𝙏𝙤 𝘼𝙣𝙮𝙤𝙣𝙚
5.27K subscribers
343 photos
647 videos
620 links
ကြော်ငြာထည့်သွင်းလိုပါက @nitook2001
Download Telegram
အချိန်တိုင်း စိတ်ပင်ပန်းနေတာမျိုးကို
အကျင့်မလုပ်နဲ့။ တစ်ခါတလေကျရင်
အများကြီးမတွေးတာကောင်းတယ်။

💭 || 3.6.2026
❤31👍4🔥3😢2
လူတိုင်းမှာ favorite person ဆိုတာရှိပါတယ်

လူတစ်ယောက်နဲ့ စကားပြောရတာဖြစ်ဖြစ်

အပြန်အလှန်စာပို့ကြတာပဲဖြစ်ဖြစ်

သူနဲ့ပြောနေရရင်ကို ပတ်ဝန်းကျင်ကိုမေ့ပြီး
အလိုလိုပြုံးမိတာမျိုး

စကားပြောနေရရင် စာပို့နေရရင်ကို
အလိုလိုစိတ်ကြည်နူးနေမိတာမျိုး

အဲ့လိုဆိုရင် သေချာပါတယ်
အဲ့ဒီလူကမင်းရဲ့ favourite person ပါပဲ 🖤
❤25🥰3🍓1
ငယ်ငယ်တုန်းက ကိုယ့်မိဘတွေ
ပြောဖူးတာလေး ရှိတယ်။

"အများကြီးတွေသိရင်
အများကြီးတွေ စိတ်ပင်ပန်းရမယ်" တဲ့။

အသက်ကြီးလာတဲ့အခါ အဲဒီစကားက
တကယ်မှန်တယ် ဆိုတာကို သဘောပေါက်ခဲ့တယ်။

တကယ်တော့ လူတွေဟာ ငယ်ရွယ်တဲ့ အချိန်မှာ
ပိုပြီးပျော်ရွှင်ခဲ့ကြတာ မဟုတ်ပါဘူး၊

ငယ်ငယ်တုန်းက သူတို့ သိတဲ့အရာတွေ
သိပ်မများခဲ့ကြသေးလို့ပဲ ဖြစ်ပါလိမ့်မယ်။
❤25👍3🍓2
အဖွားက ပြောဖူးတယ်...

"ကိုယ်သိပ်ချစ်ရတဲ့ "လူ" ကို ရင်ဘက်ထဲမှာထား

ကို့ကိုယ် သိပ်ချစ်ရတဲ့ "လူ" ကိုတော့ ထာဝရဘေးနားမှာ လက်တွဲဖော်အဖြစ်ထားတဲ့

အနည်းဆုံးတော့ ကျွန်တော်တို့ရဲ့ အနာဂတ်မှာ
အပြုံးတွေနဲ့ ဖြတ်သန်းနိုင်ဖို့ဖန်တီး ပေးမယ့်

လက်တစ်စုံက ကျွန်တော်တို့ကို သိပ်ချစ်သောသူကပဲ
ဖြစ်နိုင်ပါလိမ့်မယ်" တဲ့
❤36👍3
ပြောင်းလဲတက်တဲ့စိတ်ဆိုတာ
လူတိုင်းလိုလိုမှာရှိတက်ကြတယ်
ဒါပေမယ့်...
စိတ်အလိုလိုက်ပြီးပြောင်းလဲလို့တော့မဖြစ်ဘူး

အထူးသဖြင့်..
ကိုယ်ချစ်ရတဲ့သူအပေါ်တော့
အလွယ်လေး မပြောင်းလဲလိုက်နဲ့

သူ့မှာမင်းနဲ့ပတ်သတ်ပြီး
မျှော်လင့်ထားတာတွေအများကြီးရှိတယ်
အိမ်မက်တွေလည်းရှိတယ်
ရည်စူးထားတာတွေလည်းရှိတယ်

ထိန်းသိမ်းရမဲ့အရာကိုထိန်းသိမ်းပါ
စောင့်ထိန်းရမဲ့အရာကိုစောင့်ထိန်းပါ
ဒါဟာ လူသားဆန်တဲ့အပြုအမူပဲ...။

#Depayy
❤32🍓3👍2
မေတ္တာတွေရနေရင်
အဲ့ဒီမေတ္တာတရားအပေါ်မှာ သိတတ်ရတယ်

ကိုယ့်ကို စေတနာထားပေးရင်
အဲ့ဒီစေတနာကို မစော်ကားရဘူး

တန်ပြန် မတုန့်ပြန်နိုင်ရင်တောင်
မေတ္တာတရားနဲ့ ကျေးဇူးတရားဆိုတာ
သိတတ် နားလည်ရတယ်

ကိုယ့်အပေါ် စေတနာထားတဲ့ သူတွေအပေါ်မှာ
ဘယ်တော့မှ တစ်နှပ်စားမကြံရဘူး
မေတ္တာတုန်းရင် ဘာနဲ့မှမတူဘူး 🤍
❤33🍓4👍2
ကိုယ့်အပေါ်မကောင်းတာကိုသိသားနဲ့
ဘာလို့ပြန်ကောင်းပေးနေတာလဲတဲ့

သိတယ်လေ ကလေးမှမဟုတ်ဘဲ
ကောင်းတဲ့လူတွေရော မကောင်းတဲ့လူတွေရော
အကုန်လုံးကိုခွဲခြားသိပါတယ်

အစကတည်းက
သူတို့ကောင်းတာကို မျှော်လင့်ပြီး
ပြန်ကောင်းခဲ့တာမှ မဟုတ်ဘဲ
ကိုယ်တတ်နိုင်သလောက်ကောင်းပေးရမယ်လို့ပဲ
စိတ်ထဲမှာရှိတယ်

နေမင်းကြီးက သူ့အလင်းရောင်တွေကို
ဘယ်လောက်ပေးပေး မှိန်သွားတယ်မရှိဘူးလေ
ဟုတ်တယ်မလား

ပြီးတော့
လက်ခံတဲ့သူတွေကလည်း တန်ဖိုးထားမယ်ဆိုရင်
တောက်ပတဲ့ အလင်းရောင်တွေနဲ့ပျော်ရွှင်ရပြီး
လက်ခံတဲ့သူတွေက တန်ဖိုးမထား
မသိတတ်ဘူးဆိုရင်တော့
ပူလောင်ခြင်းတွေကိုပဲ သူတို့ရလိမ့်မယ်

ဘယ်အရာမဆို
စေတနာအပြည့်နဲ့ လုပ်ပေးလိုက်ပါ။
လောကကြီးက မျှတပါတယ်။

💭 || 9.6.2026
❤42👍2🍓2❤‍🔥1
ဘာလို့ အဲ့လောက်ထိ
ချစ်မိသွားလဲဆိုတာတော့ သေချာမသိဘူး။
ဒါပေမဲ့ သေချာသိတာတစ်ခုက
ဒီထက်ပိုပြီး ချစ်သွားအုံးမယ် ဆိုတာပါပဲ..။

💭 || 10.6.2026
❤40🍓5💯3
ပျော်ရွှင်မှုဆိုတာ ကိုယ်ရွေးချယ်ထားတဲ့သူနဲ့အများကြီးဆိုင်တယ်။

💭 || 24.6.2026
❤41👍5🥰3🍓1
စောင့်ရမလား မေ့ရမလားတောင်
သေချာမသိရတဲ့အချိန်က အနာကျင်ရဆုံးပဲ။

💭 || 7.7.2026
❤18😭17😢6👍1🍓1
မလိုလို့စွန့်ပစ်လိုက်တဲ့အရာတစ်ခု
တန်ဖိုးရှိမှန်းသိလာတဲ့အခါ
ပြန်လိုချင်လို့မရတော့ဘူး
❤25👍7🍓1😨1
ရှင်းပြနေရလောက်အောင်
ကိုယ့်နေထိုင်မှု မရှုပ်ထွေးတဲ့အတွက်
ဘယ်အရာကိုမှ ရှင်းပြဖို့ စိတ်မပါဘူး
ကိုယ့်ကို ဘယ်အတိုင်းအတာအထိ
နားလည်ကြလဲ
အဲအတိုင်းပဲ ပြန်ဆက်ဆံပေးမယ်
ဒါ ကိုယ့်လူမှုရေးပဲ ။

• အလ်နီလွန်း •
❤33👍5🍓1
အချစ်ကြီးပါ ၊ အတ္တမကြီးပါနဲ့ ။
ငှက်သံကိုကြားချင်ရင် သစ်ပင်စိုက်ပါ
လှောင်အိမ်မဝယ်ပါနဲ့ ။
မေတ္တာနဲ့ချည်တဲ့ကြိုးက မြဲတယ်တဲ့ ။

💭 || 12.7.2026
❤32🥰10🍓2👍1
ကိုယ့်ဆီ နောက်ကျမှ ဝင်လာခဲ့သော်လည်း
ကိုယ့်ကိုယ်ကိုယ် ကံအကောင်းဆုံးလူလို့
တွေးထင်မိစေတဲ့အပြင်
ချစ်ခြင်းမေတ္တာဆိုတာ ဒါပဲ ဆိုပြီး
သိမ်သိမ်မွေ့မွေ့သင်ပြပေးနေတဲ့ မင်းကို
ငါ တကယ်ကျေးဇူးတင်ပါတယ် ။

လင်းမာအို

💭  ||  18.7.2026
❤33🥰2👍1
ငယ်ငယ်တုန်းက မိဘတွေ ဘာလို့
မနက်စောစောထတယ် ဆိုတာ မသိပေမယ့်
ကြီးလာတော့ နားလည်လာတယ်၊
သူတို့ကို နှိုးထစေတာက နာရီမဟုတ်ဘဲ
အသက်ရှင်ရမဲ့ အရေးကြီးမှုနဲ့ တာဝန်တွေပါ။

💭 || 18.7.2026
❤43👍1
တစ်ယောက်နဲ့တစ်ယောက် စိတ်ချမ်းသာအောင်
ထားနိုင်ခြင်းကို အချစ်ဟု ခေါ်သည် ။

💭 || 22.7.2026
❤17🥰1😢1
ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင်
ပြေးလိုက်မရှာဖြစ်တော့ဘူး။

ကိုယ့်ကိုချစ်တဲ့သူက
ကိုယ့်ဆီကိုတည့်တည့်လာမှာပဲ။

💭  ||  25.7.2026
❤17🔥4
ကိုယ့်ကို ထိခိုက်နာကျင်စေတယ်ဆိုရင်
အဲ့ဒီ့ပြတင်းပေါက်ကို ပိတ်ပစ်ရဲရမယ်၊
ရှုမျှော်ခင်းလေး ဘယ်လောက်လှလှပေါ့။
လူတွေကိုလည်း ဒီလိုပဲ။
❤19⚡1👍1🍓1
ကျွန်တော် ကြွားခဲ့ဖူးတယ်
"ငါ့မှာ  အချစ်ဆုံး သူငယ်ချင်းတွေရှိတယ်" လို့
ကျွန်တော့်ကို ပြန်မေးတယ်
"မင်းကဘယ်သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းလဲ" တဲ့

ကျွန်တော် ဆွံ့အ သွားခဲ့တယ်။
❤11😢5
ကျောထောက်နောက်ခံ ဆိုတာ
မရှိသူအမြင်မှာ ပိုလှတဲ့
ပန်းချီကားတစ်ချပ်ပဲ

ကိုယ့်ခြေပေါ် ကိုယ်ရပ်တယ် ဆိုပေမဲ့
တစ်ခါတစ်ခါ
လေနှင်ရာ လွင့် ဖို့ လေလာရာကို
ဆန်တက်နေသလို ဖြစ်နေတတ်တယ်

ဒါကြောင့် မင်းအများကြီး
မငေးမိဖို့ လိုတယ်။
❤22