လားရှိုးမြို့အား တပ်မတော်ကပြန်လည်ထိန်းချုပ်မှုနှင့်ပတ်သက်၍ အခြားသောနိုင်ငံများ၏ ပြည်တွင်းရေး ကိစ္စများ၌ ကြားဝင်စွက်ဖက်မှုမရှိသောမူကို လိုက်နာပြီး အကူအညီပေးနေဟု တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူပြောကြား
လားရှိုးမြို့တွင် တပ်မတော်ကပြန်လည်ထိန်းချုပ်မှုနှင့်ပတ်သက်၍ အခြားသောနိုင်ငံများ၏ ပြည်တွင်းရေး ကိစ္စများတွင် ကြားဝင်စွက်ဖက်မှုမရှိသောမူကို လိုက်နာပြီး အကူအညီပေးနေဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောကြားသည်။
ဧပြီ ၂၁ ရက်တွင် ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် AFP သတင်းဌာနက လာရှိုးမြို့ကို မြန်မာတပ်မတော်ထံ ပြန်ပေးခြင်းသည် တရုတ်နိုင်ငံ၏ ဖိအားပေးမှုအရ ဖြစ်လာသည့် သဘောတူညီချက်ကြောင့်ဖြစ်ကြောင်း ပြောဆိုမှုများနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

■ Read More - - - >>>https://news-eleven.com/article/302158
တရုတ်အထောက်အပံ့ယူထားသည့် အရှေ့တောင်အာရှနိုင်ငံများက တင်ပို့သော ဆိုလာပြားများကိုစည်းကြပ်ခွန် ၃,၅၂၁ ရာခိုင်နှုန်းကောက်ရန် ရည်ရွယ်ထားသည်ဟု အမေရိကန် ထုတ်ပြန်

အမေရိကန်ပြည်ထောင်စုက အရှေ့တောင်အာရှမှ ဆိုလာပြားများအတွက် သွင်းကုန်စည်းကြပ်ခွန် ၃,၅၂၁ ရာခိုင်နှုန်းကောက်ခံရန် ရည်ရွယ်ထားသည်ဟု ဧပြီ ၂၁ ရက်တွင် ကြေညာခဲ့ရာ ယင်းသို့လုပ်ဆောင်ခြင်းသည် ဆိုလာပြားလုပ်ငန်းများတွင် တရုတ်အထောက်အပံ့များနှင့် ပြည်တွင်း၌ရောင်းချနေသောဆိုလာပြားစျေးထက် ပြည်ပစျေးကွက်တွင် စျေးလျှော့ရောင်းနေခြင်း(dumping)တို့ကိုတန်ပြန်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်တို့ရှိ ကုမ္ပဏီများကို အခွန်စည်းကြပ်မှုများအား ဇွန်လတွင် ကျင်းပမည့်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကော်မရှင်၏အစည်းအဝေး၌ အတည်ပြုလက်မှတ်ရေးထိုးရန် လိုအပ်နေဆဲဖြစ်သည်။


■ Read More >>> https://news-eleven.com/article/302170
■Photo: AFP
ပုပ်ရဟန်းမင်းကြီး ကွယ်လွန်သွားပြီးနောက် ၎င်း၏မွေးရပ် အာဂျင်တီးနားတွင် နိုင်ငံတော်ဝမ်းနည်းပူဆွေးခြင်းကာလ ခုနစ်ရက်သတ်မှတ်

အီစတာတနင်္လာနေ့ ‘ဧပြီ ၂၁ ရက်’တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကွယ်လွန်သွားပြီးနောက် ၎င်း၏မွေးရပ်ဇာတိဖြစ်သည့် အာဂျင်တီးနားနိုင်ငံတွင် နိုင်ငံတော်ဝမ်းနည်းခြင်း ကာလ ခုနစ်ရက်သတ်မှတ်လိုက်သည်။

“ဒီမနက်မှာ ပုပ်ရဟန်းမင်းကြီး ပျံလွန်တော်မူတဲ့သတင်း ကြားရလို့ အတော်လေးစိတ်မကောင်းဖြစ်ရပါတယ်။ အမြင်ကွဲလွဲမှုတွေရှိခဲ့ပေမဲ့ သူ့ရဲ့ကြင်နာမှု ၊ အမြော်အမြင် ရှိမှုတွေကို သိခွင့်ရခဲ့လို့ အရမ်းဂုဏ်ယူရပါတယ်” ဟု အာဂျင်တီးနားသမ္မတ ဟာဗီယာမလေက X လူမှုကွန်ရက်တွင် တင်ခဲ့သည်။

■ Read More >>>https://news-eleven.com/article/302171
■Photo: AFP