Edu Hub
1.69K subscribers
199 photos
9 videos
122 links
Edu Hub aims to provide educational information, scholarship opportunities and job opportunities for young people, to create a modern and smart digital online learning environment, to effectively study languages ​​and to stay in touch with education.
Download Telegram
GED exam မှာ အမှတ်ကောင်းရချင်သူများ subscribe လုပ်ထားသင့်သော YouTube Channels များ 📌

GED exam အတွက် ပြင်ဆင်ကြတော့မယ်ဆိုရင် YouTube ကနေတဆင့် လေ့လာတာကလည်း အထောက်အကူဖြစ်စေပါတယ်။ စာတွေကို နားလည်ဖို့ကအရေးကြီးသလို သက်ဆိုင်ရာဘာသာရပ်များအလိုက် မေးခွန်းပုံစံများကိုလည်း သိရှိဖို့လိုအပ်ပါသေးတယ်။ ဒါ့ကြောင့် Edu Hub ကနေ Learning Resources ကောင်းများက်ို ကျောင်းသားကျောင်းသူများအတွက် မျှဝေပေးလိုက်ပါတယ်။ 🥰🤩

Test Prep Champion 🏆
Parker လို့အမည်ရတဲ့ ဆရာတစ်ဦးရဲ့ YouTube Channel ဖြစ်ပါတယ်။ ဒီ Channel မှာတော့ တကယ့်စာမေးပွဲမှာ မေးနိုင်ချေရှိတဲ့ မေးခွန်းတွေကို အဖြေနဲ့တကွတင်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် စာမေးပွဲဖြေတဲ့အခါမှာ သတိထားသင့်တဲ့ Tips & Tricks တွေကိုပါ မျှဝေပေးလေ့ရှိပါတယ်။ 🥰
https://youtube.com/c/TestPrepChampions

Phuket PALS 🏆
ဒီ Channel ကတော့ 2009 ခုနှစ်ကတည်းက ကျောင်းသားကျောင်းသူအများအပြားကို GED,IGCSE,SAT စတဲ့ အထက်တန်းအောင်လက်မှတ်များ ရရှိအောင် ကူညီပေးခဲ့ကြတာပါ။ GED Testing Services USA, a
British Council IELTS Partner,Pearson VUE testing center တို့နှင့် Paid Partnershipလည်း ဖြစ်ပါတယ်။
GED အတွက်သာမက IELTS, IGCSE တို့အတွက်ပါ learning guidevideosများ၊စာလေ့လာနည်းများ၊မေးခွန်းနှင့်ပတ်သက်ပြီး ပြန်လည်ရှင်းလင်းချက်များ၊ အရေးကြီးသော concepts များ စတဲ့အကြောင်းအရာစုံစုံလင်လင်ကို မျှဝေပေးနေတဲ့ Channel တခုဖြစ်တာကြောင့် Subscribe လုပ်ထားသင့်တဲ့အထဲက တခုပါပဲ။ 🤩
https://youtube.com/c/PhuketPALS

Mometrix Online Courses 📌
GED နှင့် ပတ်သက်ပြီး up to date ဖြစ်တဲ့အကြောင်းအရာများ၊ မေးခွန်းပုံစံများ၊ Study lessons များ၊ flashcards များ စသဖြင့် learning resources ပေါင်းများစွာကို မျှဝေပေးနေတဲ့ Channel တခုဖြစ်ပါတယ်။ GED ဘာသာရပ် ၄ခုနှင့်ပတ်သက်သော Study Videos များဟာ ရှင်းလင်းပြီး နားလည်ရလွယ်တာကြောင့် စာလေ့လာကြရာမှာ အထောက်အကူဖြစ်စေမှာပါ။ ဒါ့ကြောင့်ဒီ Channel ကိုလည်း မဖြစ်မနေ subscribe လုပ်ထားသင့်ပါတယ်နော်။ 🥰
https://youtube.com/c/MometrixTestPreparation

Michelle Revisited 📌
GED exam အတွက် ပြင်ဆင်နေသူတိုင်း Subscribe လုပ်ထားသင့်တဲ့ Channel ဖြစ်ပါတယ်။ တပတ်တခါ Videos များတင်ပေးပြီး တဘာသာချင်းစီရဲ့ သင်ခန်းစာတခုချင်းကို လေ့လာနိုင်ဖို့အပိုင်းလိုက်တင်ပေးလေ့ရှိပါတယ်။
Videos တွေအပြင် ထပ်မံလေ့လာနိုင်ဖို့ Resources ကောင်းတွေကိုလည်း မျှဝေပေးပါသေးတယ်။ ဒါ့အပြင် Michelle ဟာ မေးခွန်းပုံစံများကိုလည်း section အလိုက်ပြောပြပေးပြီး စာတွေကို ဘယ်လိုမျိုးပုံစံနဲ့လေ့လာသင့်လဲဆ်ိုတဲ့အကြောင်းအရာများအထိပါ မျှဝေပေးပါတယ်။ ဒါ့ကြောင့် subscribe လုပ်ထားသင့်တဲ့ Channel လို့ဆ်ိုရခြင်းဖြစ်ပါတယ်။ 🥰
https://youtube.com/c/michellerevisited

Edu Hub, Edu Corner တို့မှ
နိုင်ငံခြားပညာရေးနဲ့ပတ်သက်သော အကြောင်းအရာများကို လည်း မျှဝေပေးနေတာကြောင့်လက်မလွှတ်လိုက်ရလေအောင် like & follow လုပ်ထားဖို့တော့ လိုမယ်နော် 🥰
https://www.facebook.com/profile.php?id=100088851251870&mibextid=LQQJ4d

Edu hub မှ တခြားသောဝန်ဆောင်မှုများအကြောင်း သိလိုပါကchat box မှတဆင့် လာရောက်မေးမြန်းနိုင်သလို
အောက်ပါ ဖုန်းနံပတ်ကိုလည်း ဆက်သွယ်နိုင်ပါတယ် ☎️

Contact us:
09796158900 ☎️

Office Address 📌
Room.212 , Level 2, Tower B , Myaing Hay Wun Condo (Junction8, Kyaik Wine Pagoda Rd, Mayangone , Yangon)

📌GED Self study resourcesများစွာရရှိဖို့ telegram channel လေးကိုjoinထားပါ

https://t.me/gedselfstudy

📌 ဒါ့အပြင် ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို
အချိန်နဲ့တစ်ပြေးညီသိနိုင်ဖို့ Telegram Channel လေးကို
join ထားနိုင်ပါတယ်။
Our Telegram Channel
https://t.me/eduhubmm

#Edu_Hub
#Edu_Corner
#GED
#YouTubechannels
#studying
3👏2🥰1