Dr. Naing Swe Oo
315 subscribers
734 photos
36 videos
10 links
Official channel of Dr. Naing Swe Oo
Download Telegram
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် အီဂျစ်နိုင်ငံခြားရေးရာကောင်စီတို့အကြား အွန်လိုင်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ခြင်း

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် အီဂျစ်နိုင်ငံခြားရေးရာ ကောင်စီတို့အကြား ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက် (ကြာသပတေး နေ့) မွန်းလွဲပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေး၌ မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ တတ်သိပညာရှင်အဖွဲ့ နှစ်ဖွဲ့အကြား မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုစာလွှာ လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ လျော့ပါးရေးတွင် အီဂျစ်နိုင်ငံ၏ အခန်းကဏ္ဍတို့နှင့်စပ်လျဉ်း၍ အမြင်များ ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ နှစ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ကိုင်ရိုမြို့၊ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် ရန်ကုန်မြို့ရှိ အီဂျစ်သံရုံးမှ သံအမတ်ကြီးတို့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

Conducted the Virtual Coordination Meeting between MISIS and ECFA

The virtual coordination meeting between the Myanmar Institute of Strategic and International Studies (MISIS) and the Egyptian Council for Foreign Affairs (ECFA) was conducted in the afternoon on Thursday, May 22, 2025. The participants from MISIS and ECFA discussed to sign the Letter of Association and Cooperation between the two Institutes to further enhance collaboration on strategic and international affairs, and cordially exchanged their views on latest development in Myanmar and the role of Egypt in the de-escalation of the Israel-Palestine conflict. At the meeting, Myanmar Ambassador in Cairo and Egyptian Ambassador in Yangon were also present.
#NaingSweOo
Source: Myanmar Institute of Strategic and International Studies - MISIS.
မိမိတို့ မြန်မာ့ပုံရိပ် ဖော်ဆောင်ရေးအဖွဲ့ (Myanmar Narrative Think Tank) နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်း စီစဉ်ကျင်းပသည့်

ငလျင်ဘေးအလွန် မြန်မာ့စီးပွါးရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား
(Forum on Rebuilding Myanmar: Post-Earthquake Economic Recovery)

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

မိမိအနေဖြင့် ဖိုရမ်၏ ဒုတိယပိုင်းဖြစ်သည့် စီးပွါးရေးပြန်လည်ထူထောင်ခြင်းအတွက် စိန်ခေါ်မူများနှင့် အခွင့်အလမ်းများတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
ဒေါက်တာနိုင်ဆွေဦး
#NaingSweOo
[30052025]
Media is too big
VIEW IN TELEGRAM
BCM စီးပွားရေးစင်္ကြန်သည် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများပါ အကျိုးဖြစ်ထွန်းနိုင်ဟု ဒေါက်တာနိုင်ဆွေဦး ပြော

"မြန်မာနိုင်ငံက ပထဝီမဟာဗျူဟာအရ ကမ္ဘာ့အင်အားကြီးတဲ့နိုင်ငံတွေနဲ့ လူဦးရေများပြားတဲ့ နိုင်ငံတွေကြားမှာတည်ရှိ‌ နေတာကြောင့် ပထဝီမဟာဗျူဟာတန်ဖိုး ပြောင်းလဲသွားဖို့လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်-တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ကနေ မြန်မာနိုင်ငံ အပါအ၀င်အခြားအိမ်နီးချင်း နိုင်ငံတွေကပါ အကျိုးစီးပွားဖြစ်ထွန်းစေမယ်လို့ယုံကြည်ပါတယ်"
Dr. Naing Swe Oo
Senior Advisor
Myanmar Institute of Strategic and International Studies
Source: Popular News
Media is too big
VIEW IN TELEGRAM
ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်ကောင်းများသည် နိုင်ငံတော်မူဝါဒရေးဆွဲရာ အထောက်အကူပြုဟု ဒေါက်တာနိုင်ဆွေဦးပြော

"အခုလို Forum တွေမှာ ကျွန်တော်တို့တွေက သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်‌တွေကို ဖိတ်ခေါ်ဆွေးနွေးပြီး ရလာတဲ့အကြံဉာဏ်ကောင်းတွေနဲ့ နိုင်ငံတော်ရဲ့ မူဝါဒတွေ ချမှတ်ရာမှာ၊ မဟာဗျူဟာရေး‌ဆွဲရာမှာ အထောက်အကူပြုစေဖို့ ဒီလိုပွဲမျိုးတွေကို ပုံမှန်ပြုလုပ်သွားဖို့ရှိပါတယ်။ ပြည်သူလူထု၊ သက်ဆိုင်ရာအစိုးရနဲ့ ဝန်ကြီးဌာန၊ လုပ်ငန်းရှင်တွေရယ် အားလုံးထိတွေ့မှုရှိမှ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်ကို သိရှိနားလည်ပြီး အထောက်အကူပြုစေမယ့် မူဝါဒတွေကို ချမှတ်နိုင်မှာပါ"
ဒေါက်တာနိုင်ဆွေဦး (မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့)
Source: Popular News
မေလ ၃၀ ရက်က နေပြည်တော်တွင် ပြုလုပ်သည့်
ငလျင်ဘေးအလွန် မြန်မာ့စီးပွါးရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးခြင်းအခမ်းအနား (Forum on Rebuilding Myanmar: Post-Earthquake Economic Recovery) ၏
ဒုတိယပိုင်းဖြစ်သည့် စီးပွါးရေးပြန်လည်ထူထောင်ခြင်းအတွက် စိန်ခေါ်မူများနှင့် အခွင့်အလမ်းများတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
မိမိ၏ အပိုင်းတွင်
- စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
- မြန်မာနိုင်ငံအာမခံအသင်း
- မြန်မာနိုင်ငံမြေငလျင်ကော်မတီနှင့်
- မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းတို့မှ ပညာရှင်များက ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ဒေါက်တာနိုင်ဆွေဦး
#NaingSweOo
နေပြည်တော်ရှိ Park Royal Hotel တွင် ဇွန်လ ၁ ရက်က မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့်
နှစ်နိုင်ငံ မီဒီယာဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ပါသည်။
ဒေါက်တာနိုင်ဆွေဦး
#NaingSweOo
Photos: Popular News
နိုင်ငံတော်အကြီးအကဲနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း

ငလျင်ဘေးအလွန် မြန်မာ့စီးပွါးရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးခြင်းအခမ်းအနား
(Forum on Rebuilding Myanmar: Post-Earthquake Economic Recovery)
#NaingSweOo