Hana: Anime & Cartoons
41.4K subscribers
6.72K photos
31 videos
4.82K links
For Business Contact 👉 @heinoothwin
Download Telegram
မျောက်မင်းပြန်လည်မွေးဖွားခြင်း (၂၀၂၁)

ဒီဇာတ်ကားကတော့ ဝူခုန်းတို့ ဆရာတပည့်တွေ ခရီးလမ်းတစ်ဝက်မှာ ဘုရားကျောင်းတစ်ကျောင်းကို ဝင်ရောက်နားခိုပြီး အသီးစားသုံးရာကနေ စတင်ဖြစ်ပွားတဲ့အကြောင်းလေးဖြစ်ပါတယ်။ ဝူခုန်းတို့ ညီအကို ၃ ယောက် ဘုရားကျောင်းက အသီးကို ခိုးစားရာမှ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေရဲ့ ခေါင်းဆောင်ဖြစ်သူ နှစ်ပေါင်းထောင်ချီအောင် ထိန်းချုပ်ပြီးအိပ်စက်နေတဲ့ ယွမ်တိနတ်ဆိုးကြီးကို မထင်မှတ်ပဲ ကျိန်စာတွေကြားမှ လွတ်မြောက်ပေးခဲ့မိပါတယ်။ ယွမ်တိနတ်ဆိုးက နတ်ဆိုးနာမည်အတိုင်း လောဘစိတ်တွေနဲ့ လူ၊ နတ်၊ ငရဲဆိုတဲ့ ဘုံ ၃ ဘုံလုံးကို သူပဲ ခေါင်းဆောင်လုပ်ချင်တဲ့စိတ်နဲ့ အုပ်ချုပ်သွားဖို့ ကြံစည်ရာကနေ ဝူခုန်းတို့ရဲ့ ဆရာဖြစ်သူကို ဖမ်းသွားပါတယ်။ ၃ ရက်အတွင်း မကယ်နိုင်ရင် ယွမ်တိနတ်ဆိုးရဲ့ လွမ်းမိုးမှုပုံအောက်မှာပဲ နေရတော့မှာဖြစ်ပါတယ်။ ဆရာဖြစ်သူကို ၃ ရက်အတွင်း ကယ်ဖို့ စီစဉ်နေချိန်မှာပဲ ဝူခုန်းတို့ ညီအကို ၃ ယောက်က မထင်မှတ်ပဲ သူငယ်ချင်းလေးတစ်ယောက် ရသွားပါတယ်။ အဲ့သူငယ်ချင်းက ဘယ်သူဖြစ်မလဲ? နောက်ဆုံးမှာ ဆရာတော်ကို ကယ်နိုင်ပြီး ယွမ်တိနတ်ဆိုးကို သေနိုင်ခဲ့မှာလား? ကျိန်စာပြန်ပေး၍ နောက်တစ်ကြိမ်အိပ်စက်စေမှာလား?

t.me/cartoonmoviesmms/743
❤1
တောနက်ထဲကကျွန်းကြီး (၂၀၀၃)

အပျော်စီးသင်္ဘောကြီးငှားပြီး အားလပ်ရက်ထွက်ကြတဲ့ မိသားစုတွေ လက်မှတ်ပျောက်ပြီး သင်္ဘောကြီးနဲ့မဟုတ်တော့ဘဲ သင်္ဘောလေးနဲ့ပဲ ပင်လယ်ထဲ ရွက်လွှင့်ရာက မုန်တိုင်းနဲ့တိုးပြီး သင်္ဘောက တစ်စစီဖြစ်သွားပါတယ်။ အသက်ကယ်လှေလေးနဲ့ လွတ်ရာလွတ်ကြောင်း ပြေးရင်း လူကြီး၊ ကလေးတွေများ တို့ကကျွန်းတစ်ကျွန်းပေါ် ရောက်သွားခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရင်တစ်ခေါက်ကလို တောနက်ထဲ ရောက်မသွားဘဲ လူသူမရှိတဲ့ ကျွန်းပေါ် ရောက်သွားခဲ့တာပါ။ သားရဲတိရစ္ဆာန်တွေလည်း ပေါတဲ့ ဒီကျွန်းမှာ ကလေးအုပ်စု နဲ့ လူကြီးအုပ်စုကွဲသွားပြီးနောက် ဘာဆက်ဖြစ်ကြမလဲ။ ချောချောမွေ့မွေ့နဲ့ အိမ်ပြန်နိုင်မှာလား။ ကျွန်းပေါ်မှာပဲ ရာသက်ပန်နေဖြစ်မလား။ ဆက်ကြည့်ရှုလိုက်ကြပါဦး။

t.me/cartoonmoviesmms/745
❤1
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️
ďťż
❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
♠ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber☎09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
ပိုးစုန်းကြူးတို့ မှေးစက်ရာ (၁၉၈၈)

ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့အချိန် ဂျပန်နိုင်ငံလည်း နေရာအနှံ့ဗုံးကျဲခံရလို့ထွက်ပြေးကြရ၊ ဗုံးခိုကြရတဲ့အချိန်မှာ ဆဲတိုနဲ့ ဆဲဆု တို့မောင်နှမနဲ့ သူတို့အမေလည်း ဗုံးခိုကြရရင်း သူတို့အမေသေဆုံးသွားခဲ့ပါတယ်။ အဖေကလည်း တိုက်ပွဲမှာ တိုက်ခိုက်နေရတဲ့အတွက် အဆက်အသွယ်ကလည်း မရဖြစ်နေပြန်တော့ ခိုကိုးရာမဲ့ မောင်နှမနှစ်ယောက်လည်း အမေ့ညီမ တစ်ဝမ်းကွဲ အဒေါ်အိမ်ကို မှီခိုဖို့ရောက်လာခဲ့ကြပါတယ်။ ရောက်ခါစကတော့ မောင်နှမနှစ်ယောက်ဆီက ပါလာတဲ့ အစားအသောက်တွေ မျက်နှာကြောင့် ကြည်ကြည်ဖြူဖြူဖြစ်ပေမယ့် အားလုံးကုန်သွားတဲ့အခါမှာတော့ ညိုငြင်စပြုလာပါတော့တယ်။

အညွှန်း ဆက်ဖတ်ရန်နှိပ်ပါ

ဇာတ်ကားလင့် ➡️ t.me/cartoonmoviesmms/753
Please open Telegram to view this post
VIEW IN TELEGRAM
❤1💔1
ဖလင့်နှင့် အစာထုတ်စက် (၂၀၀၉)

ဖလင့်လော့ဝု နဲ့ သူ့သူငယ်ချင်းတွေဟာ သူတီထွင်ဖန်တီးခဲ့တဲ့ ရေခိုးရေငွေ့ကနေ အစားအစာထုတ်လုပ်ပေးတဲ့ စက်က ပုံမှန်အရွယ်အစားထက် အဆမတန် ကြီးမားတဲ့ စားစရာတွေကို ထုတ်လုပ်နေတဲ့အတွက် ဖျက်ဆီးလိုက်ပါတယ်။ သူတို့ရဲ့ စိတ်ကူးထဲမှာတော့ သူတို့နေထိုင်ရှင်သန်ခဲ့တဲ့ကျွန်းကလေးကို ပြန်လည်ရှင်သန်လာအောင် ပြန်တည်ဆောက်ပြီး ဝါသနာပါတဲ့ တီထွင်ဖန်တီးမှုတွေ လုပ်ကိုင်ရင်း အေးချမ်းစွာ နေထိုင်မယ်လို့ စဉ်းစားနေချိန်မှာပဲ သူငယ်စဉ်ကတည်းက လေးစားအားကျခဲ့ရတဲ့ ချက်စတာဗွီ ရောက်ရှိလာခဲ့ပြီးကျွန်းကလေး သန့်ရှင်းစေဖို့ တာဝန်ယူမယ်လို့ ပြောဆိုကာ တလက်စတည်း သူ့ရဲ့အလုပ် မှာ ဝင်ရောက်လုပ်ကိုင်စေခဲ့တယ်။ မကြာခင်မှာပဲ ချက်စတာဗွီ ဟာ ကျွန်းကလေးမှာ ကျန်ရှိနေခဲ့တဲ့ ဖလင့် ရဲ့ အစာထုတ်စက် လေးကို ရှာမတွေ့နိုင်လို့ အခက်အခဲတွေ့နေရကြောင်း ပြောဆိုကာ အစာထုတ်စက်ကို ရှာဖွေပြီး ရပ်တန့်သွားအောင် လုပ်ပေးဖို့ ဖလင့် ကို တာဝန်ပေးအပ်ခဲ့ပါတယ်။ တကယ်တမ်း ပြသနာဟာ အစာထုတ်စက် ကနေ အစားအစာနဲ့ သီးနှံတွေကို သက်ရှိသတ္တဝါတွေ အဖြစ်နဲ့ မွေးထုတ်ပေးနေတာပဲ ဖြစ်ပါတယ်။

t.me/cartoonmoviesmms/747
❤1
ဖလင့်နှင့် အစာထုတ်စက် ၂ (၂၀၁၃)

ကြောက်စရာကောင်းတဲ့ ဘာဂါကြီးတွေ၊ ပီဇာကြီးတွေ နဲ့ သူတို့ လုံးဝ မထင်မှတ်ထားတဲ့ ချစ်စရာကောင်းတဲ့ စတော်ဗလ်ရီသီးလေးတွေ။ ရေကူးနေတဲ့ကျောက်ဖရုံသီးတွေနဲ့ ပြေးလွှားတတ်တဲ့ ငှက်ပျော်သီးတွေလည်း ပါတာပေါ့။ ဖလင့် ဟာ အစာထုတ်စက် ကို သကြားလုံးတောင်ကြီးပေါ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး ချက်စတာဗီ ရဲ့ စေခိုင်းချက်အတိုင်း လုပ်ဆောင်အပြီးမှာတော့။

t.me/cartoonmoviesmms/749
❤1
မြို့ပျက်စီးမည့် အန္တရာယ် (၂၀၂၃)

ရောကော့စ် ဆိုတာ ရှေးခေတ်ဂရိနိုင်ငံမှာ သာယာဝပြောတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့လေးမှာ သူရဲကောင်း ဂျေဆန် ရယ် သူ့ရဲ့နောက်လိုက်အဖွဲ့ အာဂိုးနော့ ရယ်က စွန့်စားခန်းတွေ များစွာထွက်ပြီး နောက်ဆုံးမှာ မြို့ကို သာယာဝပြောအောင်လုပ်ပေးနိုင်တဲ့ မိုးကြိုး နတ်ဘုရားရဲ့ အစွမ်းရှိတဲ့ ရွှေရောင်သိုးမွှေးတောင်လေးကို ယူလာပေးနိုင်ခဲ့ပါတယ်။
အဲဒီသိုးမွှေးတောင်အစွမ်းကြောင့် လူတွေတင်မကဘူး တိရစ္ဆာန်တွေပါ အချင်းချင်းအဆင်ပြေသင့်မြတ်နေကြတဲ့မြို့လေးပါ။ ကြွက်ကလေး ပက်တီကတော့ သူ့ကိုမွေးစားထားတဲ့ ကြောင်ကြီး ဆမ်နဲ့အတူတူနေနေပေမယ့် သူရဲကောင်း ဂျေဆန် ကို အရမ်းအားကျပြီး စွန့်စားခန်းတွေ ထွက်ချင်နေတဲ့သူပေါ့။ တစ်နေ့မှာတော့ သူတို့မြို့လေးကို ပိုဆိုက်ဒန် နတ်ဘုရားက အမျက်ဒေါသထွက်ပြီး တောင်းဆိုချက်တစ်ခုကို တစ်ပတ်အတွင်းအပြီးလုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ရွှေရောင်သိုးမွှေးတောင်ကို သိမ်းသွားတဲ့အပြင် တစ်ပတ်အတွင်း တောင်းဆိုချက်ကို လုပ်မပေးနိုင်ရင်မြို့ကို ဖျက်ဆီးပစ်တော့မှာမို့ မြို့သူမြို့သားတွေသာမက တိရစ္ဆာန်လေးတွေပါ ထိတ်လန့်ကုန်ကြပါတယ်။ သူရဲကောင်း ဂျေဆန် ကလည်း အဖိုးကြီးဖြစ်နေပြီးတော့ အာဂိုးနော့ အဖွဲ့သားတွေကလည်း သေဆုံးကုန်ပါပြီ။ အဲဒီအခြေအနေမှာ ပက်တီနဲ့ တိရစ္ဆာန်လေးတွေက ဘယ်လိုဝင်ကူညီပြီး မြို့ကိုကယ်တင်ပေးမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။

t.me/cartoonmoviesmms/751
❤1
Forwarded from Top One VIP Channel
🏅 🌼🌼🌼 🌼🌼🌼  🏅
အပျင်းပြေ ငါးပစ်ပီး စိတ်ကြိုက်ငွေပွါး
🐠😋🤑

အဖိုးကြီး
🧸 သမီးတော် 🧸 စလော့ဂိမ်းအစုံ 👋ငါးပစ်  🤩🤩  ရှမ်းကိုးမီး ဘူကြီး ☹️တို့ကို တစ်နေရာတည်းမှာ အကုန်ဆော့ကစားနိုင်ပါပြီရှင့်

👑👑👑

🏅မန်ဘာသစ်ဘောနပ်စ် 1️⃣0️⃣0️⃣😶

🏅နေ့စဉ် ဘောနပ်စ်            5️⃣0️⃣😶

🏅သွင်းတိုင်းရ ဘောနပ်စ်   1️⃣0️⃣😶

ငွေကြေးပိုင်း 
💯  ယုံကြည်စိတ်ချရပြီး
⏰😀😀နာရီပတ်လုံး ဂိမ်းတွေကစားပြီး ငွေပွားမယ်ဆိုရင်တော့ 🌼🌼🌼 🌼🌼🌼 မှာ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

🏅  အကောင့်ဖွင့်ရန်  🏅 

📱 Viber Phone        ➡️ 09898867303
📱  Viber Link           ➡️ https://tinyurl.com/bdh2z26u

📱 Telegram Phone ➡️ 09898867303
📱 Telegram  Link    ➡️ https://t.me/top17998

📱 ​Messenger          ➡️ https://tinyurl.com/top1me

🏅  Channel များ  🏅

📱 Viber        ➡️ https://tinyurl.com/4rbmr3h3

📱 Telegram ➡️ https://t.me/topone117

📱 Facebook ➡️ https://tinyurl.com/top1fb
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ဘဲလေးကချေသည်လေး (၂၀၁၆)

မိဘမဲ့ကလေးငယ်လေးရဲ့ အိမ်မက်ဟာ ကချေသည်တစ်ယောက် ဖြစ်လာဖို့ပါပဲ။ ဆံပင်အနီရောင်နဲ့ ကလေးမလေး ဖဲလစ်စီ ဟာ ဘရစ်တနီက သူတို့ရဲ့ မိဘမဲ့ဂေဟာကနေ သူ့အချစ်ဆုံးသူငယ်ချင်း ဗစ်တာ နဲ့အတူ ထွက်ပြေးသွားခဲ့ပါတယ်။ သူမရဲ့ အိမ်မက်ဖြစ်တဲ့ ဘဲကလေးကချေသည်တစ်ဦး ဖြစ်လာဖို့နဲ့ ဗစ်တာ ကတော့ တီထွင်သူတစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ချက်တွေနဲ့ပေါ့။ ပဲရစ်မြို့တော်မှာ ကောင်လေးကတော့ နာမည်ကျော် ဂတ်စတ် အီဖဲလ် ရဲ့ အလုပ်သင် တပည့်တစ်ယောက် ဖြစ်လာခဲ့ပြီး ကောင်မလေးကတော့ လူချမ်းသာမိန်းကလေး တစ်ယောက်ရဲ့ နာမည်ကိုယူပြီး ကဇတ်ရုံမှာ ဘဲလေးကချေသည်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

အညွှန်း ဆက်ဖတ်ရန်နှိပ်ပါ

ဇာတ်ကားလင့် ➡️ t.me/cartoonmoviesmms/755
Please open Telegram to view this post
VIEW IN TELEGRAM
❤3
မြေကမ္ဘာရဲ့အကျဉ်းသား

သူ့ကိုယ်သူ ဆရာကြီးလို့ အမြဲကြွားလေ့ရှိတဲ့ လူထူးဆန်း မိုဂူရာ လို့ လူသိကြတဲ့ ဟျကျုအန် မိုမိုယူမိ ဟာ သူ့ရဲ့ နောင်ဘဝကို သွားရမယ့် တမန်လွန်ခရီးစဉ်ကို ပယ်ချခံခဲ့ရတဲ့သူတစ်‌ယောက်‌ပေါ့။ ဒါကြောင့် ပြန်သွားဖို့အတွက် မိုမိုယူမိ တစ်ယောက်ဟာ သရဲမီးအိမ်တွေ စုဆောင်းဖို့ လောကတစ်ခွင် လှည့်လည်နေရလေရဲ့။ ဒီလို ရိုးရှင်းတဲ့ လမ်းစဉ်ကို မလိုက်နေတဲ့ မိုမိုယူမိ တစ်ယောက်ဟာ ထူးဆန်းဖြစ်စဉ်တွေကို မြင်ရတဲ့ စွမ်းရည်တစ်ခု ရလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။

t.me/+oWRL63zVx9I4Yzk1
❤1
ရုပ်ဆိုးဆိုးဖိုက်တာ (၂၀၂၅)

Genres - Action, Adventure, Isekai


မှားယွင်းစွပ်စွဲခံရမှုကြောင့် အသက် ၃၄ နှစ်အရွယ် ရှီဂေရု ယိုရှီအိုကာ ဟာ အလုပ်လက်မဲ့ဘဝကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ တခြားကမ္ဘာကို သွားနိုင်တဲ့ နည်းတစ်ခုကို ကြုံရပါတော့တယ်။ အဲ့ဒါကတော့ သူ့ရဲ့ ကွန်ပြူတာပေါ်မှာ ထူးဆန်းတဲ့ မျက်နှာပြင်တစ်ခုပေါ်လာလို့ပါ၊ အဲ့ဟာက သူ့ရဲ့ရုပ်ရည်ကို စတေးလိုက်ရင် ခွန်အားနဲ့ ချမ်းသာမှုကို ပေးနိုင်တဲ့အရာပါ။ ဘာမှဆုံးရှုံးစရာမရှိတဲ့ ရှီဂေရု တစ်ယောက် ရုပ်ရည်ကို အနှုတ် 225 အထိ လျှော့ပြီး ခွန်အားနဲ့ ချမ်းသာမှုကို တိုးစေခဲ့ပါတယ်။ ရုပ်ဆိုးသွားပေမဲ့ မကုန်ခမ်းနိုင်တဲ့ ချမ်းသာမှုနဲ့ ရေလည်ကြမ်းတဲ့ အစွမ်းရှိတဲ့ ရှီဂေရု အခြားကမ္ဘာမှာ ဘယ်လိုဖြတ်သန်းမလဲ ဆိုတာကိုတော့ ကြည့်ရမှာပါ။

t.me/+88GCvVPzlukwNDM1
ကြံ့ကလေး ရီကီ (၂၀၂၀)

အင်ဒိုနီးရှားက သစ်တောတစ်ခုမှာ လူတွေက အမဲလိုက်ရုံတင်မကဘူး၊ သစ်တောတွေကို မီးရှို့ဖျက်ဆီးကြတယ်။ အဲ့လို မီးရှို့ကြတဲ့အတွက် ကြံ့မျိုးနွယ်ဟာ မျိုးတုန်းသွားတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကြံ့ကလေး ရီကီ က အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ ရီကီ ဟာ တစ်ကိုယ်တည်းနေထိုင်ရင်းနဲ့ တောရိုင်းတိရိစ္ဆာန်တွေကို စိတ်ရော ကိုယ်ပါ ကူညီပေးတယ်ပေါ့။ သူ့ရဲ့ခွန်အားတွေနဲ့ မွန်မြတ်တဲ့ စိတ်ထားတွေကြောင့် တောတစ်ခွင်မှာ နာမည်ကြီးလာတယ်။ ဒီလိုနဲ့ တစ်နေ့မှာ အမဲလိုက် မုဆိုးတစ်ယောက်ဟာ ရီကီ ကို ဖမ်းဖို့ ကြိုးစားတဲ့အခါ ရုန်းကန်တိုက်ခိုက်ရင်းနဲ့ နောက်ဆုံးမှာ ရီကီ လေး လွတ်လာပါတယ်။ လွတ်လာတယ်ဆိုပေမယ့် ရီကီ ရဲ့ ကြံ့ချိုဟာ မုဆိုးဆီမှာ ကျန်ရစ်ခဲ့ပြီး ချိုမရှိတဲ့အတွက် သူ့ကိုယ်သူ စိတ်ပျက်အားငယ်သွားနေခဲ့ရတာပေါ့။ နောက်မှာတော့ သူ့မိတ်ဆွေ ဘဲကလေး ဘန်နီ နဲ့ ချိုအသစ် ပြန်ပေါက်အောင်လုပ်ပေးနိုင်မယ့် မှော်ဆေးဆရာကို သစ်တောတစ်ခွင်မှာ လိုက်ရှာရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုပေးပါဦး။

t.me/cartoonmoviesmms/558
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️
ďťż
❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
♠ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber☎09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
ကိုယ်ပျောက်ဝိဉာဉ်လေး ဖင်း (၂၀၂၀)

ဖင်း ဆိုတဲ့အကောင်လေးတွေဟာ အိမ်တိုင်းမှာရှိကြပြီး လူတွေကို ကူညီပေးနေတဲ့ကိုယ်ပျောက်ဝိဉာဉ်လေးတွေပေါ့။ သူတို့တာဝန်က သာယာပျော်ရွှင်တဲ့အိမ်ကလေးဖြစ်အောင်တာဝန်ယူရပြီး ဘယ် ဖင်း ကမှ ဒါကိုမဆန့်ကျင်ကြသလိုစိတ်ကူးထဲတောင် မရှိကြဘူး။ ဒါပေမယ့် ဇာတ်လမ်းထုံးစံအတိုင်း စုန်းပြူးလေးတစ်ကောင်ကတော့ မရှိမဖြစ်ပါလာမြဲပဲ။ ဖင်းနစ် ဆိုတဲ့ကောင်လေးက အထက်မှာပြောထားတဲ့အရာတွေနဲ့ ဆန့်ကျင်ဖက်ပဲ။ လူတွေကို သူ့အိမ်မှာ မနေနိုင်အောင်တစ်ခုပြီးတစ်ခုလုပ်တယ်။ အဲ့ဒါကြောင့် ဘက်ခ် မြို့မှာ ဖင်းနစ် နေတဲ့အိမ်ကို သရအိမ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရုပ်ရှင်ရိုက်မယ့်မိသားစုဟာ အလုပ်အတွက် ဘက်ခ် မြို့ကို ရောက်လာကြတယ်။ သူတို့ရဲ့သမီးလေး ခရစ်စတင်း ဟာ စုံထောက်ပညာကို စိတ်ဝင်စားသလို တကယ်လည်း ဉာဏ်ထက်ပါတယ်။ ဒါရိုက်တာက ခရစ်စတင်း တို့မိသားစုကို ခဏတဖြုတ်နေဖို့ ဖင်းနစ် ရဲ့အိမ်လေးကို ငှားပေးလိုက်တယ်။ လူတွေလာနေတာ မကြိုက်တဲ့ ဖင်းနစ် နဲ့ လက်တွေ့ကျကျ ဖြေရှင်းရမှ ကျေနပ်တဲ့ စုံထောက်လေး ခရစ်စတင်း တို့ ထိပ်တိုက်တွေ့တဲ့အခါမှာတော့။

t.me/cartoonmoviesmms/560
တိရစ္ဆာန်တို့၏ တိုက်ပွဲ (၂၀၁၈)

ပိတ်ရက်မှာ ကိုယ်တွေလို စကြဝဠာကြီးထဲကနေ တိရစ္ဆာန်ဝဠာကြီးထဲ ခဏသွားလိုက်ကြရအောင်။ ဒီကားထဲမှာတော့ သူတို့အခေါ် တိရစ္ဆာန်ဝဠာကြီးပေါ့။ အဲဒီထဲက ကောင်းတဲ့အခြမ်းနဲ့ မကောင်းတဲ့အခြမ်းတို့ရဲ့ မပြီးဆုံးနိုင်တဲ့ စစ်ပွဲကြီး၊ သူတို့ နဂါးငွေ့တန်း မှာရှိတဲ့ အကုန်လုံးကို အမှုန့်ဖြစ်သွားအောင်လုပ်ပစ်နိုင်တဲ့ ဆော့စ် ဆိုတဲ့ စွမ်းအားကြီးကို မကောင်းတဲ့အခြမ်းက ခေါင်းဆောင်က ထိန်းချုပ်ပြီး ဒီစကြဝဠာတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတဲ့အချိန်။ အဲဒါကို တားဆီးနိုင်မယ့် ကောင်းတဲ့အခြမ်းရဲ့ တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်တဲ့ ရွေးချယ်ထားတဲ့သူ ဆိုတာကြီးကို ရှာပုံတော်ဖွင့်ရင်း ဘယ်လိုအတားအဆီးတွေကို ကျော်ဖြတ်ကြမလဲ။ စစ်ပွဲကြီးကရော ဘယ်က ဘယ်လို အစပြုလာလဲ။ နောက်ဆုံး သူတို့ရှာနေတဲ့သူကို ဘယ်မှာ ရှာတွေ့မလဲ၊ မကောင်းတဲ့အခြမ်းက ခေါင်းဆောင်ကိုဘယ်လိုတွေတိုက်မလဲ ဆိုတာကို တော်တော်ကို မထင်ထားတဲ့ လှည့်ကွက်လေးတွေနဲ့ ရယ်နေရမယ့် ကာတွန်းကားကောင်းလေး တစ်ကားပါ။

t.me/cartoonmoviesmms/562
မုန့်ဖုတ်သောမင်စာလေး (၂၀၁၉)

မြေအောက်မှာပဲ နှစ်ပေါင်းများစွာ နေလာတဲ့ မှင်စာလေး အဲလ်ဖီ ဟာ လူသားတွေ နေတဲ့အပေါ်ကမ္ဘာကို တက်လာပြီး ပညာရပ်တစ်ခုခုကို သင်ချင်နေပါတယ်။ တက်လာပြီးနောက် မုန့်ဖုတ်ဆရာ သီအို နဲ့တွေ့ခဲ့ပြီး၊ သူ့ရဲ့ မုန့်တိုက်ကို လိုချင်နေတဲ့ ညီဆီ ကနေ ကယ်တင်ဖို့ လိုနေတဲ့သူပေါ့။ မှင်စာလေး အဲလ်ဖီ ဟာ သူတက်ချင်တဲ့ ပညာကို တကယ်တက်သွားနိုင်မလား၊ လူသား သီအို ကရော သူ့မုန့်တိုက်ကို ကယ်တင်နိုင်မလား၊ ဘာအပြောင်းအလဲတွေ လုပ်နိုင်သွားမလဲဆိုတာ စိတ်ဝင်တစားဖြစ်စေပါတယ်

t.me/cartoonmoviesmms/566
ကြမ္မာအံတုရှင်သန်သူ လင်ထျန်း

ဓားသူတော်စင်တစ်ဦးဖြစ်သည့် လင်ထျန်း ဟာ ချစ်ရသူကို ကယ်တင်ဖို့အတွက် ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်ခဲ့တာကြောင့် ကောင်းကင်မှ ပြစ်ဒဏ်ပေး ဝါးမျိုခြင်းကို တန်ပြန်ခံစားရကာ သက်တမ်းလွှင့်ကြွေခဲ့ရပါတယ်။ အမြူတေပျက်စီး၊ ဓားအရိုးကြေမှ သွားပြီးနောက် နှစ်ပေါင်းသုံးရာအကြာမှာ မထင်မှတ်ဘဲ ပြန်လည်ရှင်သန်ထမြောက်လာပြီး လွန်ခဲ့တဲ့ နှစ်သုံးရာကို ပြန်သွားနိုင်ခဲ့တဲ့အခါ၊ ဒီတစ်သက်မှာတော့ ‌ကောင်းကင်လမ်းစဉ်ဆိုတဲ့ တံဆိပ်ပြားကို ဆုတ်ကိုင်ကာ အမုန်းတရား၊ အငြိုးတရား၊ အဃာတတွေနဲ့အတူ အရင်ဘဝက နှမြောတသဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို သယ်ပိုးရင်း။


"အတိတ်က လက်လွတ်လွဲချော်ခဲ့ရတာတွေကို ပြန်ဖာထေးပြင်ဆင်ရင်း ငါ့ကြမ္မာသမိုင်းကို ငါပြန်ပြင်ရေးမယ် "


t.me/hanatrailers/5492
Forwarded from Top One VIP Channel
ရှမ်းကိုးမီး 3000 ဝိုင်းမှာတင် 1️⃣0️⃣ သိန်းဘဏ်ပေါက်🐷💰

အဖိုးကြီး
🧸 သမီးတော် 🧸 စလော့ဂိမ်းအစုံ 👋ငါးပစ်  🤩🤩  ရှမ်းကိုးမီး ဘူကြီး ☹️တို့ကို တစ်နေရာတည်းမှာ အကုန်ဆော့ကစားနိုင်ပါပြီရှင့်

👑👑👑

🏅မန်ဘာသစ်ဘောနပ်စ် 1️⃣0️⃣0️⃣😶

🏅နေ့စဉ် ဘောနပ်စ်            5️⃣0️⃣😶

🏅သွင်းတိုင်းရ ဘောနပ်စ်   1️⃣0️⃣😶

ငွေကြေးပိုင်း 
💯  ယုံကြည်စိတ်ချရပြီး
⏰😀😀နာရီပတ်လုံး ဂိမ်းတွေကစားပြီး ငွေပွားမယ်ဆိုရင်တော့ 🌼🌼🌼 🌼🌼🌼 မှာ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

🏅  အကောင့်ဖွင့်ရန်  🏅 

📱 Viber Phone        ➡️ 09898867303
📱  Viber Link           ➡️ https://tinyurl.com/bdh2z26u

📱 Telegram Phone ➡️ 09898867303
📱 Telegram  Link    ➡️ https://t.me/top17998

📱 ​Messenger          ➡️ https://tinyurl.com/top1me

🏅  Channel များ  🏅

📱 Viber        ➡️ https://tinyurl.com/4rbmr3h3

📱 Telegram ➡️ https://t.me/topone117

📱 Facebook ➡️ https://tinyurl.com/top1fb
Please open Telegram to view this post
VIEW IN TELEGRAM
❤1