သရက် - မင်းတုန်း လမ်းပိုင်း အသုံးပြုခြင်းအား တားမြစ်ထုတ်ပြန်ချက်
၂၀၂၆ ခုနှစ် ၊ မေလ (၂၂) ရက်
၂၀၂၆ ခုနှစ် ၊ မေလ (၂၂) ရက်
❤10🤣2
▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
▪ ၂၀၂၆ ခုနှစ် ၊ ဇွန်လ (၁) ရက်
အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် အတုအယောက်ရွေးကောက်ပွဲမှ တဆင့် အစိုးရတုတရပ်ဖွဲ့စည်းကာ နိုင်ငံတကာအသိအမှတ်ပြုရရှိနိုင်ရန်အတွက် ဟန်ပြငြိမ်းချမ်းရေးစကားများပြောပြီး ၊ တဖက်တွင် ၎င်းတို့ လက်လွှတ်ထားရသော နယ်မြေများသို့ မတရားပေါ်တာဆွဲဖမ်းဆည်းထားသော စစ်မှုထမ်းများအား အသုံးချကာ လေကြောင်း ၊ လက်နက်ကြီး နှင့် ဒရုန်းများ အသုံးပြု၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လျှက်ရှိရာ ကျွန်ုပ်တို့ စစ်ရေးလှုပ်ရှားရာ မင်းတုန်းမြို့နယ်အတွင်းသို့လည်း သရက်ခလရ(၄၄) ၊ သရက်ကပစ(၁၂) ၊ လပခလက်အောက်ခံတပ်များ နှင့်စစ်မှုထမ်းများပါသော အင်အား (၁၀၀၀)ကျော်ခန့်ဖြင့် (၁၈.၄.၂၀၂၆) ရက်နေ့မှ စတင် စစ်ကြောင်းထိုး ဖြန့်ခွဲဝင်ရောက်လျှက်ရှိပါသည်။
ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄ တပ်ရင်းအနေဖြင့် ရန်သူစစ်ကြောင်းစတင်ထွက်ခွာလာရာ သရက် - မင်းတုန်းလမ်းပိုင်းမှ စတင်၍ ရန်သူစစ်ကြောင်းဝင်ရောက်ရာ မင်းတုန်းမြို့နယ် ပြောင်းကျေးရွာ နှင့် ဒေါင်းတိုက်ကျေးရွာအနီးတို့တွင် ၊ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်မှုများ ၊ မိုင်းဆွဲတိုက်ခိုက်မှုများ နှင့် ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိရာ ယနေ့ (၁.၆.၂၀၂၆)ရက်နေ့အထိ တိုက်ပွဲ (၁၇)ကြိမ် ဖြစ်ပွားခဲ့ပြီး ၊ ရန်သူဘက်မှ (၂၀)ဦးထက်မနဲ သေဆုံးမှုရှိပြီး ၊ ထိခိုက်ဒဏ်ရာအများအပြားရရှိထားကာ ၊ ကျွန်ုပ်တို့ တပ်ဖွဲ့ဝင် (၂)ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပါသည်။
ယနေ့အချိန်ထိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ၊ စစ်ကြောင်း (၃)ကြောင်းခွဲ၍ မင်းတုန်းမြို့နယ် အနောက်ခြမ်းကျေးရွာများနှင့် ရခိုင်ရိုးအစပ်သို့ ဆက်လက်စစ်ကြောင်းထိုးလျှက်ရှိပြီး တိုက်ပွဲများလည်း ဖြစ်ပွာလျှက်ရှိရာ ၊ ဒေသခံပြည်သူများအနေဖြင့် လေကြောင်း နှင့် လက်နက်ကြီး အန္တရာယ်များအား ဂရုပြုကြရန် နှင့် ဘေးကင်းလုံခြုံသောနေရာများတွင် နေထိုင်ကြပါရန် သတင်းထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း

❤44👍3🥰2👏2⚡1❤🔥1
အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ
နှင်းဆီတပွင့်တိုင်းရဲ့အားနဲ့ တော်လှန်ရေးပြီးဆုံးသည်အထိ ဆက်လက်တော်လှန်ကြပါစို့။
လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်
၈၁ နှစ်ပြည့်မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ သက်ရှည်ကျန်းမာပါစေ။ အချုပ်အနှောင်မှ အမြန်ဆုံးကင်းလွတ်ပါစေ။
#RoseMovement
#ProofOfLife
#နှင်းဆီလှုပ်ရှားမှု

❤33❤🔥4🤣2
▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
▪ ၂၀၂၆ ခုနှစ် ၊ သြဂုတ်လ (၁၀) ရက်
(၁၀.၈.၂၀၂၆) ရက်နေ့တွင် ၊ သရက် - မင်းတုန်း လမ်းပိုင်းအား အသုံးပြုသွားလာနေသော အများပြည်သူကားများအား ခြိမ်းခြောက်ပိုက်ဆံတောင်းရန် နှင့် တွေ့ရှိလူငယ်များအား ပေါ်တာဆွဲဖမ်းဆည်းရန်အတွက် သရက်မြို့နယ် ၊ ရေမျက်ရဲစခန်းမှ ထွက်လာသော (စစ်တပ်၊ရဲ၊ပျူ)ပူပေါင်း (၇)ဦးအား ၊ နံနက် (၁၀)နာရီအချိန်တွင် ရေမျက်ကျေးရွာအနီးတွင်ပဲ ၊ ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် (၄)တပ်ရင်းမှ အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲချိန် (၅)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ရန်သူ (၃)ဦး နေရာတွင် ကျဆုံးပြီး ၊ ကျန်သူများ ထွက်ပြေးသွားကြပါသည်။ ထိုတိုက်ခိုက်မှုမှ G4 (၁)လက် ၊ ကျည်ဘောက် (၁)ဘောက်နှင့် ကျည် (၆)တောင့် သိမ်းဆည်းရခဲ့ပြီး ၊ ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ပါသည်။
ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် (၄)တပ်ရင်းအနေဖြင့် (၁၇.၇.၂၀၂၆)ရက်နေ့တွင်လည်း သရက်မြို့နယ် ၊ ဆင်ကော်ကျေးရွာ ရဲစခန်းမှ ထွက်လာသော အင်အား (၂၀)ခန့်ရှိ (စစ်တပ်၊ရဲ)ပူးပေါင်း စစ်ကြောင်းအား သရက်မြို့နယ် ၊ ပုဏ္ဍားကျေးရွာအနီးအရောက် ၊ နံနက် (၁၀)နာရီ (၃၀)မိနစ်အချိန်တွင် အသင့်စောင့်ကြို ကြားဖြတ်တိုက်ခဲ့ရာ ၊ တိုက်ပွဲချိန် (၂၀)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ၊ ရန်သူ့ဘက်မှ မျက်မြင် (၇)ဦးကျဆုံးပြီး ၊ ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ် - ၄ တပ်ရင်း

❤51❤🔥2🤣2
Media is too big
VIEW IN TELEGRAM
(၁၀.၈.၂၀၂၆)ရက် နံနက် (၁၀)နာရီအချိန်တွင် ရေမျက်ကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲရုပ်သံမှတ်တမ်း။
❤78👍1
▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
▪၂၀၂၆ ခုနှစ် ၊ သြဂုတ်လ (၁၂) ရက်
(၁၂.၈.၂၀၂၆)ရက်နေ့ ၊ နေ့လည် (၁)နာရီချိန်ခန့်တွင် ၊ သရက် - မင်းတုန်း လမ်းပိုင်းအတိုင်း နယ်မြေရှင်းရန်အတွက် မင်းတုန်းမြို့မှ ထွက်ခွာလာသော အကြမ်းဖက်အာဏာသိမ်းစစ်တပ်လက်အောက်ခံ အင်အား (၃၅)ဦးခန့်ပါ ခြေလျှင်စစ်ကြောင်းအား ၊ သရက်မြို့နယ် ပုဇဥ်းဒါးကျေးရွာအနီးအရောက်တွင် ၊ ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် (၄)တပ်ရင်းမှ အသင့်စောင့်ကြိုလက်ဦးမှုရယူ၍ မိုင်းဆွဲတိုက်ခိုက်ရာ ၊ အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲချိန် (၃၀)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ (၉)ဦး ကျဆုံးကာ ၊ မိမိတို့ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

❤102❤🔥5🤣2👏1
▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
▪၂၀၂၆ ခုနှစ် ၊ သြဂုတ်လ (၃၀) ရက်
အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် ၊ မတရားပေါ် တာဆွဲထားသော စစ်မှုထမ်း(ပစ) အများအပြားအား အသုံးချကာ ၊ သရက်ခရိုင် ၊ မင်းတုန်းမြို့နယ်အတွင်း ၊ ၎င်းတို့ လက်လွှတ်ထားရသော နယ်မြေများအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများခွဲကာ ဖြန့်ကျက်စစ်ကြောင်းထိုးလျှက်ရှိရာ ၊ (၂၉.၈.၂၀၂၆)ရက် ၊ ည (၇)နာရီချိန်ခန့်တွင် မင်းတုန်းမြို့အနောက်ခြမ်းသို့ စစ်ကြောင်းထိုးရောက်ရှိနေသော ၊ အင်အား (၂၀၀)ခန့်ပါ စစ်ကြောင်းမှ ၊ အင်အား (၅၀)လောက်သည် ရိက္ခာရှာရန်ထွက်လာစဥ် ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄တပ်ရင်းမှ ၊ အသင့်စောင့်ကြိုတိုက်ခိုက်ရာ ၊ တိုက်ပွဲချိန် (၁၀)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ရန်သူအကျအဆုံးများဖြင့် အထိနာကာ ဆုတ်ခွာထွက်ပြေးသွားကြပြီး ၊ ကျွန်ုပ်တို့မှ လိုက်လံရှင်းလင်းရာတွင် ၊ ထိုတိုက်ပွဲမှ MA3 (၁)လက် ၊ ၅.၅၆ကျည် (၉၁)တောင့် ၊ ကျည်ဘောက် (၄)ဘောက် ၊ လက်ပစ်သီး (၁)လုံး ၊ ဖုန်း (၁)လုံး နှင့် ရန်သူအလောင်းအချို့အား သိမ်းဆည်းရမိခဲ့ပါသည်။
အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် စစ်ရေးတွင် အသာစီးရယူရေးအတွက် ၊ လေကြောင်းအား ၊ လက်နက်ကြီးအား ၊ ဒရုန်းအားတို့အပြင် စစ်မှုထမ်း(ပစ) အားတွေအသုံးပြုနေသော်လည်း ၊ လက်တွေ့စစ်မြေပြင်တွင် အမြဲအထိနာကျရှူံးနေကာ ၊ ၎င်းတို့ တပ်ဖွဲ့ဝင်များသည်လည်း နေ့စဥ်နှင့်အမျှ စစ်ကြောင်းအားစွန့်ခွာ ထွက်ပြေးလျှက်ရှိရာ (၂၉.၈.၂၀၂၆)ရက်နေ့တွင် မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကြောင်းတစ်ခုမှ ထွက်ပြေးလာသော တပ်ကြပ်အဆင့် (၁)ဦး ၊ ဒုတပ်ကြပ်အဆင့် (၂)ဦး နှင့် ပစ (၂)ဦး တို့အား ကျွန်ုပ်တို့မှ ဖမ်းဆည်းရမိကာ ထိန်းသိမ်းထားပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

❤41👍2🔥2🤣1
▪ အကြမ်းဖက်အာဏာသိမ်း စစ်ကော်မရှင်မှ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများအား လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု သတင်းထုတ်ပြန်ချက်
▪၂၀၂၆ ခုနှစ် ၊ စက်တက်ဘာလ (၁၄) ရက်
(၁၃.၉.၂၀၂၆) ရက်နေ့ ၊ ညနေ (၄) နာရီ ၊ (၄၀)မိနစ်အချိန်ခန့်တွင် မင်းတုန်းမြို့နယ် ၊ ဇွန်းကျကျေးရွာအား ၊အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ ၊သရက်ကပစ (၁၂) မှ တက်လာသော ပါရာမော်တာ(စက်တပ်လေထီး) ၊ (၃)စီးဖြင့် ဗုံး(၈)လုံးကျဲချတိုက်ခိုက်မှုကြောင့် ၊ ဇွန်းကျကျေးရွာနေ အပြစ်မဲ့ပြည်သူ ၊ ဒေါ်ပစာ အသက် (၇၀) နှစ် ၊ မခင်ဝေဇင်မိုး အသက် (၁၇) နှစ် ၊ မနွယ်နွယ်ဝင်း အသက် (၂၅) နှစ် ၊ မထက်သဇင်လှိုင် အသက် (၁၁) နှစ် ၊ မငုဝါလှိုင် အသက် (၁၀) နှစ် ၊မောင်ကောင်းထက်ကျော် အသက် (၁၅)နှစ် ၊ စုစုပေါင်း (၆)ဦး သေဆုံးပြီး ၊ ဒေါ်မာလာ အသက် (၂၃)နှစ် ၊ မောင်မင်းထက်ဦး အသက် (၁၃) နှစ် ၊ မောင်ချစ်မဝ အသက် (၁၀) နှစ် ၊ မမြမှုးမေ အသက် (၁၄) နှစ် ၊မသင်းသင်းလှိုင် အသက် (၁၆) နှစ်တို့ (၅)ဦးဒါဏ်ရာရရှိခဲ့ပါသည်။
အကြမ်းဖက်အာဏာသိမ်းဖက်ဆစ်စစ်တပ်သည် ၊ မင်းတုန်းမြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်သော ၊ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ နေရာများသို့ ၊ လေကြောင်း ၊ လက်နက်ကြီးများဖြင့် ၊ ရည်ရွယ်ချက်ရှိရှိအကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်လျှက်ရှိပါသောကြောင့် ၊ မင်းတုန်းမြို့နယ်အတွင်း နေထိုင်သောပြည်သူများအနေဖြင့် ၊ သတိထားနေထိုင်ကြပါရန် အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။
(ဓာတ်ပုံ - စက်တင်ဘာလ (၁၃)ရက်နေ့ ၊ ၂၀၂၆ ခုနှစ် တွင် ၊ အကြမ်းဖက်စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒါဏ်ရာရသူ မှတ်တမ်းများ)

😢25❤2👍2🤬2🤣1