Everything here is about you.
141 subscribers
10 photos
Download Telegram
The clouds bring the rain
And my feelings do the same
Falling…it’s crying season
Miss the warmth of ur eyes
But knowing u don’t mind
Falling…i wish it’s just a dream.

- Crying Season
zenithlovesdaisy /Jixk Gabby
5
တချို့လူတွေ
ဘဝထဲ ဝင်လာတာက
အတူတူရှိနေဖို့ မဟုတ်ဘူး ။

မှတ်မိနေဖို့ပါ ။

- အောင်ချိမ့်
4
မင်းက ချစ်ဖို့ သိပ်ကောင်းတယ်

ဒါပေမယ့် ချစ်လို့ မကောင်းဘူး

ထုံကျင်ကိုက်ခဲနေတဲ့ မိုးသားတွေ

ငါ့ရင်ထဲမှာ တရွေ့ရွေ့။

- တည်မြဲလွင်
💔3
ငါတစ်ခုခုလုပ်လိုက်ရင်
မင်းတစ်ခုခုဖြစ်သွားမလားဆိုတဲ့
စိုးရိမ်စိတ်လေး ငါ့မှာရှိသေးတယ်
မချစ်တော့ဘူးဆိုတာ ညာတာ ။

- ခန့်သွယ်
2
ခွင့်လွတ်ပါ ...

လေထဲဆောက်ခဲ့မိတဲ့
အိမ်တွေအတွက်
တိမ်တွေကို အားနာရပါတယ် ။

- မောင်ခက်လူ
💔3
လူ့ဘဝမှာ တခါတလေကျတော့
တစ်စုံတစ်ရာကို ပိုင်ရတာ အရသာဖြစ်သလို
တစ်စုံတစ်ရာကို စွန့်လွှတ်လိုက်ရတာကလည်း
အရသာဆိုတာ ကိုယ်အသေအချာသိခဲ့တယ်။

- ပါပီယွန်
❤‍🔥21
ချစ်တယ်ဆိုတဲ့စကားကို

နောက်တစ်ကြိမ်ဖွင့်ဟဖို့

သတ္တိမရှိတော့တာပါ ။

- (Unknown writer)
3💔1
သတိရခြင်းဟာ

ငါ့ကိုယ္ငါမမှတ်မိတော့တဲ့

မိုးညထဲမွာ....

- စစ်ငြိမ်း
❤‍🔥2
အကြောင်းအရာ တိုက်ဆိုင်လာတိုင်း
ငါတို့စိတ်ကို ဆစ်ကနဲနေအောင်
ကိုက်သွားတတ်တဲ့ အင်းဆက်တွေကို
အမှတ်တရလို့ ခေါ်တယ် ။ ။

- ဆပ်ရိပ်
💔2
ဒီနေ့ ခါတိုင်းထက်ပိုပြီး
သတိရ နေသလိုပဲ

ငှက်ကလေးတစ်ကောင်
နင်တို့မြို့လေးဖက်ဆီ ပျံသွားတယ်

ငါ့ကြောင့် နင်
နာကျင်နေခဲ့ရရင် ခွင့်လွှတ်ပါ
ဆိုတဲ့အကြောင်း
စကား ပါးလိုက်ပါတယ် ...

- သန့်ဇော်
💔41
အဝေးကြီးကရေးတဲ့စာပါ ဟေသာ
ဒါကြောင့် ဖတ်ပါ။

အသက်ရှည်ရှည် နေရတာကို
ကြိုက်လား ဟေသာ။
ငါတော့ မကြိုက်ပါဘူး။

အသက်ရှည်ရတယ်ဆိုတာ
ကိုယ့်ကို နာကျင်လေးလံစေတဲ့
အရာတွေကို ပွေ့ပိုက်ရင်း
ခရီးအရှည်ကြီး ထွက်ရတာပဲလေ။

ငါတော့ လုပ်ချင်ရာတွေလုပ်ပြီး
အသက်လေးဆယ်လောက်မှာ
ငါ့ကိုယ်ငါ ဆူဆိုက်လုပ်ပစ်မယ်။
ငါ့ကို မုန်းတဲ့လူတွေ ပျော်ပါစေ။
ကုသိုလ်ရတာပေါ့။

ငါ့ကို သတိမရတဲ့လူတွေ
မေ့ထားတဲ့လူတွေအတွက်
နောင်တပေါ့။
ငါ သေကိုသေပစ်ဦးမယ်။

အသက်ကလေးရယ်တဲ့
မ ရှည် စေ လို ပါ ဘူး ကွယ် ။

အသက်ရှည်ရတာကို
မကြိုက်နဲ့ဟေသာ။
အဲဒါ လူကျပ်တဲ့ ဘပ်စ်ကားကြီးကို ၊
ဂိတ်စ ဂိတ်ဆုံး စီးရတာ။
မနိုင်တဲ့ ဂိမ်းကို
အကြိမ်ကြိမ် ဆော့ရတာ။
မမီတဲ့ ရထားကို
ဈေးကြီးပေးပြီး လက်မှတ်တွေ
အကြိမ်ကြိမ် ဝယ်ရတာ။
ငါတော့ လူလည်ဖြစ်သွားပြီ။
သေဖို့ ရွေးလိုက်ပြီ။
ယုံစမ်းပါ။ ငါက လူလည်။

စီးကရက် သောက်ပါဟေသာ။
သူက အသက်တိုစေတယ်။
ငါတို့ အကြာကြီး
ဝေးမနေရတော့ဘူးပေါ့။
တစ်စုံတစ်ခုကို စွဲလမ်းရင်း
သေသွားတာမျိုးပေါ့။
မိုက်သားပဲ။

- စစ်ငြိမ်း
❤‍🔥21
ငရဲချင်းအတူတူ
"ဘယ်အထပ်ကပိုပူသလဲ"မေးသလို
တစ်ယောက်နဲ့တစ်ယောက်
"အဆင်ပြေလား"လို့ မေးကြတယ်။

ပြာဟာ
ခန္ဓာကိုယ်ကလည်းထွက်တာပဲ။

ဆွေးစရာကတော့
အရိုးပဲရှိမယ်။

- ကြည်ဇော်အေး
3
ချစ်‌ေသာ Emily....

နာကျင်မှုတွေ ဖြေဖျောက်ဖို့
မင်းကို ကိုယ်ချစ်ခဲ့တာမဟုတ်ဘူး
မင်းဟာ ကိုယ့်ရဲ့
အမြင့်မားဆုံး နာကျင်မှုဖြစ်တယ်
အနက်ရှိုင်းဆုံး ငရဲဖြစ်တယ်
အဆင့်မြင့်ဆုံး ကြေကွဲမှုဖြစ်တယ်
မင်းသိပါတယ်။

အရာရာကို နားလည်သွားပါပြီလို့
ပြောဖို့ ကိုယ်ဘယ်လောက် ပြိုလဲခဲ့ရသလဲ
ဆိုတာ မင်းသိတယ်....။

- စစ်ငြိမ်း
2
အသံနဲ့လည်းကြားပါစေ
အလင်းနဲ့လည်းမြင်ပါစေ
ဘုံအဆင့်ဆင့်မှာ မြင့်သည်ထက်မြင့်ပါစေ
ပို့သသောမေတ္တာ၌ မင်းပျော်ရွှင်ပါစေ။
ပြုခဲ့သောကုသိုလ်၌ မင်းရပါစေ
မေ့လျော့ခြင်းမှာ ငါ နာကျင်ပါစေ။

- ကြည်ဇော်အေး
7
ဒီလိုပါပဲ...
ဘယ်သူမှ မသိအောင်
ပျောက်ကွယ်သွားချင်တယ်ပြောပြီး

တစ်ယောက်ယောက်က
လာရှာနိုင်တဲ့ နေရာမျိုးမှာ
သွားပုန်းမိတာမျိုးတွေ။


- ပြည့်စုံဝင်း
💔1
အရာအားလုံးကို မဆုံးရှုံးခင်
ငါ့ကိုယ်ငါ ဆုံးရှုံးလိုက်ရတယ်။

အရာအားလုံး ဆုံးရှုံးလည်း
ထပ်မနာကျင်တော့ဘူး။

- စိုင်းဝင်းမြင့်
4
တစ်ယောက်တည်း မပျော်နိုင်တာက
ပြဿနာမဟုတ်ဘူး
နှစ်ယောက်တွဲပြီး
စိတ်ထိခိုက်နေရတာကမှ ပြဿနာ။

တစ်ယောက်ယောက်ကြောင့်
ခဏခဏ စိတ်ထိခိုက်နေရရင်
ဒါမှမဟုတ်
တစ်ယောက်ယောက်ကို ခဏခဏ
စိတ်ထိခိုက်အောင် လုပ်မိနေတယ်ထင်ရင်
လက်တွဲ ဖြုတ်ရဲရမယ်။

- Lionel Sn
7
ကျွန်မကတော့ ကိုယ့်ကိုယ်ကို ယုံတာတစ်ခုက
ကောင်းကောင်းချစ်တတ်တဲ့ နှလုံးရှိတယ်လို့ပဲ။
ချစ်စရာရှိရင် ကျွန်မကပဲ ချစ်ချင်တယ်။

- ကြည်အေး
❤‍🔥4
"သိဟ်ရာသီ"

အနှောင့်အယှက်ဖြစ်မှာ စိုးတဲ့စိတ်နဲ့
တိတ်တိတ်လေး နေတတ်တယ်
ရေခဲမြစ်တစ်စင်းလို အသေခံလို့
အဲဒီလို ဝီရိယပိုတတ်တယ်
ကျွန်မကို နားလည်ပါ ။

- မြကျေး
💔2❤‍🔥1