငါ့ငရဲ
သူ့ တစ်မျက်နှာဟာ ငါ့ကမ္ဘာ။
(၃)
ငါ မချစ်ရင်
စက္ကန့်တွေ ကြာလွန်းတယ်
နေပူတယ် မိုးရွာတယ်
ငါ ချစ်ရင်
ကမ္ဘာ ဘယ်လိုလည်လည်
အချိန်ဘယ်လောက်ကြာကြာ
ငါစောင့်တယ် ငါစောင့်ခဲ့။
ငါချစ်ရင်
ကံကိုလည်း ယုံတယ်
ဘုရားကိုလည်း ယုံတယ်
ငါ့ကိုယ်ငါထက် မင်းကို ပိုခဲ့တယ်။
ငါ ချစ်ရင်
ငါ ချစ်ရင် ။ ။
#စိုင်းဝင်းမြင့်
Poem Heaven
❤8❤🔥2
မွန်းကျပ်စရာတွေ များလာတဲ့အခါ
တစ်ယောက်ယောက်စီမှာ ရင်ဖွင့်ဖို့ထက်
လက်ကြားထဲ ဆေးလိပ်ညှပ်မိတယ်
ပင်ပန်းတာတွေ အငွေ့နဲ့ တစ်ရှိုက်ပါသွားတာပေါ့
-crd
တစ်ယောက်ယောက်စီမှာ ရင်ဖွင့်ဖို့ထက်
လက်ကြားထဲ ဆေးလိပ်ညှပ်မိတယ်
ပင်ပန်းတာတွေ အငွေ့နဲ့ တစ်ရှိုက်ပါသွားတာပေါ့
-crd
❤🔥7❤1
နက်ဖြန်ဆိုတာမရှိဘူး
ဒီနေ့တောင် ကုန်ဆုံးဖို့ မသေချာဘူး
နေဝင်တာကို တစ်ယောက်တည်းလည်း ငေးကြည့်နေလို့ရတယ်
တစ်ယောက်တည်းကြာကြာနေလေ အေးချမ်းမှုကိုပိုပြီး နားလည်လာလေဘဲ
ဒီနေ့တောင် ကုန်ဆုံးဖို့ မသေချာဘူး
နေဝင်တာကို တစ်ယောက်တည်းလည်း ငေးကြည့်နေလို့ရတယ်
တစ်ယောက်တည်းကြာကြာနေလေ အေးချမ်းမှုကိုပိုပြီး နားလည်လာလေဘဲ
❤5
ရက်သတ္တပတ်တွေနဲ့ ပြက္ခဒိန်တွေ ပြိုကျလာပုံက
ကြောက်စရာပါပဲ။
အချိန်တွေ ကုန်ဆုံးခြင်းဟာ အရှိန်အဟုန်နဲ့ ပြေးလွှားနေတယ်။
မှတ်ဉာဏ်တွေဟာလည်း
လွင့်ပါး ပျောက်ကွယ်သွားလိုက်တာများ
ကိုယ့်ဘ၀ထဲ သူတို့တွေဟာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ အတိုင်း
သူတို့ဘ၀ထဲ ကိုယ်ဟာ တစ်ခါမှ မရှိခဲ့ဖူးတဲ့အတိုင်း ...။
1 9 9 4

❤2👏1
သူစိမ်းတွေ ... မဖြစ်ခဲ့ကြပေမယ့်
အရင်းနှီးဆုံးလည်း မဟုတ်တဲ့
ကိုယ်တို့ဆက်ဆံရေးကို
ကိုယ်တို့ တန်ဖိုးထားခဲ့ကြတာပဲ မဟုတ်လား
တယောက် ပြောခဲ့တဲ့စကားတွေကို
တယောက်က နားထောင်ပြီး
ဒီလမ်းတွေမှာ
ဆက်လျှောက်နေမှာပဲ မဟုတ်လား ။
တနေ့နေ့ကျဆိုတဲ့ ...
စကားလုံးတွေတောင်
မပိုင်တဲ့ ကိုယ်တို့မှာ
သံသရာ တကွေ့ကွေ့မှာတော့
ကိုယ်တို့တွေ ပြန်ဆုံဖြစ်ကြဦးမှာပါ ။
အဲ့ဒီသံသရာကျ
ဘယ်တော့မှ မခွဲရဖို့ပဲ
ဆုတောင်းပါတယ်
ဒီဘ၀တော့ ... ဒီမျှပေါ့
ပြီးတော့ ... သတိတရပဲပေါ့ ။
#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)
အရင်းနှီးဆုံးလည်း မဟုတ်တဲ့
ကိုယ်တို့ဆက်ဆံရေးကို
ကိုယ်တို့ တန်ဖိုးထားခဲ့ကြတာပဲ မဟုတ်လား
တယောက် ပြောခဲ့တဲ့စကားတွေကို
တယောက်က နားထောင်ပြီး
ဒီလမ်းတွေမှာ
ဆက်လျှောက်နေမှာပဲ မဟုတ်လား ။
တနေ့နေ့ကျဆိုတဲ့ ...
စကားလုံးတွေတောင်
မပိုင်တဲ့ ကိုယ်တို့မှာ
သံသရာ တကွေ့ကွေ့မှာတော့
ကိုယ်တို့တွေ ပြန်ဆုံဖြစ်ကြဦးမှာပါ ။
အဲ့ဒီသံသရာကျ
ဘယ်တော့မှ မခွဲရဖို့ပဲ
ဆုတောင်းပါတယ်
ဒီဘ၀တော့ ... ဒီမျှပေါ့
ပြီးတော့ ... သတိတရပဲပေါ့ ။
#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)
❤3🕊1
နှစ်ယောက်အတူလျှောက်ရမဲ့လမ်းမှာ
တစ်ယောက်တည်းလျှောက်ဖို့ရွေးချယ်ဖြစ်တဲ့အခါတိုင်း
ကိုယ်ကအမြဲကျန်နေတတ်တာ။
အဲ့လိုကျန်နေခဲ့ရတဲ့အခါတိုင်း
လိုအပ်လို့ပြန်လာရှာတဲ့အခါကျ
ကိုယ်က အဲ့ဒီ့နေရာလေးမှာ ရှိမနေနိုင်တော့မှာပဲ စိုးရိမ်တာ။
တစ်ယောက်တည်းဖြစ်သွားတဲ့အခါ
တစ်ယောက်ယောက်ကိုလိုက်မရှာတော့ပဲ
ခြေဦးတည်ရာလျှောက်သွားဖြစ်မှာပါ။
အဲ့ဒီ့အခါကျ ကိုယ်တို့လမ်းတွေမတူတော့ဘူး
ပြီးတော့ ပြန်ဆုံဖို့လဲမရှိတော့ဘူးပေါ့။
အဲ့နောက်မှာတော့ ပိုပိုပီးဝေးသွားမယ်
ကတိတွေလဲမေ့သွားမယ် စကားတွေကိုလဲမေ့ထားလိုက်မယ်
ပြီးရင် လူကိုပါမေ့ပြစ်လိုက်တော့မှာပါ။ 💌🕊️
27.2.2026

❤6🕊1
❤4
နာကျင်စရာတွေသာမရှိခဲ့ရင်
ငါတို့ ဘယ်တော့မှ
ရင့်ကျက်သူတွေ ဖြစ်လာမှာမဟုတ်ဘူး ။
▪️ဂန္ဓမာ
ငါတို့ ဘယ်တော့မှ
ရင့်ကျက်သူတွေ ဖြစ်လာမှာမဟုတ်ဘူး ။
▪️ဂန္ဓမာ
❤6
လူတွေကို မကြည့်နဲ့
ငွေကြေးအကြောင်းမတွေးနဲ့
အလကားရတဲ့ ညနေခင်းတွေကိုကြည့်ပါ
တိတ်တဆိတ် ထွက်သွားတော့မဲ့
နာရီလက်တံတွေမှာ ပျော်မွေ့ပါ
ဝယ်ယူစရာမလိုတဲ့
အဓိပ္ပာယ်တစ်ခုရှာဖွေပါ
ဘဝဟာဒီထက်ပိုပြီး ငြိမ်းချမ်းဖို့
ဘာမှထပ်လုပ်စရာမလိုတော့တဲ့အကြောင်း
နားလည်အောင် သင်ယူပါ
အေးမြခြင်း၊နွေးထွေးခြင်းကို ခံစားပါ
ပြောင်းလဲနေတဲ့ ရာသီတွေမှာ
ပြောင်းလဲသွားတဲ့ အတိတ်ကာလတွေအကြောင်း လက်ခံသင်ယူပါ ။
#ဂန္ဓမာ

မတော်တဆ ကျွန်တော့ကိုများ ချစ်ခဲ့ဖူးလား ...
ဒီလိုမေးခွန်းကို ဘယ်တုန်းကမှ မမေးချင်ခဲ့သလို ချစ်ခဲ့မှာပါဆိုပြီးပဲ တစ်ချိန်လုံး ယုံကြည်ထားခဲ့ချင်တာ ။ ဒါပေမယ့် အချိန်တွေကြာလာလေ ပိုအေးစက်လာလေဖြစ်လာတဲ့ ဆက်ဆံရေးတစ်ခုမှ ကျွန်တော်က လူပိုကြီးသက်သက်လာဆိုတဲ့ အချက်တွေ မြင်လာပြီးကတည်းက အဲ့ဒီအတွေးတွေဟာ ခေါင်းထဲ ၀င်လာခဲ့တော့တာပါပဲ ။ ကျွန်တော် ရှိနေခဲ့ခြင်းတွေ ပြီးတော့ ချစ်ခဲ့ခြင်းတွေဟာ အပိုတော့ မဟုတ်ခဲ့ဘူးမလားဆိုပြီး တွေးကြည့်ရင်း မေးဖြစ်ခဲ့တဲ့ မေးခွန်းလေးပါ ။
ထားလိုက်ပါ... နှစ်တွေကိုလဲ ပြန်ငဲ့မကြည့်နဲ့ ပြီးတော့ ကျွန်တော် ချစ်နေခြင်းတွေကိုလဲ ထည့်မတွက်နဲ့ မင်းရဲ့ စိတ်ထဲမှာ ရှိတဲ့အတိုင်းပေါ့ အချစ်ရဲ့ လိုအပ်ခဲ့တာလား ဒါမှမဟုတ် ချစ်ခဲ့တာလားဆိုတာလေး တစ်ခု ကိုယ့်ကိုယ်ကိုယ် ပြန်မေးပြီး ဖြေပေးရုံပါပဲ ။ ဒီအဖြေက ... မင်းရွေးချယ်ထားပြီးသားဖြစ်တဲ့ လမ်းခွဲခြင်းတွေကို ဘာအနှောင့်အယှက်မှ ဖြစ်မှာလဲ မဟုတ်သလို မင်းရွေးထားလမ်းကို ဘယ်သတ္တိနဲ့မှ တားနိုင်မှာလဲ မဟုတ်ပါဘူး ။ ကျွန်တော်က ချစ်ခဲ့လား မချစ်လားဆိုတာ သိချင်ရုံသက်သက်ပါ ။
တကယ်မချစ်ခဲ့ပါဘူးဆိုရင် ... တကယ်ကြီးချစ်ခဲ့မိတဲ့ ကျွန်တော့အတွက်တော့ နာကျင်စရာပေါ့ အချိန်တွေ အကြာကြီး ပေးဆပ်ခဲ့တာတွေဟာ ဘာမှ မဟုတ်ခဲ့ပါလားဆိုတဲ့ အသိနဲ့ မျက်ရည်၀ဲရုံလောက်ပါ ။ မင်းကိုတော့ အပြစ်မမြင်ပါဘူး ပြီးတော့ ဘယ်တော့မှလဲ အပြစ်တင်နေမှာမဟုတ်ဘူးလေ ။ လူတစ်ယောက်ကို ကိုယ့ဖက်က အရိုးသားဆုံးချစ်လိုက်လို့ရပေမယ့် လူတစ်ယောက် ပြန်ချစ်လာဖို့ကျ အတင်းလုပ်ယူလို့မှမရပဲဟာ ။ မင်းမချစ်ခဲ့ခြင်းက မင်းအတွက်မှန်ပါတယ် ကျွန်တော်ချစ်ခဲ့ခြင်းကလဲ ကျွန်တော့်အတွက် မှန်တယ်လေ ။
အဆုံးသတ်တွေကို ကြိုပြီးတော့ သိနေပြီပဲ ...ပြီးတော့ အဆုံးသတ်တွေကို ကြိုပြီးတော့ ရွေးထားနေပြီပဲ ... ကျွန်တော့်ကို မတော်တဆလေးများ ချစ်ခဲ့ဖူးလားဆိုတဲ့ မေးခွန်းကျမှ တုံ့ဆိုင်းမနေပါနဲ့တော့ ။ တချိန်လုံးလဲ အလိမ်ခံခဲ့ရပြီးပြီလေ ဆချိန်လုံးနဲ့ တုံးအ နေခဲ့ပြီးပြီ ဒီတစ်ကြိမ်တော့ စိတ်ထဲမှာ ရှိတဲ့အတိုင်းပေါ့ အချစ်ရေ ... အရိုးသားဆုံးလေးပဲ ဖြေပါ ။

❤2🔥1
အခက်အခဲတွေကြားထဲမှာ
အကောင်းဆုံးဖြစ်အောင် နေထိုင်ခဲ့တာလည်း
ဘဝရဲ့ အောင်မြင်မှုတစ်ခုပါပဲ ၊
ကိုယ့်မှာ ဘာမှများများစားစား ပိုင်ဆိုင်မထားရင်တောင်
အဲဒီလို သန့်သန့်ရှင်းရှင်း
နေထိုင်ခဲ့တယ်ဆိုတဲ့ အတိတ်လေးက
စိတ်မှာ နောင်တကင်းကင်းနဲ့
ဘဝကို ရှင်သန်စေနိုင်တဲ့ အကြောင်းပဲလေ !!
#ဉာဏ်

❤10
အသက်ရှင်အောင်နေ။
ချစ်ရမယ့်အရာတွေကို ဝအောင်ချစ်။
ဒီဘဝကြီးမှာ ဆုံးရှူံးပြီးရင်
ဘယ်အရာကိုမှ ပြန်မရနိုင်ဘူး။
#myatnavarro
ချစ်ရမယ့်အရာတွေကို ဝအောင်ချစ်။
ဒီဘဝကြီးမှာ ဆုံးရှူံးပြီးရင်
ဘယ်အရာကိုမှ ပြန်မရနိုင်ဘူး။
#myatnavarro
❤8