ရွှေ့ပြောင်းလုပ်သားတွေနဲ့ သာမန်လုပ်သားတွေအကြား ကွာခြားမှုကဘာလဲ။
နေ့စဉ်ဘဝရဲ့ အခက်အခဲတွေ၊ လူဝန်မှုကြီးကြပ်ရေးအခက်အခဲတွေ၊ ဘာသာစကားအခက်အခဲတွေနဲ့ အထီးကျန်မှုတွေဟာ သူတို့ကို ဘယ်လို သက်ရောက်မှုတွေ ဖြစ်နေသလဲ။
လူသားတွေအပြင် ဘယ်သူတွေ ရွှေ့ပြောင်းနေထိုင်ကြသလဲ။

❤1
ရွှေ့ပြောင်းနေထိုင်ကြပြီဆိုတာနဲ့ ပထမဆုံးတွေ့ရတဲ့ အခက်အခဲဆိုရင် ဘာဖြစ်မလဲ။
ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေထဲမှာမှ အားလုံးကို လွှတ်ချပြီး အိမ်ပြန်သွားချင်လောက်တဲ့အထိ ဖိစီးမှုကြီးမားတဲ့ အခက်အခဲက ဘာဖြစ်မလဲ။
လူသားတွေအပြင်
ဘယ်သူတွေ ရွှေ့ပြောင်းနေထိုင်ကြသလဲ။

❤3
ကမ္ဘာကြီးမှာ အတူတူနေထိုင်ကြပေမယ့် အခြေနေတွေ မတူကြပါဘူး။ အချို့က ရုပ်ပိုင်း၊ စိတ်ပိုင်း နဲ့ လူနေမှု အဆင့်အတန်း ငွေကြေးပိုင်းတွေမှာ အားနည်းသူတွေရှိကြပါတယ်။ ဒီလို အခြေနေတွေ မတူပေမယ့် အခွင့်အရေးတွေကတော့ တူညီစွာရရှိရမှာပါ။
ဒီလိုမျိုး ကိုယ်၊ စိတ်၊ လူနေမှုအဆင့်အတန်း တစ်နည်းနည်းတစ်ဖုံဖုံနဲ့ အားနည်းသူတွေရဲ့ အခွင့်ရေးတွေ၊ ဖြစ်တည်မှုတွေကို လေးစားသမှုနဲ့ လက်ခံပေးရပါမယ်။
လူသားတိုင်းကို တန်းတူရည်တူထားဆက်ဆံတာဟာ လူသားအဆန်ဆုံးကိစ္စပါ။
အသက်အရွယ်၊ ကျားမ၊ ဂျန်ဒါမရွေး၊ ကိုယ်၊ စိတ် သန်စွမ်းသည်ဖြစ်စေ မသန်စွမ်းသည်ဖြစ်စေ လူတိုင်းတန်းတူတဲ့ အခွင့်အရေးနဲ့ တရားမျှတမှုတွေ ရရှိဖို့ လူအဖွဲ့အစည်းကဘာတွေလိုအပ်နေလဲ ဆွေးနွေးပေးပါဦး။

❤4
လူငယ်လေးတစ်ဦးဟာ တိရိစ္ဆာန် ဆရာဝန်ကြီးဖြစ်ပြီး လေလွင့်ခွေးလေးတွေကို ကုသပေးချင်ပါသတဲ့။ လူငယ်လေးတစ်ဦးဟာ တိဘက်ကုန်းမြင့်တွေကို သွားကြည့်ချင်ပါသတဲ့။ လူငယ်လေးတစ်ဦးဟာ ဇာတိမြေမှာပဲနေပြီး ခေါက်ဆွဲဆိုင်လေး ဖွင့်ချင်ပါသတဲ့။
ဝေးဝေးနီးနီး၊ ကြီးကြီးသေးသေး လူငယ်လေးတွေရဲ့ မျှော်လင့်ချက်တိုင်းဟာ ဖြစ်လာရင် အလှပဆုံးကမ္ဘာကြီးဖြစ်မှာပါ။
ဒီလိုတွေဖြစ်လာဖို့ လူငယ်တိုင်းဟာ အေးအေးချမ်းချမ်းလုံလုံခြုံခြုံ ပညာသင်ခွင့်ရရှိသင့်သလို၊ အခွင့်အရေးပြည့်မှီတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရရှိသင့်ပါတယ်။
အိပ်မက်တွေဆီရောက်ရှိဖို့ လှေကား တစ်ထစ်စီတိုင်းဟာ ခိုင်ခံ့ဖို့၊ လုံခြုံဖို့ လိုတာပေါ့။
လူငယ်လေးတွေရဲ့ အနာဂတ်ဟာ ကမ္ဘာကြီးရဲ့ အနာဂတ်လည်း ဖြစ်တာမို့ လူငယ်တွေရဲ့ အနာဂတ်ကို ဘယ်လို ပံ့ပိုးကြမလဲ၊ ဘယ်လောက်မြေတောင်မြှောက်ပေးကြမလဲ ဆွေးနွေးကြည့်ကြရအောင်ဗျာ။

Media is too big
VIEW IN TELEGRAM
နယ်စပ်ဒေသတွေမှာနေထိုင်သူတွေမှာ သာမန်မဟုတ်တဲ့ ပြဿနာတွေရှိနိုင်သလား? နိုင်ငံရဲ့အတွင်းကျတဲ့နေရာတွေမှာနေတဲ့လူတွေမကြုံဘူးတဲ့ သာမန်မဟုတ်တဲ့ စိန်ခေါ်မှုတွေရှိနိုင်သလို၊ စိတ်လှုပ်ရှားစရာ ယဉ်ကျေးမှု ဖလှယ်တာတွေ၊ ကူးသန်းရောင်းဝယ်မှုတွေဟာ နယ်စပ်ဒေသတွေမှာနေထိုင်သူတွေရဲ့ နေ့စဉ်ဘဝထဲမှာရှိနေပါတယ်။ ဒါ့အပြင် စစ်ပွဲတွေ၊ တရားမဝင်လုပ်ငန်းတွေကြောင့်ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေလည်းရှိနေတာ အမှန်ပါပဲ။ မည်သို့ပင်ဆိုစေ နယ်စပ်ဒေသနေထိုင်သူတွေဟာလည်း တစ်ရွေးသားမျှမလျော့တဲ့ လူ့အခွင့်အရေးတွေ ရရှိရမှာဖြစ်ပါတယ်။ အေးချမ်းလွတ်လပ်စွာ နေထိုင်ခွင့်၊ ပညာသင်ယူခွင့်၊ အလုပ်လုပ်ခွင့်တွေရရှိသင့်ပါတယ်။ သင်က နယ်စပ်မှာနေသူလား၊ နယ်စပ်ကိုရောက်ဖူးလား၊ ဘယ်လို ထူးခြားမှုတွေ တွေ့မြင်ခံစားခဲ့ရသလဲ ပြောပြပါဦး။
❤4
This media is not supported in your browser
VIEW IN TELEGRAM
ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့လူငယ်များနေ့ကို လူငယ်များရဲ့ အားမာန်နဲ့ လင်းထိန်တဲ့ အနာဂတ်ကိုဖော်ကြူးတဲ့ လန်စတန်ဟျူးရဲ့ ကဗျာတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ရင်း ဂုဏ်ပြုလိုက်ရပါတယ်
To mark International Youth Day today, we honor the power and bright future of young people through a translation of a poem by Langston Hughes.

❤8
ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကူးစက်တတ်ပါတယ်။ အသက်အန္တရာယ်ရှိပါတယ်။
မြန်မာနိုင်ငံအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ကြုံတွေ့နေရချိန်မှာ လူမျိုး၊ ဘာသာ၊ လူနေမှုအဆင့်အတန်းခွဲခြားဆက်ဆံခြင်းမရှိဘဲ အသက်ကယ်ဆေးဝါးကုသမှုနဲ့ သန့်ရှင်းတဲ့သောက်သုံးရေကို အပြည့်အဝ ရရှိဖို့ လူသားတိုင်းမှာ အခွင့်ရေးရှိပါတယ်။
အကျပ်အတည်းကာလများမှာ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးဟာ သနားကြင်နာမှုသက်သက်မဟုတ်ဘဲ လိုက်နာရမယ့် လူ့အခွင့်အရေးတစ်ရပ်ပဲ ဖြစ်ပါတယ်။
မြို့နယ်၊ ကျေးရွာ၊ ဒေသအလိုက် ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်မယ့် နေရာတွေကို comment မှာ မျှဝေပေးသွားဖို့လည်း တိုက်တွန်းချင်ပါတယ်။

❤6
မှတ်ပုံတင်ထဲမှာ မှီခိုလို့ရေးထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ တကယ်ပဲမှီခိုသူတစ်ဦးလား။
မှီခိုသူပြင်ပေးတဲ့ ထမင်းဝိုင်းတွေကိုစားသောက်ခဲ့ပြီး ရရှိခဲ့တဲ့ ခွန်အားတွေနဲ့ အလုပ်သမားတွေဟာ လုပ်ငန်းခွင်ဝင်ကြပါတယ်။
မှီခိုသူ လျှော်ဖွပ်ပေးလိုက်တဲ့ ကျောင်းစိမ်းအင်္ကျီဖြူဖြူလွင်လွင်နဲ့ ကျောင်းသားတွေဟာလည်း စာသင်ကျောင်းကိုသွားကြတာပါ။
နေမကောင်းဖြစ်တဲ့လူကို မှီခိုသူတိုက်တဲ့ ဆေးဝါးတွေ၊ အိပ်မပျော်သူ ကလေးငယ်ကို မှီခိုသူ ဆိုပြတဲ့ အိပ်ရာဝင်တေး၊ ပြင်ပလောကကြီးထဲ သွားလာကြတဲ့ လုပ်သား၊ ကျောင်းသားတွေ အန္တရာယ်ကင်းဖို့ မှီခိုသူရဲ့ ဆုတောင်းသံတွေဟာ ကမ္ဘာကြီးကို မောင်းနှင်နေတဲ့ ယန္တရားတွေပဲ မဟုတ်ဘူးလား။
ဒါဆို မှီခိုဆိုတာဘာလဲ? ဘယ်သူ့ကို မှီခိုနေတာလဲ? ဘာအတွက်မှီခိုနေတာလဲ? မှီခိုသူကို မှီခိုနေတဲ့လူတွေရော ရှိသလား?
ဒီနေ့ ကျရောက်တဲ့ အမျိုးသမီးများ တန်းတူညီမျှအခွင့်ရေးရရှိရေးနေ့မှာ “မှီခို” များအားလုံးကိူ လှိုက်လဲစွာဂုဏ်ပြုလိုက်ရပါတယ်။

❤10