သရက်ခရိုင် ၊ အမှတ် - ၄ တပ်ရင်း
2.13K subscribers
128 photos
24 videos
13 links
Download Telegram
▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
▪ ၂၀၂၆ ခုနှစ် ၊ သြဂုတ်လ (၁၀) ရက်

(၁၀.၈.၂၀၂၆) ရက်နေ့တွင် ၊  သရက် - မင်းတုန်း လမ်းပိုင်းအား အသုံးပြုသွားလာနေသော အများပြည်သူကားများအား ခြိမ်းခြောက်ပိုက်ဆံတောင်းရန် နှင့် တွေ့ရှိလူငယ်များအား ပေါ်တာဆွဲဖမ်းဆည်းရန်အတွက် သရက်မြို့နယ် ၊ ရေမျက်ရဲစခန်းမှ ထွက်လာသော (စစ်တပ်၊ရဲ၊ပျူ)ပူပေါင်း (၇)ဦးအား ၊ နံနက် (၁၀)နာရီအချိန်တွင် ရေမျက်ကျေးရွာအနီးတွင်ပဲ ၊ ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် (၄)တပ်ရင်းမှ အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲချိန် (၅)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ရန်သူ (၃)ဦး နေရာတွင် ကျဆုံးပြီး ၊ ကျန်သူများ ထွက်ပြေးသွားကြပါသည်။ ထိုတိုက်ခိုက်မှုမှ G4 (၁)လက် ၊ ကျည်ဘောက် (၁)ဘောက်နှင့် ကျည် (၆)တောင့် သိမ်းဆည်းရခဲ့ပြီး ၊ ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ပါသည်။

ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် (၄)တပ်ရင်းအနေဖြင့် (၁၇.၇.၂၀၂၆)ရက်နေ့တွင်လည်း သရက်မြို့နယ် ၊ ဆင်ကော်ကျေးရွာ ရဲစခန်းမှ ထွက်လာသော အင်အား (၂၀)ခန့်ရှိ (စစ်တပ်၊ရဲ)ပူးပေါင်း စစ်ကြောင်းအား  သရက်မြို့နယ် ၊ ပုဏ္ဍားကျေးရွာအနီးအရောက် ၊ နံနက် (၁၀)နာရီ (၃၀)မိနစ်အချိန်တွင် အသင့်စောင့်ကြို ကြားဖြတ်တိုက်ခဲ့ရာ ၊ တိုက်ပွဲချိန် (၂၀)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ၊ ရန်သူ့ဘက်မှ မျက်မြင် (၇)ဦးကျဆုံးပြီး ၊ ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ် - ၄ တပ်ရင်း
❤51❤‍🔥2🤣2
Media is too big
VIEW IN TELEGRAM
(၁၀.၈.၂၀၂၆)ရက် နံနက် (၁၀)နာရီအချိန်တွင် ရေမျက်ကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲရုပ်သံမှတ်တမ်း။
❤78👍1
▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
▪၂၀၂၆ ခုနှစ် ၊ သြဂုတ်လ (၁၂) ရက်

(၁၂.၈.၂၀၂၆)ရက်နေ့ ၊ နေ့လည် (၁)နာရီချိန်ခန့်တွင် ၊ သရက် - မင်းတုန်း လမ်းပိုင်းအတိုင်း နယ်မြေရှင်းရန်အတွက် မင်းတုန်းမြို့မှ ထွက်ခွာလာသော အကြမ်းဖက်အာဏာသိမ်းစစ်တပ်လက်အောက်ခံ အင်အား (၃၅)ဦးခန့်ပါ ခြေလျှင်စစ်ကြောင်းအား ၊ သရက်မြို့နယ် ပုဇဥ်းဒါးကျေးရွာအနီးအရောက်တွင် ၊ ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် (၄)တပ်ရင်းမှ အသင့်စောင့်ကြိုလက်ဦးမှုရယူ၍  မိုင်းဆွဲတိုက်ခိုက်ရာ ၊ အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲချိန် (၃၀)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ (၉)ဦး ကျဆုံးကာ ၊ မိမိတို့ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
❤102❤‍🔥5🤣2👏1
▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
▪၂၀၂၆ ခုနှစ် ၊ သြဂုတ်လ (၃၀) ရက်

အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် ၊ မတရားပေါ် တာဆွဲထားသော စစ်မှုထမ်း(ပစ) အများအပြားအား အသုံးချကာ ၊ သရက်ခရိုင် ၊ မင်းတုန်းမြို့နယ်အတွင်း ၊ ၎င်းတို့ လက်လွှတ်ထားရသော နယ်မြေများအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများခွဲကာ ဖြန့်ကျက်စစ်ကြောင်းထိုးလျှက်ရှိရာ ၊ (၂၉.၈.၂၀၂၆)ရက် ၊ ည (၇)နာရီချိန်ခန့်တွင် မင်းတုန်းမြို့အနောက်ခြမ်းသို့ စစ်ကြောင်းထိုးရောက်ရှိနေသော ၊ အင်အား (၂၀၀)ခန့်ပါ စစ်ကြောင်းမှ ၊ အင်အား (၅၀)လောက်သည် ရိက္ခာရှာရန်ထွက်လာစဥ် ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄တပ်ရင်းမှ ၊ အသင့်စောင့်ကြိုတိုက်ခိုက်ရာ ၊ တိုက်ပွဲချိန် (၁၀)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ရန်သူအကျအဆုံးများဖြင့် အထိနာကာ ဆုတ်ခွာထွက်ပြေးသွားကြပြီး ၊ ကျွန်ုပ်တို့မှ လိုက်လံရှင်းလင်းရာတွင် ၊ ထိုတိုက်ပွဲမှ MA3 (၁)လက် ၊ ၅.၅၆ကျည် (၉၁)တောင့် ၊ ကျည်ဘောက် (၄)ဘောက် ၊ လက်ပစ်သီး (၁)လုံး ၊ ဖုန်း (၁)လုံး နှင့် ရန်သူအလောင်းအချို့အား သိမ်းဆည်းရမိခဲ့ပါသည်။

အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် စစ်ရေးတွင် အသာစီးရယူရေးအတွက် ၊ လေကြောင်းအား ၊ လက်နက်ကြီးအား ၊ ဒရုန်းအားတို့အပြင် စစ်မှုထမ်း(ပစ) အားတွေအသုံးပြုနေသော်လည်း ၊ လက်တွေ့စစ်မြေပြင်တွင် အမြဲအထိနာကျရှူံးနေကာ ၊ ၎င်းတို့ တပ်ဖွဲ့ဝင်များသည်လည်း နေ့စဥ်နှင့်အမျှ စစ်ကြောင်းအားစွန့်ခွာ ထွက်ပြေးလျှက်ရှိရာ (၂၉.၈.၂၀၂၆)ရက်နေ့တွင် မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကြောင်းတစ်ခုမှ ထွက်ပြေးလာသော တပ်ကြပ်အဆင့် (၁)ဦး ၊ ဒုတပ်ကြပ်အဆင့် (၂)ဦး နှင့် ပစ (၂)ဦး တို့အား ကျွန်ုပ်တို့မှ ဖမ်းဆည်းရမိကာ ထိန်းသိမ်းထားပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
❤41👍2🔥2🤣1
▪ အကြမ်းဖက်အာဏာသိမ်း စစ်ကော်မရှင်မှ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများအား လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု သတင်းထုတ်ပြန်ချက်
▪၂၀၂၆ ခုနှစ် ၊ စက်တက်ဘာလ (၁၄) ရက်

(၁၃.၉.၂၀၂၆) ရက်နေ့ ၊ ညနေ (၄) နာရီ ၊ (၄၀)မိနစ်အချိန်ခန့်တွင် မင်းတုန်းမြို့နယ် ၊ ဇွန်းကျကျေးရွာအား ၊အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ ၊သရက်ကပစ (၁၂) မှ တက်လာသော ပါရာမော်တာ(စက်တပ်လေထီး) ၊ (၃)စီးဖြင့် ဗုံး(၈)လုံးကျဲချတိုက်ခိုက်မှုကြောင့် ၊ ဇွန်းကျကျေးရွာနေ အပြစ်မဲ့ပြည်သူ ၊ ဒေါ်ပစာ အသက် (၇၀) နှစ် ၊ မခင်ဝေဇင်မိုး အသက် (၁၇) နှစ် ၊ မနွယ်နွယ်ဝင်း အသက် (၂၅) နှစ် ၊ မထက်သဇင်လှိုင် အသက် (၁၁) နှစ် ၊ မငုဝါလှိုင် အသက် (၁၀) နှစ် ၊မောင်ကောင်းထက်ကျော် အသက် (၁၅)နှစ် ၊ စုစုပေါင်း (၆)ဦး သေဆုံးပြီး ၊ ဒေါ်မာလာ အသက် (၂၃)နှစ် ၊ မောင်မင်းထက်ဦး အသက် (၁၃) နှစ် ၊ မောင်ချစ်မဝ အသက် (၁၀) နှစ် ၊ မမြမှုးမေ အသက် (၁၄) နှစ် ၊မသင်းသင်းလှိုင် အသက် (၁၆) နှစ်တို့ (၅)ဦးဒါဏ်ရာရရှိခဲ့ပါသည်။

အကြမ်းဖက်အာဏာသိမ်းဖက်ဆစ်စစ်တပ်သည် ၊ မင်းတုန်းမြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်သော ၊ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ နေရာများသို့ ၊ လေကြောင်း ၊ လက်နက်ကြီးများဖြင့် ၊ ရည်ရွယ်ချက်ရှိရှိအကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်လျှက်ရှိပါသောကြောင့် ၊ မင်းတုန်းမြို့နယ်အတွင်း နေထိုင်သောပြည်သူများအနေဖြင့် ၊ သတိထားနေထိုင်ကြပါရန် အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

(ဓာတ်ပုံ - စက်တင်ဘာလ (၁၃)ရက်နေ့ ၊ ၂၀၂၆ ခုနှစ် တွင် ၊ အကြမ်းဖက်စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒါဏ်ရာရသူ မှတ်တမ်းများ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
😢25❤2👍2🤬2🤣1
သတင်းထုတ်ပြန်ကြေညာချက်
၂၀၂၆ ခုနှစ် ၊ စက်တင်ဘာလ (၁၆) ရက်

ကျွန်ုပ်တို့ သရက်ခရိုင်အမှတ် - ၄ တပ်ရင်းမှ တာဝန်ထမ်းဆောင်နေရင်း  အကြမ်းဖက်အာဏာသိမ်းစစ်တပ်ထံသို့ အညံ့ခံပူးပေါင်းသွားသူများအား ကျွန်ုပ်တို့မှ အမည်ပျက်စာရင်းသွင်း၍ ၊ တော်လှန်ပြည်သူများ နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ သိရှိနိုင်ရန်အတွက် ၊ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ နှင့် ဓာတ်ပုံများအား ထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
😢7❤3👏2