Hana: Anime & Cartoons
41.5K subscribers
6.7K photos
31 videos
4.78K links
For Business Contact 👉 @heinoothwin
Download Telegram
လေဒီ နှင့် ထရမ့် (၁၉၅၅)

လေဒီ ဆိုတဲ့ ခွေးမလေးက ဂျင် တို့ကလေးလေးရလာတဲ့အခါ သူ့ကို အလေးမထားတော့ဘူးလို့ ခံစားလာရတယ်။ အဲ့ဒီနောက်မှာတော့ အန်တီ ဆာရ က သူ့ကို ကြောင်လေးနှစ်ကောင် ပေးခဲ့တယ်။ အဖော်ရတာပေါ့လို့ ထင်ပေမဲ့ သူတို့နှစ်ကောင် မွှေလို့ အိမ်ထဲမှာ ပျက်စီးတာမှန်သမျှကို ခွေးမလေး လေဒီ ကိုပဲ အပြစ်တင်ခံရသတဲ့။ ကျန်တာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်လိုက်နော်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/315
Please open Telegram to view this post
VIEW IN TELEGRAM
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️
ďťż
❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
♠ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber☎09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
ကမ်းခြေမှသူစိမ်း (၂၀၂၀)

IMDb - 7.1/10
Genre - Drama, Romance, BL


t.me/hanacartoons/6426
နီမိုနာ (၂၀၂၃)

IMDB - 7.7/10
Genre – Animation, Adventure, Comedy, Drama


ဇာတ်လမ်းလေးကတော့ ပြောရမယ်ဆို ခေတ်မှီနေတဲ့ ရှေးခေတ်ဆန်ဆန် တိုင်းပြည်ကြီးတစ်ခုမှာ အခြေခံထားတာပေါ့။ ရှေးခေတ်ဆန်တယ်ဆိုတာက တိုင်းပြည်မှာ ရဲတွေ၊ စစ်သားတွေမဟုတ်ပဲ ဟိုးအရင်ကတည်းက တိုင်းပြည်တည်ထောင်သူ ဘုရင်မ ဂလောရက် ရဲ့ တော်ဝင်မျိုးဆက် အစဉ်အဆက် သူရဲကောင်းတွေနဲ့ Institute ဆိုပြီး အုပ်ချုပ်ခဲ့တာမျိုး ဆိုပါစို့။ အဲဒီမှာ လက်ရှိ ဘုရင်မကြီးက ဒီအစဉ်အလာကို ချိုးဖောက်ပြီး တော်ဝင်သွေးမဟုတ်တဲ့ ဘယ်လီစတာ ဆိုတဲ့ ကောင်လေးကို ဓားပေးပြီး သူရဲကောင်း လုပ်ခိုင်းရာမှာ ဒီနေ့ ဘုရင်မကြီး ကိုယ်တိုင် “Sir” ဆွာဘွဲ့ပေးအပ်တော့မယ့်အနေအထားတောင် ရောက်လာပါတယ်။ ဒါပေမဲ့လည်း လူတချို့ကတော့ “အညတရပြည်သူတစ်ယောက်ကို လုပ်ခိုင်းစရာလား” ဘာလားနဲ့ ကွဲလွဲမှုတွေတော့ ရှိတာပေါ့။ သူတို့ သူရဲကောင်း တွေကြားမှာလည်း ဘယ်လီစတာ တစ်ယောက် မျက်နှာငယ်ရပြီး အနှိမ်ခံရတဲ့အချိန် အားကိုးဖော် ဘော်ဒါ တစ်ယောက်ပဲ ရှိပါတယ်။ ဒီလိုနဲ့ ဘုရင်မကြီး ပေးတဲ့ ဘွဲ့ကို ခံယူနေချိန်မှာပဲ သူ့ရဲ့ ဓားက ထဖောက်ပြီး ဘုရင်မကြီး ကို သတ်မိသွားကာ အားကိုးရတဲ့ သူငယ်ချင်းကလည်း လက်ကို ခုတ်ဖြတ်လိုက်ပြီး ဘယ်လီစတာ တစ်ယောက် ဝရမ်းပြေး ဖြစ်သွားရပါတော့တယ်။ တစ်တိုင်းပြည်လုံးက ဗီလိန် ဆိုပြီး ဝရမ်းပြေး ဖြစ်နေတဲ့အချိန် နီမိုနာ ဆိုတဲ့ လူထူးဆန်းကောင်မလေးကတော့ စိတ်ဝင်စားပြီး ဘယ်လီစတာ ကို ရှာပြီး ဗီလိန်လက်ထောက် ဖြစ်ချင်လို့ပါ ဆိုတဲ့အခါမှာတော့။ ဘယ်လီစတာ သူ့ နာမည်ပျက်ကိစ္စ ဖြေရှင်းနိုင်မလား၊ ကောင်မလေး နီမိုနာ ကရော ဘယ်လိုတွေ ထူးဆန်းနေသလဲ။

t.me/cartoonmoviesmms/699
နတ်သမီးလေး မက်ဗ်ကာ (၂၀၂၃)

IMDB - 7.4/10
Genre - Adventure, Fantasy


ဟိုးလွန်ခဲ့တဲ့ ဆောင်းရာသီတစ်ခုတုန်းကပေါ့။ အမှောင်တောင်တန်းကြီးရဲ့ အနောက်ဘက်တောအုပ်ထဲမှာ အစောင့်အရှောက်နတ်တွေ မှီတင်းနေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ သစ်စက်ပိုင်ရှင်လူသားတစ်ယောက်က သူ့ရဲ့ မွေးကာစရောဂါသည် သမီးလေးကို ကယ်တင်ဖို့အတွက် တောစောင့်နတ်ကြီးဆီကနေ ဆေးရည်လေးတစ်ခု လာတောင်းခဲ့တယ်။ ဒီလိုနဲ့ သမီးဖြစ်သူလည်း အသက်ဆက်ရှင်သွားခဲ့တာပေါ့။ ဒါပေမဲ့ လောဘပိုးမသတ်နိုင်တဲ့ သစ်စက်ပိုင်ရှင်ကြီးက တောအုပ်ဆီကို စစ်တပ်ကြီးတစ်ခုနဲ့ ချီတက်လာပြီး ဆေးရည်ထုတ်ပေးတဲ့ သစ်ပင်ကို အပိုင်သိမ်းဖို့ ကြိုးစားတော့တာပါပဲ။ အဲဒီမှာပဲ အစောင့်အရှောက်နတ်တွေနဲ့ လူသားတွေရဲ့ ရန်ပွဲတွေ စတင်လာခဲ့လိုက်တာ မက်ဗ်ကာ ဆိုတဲ့ နတ်သမီးလေးတို့ခေတ်ထိဆိုပါတော့။ ဒါပေမဲ့ လူးကတ်စ် ဆိုတဲ့ ဂီတပညာရှင်ကောင်လေးက တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှုကြောင့် တောအုပ်ထဲကို အဲဒီသစ်ပင်ရှာဖို့ ရောက်လာခဲ့ပြီး မက်ဗ်ကာ နဲ့ တွေ့ဆုံသွားတဲ့အချိန်မှာတော့ လူသားတွေနဲ့ အစောင့်အရှောက်နတ်တွေကြား ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှု့ခံစားလိုက်ကြပါဦး။

t.me/cartoonmoviesmms/701
❤2
Forwarded from Top One VIP Channel
🏅 🌼🌼🌼 🌼🌼🌼  🏅
BUFFALO ရဲ့ သိန်း
😀0️⃣ အထုတ်တစ်ဖြတ်💵🪙

အဖိုးကြီး
🧸 သမီးတော် 🧸 စလော့ဂိမ်းအစုံ 👋ငါးပစ်   ရှမ်းကိုးမီး ဘူကြီး ☹️တို့ကို တစ်နေရာတည်းမှာ အကုန်ဆော့ကစားနိုင်ပါပြီရှင့်

👑👑👑

🏅မန်ဘာသစ်ဘောနပ်စ် 1️⃣0️⃣0️⃣😶

🏅နေ့စဉ် ဘောနပ်စ်            5️⃣0️⃣😶

🏅သွင်းတိုင်းရ ဘောနပ်စ်   1️⃣0️⃣😶

ငွေကြေးပိုင်း 
💯  ယုံကြည်စိတ်ချရပြီး
⏰😀😀နာရီပတ်လုံး ဂိမ်းတွေကစားပြီး ငွေပွားမယ်ဆိုရင်တော့ 🌼🌼🌼 🌼🌼🌼 မှာ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

🏅  အကောင့်ဖွင့်ရန်  🏅 

📱 Viber Phone        ➡️ 09898867303
📱  Viber Link           ➡️ https://tinyurl.com/bdh2z26u

📱 Telegram Phone ➡️ 09898867303
📱 Telegram  Link    ➡️ https://t.me/top17998

📱 ​Messenger          ➡️ https://tinyurl.com/top1me

🏅  Channel များ  🏅

📱 Viber        ➡️ https://tinyurl.com/4rbmr3h3

📱 Telegram ➡️ https://t.me/topone117

📱 Facebook ➡️ https://tinyurl.com/top1fb
Please open Telegram to view this post
VIEW IN TELEGRAM
ကျွန်တော်နှင့် စက်ရုပ်လေး တန်ဂ် (၂၀၂၂)

နည်းပညာတွေ တိုးတက်မြင့်မားလာပြီး အနာဂတ်နဲ့ မဝေးတော့တဲ့ကာလမှာ လူသားတွေရဲ့ နေ့စဉ်ကိစ္စတွေကို အကူအညီပေးဖို့ လှပကျော့ရှင်းတဲ့ စက်ရုပ်တွေလည်း ကိုယ်စီကိုယ်စီရှိနေကြပါပြီ။ ဒီလိုခေတ်ကြီးထဲမှာ တန်ဂ် ဆိုတဲ့ ဟောင်းဟောင်းနွမ်းနွမ်း ရိုးရိုးယဉ်ယဉ် စက်ရုပ်လေးဟာ စက်ရုပ်တွေမှာ မရှိတဲ့ စိတ်ခံစားချက်တွေရှိနေပါသတဲ့။ တစ်နေ့ ကန် တို့ မိသားစုအိမ် နောက်ကခြံလေးကို စက်ရုပ်လေး တန်ဂ် ရောက်လာတယ်ပေါ့နော်။ ကန် ဆိုတာက အလုပ်သင် ဆရာဝန်လုပ်ရင်း အကြောင်းကိစ္စတစ်ခုကြောင့် ဆေးပညာလောကကနေ အနားယူပြီး အလုပ်မလုပ်ဘဲ အိမ်မှာပဲ တစ်နေကုန် ဂိမ်းဆော့အချိန်ဖြုန်းနေသူပါ။ ဇနီးဖြစ်သူ အဲမီ ဟာ ရှေ့နေအလုပ်လည်းလုပ်၊ အိမ်အလုပ်လည်းလုပ်ပြီး မိသားစုကို ဦးဆောင်နေသူ၊ ခင်ပွန်းသည်ကိုလည်း အလုပ်လေးတစ်ခုလောက်ဖြစ်ဖြစ် လုပ်စေချင်သူပဲ ဖြစ်တယ်။ ကန် တစ်ယောက် အလုပ်အင်တာဗျူး မသွားတာကို အဲမီ သိသွားတဲ့အခါမှာတော့ စိတ်ဆိုးပြီး အိမ်က မောင်းချလိုက်ပါတော့တယ်။ ဒီလိုနဲ့ အဲမီ စိတ်ဆိုးနေတာ ချော့ဖို့ သူမလိုချင်တဲ့ စားဖိုမှူးစက်ရုပ်ကို တန်ဂ် နဲ့ လဲလှယ်ယူဖို့ ဆိုပြီး ကန် နဲ့ တန်ဂ် တို့ ခရီးကို စတင်ခဲ့ပါတော့တယ်။ လမ်းခရီးမှာ ဘာတွေ ဆက်ဖြစ်ကြမလဲ? တန်ဂ် ရဲ့ ပုံပြင်ကရော ဘယ်လိုမျိုးလဲ?

t.me/cartoonmoviesmms/703
❤2
ငှက်ကလေးပလိုဝီ (၂၀၁၈)

အန်နီမေးရှင်း ကားတွေကိုကြိုက်တဲ့လူတွေအတွက်ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။  ပလိုဗာ လို့ခေါ်တဲ့ ဇင်ယော်ငှက်မျိုးအကြောင်းကို ရိုက်ကူးထားခဲ့ကာတွန်းကားကောင်းလေးတစ်ကားပါ။ ဇာတ်လိုက်ငှက်လေးရဲ့နာမည်ကတော့ ပလိုအီ တဲ့။ သူတို့ငှက်မျိုးနွယ်ကို ဒုက္ခပေးနေတဲ့ ရှဲဒိုးလို့ခေါ်တဲ့သိမ်းငှက်ဆိုးကြီးရဲ့ရန်ကနေ ငှက်ပေါက်လေးပလိုအီဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦးနော်

t.me/cartoonmoviesmms/705
စကူဘီဒူး နှင့် ဘတ်မန်း (၂၀၁၈)

IMDb - 6.5/10
Genre - Family, Action


ဘတ်မန်း သည် သူ့အား သရဲတစ္ဆေသရဲအဖြစ်ပြောင်းလဲသွားသည့်အတွက် မြို့ကိုလက်စားချေလိုသော နာမည်ဆိုးဖြင့်ကျော်ကြားသော ခရင်ဆင်ကလော့ မှ ဂေါ်သမ်မြို့ ကိုကယ်တင်ရန် စကူဘီဒူးတို့ ၏အကူအညီကိုရယူပြီး ဘယ်လိုကြိုးစားမလဲ ဆိုတာတွေကို

t.me/cartoonmoviesmms/707
စကူဘီဒူး နှင့် လက်ဝှေ့ပွဲ (၂၀၁၄)

ရှက်ဂီ နဲ့ စကူဘီ တို့ WWE City ကို သွားရဖို့အတွက် လက်မှတ်တစ်စောင်ကို ရရှိခဲ့ပါတယ်။အဲဒီအချိန်မှာ ပွဲကို ဖျက်ဆီးဖို့ ဝက်ဝံဆိုးကြီးရောက်လာတဲ့အချိန်မှာ စကူဘီဒူး တို့ အဖွဲ့က ဘယ်လို တားဆီးကြမှာလဲဆိုတာကို ကြည့်ရမဲ့ ဇာတ်လမ်းပါ။ WWE ပြိုင်ပွဲတွေကို နောက်ခံထားပြီး ရိုက်ကူးထားတာကြောင့် WWE ပရိသတ်တွေအတွက်လဲ အကြိုက်တွေ့စရာ ဇာတ်လမ်းဖြစ်သလို IMDB Ratingလဲ ၆.၃ အထိ ရရှိထားပါတယ်။ အန်နီမေးရှင်း ကားဖြစ်တာမို့ အိမ်မှာ မိသားစုနဲ့အတူလဲ ကြည့်လို့ရပါတယ်

t.me/cartoonmoviesmms/709
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️
ďťż
❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
♠ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber☎09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
လူပုလေး ၇ ယောက် (၂၀၁၄)

လူပုလေး ၇ ယောက်လို့ ပြောလိုက်ရင် ပန်းသီးလေးကိုက်တဲ့ စနှိုးဝှိုက် ဇာတ်လမ်းလေးကို လူတိုင်းမြင်မိကြမှာပါ။ ဒီဇာတ်လမ်းလေးကတော့ ခေတ်သစ် လူပုလေးဇာတ်လမ်းလို့ ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မင်းသမီးလေး ရိုစ် အသက် ၁၈ နှစ် မပြည့်ခင် လက်ကို ဆူးစူးခံရရင် မင်းသမီးလေးနဲ့အတူနန်းတော်က လူတွေအားလုံး အိပ်မောကျသွားပြီး မင်းသမီးလေးကို အမှန်တကယ်ချစ်မြတ်နိုးသူကသာ မင်းသမီးလေးကို နမ်းမှ ကျိန်စာပျယ်မယ်လို့ စုန်းမကြီးက ကျိန်ဆိုခဲ့ပါတယ်။ ဒါကြောင့် မင်းသမီးလေးကို သူမရဲ့ဖခမည်းတော်ဘုရင်ကြီးကဆူးထိမခံရအောင် သံချပ်ကာတွေအထပ်ထပ်နဲ့ အသက် ၁၈ နှစ်အထိ ဝတ်ဆင်စေခဲ့ပါတယ်။ သူမရဲ့မွေးနေ့မှာ စုန်းမကြီးရဲ့ ဆူးကို ထိမိပြီး အိပ်မွေ့ကျသွားခဲ့ရာမှ လူပုလေး ၇ ယောက်က သူမရဲ့ ချစ်သူကောင်လေးကို စုန်းမကြီးလက်ထဲကနေကယ်တင်ကာ မင်းသမီးလေးဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပုံတွေကို ရှုစားရမယ့်ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ ယခင် လူပုလေးဇာတ်လမ်းမျိုးနှင့် မတူဘဲ တစ်မူအသွင်ထူးခြားတဲ့ စွန့်စားခန်းများ ဇာတ်လမ်း ဇာတ်ကွက်များကို ခံစားရမှာဖြစ်လို့ အချိန်ပေးကြည့်ရှုဖို့ ထိုက်တန်တဲ့ အန်နီမေးရှင်း ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။

t.me/cartoonmoviesmms/711
❤1
တိရစ္ဆာန်တို့၏ တိုက်ပွဲ (၂၀၁၈)

ပိတ်ရက်မှာ ကိုယ်တွေလို စကြဝဠာကြီးထဲကနေ တိရစ္ဆာန်ဝဠာကြီးထဲ ခဏသွားလိုက်ကြရအောင်။ ဒီကားထဲမှာတော့ သူတို့အခေါ် တိရစ္ဆာန်ဝဠာကြီးပေါ့။ အဲဒီထဲက ကောင်းတဲ့အခြမ်းနဲ့ မကောင်းတဲ့အခြမ်းတို့ရဲ့ မပြီးဆုံးနိုင်တဲ့ စစ်ပွဲကြီး၊ သူတို့ နဂါးငွေ့တန်း မှာရှိတဲ့ အကုန်လုံးကို အမှုန့်ဖြစ်သွားအောင်လုပ်ပစ်နိုင်တဲ့ ဆော့စ် ဆိုတဲ့ စွမ်းအားကြီးကို မကောင်းတဲ့အခြမ်းက ခေါင်းဆောင်က ထိန်းချုပ်ပြီး ဒီစကြဝဠာတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတဲ့အချိန်။ အဲဒါကို တားဆီးနိုင်မယ့် ကောင်းတဲ့အခြမ်းရဲ့ တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်တဲ့ ရွေးချယ်ထားတဲ့သူ ဆိုတာကြီးကို ရှာပုံတော်ဖွင့်ရင်း ဘယ်လိုအတားအဆီးတွေကို ကျော်ဖြတ်ကြမလဲ။ စစ်ပွဲကြီးကရော ဘယ်က ဘယ်လို အစပြုလာလဲ။ နောက်ဆုံး သူတို့ရှာနေတဲ့သူကို ဘယ်မှာ ရှာတွေ့မလဲ၊ မကောင်းတဲ့အခြမ်းက ခေါင်းဆောင်ကိုဘယ်လိုတွေတိုက်မလဲ ဆိုတာကို တော်တော်ကို မထင်ထားတဲ့ လှည့်ကွက်လေးတွေနဲ့ ရယ်နေရမယ့် ကာတွန်းကားကောင်းလေး တစ်ကားပါ။

t.me/cartoonmoviesmms/562
ကိုယ်ပျောက်ဝိဉာဉ်လေး ဖင်း (၂၀၂၀)

ဖင်း ဆိုတဲ့အကောင်လေးတွေဟာ အိမ်တိုင်းမှာရှိကြပြီး လူတွေကို ကူညီပေးနေတဲ့ကိုယ်ပျောက်ဝိဉာဉ်လေးတွေပေါ့။ သူတို့တာဝန်က သာယာပျော်ရွှင်တဲ့အိမ်ကလေးဖြစ်အောင်တာဝန်ယူရပြီး ဘယ် ဖင်း ကမှ ဒါကိုမဆန့်ကျင်ကြသလိုစိတ်ကူးထဲတောင် မရှိကြဘူး။ ဒါပေမယ့် ဇာတ်လမ်းထုံးစံအတိုင်း စုန်းပြူးလေးတစ်ကောင်ကတော့ မရှိမဖြစ်ပါလာမြဲပဲ။ ဖင်းနစ် ဆိုတဲ့ကောင်လေးက အထက်မှာပြောထားတဲ့အရာတွေနဲ့ ဆန့်ကျင်ဖက်ပဲ။ လူတွေကို သူ့အိမ်မှာ မနေနိုင်အောင်တစ်ခုပြီးတစ်ခုလုပ်တယ်။ အဲ့ဒါကြောင့် ဘက်ခ် မြို့မှာ ဖင်းနစ် နေတဲ့အိမ်ကို သရအိမ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရုပ်ရှင်ရိုက်မယ့်မိသားစုဟာ အလုပ်အတွက် ဘက်ခ် မြို့ကို ရောက်လာကြတယ်။ သူတို့ရဲ့သမီးလေး ခရစ်စတင်း ဟာ စုံထောက်ပညာကို စိတ်ဝင်စားသလို တကယ်လည်း ဉာဏ်ထက်ပါတယ်။ ဒါရိုက်တာက ခရစ်စတင်း တို့မိသားစုကို ခဏတဖြုတ်နေဖို့ ဖင်းနစ် ရဲ့အိမ်လေးကို ငှားပေးလိုက်တယ်။ လူတွေလာနေတာ မကြိုက်တဲ့ ဖင်းနစ် နဲ့ လက်တွေ့ကျကျ ဖြေရှင်းရမှ ကျေနပ်တဲ့ စုံထောက်လေး ခရစ်စတင်း တို့ ထိပ်တိုက်တွေ့တဲ့အခါမှာတော့။

t.me/cartoonmoviesmms/560
ကြံ့ကလေး ရီကီ (၂၀၂၀)

အင်ဒိုနီးရှားက သစ်တောတစ်ခုမှာ လူတွေက အမဲလိုက်ရုံတင်မကဘူး၊ သစ်တောတွေကို မီးရှို့ဖျက်ဆီးကြတယ်။ အဲ့လို မီးရှို့ကြတဲ့အတွက် ကြံ့မျိုးနွယ်ဟာ မျိုးတုန်းသွားတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကြံ့ကလေး ရီကီ က အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ ရီကီ ဟာ တစ်ကိုယ်တည်းနေထိုင်ရင်းနဲ့ တောရိုင်းတိရိစ္ဆာန်တွေကို စိတ်ရော ကိုယ်ပါ ကူညီပေးတယ်ပေါ့။ သူ့ရဲ့ခွန်အားတွေနဲ့ မွန်မြတ်တဲ့ စိတ်ထားတွေကြောင့် တောတစ်ခွင်မှာ နာမည်ကြီးလာတယ်။ ဒီလိုနဲ့ တစ်နေ့မှာ အမဲလိုက် မုဆိုးတစ်ယောက်ဟာ ရီကီ ကို ဖမ်းဖို့ ကြိုးစားတဲ့အခါ ရုန်းကန်တိုက်ခိုက်ရင်းနဲ့ နောက်ဆုံးမှာ ရီကီ လေး လွတ်လာပါတယ်။ လွတ်လာတယ်ဆိုပေမယ့် ရီကီ ရဲ့ ကြံ့ချိုဟာ မုဆိုးဆီမှာ ကျန်ရစ်ခဲ့ပြီး ချိုမရှိတဲ့အတွက် သူ့ကိုယ်သူ စိတ်ပျက်အားငယ်သွားနေခဲ့ရတာပေါ့။ နောက်မှာတော့ သူ့မိတ်ဆွေ ဘဲကလေး ဘန်နီ နဲ့ ချိုအသစ် ပြန်ပေါက်အောင်လုပ်ပေးနိုင်မယ့် မှော်ဆေးဆရာကို သစ်တောတစ်ခွင်မှာ လိုက်ရှာရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုပေးပါဦး။

t.me/cartoonmoviesmms/558
Forwarded from Top One VIP Channel
🏅 🌼🌼🌼 🌼🌼🌼  🏅
တရုတ်နဂါးဆော့ပြီး
😍အနိုင်ငွေထုတ်🪙💸

အဖိုးကြီး
🧸 သမီးတော် 🧸 စလော့ဂိမ်းအစုံ 👋ငါးပစ်  🤩🤩  ရှမ်းကိုးမီး ဘူကြီး ☹️တို့ကို တစ်နေရာတည်းမှာ အကုန်ဆော့ကစားနိုင်ပါပြီရှင့်

👑👑👑

🏅မန်ဘာသစ်ဘောနပ်စ် 1️⃣0️⃣0️⃣😶

🏅နေ့စဉ် ဘောနပ်စ်            5️⃣0️⃣😶

🏅သွင်းတိုင်းရ ဘောနပ်စ်   1️⃣0️⃣😶

ငွေကြေးပိုင်း 
💯  ယုံကြည်စိတ်ချရပြီး
⏰😀😀နာရီပတ်လုံး ဂိမ်းတွေကစားပြီး ငွေပွားမယ်ဆိုရင်တော့ 🌼🌼🌼 🌼🌼🌼 မှာ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

🏅  အကောင့်ဖွင့်ရန်  🏅 

📱 Viber Phone        ➡️ 09898867303
📱  Viber Link           ➡️ https://tinyurl.com/bdh2z26u

📱 Telegram Phone ➡️ 09898867303
📱 Telegram  Link    ➡️ https://t.me/top17998

📱 ​Messenger          ➡️ https://tinyurl.com/top1me

🏅  Channel များ  🏅

📱 Viber        ➡️ https://tinyurl.com/4rbmr3h3

📱 Telegram ➡️ https://t.me/topone117

📱 Facebook ➡️ https://tinyurl.com/top1fb
Please open Telegram to view this post
VIEW IN TELEGRAM
လီလို နှင့် စတစ် (၂၀၀၆)

ဒီတစ်ခါ ရုပ်ရှင်လေးမှာတော့ သုတေသန ၆၂၅ ကောင်ကို မရလိုက်ဘဲ ထောင်ကျသွားတဲ့ ဒေါက်တာဟမ်စတာဗီယယ် ကို ဂန်တု က ထောင်ဖောက်ပြီး ပြန်ကယ်လိုက်ပါတယ်။ လီလို နဲ့ စတစ်ခ် ကတော့ အလေအလွင့်ဖြစ်ပြီး ကျွန်းပေါ် ပျံ့နေတဲ့ သုတေသနတွေကို ပြန်စုဆောင်းပေးတဲ့အပြင် အိမ်ပါရှာပေးလိုက်နိုင်လို့ ဆုအချီးမြှင့်ခံနေရချိန်ပေါ့။ စတစ်ခ်, ဂျန်ဘာ, ပလီတ်ကလီ တို့သုံးယောက်ကို ရာထူးကြီးတွေ ပေးပြီး ဂြိုလ်ပေါ်ပြန်ခေါ်ဖို့ လုပ်ပေမယ့် လီလို မျက်နှာကြောင့် မနေခဲ့ဖြစ်ကြပါတယ်။ ဒါပေမယ့် ဝါသနာပါတဲ့နေရာအသီးသီးကို ဆုရထားတဲ့ သုံးယောက်ကတော့ လူက ဟာဝိုင်အီ၊ စိတ်က တွုရို ဂြိုလ် ဖြစ်နေခဲ့ကြတယ်လေ။ ငိုချင်လျက် လက်တို့ဖြစ်နေသူ သုံးယောက်သားကို မကြည့်ရက်လို့ လီလို ကပဲ ဂြိုလ်ပေါ်သွားနေဖို့ ပြန်ဖျောင်းဖျလိုက်ရပါတယ်။ ဂျန်ဘာ တစ်ယောက် ဂြိုလ်ပေါ်ရောက်ပြီး သိပ္ပံပညာရှင်အလုပ် ပြန်ရသွားခြင်းက ဟမ်စတာဗီယယ် အတွက် အကွက်တွေ့စရာပါပဲ။ ရှိနေပြီးသား သုတေသနတွေအားလုံးက လီလို လက်အောက်ရောက်သွားတာမို့ မျိုးစိတ်အသစ်တစ်မျိုးကို ခြိမ်းခြောက်ထွင်ခိုင်းဖို့ လုပ်တော့မှာပါ။ ထောင်ကလွတ်လွတ်ချင်းပဲ စမ်းသပ်ခန်းကို ဝင်စီးပြီး စတစ်ခ် နဲ့အလားတူ နောက်ထပ်တစ်ကောင်ကို ထွင်ခိုင်းပါတော့တယ်။ ၆၂၅ ကောင်ကို မရလိုက်တဲ့ အခဲမကျေမှုနဲ့ သုတေသနအသစ်ကိုပဲ ကိုယ်ပွားပေါင်းရာကျော် ထုတ်ပြီး ဟမ်စတာဗီယယ် တစ်ယောက် အာဏာလုပါတော့တယ်။ သတိရလို့ ဗွီဒီယိုခေါ်ဆိုလာတဲ့အခါ အရင်နဲ့မတူဘဲ ထူးဆန်းနေတဲ့ စတစ်ခ် ကို လီလို သတိထားမိသွားပြီးနောက်မှာတော့။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/215
Please open Telegram to view this post
VIEW IN TELEGRAM
❤2
မျောလွင့်နေတဲ့အိမ် (၂၀၂၂)

တိုက်ခန်းလျားအဟောင်းကြီးတစ်ခုရှိတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ဆောက်ထားတာမို့ သရဲခြောက်တယ်ဆိုပြီး လူတိုင်းကပြောကြတယ်။ ဘယ်လောက်ပဲဟောင်းနေပါစေ နာ့ဇူမဲနဲ့ ခိုဆုခဲဆိုတဲ့ ကလေးနှစ်ယောက်အတွက်တော့ အဖိုးတန်အိမ်လေးပါပဲ။ မူလတန်းရဲ့ နောက်ဆုံးသော ‌နွေရာသီ။ တိုက်ခန်းလျားကို ဖြိုချပစ်တော့မှာမလို နာ့ဇူမဲတို့အမိနဲ့ ခိုဆုခဲတို့မိသားစု အိမ်ပြောင်းရတယ်။ သေးသေးလေးကတည်းက မခွဲအတူနေနှစ်ယောက်က ရုတ်တရက်ကြီး ဘာလိုမှန်းမသိ စိမ်းကားသွားတယ်။ သူငယ်ချင်းဖြစ်သူ စပ်စုစိန် တိုင်အိချိကြောင့် အိမ်ဟောင်းဖြစ်တဲ့ တိုက်ခန်းလျားကြီးဆီ ခိုဆုခဲရောက်လာရတယ်။ တိုင်အိချိက ပေါက်ပေါက်ရှာရှာ သရဲဖမ်းမလိုတဲ့လေ။ သရဲရှာမတွေ့ပါဘဲ ဗီဒီယိုခန်းလေးထဲမှာ သူ့ကိုယ်သူပိတ်ပြီး အိပ်ပျော်နေတဲ့ နာ့ဇူမဲကိုပဲ သူတို့ရှာတွေ့သွားကြတယ်။ နာ့ဇူမဲရှင်းပြတာတွေကို ခိုဆုခဲက မယုံတာမို့ ထုံးစံအတိုင်း ရန်သတ်ကြပြန်ပါတယ်။ ခေါင်မိုးထပ်မှာ ရန်ဖြစ်ရင်းနဲ့ပဲ နာ့ဇူမဲတစ်ယောက် တိုက်ပေါ်က ပြုတ်ကျသွားတဲ့အခါ။ ခိုဆုခဲနဲ့ နာ့ဇူမဲ၊ စပ်စုစိန်အသေးလေး တိုင်အိချိ၊ လူကောင်ကြီးကြီး ယူဇုရု၊ ပြဿနာအိုး ရဲအိနာနဲ့ ကြင်နာတတ်တဲ့ ဂျူရီ၊ တစ်ချိန်လုံးနပန်းလုံးနေတဲ့ ခြောက်ယောက်သား မျောနေတဲ့အိမ်ကြီးဆီရောက်သွားပါတော့တယ်။ တကယ်မှတကယ် ဘယ်ဆီဘယ်မှန်းမသိရတဲ့ ပင်လယ်ကြီးထဲမှာ မျောနေတဲ့တိုက်ခန်းကြီးနဲ့အတူ ကလေးခုနစ်ယောက် ဘယ်လိုစခန်းသွားကြမလဲ? ပင်လယ်ပြင်ထဲ ဘာတွေ ကြုံတွေ့ရမလဲ?

t.me/cartoonmoviesmms/717