Edu Hub
1.69K subscribers
199 photos
9 videos
122 links
Edu Hub aims to provide educational information, scholarship opportunities and job opportunities for young people, to create a modern and smart digital online learning environment, to effectively study languages ​​and to stay in touch with education.
Download Telegram
Online learning ရဲ့အားသာချက်တွေက ဘာတွေလဲ? 🤔

ကိုဗစ်ကာလကနေ စတင်ပြီး ပညာရေးနဲ့ မဝေးကွာသွားစေဖို့ရည်ရွယ်ပြီး
online learning ကို တော်တော်များများစတင်ကျွမ်းဝင်လာခဲ့ကြပါတယ်။
Digital online learning ဆိုတာက အားလုံးသိကြတဲ့အတိုင်း
နည်းပညာကိုအသုံးပြုပြီးသင်ယူခြင်းကို ပြောတာပါ။
Digital devices တွေဖြစ်တဲ့ phone/laptop

Web eLearning, Video Modules, Social Media Training စသဖြင့် Digital online learning အမျိုးအစားပေါင်းများစွာရှိသည့်အနက် Virtual Classrooms တွေကတော့ လူသိအများဆုံးဖြစ်ပါတယ်။
Online learning platform မှတဆင့် Instructor ရဲ့ ဦးဆောင်သင်ကြားမှုအောက်မှာ ကျောင်းသားကျောင်းသူများတက်ရောက်သင်ကြားကြရတာပဲဖြစ်ပါတယ်။

Online learning ဟာ ~
🔸 အိမ်မှာနေရင်း သက်တောင့်သက်သာအတန်းတက်နိုင်ခြင်း
🔸 လေ့လာစရာများ အများအပြားရှိခြင်း
🔸 အချိန်ကုန်သက်သာခြင်း
🔸 အပြင်သင်တန်းများထက် ငွေကုန်ကြေးကျနည်းပါးခြင်း
🔸 အင်တာနက်ရှိရုံနဲ့ အလွယ်တကူတက်ရောက်နိုင်ခြင်း
🔸 Test နှင့် Quiz များကို app များမှတဆင့်ဖြေနိုင်ပြီး မိမိကိုယ်ကို ဆန်းစစ်ကြည့်နိုင်ခြင်း
🔸 အပြင်သင်တန်းများထက် class size သေးငယ်ပြီး ကျောင်းသားအရေအတွက်နည်းပါးသောကြောင့် အာရုံပိုစိုက်နိုင်ခြင်း
🔸 ဆရာများနှင့်တိုက်ရိုက်ထိတွေ့နိုင်ပြီး Feedback များလည်း တောင်းခံနိုင်ခြင်း စသောအားသာချက်များကြောင့် အသုံးပြုသူများပြားလျက်ရှိပါတယ်။

အချို့သောသူများအတွက် Online learning ဟာ
🔸 ထင်သလောက်အာရုံမစူးစိုက်နိုင်ခြင်း
🔸 အချိန်သီးသန့်မပေးနိုင်ခြင်း
🔸 အင်တာနက်အခက်အခဲရှိခြင်း စသောအချက်များကြောင့်
in person အတန်းများလောက် နှစ်သက်မှုမရှိကြပါဘူး။

ဒါ့ကြောင့် Online learning လုပ်တဲ့အခါမှာ အသုံးဝင်မယ့်အချက်တချို့ကိုလည်း မျှဝေပေးပါရစေ🥰

Online learning လုပ်တဲ့အခါမှာ ~
🔸 အချိန်ဇယားဆွဲထားပါ။
🔸 Study space ကိုသန့်ရှင်းအောင်ထားပါ။
🔸 Note ထုတ်ဖို့မမေ့ပါနဲ့။
🔸 အတန်းတက်နေရင်း social media မသုံးမိဖို့သတိထားပါ
🔸 Multitasking လုပ်ခြင်းကို ရှောင်ပါ။
🔸 ဆူညံသံကင်းဝေးတဲ့နေရာကို ရွေးချယ်ပါ
🔸 တက်တက်ကြွကြွပါဝင်ပါ။
ဒါဆိုရင် Online learning လုပ်ရတာ ပိုမိုအဆင်ပြေချောမွေ့သွားမှာသေချာပါတယ်။ 😍

ယခုခေတ်ကြီးမှာ ဘယ်နယ်ပယ်မဆို နည်းပညာနဲ့ပြေးမလွတ်ပါဘူး။
ပညာရေးနယ်ပယ်ဟာလည်း ၂၁ရာစုခေတ်ကြီးနဲ့အတူ နည်းပညာရဲ့ခေါ်ဆောင်မှုအောက်မှာ လိုက်ပါနေရပါတယ်။
ယနေ့ခေတ်တွင် Online မှတဆင့် လေ့လာစရာများဟာလည်း ပေါများလှပါတယ်။ပြည်တွင်းသာမက ပြည်ပနိုင်ငံများမှ
သင်ကြားပို့ချချက်များ၊ပရိုဂရမ်များ၊သင်တန်းများကိုလည်း
Online learning မှတဆင့် တက်ရောက်လေ့လာနိုင်ပြီပဲဖြစ်ပါတယ်။
ဒါ့ကြောင့် ကျောင်းသားလူငယ်များအဖို့
Digital online learning နဲ့အကျွမ်းတဝင်ရှိသင့်ပါတယ်။

Edu Hub မှအတန်းများဟာလည်း Digital online learning ကို အဓိကအသုံးပြုပြီး သင်ကြားပေးနေတာပဲဖြစ်ပါတယ်။

🔸 Edu Hub မှ အတန်းများရဲ့ အားသာချက်များကတော့ ~
အတန်းတိုင်းမှာ Assistant teachers များလည်း ထားရှိပေးတာကြောင့်
ကျောင်းသားကျောင်းသူများကိုအနီးကပ်ကြပ်မတ်လေ့ကျင့်ပေးနိုင်ပါတယ်။
သင်ကြားပြီးသမျှ သင်ခန်းစာများကိုvideo recording များ ပြန်ပေးတာကြောင့် ကျောင်းသားကျောင်းသူများအနေနဲ့ အချိန်မရွေးပြန်လေ့လာနိုင်ပါတယ်။
မျှတသောသင်တန်းကြေးနှုန်းထားရှိပါတယ်။

Edu Hub ရဲ့ ပညာရေးခြေလှမ်းသစ်ဖြစ်တဲ့ Edu Corner မှလည်း နိုင်ငံခြားပညာရေးနဲ့ပတ်သက်သော အကြောင်းအရာများကို မျှဝေပေးနေတာကြောင့် လက်မလွှတ်လိုက်ရလေအောင် like & follow လုပ်ထားဖို့တော့ လိုမယ်နော် 🥰
https://www.facebook.com/profile.php?id=100088851251870&mibextid=LQQJ4d

Edu Hub မှ ဝန်ဆောင်မှုများနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုပါက chat box မှတဆင့် လာရောက်မေးမြန်းနိုင်သလို အောက်ပါဖုန်းနံပတ်များကိုလည်း
ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Contact us:
09796158900 ☎️

📌 ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို
အချိန်နဲ့တစ်ပြေးညီသိရဖို့ Telegram Channel လေးကို
join ထားနိုင်ပါတယ်။

Our Telegram Channel 👇🏻
https://t.me/eduhubmm

#digitalonlinelearning
#onlineclass
#Edu_Hub