𝙏𝙤 𝘼𝙣𝙮𝙤𝙣𝙚
5.27K subscribers
343 photos
647 videos
620 links
ကြော်ငြာထည့်သွင်းလိုပါက @nitook2001
Download Telegram
လူတစ်ယောက်ကို
အေးအေးချမ်းချမ်းလေးပဲ ချစ်ချင်တယ်။
မျှော်လင့်ချက်ကင်းကင်းလေးနဲ့
ကိုယ်ပေးနိုင်သလောက် အကောင်းဆုံးပေးမယ်။
အဓိကက ကိုယ်ပေးလိုက်တဲ့
ချစ်ခြင်းမေတ္တာကြောင့် သူ့အတွက် နွေးထွေး
ကြည်လင်သွားတယ်ဆိုရင် လုံလောက်ပါပြီ...။

💭 || 12.1.2026
❤13👍1
နားပူတာတွေမခံနိုင်သလို
စိတ်ရှုပ်တာလည်းမခံနိုင်ဘူး ။

တစ်ခုခုဆို
တိတ်ဆိတ်ဖို့နဲ့စွန့်လွှတ်ဖို့ပဲ
ရွေးချယ်ခဲ့တယ် ။

လူတစ်ယောက်ဖြစ်ဖြစ်
ပစ္စည်းတစ်ခုခုဖြစ်ဖြစ် ။

#ဖားစည်ရည်ကျော်
❤15
ပိုင်ဆိုင်ခဲ့တယ်လို့
ထင်တဲ့အရာတွေကိုလည်း

အချိန်မရွေး ဆုံးရှုံးသွားနိုင်တာကို
နားလည်သဘောပေါက်လာတဲ့အခါ

စွန့်လွှတ်ခြင်းဟာ အေးချမ်းပါလားဆိုတဲ့
သဘောတရားကို မြင်လာလိမ့်မယ်။

💭 || 12.1.2026
❤33👍2
သတိရခြင်းဟာ နေ့စဥ် ပန်းလိုပွင့်ပါတယ်။

💭 || 13.1.2026
❤26❤‍🔥1
မရနိူင်တာကို မလိုချင်ခြင်းဖြင့်
စိတ်ကျန်းမာအောင် နေပါတယ်။

-ရိပ်ငြိမ်
❤24👍2
ချစ်တာကို ချစ်တယ်လို့ ပြောခဲ့ပါတယ်။
ဘာကိုမှမတွေး
သိက္ခာတရားတွေလည်း မတွေး
အခြားသော တိုင်းတာချက်များလည်း မတွေးပါ။

- မြကျေး

💭 || 14.1.2026
❤17😢9
အချစ်ခံရဖို့ သင်က
ပြီးပြည့်စုံနေစရာ မလိုပါဘူး။
သင့်ရဲ့အားနည်းချက်တွေကိုပါ နားလည်
ချစ်မြတ်နိုးပေးနိုင်တာကမှ အချစ်စစ်ပါ။

💭 || 14.1.2026
❤19👍2
ကျောထောက်နောက်ခံ ဆိုတာ
မရှိသူအမြင်မှာ ပိုလှတဲ့
ပန်းချီကားတစ်ချပ်ပဲ

ကိုယ့်ခြေပေါ် ကိုယ်ရပ်တယ် ဆိုပေမဲ့
တစ်ခါတစ်ခါ
လေနှင်ရာ လွင့် ဖို့ လေလာရာကို
ဆန်တက်နေသလို ဖြစ်နေတတ်တယ်

ဒါကြောင့် မင်းအများကြီး
မငေးမိဖို့ လိုတယ်။
❤21👍1
လူတစ်ယောက်ကို
နှစ်တွေအကြာကြီး
ချစ်ပြီးသွားလို့
နောက်ဆုံး လမ်းခွဲလိုက်ရတယ်ဆိုရင်

နောက်ထပ် တစ်ယောက်ကို
အစက ပြန်ချစ်ဖို့
မလွယ်ကူတော့ဘူး။

🌻🤍
#ကျေးကို
❤20🍓5👍2
လောကမှာအကြော"က်
ဆုံးအရာက အမေမရှိတော့မှာကိုပဲ--"

အမေမရှိပဲရှင်သန်ရမယ့် နေ့ရက်တွေအကြောင်း တွေးကြည့်ဖို့တောင်မရဲဘူး--"
❤29💯7🔥1
ကိုယ့်ကိုထားခဲ့နိုင်သူရဲ့ ရင်ထဲမှာလည်း
အဲ့ဒီလိုထားခဲ့ချင်တဲ့
အကြောင်းတစ်ခုခုတော့ ရှိနေမှာပဲ

ကျွန်တော် သူ့ကိုခွင့်လွှတ်တယ်။

• နွေသစ်ငြိမ်း •
❤20😢7
ငွေကြေးပြည့်စုံတဲ့ ကောင်ဆီမှာ
အချစ်ဟာ ဇိမ်ခံပစ္စည်းဖြစ်ပြီး
ဆင်းရဲ့ချို့တဲ့ တဲ့ ကောင်ဆီမှာတော့
အချစ်ဟာ ဒုက္ခပဲ ကိုယ့်ညီရ။

• ရိပ်ငြိမ် •
❤26
တိတ်တိတ်လေး သဘောကျရအောင်လည်း မင်းက အများကြီး ချစ်ဖို့ကောင်းနေတော့ ခက်ပြန်ရော..။

💭 || 16.1.2026
❤28
မီးပွိုင့်နီလို့ ရပ်သွားတဲ့ကားတွေကို
ကိုယ်လမ်းဖြတ်ကူးလို့
ရပ်ပေးတယ်လို့
ထင်ယောင်ထင်မှားမိခြင်းဟာ
ဘယ်လောက်တောင်အရှက်မရှိ
မိုက်မဲတဲ့ ဘဝင်မြင့်မှုမျိုးလဲနော်။

ဥပမာ ဒီလောက်ဆို
ဒီနှစ်အတွင်း
ကျွန်တော် ဘာကိုရှက်နေလဲဆိုတာ
ခင်ဗျားနားလည်မှာပါ။

• ချောနကျယ် •
❤19😭2
စိတ်နာချင်ယောင် ဆောင်တာပါ
ချစ်ပြီးသား လူတစ်ယောက်ကို ဒီနှလုံးသားက
လွယ်လွယ်ကူကူ မုန်းမရပါဘူး ။

• တက္ကသိုလ်ဘုန်းနိုင် •
❤21😢3
လူတစ်ယောက်ကို အဲ့သလောက်
ချစ်နိုင်ပါလားလို့
ခင်ဗျား ကိုယ် ခင်ဗျား
အံ့သြမှင်သက်လို့ မဆုံးခင်မှာပဲ

အဲ့ဒီလူဟာ ခင်ဗျား ဘဝထဲက ထွက်သွားဖို့
တနည်းနည်းနဲ့ ပြင်ဆင်ပြီးနေပြီ ဖြစ်တယ်
ခင်ဗျားတို့ တစ်ဘဝလုံး သိလာတဲ့
ချစ်ခြင်းမေတ္တာရဲ့ အသွင်သဏ္ဍာန်ဆိုတာ အဲ့ဒါပါပဲ

• ဘုန်းပြည့်စုံမင်း •
❤20😢5
ကြာကြာစိတ်မဆိုးနိုင်တာကလဲ
ချစ်ခြင်းမေတ္တာပါပဲ ။

💭 || 17.1.2026
❤31
ငယ်ရွယ်မှုက

ဘာနဲ့မှတုလို့ မရပါဘူး

ဒါကြောင့် သူတို့ သူတို့

အရူးအမူး ချစ်ကြပါစေ။

• အောင်ချိမ့် •
❤23
မေ့သွားတယ်ဆိုတာ
တကယ်မရှိပါဘူး ။

အမှန်က

မေ့မေ့ပျောက်ပျောက်နေလိုက်ကြရတာ ….

-မယ်ညို

💭 || 17.1.2026
❤19👍1🔥1
စိတ်ထား မကောင်းလိုက်တာ နဲ့
ကိုယ့်ရဲ့ဘုန်းကံဟာ
အမြန်ကျဆင်းသွားပါတယ်။

စိတ်ထား မမှန်လိုက်တာနဲ့
ကိုယ့်က အရင်
ပူလောင်ဆင်းရဲသွားရပါတယ်။

သူများကို တိုက်ခိုက်ခြင်းဟာ
ကိုယ့်ဘဝကို တူးဖြိုနေတာပါ။

သူများကို စိတ်တိုနေတာဟာ
ကိုယ့်ဘ၀ကို
အဆိပ်ရည်နဲ့လောင်းနေတာပါ။

သူများကို မကောင်းကြံလို့လည်း
ကိုယ်အမြဲ အနိုင်ရ မနေပါဘူး။

ကိုယ့်အလှည့်ဆိုတာလည်း
ပြန်ကြုံလာတတ်သေးတဲ့အတွက်

ဘာဖြစ်ဖြစ် စိတ်မကွက်ဘဲ
မေတ္တာစိတ်လေးထားပြီးတော့
စိတ်ထားမှန်အောင်သာကြိုးစားပါ 🖤🍀
❤22🥰2
ဘယ်လောက်ပဲ အဆင်မပြေမှုတွေရှိရှိ
“ချစ်လား”လို့မေးလိုက်တိုင်း
“သိပ်ချစ်တာ မသိဘူးလား”လို့
ပြောမယ့်သူတစ်ယောက်သာရှိရင်
ကျွန်တော်တို့ဟာ နာကျင်စရာတွေ
ရှိနေရင်တောင် ရယ်မောနိုင်ကြဦးမှာ။

💭 || 17.1.2026
❤33❤‍🔥4💯1