Hana: Anime & Cartoons
41.5K subscribers
6.73K photos
31 videos
4.76K links
For Business Contact 👉 @heinoothwin
Download Telegram
အာဖရိက က ပန်ဒါဝက်ဝံလေး (၂၀၂၄)

t.me/cartoonmoviesmms/492
❤1
ကုသိုလ်ပြုချင်သူ (၂၀၂၅)

မကောင်းတာတွေလုပ်ရင် ငရဲကျမယ်လို့ ဆုံးမခံရပြီးနောက် ၆ နှစ်သားသူငယ်ချင်းသုံးယောက်တို့ဟာ အကြီးကျယ်ဆုံးကုသိုလ်ကောင်းမှု တစ်ခုလုပ်ဖို့စွန့်စားပြီး စစ်ဖြစ်နေတဲ့ တိုင်းပြည်ကို ထွက်လာကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ရည်ရွယ်ချက်ကောင်းတွေက နေရာတိုင်းမှာ အလွဲအချော်တွေ၊ ပရမ်းပတာတွေကိုပဲ ဖြစ်ပေါ်စေတဲ့အခါ။ ဒီ ဆော်ဒီအာရေဗျ ရဲ့ ပထမဆုံး နက်ဖလစ် အန်နီမေးရှင်း ရုပ်ရှင်ဟာ ဟာသတွေ၊ ထူးဆန်းတဲ့ ပုံရိပ်တွေနဲ့ လူ့အဖွဲ့အစည်းကို သရော်ထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်တဲ့အပြင် ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားပေးမယ့် ဇာတ်အိမ်ဖြစ်နေတာကြောင့် လက်မလွှတ်တမ်း ကြည့်လိုက်ရအောင်။

t.me/cartoonmoviesmms/578
To Me, the One Who Loved You (2022)

IMDB – 6.9/10
MyAnimeList – 7.4/10

Koyomi ဆိုတဲ့ကောင်လေးက ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ အပြိုင်ကမ္ဘာနဲ့ပတ်သက်တဲ့ သိပ္ပံသုတေသနဌာနမှာနေရင်း တခြားပညာရှင်တစ်ယောက်ရဲ့ သမီးဖြစ်သူ Shiori နဲ့ နဖူးစာရွာလည်ပြီး ဆုံတွေ့ခဲ့ကြတာ။ ဒီလိုနဲ့ နှစ်ဦးသား ငယ်စဉ်ကလေးဘဝကတည်းကနေ နှစ်တွေကြာပြီး သံယောဇဉ်တွေ တိုးပွားပေါက်ဖွားလာချိန်ကျမှ သူတို့ Single မိဘနှစ်ပါးက အချင်းချင်း လက်ထပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကျ Koyomi တို့နှစ်ယောက်က ဒါဆိုရင်တော့ မဖြစ်ဘူး၊ သူတို့ မူရင်းမိဘတွေ ကွာမရှင်းထားတဲ့ အပြိုင်ကမ္ဘာတွေဆီသွားပြီး နှစ်ဦးသား လက်ထပ်ပေါင်းဖက်ကြမယ်ဆိုပြီး ဉာဏ်ကောင်းပြီး လူကြီးတွေမသိအောင် Parallel World ကို ခိုးသွားကြတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြရမလဲဆိုတာကို ကြည့်ရမှာပါ။ တချို့ သိပ္ပံသီအိုရီရှင်းပြချက်တွေကို လျစ်လျူရှုပြီး Animation ကောင်းကောင်းနဲ့ပဲ ဇာတ်လမ်းကို ခံစားစီးမျောကြည့်မယ်ဆို ဆွတ်ပျံကြည်နူးလွမ်းမောစရာ မေတ္တာဘွဲ့တေးတစ်ပုဒ်ကို နားဆင်ရသလို ဖြစ်နေမှာတော့ အမှန်ပါပဲဗျာ။

t.me/cartoonmoviesmms/580
Forwarded from Top One VIP Channel
🏅 🌼🌼🌼 🌼🌼🌼  🏅
အထုတ်လန်းလန်း ဘူကြီးအခန်း
🃏💰

အဖိုးကြီး
🧸 သမီးတော် 🧸 စလော့ဂိမ်းအစုံ 👋ငါးပစ်  🤩🤩  ရှမ်းကိုးမီး ဘူကြီး ☹️တို့ကို တစ်နေရာတည်းမှာ အကုန်ဆော့ကစားနိုင်ပါပြီရှင့်

👑👑👑

🏅မန်ဘာသစ်ဘောနပ်စ် 1️⃣0️⃣0️⃣😶

🏅နေ့စဉ် ဘောနပ်စ်            5️⃣0️⃣😶

🏅သွင်းတိုင်းရ ဘောနပ်စ်   1️⃣0️⃣😶

ငွေကြေးပိုင်း 
💯  ယုံကြည်စိတ်ချရပြီး
⏰😀😀နာရီပတ်လုံး ဂိမ်းတွေကစားပြီး ငွေပွားမယ်ဆိုရင်တော့ 🌼🌼🌼 🌼🌼🌼 မှာ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

🏅  အကောင့်ဖွင့်ရန်  🏅 

📱 Viber Phone        ➡️ 09898867303
📱  Viber Link           ➡️ https://tinyurl.com/bdh2z26u

📱 Telegram Phone ➡️ 09898867303
📱 Telegram  Link    ➡️ https://t.me/top17998

📱 ​Messenger          ➡️ https://tinyurl.com/top1me

🏅  Channel များ  🏅

📱 Viber        ➡️ https://tinyurl.com/4rbmr3h3

📱 Telegram ➡️ https://t.me/topone117

📱 Facebook ➡️ https://tinyurl.com/top1fb
Please open Telegram to view this post
VIEW IN TELEGRAM
To Every You I’ve Loved Before (2022)

ဇာတ်လမ်းကတော့ အခုခေတ်စားနေတဲ့ အပြိုင်ကမ္ဘာတွေအကြောင်းအခြေခံထားပေမယ့် တကယ့်ဇာတ်လမ်းအနှစ်ကတော့ ကောင်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အချစ်ဇာတ်လမ်းလေးကို လှလှပပ ရယ်မောငိုကြွေးနိုင်အောင်တင်ဆက်ပေးသွားနိုင်ခဲ့တာမလို့ ကြည့်နေရင်းနဲ့ အပြိုင်ကမ္ဘာတွေအကြောင်းကို စိတ်မဝင်စားတော့ အချစ်ဇာတ်လမ်းထဲမှာ မျောပါသွားနိုင်တဲ့အထိပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ Koyomi ဟာ အလယ်တန်းကျောင်းသားဘဝမှာပဲ အပြိုင်ကမ္ဘာတစ်ခုကို Shift လုပ်မိခဲ့ပါတယ်။ အထက်တန်းကျောင်းသားဘဝရောက်ချိန်မှာတော့ Kazune ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ လူမှားနှုတ်ဆတ်တာကို ခံရပြီး ရိုးရှင်းမလိုထင်ရတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်တည်လာခဲ့ပါတယ်။ အချစ်ဇာတ်လမ်းလေးဟာ သာယာဖြောင့်ဖြူးမလား၊ ဝမ်းနည်းရမလားကတော့ ကြည့်ရှုသူအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ Spoiler ပါးပါးလေး ပြောပါမယ်။ နည်းနည်းလေးတောင် Spoil မမိချင်ရင် ဆက်မဖတ်ပါနှင့်တော့။ ဒီဇာတ်လမ်းထဲမှာ ဇာတ်လမ်း ၂ ခုပါပါတယ်။ အစကတည်းက ဇာတ်လမ်း ၂ ခုရှိတာကို ချပြထားပေမယ့် ဇာတ်လမ်းဆွဲခေါ်သွားပုံက ငြင်သာလွန်းလို့ ပြီးခါနီးမှပဲ သတိထားမိမှာပါ။

t.me/cartoonmoviesmms/582
❤1
ဒုစရိုက်ဟိုတယ်

ဒီဟိုတယ်က သာမန်ရိုးရိုး ဟိုတယ်မဟုတ်ပါဘူး။ ရာဇဝတ်လောကသားတွေအတွက် အနားယူစခန်းတစ်ခုပါပဲ။ အမှောင်လောကသားတွေအတွက် တည်ဆောက်ထားတဲ့ အထူးလျှို့ဝှက်ကမ္ဘာ ဖြစ်တာမို့ သွားတည်းမိရင် ကတိုးခမပါဘဲ မရဏကမ္ဘာဆီ တန်းရောက်သွားမှာပါ။ အီကူရိုး ဟိုရှီ နဲ့ ဆာရာ ဟိုင်ဇာကီ တို့နှစ်ဦးကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဟိုတယ်ပိုင်ရှင်တွေဖြစ်ပြီး ဧည့်သည်တွေအတွက် အစားအသောက်၊ လက်နက်၊ ကိုယ်ရေးအချက်အလက်အတု လုပ်ပေးတာအပြင် အလောင်းဖျောက်တာတွေအထိကိုပါ ဝန်ဆောင်မှုအစုံအလင် ပေးထားပါတယ်။ ဒီလိုဟိုတယ်ကို ဘောစီ သစ္စာဖောက်လို့ ဒဏ်ရာတွေနဲ့ ထွက်ပြေးခဲ့ရတဲ့ ရှားဝို ဟာ ညီမလေး မောင် ကို ကယ်တင်ဖို့အတွက် အကူအညီတောင်းလာပါတယ်။ အကူအညီရခဲ့ပေမဲ့ ညီမဖြစ်သူ သေသွားပြီး တူမလေး မေး ရှိနေတာ သိလိုက်ရတဲ့ ရှားဝို အတွက် ဟိုတယ်က လုံခြုံရာတစ်ခု ဖြစ်လာမလား၊ ပိုပြီး နက်ရှိုင်းတဲ့ အန္တရာယ်တွေဆီ ဦးတည်သွားမလား။

t.me/animeseriesmyanmar/1625
❤2
နိဒါန်းသစ်၏ဆန်းကြယ်သက်ရှိများ

ဟာအိုရင် ကအစတုန်းက စတုတ္ထတန်းစား မြို့ငယ်လေးမှာ အိမ်အဟောင်းလေးကို ငှားပြီးတော့ ရတဲ့ ငှားရမ်းခလေးနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ လူငယ်လေး တစ်ယောက်ဖြစ်ပါတယ်။ အပြင်ထွက်ပြီးတော့ အလုပ်ကိစ္စ လုပ်နေတဲ့အချိန်မှာပဲ အလွဲလွဲအချော်ချော်နဲ့ စကြဝဠာရဲအရာရှိ ဖြစ်လာခဲ့ပါတယ်။ အထက်လူကြီးတွေ သူ့အတွက် စီစဉ်ပေးထားတဲ့ ဆန်းကြယ်သက်ရှိ ငှားရမ်းသူတွေရဲ့ စိတ်ရှုပ်စရာကိစ္စတွေကို ဖြေရှင်းနေတုန်းမှာပဲ သူ့ရဲ့ စီရင်ပိုင်ခွင့်ရှိနယ်မြေဖြစ်တဲ့ အိပ်မက်ဂြိုဟ်ယာဥ်တန်းစကြဝဠာမှာ စကြဝဠာအဆင့်အကျပ်အတည်းတစ်ခု ဖြစ်ပေါ်လာသောအခါ။ ကမ္ဘာမြေပေါ်က ဆန်းကြယ်သက်ရှိတွေရဲ့ မူလကနဦးအစ... အိပ်မက်ဂြိုဟ်ယာဥ်တန်းစကြဝဠာထဲက လူ့ယဥ်ကျေးမှုအပျက်အစီးမြေ... ထိုကြားထဲက လျှို့ဝှက်ချက်ကို ဟာအိုရင် စုံစမ်းရင်း စုံစမ်းရင်းနဲ့ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ ထိတ်လန့်စရာ အမှုကိစ္စတွေ ပေါ်ထွက်လာတော့။

t.me/animeseriesmyanmar/1629
❤1
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️
ďťż
❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
♠ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber☎09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
❤1
မြို့ပြနှင့် ဝေးရာ (၂၀၂၃)

မြို့ပြနှင့် ဝေးရာ တောအုပ်လေးတစ်ခုသို့ တစ်ကိုယ်တော် ခရီးဆက်လာတဲ့ ဒါနာ ဆိုတဲ့ အမျိုးသမီးငယ်လေးဟာ တောထဲမှာ လမ်းပျောက်သွားရင်း စကားပြောတတ်တဲ့ ကြောင်လေးတစ်ကောင်နှင့် ဆုံခဲ့ရပါတယ်။ ထိုကြောင်လေး မေးသမျှကို ပြန်ဖြေရင်းနဲ့ ဒါနာ တစ်ယောက် အတိတ်အကြောင်းတွေ ပြန်လည်တမ်းတမိသွားကာ ဘဝအတွက် အတွေးအမြင်သစ်တွေ ရရှိလာပါတော့တယ်။ ကြောင်ကလေးနဲ့ ဒါနာ တို့ လမ်းမှန်ကို ရှာရင်း ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ၊ လမ်းမှန်ကိုရော ရှာတွေ့နိုင်ပါမလား စသည်တို့ကို ငြိမ်းငြိမ်းလေးနဲ့ စိတ်ဝင်စားဖွယ် ဆွဲခေါ်သွားမည့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

t.me/cartoonmoviesmms/584
❤2
မင်းသမီးနှင့် ဖားကလေး (၂၀၀၉)

အပျော်အပါးကို ခုံမင်ပြီး ဘာမှကို စိတ်မဝင်စားတဲ့ မင်းသားလေးနာဗင်း ဟာ အရိပ်လူသား ရဲ့ လိမ်ညာပြုစားခြင်း ခံလိုက်ရလို့ ဖားတစ်ကောင်အဖြစ် ပြောင်းလဲသွားပါတယ်။ နန်းစည်းစိမ်တွေကို လိုချင်လို့ အပျော်အပါးမက်တဲ့ မင်းသားလေး ကို ဖားအသွင် ပြုစားလိုက်တဲ့ တစ္ဆေတွေနဲ့ ပူးပေါင်းထားတဲ့ စုန်းဘိုးတော်။ အလုပ်ပဲ ကြိုးစားလုပ်ကိုင်ရင်း အဖေဖြစ်သူရဲ့ စားသောက်ဆိုင်ကို ပြန်ဝယ်ချင်လို့ ပိုက်ဆံစုနေရတဲ့ သာမာန်စားပွဲထိုးမလေး တီယာနာ။ တီယာနာ ရဲ့ သူငယ်ချင်းပါတီပွဲမှာ တီယာနာ ကို မင်းသမီးလေးထင်ပြီး ကျိန်စာပြယ်ချင်ဇောနဲ့ သူမကို နမ်းလိုက်တဲ့ မင်းသားလေး ဟာ ကျိန်စာမပျယ်တဲ့အပြင် တီယာနာ လည်း ဖားမလေးအဖြစ် ပြောင်းသွားပါတော့တယ်။ ဒီတော့ ဒီဖားလေးနှစ်ကောင် လူပြန်ဖြစ်အောင် ဘယ်လိုတွေ ကြိုးစားကြမလဲ၊ အရိပ်လူသား နဲ့ အပေးအယူလုပ်ထားတဲ့ စုန်းဘိုးတော် ကကော သူတို့ကို ဘယ်လိုတွေ ဒုက္ခတွေ ပေးမလဲ၊ သူတို့နှစ်ယောက် ကျိန်စာတွေ ပျယ်သွားမလား။ ဒစ်စနီ ရဲ့ အကောင်းဆုံး အန်နီမေးရှင်းအယ်ဖက် တွေနဲ့ ချစ်စရာ ပိုးစုန်းကြူး လေးတွေ၊ မိကျောင်းတွေနဲ့ တစ်ကားလုံး မပျင်းရပါဘူး။ တကယ်ချစ်လာပြီဆိုရင် အချစ်ကြောင့် လူတွေ ပြောင်းလဲသွားနိုင်တယ် ဆိုတာ ဒီကားလေးထဲမှာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/+eZKOlThxxCVhNjg1
Please open Telegram to view this post
VIEW IN TELEGRAM
❤2
မစ္စတာပီးဘော်ဒီ (၂၀၁၄)

မစ္စတာပီးဘော်ဒီ ဟာ ခွေးတစ်ကောင်ဖြစ်ပေမယ့် သူဟာ တကယ့်ကို ဉာဏ်ပညာထူးခြားတဲ့ ဂျီနီးယပ် တစ်ဦးပါ။ အတတ်ပညာ အစုံအလင် တတ်တဲ့သူဖြစ်သလို လူကောင်လေးဖြစ်တဲ့ ရှာမန် ကိုတောင် သူက ပြန်ပြီး မွေးစားထားပါတယ်။ သူ့ရဲ့ အထူးခြားဆုံး တီထွင်မှု တစ်ခုကတော့ ဝေးဘက် လို့ခေါ်တဲ့ အချိန်ခရီးသွားစက်ပါပဲ။ တစ်ရက်မှာ ရှာမန် ကျောင်းစတက်ရာကနေ ပန်နီ ဆိုတဲ့ ကောင်မလေးနဲ့ ရန်ဖြစ်ပြီးတဲ့နောက်မှာတော့ ပန်နီ ရော ပန်နီ မိဘတွေရော မစ္စတာပီးဘော်ဒီ အိမ်ကို ရောက်ရှိလာပါတော့တယ်။ အဲ့ကနေ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာ ဆက်လက်ကြည့်ရှုကြပါ။ ဒီဇာတ်ကားလေးဟာ သမိုင်းရဲ့ ဖြစ်စဉ်အမှန်တွေပေါ်မှာ ဟာသသဘောလေးနှောပြီး ရိုက်ကူးထားလို့ သဘောကျမိမှာ အသေအချာပါပဲ။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/249
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Top One VIP Channel
🏅 🌼🌼🌼 🌼🌼🌼  🏅 တောင်ပေါ်သားရဲ့ ရှယ်အမ်းတဲ့ဂိမ်းတွေကစားပြီး အနိုင်ငွေတွေပွား💵💰

အဖိုးကြီး
🧸 သမီးတော် 🧸 စလော့ဂိမ်းအစုံ 👋ငါးပစ်  🤩🤩  ရှမ်းကိုးမီး ဘူကြီး ☹️တို့ကို တစ်နေရာတည်းမှာ အကုန်ဆော့ကစားနိုင်ပါပြီရှင့်

👑👑👑

🏅မန်ဘာသစ်ဘောနပ်စ် 1️⃣0️⃣0️⃣😶

🏅နေ့စဉ် ဘောနပ်စ်            5️⃣0️⃣😶

🏅သွင်းတိုင်းရ ဘောနပ်စ်   1️⃣0️⃣😶

ငွေကြေးပိုင်း 
💯  ယုံကြည်စိတ်ချရပြီး
⏰😀😀နာရီပတ်လုံး ဂိမ်းတွေကစားပြီး ငွေပွားမယ်ဆိုရင်တော့ 🌼🌼🌼 🌼🌼🌼 မှာ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

🏅  အကောင့်ဖွင့်ရန်  🏅 

📱 Viber Phone        ➡️ 09898867303
📱  Viber Link           ➡️ https://tinyurl.com/bdh2z26u

📱 Telegram Phone ➡️ 09898867303
📱 Telegram  Link    ➡️ https://t.me/top17998

📱 ​Messenger          ➡️ https://tinyurl.com/top1me

🏅  Channel များ  🏅

📱 Viber        ➡️ https://tinyurl.com/4rbmr3h3

📱 Telegram ➡️ https://t.me/topone117

📱 Facebook ➡️ https://tinyurl.com/top1fb
Please open Telegram to view this post
VIEW IN TELEGRAM
(၁၈+) လူကြီးကာတွန်း (၂၀၂၄)

ဇာတ်လမ်းက နှစ်ပိုင်းပါ။ တစ်ပိုင်းက ဆယ်ကျော်သက် ယင်းစ် နဲ့ လီစာ တို့ရဲ့ ပထမဆုံး လိင်ဆက်ဆံမှုအကြောင်းဖြစ်ပြီး နောက်တစ်ပိုင်းက ယင်းစ် ရဲ့ သုက်ကောင် ဆီမန် နဲ့ သူ့သူငယ်ချင်းတွေ ဥဆီ ရောက်ဖို့ စွန့်စားခန်းကို ပြထားတယ်။ ဒီရုပ်ရှင်က ရိုင်းစိုင်းတဲ့ ဟာသတွေနဲ့ ပြည့်နှက်နေပြီး သုက်ကောင်တွေ သီချင်းဆိုတာ၊ အန်စတွန်း လှုပ်ရှားမှုတွေနဲ့ ရယ်စရာတွေ ထည့်ထားတယ်။ ဒါပေမယ့် ရိုမန်တစ်ဆန်တဲ့ အချစ်ဇာတ်လမ်းလေးနဲ့ လိင်အကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားတာလည်း ပါတယ်။ ရုပ်ရှင်က ၁ နာရီ ၂၀ မိနစ်ကြာ၊ နော်ဝေဘာသာနဲ့ ရိုက်ထားပြီး ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅ မှာ နော်ဝေမှာ ရုံတင်ခဲ့တယ်။ ဝေဖန်သူတွေက ရိုင်းစိုင်းတဲ့ ဟာသတွေကို ကြိုက်တဲ့သူတွေအတွက် ရယ်စရာကောင်းပေမယ့် အချို့ ပြောင်နှောင်တာတွေက ထပ်ခါတလဲလဲ ဖြစ်နေတယ်လို့ ဆိုကြတယ်။ အရွယ်ရောက်သူတွေအတွက် ပေါ့ပေါ့ပါးပါး ရယ်မောချင်ရင် ဒီကားက ကြည့်ရတာ သင့်တော်ပါတယ်ဗျ။

t.me/cartoonmoviesmms/586
❤8
မှင်စာမုဆိုးများ (၂၀၂၁)

စကြဝဠာကြီးထဲမှာ လူသား၊ တိရိစ္ဆာန်၊ မှင်စာ၊ ဂြိုလ်သား စတဲ့ သက်ရှိတွေအားလုံး ညီညွှတ်မျှတစွာ နေထိုင်နိုင်ဖို့ ကမ္ဘာမြေ ဆိုတဲ့ လှပတဲ့နေရာလေးကိုလည်း ဖန်ဆင်းခဲ့ကြတယ်။ ဒါပေမယ့် လူသားတွေကတော့ ကမ္ဘာမြေ ရဲ့အလှကို မစောင့်ရှောက်ဘဲ ဖျက်စီးကြတယ်ဗျာ။ လူသားအချင်းချင်း စစ်ပွဲတွေခင်း၊ အာဏာတွေပြကြရုံမက မှင်စာလေးတွေကိုပါ ထိခိုက်လာခဲ့တော့ မှင်စာလေးတွေဟာလည်း ကမ္ဘာမြေ ကြီးရဲ့အောက်ခြေမှာပဲ ပုန်းလျှိုးကွယ်လျှိုးနဲ့ နေထိုင်ကြရတာပေါ့။ ဒါတင်မက လူသားတွေဟာ အကောင်လေးတွေကို နှိပ်စက်၊ အပင်တွေခုတ်နဲ့ ကြာတော့ ကမ္ဘာကြီး လည်း တဖြည်းဖြည်း ပျက်စီးလာခဲ့တယ်။ ဒါကို သည်းမခံနိုင်တော့တဲ့ စုန်းမကြီးတွေဟာ ကြီးမားလှတဲ့ တိုက်တန်ကြီး တွေကိုဆင့်ခေါ်ပြီး ကမ္ဘာမြေ ကို ဖျက်စီးကာ အသစ်တဖန် ပြန်စဖို့ စီစဉ်ပါတော့တယ်။ ဒါကို သိရှိသွားကြတဲ့သူရဲကောင်း တစ်စုဟာ ဖန်ဆင်းရှင် စုန်းမကြီး တွေကို လိုက်လံတားဆီးကြတော့တာပေါ့။ အပြောသာလွယ်ပေမယ့် ဖန်ဆင်းခံ လူသားတွေက ဖန်ဆင်းရှင်ကို ခံချဖို့ဆိုတာ ကြားရုံနဲ့ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒီလို မဖြစ်နိုင်တဲ့ကိစ္စကို သူငယ်ချင်း တွေ ဘယ်လို ပူးပေါင်းပြီး ဘယ်လို တိုက်ခိုက်ကြမလဲဆိုတာ။

t.me/cartoonmoviesmms/588
❤3
ဒိုရေမွန် - တိုဘိတ၏ ကြယ်တာရာစစ်ပွဲ (၂၀၂၂)

နိုဘိတတို့ သူငယ်ချင်းတစ်သိုက် ရှုတင်ရိုက်‌ေနရင်းကနေ နိုဘိတတစ်ယောက် ဒုံးပျံယာဉ်အသေးစားလေးတစ်စင်း ကောက်ရလိုက်ပါတယ်။ အဲ့ထဲက‌နေ ပါပီလို့ခေါ်တဲ့ ဂြိုဟ်သားသေးသေးလေဏ္ဌထွက်လာသတဲ့။ သူ့ယာဉ်က ပျက်စီးသွားတာမို့ နိုဘိတနဲ့ ဒိုရေမွန်တို့က ကူပြင်ပေးနေချိန် ပီရှားလို့ခေါ်တဲ့ တိုက်သင်္ဘောကြီးရောက်လာပြီးတိုက်ခိုက်တော့တာပါပဲ။ စပွိုင်းလွတ်အောင်ဇာတ်ကွက်လေးတွေကျော်ပြီး အကြမ်းဖျင်းညွှန်းရမယ် ဆိုရင်ဖြင့် နိုဘိတတို့ သူငယ်ချင်းတစ်သိုက် တခြားဂြိုဟ်မှာ စွန့်စားခန်းဖွင့်တာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်ထဲအားမလို အားမရဖြစ်လာမှုတွေလည်းကြုံရမှာမို့ ဘယ်လိုမြင်တွေ့ရမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့။

t.me/cartoonmoviesmms/590
❤2
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️
ďťż
❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
♠ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber☎09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
❤1
ခရစ္စမတ်အတွက် ခွေးတစ်ကောင်လိုချင်တယ် (၂၀၂၃)

ရီရန်းလ် ဆိုတဲ့ ကောင်လေးဟာ တစ်နေ့တစ်နေ့သူ့အမေ စက်ဘီးနောက်ကနေ ရင်တမမနဲ့ လိုက်စီးနေရတာတွေ၊ သူငယ်ချင်းဖြစ်သူတွေက သူ့ရဲ့ဘုဂလန့်အစ်မဖြစ်သူ လူစီ နဲ့ စောင်တကားကားနဲ့ အလုပ်ရှုပ်နေတတ်တဲ့ အစ်ကိုဖြစ်သူ လိုင်းနပ်စ် တို့အကြောင်းတွေ လိုက်မေးတာပဲ ခံနေရတာကနေ စိတ်ညစ်ငြီးငွေ့နေရတာပေါ့။ အဲဒီမှာ ချာလီဘရောင်း နဲ့ သူ့ခွေးလေး စနူပီ တို့ကို မြင်တော့အားကျမိပြီး သူနဲ့အတူတူ ဆော့ပေးနိုင်မယ့် ခွေးလေးတစ်ကောင် လိုချင်လာပါတယ်။ ဒီတော့ မကြာခင် ကျရောက်တော့မယ့် ခရစ်စမတ်ပွဲတော်မှာ ဆန်တာကလော့စ် ဘိုးဘိုးကြီးကို စာရေးပြီးပူဆာဖို့ ကြံမိတယ်ပေါ့။ ပြဿနာက သူ့အမေကလည်း “ခွေးတွေဆိုတာက ဒုက္ခများလွန်းတယ်” ဆိုပြီး ခွေးမွေးခွင့်ကို ဘယ်လိုမှ မပြုသလို အစ်မ လူစီ ကလည်း “ဆန်တာကလော့စ် ဆိုတာ မိဘဖြစ်သူတွေ သဘောမတူတဲ့အရာကို လာပေးမှာမဟုတ်ဘူး” ဆိုပြီး ပြောတော့ ရီရန်းလ် လေးမှာ စိတ်ညစ်ပြန်ရတာပေါ့။ အဲဒါအပြင် ချာလီဘရောင်း ဆီ ခဏခဏ သွားသွားပြီး စနူပီ နဲ့ ဆော့ဖို့ ခေါ်တာက များများနေတော့ သူ့ကို ရှောင်ချင်နေကြပြန်သေးတယ်။ ဒီတော့ ရီရန်းလ် တစ်ယောက် ခွေးလေးရသွားမလား၊ ဘယ်လို ဆက်ဖြစ်မယ်ဆိုတာကို ပျော်ပျော်ပါးပါးလေး ကြည့်ရင်း အဖြေရှာကြည့်ကြည့်လိုက်ပါဦး။

t.me/cartoonmoviesmms/592
❤1
လူးဝစ်နှင့် ဂြိုလ်သားများ (၂၀၁၈)

ဂြိုလ်သားတွေကိုပဲ စိတ်ဝင်တစားနဲ့ တစ်ဘဝလုံး ရင်းနှီးမြုပ်နှံထားတဲ့ အဖေကြောင့် ကျောင်းမှာအပေါင်းအသင်းမရှိဘဲ အိမ်မှာလည်း အထီးကျန်ဖြစ်နေရတဲ့ ကောင်လေးရဲ့ အကြောင်းကစထားပါတယ်။ ကောင်လေးက တစ်ကိုယ်တည်း နေရသလိုဖြစ်ပြီး အဖေကိုပါ ပြန်ဂရုစိုက်နေရတဲ့အတွက် ပင်ပန်းနေရပါတယ်။ တစ်နေ့မှာတော့ အိမ်နီးချင်းတွေက ကျောင်းကို တိုင်စာပို့တဲ့အတွက် သူ့ကို မိဘမဲ့ကျောင်းကို ပို့ဖို့ စီစဉ်ကြပါတော့တယ်။ အဲဒီမှာ ကမ္ဘာမြေကို အလည်ရောက်လာရင်း ယာဉ်ပျက်ကျသွားတဲ့ ဂြိုလ်သားလေး သုံးကောင်နဲ့ သူငယ်ချင်း ဖြစ်ပြီး အဲဒီအစီအစဉ်ကို ဘယ်လို တားဆီးကြမလဲဆိုတာရယ်မောဖွယ်တွေ့ရမှာပါ။ ပြီးတော့ နောက်ဆုံးမှာ လူအိစ် တစ်ယောက် မိဘနဲ့သားသမီး၊သူငယ်ချင်းအချင်းချင်း၊ ချစ်ရသူနဲ့ ဘယ်လိုနားလည်မှုတွေ ရသွားတယ်ဆိုတာ တွေ့ရမှာပါ။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/251
Please open Telegram to view this post
VIEW IN TELEGRAM
❤1