"Go ဆိုတိုင်း သွားတာလား"
go ရဲ့ အဓိပ္ပာယ်ကို ပြောပါဦးလို့ ပြောလိုက်ရင် အများစုက “သွားသည်” လို့ ပြောကြလိမ့်မယ်။ မဟုတ်လို့လားဆိုတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီဝါကျတစ်ကြောင်းကို ဖတ်ကြည့်ပါဦး။
🔸 Leaves go brown in autumn.
သစ်ရွက်တွေက ဆောင်းဦးရာသီမှာ အညိုရောင်ဖြစ်လာတယ်။
ဒီဝါကျမှာတော့ go က တစ်နေရာကနေ တစ်နေရာကို သွားသည်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်တော့ဘူး။ အညိုရောင်ဖြစ်လာသည်။ ညိုလာသည် ဆိုတဲ့ သဘောကိုပြတဲ့ “ဖြစ်လာသည်” ဆိုတဲ့ အဓိပ္ပာယ်ရတယ်။
အင်္ဂလိပ်လိုလေး တစ်ချက်အရင်မှတ်ကြမယ်။
♦️ We use go to mean ‘become’ before some adjectives.
တချို့ adjectives တွေရဲ့ ရှေ့မှာ go ကို ဖြစ်လာသည် (become) ဆိုတဲ့ အဓိပ္ပာယ်နဲ့သုံးတယ်။
go ကို ဖြစ်လာသည် လို့ မှတ်တာကတော့ ဟုတ်ပါပြီ။ ဘယ်စကားလုံးတွေ၊ ဘယ် adjective တွေနဲ့ တွဲရင် ခုလို အဓိပ္ပာယ်ဖြစ်တာလဲ။
ပထမတစ်ချက်ကို အရင်ကြည့်မယ်။
(1) အရောင်ကိုပြတဲ့ စကားလုံးတွေနဲ့ တွဲလိုက်ရင် “ဖြစ်လာတယ်” ဆိုတဲ့ အဓိပ္ပာယ်ရမယ်။
🔸 Leaves go brown in autumn.
ဆောင်းဦးရာသီမှာ သစ်ရွက်တွေ အညိုရောင် ဖြစ်လာတယ်။ (အညိုရောင် ပြောင်းလာတယ်)
🔸 People go red, pale or white with anger; blue with cold; green with seasickness.
လူတွေက ဒေါသနဲ့ (မျက်နှာ) နီရဲလာ/ ဖျော့တော့လာ/ ဖြူလာတတ်တယ်။ အအေးဒဏ်နဲ့ ပြာလာတတ်တယ်။ လှိုင်းမူးတဲ့ဒဏ်နဲ့ စိမ်းလာတတ်တယ်။
🔸 If you faint, everything goes black.
သင်သတိလစ်သွားတဲ့အခါ အရာရာ အမှောင်ကျသွားတယ်။
ခုလိုဝါကျတွေမှာ go ကို သုံးတယ်ဆိုပေမဲ့ ခံ့ခံ့ညားညားရေးတဲ့ ပုံစံနဲ့ဆိုရင် ဒီလိုကိစ္စမျိုးတွေမှာ go အစား turn ကိုသုံးတယ်။
နောက်ထပ် အချက် တစ်ခုကို အင်္ဂလိပ်လို အရင် မှတ်ကြမယ်။
(2) We use go with some other adjectives to talk about things changing for the worse.
အဆိုးဘက်ကို ပြောင်းသွားတဲ့ အရာတွေအကြောင်းကို ပြောဖို့တခြား Adjectives တချို့နဲ့ go ကို သုံးတယ်။
🔸 Her father's going deaf.
သူ့အဖေက နားလေးလာတယ်။
🔸 If anything goes wrong, you can call our emergency hotline free of charge.
တစ်ခုခု အမှားအယွင်းဖြစ်ရင် ကျွန်တော်တို့ရဲ့ အရေးပေါ်ဖုန်းလိုင်းကို အခမဲ့ ခေါ်နိုင်ပါတယ်။
Reference:
Basic English Usage (Michael Swan)
https://dictionary.cambridge.org/dictionary/english/go

“နိုင်ငံခြားသွားမယ်”
တစ်နေရာကိုသွားတယ်ဆိုရင် go to ဆိုတဲ့ စကားလုံး သုံးကြတယ်မဟုတ်လား။ ဆိုပါတော့ “လွန်ခဲ့တဲ့အပတ်က ကျွန်တော် ကလောကို သွားခဲ့တယ်” လို့ ပြောချင်ရင် “I went to Kalaw last week.” လို့ ပြောရမှာပေါ့။
ဒီလိုသုံးရတာကို သိနေတော့ နိုင်ငံခြားသွားတဲ့ အကြောင်းပြောချင်တဲ့အခါ go to abroad လုပ်မိတတ်ကြရော။ တကယ်က နိုင်ငံခြားသွားတယ်၊ ပြည်ပသွားတယ်ဆိုတာကို ပြောတဲ့အခါ abroad ရှေ့မှာ to မထည့်ရပါဘူး။ go abroad လို့ပဲ သုံးရတယ်။
ဥပမာ -
🔸 We always go abroad in the summer.
တို့က နွေရာသီမှာ နိုင်ငံခြားကို အမြဲသွားတယ်။
🔸 He's currently abroad on business.
သူက စီးပွားရေးကိစ္စနဲ့ လောလောဆယ်မှာ ပြည်ပရောက်နေတယ်။
♦️ abroad (နိုင်ငံရပ်ခြား၊ ပြည်ပ) က adverb ဖြစ်ပါတယ်။ in or to a foreign country or countries လို့ အဓိပ္ပာယ်ရပါတယ်။
နောက်ထပ် ဥပမာဝါကျတွေ ကြည့်ကြရအောင်။
🔸 After her divorce she went to live abroad.
ကွာရှင်းအပြီးမှာ သူက နိုင်ငံခြားထွက်နေခဲ့တယ်။
🔸 He wanted the best for his children - good schools, a nice house and trips abroad.
သူက သူ့ရဲ့သားသမီးတွေအတွက် အကောင်းဆုံးကို လိုချင်တဲ့တယ်။ ကျောင်းကောင်းကောင်းတွေ၊ အိမ်ကောင်းကောင်းနဲ့ နိုင်ငံခြားခရီးစဉ်တွေပေါ့။
🔸 We have two grown-up children, both of whom live abroad.
ကျွန်တော်တို့မှာ အရွယ်ရောက်ပြီးတဲ့ သားသမီးနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်လုံး နိုင်ငံခြားမှာ နေကြတယ်။
🔸 They decided to move abroad and make a fresh start.
သူတို့က ပြည်ပကို ပြောင်းရွှေ့ပြီး အသစ်က ပြန်စဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
နိုင်ငံခြားဆိုတာကို adjective အနေနဲ့ သုံးချင်ရင် foreign လို့ သုံးရပါတယ်။ အင်္ဂလိပ်ဘာသာစကား၊ ဂျပန်ဘာသာစကား စတာတွေက foreign languages (နိုင်ငံခြား ဘာသာစကား) တွေပေါ့။
🔸 Spain was the first foreign country she had visited.
စပိန်နိုင်ငံက သူအလည်အပတ်သွားဖူးတဲ့ ပထမဆုံး ပြည်ပနိုင်ငံ ဖြစ်ပါတယ်။
နိုင်ငံခြားသွားတယ်ဆိုတာက နိုင်ငံခြားတိုင်းပြည်တစ်ခုကို သွားတာ မဟုတ်လား။ ဒီတော့ ခုလို ရေးလို့လည်း ရပါတယ်။
🔸 I will go to a foreign country next year.
လာမယ့်နှစ်မှာ ကျွန်တော် နိုင်ငံခြားတိုင်းပြည်တစ်ခုကို သွားမယ်။
ခုလို သုံးတဲ့အခါမှာတော့ go to ဆိုပြီး to ထည့်လို့ ရပါတယ်။ ဒါပေမဲ့ abroad ဆိုတဲ့ adverb ကို သုံးမယ်ဆိုရင်တော့ to မထည့်ရဘူးဆိုတဲ့ အချက် မမေ့နဲ့နော်။
🔹🔹🔹
Telegram တွင် လေ့လာရန်
https://t.me/essentialSayaSithuHtet

“ဘယ်အရိပ် ပိုအေးပါလိမ့်”
အရိပ်ဆိုတာ လူအရိပ်၊ တိရစ္ဆာန်အရိပ်၊ အရာဝတ္ထုတစ်ခုခုရဲ့ အရိပ် စသည်ဖြင့် ဖြစ်နိုင်ပါတယ်။ ဒီလို မျက်နှာပြင်တစ်ခုပေါ်မှာ ပေါ်နေတဲ့ “အရိပ်။ မှောင်ရိပ်” ကို shadow လို့ ခေါ်ပါတယ်။ အင်္ဂလိပ်လို မှတ်ထားချင်ရင်တော့ an area of darkness, caused by light being blocked by something လို့ မှတ်ထားနိုင်ပါတယ်။
ဥပမာ -
🔸 The children were playing, jumping on each other's shadows.
ကလေးတွေက တစ်ယောက်အရိပ်ပေါ် တစ်ယောက်ခုန်ပြီး ကစားနေကြတယ်။
🔸 Ju Ju followed her mother around all day like a shadow.
ဂျူးဂျူးက တစ်နေ့လုံး သူ့အမေနောက်ကို အရိပ်လို လိုက်နေတယ်။
🔸 The sun shone through the leaves, casting/throwing shadows on the lawn.
သစ်ရွက်လေးတွေကို ဖြတ်ပြီး နေထိုးတော့ မြက်ခင်းပြင်ပေါ်မှာ မှောင်ရိပ်လေးတွေ ကျနေတယ်။
နေမပူတဲ့ အေးမြတဲ့အရိပ်၊ တစ်နည်းပြောရရင် အရိပ်အာဝါသကို shade လို့ ခေါ်ပါတယ်။ shade ကို အင်္ဂလိပ်လို slight darkness caused by something blocking the direct light from the sun လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။
ဥပမာ -
🔹 The sun was hot, and there were no trees to offer us shade.
နေက ပူတယ်။ ပြီးတော့ တို့ကို အရိပ်ပေးဖို့ သစ်ပင်တွေလည်း မရှိဘူး။
🔹 The children played in/under the shade of a large beach umbrella.
ကလေးတွေက ကမ်းခြေက ထီးကြီးရဲ့အရိပ်အောက်မှာ ကစားခဲ့ကြတယ်။
❣️❣️❣️

folse_keith_s_great_writing_foundations_international_studen.pdf
74.1 MB
Great Writing (Foundation)
Great_Writing_1_Great_Sentences_for_Great_Paragraphs_Keith_S_Folse.pdf
126.9 MB
Great Writing 1 (5th edition)
National_Geographic_Learning_Great_Writing_Great_Paragraphs_2_Fifth.pdf
149.2 MB
Great Writing 2 (5th edition)
Great_Writing_3_Fifth_edition_Keith_S_Folse,_Elena_Vestri,_David.pdf
132.2 MB
Great Writing 3 (5th edition)
Great_Writing_4_Great_Essays_Keith_S_Folse,_April_Muchmore_Vokoun.pdf
128.5 MB
Great Writing 4 (5th edition)
Great_Writing_5_From_Great_Essays_to_Research_Great_Writing,_Fifth.pdf
52.6 MB
Great Writing 5 (5th edition)
Great Writing စာအုပ်တွဲတွေက Foundation ပါ ထည့်ရေမယ်ဆိုရင် စုစုပေါင်း ခြောက်အုပ်ရှိပါတယ်။
လေ့ကျင့်ခန်းများများနဲ့ အခြေခံကစပြီး လေ့လာလို့ရတဲ့ စာအုပ်တွေမို့ အချိန်ယူပြီး သေချာသင်ပေးတာ၊ လေ့ကျင့်တာဆိုရင် အကျိုးရှိပါတယ်။ တော်တော်များများ သိကြတဲ့ စာအုပ်ပါ။
ခု နောက်ဆုံးထွက် 5th edition စာအုပ်တွေကို လွယ်လွယ်ကူကူ Download ယူနိုင်အောင် Telegram ကနေ တင်ပေးထားပါတယ်။
Foundation
https://t.me/essentialSayaSithuHtet/1000
1
https://t.me/essentialSayaSithuHtet/1001
2
https://t.me/essentialSayaSithuHtet/1002
3
https://t.me/essentialSayaSithuHtet/1003
4
https://t.me/essentialSayaSithuHtet/1004
5
https://t.me/essentialSayaSithuHtet/1005

စကားပြောရာမှာ အသုံးများတဲ့ Question tags တွေအကြောင်း မိတ်ဆက်တင်ပြထားတာပါ။
တစ်ခုခုကို မေတ္တာရပ်ခံချင်တဲ့အခါ၊ ခွင့်ပြုချက်တောင်းတဲ့အခါ အသုံးများတဲ့ Do you mind ...? / Would you mind ...? ပုံစံသုံးစွဲပုံတွေကို အသေးစိတ် ရှင်းပြထားပါတယ်။ လေ့လာကြည့်ပါဦး။