Federal FM ( ဖက်ဒရယ် FM)
1.06K subscribers
6.39K photos
1.09K videos
1.24K files
3.45K links
ဖက်ဒရယ် FM ၏ တရားဝင် ချယ်နယ် ဖြစ်ပါသည်။
Download Telegram
သောင်ရင်းမြစ်အနီးက ပလောတပို့စစ်ရှောင်စခန်းကို စစ်ကော်မရှင်က ဒရုန်းနဲ့ဗုံးကြဲလို့ ၁ ဦး သေဆုံး
Media is too big
VIEW IN TELEGRAM
March 14, 2026 | Saturday Radio Production📻
ယနေ့ ၂၀၂၆ ခုနှစ် မတ်လ ၁၃ ရက် (စနေနေ့) နားဆင်ရမည့် အကြောင်းအရာများ-

🎙 ဖက်ဒရယ် FMရဲ့ နေ့စဉ်သတင်း
🎙 “ မပြီးသေးသော ပန်းချီတချပ် ” ဆိုတဲ့နွေဦးကဗျာ
#FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists
_______________
Website - https://federalfmradio.com
YouTube - https://www.youtube.com/@federalfmradio
Telegram - https://t.me/federalfm
Facebook - https://www.facebook.com/federalfmradio
Instagram - https://www.instagram.com/federalfmradio
TikTok - https://www.tiktok.com/@federalfm_radio
ယနေ့ ၂၀၂၆ ခုနှစ် မတ်လ ၁၄ ရက် (စနေနေ့) ဖက်ဒရယ် FM ရဲ့ နေ့စဉ်သတင်းများ

• ‎အချိန်အခါမဟုတ် မိုးကြီးလေထန်လို့ ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုရဲ့ စာသင်ကျောင်း ပျက်စီး
‎• ‎ချင်းပြည်နယ်မှာ စစ်မှုမထမ်းမနေရ စနစ်ကို ချင်းပြည်ကောင်စီ အတည်ပြု
‎• ‎ဖရူဆိုအရှေ့ခြမ်းမှာ စစ်ရှောင်တစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဖြတ်ရ ‎
• ‎တောင်ငူ (ကေတုမတီ)လေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၃ လုံး ပစ်ခတ်ခဲ့တယ်လို့ BWM ပြော
‎• ‎အမျိုးသမီးပရိသတ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ မောင်မောင်လွင် ၆ လပွဲပယ်ခံရ၊ အဆိုပါ အမျိုးသမီးကိုလည်း အရေးယူမယ်လို့ ဆို
• ‎တောင်ကြီးမှာ စစ်ကော်မရှင်ဝန်ထမ်းတွေက ဆီဆိုင်ဝန်ထမ်းတွေအပေါ် ခြိမ်းခြောက်ပြောဆိုပြီး ဆီဝယ်ယူမှု ပြုလုပ်လာ
• ‎ထားဝယ်-မြိတ် အမှတ်(၈)လမ်းမပေါ်က တောင်ယာကမ်းကျေးရွာ စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးတပ်တွေ ထပ်မံသိမ်းပိုက်

#FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine
_______________
Website - https://federalfmradio.com
YouTube - https://www.youtube.com/@federalfmradio
Telegram - https://t.me/federalfm
Facebook - https://www.facebook.com/federalfmradio
Instagram - https://www.instagram.com/federalfmradio
TikTok - https://www.tiktok.com/@federalfm_radio
Media is too big
VIEW IN TELEGRAM
ယနေ့ ၂၀၂၆ ခုနှစ် မတ်လ ၁၄ ရက် (စနေနေ့) ဖက်ဒရယ် FM ရဲ့ နေ့စဉ်သတင်းများ
ဖရူဆို-ထားလဲလမ်းမှာ စစ်ကော်မရှင်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးကြောင်း KNDF ထုတ်ပြန်

ဖက်ဒရယ် FM | မတ်လ ၁၄ ရက်

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မနက်က ကရင်နီပြည်နယ်၊ ဖရူဆို-ထားလဲလမ်း တစ်နေရာကို စစ်ကော်မရှင်တပ်က လမ်းပြင်ဖို့အတွက် ဘတ်ဟိုးအပါအဝင် ယာဉ်တန်းတွေနဲ့ စစ်ကြောင်းထိုးလာရာ ကရင်နီတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်ဘက် ၃ ဦးသေဆုံးကာ ဒဏ်ရာအများအပြားရခဲ့သလို ဘတ်ဟိုးတစ်စီး ပျက်စီးသွားတဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ KNDF က ဆိုပါတယ်။

ဒီးမော့ဆို- ဖရူဆို- ဘောလခဲ လမ်းမကြီး တစ်လျှောက်မှာ စစ်ကော်မရှင်တပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်တွေအနေနဲ့ ခုခံကာကွယ်တဲ့နည်းလမ်းကို ပူးပေါင်းလုပ်ဆောင်နေကြတယ်လို့ KNDF က ဆိုထားတယ်။

“ဖရူဆို-ထားလဲ-နန်းဖဲ အဲဒီလမ်းမကြီးတကြောမှာ တိုက်ပွဲတွေက ကြိုကြားကြိုကြား တောက်လျှောက်ဖြစ်နေတယ်။ စစ်ကော်မရှင်ရဲ့ စစ်ကြောင်းတွေကို ခုခံကာကွယ်စစ် ကျွန်တော်တို့ လုပ်နေတယ်” လို့ KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဖက်ဒရယ် FM ကို ပြောပါတယ်။


Video – KNDF
#ဖရူဆို-ထားလဲလမ်း #စကမ #တိုက်ခိုက် #သေဆုံး
#FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _
Website - https://federalfmradio.com
YouTube - https://www.youtube.com/@federalfmradio
Telegram - https://t.me/federalfm
Instagram - https://www.instagram.com/federalfmradio
TikTok - https://www.tiktok.com/@federalfm_radio
This media is not supported in your browser
VIEW IN TELEGRAM
ဖရူဆို-ထားလဲလမ်းမှာ စစ်ကော်မရှင်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးကြောင်း KNDF ထုတ်ပြန်
Sleep Apnoea.mp4
1.3 GB
အိပ်ပျော်နေစဉ် အသက်ရှူရပ်ရပ်သွားခြင်း
(Sleep Apnoea)

အားလုံးပဲမင်္ဂလာပါ။ ဖက်ဒရယ် FM ပရိတ်သက်တွေအားလုံး ကျန်းမာကြပါစေလို့ ဦးစွာဆုတောင်းပေးပါရစေ။ ဖက်ဒရယ် FM ရဲ့ အာရောဂျံ (ကျန်းမာရေး) ပေါ့ကတ်ကနေ ဒီတစ်ခါမှာတော့ “အိပ်ပျော်နေစဉ် အသက်ရှူရပ်ရပ်သွားခြင်း” နဲ့ပတ်သက်တဲ့ အကြောင်းကို CDM အထွေထွေ ဆရာ၀န် ဒေါက်တာစန္ဒီနဲ့ ဝိုင်းတော်သား စောဗစ်ထရီတို့က ဆွေးနွေးတင်ဆက်ထားပါတယ်။

#အာရောဂျံ #ကျန်းမာရေးပေါ့ကတ် #အိပ်ပျော်နေစဉ်အသက်ရှူရပ်ရပ်သွားခြင်း #Sleep_Apnoea
#FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists
_____
Website - https://federalfmradio.com
YouTube - https://www.youtube.com/@federalfmradio
Telegram - https://t.me/federalfm
Instagram - https://www.instagram.com/federalfmradio
TikTok - https://www.tiktok.com/@federalfm_radio
နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုး ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝ မရရှိလို့ ကျဆုံး

ဖက်ဒရယ် FM | မတ်လ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်မှာ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရတဲ့အတွက် ထောင်ထဲမှာပဲ ကျဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

ကိုဝင်းမြင့်စိုးဟာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှာ ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၃၀၂ (က) တို့နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားရပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကစလို့ အသည်းခြောက်ခြင်းနဲ့ ရေဖျဉ်းစွဲခြင်း ဝေဒနာကို ခံစားနေရသူဖြစ် ပြီး ​ရောဂါပြင်းထန်လာလို့ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ကျဆုံးသွားတာဖြစ်တယ်လို့ PPNM ထုတ်ပြန်ချက်အရသိရပါတယ်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရောဂါ အခြေအနေဆိုးလာတာကြောင့် က​လေးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ကုသခဲ့ပါတယ်။

အကျဉ်းထောင်ပြန်ရောက်တဲ့ညမှာဘဲ အသက်ရှူကြပ်ပြီး ဝေဒနာပြန်လည်ပြင်းထန်လို့ ဆေးရုံအချုပ်ဆောင်မှာပဲ ကုသမှုခံယူနေစဉ် အသက်ဆုံးရှူံးသွားတာဖြစ်ပါတယ်။

"​ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့ အကျဉ်းသားတစ်ဦးကို ဆေးရုံမှာပဲ ကုသမူခံယူခိုင်းတာမဟုတ်ဘဲ ထောင်ကိုပြန်ခေါ်လာတာက လူ့အခွင့်ရေးချိုးဖောက်ရာကျပြီး စစ်ကော်မရှင်နဲ့ ထောင်အာဏာပိုင်တွေမှာ တာဝန်ရှိတယ်" လို့ PPNM က တာဝန်ရှိသူတစ်ဦးက ဖက်ဒရယ် FM ကိုပြောပါတယ်။

ကိုဝင်းမြင့်စိုးရဲ့ ရုပ်အလောင်းကိုတော့ သေမှုသေခင်းအတွက် ရဲလာမှာ ဖြစ်တဲ့အတွက် အလောင်းပြန်ပေးလို့မရကြောင်းနဲ့ အလောင်းလိုချင်ရင် တရားရုံးသွားရမှာဖြစ်ကြောင်း စတဲ့အကြောင်းပြချက်တွေနဲ့ မိသားစုဆီကိုတော့ အလောင်းပြန်လည် လွှဲပေးခြင်း မရှိသေးပါဘူး။

ဒီကနေ့ မတ်လ ၁၅ ရက်နေ့၊ ကလေးမြို့ က ပုလဲသုသာန်မှာ အာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ မီးသဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုမရရှိလို့ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား (၂၉) ဦးရှိတယ်လို့ PPNM ထုတ်ပြန်ချက်အရ သိရပါတယ်။

ရေးသူ - ရင်မွန်
ဓာတ်ပုံ - PPNM

#စစ်ကော်မရှင် #နိုင်ငံရေးအကျဉ်းသား
_________
Website - https://Federalfmredio.com
YouTube - https://www.youtube.com/@federalfmredio
Telegram - https://t.me/federalfm
Facebook - https://www.facebook.com/federalfmredio
Instagram - https://www.instagram.com/federalfmredio
Tiktok - https://www.tiktok.com/@federalfm_redio
နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုး ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝ မရရှိလို့ ကျဆုံး
KTLA ချုံခိုတိုက်လို့ ဗထူးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံး

ဖက်ဒရယ် FM | မတ်လ ၁၅ ရက်

တနင်္သာရီတိုင်း၊ ကစယ်ဒိုမြို့နယ် (ထားဝယ်-သရက်ချောင်း အရှေ့ဘက်ခြမ်း ဗန်းချောင်းဒေသ) မှာ ကော်သူးလေတပ်မတော် (KTLA) က လောင်းလုံ PDF (ခ) ဗထူးတပ်ဖွဲ့ဝင်တွေရဲ့ ယာဉ်တန်းကို ချုံခိုတိုက်ခိုက်လို့ ရဲဘော် ၆ ဦးကျဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) က အတည်ပြုပါတယ်။

မနေ့ မတ်လ ၁၄ ရက်မှာ ဗန်းချောင်းဒေသ ဟင်းငပိရွာနဲ့ ပြားသားချောင်းရွာကြားမှာ KTLA တပ်ဖွဲ့ဝင်တွေက ချုံခိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“KTLA က ဘာကြောင့်တိုက်ခိုက်တယ်ဆိုတာ မပြောတတ်ဘူး။ ဒါအကြမ်းဖက်လုပ်ရပ်ဖြစ်တယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်ပဲ။ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ပဲ ဖြစ်တယ်။ ပစ်ခတ်မှုအတွင်း ရဲဘော် ၄ ယောက်ဆုံးတယ်။ ၂ ယောက်ဒဏ်ရာရတယ်။ နောက်ဆုံးသတင်းရရှိတာကတော့ နောက်ထပ် ရဲဘော် ၂ ယောက် အလောင်းထပ်တွေ့တယ်။ အရှင်ဖမ်းပြီး ပစ်သတ်လိုက်တာ။ ဗထူးတပ်ဖွဲ့ပေါ့။ တချို့က လောင်းလုံ PDF လို့ ခေါ်တယ်” လို့ KNU တပ်မဟာ (၄)၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဖက်ဒရယ် FM ကို ပြောပါတယ်။

ဗထူးတပ်ဖွဲ့ဟာ KNU နဲ့ မောတောင်စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး KTLA ဘက်ကို ဖက်ဒရယ် FM က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ အကြောင်းပြန်ကြားလာတာ မရှိသေးပါဘူး။

ရေးသူ - မင်းမြတ်
ဓာတ်ပုံ - ပေးပို့

#KTLA #ချုံခိုတိုက်ခိုက် #ဗထူးတပ်ဖွဲ့ #၆ဦးကျဆုံး #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine
_______________
Website - https://federalfmradio.com
YouTube - https://www.youtube.com/@federalfmradio
Telegram - https://t.me/federalfm
Facebook - https://www.facebook.com/federalfmradio
Instagram - https://www.instagram.com/federalfmradio
TikTok - https://www.tiktok.com/@federalfm_radio
KTLA ချုံခိုတိုက်လို့ ဗထူးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံး
‎တော်လှန်ရေးအင်အားစုတွေအကြား လက်နက်နဲ့ဖြေရှင်းတဲ့ ပုံသဏ္ဍာန်မဖြစ်အောင် ရှောင်ရှားတယ်လို့ PLA ပြော

ဖက်ဒရယ် FM | မတ်လ ၁၅ ရက်

တော်လှန်ရေးအင်အားစုတွေအကြား ပွတ်တိုက်မှုတွေကို လက်နက်နဲ့ ဖြေရှင်းတဲ့ ပုံသဏ္ဍာန်မဖြစ်အောင် ရှောင်ရှားတယ်လို့ ဒီကနေ့ကျရောက်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တည်ထောင်ခြင်း ၅ နှစ်ပြည့်နေ့မှာ ဖက်ဒရယ် FM ကို ပြောပါတယ်။

မြေပြင်မှာလည်း ညှိနှိုင်းဆောင်ရွက်တဲ့နည်းလမ်းနဲ့ တော်လှန်ရေးအင်အားစု အချင်းချင်းကြား ဆောင်ရွက်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဝေယံဖြိုးမိုးက ပြောပါတယ်။

“တော်လှန်ရေးကာလက တစုံတရာကြာမြင့်လာတဲ့အခြေအနေမှာ လူထုစည်းရုံးရေးအခြေအနေ တိုးမြှင့်လုပ်နိုင်ဖို့ ရုန်းကန်နေရတာ ရှိတယ်။ ကြိုးစားနေရတာတွေ ရှိတယ်။ တော်လှန်ရေးအင်အားစု အချင်းချင်းကြား ပွတ်တိုက်မှုတွေကို ထိပ်တိုက်တွေ့မှုအဖြစ် လက်နက်နဲ့ဖြေရှင်းတဲ့ ပုံသဏ္ဍန်မဖြစ်အောင် PLA အနေနဲ့ ရှောင်ရှားတယ်၊ ညှိနှိုင်းဆောင်ရွက်တယ်။ မြေပြင်မှာလည်း တကယ်ဆောင်ရွက်နေတာတွေ ရှိတယ်” လို့ သူက ဆိုပါတယ်။

နွေဦးတော်လှန်ရေး ၅ နှစ်တာကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေအကြား ခိုင်မာတဲ့ညီညွတ်မှုတွေ ရထားသလို တစ်ဖက်မှာလည်း ပဋိပက္ခတွေကြီးမားလာပြီး အဲဒီပဋိပက္ခတွေက စစ်အုပ်စုကိုသာ အကျိုးဖြစ်စေမယ်လို့လည်း PLA က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ သဘောထားထုတ်ပြန် ခဲ့ပါသေးတယ်။

“ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ရော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနေနဲ့ရော သဘောထားထုတ်ပြန်ချက်တွေ အများအပြား ထုတ်ပြန်ခဲ့တာရှိတယ်။ တိုင်းရင်းသားအဖွဲ့တွေပဲဖြစ်ဖြစ်၊ အညာမှာရှိတဲ့ တော်လှန်ရေးတပ်တွေပဲဖြစ်ဖြစ် အကုန်လုံးကို ရည်ရွယ်တာဖြစ်တယ်။ အချင်းချင်းကြားမှာ လက်နက်နဲ့ အဖြေရှာတာ မဖြစ်သင့်ဘူး၊ ဆွေးနွေးညှိနှိုင်းသင့်တယ်ဆိုတာ အကုန်လုံးကို ရည်ရွယ်ထားတာ ဖြစ်တယ်” လို့ ရဲဘော်ဝေယံဖြိုးမိုးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေကလည်း NUG လက်အောက်ခံတပ်တွေနဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ တပ်တွေအကြား လက်နက်အသုံးပြု ဖြေရှင်းမှုတွေရှိခဲ့ပြီး လက်ရှိမှာလည်း ညီနောင်မဟာမိတ်ဖြစ်တဲ့ တအာင်းတပ် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA) တို့ ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ်ပွားနေကြဆဲ ဖြစ်ပါတယ်။

ရေးသူ - မင်းမြတ်
ဓာတ်ပုံ - PLA (ဒီနေ့ကျရောက်တဲ့ PLA တည်ထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားပုံရိပ်)
#PLA #၅နှစ်ပြည့်
#FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _____
Website - https://federalfmradio.com
YouTube - https://www.youtube.com/@federalfmradio
Telegram - https://t.me/federalfm
Instagram - https://www.instagram.com/federalfmradio
TikTok - https://www.tiktok.com/@federalfm_radio
တော်လှန်ရေးအင်အားစုတွေအကြား လက်နက်နဲ့ဖြေရှင်းတဲ့ ပုံသဏ္ဍာန်မဖြစ်အောင် ရှောင်ရှားတယ်လို့ PLA ပြော
ကျောက်ပန်းတောင်း-မြင်းခြံလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်ကားတန်းကို ကြားဖြတ်တိုက်ခဲ့ရာ (၁၂) ဦးသေဆုံးကြောင်း PLA ထုတ်ပြန်

ဖက်ဒရယ် FM | မတ်လ ၁၅ ရက်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း-မြင်းခြံလမ်းပိုင်းပေါ်ရှိ တောင်သာမြို့နယ်၊ အေးရွာအနီးကို ထွက်လာတဲ့ စစ်ကော်မရှင်ကားသုံးစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၁၂ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

"ကားသုံးစီးထွက်လာတာ၊ တစ်စီးက လမ်းဘေးထိုးရပ်ပြီး ပျက်စီးသွားတာဖြစ်ပြီးတော့ စစ်ကော်မရှင်တပ်သား (၈) ဦး​သေဆုံးသွားတာကိုမျက်မြင်တွေ့ပြီး ရရှိတဲ့သတင်း အရ (၁၂) ဦး သေဆုံးမှုရှိတယ်" လို့ PLA က တာဝန်ရှိသူတစ်ဦးက ဖက်ဒရယ် FM ကို ပြောပါတယ်။

မတ်လ ၁၄ ရက်နေ့၊ မနက်ပိုင်းမှာ အင်အား ၃၀၀ လောက်ပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ အေးရွာမှာ ရောက်ရှိနေခဲ့တာဖြစ်ပြီး ကျောက်ပန်းတောင်း-မြင်းခြံလမ်းပိုင်းတစ်လျှောက်က ကျေးရွာတွေဖြစ်တဲ့ ခါးပတ်ရွာမှာ အင်အား ၃၀ ခန့်၊ သမုန်းပင်လမ်းခွဲမှာ အင်အား ၃ဝ ခန့်၊ ကျားနေအိုင် လမ်းခွဲအနီးမှာ အင်အား ၃ဝ ခန့်၊ ဆိတ္ထိန်းရွာ လမ်းခွဲမှာ အင်အား ၃၀ ခန့် နေရာယူထားတယ်လို့ ဆိုပါတယ်။

ညနေပိုင်း ၆ နာရီခန့်မှာ ဆိတ္ထိန်းကျေးရွာကနေ အေးကျေးရွာဘက်ကို အင်အား (၃၀) ဝန်းကျင်နဲ့ ကားသုံးစီး ထွက်လာရာ PLA တပ်တွေ လမ်းပိုင်းနေရာတစ်နေရာမှာ ဖြတ်တိုက်ခဲ့တာဖြစ်ပါတယ်။

ရေးသူ - ရင်မွန်
ဓာတ်ပုံ - PLA
#ကျောက်ပန်းတောင်းမြင်းခြံလမ်း #တောင်သာမြို့နယ် #PLA #စစ်ကော်မရှင်တပ်
___________
Website - https://Federalfmredio.com
YouTube - https://www.youtube.com/@federalfmredio
Telegram - https://t.me/federalfm
Facebook - https://www.facebook.com/federalfmredio
Instagram - https://www.instagram.com/federalfmredio
Tiktok - https://www.tiktok.com/@federalfm_
ကျောက်ပန်းတောင်း-မြင်းခြံလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်ကားတန်းကို ကြားဖြတ်တိုက်ခဲ့ရာ (၁၂) ဦးသေဆုံးကြောင်း PLA ထုတ်ပြန်
Media is too big
VIEW IN TELEGRAM
March 15, 2026 | Sunday Radio Production📻
ယနေ့ ၂၀၂၆ ခုနှစ် မတ်လ ၁၅ ရက် (တနင်္ဂနွေနေ့) နားဆင်ရမည့် အကြောင်းအရာများ
🎙 ဖက်ဒရယ် FMရဲ့ နေ့စဉ်သတင်း
🎙 တအာင်း-ပအိုဝ်း-ကရင်နီ သတင်းပူးပေါင်းထုတ်လွှင့်မှု
🎙 “ခေါင်းခွံများအကြောင်း” ဆိုတဲ့နွေဦးကဗျာ
🎙 အိုးနင်း ခွက်နင်း သတင်းများပေါ့ကတ်စ်

#FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine
_______________
Website - https://federalfmradio.com
YouTube - https://www.youtube.com/@federalfmradio
Telegram - https://t.me/federalfm
Facebook - https://www.facebook.com/federalfmradio
Instagram - https://www.instagram.com/federalfmradio
TikTok - https://www.tiktok.com/@federalfm_radio
Media is too big
VIEW IN TELEGRAM
ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက် (တနင်္ဂနွေနေ့) ဖက်ဒရယ် FM ရဲ့ နေ့စဉ်သတင်းများ

- ဖရူဆို-ထားလဲလမ်းမှာ စစ်ကော်မရှင်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးကြောင်း KNDF ထုတ်ပြန်
- သောင်ရင်းမြစ်အနီးက ပလောတပို့စစ်ရှောင်စခန်းကို စစ်ကော်မရှင်က ဒရုန်းနဲ့ဗုံးကြဲလို့ ၁ ဦး သေဆုံး
- KTLA ချုံခိုတိုက်လို့ ဗထူးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးတဲ့သတင်းအပါအဝင် ဒီနေ့ မတ်လ ၁၅ ရက်နေ့အတွက် ဖက်ဒရယ်FM ရဲ့နေ့စဉ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

#FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine
Media is too big
VIEW IN TELEGRAM
မတ်လ ၁၅ ရက်၊ “တအာင်း-ပအိုဝ်း-ကရင်နီ” သတင်းပူးပေါင်းထုတ်လွှင့်မှု

ဒီနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်၊ တနင်္ဂနွေနေ့ ဖက်ဒရယ် FM ရဲ့ အပတ်စဉ် “တအာင်း-ပအိုဝ်း-ကရင်နီ သတင်းပူးပေါင်းထုတ်လွှင့်မှု” မှာတော့ -
• ညီနောင်မဟာမိတ် ၃ဖွဲ့ ထိန်းချုပ်ထားတဲ့ ၁၀၅ မိုင်ရှိ တအာင်းတပ်အုပ်ချုပ်ရေးအားလုံးကို ကိုးကန့်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့သတင်း
• ဗိုလ်ဓူဝံ ရုံးချိန်းထပ်မံ ပျက်ကွက်ပြီး ရုံးချိန်း ၆ ခုမှာ ၅ ခုပျက်ကွက်ထားတဲ့သတင်းနဲ့ စံကားဒေသမှာ မူးယစ်ဆေးသုံးစွဲသူကို PNO ပြည်သူ့စစ်က ဖမ်းဆီးရိုက်နက်ပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်တဲ့သတင်းအပါအဝင် တစ်ပတ်အတွင်း ထူးခြားသတင်းတွေကို ကြားရမှာပါ။

#တအာင်း_ပအိုဝ်း_ကရင်နီသတင်း #တစ်ပတ်အတွင်းသတင်း #ရွှေဖီမြေ #တအာင်းသတင်း #ThePeople’sVoice #ခမ်းသားငေါဝ်း #ပအိုဝ်းသတင်း #ကရင်နီသတင်း #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists