သရက်ခရိုင် ၊ အမှတ် - ၄ တပ်ရင်း
2.19K subscribers
96 photos
20 videos
13 links
Download Telegram
ပြည်သူ့စစ်(ပျူ)နှင့်အတူ ဖမ်းဆည်းရမိသော မူးယစ်ဆေးများအား ဖျက်ဆီးခြင်း
၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ (၁၂) ရက်

သရက်ခရိုင် ၊ မင်းတုန်းမြို့နယ် ၊ ပုသိမ် - မုံရွာလမ်းပိုင်းပေါ်ရှိ ၊ ညောင်ပင်သာကျေးရွာတွင် နေထိုင်ပြီး ၊ အကြမ်းဖက်စစ်ကော်မရှင် နှင့် ပူးပေါင်း၍ ၊ မူးယစ်ဆေးများသယ်ယူရောင်းချခြင်းနှင့် မှောင်ခိုလုပ်ငန်းများပြုလုပ်နေသော ၊ လက်နက်ကိုင် ပြည်သူ့စစ် (ပျူ)ခေါင်းဆောင် ဖိုးပြား၏ တပည့် ၊ နေသွေး (ပျူ) ၊ အသက် (၃၆)နှစ်အား ၊ (၂၅.၁၁.၂၀၂၅)ရက်နေ့ ၊ နေ့လည် (၁၁)နာရီအချိန်တွင် ၊ မူးယစ်ဆေးဝါး (WY) အလုံးရေ (၁၀၀၀၀)နှင့်အတူ ၊ မင်းတုန်းမြို့နယ် ၊ ပုသိမ် - မုံရွာ လမ်းပိုင်းပေါ်တွင် ၊ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄ တပ်ရင်းမှ ၊ ဖမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

ဖမ်းဆည်းထားသော နေသွေး(ပျူ) အား ထိန်းသိမ်းထားပြီး လိုအပ်သည်များ ဆက်လက်စစ်ဆေးလျှက်ရှိကာ ၊ ၎င်းနှင့်အတူ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါး (WY) အလုံးရေ (၁၀၀၀၀)အား ၊ (၁၀.၁၂.၂၀၂၅) ရက်နေ့တွင် ၊ မီးရှို့ဖျက်ဆီးခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
37👍4🤣4🫡3
တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၆ ရက်
၁။ ကျွန်ုပ်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက် ခရိုင်အမှတ်-၄တပ်ရင်း အနေဖြင့် (၂၄.၁၂.၂၀၂၅) ရက်နေ့ နံနက်(၀၅:၂၀)ချိန်မှ စတင်ပြီး သရက်မြို့နယ်၊ ဆင်ကော်ကျေးရွာ အင်အား (၃၅)ဦးခန့်ရှိ နယ်မြေရဲစခန်းအား (၆.၁.၂၀၂၆) ရက်နေ့ထိ ပိတ်ဆို့တိုက်ခိုက်ခဲ့ပါသည်။
၂။           တိုက်ပွဲတွင်း ကျွန်ုပ်တို့မှ စခန်းအား ဝိုင်းပတ်ပိတ်ဆို့ထားပြီး 122MM ရှော့တိုက်ဒုံး(၂)လုံးဖြင့် စတင်ပစ်ခတ်ကာ၊ တိုက်ခိုက်ရေး ဒရုန်း(၂)စီးဖြင့် (၆၀)မမ ဗုံးသီးများ၊ လက်လုပ်ဒရုန်းဗုံးသီးများ၊ မီးလောင် ဗုံးများအသုံးပြု ကျဲချတိုက်ခိုက်ခဲ့ပါသည်။ ရန်သူ့ဘက်မှ စခန်းအတွင်း အခိုင်အမာပြုလုပ်ထားသော ဘန်ကာများ၊ လှိုင်ခေါင်းများအတွင်း ပုန်းခိုခုခံပြီး ကပစ(၁၂)မှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းမှ ကာမီကာဇေဒရုန်းများ၊ တိုက်ခိုက်ရေးဒရုန်းများဖြင့် အကြိမ်ကြိမ်ပစ်ကူပေး ခုခံခဲ့ကာ ကပစ(၁၂)မှနေ၍ (၁၄:၃၀)ချိန်တွင် အင်အား(၆၀)ခန့်ပါ သံပြားကာကား(၂)စီးဖြင့် စစ်ကူပေးရန်ထွက်လာရာ၊ သရက်မြို့နယ် စက်တောင်ကျေးရွာအနီးတွင် ကား(၁)စီး အရှိန်လွန်တိမ်းမှောက်ပြီး အများအပြား ဒဏ်ရာရရှိကာ နောက်ပြန်ဆုတ်သွားခဲ့ပါသည်။
၃။ (၂၈.၁၂.၂၀၂၅)ရက်နေ့တွင် သရက်ရဲစခန်းမှူး တင်အောင်မိုး ဦးဆောင်၊ အင်အား(၅၀)ခန့်သည် ဆင်ကော်ရဲစခန်းအားစစ်ကူပေးနိုင်ရန်၊ ကပစ(၁၂)မှ စုဖွဲ့၍ စစ်ကြောင်းထိုး ထွက်ခွာလာရာ (၂၉.၁၂.၂၀၂၅)ရက်နေ့တွင် သရက်မြို့နယ်၊ အောက်မမြင့်ကျေးရွာသို့‌ ရောက်ရှိပြီး ရွာသူ/သား များအား၊ ရွာလည်တွင်စု လူသားဒိုင်းအဖြစ် ပြုလုပ်ကာ၊ နေအိမ်များအား ဝင်ရောက်မွှေနှောက်၍ တန်ဖိုးရှိ ပစ္စည်းများအား ယူဆောင်ကြပြီး၊ ဆင်ကော်သို့ဆက်မတိုးပဲ အောက်မမြင့် ကျေးရွာအနီးတွင် တပ်စွဲနေပါသည်။
၄။ (၃.၁.၂၀၂၆)ရက်နေ့တွင် နောက်ထပ်စစ်ကူပေးနိုင်ရန်အတွက်၊ ကပစ (၁၂)မှ ကား(၃)စီးဖြင့် ရန်သူအင်အား (၁၀၀)ခန့် ထပ်မံအင်အားဖြည့်လာရာ ၊ မင်းတုန်းမြို့နယ် ပုဇင်းဒါးကျေးရွာအနီးအရောက် ည (၁၁)နာရီ (၃၀)မိနစ်အချိန်တွင် ကျွန်ုပ်တို့ ဖြတ်တောက်ရေးအဖွဲ့မှ စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ရာ ရန်သူကား (၂)စီး မိုင်းထိမှန်ပျက်စီးပြီး ထိခိုက်ဒဏ်ရာများ ရရှိနိုင်ပါသည်။
၅။     (၅.၁.၂၀၂၆) ရက်နေ့တွင် အောင်လံမှစစ်ကူပေးရန် ဖြည့်တင်းလာသော ရန်သူ့အင်အား(၂၀၀)ခန့် သည် သရက်-မင်းတုန်းလမ်းပိုင်းပေါ်ရှိ၊ ကျောက်ကြီးကျေးရွာ နှင့် ညောင်ကြပ် ကျေးရွာကြား တစ်လျှောက်တွင် ဖြန့်ကျက်နေရာယူထားပြီး၊ (၆.၁.၂၀၂၆)ရက်နေ့ တွင် မင်းတုန်းမြို့နယ် (၅)မိုင်စစ်ဆေးရေးဂိတ် သို့ ရောက်ရှိလာကာ ဆင်ကော်ရဲစခန်းအား စစ်ကူပေးနိုင်ရေး နှင့် ရွေးကောက်ပွဲအတွက် နယ်မြေထိန်းချုပ်နိုင်ရေး၊ စစ်ကြောင်း ထိုးရန်ပြင်ဆင်နေပါသည်။
၆။  ဆင်ကော်ရဲစခန်းအား တိုက်ခိုက်သော(၂၄.၁၂.၂၀၂၅)မှ (၆.၁.၂၀၂၆) ရက်နေ့အထိ တိုက်ပွဲကာလ(၁၄)ရက် အတွင်း ရန်သူ့ဘက်မှ ကပစ(၁၂)ကနေ လက်နက်ကြီးပစ်ကူများ ၊ ဒရုန်းတိုက်ခိုက်မူများ အများအပြား ပြုလုပ်ခဲ့သောကြောင့် ဆင်ကော်ကျေးရွာ နှင့် မြို့လှကျေးရွာမှ ပြည်သူနေအိမ်များထိမှန်ပျက်စီမူများရှိပြီး ပြည်သူအများအပြား အရေးပေါ်စစ်ရှောင်နေရာကာ ကျွန်ုပ်တို့ဘက်မှ ရန်သူ့ကာမီကာဇေ ဒရုန်း(၂)စီးအား သိမ်းပိုက်ဖျက်စီးနိုင်ခဲ့ကာ၊ ရန်သူ့ဘက်မှ (၅)ဦးခန့် သေဆုံးမှုရှိပြီး၊ ထိခိုက်ဒဏ်ရာရ (၁၀) ဦးခန့်ရှိနိုင်ကာ မိမိတို့အဖွဲ့ဝင်များ ထိခိုက်မှုမရှိပါ။
၇။ (၆.၁.၂၀၂၆)ရက်နေ့ လက်ရှိအချိန်ထိ သရက်၊ ကံမ၊ မင်းတုန်းမြို့နယ်များအတွင်း ရန်သူ့အင်အား (၅၀၀)ခန့် ရောက်ရှိနေပြီး စစ်ကြောင်းထိုးလျှက်ရှိရာ၊ စစ်ရေးအခြေအနေတင်းမာလျှက်ရှိပါသောကြောင့် ၊ ပြည်သူများအနေဖြင့် သတိပြုသွားလာနေထိုင်ကြပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
62🫡9👍2❤‍🔥1
မိုင်းထိမှန်ပျက်စီးသွားသောကားအားမီးရှို့ဖျက်စီးခြင်း
၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၈ ရက်


(၃.၁.၂၀၂၆)ရက်နေ့တွင် သရက်မြို့နယ် ၊ ဆင်ကော်ရဲစခန်းအားစစ်ကူပေးနိုင်ရန်အတွက် ၊ သရက်ကပစ (၁၂)မှ ကား(၃)စီးဖြင့် ရန်သူအင်အား (၁၀၀)ခန့် ထပ်မံအင်အားဖြည့်လာရာ ၊ မင်းတုန်းမြို့နယ် ပုဇင်းဒါးကျေးရွာအနီးအရောက် ည (၁၁)နာရီ (၃၀)မိနစ်အချိန်တွင် ကျွန်ုပ်တို့ ဖြတ်တောက်ရေးအဖွဲ့မှ စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ပျက်စီးသွားသော ကား (၁)စီးအား ကျွန်ုပ်တို့မှ မီးရှို့ဖျက်စီးခဲ့ခြင်းဖြစ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
25🖕2
တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၁၃ ရက်

အကြမ်းဖက်အာဏာသိမ်းစစ်ကော်မရှင်သည် မင်းတုန်းမြို့ပေါ်၌ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၂)အတွက် ၊ စစ်အင်အား အများအပြား ဖြည့်တင်း၍ အတင်းအကျပ် ပြုလုပ်ခဲ့ရာ ၊ (၁၂.၁.၂၀၂၆)ရက်နေ့တွင် မင်းတုန်းမြို့မှ မဲပုံးများအား သရက်မြို့သို့ ပို့ဆောင်နိုင်ရန်အတွက် ၊ စကမတပ်ဖွဲ့ဝင် အင်အား (၂၅၀)ခန့်က ၊ မင်းတုန်း - သရက် လမ်းပိုင်းအတိုင်း နယ်မြေရှင်း စစ်ကြောင်းထိုးလာရာ ၊ မင်းတုန်းမြို့နယ် သဖန်းကိုင်းကျေးရွာအနီးအရောက် ၊ နံနက် (၁၁)နာရီ (၁၀)မိနစ်ချိန်တွင် ၊ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်အမှတ်-၄တပ်ရင်း ၊ မိုင်းတပ်စိပ်မှ မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ ၊ အပြန်အလှန်ပစ်ခတ်မူ အပြင်းအထန် ဖြစ်ပွားပြီး တိုက်ပွဲချိန် (၁၅)မိနစ်ခန့် အတွင်း ၊ စကမတပ်ဖွဲ့ဝင် မျက်မြင် (၄)ဦးထိ သေဆုံးခဲ့ပြီး ၊ ကျွန်ုပ်တို့တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
53👍18🥰2👏1🤣1
တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၁၆ ရက်

၁။ (၁၅.၁.၂၀၂၆)ရက်နေ့တွင် ၊ ကံမမြို့နယ် ရေနံ့သာရဲကင်းစခန်းမှ ကား (၃)စီးဖြင့် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၀၀) ကျော်ခန့်ဟာ ၊ ကံမမြို့နယ် ပုညိုကျေးရွာတွင် ကားများထားခဲ့ပြီး ခြေလျင်စစ်ကြောင်းထိုးလာရာ ၊ လမ်းတလျှောက် ရမ်းသမ်းပစ်ခတ်လာပြီး ၊ ကံမမြို့နယ် မင်းကျေးရွာ အနီးအရောက် ညနေ (၃)နာရီချိန်ခန့်တွင် ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄ တပ်ရင်းမှ ၊ ရန်သူ့ရှေ့ပွိုင့်အား အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ရာ ၊ တိုက်ပွဲချိန် (၁၀)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ၊ ရန်သူ့ဘက်မှ (၇)ဦးထိ ကျဆုံးခဲ့ကာ ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။ တိုက်ခိုက်ခံလိုက်ရပြီး အထိနာသွားသော စစ်ကောင်စီစစ်ကြောင်းသည် ၊ ဆက်လက်စစ်ကြောင်းထိုးလာပြီး ၊ ကံမမြို့နယ် တောမကုန်းကျေးရွာသို့ ရောက်ရှိလာကာ ၊ ရွာမှပြည်သူများအား ကြိမ်းမောင်းခြိမ်းခြောက်ပြီး ပြည်သူများပိုင် အဖိုးတန်ပစ္စည်းများအား မတရားယူဆောင်ကာ ၊ ကံမမြို့နယ် ကျောက်စောင်းကျေးရွာထိ စစ်ကြောင်းထိုးဝင်ရောက်ပြီး ၊ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသူများအာ သယ်ဆောင်၍ ၊ ရေနံ့သာရဲကင်းစခန်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားပါသည်။ ထိုသို့ဆုတ်ခွာသွားသောစစ်ကြောင်းတပ်စွဲထားရာ ၊ ရေနံ့သာရဲကင်းစခန်းအား ၊ (၁၅.၁.၂၀၂၆) ည (၉)နာရီ (၃၀)မိနစ်အချိန်တွင် ၊ ကျွန်ုပ်တို့မှ (၄၀)မမ (၃)လုံး ပစ်ခတ်တိုက်ခိုက်ရာ ၊ စခန်းအတွင်းကျရောက်ပေါက်ကွဲပြီး ထိခိုက်မူများရှိနိုင်ပါသည်။

၂။ အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် သရက်၊ကံမ၊မင်းတုန်းမြို့နယ်များအတွင်း ၊ နယ်မြေထိန်းချုပ်နိုင်ရေးရည်ရွယ်၍ အင်အားအများအပြားသုံးကာ စစ်ကြောင်းများခွဲပြီး စစ်ကြောင်းထိုးလျှက်ရှိနေရာ (၁၅.၁.၂၀၂၆)ရက်နေ့တွင်ပဲ ၊ သရက်မြို့နယ် ဆင်ကော်ရဲစခန်းမှ ထွက်ခွာလာသော အင်အား (၂၀၀)ခန့်ပါ နောက်ထပ်စစ်ကြောင်းတစ်ကြောင်းဟာ ၊ မင်းတုန်းမြို့နယ် ချင်းနစ်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာဘုန်းကြီးကျောင်းတွင် ညအိပ်တပ်စွဲကာ ၊ (၁၆.၁.၂၀၂၆) ရက်နေ့ မနက်ပိုင်းတွင်၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ၊ မင်းတုန်းမြို့နယ် ကံတွင်းကျေးရွာ ၊ လယ်ပြားကျေးရွာ ၊ လက်ပွကျေးရွားများသို့ ဆက်လက်စစ်ကြောင်းထိုးလာကာ ၊ ဒေသခံပြည်သူများ၏ နေအိမ်များအား ဖောက်ထွင်းမွှေနှောက်လျက်ရှိနေပြီး ၊ ထိုကျေးရွာများမှ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။
ထိုသို့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ (၅.၁.၂၀၂၆)ရက်မှစ၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးသော ၊ မင်းတုန်းမြို့နယ် သဖန်းကိုင်းကျေးရွာမှ နေအိမ် (၈)လုံး ၊ ပုဇင်းဒါးကျေးရွာမှ နေအိမ် (၃၈)လုံးတို့အား ၊ PDF များနှင့်ပတ်သက်သည်ဟု စွပ်စွဲကာ မီးရှို့ဖျက်စီးခဲ့ပြီး ၊ သရက်မြို့နယ် အောက်မမြင့်ကျေးရွာ ၊ အောက်မနိမ့်ကျေးရွာ ၊ ဆင်ကော်ကျေးရွာ ၊ မြို့လှကျေးရွာ ၊ ဆတ်လည်ကျေးရွာ ၊ ပုဏ္ဍားကျေးရွာ နှင့် ပျဥ်းအိုင်ကျေးရွာများမှ ပြည်သူများ၏ နေအိမ်များအား အကြမ်းဖက်ဝင်ရောက်မွှေနှောက်ကာ အဖိုးတန်ပစ္စည်းများ၊ ဆန်စပါးများနှင့် တန်ဖိုးရှိအသုံးအဆောင်များအား မတရားသိမ်းပိုက်ယူဆောင်ခဲ့ကြပါသည်။ သရက်၊ကံမ၊မင်းတုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးနေမူအခြေအနေများကြောင့် မြေပြင်တွင် စစ်ရေးတင်းမာလျက်ရှိရာ ၊ စစ်ရေးသတိဖြင့် ဂရုစိုက်နေထိုင်ကြရန် နှင့် စစ်တပ်၏ လေကြောင်းရန် ၊ လက်နက်ကြီးရန်များအား ကြိုတင်ကာကွယ်ခြင်း အစီအစဥ်များ ပြုလုပ်ထားကြပါရန် အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
66🫡3🤣1
တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၃၀ ရက်

၁။ အာဏာသိမ်းစစ်ကော်မရှင်သည် ၊ ၎င်းတို့အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နိုင်ခွင့်မရခဲ့သော ကျွန်ုပ်တို့စစ်ရေးလှူပ်ရှားရာ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တိုက်ခိုက်ရေးတပ်ရင်းများအားပို့ဆောင်ပြီး စစ်ကြောင်းထိုးဝင်ရောက်လျှက်ရှိရာ (၁၇.၁.၂၀၂၆) ရက်နေ့တွင် ၊ မင်းတုန်းမြို့နယ် ကြပ်ကြီးကျေးရွာအနီးသို့ ရောက်ရှိလာသော စကမလက်အောက်ခံ အင်အား (၁၅၀)ခန့်ရှိ စစ်တပ်စစ်ကြောင်းအား ၊ နေ့လည် (၁)နာရီ (၅၀) မိနစ်အချိန်တွင် ၊ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄ တပ်ရင်းမှ စတင်ခုခံတိုက်ခိုက်ရာ ၊ တိုက်ပွဲချိန် (၁၀)မိနစ်ခန့် ဖြစ်ပွားပြီး ရန့်သူဘက်မှ ကျဆုံးနှင့်ဒဏ်ရာရရှိမူများရှိခဲ့ပါသည်။ တိုက်ခိုက်ခံလိုက်ရသော စစ်တပ်စစ်ကြောင်းသည် ၊ မင်းတုန်းမြို့နယ် ပုသိမ် - မုံရွာ လမ်းပိုင်းပေါ်ရှိ မဲဇလီကျေးရွာ နှင့် သရက်အုပ်ကျေးရွာများတွင် တပ်ဖြန့်နေရာယူထားပြီး ၊ ထိုနေ့ည (၇)နာရီအချိန်တွင် သရက်အုပ်ကျေးရွာအတွင်း ဝင်ရောက်ပြီး ကျေးရွာရှိ ကြက်များ ၊ ဝက်များအားခိုးယူချက်ပြုတ်စားသောက်နေသော ၊ ရန်သူ့တပ်ဖွဲ့ဝင်များအား ၊ ကျွန်ုပ်တို့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ၊ တိုက်ပွဲချိန် (၁၅)မိနစ်ခန့် ဖြစ်ပွားပြီး ၊ ရန်သူ့ဘက်မှ အထိနာက အကျအဆုံးများခဲ့ပါသည်။

၂။ ထိုတိုက်ခိုက်ခံလိုက်ရသော အင်အား(၁၂၀)ခန့် လက်ကျန်စစ်တပ်စစ်ကြောင်းသည် ပုသိမ် - မုံရွာ လမ်းပိုင်းအတိုင်း ၊ မင်းတုန်းမြို့ဘက်သို့ ဆက်လက်ထွက်ခွာသွားပြီး ၊ မင်းတုန်းမြို့ မိုက်ကလိုစစ်တပ်ဂိတ်မှတဆင့် (၂၁.၁.၂၀၂၆)ရက်နေ့မှ စတင်၍ ၊ မင်းတုန်းမြို့နယ် ထိန်ကိုင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ၊ ကျေးရွာရှိပြည်သူအချို့အား စုစည်းဖမ်းဆည်းထိန်းသိမ်းထားကာ ၊ ထိန်ကိုင်းကျေးရွာစာသင်ကျောင်း နှင့် ကောက်ကွေ့ကျေးရွာဘက်သို့ ရှေ့ပြေးပွိုင့်ထွက်လာသော ရန်သူ့တပ်ဖွဲ့ဝင်များအား ၊ နံနက် (၉)နာရီ(၄၀)မိနစ် နှင့် ညနေ (၄)နာရီအချိန်တို့တွင် ၊ ကျွန်ုပ်တို့မှ တိုက်ခိုက်ရေးဒရုန်းဖြင့် (၆၀)မမဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရရှိမူများရှိပြီး ၊ စစ်ကြောင်းရှေ့ဆက်မတိုးနိုင်ပဲ ထိုကျေးရွာများတွင် ညအိပ်တပ်စွဲကာ ၊ (၂၂.၁.၂၀၂၆)ရက်နေ့တွင် ၊ လက်နက်ကြီးများပစ်ခတ်ပြီး ၊ မင်းတုန်းမြို့နယ် ထန်းလေးပင်ကျေးရွာဘက်သို့ ဆက်လက်စစ်ကြောင်း ထိုးလာခဲ့ပါသည်။

၃။ ထန်းလေးပင်ကျေးရွာအနီး ရောက်ရှိလာသော စစ်တပ်စစ်ကြောင်းအား ၊ ညနေ (၃)နာရီခန့်တွင် ကျွန်ုပ်တို့မှ မြေပြင်၌ရော ၊ တိုက်ခိုက်ရေးဒရုန်းဖြင့်ပါ ခုခံတိုက်ခိုက်ရာ တိုက်ပွဲချိန် (၃၀)မိနစ်ခန့် အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ၊ ရန်သူ့ဘက်မှ အထိနာကာ ၊ ထန်းလေးပင်ကျေးရွာမှ အိမ်ခြေ(၆)လုံးခန့်အား မီးရှို့၍ ၊ မင်းတုန်းမြို့နယ် ပြောင်းကျေးရွာ နှင့် သီးပင်ကုန်းကျေးရွာများအတွင်း ဝင်ရောက် တပ်ဖြန့်နေရာယူကာ ကျေးရွာမှ မပုန်းရှောင်ပဲကျန်နေခဲ့သော ဒေသခံအချို့အား လူသားဒိုင်းအဖြစ်မတရားဖမ်းစီးကာ တပ်စွဲထားပါသည်။ (၂၃.၁.၂၀၂၆)ရက်နေ့ ညနေ (၄)နာရီအချိန်တွင် ပြောင်းကျေးရွာ နှင့် ထန်းလေးပင်ကျေးရွာအနီးရှိ ဒေသခံများ၏ တောင်ယာတဲများ ၊ စျေးဆိုင်များနှင့် ကုန်ပစ္စည်းများအား မီးရှို့ဖျက်စီးနေသော ရန်သူ့တပ်ဖွဲ့ဝင်များအား ၊ ကျွန်ုပ်တို့မှ တိုက်ခိုက်ရေးဒရုန်းဖြင့် (၆၀)မမဗုံးသီးများ ကျဲချတိုက်ခိုက်ရာ ၊ ထန်းလေးပင်စာသင်ကျောင်းအနီး ရောက်ရှိလာချိန်တွင် မြေပြင်၌ ထပ်မံတိုက်ခိုက်ရာ တိုက်ပွဲချိန် (၃၀)မိနစ်ခန့်ဖြစ်ပွားပြီး ရန့်သူ့ဘက်မှ ထိခိုက်ကျဆုံးမူများရှိကာ ဒေသခံများ၏ ကောက်ရိုးပုံများအား မီးရှို့၍ တပ်စွဲထားရာ ပြောင်းကျေးရွာအတွင်း ပြန်လည်ဆုတ်ခွာသွားပါသည်။

၄။ (၂၄.၁.၂၀၂၆)ရက်နေ့ နံနက် (၆)နာရီခန့်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ၊ ပြောင်းကျေးရွာမှနေ၍ လက်နက်ကြီးများပစ်ခတ်ပြီး ၊ မင်းတုန်းမြို့နယ် ဝက်ကော်ကျေးရွာသို့ ဝင်ရောက်လာကာ ၊ ဒေသခံပြည်သူများ၏ နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်စီးခဲ့ပြီး ၊ ဝက်ကော်ကျေးရွာနှင့် ကပ်လျက် သဖန်ရောင်ကျေးရွာ နှင့် ထန်းပင်ကုန်းကျေးရွာသို့ ဝင်ရောက်ပြီး ဒေသခံပြည်သူများအား ထန်းပင်ကုန်းဘုန်းကြီးကျောင်းအတွင်း စုစည်းဖမ်းဆည်းထားကာ ၊ ပြည်သူများ၏နေအိမ်များအား ဖောက်ထွင်း၍ အဖိုးတန်ပစ္စည်းများ ၊ စားသောက်ကုန်များ ၊ ဆိုင်ကယ် နှင့် ကားများအား မတရားသိမ်းယူပြီး ပြောင်းကျေးရွာသို့ ပြန်လည်ဆုတ်ခွာခဲ့ပါသည်။ (၂၅.၁.၂၀၂၆)ရက်နေ့တွင် ပြည်သူများထံမှ အကြမ်းဖက်သိမ်းယူထားသော ကုန်များဖြင့် မင်းတုန်းမြို့ဘက်သို့ ထွက်ခွာရန် လမ်းကြောင်းရှာနေသော ရန်သူ့တပ်ဖွဲ့ဝင်များအား ၊ နံနက် (၈)နာရီအချိန်တွင် ပြောင်းကျေးရွာ နှင့် ယင်းကောက်ကျေးရွာသွား လမ်းပိုင်းအနီးတွင် ၊ ကျွန်ုပ်တို့မှ တိုက်ခိုက်ရာ တိုက်ပွဲချိန် (၂၀)မိနစ်ခန့် (၁)ကြိမ်ဖြစ်ပွားပြီး ၊ (၁၁)နာရီခန့်ထန်းလေးပင်ကျေးရွာအနီးတွင် နောက်ထပ် (၁)ကြိမ် တိုက်ပွဲချိန် (၁)နာရီခန့် အပြင်းအထန်ဖြစ်ပွာပြီး ရန်သူ့ဘက်မှ အထိနာကာ ၊ ထန်းလေးပင်ကျေးရွာမှ ကျန်ရှိနေသာ ဒေသခံနေအိမ်များ နှင့် စာသင်ကျောင်းအား မီးရှို့ဖျက်စီးကာ
19🤣1
ပြောင်းကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားပါသည်။

၅။ (၂၆.၁.၂၀၂၆)ရက်နေ့တွင် ဆုတ်ခွာရန်အတွက်ပြင်ဆင်နေသော အကြမ်းဖက်စစ်ကြောင်းမှ တပ်ဖွဲ့ဝင်အချို့သည် ခိုးယူထားသော ဆိုင်ကယ် (၁၅)စီးခန့်ဖြင့် ၊ မင်းတုန်းမြို့ဘက်သို့ ထွက်ခွာလာရာ ၊ တမာကျေးရွာအနီးအရောက် ညနေ (၄)နာရီ (၃၀)မိနစ်ချိန်ခန့်တွင် အသင့်စောင့်နေသော ကျွန်ုပ်တို့တပ်ဖွဲ့ဝင်များမှ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ ၊ ရန်သူ့ဘက်မှ ထိခိုက်ကျဆုံးများရှိခဲ့ပြီး ထိုနေ့ညပိုင်းတွင် မင်းတုန်းမြို့မှ ဖောကား (၂)စီးဖြင့် ရန်သူအင်အား (၅၀)ခန့် ပြောင်းကျေးရွာသို့ ထပ်မံဖြည့်တင်းခဲ့ပါသည်။ထိုနေ့ည (၁၀)နာရီခန့်တွင် ဆုတ်ခွာရန်အတွက် ရှေ့ပွိုင့်ထွက်လာသော ရန်သူ့တပ်ဖွဲ့ဝင်များအား ၊ ကျွဲဒွန်ကျေးရွာသွား လမ်းဆုံတွင် ကျွန်ုပ်တို့မှ ပိတ်ဆို့တိုက်ခိုက်ရာ တိုက်ပွဲချိန် (၁)နာရီခန့် အပြင်းအထန်ဖြစ်ပွားခဲ့ပါသည်။ (၂၈.၁.၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင် ပြောင်းကျေးရွာမှ နောက်ချန် ရန်သူ့စစ်ကြောင်းသည် ၊ ပြည်သူများထံမှ မတရားသိမ်းယူထားသော ကုန်ပစ္စည်းများအား ဖောကား (၂)စီးဖြင့် တင်ဆောင်၍ မင်းတုန်းမြို့ဘက်သို့ဆုတ်ခွာလာရာ ၊ တမာကျေးရွာအနီးအရောက် ၊ (၁၁)နာရီအချိန်တွင် ကျွန်ုပ်တို့မှ ထပ်မံတိုက်ခိုက်ရာ တိုက်ပွဲချိန် (၃၀)မိနစ်ခန့်ဖြစ်ပွားပြီး ရန်သူ့စစ်ကြောင်းရှေ့မဆက်နိုင်ပဲ တမာကျေးရွာအနီးရပ်တန့်သွားခဲ့ပါသည်။ထိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် (၂၉.၁.၂၀၂၆) ရက်နေ့တွင် တမာကျေးရွာအတွင်းဝင်ရောက်ပြီး ဒေသခံအချို့အားဖမ်းစီးကာ ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မူကြောင့် ၊ မင်းတုန်းမြို့နယ် ကင်းမွန်တောင့်ကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံနေအိမ်များအားလုံး မီးလောင်ပျက်စီးခဲ့ရပါသည်။

၆။ ကျွန်ုပ်တို့စစ်ရေးလှူပ်ရှားရာ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းအား ခုခံတိုက်ခိုက်သည့် (၁၂)ရက်အတွင်း တိုက်ပွဲ (၁၀)ကြိမ်ထိဖြစ်ပွားခဲ့ကာ ၊ ရန်သူ့ဘက်မှ (၃၀)ဦးခန့် သေဆုံးပြီး ကျွန်ုပ်တို့တပ်ဖွဲ့ဝင် (၁)ဦး ဘယ်ဘက်လက် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပါသည်။ နယ်မြေအတွင်း စစ်ကြောင်းထိုးဝင်ရောက်ချိန်များတွင် အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ သုံးဆွဲပြီး ကျေးရွာများမှ လူသားဒိုင်းအဖြစ် ဖမ်းဆည်းထားသော ပြည်သူများကို ရိုက်နှက်နှိပ်စက်ခြင်းများပြုလုပ်မူကြောင့် ၊ သီးပင်ကုန်းဒေသခံ အမျိုးသား (၁)ဦး သေဆုံးခဲ့ရပြီး ၊ ၎င်းတို့၏ မီးရှို့ဖျက်စီးမူကြောင့်လည်း ဝက်ကော်ကျေးရွာမှ နေအိမ် (၂၈)လုံး ၊ ထန်းလေးပင်ကျေးရွာမှ နေအိမ် (၅၀)ကျော်ခန့် နှင့် ကင်းမွန်တောင့်ကျေးရွာမှာ လက်နက်ကြီး ထိမှန်မူကနေ တရွားလုံးနီးနီး မီးလောင်ဆုံးရှူံးခဲ့ရပါသည်။ စစ်ကြောင်းထိုးနေစဥ်အတွင်း (၁၈.၁.၂၀၂၆) ရက်နေ့တွင် ကျွန်ုပ်တို့ နောက်တန်းစခန်းအား ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မူ (၁၀)ကြိမ်ထိ အပြင်းအထန်ပြုလုပ်ခဲ့ရာ ၊ ထိုတိုက်ခိုက်မူကြောင့် စခန်းအတွင်း အဆောင်အချို့ပျက်စီးမူရှိခဲ့ပြီး ကျွန်ုပ်တို့တပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
44👏1😁1🤣1
တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်

အကြမ်းဖက်အာဏာသိမ်းစစ်တပ်၏ (၁၂၀)မမ၊(၆၀)မမနှင့်(၄၀)မမ ဗုံးသီးများအားထုတ်လုပ်သော ကာကွယ်ရေးပစ္စည်းစက်ရုံဖြစ်သည့် ၊ သရက်မြို့ ကပစ (၁၂)အား ၊ (၁.၂.၂၀၂၆) ရက်နေ့ ၊ နံနက် (၄)နာရီ (၃၀)မိနစ်အချိန်တွင် ၊ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄ တပ်ရင်းမှ ၊ လက်လုပ် 75MM Rocket (၁၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၊ စက်ရုံအတွင်းရှိ ပစ်မှတ်အဆောက်အဦးများအား အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီး ၊ ထိခိုက်ပျက်စီးမူများရှိနိုင်ကာ ၊ ပစ်ခတ်နေစဥ်အတွင်း ရန်သူ့ဘက်မှ လက်နက်ကြီးများ ၊ ရှော့တိုက်ဒုန်းများဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
44👍5🥰4🤣1
ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ်-၄တပ်ရင်းသည် အကြမ်းဖက်အာဏာသိမ်းစစ်တပ်၏ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် (၁၂)ကြိမ် ၊ Y12ဖြင့် ဗုံးသီးအလုံး (၂၀)ခန့်ထိ ကျဲချတိုက်ခိုက်ခဲ့ပြီး ၊ မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် အခြေအနေများကြားမှ ၊ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၂)ရဲ့ လေ့ကျင့်ရေးများအား ပြီးဆုံးအောင် သင်ကြားနိုင်ခဲ့ပြီး ၊ (၁၇.၂.၂၀၂၆)ရက်နေ့တွင် သင်တန်းဆင်းအခမ်းအနားအား အကျဥ်းချုံး ပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲအား အလံတော်အလေးပြုခြင်း နှင့်သင်တန်းဆင်းရဲဘော်များမှ အလံကိုင်ကတိသစ္စာသီဆိုခြင်းများ ပြုလုပ်ပြီး အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

အခက်အခဲများကြားမှ စည်းလုံးညီညွတ်စွာဖြင့် သင်တန်းပြီးဆုံးသည့်ထိ ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည် ရဲဘော်များအားလုံးအား လေးနက်စွာဂုဏ်ပြုအပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
37
ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင်အမှတ် (၄)တပ်ရင်းသည် (၂၂.၂.၂၀၂၆)ရက်နေ့တွင် ၊ အထက်မှပေးအပ်လာသော ထောက်ပံ့ငွေများကို တပ်ရေးအရာရှိအပါအဝင် သက်ဆိုင်ရာအုပ်ချုပ်ထောက်ပံ့အရာရှိများလိုက်ပါ၍ ရှေ့တန်းတပ်ခွဲများသို့ သွားရောက်ကာ တပ်ခွဲမှူးများမှတဆင့် ရဲဘော်တစ်ဦးချင်းစီအား ထောက်ပံ့ငွေပေးအပ်ခြင်း ၊ စိတ်ခွန်အားဖြစ်စေ မည့် အားပေးစကားပြောခြင်းများပြုလုပ်ခဲ့ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်(၄)တပ်ရင်း
37🥰2❤‍🔥1🤣1