Hana: Anime & Cartoons
40.3K subscribers
6.69K photos
29 videos
5.18K links
For Business Contact 👉 @heinoothwin
Download Telegram
နက်ခရက်ကာ နှင့် ကမ္ဘာကြီးလေးခု (၂၀၁၈)

ဒီကားလေးမှာ ခရစ္စမတ်ရဲ့ မရိုးအီနိုင်တဲ့ ခံစားမှုအနံ့အသက်လေးတွေ တွေ့မြင်ခံစားရဦးမှာပါ။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းကို ခရစ္စမတ်အကြိုညလေးနဲ့ စတင်ထားတာပါ။ ကလာရာ ဆိုတဲ့ ကောင်မလေးမှာ သူ့အမေဆီက အမွေခံရထားတဲ့ တီထွင်ညာဏ်ရည် ထူးချွန်တဲ့ အရည်ချင်းပါလာတယ်။ မွေးချင်းသုံးယောက်ရှိတဲ့ မိသားစုလေးကို ချစ်ကြင်သူ ဇနီးမရှိပဲ ထိန်းကျောင်းလာခဲ့ရတဲ့ ကလာရာ တို့အဖေကတော့ နှစ်တိုင်း ခရစ္စမတ်ရောက်တိုင်း အတိတ်ဟောင်းတွေကို တူးဆွပြီး လွမ်းမောတတ်တယ်။ သူမှမဟုတ်ပါဘူး ကျန်တဲ့ မွေးချင်းတွေနဲ့ လုံးဝမတူတဲ့ ကလာရာ လေးလည်း ထပ်တူထပ်မျှပါပဲ။ ဒီလိုနဲ့ အမေ့ဆီက လက်ဆောင်တွေ ဆိုပြီး ခရစ္စမတ်အကြိုညမှာ ပင်ချောင်းသော့ခလောက်လေး ပါတဲ့ ဥလေးတစ်လုံးကို ကလာရာ ရရှိလာတယ်။ ဒါပေမယ့် လက်ဆောင်ဘူးထဲမှာ ဖွင့်ဖို့သော့ မပါလာခဲ့ဘူး။ အဲ့သော့ရဲ့ အဖြေကို သူတို့ ခေါင်းကိုင်အဖေကြီး ဒရော်ဆယ်မာယာ ဆီက ရပြီး အခြားကမ္ဘာတစ်ခုကို ရောက်ဖို့အကြောင်း ဖန်လာတဲ့အခါ။

t.me/cartoonmoviesmms/1746
1
ပါရာနော်မန် (၂၀၁၂)

ဒီကားလေးဟာ မက်ဆာချူးဆက် ပြည်နယ်ရဲ့ မြို့ဟောင်းတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ သရဲဇတ်လမ်းကားတစ်ကားပါ။ အသက် ၁၁ နှစ်အရွယ် နော်မန် ဆိုတဲ့ ကောင်လေးကတော့ အဓိကဇာတ်ကောင်နေရာကနေ ပါဝင်ထားပါတယ်။ နော်မန် မှာ မွေးရာပါ စွမ်းရည်တစ်ခု လက်ဆောင်ရထားပြီး သေဆုံးသွားတဲ့ ဝိညဉ်တွေကို မြင်တွေ့နိုင်သလို စကားပြောနိုင်တာပါ။ သူ မြင်တွေ့နေရတာတွေကို ဘယ်သူမှ မမြင်တဲ့အတွက် အရူးတစ်ယောက်လို သတ်မှတ်ခံထားရပြီး သူ့မိသားစုကကတောင် မယုံပါဘူး။ သူတို့ မြို့လေးမှာ စုန်းမတစ်ယောက်ရဲ့ ကျိန်စာအကြောင်း ပုံပြင် ဇာတ်လမ်းလေးရှိနေခဲ့ပေမယ့် အဲ့ဒီဇာတ်လမ်းမှာ အမှန်တကယ် ရှိနေခဲ့ပြီး နောက်ပြီး အဲ့ဒီမြို့လေးက လူတွေအားလုံးရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဝိညဉ်တွေနဲ့ စကားပြောဆိုနိုင်တဲ့ နော်မန် ဆီကို စုန်းမရဲ့ ကျိန်စာကို ရပ်တန့်ပေးဖို့ ရုတ်တရက် တာဝန်တစ်ခုပေးခြင်း ခံလိုက်ရတဲ့အခါ နော်မန် တစ်ယောက် စုန်းမရဲ့ ကျိန်စာကို ရပ်တန့်နိုင်ပြီး လူတွေအားလုံးကို ကယ်တင်နိုင်မှာလား၊ စုန်းမကရော ဘယ်လို အဆုံးသတ်သွားမလဲဆိုတာတွေကို ဆက်လက် ရှုစားကြပါဦးလို့…။

t.me/cartoonmoviesmms/1315
1
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️

❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
ဂျေလ်ဂျေလ်အစစ်နှင့်အတု (၂၀၂၁)

အခုတစ်ကြိမ် မိတ်ဆက်ပေးမဲ့ ဇာတ်ကားကတော့ ကလေးများနှင့် လူငယ်ပရိသတ်များအတွက် မဖြစ်မနေ ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်။ ကမ္ဘာကြီးကို မူးနောက်အောင် လုပ်တတ်တဲ့ စွမ်းအားကြီးတဲ့ ဂျင်းနီလေး ဂျေလ်ဂျေလ် ဆိုတာ ရှိပါတယ်။ ဇာတ်လမ်းအစမှာ ဂျေလ်ဂျေလ် ပျောက်သွားလို့ သူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ မိုတူ နဲ့ မာယန် တို့က သူ့ကို လိုက်ရှာခဲ့ကြပြီး မိုတူ ရဲ့ အစွမ်းထက် မှော်သံစဉ်တွေကြောင့် ဂျေလ်ဂျေလ် ကို ပြန်လည် ဖမ်းမိခဲ့ပေမဲ့ ထပ်ပြီး လွတ်သွားပြန်ပါတယ်။ အဲဒီအချိန်မှာ ပရောဖက်ဆာ ဆိုသူတစ်ယောက်ကလည်း ဂျေလ်ဂျေလ် အတုကို ဖန်တီးခဲ့ပြန်ပါတယ်။ ပရောဖက်ဆာ ရဲ့ ဂျေလ်ဂျေလ် အတု ဖန်တီးမှုကနေရလို့ ဖြစ်ပေါ်လာတဲ့ အမှားတွေ၊ စွန့်စားမှုတွေကို ဟာသနှောပြီး တွေ့ရမှာဖြစ်သလို ဂျေလ်ဂျေလ် အတုနဲ့ အစစ်ကို နောက်ဆုံးမှာ သူတို့ ခွဲနိုင်ခဲ့လားဆိုတာ ဒီဇာတ်လမ်းမှာ ခံစားကြည့်ရှုပေးကြပါဦး။

t.me/cartoonmoviesmms/1313