ပျက်မြန် JOY
1.38K subscribers
866 photos
836 links
Main Channel : @fast_joychannel

Request Movies : @requestmoviesjoyC
Download Telegram
📺 Fear (1996)
#Drama, #Thriller
IMDB: 6.2/10

👈 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👈 ဇာတ်ကားကြည့်ရန်နှိပ်ပါ

Fear စိတ္တဇလူသတ်သမားဇာတ်လမ်းအမျိုးအစားတွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ထပ်ပြီး ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ ၁၉၉၆ခုနှစ်က အမေရိကန်ရုပ်ရှင်။ အသက်ဆယ့်ခြောက်နှစ်အရွယ် ကောင်မလေး နစ်ခိုးလ်ဟာ သူ့အဖေရဲ့ အိမ်ထောင်အသစ်နဲ့အတူ ဝါရှင်တန်မှာ အတူနေကြတယ်။ အလုပ်တွေပဲ အမြဲများနေတတ်တဲ့ အဖေဖြစ်
သူ စတီဗင်က ဒုတိယအိမ်ထောင်ဆက်မှာတော့ သာယာတဲ့မိသားစုလေးကို တည်ထောင်ဖို့ကြိုးစားနေချိန်မှာပဲ နစ်ခိုးလ်က အန္တရာယ်အနံ့အသက်တွေအပြည့်နဲ့ကောင်လေးနဲ့ တွဲလာတယ်။ အစပိုင်းမှာ ယောက်ျားပီသပြီး အရာရာကိုကူညီတတ်တယ်လို့ သူထင်ထားတဲ့ သူ့ကောင်လေးက တဖြည်းဖြည်း စိတ္တဇဆန်လာပြီး လူသတ်ကောင်လိုမျိုးသားရဲဆန်လာတာကို နစ်ခိုးလ် တွေ့လာရတယ်။ အဲဒီအချိန်မှာ နစ်ခိုးလ်က ဒီကောင်လေးနဲ့ ပတ်သက်သမျှကို အဆက်ဖြတ်နိုင်ပါ့မလား သူကစတဲ့ မီးပွားဟာ သူ့မိသားစုဆီမှာပါ
လာစင်မလားဆိုတာ သည်းထိတ်ရင်ဖိုဖွယ်ဇာတ်ဝင်ခန်းများနဲ့အတူကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
📺 ကွန်ဖူး ဘောလုံး
#Action, #Comedy, #Drama
IMDb: 6.3/10

👈 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👈 ဇာတ်ကားကြည့်ရန်နှိပ်ပါ

မစောင့်နိုင်လို့ကြိုကြည့်ချင်ကြတဲ့သူတွေအတွက် ဦးစွာ HDTC Version ကိုအရင်ဆုံးတင်ဆက်လိုက်ပါတယ်..အရသာပြည့်ပြည့်ဝဝခံစားချင်ရင်တော့ Digital Release သာ စောင့်ကြပါလို့ အကြံပေးလိုက်ပါတယ်

၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်လွှားမှာ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ ဂန္ထဝင်ဟာသဇာတ်ကားကြီး "Shaolin Soccer" ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုဆိုရင်တော့ ဆယ်စုနှစ် နှစ်ခုကျော်အကြာမှာ ဟာသဘုရင်ကြီး စတီဖင်ချောင် (Stephen Chow) ကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ "Shaolin Women's Soccer" (သို့မဟုတ်) "Kung Fu Soccer" (功夫女足) ဆိုတဲ့ အသစ်စက်စက် ၂၀၂၆ ထွက် ဇာတ်ကားကြီးနဲ့အတူ ပရိသတ်တွေရှေ့ကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပါပြီ။ ဒီကားမှာတော့ နာမည်ကြီး တရုတ်မင်းသမီးချောလေး Dilraba Dilmurat ၊ Zhang Xiaofei နဲ့ နာမည်ကျော် အဆိုတော်/မင်းသား Lay Zhang တို့က အဓိကပါဝင်အားဖြည့်ထားပြီး Stephen Chow ရဲ့ နာမည်ကျော် အငွေ့အသက်တွေနဲ့အတူ အားရပါးရ ရယ်မောရမယ့် Sports Comedy ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ "Emei" (အော်မေ့) လို့ခေါ်တဲ့ အမျိုးသမီး ဘောလုံးအသင်းလေးရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီအသင်းဟာ အစပိုင်းမှာတော့ ဘယ်သူကမှ အထင်မကြီးတဲ့၊ ပျမ်းမျှအသက် ၃၀ ကျော်အရွယ် အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းလေးတစ်ခုပေါ့။ ဒါပေမဲ့ သူတို့တွေဟာ "Supreme Invincible Cup" ဆိုတဲ့ အကြီးမားဆုံး ဘောလုံးပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့... ရိုးရိုးဘောလုံးကန်တာမျိုးမဟုတ်ဘဲ တရုတ်ရိုးရာ သိုင်းပညာ (Kung Fu) တွေကို ဘောလုံးကစားကွက်တွေထဲမှာ ထည့်သွင်းအသုံးပြုလာကြပါတော့တယ်။ပြိုင်ပွဲတစ်လျှောက်မှာ သူတို့အသင်းလေးဟာ သိုင်းပညာနဲ့ ဘောလုံးပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ စွမ်းရည်တွေကြောင့် အောင်ပွဲတွေ ဆက်တိုက်ရလာခဲ့ပေမဲ့၊ မထင်မှတ်ထားတဲ့ အတွင်းလူရဲ့ သစ္စာဖောက်မှုကြောင့် အကြီးအကျယ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီလို အခက်အခဲတွေ၊ အကြပ်အတည်းတွေကြားထဲကနေ Emei အမျိုးသမီး ဘောလုံးအသင်းလေး ဘယ်လို ပြန်လည်ထလာမလဲ၊ ပြိုင်ဘက်တွေကို သိုင်းကွက်ဆန်းတွေနဲ့ ဘယ်လို အကြိတ်အနယ် ယှဉ်ပြိုင်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ အရင် Shaolin Soccer ရဲ့ အငွေ့အသက်တွေကို အပြည့်အဝ ပြန်လည်ခံစားရစေမယ့်အပြင်၊ Stephen Chow ရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ အဓိပ္ပါယ်မဲ့ ဟာသ (Nonsense Comedy) တွေ၊ အမိုက်စား CGI အထူးပြုလုပ်ချက်တွေနဲ့ သိုင်းကွက်ဆန်းတွေကို ခေတ်မီမီ မြင်တွေ့ရမှာပါ။ ဒါ့အပြင် Carina Lau နဲ့ ဂျပန်မင်းသား Takeru Satoh တို့လို နာမည်ကြီး သရုပ်ဆောင်တွေကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားသေးတာမို့ အရင် Shaolin Soccer ကို သဘောကျခဲ့တဲ့ ပရိသတ်တွေရော၊ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ချင်တဲ့ ပရိသတ်တွေပါ လုံးဝ (လုံးဝ) လက်မလွတ်သင့်တဲ့ ဇာတ်ကားကြီးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
📺 Cosmoball (2020)
#Action, #Sci-fi, #Sport
IMDb: 4.7/10

📎 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

📎 ဇာတ်ကားကြည့်ရန်နှိပ်ပါ

2020 ထွက် ရုရှားသိပ္ပံစိတ်ကူးယဉ်ကားကောင်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အနာဂတ်ကာလမှာ စကြဝဠာစစ်ပွဲကြီးဖြစ်သွားခဲ့ပြီး ကမ္ဘာမြေရဲ့ လပျက်စီးခြင်းနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ကမ္ဘာ‌ေပါ်မှာလည်း လူသားတွေမဖိတ်ခေါ်ပဲရောက်လာတဲ့ စစ်ပွဲအန္တရာယ်ကြောင့် ရာသီဥတုပြောင်းလဲမှုတွေ၊ ရောဂါအသစ်တွေပေါ်ပေါက်လာခဲ့ပြီး ဒုက္ခတွေရောက်နေကြရပါတယ်။ ဒီလိုဒုက္ခရောက်နေကြပေမဲ့လည်း ကမ္ဘာပေါ်ကလူသားတွေရဲ့ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်နောက်တစ်ဆင့်တက်ချိန်ဖြစ်နေတာကြောင့် တယ်လီပို့ လုပ်နိုင်စွမ်းရှိသူ သုံးယောက် ပေါ်လာခဲ့ပါတယ်။ မော်စကိုမြို့ ပေါ်မှာလည်း “ဒုဓလီ” လို့ခေါ်တဲ့ အားကစားရုံယာဉ်ပျံကြီးရောက်နေပြီး အားကစားနည်းအသစ်ဖြစ်တဲ့ ကော့စမိုဘော ဆိုတဲ့ ဘောလုံးအားကစားနည်းကို တယ်လီပို့လုပ်နိုင်စွမ်းရှိတဲ့ အားကစားသမားတွေက ကစားရပါတယ်။ အန်တွန်ကတော့ ခေတ်ပျက်ကြီးထဲမှာမွေးဖွားလာခဲ့တဲ့သူဖြစ်တဲ့အပြင် လုပ်သမျှအလုပ်တိုင်းကလည်းအလွဲလွဲအချော်ချော်ဖြစ်နေတဲ့လူပါ။ တစ်နေ့မှာ သူ့အမေအတွက် ဆေးတွေလိုအပ်လို့ ဆေးဆိုင်မှာသွားခိုးရင်း ရဲကလိုက်ဖမ်းလို့ပြေးတဲ့လမ်းမှာ ကားဖြတ်တိုက်တာခံလိုက်ရပြီး သူ့ရဲ့တယ်လီပို့လုပ်နိုင်စွမ်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကော့စမိုဘော ဆော့ဖို့အတွက် သူ့ကိုလာစည်းရုံးကြပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ကော့စမိုဘောကစားပွဲတွေရဲ့ နောက်ခံအကြောင်းအရင်းတွေက ထင်သလောက်မရိုးရှင်းတဲ့အခါမှာတော့ အန်တွန်တစ်ယောက် ဘယ်လိုဖြစ်ရပ်တွေကို ဆက်ပြီးကြုံတွေ့လာရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး
Please open Telegram to view this post
VIEW IN TELEGRAM
📺 The Door (2025)
#Horror, #Thriller
IMDb: 6.5/10

👈 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👈 ဇာတ်ကားကြည့်ရန်နှိပ်ပါ

“နောက်ဆက်တွဲ” တမီးလ် ဟော်ရာ/သည်းထိပ်ရင်ဖိုရုပ်ရှင်အသစ်လေးကို တင်ဆက်လိုက်ပါတယ် မစ်တရာဟာ ဗိသုကာပညာရှင်လေးတစ်ယောက် သိပ်မကြာသေးခင်က အဖေဖြစ်သူ ဆုံးပါးသွားခဲ့ပြီး အဖေ့ရဲ့နောက်ဆုံးထွက်သက်ငင်ချိန်မှာ အနားရှိမနေပေးခဲ့တဲ့အတွက် နောင်တရနေသူ နောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဘုရားကျောင်းတစ်ခုကို ဖြိုဖျက်ခဲ့မိလို့ ဒီလိုကံဆိုးတယ်လို့ ယုံကြည်နေတယ် တစ်ဖက်မှာလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တခြားသော မသင်္ကာစရာ မတော်တဆမှုတွေ ဖြစ်နေပြီး အထက်လူကြီး တောင်းဆိုချက်နဲ့ ပူဆွေးသောကကို ဘေးချိတ်ကာ လုပ်ငန်းခွင်ပြန်ဝင်လာတဲ့ မစ်တရာ ဘယ်လိုခြောက်လှန့်မှု တွေ့ကြုံရမလဲ၊ မတော်တဆမှုတွေနောက်ကွယ်က လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မှာလား ။ ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
Please open Telegram to view this post
VIEW IN TELEGRAM
📺 Don't Kill It (2016)
#Action, #Horror
IMDb: 5.2/10

👈 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👈 ဇာတ်ကားကြည့်ရန်နှိပ်ပါ

Don’t Kill It အဲ့ဒါကိုမသတ်ပါနဲ့။ဒီဇာတ်ကားနာမည်ကအဲ့ဒါပါ။ ဘာကိုမသတ်ရမှာလဲ။ဘာလို့မသတ်ရမှာလဲ။ သိချင်ရင်တော့ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ ချီကရီခရိခ်ဆိုတဲ့နယ်မြို့သေးသေးလေးမှာ လူသတ်မှုတွေအများကြီး ဖြစ်ပေါ်နေခဲ့ပါတယ်။လူသတ်မှုက တစ်ယောက်ချင်းစီသတ်တာမျိုးမဟုတ်ပဲ တစ်ခါတစ်ခါသေရင် သုံးလေးယောက်အစုလိုက်အပြုံလိုက်ပါပဲ။အဲ့ဒါက ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဒေသခံရဲတွေကလဲ မသိကြသလို လူသတ်သမားကိုလဲ မဖမ်းနိုင်ကြပါဘူး။ဒီလိုနဲ့အဲ့ဒီမြို့ကိုရောက်နေတဲ့ မကောင်းဆိုးဝါးမုဆိုးက ရဲစခန်းကိုသွားပြီးတော့ ဒီလူသတ်မှုတွေက မကောင်းဆိုးဝါးကြောင့် ဖြစ်တယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ဒါပေမယ့် ဘယ်သူမှမယုံတဲ့အတွက် ထောင်ထဲအထည့်ခံလိုက်ရပြီးတော့ အဲ့ဒီမြို့လေးမှာ ငယ်ငယ်တုန်းကနေခဲ့ဖူးတဲ့ FBI ကအေးဂျင့်ပီးယာ့စ်က သူပြောတဲ့အတိုင်း ဖြစ်နေတာကိုမြင်လိုက်ရမှ လာထုတ်ပေးခဲ့ပါတယ်။အဲ့ဒီလိုလူသတ်မှုတွေ ဖြစ်အောင်လုပ်နေတဲ့မကောင်းဆိုးဝါးက တခြားမကောင်းဆိုးဝါးတွေလို မဟုတ်ပဲနဲ့ သူပူးကပ်ထားတဲ့ခန္ဓာကိုယ်ကို သတ်တဲ့ခန္ဓာကိုယ်ထဲကို ပြောင်းရွှေ့ တတ်တဲ့မကောင်းဆိုးဝါးပါ။အဲ့ဒါကြောင့် အဲ့ဒီမကောင်းဆိုးဝါးကို မသတ်ရမှာကို မသိပဲနဲ့ လူတွေကသတ်မိနေတော့မကောင်းဆိုးဝါးက တစ်ယောက်ပြီး တစ်ယောက်ကိုပူးကပ်နေပါတော့တယ် ။ ဒီလိုနဲ့မကောင်းဆိုးဝါးမုဆိုးနဲ့ အေးဂျင့်ပီးယာ့စ်တို့ပူးပေါင်းပြီးတော့ အဲ့ဒီမကောင်းဆိုးဝါးကိုမသတ်ပဲနဲ့ ဘယ်လိုနှိမ်နင်းမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
📺 The Warriors (1979)
#Action, #Crime, #Thriller
IMDb: 7.5/10

👈 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👈 ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဒီဇာတ်ကားက​တော့ New york မြို့ရဲ့ ဂိုဏ်းတစ်ခုက အာဏာရှိတဲ့ ဂိုဏ်း​ခေါင်း​ဆောင်တစ်​ယောက်ကို သတ်မှုနဲ့ စွပ်စွဲခံရတဲ့အ​​ကြောင်းပဲဖြစ်ပါတယ်။ Warriors လို့​ခေါ်တဲ့ စစ်သည်ဂိုဏ်းဟာသူတို့ အိမ်အပြန်လမ်းမှာ ပြိုင်ဘက် ဂိုဏ်းအဖွဲ့​တွေ ရဲ​တွေလက်က​​နေ ဘယ်လိုအတာအစီး​တွေကို​ကျော်ဖြတ်ရသလဲဆိုတာပြသထားပါတယ်။ ဒီဇာတ်ကားမှာ ဂိုဏ်း​တွေရဲ့ တိုက်ခိုက်မှု​တွေ ဓ​လေ့​တွေအပြင် ဂိုဏ်းသား​တွေရဲ့ သစ္စာရှိမှု ရှင်သန်ဖို့ရုန်းကန်မှု​တွေကိုဘယ်လိုပြသထားသလဲဆိုတာကို​တော့ ဇာတ်ကား​လေးထဲမှကြည့်ရှူ့ကြပါဦးခင်ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
📺 Miss Ripley (2011)
#Crime, #Romance
IMDb: 5.5/10

➡️ ဇာတ်ကားကြည့်ရန်နှိပ်ပါ

Jang Mi Ri (Lee Da Hae) က ဂျပန်မှာ နေထိုင်ပြီး သူမပထွေးရဲ့ အကြွေးတွေဆပ်ဖို ဘားတစ်ခုမှာ အလုပ်လုပ်ရတယ်။ ဒါနဲ့ အလုပ် လုပ်နေတဲ့ ဘားကနေထွက်ပြေးပြီး ကိုရီးယားကို ရောက်လာတယ် ။ ကိုရီးယားရောက် အခန်းတစ်ခန်းငှားပြီး ကားရေဆေးအချိန်ပိုင်း အလုပ်ကို ဝင်လုပ်တယ်။ ဂျပန်နိုင်ငံသားဖြစ်တာကြောင့် ကိုရီး ယားမှာနေဖိုဆို အမြဲတမ်းအလုပ်တစ်ခုရဖိုကြိုးစားရှာဖွေတယ်။ ခက်တာက သူမက ဂျပန်လာတဲ့အပြင် ပညာနောက်ခံက မကော င်းတာကြောင့် အမြဲတမ်းအလုပ်ရဖို မလွယ်ကူဘူး။ Jang Myung-Hoon (Kim Seung-Woo) 3 တယ်တစ်ခုမှာအလုပ်လုပ်တယ်။ သူ့ဇနီးက နာမည်ကြီးစန္ဒားပညာ (Hwang Ji-Hyun)ဖြစ်တယ်။ ဟိုတယ်မှာ ဂျ ပန်စကားပြန်တစ်ယောက်လိုအပ်နေခဲ့တယ်။ ဒီလိုအခြေအနေမှာ Mi-Ri က အမြဲအလုပ်တစ်ခုရဖို အင်တာဗျူးတစ်ခုကို သွားခဲ့တ ယ်။ အဲ့မှာ အင်တာဗျူးစဉ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမလို ဖြစ် ပြီး ကံကောင်းထောက်မစွာ လွတ်မြောက်သွားချိန်မှာ Jang Myung-Hoon ရဲ့ ကားနဲ့ တိုးမိပြီး Mi-Ri တစ်ယောက် ဂျပန်လို ဆဲဆို ကြိမ်းမောင်းနေတဲ့အခါမှာတော့.... သူတိုနှစ်ဦးသား တွေ့ဆုံ မူက ဘာတွေ စတင်ဖြစ်ပျက်လာမလဲဆိုတာ စောင့်ကြည့်လိုက် ကြပါနော်။ ရှင့် Lee Gui-Yeon (Hwang)
Please open Telegram to view this post
VIEW IN TELEGRAM
📺 Lupin the Third Collection
#Action, #Adventure, #Comedy, #Crime
IMDb: 7.8/10

▶️ ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

▶️ ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဒီကားကတော့ လူပင် တတိယမျိုးဆက်အကြောင်း Kazuhiko Katō ( Monkey Punch ) Lupin the Third ကို အခြေခံပြီး ပိုကောင်းတဲ့ ရုပ်ထွက်ကွာလတီတွေနဲ့ ရိုက်ကူးထားတာပါ ။

43rd Japan Academy Award Animation of the Year ဆုကို ရခဲ့တဲ့အပြင် အခြားဆု ၆ဆုကိုလည်း ရခဲ့ပါတယ်

နာဇီ ဂျာမနီတွေက Eclipse ကိုလိုချင်တဲ့အတွက် ကြောင့် ပါမောက္ခဘရက်ဆွန်ကိုတောင်းပေမဲ့ မ ပေးတာကြောင့် အသတ်ခံလိုက်ရပါတယ်။

ဒီလိုနဲ့ နှစ်များစွာကြာတဲ့အခါမှာတော့ ပြတိုက်တစ် ခုမှာ ဒိုင်ယာရီကပြန်ပေါ်ပေါက်လာပါတယ်။

ဒီဒိုင်ယာရီကိုခိုးယူဖို့ ကြိုးစားတဲ့အထဲမှာ တတိယ မျိုးဆက် လူပင်နဲ့ လဲ့တိရှာဆိုတဲ့ကောင်မလေး လည်းပါပါတယ်။

လူပင်ကတော့ သိပ်တော်ပြီး ပဟေဠိတွေ စကားဝှက်တွေကိုဖြေရှင်းတာကျွမ်းတဲ့ နာမည်ကြီး သူခိုးတစ်ယောက်ပါ။

လဲ့တိရှာက တကယ်တမ်းတော့ သူခိုးမဟုတ်ဘဲ ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်…

ဒါပေမဲ့ သူဘာကြောင့် ဘရက်ဆွန်ဒိုင်ယာရီကိုဝင် ခိုးရတာလဲ

ဒိုင်ယာရီရဲ့စကားဝှက်တွေ၊ထောင်ချောက်တွေနဲ့ အက်ကလစ်ဆိုတာ ဘယ်လိုစွမ်းအားပြင်းတဲ့ လက်နက်မျိုးလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုပေးကြပါဦးရှင့်။
Please open Telegram to view this post
VIEW IN TELEGRAM
📺 Ajab Prem Ki Ghazab Kahani (2009)
#Action, #Comedy, #Romance
IMDb: 6.5/10

👈 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👈 ဇာတ်ကားကြည့်ရန်နှိပ်ပါ

Ajab Prem Ki Ghazab Kahani ထူးဆန်းတဲ့အချစ်ရဲ့ ဟာသ story လေးပါတဲ့

နာမည်နဲ့လိုက်အောင်ပဲ ရိုလည်းရို ငိုလည်းငိုရတဲ့ အပြင် ရယ်စရာလည်းကောင်းတဲ့ romantic comedy film လေးဖြစ်ပါတယ် Cast တွေကလည်း အိန္ဒိယမှာ ခန်းသုံးခန်းအပြီး တက်လာတဲ့ မင်းသားတွေထဲမှာ အလားအလာအရှိGo Ranbir Kapoor के Bollywood နာမည်ကြီးမင်းသမီး Katrina Kaif တို့က ခေါင်းဆောင်အနေနဲ့ ပါဝင်ထားပါတယ် သုံးသပ်သူ တွေဆီကလည်း Positive reviews တွေရခဲ့ပြီး 3 Idiots နဲ့ Love Aaj Kal ပြီးရင် 2009 ခုနှစ်ရဲ့ တတိယဝင်ငွေအကောင်းဆုံးကားလေး ဖြစ်ခဲ့ပါ တယ်

2009 ခုနှစ်ရဲ့ ဝက်ဝက်ကွဲလူကြိုက်များတဲ့ရုပ်ရှင် တစ်ကား blockbuster လို့လည်း ပြောကြပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ

ပရမ်ဟာ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပြီး သူတစ်ပါးကို ကူညီတတ်တဲ့ လူငယ်လေးတစ် ယောက်ပေါ့ ပေါ့ပေါ့နေ ပေါ့ပေါ့စားတတ်တဲ့ ပရမ် ဟာ သူ့အဖေရဲ့ မကြည်လင်တာလည်းခံရပြီး ခဏခဏ ဆူခံထိပါသတဲ့

တစ်နေ့ပရမ်ဟာ သူငယ်ချင်းအတွက် မိန်းမခိုးပေး ရင်း ဂျန်းနီနဲ့ ဆုံတွေ့ခဲ့ပါတော့တယ် ပရမ်တစ်

ယောက် ဂျန်းနီကိုတွေ့ပြီးနောက်မှာ အရူးအမူးဖြစ် ခဲ့ပြီး သူ့ဘဝကြီးကို ဂျန်းနီအကြိုက်လိုက်နေပေးခဲ့ ပါတော့တယ်

ဒါပေမဲ့ ပရမ်ဟာ အဆင့်အတန်းကွာခြားမှုကြောင့် ဂျန်းနီကို ဖွင့်ဟမပြောရဲခဲ့တော့ friend zone ထဲ မှာပဲ အကြာကြီးပိတ်မိနေခဲ့တာပေါ့

နောက်ဆုံးမှာရော ဂျန်းနီဟာ ပရမ်ရဲ့ပေးဆပ်ချစ် ကို အသိအမှတ်ပြုလာမလား ပရမ်ကရော ဂျန်းနီ ကိုရဖို့ ဘယ်လိုပေးဆပ်မှုတွေလုပ်ခဲ့ရလဲ ပရမ့်ရဲ့ မေတ္တာတွေက ရောင်ပြန်ဟပ်လာပါ့မလား

မိဘတွေရဲ့ မေတ္တာတရား အပေါင်းအသင်းတွေ ကြားက သံယောဇဉ် နဲ့ သူငယ်ချင်းတွေကြားက တစ်ဖက်သတ်အချစ်ကို ပုံဖော်ထားတဲ့ ဒီဇာတ်ကား လေးဟာ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ် တာမို့ ကြည့်ဖို့အတွက် CM ပရိသတ်ကြီးကို တိုက်တွန်းလိုက်ပါတယ်နော်။
Please open Telegram to view this post
VIEW IN TELEGRAM
📺 Kickboxer (1+2)
#Action, #Sport, #Thriller
IMDb: 6.4/10

👈 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👈 ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် Action,sport,thriller ရုပ်ရှင်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့… Champ ဟာ အနောက်နိုင်ငံတစ်ခွင်မှာ သူ့ကိုဘယ်သူမှအနိုင်မယူနိုင်တဲ့ ချန်ပီယံကောင်းတစ်ယောက်ပါ။ ဒီလိုနဲ့သူအားလုံးကိုအနိုင်ပိုင်းပြီးတဲ့နောက်မှာတော့ အားလုံးက kickboxing စတင်ဖြစ်ပေါ်လာတဲ့ ထိုင်းနိုင်ငံကချန်ပီယံကိုလည်း Champ တစ်ယောက်အနိုင်ယူနိုင်ပါ့မလားဆိုပြီးမေးခွန်းထုတ်လာကြပါတယ်။ ဒီလိုနဲ့ ထိုင်းနိုင်ငံရဲ့ချန်ပီယံရဲ့ယှဉ်ပြိုင်တိုက်ခိုက်ပြီးတဲ့နောက်မှာ တစ်ဖက်ပြိုင်ဘက်ရဲ့မညှာတာမှုကြောင့် အကြောသေသွားတဲ့အထိအဖြစ်ဆိုးကြီးနဲ့ကြုံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ သူ့ညီကနေ သူ့အစ်ကိုအတွက် ဘယ်လိုတရားမျှတမှုကို လက်စားချေပြီးပြန်ယူပေးမလဲဆိုတာကိုကြည့်ရမယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ )
Please open Telegram to view this post
VIEW IN TELEGRAM
📺 Elizabeth (1998)
#Biography, #Drama, #History
IMDb: 7.4/10

👈 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👈 ဇာတ်ကားကြည့်ရန်နှိပ်ပါ

၁၉၉၈ ခုနှစ်မှာ ဒါရိုက်တာ Shekhar Kapur ရိုက်ကူးခဲ့တဲ့ "Elizabeth" ရုပ်ရှင်ကားက သမိုင်းဝင် ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ အင်္ဂလန်ဘုရင်မကြီး Elizabeth 1 ရဲ့ နန်းတက် စကာလကနေပြီး အခက်အခဲတွေ၊ ပြိုင်ဘက်တွေ၊ ပုန်ကန်မှုတွေကို ရင်ဆိုင်ကျော်ြဖတ်ခဲ့ရပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အိန္ဒိယလူမျိုး ဒါရိုက်တာက ရိုက်ကူးခဲ့သော်လည်း အနောက်တိုင်းသမိုင်းကို ပြောင်မြောက်တဲ့ လက်ရာအဖြစ်နဲ့ ပြသနိုင်ခဲ့တယ်။ အမှောင်တွင်းက နန်းတွင်းရဲ့ နိုင်ငံရေးတွေ၊ ရှုပ်ထွေးမှုတွေနဲ့ ခမ်းနားတဲ့ ရိုက်ကွင်းနေက ၁၆ ရာစုခေတ် အင်္ဂလန် ရဲ့ အငွေ့အသက်ကို အပြည့်အဝပေးစွမ်းနိုင်ခဲ့ပါ တယ်။

Cate Blanchett ရဲ့ သရုပ်ဆောင်မှုကတော့ ဒီ ဇာတ်ကားရဲ့ အသက်ပါပဲ။ ကနဦး ဖြူစင်ရိုးသား တဲ့ မင်းသမီးဘဝကနေ နောက်ဆုံး အာဏာနဲ့ ရက်စက်မှုကို လက်ကိုင်ထားတဲ့ ဘုရင်မအဖြစ် ပြောင်းလဲသွားပုံကို သရုပ်ဆောင်ထားတာ တကယ့်
ရှယ်ပါပဲ။ အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်ခဲ့ ပြီး သူ့အတွက် ကမ္ဘာအဆင့်မီ သရုပ်ဆောင်အဖြစ် ရပ်တည်နိုင်စေခဲ့တဲ့ကားဆိုလည်း မမှားပါဘူး။

သမိုင်းဆိုင်ရာ အချက်အလက်တွေ ဇာတ်လမ်းအရ တော့ အနည်းငယ် ပြောင်းလဲထားပေမဲ့ စိတ်ဝင်စား ဖို့ကောင်းအောင် တင်ဆက်ပြနိုင်ခဲ့ပါတယ်။

Rating IMDb 7.4 $ Tomato 80% အထိ ရရှိထားပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
📺 Elizabeth: The Golden Age (2007)
#Drama, #History, #Romance
IMDb: 6.8/10

👈 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👈 ဇာတ်ကားကြည့်ရန်နှိပ်ပါ

အနုပညာ ကဗျာစာပေတွေ တစ်ခေတ်ပြန်လည် ထွန်းကားလာတဲ့ ၁၅၅၈-၁၆၀၃ ခုနှစ် ကာလကို The Golden Age လို့ ခေါ်ကြပါတယ်။ အင်္ဂလန်ပြည်ကို Queen Elizabeth I အုပ်စိုးခဲ့စဉ်မှာ ထွန်းကားခဲ့တဲ့ ကာလဖြစ်လို့ Elizabethan era လို့လည်း တင်စားကြပါသေးတယ်။ Queen Elizabeth I ဟာဆိုရင်ဖြင့် တခြားသော ဘုရင်မတွေလို ကြင်ယာဖက်နဲ့အတူ ချစ်ကြည်နူးတစ်တီတူးတတ်တဲ့ မိန်းမ‌တစ်ယောက်တော့ မဟုတ်ပါဘူး။ သူဟာ နိုင်ငံ့အရေးကို သူတစ်ယောက်တည်း အစွမ်းအစနဲ့ ဦးဆောင်နိုင်တယ်လို့ ခံယူချက်ရှိတဲ့ တစ်ကိုယ်တည်း အပျိုကြီးလုပ်ကာ အုပ်ချုပ်သူပါ။ ဒါကြောင့်လည်း သူဟာ Virgin Queen လို့ နာမည်ကြီးပါတယ်။ ဒီဇာတ်လမ်းကတော့ Queen Elizabeth ရဲ့ သူအုပ်စိုးစဉ်ကာလအတွင်းမှာ သူ့ရဲ့စကားကိုတည်အောင် ဘယ်လိုတွေ စွမ်းဆောင်သွားခဲ့လဲ၊ The Golden Age, Elizabethan era လို့ တင်စားရလောက်အောင် သူဘာတွေ စွမ်းဆောင်ခဲ့လဲဆိုတာ ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
📺 Entertainer (2016)
#Comedy, #Drama, #Romance
IMDb: 6.7/10

➡️ ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့ မင်းသားကြီး Jisung ၊ Girl's Day အဖွဲ့ဝင် Hyeri နဲ့ CNBLUE အဖွဲ့ဝင် Minhyuk Ahn Hyoseop, Gong Myung, Park Eunbin, Park Shinhye, Oh Jungse တို့က supporting cast တွေ cameo တွေနေရာကနေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတဲ့ Entertainers ဆိုတဲ့ စီးရီးဟောင်းတစ်ခုပဲဖြစ်ပါ တယ် ။

Shin Seokho (Jisung ) KTOP entertainment ရဲ့ ဒါရိုက်တာအဖြစ်ကနေ ကုမ္ပဏီအသစ်ခွဲထွက်ပြီး .. သူပျိုးထောင်ပေးခဲ့တဲ့ JACKSON လို့ အမည်ရတဲ့ Boy Band ကိုပါ ကုမ္ပဏီအသစ်ကို ခေါ်သွားဖို့ စီစဉ် ထားခဲ့တာပါ ။

ဒါပေမဲ့ KTOP ရဲ့ ကိုယ်စားလှယ်က Seokho ရဲ့ လုပ်ရပ်ကို မကျေနပ်တဲ့အတွက် Seokho ကို ချောက်တွန်းခဲ့ပါတယ် .. ။
ဒီလိုကနေ ထောင်ထဲလည်းရောက် ၊ အကြွေးတွေ လည်း ပိသွားတဲ့ Seokho ဟာ ဘူဆန်ဘက်ကို ဆင်းလာရင်း .. အဆိုတော်ဖြစ်ချင်ပေမဲ့ မဖြစ်ရတဲ့ ကျောင်းသားလေး Jo Haneul (Kang Minhyuk)နဲ့ တွေ့ဆုံမိပြီး ဒီကျောင်းသားလေး ကို အခွေထုတ်ပေးဖို့ ကြိုးစားပါတော့တယ်။

Seokho က Haneul ကို အောင်မြင်တဲ့ အဆိုတော် ဖြစ်အောင် မြေတောင်မြှောက်ပေးသွားနိုင်မလား ။

Haneul ရဲ့ အစ်မဖြစ်သူ Geurim နဲ့လည်း Seokho နဲ့ ဘယ်လိုဆက်ဆံရေးလေးတွေ ပေါ်လာနိုင်မလဲဆိုတာကိုတော့ ဇာတ်ဝင်တေး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ Entertainer စီးရီးမှာ ဆက်လက်ကြည့်ရှုကြရအောင်နော် ။

(အညွှန်းကို Hazelle မှ ရေးသားပေးထားပါတယ်)
Please open Telegram to view this post
VIEW IN TELEGRAM
📺 စူပါဂဲလ် (2026) ကြည်တောက်ရှင်း
#Action, #Adventure, #Drama, #Sci-fi
IMDb: 6.1/10
==============

👈 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👈 ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဇာတ်လမ်းအကျဉ်းကတော့

စူပါဂဲလ် ဟာ သူမရဲ့ အသက် ၂၀ ပြည့် မွေးနေ့အတွက် အပျော်အပါးလွန်ပြီး သောက်စား နေတုန်းမှာ သူမရှိနေတဲ့ ဘား တစ်ခုထဲကို အကူညီမဲ့နေတဲ့ ‌ကလေးမလေး ဟာရောက်လာပါတယ် ။

သူ့ရဲ့မိဘတွေအသတ်ခံခဲ့ရတာဖြစ်ပြီး ထိုရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးကြီးကို လက်စားချေဖို့ အကူညီတောင်းနေတာကြောင့် စူပါဂဲလ် ဟာနောက်ဆုံးမှာ မကြည့်ရက်တော့ဘဲ ကူညီပေးဖို့ အကြောင်းဖန်လာပါတော့တယ်။
Please open Telegram to view this post
VIEW IN TELEGRAM
🌊💖 ငွေသွင်းစရာမလို FREE 5,000 ကျပ် 💖🌊

🐯🐯🐯🐯 🔤🔤🔤
🐯🐯🐯🐯 ⌨️⌨️⌨️⌨️⌨️⌨️
🐯🐯🐯🐯 💙💙💙💙
🐯🐯🐯🐯 🍐🍐🍐🍐


❤️ နေ့တိုင်းရယူနိုင်တဲ့ 🤩🤩🤩 🔣

❤️ စပါယ်ရှယ် ဘောနပ် 🤩🤩🤩 🔣

❤️ ရှယ်တန်တဲ့ စပါယ်ရှယ် 🤩🤩🤩 🔣

❤️

မန်ဘာသစ်တိုင်းအတွက်
🤩🤩🤩 🔣
#Cashout123 #Cashoutmmk #Slot #Fish #Casino #Livecasino #Onlinegames

ယုံကြည်မှုနဲ့ရှေ့ကိုဆက် CashOutMMK ရဲ့ Welcome ဘောနပ်
🤍🤍

Telegram Channel :
https://t.me/cashoutmmk123

🔥🔥🔥🔥🔥 Free Bonus 💸💸
နေ့တိုင်းရယူနိုင်တဲ့
😀😀
မန်ဘာသစ်များတိုင်းရယူနိုင်တဲ့ 300% 💸💸

အကောင့်ဖွင့်ပြီး ဘောနပ်ရယူရန်အတွက်

🌐🌐 - https://bit.ly/4u2uFOT

📱📱 - 09449747647

📱📱 - @cashoutmmk123
Please open Telegram to view this post
VIEW IN TELEGRAM
📺 Gladiator (1+2)
#Action, #Drama, #Adventure
IMDb: 8.5/10

👈 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👈 ဇာတ်ကားကြည့်ရန်နှိပ်ပါ

၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Gladiator … ရဲစွမ်းသတ္တိအပြည့်နဲ့ စစ်သူကြီး မက်စီမက်ဟာ အင်ပါယာပြည့်ရှင် အားကိုး ချစ်မြတ်နိုးရတဲ့ လက်ရုံးတစ်ဦးပါ။ တိုက်ပွဲတိုင်းကို အနိုင်ယူပေးခဲ့လို့ လက်အောက်ငယ်သား အားလုံးကပါ လေးစားရတဲ့သူပေါ့။ ပြည့်ရှင်မင်း ဆီဇာက အင်ပါယာကြီးကို ထူထောင်ခဲ့ပေမဲ့ ရောမကို အာဏာရှင်စနစ်နဲ့ မအုပ်ချုပ်ချင်ပါဘူး။ သမ္မတနိုင်‌ငံတော်ဆိုတဲ့ စနစ်ကို ပြန်ပြောင်းချင်တဲ့သူ။ သူ့သားတော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ သိထားရတဲ့အတွက် မက်စီမက်ကိုပဲ နန်းမွေလွှဲခဲ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်မှာတော့…. ဒီဇာတ်ကားက သွေးသံရဲရဲ ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။ ရောမရဲ့ မပါမဖြစ်တဲ့ အရီနာသတ်ကွင်းတွေထက်က သတ်ပုတ်ကြတဲ့ ပွဲတွေဆိုတာ ဘယ်လိုဆိုတာ သိထားပြီး ဖြစ်ကြမှာပါ။ IMDb 8.5 ရထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
📺 Cannibal Holocaust (1980)
#Adventure, #Horror
IMDb: 5.7/10

👈 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👈 ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဒီဇာတ်လမ်းလေးကတော့ IMdB 5.9/10 ရထားတဲ့

Adventure/Horror ဇာတ်လမ်းလေးပါ.

ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်နိုင်ငံသား ဒါရိုက်တာဖြစ်တဲ့

Allenဟာ သူ့ကောင်မလေးဖြစ်တဲ့ ဇာတ်ညွန်းရေး ဆရာမလေးရယ်

ကင်မရာမန်းနှစ်ယောက်ရယ်နဲ့ အမေဇုန်တောနက် ထဲ

အစိမ်းရောင်ငရဲခန်းလို့ တင်စားထားတဲ့ အသားစား လူမျိုးစု နှစ်ခုရှိတဲ့

နေရာကို စွန့်စားသွားလာခဲ့ပါတယ်.

သူတို့အဲ့ဒီကို သွားလာရတဲ့ ရည်ရွယ်ချက်ကတော့

အဲ့လူမျိုးနွယ်စုနှစ်ခုရဲ့ လူနေမှုစရိုက်ကို မှတ်တမ်း တင် ရုပ်ရှင်ရိုက်ကူးဖို့ပါ..
ဒါပေမယ့် သူတို့ အဲ့ဒီကို ရောက်သွားပြီး နှစ်ပတ်အ ကြာမှာ ဘာသတင်းမှ

မကြားရတော့တာကြောင့် နယူးရော့ တက္ကသိုလ်က

မနုဿဗေဒပေါမောက္ခတစ်ဦးဟာ သူတို့နောက်ကို စွန့်စားပြီး လိုက်လာခဲ့ပါတယ်.

ပေါမောက္ခဟာလဲ တောထဲမှာ လမ်းပြနဲ့အတူ သွား ရင်း

သူတို့ရောက်ရှိခဲ့တဲ့ မျိုးနွယ်စုတွေကို ရောက်ရှိသွား

စိတ်မကောင်းစွာနဲ့ သူတို့အလောင်းတွေကိုပဲတွေ့ခဲ့ ရပါတယ်.ဒါပေမယ့်

ပေါမောက္ခကြီးဟာ အသိညဏ်ပညာရှိသူဖြစ်တာ ကြောင့်

လူရှိုင်းတွေကို စည်းရုံးပြီး သူတို့ရိုက်ကူးခဲ့တဲ့ ဖလင်တွေကို ပြန်လည်ရရှိခဲ့ပါတယ်.

အမေရိကန်ကို ပြန်ရောက်ပြီး ဖလင်တွေကို ပြန်ဖွင့် ကြည့်တဲ့အခါမှာတော့

သူတို့လေးဦးဟာ ဘာတွေရိုက်ကူးခဲ့တယ် လူမျိုး နွယ်စုတွေဟာ တကယ်ပဲ အသားစားသလား? တကယ်ပဲ ရက်စက် သလား???

ဆိုတာကို မှတ်တမ်းတင်ရုပ်ရှင်တစ်ခု

အဖြစ်တင်ဆက်ထားတာကြောင့် ဗဟုသုတရစေမှာ အဖြစ်တ ပါဗျာ...

ဇာတ်ဝင်ခန်းတွေမှာ သွေးထွက်သံယိုနဲ့ လိင်ပိုင်း ဆိုင်ရာ

ဇာတ်ဝင်ခန်းတချို့ပါဝင်တာကြောင့် အသက်၁၈နှစ်အောက်မကြည့်သင့်ပါ....
Please open Telegram to view this post
VIEW IN TELEGRAM
📺 Kill (2023)
#Action, #Crime, #Drama, #Thriller
IMDb: 7.4/10

👈 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👈 ဇာတ်ကားကြည့်ရန်နှိပ်ပါ

"ရထား"
အချစ်ဇာတ်လမ်းနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်အမိုက် စားတို့ကို ပေါင်းစပ်ထားတဲ့ အက်ရှင်ရုပ်ရှင်လေးကို streaming ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်ပေးလိုက်ရ ပါတယ်

ကွန်မန်ဒို ကပ္ပတိန်အာမစ်ရာထောသ် စစ်ဆင်ရေး က ပြန်အရောက် ချစ်သူလေးက ရေးကြီးသုတ်ပျာ ဖုန်းဆက်ခေါ်ပါ သတဲ့

သူ့ကိုအဖေဖြစ်သူက အတင်းစေ့စပ်ပေးတော့မယ် ဆိုတာ သိသိရချင်း လိုက်သွားပြီး ခိုးပြေးဖို့ စီစဉ်ပေမယ့် ကောင်မလေးက အန္တရာယ် များတာကြောင့် ခဏစောင့်ခိုင်းထားပြီး ဒေလီညရထားနဲ့ လိုက်သွား ပါတယ်

အာမစ်လည်း ဒေလီညရထားအမီ လိုက်လာခဲ့ပြီး ရထားပေါ်မှာ ချစ်သူနှစ်ယောက်အတွေ့ လက်ထပ်ခွင့်တောင်း ခေါင်းတွေညိတ်လို့ ရှေ့ဆက်မယ်ကြံကာမှ ဓားပြတစ်သိုက် ရထားပေါ် ရောက်နေတာ သိလိုက်ရတယ်

ကွန်မန်ဒိုရယ် သူ့ဘော်ဒါတစ်ယောက်နဲ့ ဓားပြတွေ ကို ရထားပေါ်မှာ ဘယ်လိုဖိုက်ကြမလဲ အသက်ရှူမနားရအောင် အက်ရှင်ပြကွက် ခပ်သွက်သွက်နဲ့ အပိုတွေသိပ်မလုပ်ဘဲ ဒဲ့ဗျင်းတာကို ပရိတ်ကြီး ရှုစားရမှာပါ

အညွှန်းနဲ့ ဘာသာပြန်ကတော့CM Bollywood Team က ဖြစ်ပါတယ်
Please open Telegram to view this post
VIEW IN TELEGRAM
📺 Kung Fu Yoga (2017)
#Action, #Adventure, #Comedy, #Fantasy, #Mystery
IMDb: 5.2/10

📎 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

📎 ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဒီတစ်ခါတော့ ဟာသအက်ရှင်မင်းသားကြီး ဂျက်ကီချန်းရယ် တရုတ်နဲ့အိန္ဒိယကသရုပ်ဆောင်တွေများစွာရယ် ပူးပေါင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ဂျက်ကီချန်းက တရုတ်နိုင်ငံရဲ့ အရမ်းတော်တဲ့ ရှေးဟောင်းရုပ်ကြွင်းပညာရှင်တစ်ဦးပါ။ တစ်နေ့မှာတော့ သူနဲ့ သူ့တပည့်တွေဆီကို အိန္ဒိယက ပါမောက္ခတစ်ဦးရောက်လာခဲ့ပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်က ပျောက်ဆုံးသွားတဲ့ ရတနာတွေရဲ့ သဲလွန်စကိုတွေ့ရပြီဆိုပြီး ဂျက်ကီချန်းဆီကိုအကူအညီလာတောင်းတာပါ။ အဲဒီကနေ ဂျက်ကီချန်းတို့ကလဲ ကူညီဖို့လိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့မသိခဲ့တာက ထိုရတနာတွေကိုလိုက်ရှာနေတာက သူတို့တင်မဟုတ်ပဲ နောက်တစ်ဖွဲ့ရှိနေခဲ့တယ်ဆိုတာပါပဲ။ အဲဒီမှာ ထိုအဖွဲ့နဲ့ ဘယ်လိုတွေဆုံပြီး ပြဿနာတွေဖြစ်ကြမလဲဆိုတာကို စွန့်စားခန်းတွေ ဟာသတွေ အက်ရှင်တွေရောနှောထားပြီး ဇာတ်ကားနာမည်အတိုင်း ကွန်ဖူးနဲ့ ယောဂကိုလဲ အသားပေးပြီးရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားက 2017ကထွက်ခဲ့တာဆိုပေမဲ့ ကြည့်ပြီးသားသူတွေရှိသလို မကြည့်ရသေးတဲ့သူတွေလဲရှိတဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
📺 Vadhandhi (2022)
#Crime, #Drama, #Mystery, #Thriller
IMDb: 7.9/10

📎 ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

📎 ဇာတ်ကားကြည့်ရန်နှိပ်ပါ

Don ကားထဲက ကျောင်းဆရာအဖြစ်နဲ့ ပရိတ်သတ် တွေရင်ထဲဝင်ရောက်ခဲ့တဲ့ မင်းသားကြီး S.J. Surya ကို

ဒီကားထဲမှာတော့ ရဲတစ်ယောက်အနေနဲ့ အမှုတွေလိုက် ပြဦးမှာပါ မင်းသမီးချောလေး Sanjana

Krishnamoorthy :

ပါဝင်ထားပြီး IMDb rating အမိုက်စားကားဖြစ်လို့ အခုပဲဒေါင်းကြည့်လိုက်ကြပါရှင်

ဇာတ်လမ်းအညွှန်း...

ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က ဇာတ်လမ်းအရ လူသေ အလောင်းတစ်လောင်းလိုအပ်နေပါတယ်

မိတ်ကပ်ပြင်ထားတဲ့အလောင်းကိုရိုက်ကွင်းမှာတွေ့ လေတော့ ရိုက်ကူးရေးစဖို့ပြင်ဆင်ပြီးကာမှ ဒီအလောင်းနေရာမှာသရုပ်ဆောင်ရမဲ့မင်းသမီးက အိမ်လည်းပြန်မလာသလို

မိတ်ကပ်ဆရာကလည်းမပြင်ရသေးပါဘူးတဲ့ ဒီတော့ သူတို့တွေ့ခဲ့တဲ့အလောင်းကိုသေချာကြည့်တော့မှ မိတ်ကပ်ခြယ်သထားတာမဟုတ်ဘဲ သေဆုံးတာ ၃ရက်လောက်ရှိနေတဲ့တကယ့်လူသေအလောင်းကြီး ဖြစ်နေပါတယ်

အလောင်းကပုပ်ပွပြီး လူရုပ်မပေါ်တာကြောင့် ဘယ်သူဘယ်ဝါမသိနိုင်တော့တဲ့အခြေအနေမှာ ဘယ်ကစလို့စုံစမ်းရေးတွေလုပ်ကြမလဲ တရားခံက လည်းကြိုတွေးကြည့်လို့မရတဲ့

တရားခံဖြစ်နေမလားဆိုတာတော့ ဆက်လက်ကြည့်ရှု လိုက်ကြပါနော်
Please open Telegram to view this post
VIEW IN TELEGRAM