Hana: Anime & Cartoons
40.6K subscribers
7.03K photos
31 videos
5.2K links
For Business Contact 👉 @heinoothwin
Download Telegram
လျှို့ဝှက်ချက်များနောက်ကွယ် (၂၀၁၂)

ဒီကားလေးက အပင်လေးတွေကို ချစ်တတ်တဲ့သူတွေ အထူးကြည့်သင့်တဲ့ ကားကောင်းလေးပါ။ ဆုကြီးလေးဆုနဲ့ အခြားဆုပေါင်းများစွာ ရရှိထားပြီး အတွေးသစ်၊ အမြင်သစ်အချို့ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ အသက် ၁၂ နှစ်ပဲရှိတဲ့ တက်ဒ် လေးက တနီးဗေးလ် ဆိုတဲ့ မြို့မှာ နေပါတယ်။ မြို့ဟာ သဘာဝတရား လုံးဝပျောက်နေပြီး လေကအစ သစ်ပင်အဆုံးအထိ အားလုံး လူလုပ်ပစ္စည်း ဖြစ်နေပါပြီ။ အသက်ရှင်ဖို့ မဖြစ်မနေလိုအပ်တဲ့ လေကိုတော့ အရင်းရှင် ငပုကောင်အို ဟဲ ကနေ ကြိုးကိုင်ထားပြီး ဈေးကို သူလိုသလို ကစားကာ တစ်မြို့လုံးကို ဂုတ်သွေးစုပ်ပါတော့တယ်။ ကျွန်တော်တို့အားလုံးနီးပါး မုန်းလို့မရတဲ့ မမဆိုတဲ့ လူတန်းစားဟာ ဒီကားရဲ့ အသက်ပါပဲ။ တက်ဒ် ဟာ သူ့ရဲ့ မမကို ပိုးပန်းဖို့ သစ်ပင်အစစ်ကို မဖြစ်မနေ ရှာရမယ့် အခြေအနေထဲ ဝင်ရောက်သွားပြီး လုံးဝ မမျှော်လင့်ထားတဲ့ သစ်ပင်တွေ မျိုးတုံးသွားစေတဲ့ နောက်ကွယ်က အကြောင်းတရားအချို့ကို ရှာတွေ့သွားတဲ့အခါမှာတော့...။

t.me/cartoonmoviesmms/1411
❤2