ရန်ပုံငွေရပ်ဆိုင်းလိုက်မှုအတွက် ဒေါ်နယ်ထရန့်အစိုးရကို ဟားဗတ်တက္ကသိုလ်က တရားစွဲ

ဒေါ်လာဘီလျံနှင့်ချီသည့် ရန်ပုံငွေများ ရပ်ဆိုင်းလိုက်မှုအတွက် ဟားဗတ်တက္ကသိုလ်က ဒေါ်နယ်ထရန့်အစိုးရကို ဧပြီ ၂၁ ရက်တွင် တရားစွဲဆိုလိုက်ပြီဖြစ်သည်။

ကျောင်းဝင်းအတွင်း ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုများကို တိုက်ဖျက်ရန်ဆိုသည့် အစိုးရ၏တောင်းဆိုချက်များကို ဟားဗတ်ဘက်က မလိုက်လျောသဖြင့် နှစ်ဖက်မပြေလည်မှု ပိုဆိုးလာကာ ဟားဗတ်ကိုပေးမည့် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ နှစ် ဒသမ နှစ် ဘီလျံကို ထရန့်က ရပ်ဆိုင်းပစ်လိုက်သည်။

■Ref: BBC
■ Website Link >>>https://news-eleven.com/article/302172
■Photo: AFP
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနှင့် အိန္ဒိယနိုင်ငံကိုအလည်လာသော အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်တို့သွင်းကုန်စည်းကြပ်ခွန်ကိစ္စများ ဆွေးနွေးရာတွင် တိုးတက်မှုရရှိ

အပြစ်ပေးသည့်သဘောသက်ရောက်သော သွင်းကုန်စည်းကြပ်ခွန်များ ကောက်ခံမှုကို ရှောင်လွှဲရန် အချိန်ကာလစောသော ကုန်သွယ်ရေးသဘောတူညီချက်အတွက် ကြိုးပမ်းလျက်ရှိသော အိန္ဒိယက အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်ကို နယူးဒေလီမြို့၌ ကော်ဇောနီခင်း၍ ကြိုဆိုခဲ့ပြီးနောက် ဧပြီ ၂၁ ရက်တွင် ဂျေဒီဗန့်က အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနှင့် တွေ့ဆုံခဲ့သည်။

ကုန်သွယ်ရေးသဘောတူညီချက်၏ ပထမအပိုင်းကို နှစ်နိုင်ငံဆွေးနွေးနေခြင်းနှင့်အတူ ဆွေးနွေးမှုများလုပ်ဆောင်ရာတွင် ထင်သာမြင်သာ တိုးတက်မှုရှိနေသည်ဟု မိုဒီ၏ရုံးက ထုတ်ပြန်ခဲ့သည်။

ယခုလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကြေညာခဲ့သော များပြားလှသည့် စည်းကြပ်ခွန်များကို ရက် ၉၀ ရပ်ဆိုင်း၍ သက်သာခွင့်ရရှိစေရေး နယူးဒေလီက မျှော်မှန်းနေသည်။

■Ref: AFP
■ Read More >>>https://news-eleven.com/article/302173
■Photo: AFP
■ ပစ်ခတ်တိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်

ပစ်ခတ်တိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂၃ ရက်မှ ၃၀ ရက် အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့(ဧပြီ ၂၂ ရက်)တွင် ထုတ်ပြန်သည်။

မတ် ၂၈ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်းကောင်း တည်ငြိမ်အေးချမ်းမှုကိုရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက် မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။


Read More - - - >>> https://news-eleven.com/article/302174
ငလျင်ဘေးအပြီး မြန်မာနိုင်ငံတွင် လူဦးရေ ၄ ဒသမ ၃ သန်းကျော် သန့်ရှင်းသောရေနှင့် သန့်ရှင်းရေးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း UNOCHA Myanmar ထုတ်ပြန်

ငလျင်ဘေးအပြီး မြန်မာနိုင်ငံတွင် လူဦး ရေ ၄ ဒသမ ၃ သန်းကျော် သန့်ရှင်းသောရေနှင့် သန့်ရှင်းရေးအကူအညီများ အရေးပေါ်လို အပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာ နာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး UNOCHA Myanmar က ထုတ်ပြန်သည်။

ငလျင်ဘေးကြောင့် ရေပေးရေးစနစ်များ ပျက်စီးပြီး အိမ်သာအလုံးရေ ၄၂၀၀၀ ကျော် ပြိုကျခဲ့သည့်အပြင် လျှပ်စစ်မီးမမှန်ခြင်းကြောင့် ရေတင်ရန်လည်း အခက်အခဲရှိနေကြောင်း၊ ယခုထက်အခြေအနေများ ပိုဆိုးမလာမီ ငလျင်ဘေးဒဏ်ခံရသည့် ထိခိုက်လွယ်သူတစ် သန်းကို သန့်ရှင်းသောရေ၊ အရေးပေါ်အိမ် သာနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအကူအညီ များ ပေးသွားရန် လူသားချင်းစာနာသည့် မိတ်ဖက်အဖွဲ့အစည်းများက ရည်မှန်းထား ကြောင်း သိရသည်။


Read More - - - >>> https://news-eleven.com/article/302176
■ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပ


ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲများအား ယနေ့(ဧပြီ ၂၂ ရက်)တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူများသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read More - - - >>> https://news-eleven.com/article/302177
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် KNU အဖွဲ့ထံ ပေးပို့မည့် လက်နက်များ ဖမ်းဆီးရမိဟု ထိုင်းသတင်းဌာနများ ဖော်ပြ


ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် KNU အဖွဲ့ထံ ပေးပို့မည့် လက်နက်များအား ဧပြီ ၂၂ ရက်တွင် ဖမ်းဆီးရမိဟု ထိုင်းသတင်းဌာနများ ဖော်ပြချက်အရ သိရသည်။

ချင်းမိုင်ခရိုင် Phu Phing Rajanives ရဲစခန်းက ဆည်မြောင်းတူးမြောင်းလမ်းတွင် မော်တော်ယာဥ် တစ်စီးအား တားဆီးစစ်ဆေးရာ ချင်းမိုင်ခရိုင်မှ မယ်ဟောင်ဆောင်ခရိုင် ဘန်မယ်ဆမ်လန်းရှိ KNU အဖွဲ့နှင့်ဆက်စပ်သူထံ လက်နက်များပို့ဆောင်ရန် ငှားရမ်းထားသော အမျိုးသားနှစ်ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။



အဆိုပါဖမ်းဆီးရမိသည့် ထိုင်းအမျိုးသားနှစ်ဦးအားစစ်ဆေးချက်အရ ၎င်းတို့သည် ချင်းမိုင်ရှိ တမ်ပူချန်ဖော့ ဈေးဝယ်စင်တာနောက်ဘက်ရှိ စတိုးဆိုင်မှ လက်နက်များအား မယ်ဟောင်ဆောင်ရှိ KNU အဖွဲ့ထံ သယ်ဆောင်ပေးခြင်းဖြစ်ကြောင်းသိရသည်။



Read More - - - >>> https://news-eleven.com/article/302180
■ မြန်မာအစိုးရနှင့် MNDAA တို့၏ နှစ်ဖက်၏ပူးတွဲဖိတ်ကြားချက်အရ ပစ်ခတ်ရပ်စဲ‌ရေးကို စောင့်ကြည်မည်ဖြစ်ကာ လားရှိုးမြို့ ချောမွေ့စွာ လွှဲပြောင်းပေးအပ်ခြင်းကို မျက်မြင်သက်သေခံမည်ဟု တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူပြောကြား

■ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ စစ်ပွဲများ ရပ်တန့်ရန်အတွက် ဆွေးနွေးပွဲများကို လုပ်ဆောင်မည်ဟုဆို

မြန်မာနိုင်ငံအစိုးရနှင့် MNDAA တို့၏ နှစ်ဖက်၏ပူးတွဲဖိတ်ကြားချက်အရ ပစ်ခတ်ရပ်စဲမှု စောင့်ကြည်ရေးအဖွဲ့ကိုစေလွှတ်ခဲ့ပြီး ပစ်ခတ်ရပ်စဲ‌ရေးကို စောင့်ကြည်မည်ဖြစ်ကာ လားရှိုးမြို့ ချောမွေ့စွာ လွှဲပြောင်းပေးအပ်ခြင်းကို မျက်မြင်သက်သေခံမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူMr. Guo Jiakun ပြောကြားသည်။

ဧပြီ ၂၂ ရက်က ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် လားရှိုးမြို့လွှဲပြောင်းအပ်နှံခြင်းသည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး တရုတ်ဘက်မှ မကြာသေးမီက ပစ်ခတ်ရပ်စဲမှု စောင့်ကြည်ရေးအဖွဲ့တစ်ခုကို လားရှိုးသို့ စေလွှတ်ကာ စစ်ရပ်စဲရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု သိရသဖြင့် အထက်ဖော်ပြပါ အခြေအနေများ မှန်ကန်မှုရှိ မရှိနှင့် ယင်းသည် တရုတ်နိုင်ငံမှ မြန်မာ့အရေးတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟူသော ကတိပျက်ပြားခြင်းလားဟု မေးမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ထိုသို့ပြောကြားခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က "တရုတ်-မြန်မာနှစ်နိုင်ငံသည် အစဉ်အလာမိတ်ဖက်နိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့်ကိုက်ညီပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားလေးစားပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများ၏ ဆန္ဒနှင့်တောင်းဆိုချက်အရ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံမှ မြှင့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံသည် တက်ကြွစွာ ပံ့ပိုးကူညီလျက် ရှိပါသည်။

Mr. Guo Jiakun က ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအစိုးရနှင့် MNDAA တို့၏ သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရန် နှစ်ဖက်၏ပူးတွဲဖိတ်ကြားချက်အရ တရုတ်နိုင်ငံသည် မကြာသေးမီက ပစ်ခတ်ရပ်စဲမှု စောင့်ကြည်ရေးအဖွဲ့ ကိုမြန်မာနိုင်ငံ လားရှိုးမြို့သို့ စေလွှတ်ခဲ့ပြီး မြန်မာနိုင်ငံတပ်မတော်နှင့် MNDAA တို့အကြား ပစ်ခတ်ရပ်စဲ‌ရေးကို စောင့်ကြည်သွားမည်ဖြစ်ပြီး လားရှိုးမြို့ ချောမွေ့စွာ လွှဲပြောင်းပေးအပ်ခြင်းအား မျက်မြင်သက်သေခံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံမြောက်ပိုင်း‌ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကိုထိန်းသိမ်းရာတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကို သက်ဆိုင်သည့်နှစ်ဦးနှစ်ဖက်က ချီးကျူးကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်ဟု Mr. Guo Jiakun က သတင်းထောက်များကို ရှင်းလင်းပြောကြားသည်။

ထို့အတူ Mr. Guo Jiakun က နောက်တဆင့်တွင် တရုတ်နိုင်ငံက ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ် တိုးတက်အောင် ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ စစ်ပွဲများ ရပ်တန့်ရန်အတွက် ဆွေးနွေးပွဲများကို လုပ်ဆောင်မည်ဖြစ်ကာ မြန်မာနိုင်ငံမှ ဘက်အသီးသီးနှင့်အတူ တရုတ်-မြန်မာ နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိတွင် ဧပြီ ၂၂ ရက် နံနက်ပိုင်းမှစတင်၍ မြန်မာ့တပ်မတော်သည် လားရှိုးမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

MNDAA က ထိန်းချုပ်ထားခဲ့သည့် လားရှိုးမြို့အား တပ်မတော်ထံ ပြန်လည်လွှဲပြောင်းရန် လားရှိုးမြို့တွင် MNDAA ၊ နစက၏ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးကိုယ်စားလှယ်အဖွဲ့တို့ ယခင်ရက်များက တွေ့ဆုံဆွေးနွေးပြီးနောက် တပ်မတော်မှ လားရှိုးမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

Website link - - - >>> https://news-eleven.com/article/302184