"Lesson 31"
I'm sorry to + (Verb)
"စိတ်မကောင်းပါဘူး၊ ဝမ်းနည်းပါတယ်၊ တောင်းပန်ပါတယ်" စသည်ဖြင့် စာနာသနားတဲ့၊ နောင်တရတဲ့ ခံစားချက်ကို ဖော်ပြတဲ့ စကားကို လေ့လာကြည့်ပါဦး။
https://youtu.be/KiYl7T8uoxQ

YouTube
Lesson 31: I'm sorry to + (Verb)
"စိတ်မကောင်းပါဘူး၊ ဝမ်းနည်းပါတယ်၊ တောင်းပန်ပါတယ်" စသည်ဖြင့် စာနာသနားတဲ့၊ နောင်တရတဲ့ ခံစားချက်ကို ဖော်ပြတဲ့ စကားကို လေ့လာကြည့်ပါဦး။
❤58👍8
"Lesson 32"
စဉ်းစားနေတယ်၊ စိတ်ကူးကြည့်နေတယ် လို့ ပြောချင်ရင် I'm thinking of လို့ ပြောနိုင်ပါတယ်။ လေ့လာကြည့်ပါဦး။
https://youtu.be/UK-ptudki90

Lesson 32: I'm thinking of + (verb-ing)
❤64👍10
အင်္ဂလိပ်စာအုပ်တွေကိုဖတ်ရင်း အကျိုးရှိနိုင်မယ့် အချက်အလက်တွေကို ထုတ်နှုတ်ပြထားပါတယ်။
ဒီ Playlist ကို နှိပ်ပြီး video တစ်ခုချင်းစီကို ကြည့်ရှုလို့ ရပါတယ်ခင်ဗျာ။
Life-changing Books: https://www.youtube.com/playlist?list=PLLutYsv1-KzbRyUfXFlDBXmzyr4pTMcZJ

Life-changing Books
ဖတ်ရှုသင့်တဲ့ စာအုပ်တွေ၊ စာအုပ်ထဲက အရေးကြီးတဲ့ အချက်တွေ ထုတ်နှုတ်တင်ပြထားမှုများ
❤84👍25💘2
Loving vs lovely
============
Loving နဲ့ lovely က ရောတတ်တဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဒီတော့ မမှားရအောင် ကွဲကွဲပြားပြား မှတ်ကြပါမယ်။
Loving က မြန်မာလိုဆိုရင် “ချစ်ခင်သော၊ ကြင်နာသော” လို့ အဓိပ္ပာယ်ရတယ်။ အင်္ဂလိပ်လို မှတ်ထားချင်ရင်တော့ feeling or showing love and care for somebody/something လို့ မှတ်ထားနိုင်ပါတယ်။
ဥပမာ -
the confidence he had gained from having a warm and loving family
နွေးထွေးပြီး ချစ်ခင်ကြင်နာတဲ့မိသားစုရှိတာကနေ သူ ရထားတဲ့ မိမိကိုယ်မိမိ ယုံကြည်မှု
What that child needs is plenty of loving care.
ဒီကလေးလိုတာက ချစ်ခင်ဂရုစိုက်မှုတွေ အများကြီး ဖြစ်ပါတယ်။
Lovely ကျတော့ “လှသော။ ချစ်စရာကောင်းသော။ နှစ်သက်ဖွယ်ဖြစ်သော” စတဲ့ အဓိပ္ပာယ်တွေ ရပါတယ်။ beautiful, attractive, very pleasant စသည်ဖြင့် အင်္ဂလိပ်လို မှတ်ထားနိုင်ပါတယ်။
ဥပမာဝါကျတွေကို ကြည့်လိုက်ပါ။
She looked particularly lovely that night.
အဲဒီညက သူက အထူးလှနေတယ်။
He has a lovely voice.
သူ့မှာ နှစ်သက်ဖွယ်အသံရှိတယ်။
You’ve got lovely eyes.
မင်းမှာ ချစ်စရာ မျက်လုံးလေးတွေ ရှိတယ်။
We travelled through some lovely countryside.
တို့က နှစ်သက်စရာ ကျေးလက်ဒေသကို ဖြတ်ပြီး ခရီးသွားခဲ့တယ်။
She’s got an absolutely lovely face.
သူ့မှာ အလွန်ကို ချစ်စရာကောင်းတဲ့ မျက်နှာလေး ရှိတယ်။
References: OALD, Longman, English-Myanmar Dictionary

❤73👍20👏1
“PREPOSITIONS OF POSITION AND MOVEMENT”
တည်နေရာတို့၊ လှုပ်ရှားမှုတို့ အကြောင်းပြောပြတဲ့ preposition တွေ အကြောင်း ကြည့်ကြမယ်။ စိတ်ဝင်စားစရာကောင်းသလို အသုံးလည်းဝင်တာပေါ့။ ကဲ..စစချင်း ဒီနှစ်ခုကို ကြည့်ရအောင်။
“across, over”
across နဲ့ over ကို “တခြားတစ်ဖက်မှာရှိတဲ့ နေရာ”၊ ဒါမှမဟုတ် “လမ်း၊ တံတား၊ မြစ်၊ နယ်စပ် စတာတွေရဲ့ တခြားတစ်ဖက်ကို သွားခြင်း” ကို ပြဖို့ သုံးသတဲ့။
ဒီအတိုင်း ပြောပြရုံနဲ့ ဘယ်သဘောပေါက်ပါ့မလဲ။ ဒါကြောင့် ဥပမာလေးတွေ ကြည့်ပါ။
Mike lives in the house ACROSS/ OVER the road from ours.
မိုက်ခ်က တို့အိမ်ရဲ့လမ်းတစ်ဖက်က အိမ်မှာနေတယ်။
The truck came towards them ACROSS/ OVER the bridge.
ကုန်တင်ကားကြီးက တံတားပေါ်ကဖြတ်ပြီး သူတို့ဆီလာတယ်။
Once she was ACROSS/ OVER the border, she knew she would be safe.
နယ်စပ်တစ်ဖက်မှာရှိရင် သူလုံခြုံမယ်ဆိုတာ သိတယ်။
အခုပြောခဲ့တာက နှစ်ခုစလုံးရဲ့ ယေဘုယျသုံးစွဲပုံတွေပေါ့။ သီးသန့်သုံးစွဲပုံတွေလည်းရှိသေးတယ်။ နှိုင်းယှဉ်ကြည့်ကြမယ်။
♥ မြင့်တဲ့တစ်စုံတစ်ခုရဲ့ တစ်ဖက်ကို ရောက်တာကို ပြောချင်ရင် over သုံးရတယ်။
ဥပမာ-
He jumped OVER the fence into the garden.
သူက ခြံစည်းရိုးကိုကျော်ပြီး ဥယျာဉ်ထဲ ခုန်ချတယ်။
(တစ်ဖက်ကနေ တခြားတစ်ဖက်ကို သွားတာပါပဲ။ ဒါပေမဲ့ ခြံစည်းရိုးဆိုတာ အမြင့်မဟုတ်လား။ အဲဒီလို မြင့်တဲ့တစ်ခုခုကို ကျော်ပြီး တခြားတစ်ဖက်ကို သွားတာကို across သုံးမှာထက် over သုံးတာ ပိုသင့်တော်တယ်)
♥ ပြန့်တဲ့ မျက်နှာပြင်မျိုး၊ ဒါမှမဟုတ် တိုင်းပြည်လို၊ ပင်လယ်လို နေရာမျိုးအကြောင်းကို ပြောမယ်ဆိုရင်တော့ across ကို ပိုသုံးပါတယ်။
The figures moved rapidly ACROSS the screen.
ဖန်သားပြင်ကို ဖြတ်ပြီး ရုပ်ပုံတွေ လျင်မြန်စွာလှုပ်ရှားနေတယ်။ (ပြန့်တဲ့ မျက်နှာပြင် အကြောင်းပြောတာမို့ over မသုံးဘဲ across သုံးတာ)
The programme was broadcast ACROSS Australia.
ဒီအစီအစဉ်ကို သြစတေးလျမှာ ထုတ်လွှင့်ခဲ့တယ်။ (တိုင်းပြည်အကြောင်း ပြောတာမို့)
♥ “နေရာတစ်ခုရဲ့ အစိတ်အပိုင်းအားလုံးမှာ”၊ ဒါမှမဟုတ် “နေရာတစ်ခုရဲ့ အစိတ်အပိုင်းအားလုံးသို့” ဆိုတဲ့ အဓိပ္ပာယ်နဲ့ဆိုရင် all over သုံးပါတယ်။ all across မသုံးပါဘူး။ လေးနက်စေချင်တဲ့အခါမှာတော့ right across သုံးတတ်ပါတယ်။
The disease has now spread ALL OVER the world. (or..(right) across the world)
ဒီရောဂါက တစ်ကမ္ဘာလုံးကို အခုပြန့်နှံ့သွားတယ်။
ဒီတစ်ခါမှာတော့ နောက်ထပ် preposition နှစ်ခုကို နှိုင်းယှဉ်ပြောရအောင်။
Along, through
♥ လမ်း၊ မြစ် စတာတွေရဲ့ လမ်းကြောင်းအတိုင်း လိုက်သွားတာကို ပြောဖို့ along သုံးပါတယ်။
They walked ALONG the footpath until they came to a small village.
ရွာလေးတစ်ရွာကို ရောက်တဲ့အထိ သူတို့လူသွားလမ်းလေးအတိုင်း လျှောက်ခဲ့တယ်။
♥ ဘေးနားဝန်းကျင်တစ်ခုလုံးမှာ အရာဝတ္ထုတို့ရှိတဲ့ သုံးဘက်မြင်နေရာမှာ လှုပ်ရှားမှုအကြောင်း အလေးပေးပြောချင်ရင် through သုံးရတယ်။ (We use through to emphasize that we are talking about movement in a three dimensional space, with things all around.)
He pushed his way THROUGH a crowd of people to get to her.
သူမဆီကိုရောက်ဖို့ သူက လူအုပ်ကြီးကိုဖြတ်ပြီး တိုးဝှေ့သွားခဲ့ရတယ်။
တစ်ခုပြောစရာရှိတယ်။ ဘေးမှာအရာဝတ္ထုတွေရှိတဲ့ တစ်ခုခုအတွင်းကို ပြောတာတော့ ဟုတ်ပါပြီ။ ဒါဆိုရင် in နဲ့ ဘာကွာမလဲပေါ့။ ဒီလိုပါ။ through က နေရာတစ်ခုရဲ့ တစ်ဖက်၊ ဒါမှမဟုတ် အစွန်းတစ်ခုကနေ တခြားတစ်ခုကို ရွှေ့ရှားမှုကို ရည်ညွှန်းပါတယ်။
She walked THROUGH the forest to get to her grandmother’s house.
သူက အဘွားအိမ်ကို ရောက်ဖို့ သစ်တောကို ဖြတ်ပြီးလမ်းလျှောက်ခဲ့တယ်။
ဒီစာကြောင်းနဲ့ နှိုင်းယှဉ်ကြည့်ပါ။
She spent a lot of her free time walking IN the forest.
သူက သစ်တောထဲမှာ လမ်းလျှောက်ပြီး သူ့ရဲ့အားလုပ်ချိန်အများအပြားကို ကုန်ဆုံးစေခဲ့တယ်။
ဒီအချက်တွေ နားလည်ပြီဆိုရင် နောက်ထပ် preposition တွေအများကြီး အကြောင်းပြောရအောင်။
Above, over; below, under; beneath, underneath; throughout
♥ Above နဲ့ over နှစ်ခုစလုံးကို အရာဝတ္ထုတစ်ခုက တခြားတစ်ခုထက် ပိုမြင့်တဲ့နေရာမှာ ရှိနေတဲ့အကြောင်းကို ပြောဖို့ သုံးတယ်။
Above/ Over the door was a sign saying, “Mind your head’.
တံခါးပေါ်မှာ “ခေါင်းသတိထားပါ” လို့ ပြောထားတဲ့ သင်္ကေတရှိတယ်။
♥ အရာဝတ္ထုတစ်ခုက တခြားအရာအပေါ်ကို တိုက်ရိုက်ရောက်မနေတဲ့အခါမှာ above ကို ပိုသုံးပါတယ်။
The lived in a village in the mountains ABOVE the lake.
သူတို့က ကန်အပေါ်က တောင်တန်းတွေကြားထဲမှာရှိတဲ့ ရွာမှာနေတယ်။ (အပေါ်မှာ တိုက်ရိုက်ကြီး ရှိနေတာ ဘယ်ဟုတ်ပါ့မလဲ)
The bird hovered just few metres ABOVE/ OVER the lake.
ငှက်က ကန်အပေါ်ဘက် မီတာအနည်းငယ်အကွာကနေ ဝဲပျံခဲ့တယ်။ (ဒါကတော့ ကန်အပေါ်မှာ တိုက်ရိုက်ကို ပျံနေတာ)

❤25👍9😁1
♥ တစ်စုံတစ်ခုက တခြားတစ်ခုကို ဖုံးအုပ်ပြီး ထိနေတယ်ဆိုရင် over သုံးရတယ်။ above မသုံးရဘူး။
She put a quilt OVER the bed.
သူက အိပ်ရာပေါ်ကို အိပ်ရာဖုံး ထားခဲ့တယ်။
♥ တစ်စုံတစ်ခုထက် ပိုမြင့်တဲ့နေရာကနေ ရေပြင်ညီလှုပ်ရှားမှုအတိုင်း သွားတာမျိုးကို ပြောဖို့အတွက်လည်း over သုံးလေ့ရှိပါတယ်။
I saw the helicopter fly out OVER the water, near the fishing boat.
ရဟတ်ယာဉ်ကြီး ငါးဖမ်းလှေအနားကနေ ရေအပေါ်ပျံသွားတာ ကျွန်တော်တွေ့ခဲ့တယ်။
♥ Below က above ရဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ under ကတော့ over ရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ below နဲ့ under ကွာခြားပုံက above နဲ့ over ကွာသလိုပါပဲ။
It’s hard to believe that there is a railway line BELOW/ UNDER the building.
ဒီအဆောက်အဦးရဲ့ အောက်မှာ မီးရထားလမ်းရှိတယ်ဆိုတာ ယုံဖို့ ခက်တယ်။ (နိမ့်တဲ့နေရာမှာ ရှိနေတာ)
Her head was BELOW the level of the table and nobody noticed her.
သူ့ရဲ့ခေါင်းက စားပွဲရဲ့အမြင့်အောက်မှာ ရှိနေတယ်။ ဘယ်သူမှ သူ့ကို သတိမထားမိခဲ့ဘူး။ (တိုက်ရိုက်အောက်ရောက်နေတာ မဟုတ်)
She hid the presents UNDER a blanket.
သူက လက်ဆောင်တွေကို စောင်အောက်မှာ ဝှက်ခဲ့တယ်။ (စောင်ကလက်ဆောင်ကို ဖုံးထားပြီး ထိလည်း ထိနေတယ်)
Esther ran UNDER the bridge.
အက်စ်သာက တံတားအောက်မှာ ပြေးခဲ့တယ်။ (ပိုနိမ့်တဲ့နေရာကနေ ရေပြင်ညီအတိုင်း လှုပ်ရှားနေတာ)
♥ Underneath ကို under အစား နေရာပြတဲ့ ဝိဘတ်အဖြစ်သုံးနိုင်တယ်။ beneath ကိုတော့ တစ်ခါတစ်ရံမှာ under တို့ below တို့ကို ပိုပြီးထည်ထည်ဝါဝါရှိအောင် အစားထိုးသုံးတယ်။
♥ တစ်စုံတစ်ခုက နေရာတစ်ခုရဲ့ အစိတ်အပိုင်းတိုင်းမှာ ရှိတာကိုအလေးပေးပြောချင်ရင် throughout ကို သုံးနိုင်ပါတယ်။
The flower is found THROUGHOUT the island.
ဒီပန်းကို ကျွန်းအနှံ့မှာ တွေ့ရတယ်။
The same laws apply THROUGHOUT Europe.
ဥရောပတစ်ခွင်မှာ ဒီဥပဒေတစ်ခုတည်းပဲ ကျင့်သုံးတယ်။
စည်သူထက်
Ref: Advanced Grammar in Use (Martin Hewings)

❤76👍18🥰3
"Preparatory it"
တချို့ကျောင်းသားတွေက ဝါကျအစမှာတွေ့တဲ့ စကားလုံးတွေကို Subject လို့ပဲ ပုံသေမှတ်တတ်ပါတယ်။ ဒါပေမဲ့ ဘယ်ဟုတ်နိုင်ပါ့မလဲ။ ဝါကျတစ်ခုက ဘာအကြောင်းကို အဓိက ပြောချင်တာလဲ။ အဲဒီအကြောင်းအရာက Subject ပါ။
“မင်းနဲ့စကားပြောရတာ ကောင်းတယ်” ဆိုပြီး ပြောတယ်ဆိုပါတော့။ ဘယ်အကြောင်းအရာကို ပြောချင်တာလဲ။
“မင်းနဲ့ စကားပြောရတာ” ပေါ့။ အင်္ဂလိပ်လို to talk to you လို့ ရေးနိုင်တယ်။ “ကောင်းတယ်” ဆိုတာကတော့ is good လို့ ပြောမယ်။ ဒါဆိုရင် To talk to you is good. လို့ ရေးနိုင်မလား။ ရေးရင်တော့ မှားတယ်လို့မပြောနိုင်ပါဘူး။ ဒါပေမဲ့လည်း ဝါကျတစ်ကြောင်းရဲ့ Subject က infinitive ပုံစံဖြစ်နေရင် (ဆိုလိုတာက to + verb တစ်ခုရဲ့ အခြေခံပုံစံဖြစ်နေရင်) အဲဒါကို ဝါကျရဲ့ရှေ့မှာ ထားလေ့မရှိပါဘူး။
ဒါဆိုရင် ဘာလုပ်သလဲ။ preparatory subject နဲ့ စပြီး infinitive ကို နောက်မှာထားလေ့ရှိပါတယ်။ (preparatory ဆိုတာက “အကြိုဖြစ်သော” လို့ ဆိုလိုပါတယ်။)
Preparatory it က be+adjective/ noun ပုံစံတွေနဲ့ အတွေ့ရများပါတယ်။
It’s nice to talk to you.
မင်းနဲ့စကားပြောရတာ ကောင်းတယ်။ (ဒီလိုပြောတာက To talk to you is nice. လို့ပြောတာထက် ပိုပြီး သဘာဝကျတယ်)
နောက်ထပ်ဝါကျတွေကို လေ့လာကြည့်ပါဦး။
It was stupid of you to leave the door unlocked.
မင်း တံခါးကို သော့မခတ်ဘဲထားခဲ့တာ မိုက်တာပဲ။
It’s important to book in advance.
ကြိုပြီး နေရာမှာထားဖို့ အရေးကြီးတယ်။
It’s my ambition to run a three-hour marathon.
သုံးနာရီကြာတဲ့ မာရသွန်ပြိုင်ပွဲမှာ ဝင်ပြေးဖို့က ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ပဲ။
It upsets me to hear people arguing all the time.
လူတွေ တစ်ချိန်လုံး ငြင်းခုံနေတာကို ကြားရတာ ငါစိတ်မချမ်းသာဘူး။
Preparatory subject နဲ့ for+object+infinitive ပုံစံလည်း ဖြစ်နိုင်ပါတယ်။။
It will suit me best for you to arrive at about ten o’clock.
မင်းဆယ်နာရီလောက် ရောက်လာတာ ငါ့အတွက်အဆင်အပြေဆုံးဖြစ်လိမ့်မယ်။
It’s essential for the papers to be ready before Thursday.
ကြာသပတေးနေ့မတိုင်ခင် စာရွက်စာတမ်းတွေ အဆင်သင့်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်တယ်။
ဒီတစ်ခါ ဝါကျတစ်ကြောင်းကို ကြည့်ပါဦး။
It’s probable that we’ll be late.
တို့ နောက်ကျနိုင်တယ်။ (တို့နောက်ကျမှာ ဖြစ်နိုင်တယ်)
ဒီဝါကျမှာလည်း preparatory it ကို သုံးထားတယ်။ ဒါပေမဲ့ subject က to+infinitive မဟုတ်တော့ဘူး။ that we’ll be late တို့နောက်ကျမှာ ဆိုတဲ့ ပုဒ်စု (clause) ဖြစ်နေတယ်။ ဒီတော့ နောက်ထပ် အသုံးလေးတစ်ခု မှတ်ပါဦး။
ဝါကျတစ်ခုရဲ့ subject ကိုယ်တိုင်က clause ဖြစ်နေရင် preparatory it ကို သုံးပါတယ်။
ဥပမာ ဝါကျလေးတွေ ကြည့်ပါ။
It doesn’t interest me what you think.
မင်းတွေးတာ ငါစိတ်မဝင်စားဘူး။
It’s surprising how many unhappy marriages there are.
မပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝတွေအများကြီးရှိတာ အံ့သြစရာပဲ။
It’s exciting when a baby starts talking.
ကလေးတစ်ယောက် စပြီး စကားပြောတတ်တဲ့အခါ စိတ်လှုပ်ရှားစရာပါ။
Ref: Practical English Usage

❤140👍39🔥4🍓4👏1
Great Writing စာအုပ်တွဲတွေက Foundation ပါ ထည့်ရေမယ်ဆိုရင် စုစုပေါင်း ခြောက်အုပ်ရှိပါတယ်။
လေ့ကျင့်ခန်းများများနဲ့ အခြေခံကစပြီး လေ့လာလို့ရတဲ့ စာအုပ်တွေမို့ အချိန်ယူပြီး သေချာသင်ပေးတာ၊ လေ့ကျင့်တာဆိုရင် အကျိုးရှိပါတယ်။ တော်တော်များများ သိကြတဲ့ စာအုပ်ပါ။
ခု နောက်ဆုံးထွက် 5th edition စာအုပ်တွေကို လွယ်လွယ်ကူကူ Download ယူနိုင်အောင် Telegram ကနေ တင်ပေးထားပါတယ်။
Foundation
https://t.me/essentialSayaSithuHtet/1000
1
https://t.me/essentialSayaSithuHtet/1001
2
https://t.me/essentialSayaSithuHtet/1002
3
https://t.me/essentialSayaSithuHtet/1003
4
https://t.me/essentialSayaSithuHtet/1004
5
https://t.me/essentialSayaSithuHtet/1005

❤143👍27🕊5🥰3
💓 သင်္ကြန်အကြောင်း ပြောရအောင် 💓
သင်္ကြန်အကြောင်း ပြောပါ၊ ရေးပါဆိုရင် သင်္ကြန်အကြောင်းသိဖို့နဲ့ ဝေါဟာရတွေ သိထားဖို့လိုပါတယ်။ သင်္ကြန်အကြောင်းကို ပြောလို့၊ ရေးလို့ကောင်းအောင် အစဉ်အတိုင်း စဉ်းစားကြည့်မယ်။
အဓိပ္ပာယ်
-----------
📅 သင်္ကြန် = ပြောင်းလဲခြင်း (change)
သက္ကတ ဘာသာစကား (Sanskrit)က လာပါတယ်။
✒ Thingyan is a word derived from Sanskrit, that means change and accordingly, the Thingyan Festival marks the changing of the old year to the new.
သင်္ကြန်ဆိုတာ သက္ကတဘာသာစကားက ဆင်းသက်လာပြီး ပြောင်းလဲခြင်းလို့အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် သင်္ကြန်ပွဲတော်ဟာ နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးပြောင်းခြင်းကို အမှတ်အသားပြုပါတယ်။
ကျရောက်သည့်လ၊ ကြာချိန်ကာလ
---------------------------------------
📅 မြန်မာပြက္ခဒိန်မှာ ပထမလတဲ့ဖြစ်တဲ့ တန်ခူးလ (Dagu, the first month of the Myanmar calendar)
📅 ဧပြီလ (April)
📅 သုံးရက်သို့မဟုတ် လေးရက်ကြာ (last for three or four days)
✏ သင်္ကြန်အကြို = Thingyan Eve
✏ သင်္ကြန်အကျ = Thingyan Commencement Day
✏ သင်္ကြန်အကြတ် = Thingyan Intermediate Day
✏ သင်္ကြန်အတက် = Thingyan Final Day
✏ နှစ်ဆန်းတစ်ရက် = the Myanmar New Year Day
ရည်ရွယ်ချက်
---------------
(1) နှစ်ဟောင်းက အပြစ်၊ အညစ်အကြေးတွေကို ဆေးကြောပစ်တဲ့သင်္ကေတအနေနဲ့ (as a symbol of washing away the impurities or sins of the old year)
(2) နွေလလယ်ရဲ့ အပူဒဏ်က သက်သာရာရဖို့ (to get relief from the midsummer heat)
(3) ပျော်ဖို့ (to have fun)
သင်္ကြန်ကာလအတွင်း လုပ်ဆောင်ချက်
------------------------------------------
✏ ရေပက်/ရေလောင်း (throw or pour water)
✏ ရေပက်ခံ (receive water-throwing)
✒ Some people go round the town in cars to receive water throwing.
တချို့သူတွေက ကားနဲ့ မြို့ထဲလှည့်လည်ပြီး ရေပက်ခံထွက်ကြတယ်။
✏ ရေပက်ခံရတဲ့အခါ စိတ်မဆိုး
✒ People take no offence when they are doused, knowing that water-throwing is a deep-rooted custom.
ရေပက်တယ်ဆိုတာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ ဓလေ့ထုံးစံဆိုတာ သိကြတော့ လူတွေက ရေပက်ခံရတဲ့အခါ စိတ်မဆိုးဘူး။
✏ ဥပုသ်စောင့် = observe/keep Sabbath
✏ တရားနာ = listen to sermons
✏ တရားထိုင် = sit in meditation
✏ ပုတီးစိပ် = tell beads
✏ စတုဒိသာကျွေး = feed people from the four points of the compass
✒ The custom of feeding-people-from-the-four-points-of-the compass s a deep-rooted tradition of Thingyan.
စတုဒိသာကျွေးတဲ့ ဓလေ့ဟာ သင်္ကြန်ရဲ့ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ ထုံးတမ်းအစဉ်အလာပါပဲ။
နေရာများ/လူများ/အခမ်းအနားများစသည်
---------------------------------------------
✏ ရေပက်မဏ္ဍပ်များ = water-throwing pandals
✏ ရေကစားပျော်မြူးသူများ = revellers
✒ There are pandals everywhere and revellers are entertained with songs and dances.
နေရာတိုင်းမှာ မဏ္ဍပ်တွေရှိပြီး ရေကစားပျော်မြူးသူများကို သီချင်းတွေ၊ အကတွေနဲ့ ဖျော်ဖြေတယ်။
✏ ဂီတအဖွဲ့များ = music troops
✏ ရှင်ပြုပွဲ = novitiation ceremony
✏ ပဉ္စင်းခံပွဲ = ordination ceremony
✒ The prices of foodstuffs and offerings go up around Thingyan as many novitiation and ordination ceremonies are held then.
သင်္ကြန်ပတ်ဝန်းကျင်တွင် ရှင်ပြုပွဲနှင့် ပဉ္စင်းခံပွဲများကျင်းပကြသည့်အတွက် အစားအသောက်ပစ္စည်းများ စျေးတက်သည်။
✏ ဘုန်းကြီးကျောင်း = monastery
✏ တရားစခန်း = meditation centre
✏ သံချပ် = Thangyats or rhymed couplets
ယုံကြည်ချက်ဆိုင်ရာ
----------------------
✏ သိကြားမင်း = Indra, a superior kind of god
✒ It is believed that the Thagyamin (Indra) comes down to the earth from Tawadeintha, his celestrial abode, once a year.
သိကြားမင်းဟာ သူ့ရဲ့တာဝတိံသာနတ်ဘုံကနေ ကမ္ဘာမြေကို တစ်နှစ်တစ်ခါ ဆင်းသက်လာတယ်လို့ ယုံကြည်ကြတယ်။
✒ He makes the descent on Thingyan Commencement Day and the ascent on Thingyan Final Day.
သူဟာ သင်္ကြန်အကျနေ့မှာ ဆင်းလာပြီး သင်္ကြန်အတက်နေ့မှာ ပြန်တက်သွားတယ်။
ရာသီပန်း
----------
✏ ပိတောက် = gumkino flowers
အနှစ်ချုပ်
-----------
✏ အခြေခံအချက် - ဘာသာရေးပွဲတော် (religious festival)
✏ အဓိကအင်္ဂါရပ် = ရေလောင်းခြင်း (water-throwing)
✒ Although Thingyan is a religious festival basically, its main feature is water-throwing.
သင်္ကြန်သည် အခြေခံအားဖြင့် ဘာသာရေးပွဲတော်ဖြစ်သော်လည်း ၄င်း၏အဓိကအင်္ဂါရပ်မှာ ရေလောင်းခြင်းဖြစ်သည်။
References
(1) ချက်ချင်းတတ် အင်္ဂလိပ်ဝါကျအလှပဒေသာ (ဘဝသစ် ဦးအောင်ကျော်)
(2) ပွဲတော်ပဒေသာ (စိုင်းအောင်ဝင်း)
(3) Presenting Myanmar (Maung Kyaa Nyo)

❤262👍50🍓6🔥4🥰4💘2👌1
Basic Writing ကို Telegram မှာ member ဝင်ပြီး လေ့လာနိုင်ပါပြီ။
Essay တွေ ရေးတာပဲ ဖြစ်ဖြစ်၊ တခြားEnglish Writing အတွက်ပဲဖြစ်ဖြစ် ဘယ်လိုတွေး၊ ဘယ်လိုရေးဆိုပြီး ပြောကြပေမဲ့ အခြေခံဝါကျတွေတောင် ဖြောင့်အောင် မရေးတတ်ရင် အဆင်မပြေဘူးလေ။
Writing က ချက်ချင်းသင်၊ ချက်ချင်းတတ်တာမဟုတ်ဘဲ အချိန်ယူရတော့ တချို့လေ့လာသူတွေက အချိန်ယူပြီး လေ့လာချင်ကြတယ်။ အချိန်မရွေး လေ့လာလို့ရတာ သဘောကျကြတယ်။ ဒါဆိုရင် Video သင်ခန်းစာတွေကို အထပ်ထပ်ကြည့်၊ ကိုယ်ရေးချင်တဲ့ပုံစံနဲ့ ချိတ်ဆက်ရေးသားလေ့ကျင့်လို့ ရရင် အဆင်အပြေဆုံးပေါ့။
ဒီ သင်တန်းမှာ video သင်ခန်းစာတွေနဲ့ စကားစု တစ်ခုချင်းစီကစပြီး ရေးတတ်အောင် စသင်ပါတယ်။ စကားစုတွေရေးတတ်ပြီဆိုရင် ဝါကျတည်ဆောက်တတ်အောင်၊ အဲဒီကနေမှ ဝါကျတွေကို ချိတ်ဆက်တတ်၊ အတွေးအစဉ်မပြတ်အောင် သုံးရတဲ့ စကားတွေသုံးတတ်အောင် သင်တာပါ။
ဒါကြောင့် အခြေခံအားနည်းတဲ့အတွက် အခြေခံကစပြီး သေချာလေ့ကျင့်ချင်သူတွေအတွက် ဒီသင်တန်းက အထူးသင့်တော်ပါတယ်။ သင်ထားသမျှ တဆင့်ချင်းစီ ကြေညက်အောင် လေ့လာ၊ လေ့ကျင့်သွားမယ်ဆိုရင် ကိုယ်ပိုင်ဝါကျတွေ သေချာရေးတတ်ပါလိမ့်မယ်။
ဒါ့အပြင် တပည့်တွေ၊ သားသမီးတွေ၊ မောင်နှမတွေကို Writing တဆင့်ပြန်သင်ပေးချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ အဆင်သင့်ပြင်ဆင်ပေးထားတဲ့ မှတ်စုတွေကို Download ယူ၊ သင်ပြထားတဲ့ Video တွေကို နမူနာကြည့်ပြီး ကိုယ့်ကျောင်းသားနဲ့ ကိုက်ညီအောင် ပြင်ဆင်သင်ပြမယ်ဆိုရင် မပင်ပန်းဘဲ အဆင်သင့်သင်ပြနိုင်မှာပါ။
ဒီလို အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ Writing သင်တန်းမှာ member ဝင်ပြီး လေ့လာချင်ရင် သင်တန်းကြေး 60,000 (ခြောက်သောင်းကျပ်) သာ သွင်းဖို့ လိုအပ်ပါတယ်။ Telegram ရှိနေသရွေ့၊ account မပျက်သရွေ့ ရာသက်ပန်လေ့လာလို့ ရပါတယ်။
ဒီ Link ကို နှိပ်ပြီး chat box ကနေ သင်တန်းအပ်လို့ ရပါတယ်ခင်ဗျာ။
t.me/SayaSithuHtetEssentialEnglish

Telegram
Sithu Htet
You can contact @SayaSithuHtetEssentialEnglish right away.
❤77👍7
"ပျော်ရွှင်မှုကို ရှာဖွေခြင်း"
The Best English Magazine, August, 2014
တစ်ခါက လူငါးဆယ်ပါတဲ့ အုပ်စုတစ်စုဟာ ဆွေးနွေးပွဲတစ်ခုကို တက်နေပါတယ်။
ဟောပြောသူက ရုတ်တရက် ရပ်တန့်လိုက်ပြီး လူတစ်ယောက်ကို ပူပေါင်းတစ်လုံးစီ စတင်ပေးပါတယ်။ အဲဒီလူတစ်ယောက်စီကို အမှတ်အသားလုပ်တဲ့ မင်တံသုံးပြီး ပူပေါင်းပေါ်မှာ သူ ဒါမှမဟုတ် သူမရဲ့ နာမည်ကို ရေးခိုင်းတယ်။ အဲဒီနောက် ပူပေါင်းတွေ အားလုံးကို စုပြီး အခန်းတစ်ခန်းထဲထည့်လိုက်ပါတယ်။
အခု အဲဒီကိုယ်စားလှယ်တွေကို အခန်းထဲဝင်ခွင့်ပြုလိုက်ပြီး သူတို့ရဲ့ နာမည်ရေးထားတဲ့ ပူပေါင်းကို ငါးမိနစ်အတွင်းရှာခိုင်းပါတယ်။
လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်ပူပေါင်းတွေကို ကသုတ်ကရက်ရှာကြပါတယ်။ တစ်ယောက်ကို တစ်ယောက် တွန်းထိုးရင်း တိုက်ရင်းနဲ့ပါ။ လုံးဝကို ပရမ်းပတာနဲ့ပေါ့။ ငါးမိနစ်ပြီးတဲ့နောက်မှာ ဘယ်သူကမှ သူတို့နာမည်ပါတဲ့ ပူပေါငိးကို ရှာလို့မရနိုင်ခဲ့ဘူး။
အခုတစ်ယောက်စီကို ပူပေါင်းတစ်လုံး ကြုံရာယူပြီး ပူပေါင်းပေါ်မှာ ရေးထားတဲ့ နာမည်ပိုင်ရှင်ကို ပေးခိုင်းပါတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ လူတိုင်းဟာ သူတို့ရဲ ကိုယ်ပိုင် ပူပေါင်းကို ပြန်ရသွားပါတယ်။
ဟောပြောသူက စတင်ပြောပါတယ်။ “ဒါဟာ ကျွန်တော်တို့ရဲ့ ဘဝမှာ ဖြစ်ပျက်နေတဲ့အတိုင်းအတိအကျပဲဗျ။ လူတိုင်းက ပျော်ရွှင်မှုဆိုတာကို ဘယ်နားရှိနေမှန်းမသိဘဲနဲ့ ကသုတ်ကရက် ရှာနေကြတယ်။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုက တခြားသူတွေရဲ့ ပျော်ရွှင်မှုတွေမှာ ရှိနေပါတယ်။ တခြားသူတွေကို သူတို့ရဲ့ ပျော်ရွှင်မှုတွေပေးလိုက်ပါ။ ခင်ဗျားတို့လည်း ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုကို ရပါလိမ့်မယ်။
ပြီးတော့ ဒါဟာ လူ့ဘဝရဲ့ ရည်ရွယ်ချက်လည်းဖြစ်ပါတယ်။"
Sithu Htet
Ref: Finding Happiness by Author Unknown

❤119👍7🍓2🥰1
"ချစ်သမီးလေးရဲ့ ပုလဲလည်ဆွဲ"
[The Best English Magazine, December, 2014]
ဂျင်နီသည် တောက်ပသော မျက်လုံးလေးများရှိပြီး လှပသော ငါးနှစ်အရွယ် မိန်းကလေးဖြစ်သည်။ တစ်နေ့တွင် သူနှင့် သူ၏မိခင်သည် ကုန်စုံဆိုင်တစ်ဆိုင်တွင် ကြည့်ရှုနေစဉ် ၂ ဒဿမ ၅၀ ဒေါ်လာတန် (၂ ဒေါ်လာနဲ့ ဆင့်ငါးဆယ်တန်) ပလတ်စတစ် ပုလဲလည်ဆွဲလေးကို ဂျင်နီတွေ့သွားသည်။
ထိုလည်ဆွဲလေးကို သူအလွန်လိုချင်မိသည်။ သူသည် မိခင်ကို လည်ဆွဲလေးဝယ်ပေးမလားဟု မေးသောအခါ မိခင်က ပြောသည်။ "အင်း…ဒါလေးက လည်ဆွဲလှလှလေးပဲ။ ဒါပေမဲ့ ပိုက်ဆံတော့ အရမ်းကုန်လိမ့်မယ်။ မေမေပြောမယ်…သမီးလေးကို ဒီလည်ဆွဲလေးမေမေဝယ်ပေးမယ်။ တို့တွေ အိမ်ပြန်ရောက်ရင်တော့ ဒီလည်ဆွဲကိုငွေပေးချေနိုင်ဖို့ သမီးလေးလုပ်ပေးနိုင်တဲ့ အိမ်မှုဝေယျာဝစ္စတွေကို စာရင်းလုပ်ကြမယ်။ နောက်ပြီး သမီးလေးရဲ့ မွေးနေ့အတွက် ဘွားဘွားက ပိုက်ဆံတစ်ဒေါ်လာပေးမယ်ဆိုတာလည်း မမေ့နဲ့နော်။ ဟုတ်ပြီလား"
ဂျင်နီက သဘောတူခဲ့သည်။ သူ၏မိခင်က သူ့ကိုပုလဲလည်ဆွဲလေး ဝယ်ပေးခဲ့သည်။ ဂျင်နီသည် သူ၏အိမ်မှုဝေယျာဝစ္စလေးများကို နေ့စဉ်အလွန် ကြိုးစားလုပ်ကိုင်ပေးသည်။ သူ၏အဘွားကလည်း မွေးနေ့တွင် ဒေါ်လာအသစ်စက်စက်လေးတစ်ရွက်ပေးသည်။ မကြာမီတွင် ဂျင်နီသည် ပုလဲလေးများအတွက် ငွေအကျေချေပြီးသားဖြစ်သွားသည်။
ဂျင်နီသည် ထိုပုလဲလေးများကို အလွန်နှစ်သက်သည်။ နေရာတိုင်းကို ပုလဲလေးများဆွဲသွားသည်။ သူငယ်တန်းသွားတက်သည့်အခါ၊ အိပ်ရာဝင်သည့်အခါ၊ လက်တိုလက်တောင်းလုပ်ကိုင်ပေးရန် မိခင်နှင့်အတူ အပြင်ထွက်သည့်အခါ ပုလဲလေးများဆွဲသွားသည်။ ပုလဲလေးများ မဆွဲသည့် တစ်ခုတည်းသောအချိန်မှာ ရေချိုးသည့်အချိန်သာဖြစ်သည်။ ပုလဲလေးများက သူ၏လည်ပင်းကို အစိမ်းရောင်ပြောင်းသွားစေလိမ့်မည်ဟု သူ၏မိခင်က ပြောထားသောကြောင့်ဖြစ်သည်။
ယခု ဂျင်နီတွင် အလွန်ချစ်စရာကောင်းသည့် ဖေဖေလည်းရှိနေသည်။ ဂျင်နီအိပ်ရာဝင်သည့်အခါ သူသည် ညစဉ်ညတိုင်း အနှစ်သက်ဆုံးကုလားထိုင်မှ ထလာပြီး ဂျင်နီအကြိုက်ဆုံး ဇာတ်လမ်းလေးကို ဖတ်ပြသည်။ တစ်ညတွင် ဇာတ်လမ်းလေးကို ဖတ်ပြပြီးသောအခါ သူက "ဂျင်နီ၊ ဖေဖေ့ကို ချစ်လားသမီးလေး" ဟု မေးသည်။
"ဟုတ်ကဲ့ဖေဖေ၊ မီးမီးချစ်တာဖေဖေသိပါတယ်" ဟု ကလေးမလေးက ပြောသည်။
"အင်း…ဒါဆို၊ မီးမီးရဲ့ ပုလဲလေးတွေ ပေးလေ"
"အို ဖေဖေ၊ မီးမီးရဲ့ပုလဲလေးတွေတော့ မလုပ်ပါနဲ့။ ဒါပေမဲ့ မီးမီးအကြိုက်ဆုံး အရုပ်မလေး ရိုစီကိုတော့ ယူလို့ရပါတယ်။ သူ့ကို မှတ်မိလား။ ပြီးခဲ့တဲ့နှစ် မီးမီးရဲ့ မွေးနေ့တုန်းက ဖေဖေ မီးမီးကို ပေးခဲ့တာလေ။ သူ့ရဲ့လက်ဖက်ရည်ပွဲတက်တဲ့ ဝတ်စုံလေးကိုလည်း ယူလို့ဖြစ်ပါတယ်။ ဖြစ်လားဟင်" ဟု ဂျင်နီကမေးသည်။
"အို မယူတော့ပါဘူး ချစ်ချစ်လေးရယ်၊ ရပါတယ်" ဖခင်က သမီးလေး၏ ပါးပြင်ကို ဖွဖွနမ်းသည်။ "ကောင်းသောညပါ ကလေးရေ"
တစ်ပတ်ကြာသောအခါ သူ၏ဖခင်က ဇာတ်လမ်းလေးဖတ်ပြပြီးသောအခါ မေးပြန်သည်။ "ဖေဖေ့ကို ချစ်လား"
"ဟုတ်ကဲ့ဖေဖေ၊ မီးမီးချစ်တာ ဖေဖေသိပါတယ်"
"အင်း ဒါဆို ဖေဖေ့ကို မီးမီးရဲ့ ပုလဲလေးတွေပေးလေ"
"အို ဖေဖေ၊ မီးမီးရဲ့ ပုလဲလေးတွေတော့မလုပ်ပါနဲ့။ ဒါပေမဲ့ မီးမီးရဲ့ မြင်းရုပ်လေး ရစ်ဘွန်ကိုတော့ ယူလို့ရပါတယ်။ သူ့ကို မှတ်မိလား။ မီးမီး အကြိုက်ဆုံးလေ။ သူ့အမွှေးလေးတွေက ပျော့အိနေတာပဲ။ ဖေဖေ သူနဲ့ ကစားလို့ရတယ်။ သူ့ကို ကျစ်ဆံမြီးထိုးပေးလို့ရတယ်။ ဖေဖေလိုချင်ရင် ရစ်ဘွန်လေးယူနော်" ဟု ကလေးမလေးက သူ၏အဖေကိုပြောသည်။
"ဟင့်အင်း ရပါတယ်ကွယ်" ဟု ဖခင်က ပြောကာ သမီးလေး၏ပါးပြင်ကို ဖွဖွနမ်းသည်။ "ဘုရားသခင် ကောင်းချီးပေးပါစေကလေး။ အိပ်မက်လှလှ မက်ပါစေနော်"
ရက်ပေါင်းများစွာကြာပြီးနောက် ဂျင်နီ၏အဖေက ဝင်လာပြီးသူ့ကို ဇာတ်လမ်းလေးဖတ်ပြသောအခါ ဂျင်နီသည် အိပ်ရာပေါ်တွင် ထိုင်နေပြီး သူကလေး၏ နှုတ်ခမ်းကလည်း တုန်ယင်နေသည်။ "ရော့…ဖေဖေ" ဟု သူကပြောပြီး လက်ကလေးဆန့်ပေးသည်။
သူ့လက်ကို ဖွင့်လိုက်သောအခါ လက်ထဲတွင် သူချစ်မြတ်နိုးလှသော ပုလဲလေးရှိနေသည်။ သူက သူ့အဖေ၏လက်ထဲကို ပုလဲလည်ဆွဲလေး လျှောထည့်ပေးလိုက်သည်။ အဖေက လက်တစ်ဖက်ဖြင့် ပလတ်စတစ်ပုလဲလေးများကိုင်ထားပြီး သူ၏အိပ်ကပ်ထဲမှ အပြာရောင် ကတ္တီပါဘူးလေး ဆွဲထုတ်လိုက်သည်။ ဘူးလေးထဲတွင် လှပသော ပုလဲအစစ်လေးများ ရှိနေလေသည်။
ဖခင်တွင် ပုလဲအစစ်လေးများ တစ်ချိန်လုံးရှိနေခဲ့ပါသည်။ သူသည် ဂျင်နီကို ပုလဲအစစ်လေးများပေးရန် ဂျင်နီက စျေးပေါသည့် ပစ္စည်းလေးကို စွန့်လွှတ်လိုက်မည့် အချိန်ကို စောင့်နေခြင်းသာ ဖြစ်ပါတော့သည်။
စည်သူထက်
Ref: "The Real Pearl Necklace"

❤100👍8🥰4❤🔥3