Hana: Anime & Cartoons
41.5K subscribers
6.73K photos
31 videos
4.75K links
For Business Contact 👉 @heinoothwin
Download Telegram
စူးစမ်းသော ဂျော့ (၂၀၀၆)

ငယ်ငယ်က ကာတွန်းမြင်သမျှ အကုန်ကြည့်တတ်တဲ့သူဆိုရင်တော့ ဒီကားဟာ သင့်ကလေးဘဝမှာ အရမ်းရင်းနှီးခဲ့တဲ့ ဇာတ်ကားလေးဖြစ်မယ်လို့ ထင်ပါတယ်။ ခေါင်းစဉ်အတိုင်း စပ်စုတတ်တဲ့ ဂျော့ ဆိုတဲ့ မျောက်လေးဟာ တစ်နေ့ ပျောက်ဆုံးနေတဲ့ ရှေးခေတ်အဆောင်ရုပ်ထုကြီးရှာဖွေနေကြရင်း ခရီး ထွက်လာကြတဲ့ လူတစ်စုနဲ့တွေ့ပြီး အချိန်တစ်ခုအတွင်းမှာပဲ ဂျော့ ကလည်း သိပ်ချစ်သွားခဲ့ပါတယ်။ သို့သော်လည်း အဲ့ကောင်လေး ရုပ်ထုလာရှာရတဲ့ အဓိကရည်ရွယ်ချက်ကလည်း သူချစ် ပေမယ့် အရှုံးပေါ်နေတဲ့ ပြတိုက်မပိတ်ရစေဖို့အတွက် ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရုပ်ထုရဖို့ အဆင်မပြေခဲ့ပေမယ့် သူတို့ရင်းနှီးလာပုံလေးကို အခက်အခဲတွေကြားထဲရောက်နေတဲ့ တက် ဆိုတဲ့ကောင့်လေးကို ပျော်ပျော်နေတတ်တဲ့ မျောက်လေး ဂျော့ က ဘယ်လို ဖေးမကူညီပေးသွားမလဲဆိုတာကို ကြည့်ရမှာပါ။

t.me/cartoonmoviesmms/460
Tou-gen An-ki (2025)

Genres - Action, Fantasy

အိုနီ နဲ့ မိုမိုတာရို တို့ရဲ့ သွေးတွေဟာ မျိုးဆက်တိုင်းလိုလို တချို့လူတွေဆီ လက်ဆင့်ကမ်းခဲ့ပါတယ်။ ရှေးရှေးတုန်းက အိုနီ တွေဟာ သူတို့ရဲ့စိတ်ရိုင်းကို သိမြင်နေတဲ့အတွက် လူတွေနဲ့ ဝေးဝေးမှာသာ နေထိုင်ခဲ့ပေမဲ့ မိုမိုတာရို တို့ရဲ့ ကျူးကျော်မှုကြောင့် ငြိမ်းချမ်းနေတဲ့ဘဝလေးဟာ ပျက်သုန်းသွားခဲ့ပါတယ်။ နှစ်ထောင်ချီကြာပြီးတဲ့နောက် အိုနီ နဲ့ မိုမိုတာရို တို့ဟာ သက်ဆိုင်ရာ အေဂျင်စီနှစ်ခုကို တည်ထောင်ထားလာကြပြီး၊ ဇာတ်လိုက်ဖြစ်သူ ရှိကီ အစ္ချီနိုဆေ ဟာ သာမန်လူသားတစ်ယောက်ထင်သော်လည်း မိုမိုတာရို တို့ရဲ့ တိုက်ခိုက်မှုခံရပြီးနောက် အိုနီ သွေးပါသူဖြစ်ကြောင်း သိလာရပါတယ်။ တိုက်ခိုက်မှုအတွင်း ရှိကီ ရဲ့ အဖေဖြစ်သူက ဆုံးပါးသွားခဲ့ပြီး၊ ဘဝတစ်လျောက်လုံး သာမန်လူလိုနေခဲ့သူတစ်ဦးအနေနဲ့ မမျှော်လင့်ထားတဲ့ အကြမ်းဖက်မှုကြောင့် သူ့ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားတဲ့အခါမှာတော့ ဇာတ်လမ်းက တကယ်စဖြစ်လာပါတော့တယ်။

t.me/animeseriesmyanmar/1584
❤1
တိတ်ဆိတ်ခြင်း လျှို့ဝှက်ချက် (၂၀၂၅)

ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး မှော်ဆရာတွေထဲက တစ်ဦးဖြစ်တဲ့သူမ၊ "တိတ်ဆိတ်ခြင်း စုန်းမ" လို့ နာမည်ကြီးတဲ့ မိုနီကာ အဲဗာရက်တ် ဟာ မန္တန်မရွတ်ဘဲ မှော်ပညာကို အသုံးပြုနိုင်တဲ့ တစ်ဦးတည်းသော မှော်ဆရာမဖြစ်ပါတယ်။ နဂါးနက်ကြီးကိုတောင် တစ်ယောက်တည်း အနိုင်ယူနိုင်ခဲ့တဲ့အစွမ်းရှိသူဖြစ်ပေမဲ့၊ ဒီလိုအစွမ်းတွေနောက်ကွယ်မှာ ဘယ်သူမှမသိတဲ့ လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ မိုနီကာ ဟာ လူတွေနဲ့တွေ့ရင် ယုံကြည်မှုမရှိဘဲ စကားပြောဖို့ အရမ်းရှက်လှပြီး၊ အမြဲတမ်းတိတ်ဆိတ်နေရတာကြောင့် စကားမပြောဘဲ မှော်အသုံးပြုနိုင်ဖို့ တဖြည်းဖြည်း လေ့လာလာသူ ဖြစ်တာပါ။ ဒီလို လူ့လောကနဲ့ အဆက်အသွယ်မလုပ်ချင်တဲ့ မိုနီကာ ကို မှော်ပညာရှိ ခုနှစ်ဦးက မင်းသားလေး ဖီလစ် ကို လျှို့ဝှက်စွာကာကွယ်ဖို့အတွက် မှော်ကျောင်းတော်မှာ ကျောင်းသူဟန်ဆောင်ပြီး တက်ခိုင်းလိုက်ကြပါတယ်။ သူမရဲ့မှန်ကန်တဲ့အမှတ်အသားတွေကို ဖုံးကွယ်ထားရမှာဖြစ်ပြီး၊ မင်းသား ဖီလစ် ကိုယ်တိုင်တောင် သူ့အစောင့်အရှောက်ဖြစ်နေတာကို မသိရအောင် နေရမှာပါ။ ဒီလို ရှက်တတ်တဲ့ မိုနီကာ က မင်းသားကို ဘယ်လိုကာကွယ်မလဲ။ လျှို့ဝှက်ချက်များအနေနဲ့နေထိုင်ရင်း၊ မင်းသား ဖီလစ် ကရော မြင်ရသလောက်လောက် ရိုးရှင်းတဲ့သူလား။ မင်းသားကို တိတ်တဆိတ်ကာကွယ်ရင်း လူမှုဘောင်နဲ့ ရုန်းကန်နေရတဲ့ မိုနီကာ တစ်ယောက်ဟာ သူမရဲ့ လျှို့ဝှက်ချက်တွေ ပေါ်မသွားအောင် ဘယ်လိုကြိုးစားမလဲဆိုတာ စိတ်ဝင်စားဖွယ်အဖြစ် ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

t.me/animeseriesmyanmar/1585
❤2
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️
ďťż
❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
♠ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber☎09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
ညဉ့်ဌက်ကလေးရဲ့လွတ်လပ်ခြင်း

အတွဲ ၂ အပိုင်း ၁

t.me/animeseriesmyanmar/1587
ကြမ္မာအံတုရှင်သန်သူ လင်ထျန်း

ဓားသူတော်စင်တစ်ဦးဖြစ်သည့် လင်ထျန်း ဟာ ချစ်ရသူကို ကယ်တင်ဖို့အတွက် ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်ခဲ့တာကြောင့် ကောင်းကင်မှ ပြစ်ဒဏ်ပေး ဝါးမျိုခြင်းကို တန်ပြန်ခံစားရကာ သက်တမ်းလွှင့်ကြွေခဲ့ရပါတယ်။ အမြူတေပျက်စီး၊ ဓားအရိုးကြေမှ သွားပြီးနောက် နှစ်ပေါင်းသုံးရာအကြာမှာ မထင်မှတ်ဘဲ ပြန်လည်ရှင်သန်ထမြောက်လာပြီး လွန်ခဲ့တဲ့ နှစ်သုံးရာကို ပြန်သွားနိုင်ခဲ့တဲ့အခါ၊ ဒီတစ်သက်မှာတော့ ‌ကောင်းကင်လမ်းစဉ်ဆိုတဲ့ တံဆိပ်ပြားကို ဆုတ်ကိုင်ကာ အမုန်းတရား၊ အငြိုးတရား၊ အဃာတတွေနဲ့အတူ အရင်ဘဝက နှမြောတသဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို သယ်ပိုးရင်း။


"အတိတ်က လက်လွတ်လွဲချော်ခဲ့ရတာတွေကို ပြန်ဖာထေးပြင်ဆင်ရင်း ငါ့ကြမ္မာသမိုင်းကို ငါပြန်ပြင်ရေးမယ် "


t.me/hanatrailers/5492
❤2
ထူးဆန်းထွေလာ မှုခင်းကမ္ဘာ

နဂူမို ကီးအိချီရိုး ဆိုတာ ဉာဏ်ကြီးရှင်လို့တောင် တင်စားခေါ်ရတဲ့ စုံထောက်တစ်ယောက်ပါ။ ဘယ်အမှုမဆို သူ့ရှေ့ရောက်ရင် အကုန်ရှင်းသွားပါလိမ့်မယ်။ ဒါပေမဲ့ အသက်ကြီးလာတဲ့အခါ ဉာဏ်ကြီးရှင် စုံထောက်တွေ ဘာဖြစ်သွားမလဲ။ အခု အသက် ၃၅ နှစ်မှာ ဆိုးရွားလာတဲ့ တင်ပါးရောဂါကို ရင်ဆိုင်နေရပါတယ်။ အမှုလာငှားတဲ့သူမရှိ၊ အရှုံးပေါ်နေတဲ့ စုံထောက်အေဂျင်စီကိုလည်း ဖွင့်ထားတဲ့အပြင် အိမ်ငှားခပေးဖို့ ရုန်းကန်နေရတာနဲ့ သေလုမြောပါး ဖြစ်နေရှာပါတယ်။ တစ်ရက်မှာတော့ သူ့ရုံးခန်းထဲကို အထက်တန်းကျောင်းသူလေးတစ်ယောက်က သူနဲ့အလုပ်တွဲလုပ်ချင်တယ်လို့ ပြောလာတဲ့အခါမှာတော့ သူမရဲ့ အကူအညီနဲ့ ခေတ်နောက်ကျနေတဲ့ အဘိုးကြီး နဂူမို က ငယ်ရွယ်စဉ်ကလို တောက်ပတဲ့ခေတ်ကို ပြန်ရနိုင်ပါ့မလား၊ ပုံစံမတူတဲ့နှစ်ယောက်ပေါင်း လောင်းကျော်ပြီး အမှုတွေကို အတွဲညီညီနဲ့ ဘယ်လိုမျိုးဖြေရှင်းကြမလဲ။

t.me/animeseriesmyanmar/1499
Forwarded from Top One VIP Channel
🏅 🌼🌼🌼 🌼🌼🌼  🏅 မှာ ဆော့ကြည့်နော်👏 ကြိုက်သွားစေရမယ်👍 အထုတ်ကြမ်းစလော့🎰

အဖိုးကြီး
🧸 သမီးတော် 🧸 စလော့ဂိမ်းအစုံ 👋ငါးပစ်  🤩🤩  ရှမ်းကိုးမီး ဘူကြီး ☹️တို့ကို တစ်နေရာတည်းမှာ အကုန်ဆော့ကစားနိုင်ပါပြီရှင့်

👑👑👑

🏅မန်ဘာသစ်ဘောနပ်စ် 1️⃣0️⃣0️⃣😶

🏅နေ့စဉ် ဘောနပ်စ်            5️⃣0️⃣😶

🏅သွင်းတိုင်းရ ဘောနပ်စ်   1️⃣0️⃣😶

ငွေကြေးပိုင်း 
💯  ယုံကြည်စိတ်ချရပြီး
⏰😀😀နာရီပတ်လုံး ဂိမ်းတွေကစားပြီး ငွေပွားမယ်ဆိုရင်တော့ 🌼🌼🌼 🌼🌼🌼 မှာ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

🏅  အကောင့်ဖွင့်ရန်  🏅 

📱 Viber Phone        ➡️ 09898867303
📱  Viber Link           ➡️ https://tinyurl.com/bdh2z26u

📱 Telegram Phone ➡️ 09898867303
📱 Telegram  Link    ➡️ https://t.me/top17998

📱 ​Messenger          ➡️ https://tinyurl.com/top1me

🏅  Channel များ  🏅

📱 Viber        ➡️ https://tinyurl.com/4rbmr3h3

📱 Telegram ➡️ https://t.me/topone117

📱 Facebook ➡️ https://tinyurl.com/top1fb
Please open Telegram to view this post
VIEW IN TELEGRAM
စွမ်းအားကြီးမား အပြာရောင်နဂါး

တစ်ရက်မှာ ရှုး ဆိုတဲ့ကောင်လေးရဲ့ရွာငယ်လေးဟာ အမည်မသိရန်သူရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ အဲဒီအခါမှာတော့ ရှုး နဲ့ သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ဂျီရို နဲ့ ခလူးခ် တို့ဟာ သူတို့ရဲ့မွေးရပ်ရွာလေးကိုကာကွယ်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတော့တယ်။ ဒီလိုမျိုး သူတို့ရွာလေးကိုကာကွယ်ဖို့ဆုံးဖြတ်ခဲ့ကြတဲ့ ရှုး နဲ့ သူ့သူငယ်ချင်းအုပ်စုတို့ဟာ ဇိုလာ ဆိုတဲ့စစ်သည်တစ်ယောက်နဲ့တွေ့ဆုံခဲ့ကြပြီး အရိပ်စွမ်းအားကိုလက်ခံရရှိခဲ့ကြပါတော့တယ်။ အရိပ်စွမ်းအားဆိုတာဟာ သူတို့အရိပ်ကနေ မွန်းစတားတွေအဖြစ်ပြောင်းနိုင်တဲ့စွမ်းအားဖြစ်ပြီး ရှုး က စွမ်းအားအကြီးဆုံးမွန်းစတားတစ်ကောင်ဖြစ်တဲ့ ဘလူး ဒရာဂွန် ကိုရရှိခဲ့လေတယ်။ ဒီလိုနဲ့ သူတို့ဘော်ဒါတစ်သိုက်ဟာ အရိပ်စွမ်းအားနဲ့ သူတို့ရွာရဲ့ရန်သူကို တိုက်ထုတ်ဖို့ကြိုးစားကြပါတော့တယ်။ ကဲ၊ ဒါဆိုရင် ရှုး နဲ့ သူ့ရဲ့ဘော်ဒါတစ်သိုက်တို့ ဘယ်လို စကေးတွေပြကြပြီး တိုက်ကြမလဲ။

t.me/animeseriesmyanmar/1498
❤1
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျ

ကြက်ဥကြော်တာတောင် တူးသွားတာမျိုး၊ ၁+၁ ပေါင်းလို့ ၃ ရလာတာမျိုးလိုမျိုး အာနိသင်မမှန်တဲ့အရာတွေဖြစ်လာတဲ့ ယူတို့အတွက် ကြည့်လိုက်မှသာယာမယ့် ဇာတ်ကားလေး ပါ။ ကီတာဒါ ဂာကု ဆိုတဲ့ကောင်လေးကတော့ သင်္ချာကိုအရမ်းရူးသွပ်ပြီး သင်္ချာပညာရှင်ကြီးဖြစ်ချင်နေသူပါ။ သင်္ချာအိုလံပစ် မှာပါဝင်ယှဉ်ပြိုင်ခဲ့ပေမဲ့ ဆုမရနိုင်တာကြောင့် သူ့ရဲ့ပညာသင်ဆုကလည်း ရေထဲမြုပ်သွားပါတော့တယ်။ ဘာလုပ်ရမှန်းမသိတဲ့အချိန်မှာ ကျောင်းကန်တင်းအတွင်း အသုံးစရိတ်ရှာဖို့အလုပ်လုပ်ရင်း ထူးချွန်တဲ့စားဖိုမှူး ကိုင် နဲ့ တွေ့ကြုံခဲ့ပြီးနောက်မှာတော့ သူ့ဘဝကိုပြန်လည်အဓိပ္ပါယ်ပေးမယ့် ရှေ့ဆက်ဖို့လမ်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားပါတယ်။ သင်္ချာနဲ့ဟင်းချက်တာ ဘယ်လိုဆက်စပ်နေလဲ။ ဖော်မြူလာတွေ၊ချိုးကွက်တွေနဲ့ အရသာတစ်ခုပြောင်းနိုင်မယ့် စိတ်ကူးယဉ်အမြင်တွေအားဖြင့် ဟင်းသီးဟင်းရွက်တွေကို ဘယ်လိုဖန်တီးသွားမလဲဆိုတာ ဇာတ်ကားလေးကြည့်ရင်း ခေါင်းအစခြေအဆုံး အံ့အားသင့်သွားမှာပါ။ သင်္ချာကြောက်နေတဲ့သူတောင် ချစ်သွားအောင် လန်းဆန်းတင်ဆက်ထားတာမို့ ကြည့်ဖို့ တကယ်ထိုက်တန်ပါတယ်။

t.me/animeseriesmyanmar/1603
ဂိမာန်နွေမှာ မင်းနဲ့ငါ

အေးချမ်းလှတဲ့ ဒီရွာလေးမှာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ယိုရှိကီ နဲ့ ဟီကာရု တို့က ဘဝတစ်လျှောက်လုံး စင်ကော်လိုမျိုး ကပ်နေခဲ့ကြတာပါ။ သက်တူရွယ်တူတွေနေကြတာမို့ ကောင်လေးနှစ်ယောက်အနေနဲ့ အရင်းနှီးဆုံး ဖြစ်နေခဲ့ကြပါတယ်။ ဒါပေမဲ့ ယိုရှိကီ က မကြာသေးခင်က နွေရာသီတစ်ခုကစပြီး ဟီကာရု ရဲ့ အပြုအမူတွေမှာ ထင်ဟပ်တဲ့အပြောင်းအလဲတွေ ရှိလာတာကို သတိထားမိလာပါတယ်။ အခုဘေးမှာရှိနေတဲ့ ဟီကာရု ဟာ သူ့သူငယ်ချင်းရဲ့ ရုပ်ရည်သွင်ပြင်၊ အသံ၊ မှတ်ဉာဏ်အထိ အတိအကျတူနေပေမဲ့ တစ်ခုခုမှားယွင်းနေပြီး၊ တစ်ချိန်က သိခဲ့တဲ့ ဟီကာရု မဟုတ်တော့ဘဲ ပျောက်ကွယ်သွားတာကို ယိုရှိကီ ဟာ သေချာသိနေပါတယ်။ အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးသွားတဲ့အနာဂတ်ကို လက်မလွှတ်နိုင်တဲ့ ယိုရှိကီ ဟာ ယခုရင်ဆိုင်နေရတဲ့ မတူညီတော့တဲ့ ဟီကာရု ကို လက်ခံနိုင်မလား။ ထူးဆန်းမှုတွေက သူတို့ရွာလေးကို ကပ်ဆိုးတစ်ခုလို စတင်ဝင်ရောက်လာတဲ့အခါမှာတော့၊ ဒီမတော်တဆဖြစ်ရပ်တွေကို သူ့အကြောင်းမသိတော့တဲ့သူငယ်ချင်းနှင့်အတူ ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်အဖြစ် ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။

t.me/animeseriesmyanmar/1600
Forwarded from Top One VIP Channel
🏅 🌼🌼🌼 🌼🌼🌼  🏅 ⌨️🔤⌨️⌨️⌨️ ⌨️🔤⌨️ နဲ့ အထုတ် သိန်း 2️⃣🔤

အဖိုးကြီး
🧸 သမီးတော် 🧸 စလော့ဂိမ်းအစုံ 👋ငါးပစ်  🤩🤩  ရှမ်းကိုးမီး ဘူကြီး ☹️တို့ကို တစ်နေရာတည်းမှာ အကုန်ဆော့ကစားနိုင်ပါပြီရှင့်

👑👑👑

🏅မန်ဘာသစ်ဘောနပ်စ် 1️⃣0️⃣0️⃣😶

🏅နေ့စဉ် ဘောနပ်စ်            5️⃣0️⃣😶

🏅သွင်းတိုင်းရ ဘောနပ်စ်   1️⃣0️⃣😶

ငွေကြေးပိုင်း 
💯  ယုံကြည်စိတ်ချရပြီး
⏰😀😀နာရီပတ်လုံး ဂိမ်းတွေကစားပြီး ငွေပွားမယ်ဆိုရင်တော့ 🌼🌼🌼 🌼🌼🌼 မှာ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

🏅  အကောင့်ဖွင့်ရန်  🏅 

📱 Viber Phone        ➡️ 09898867303
📱  Viber Link           ➡️ https://tinyurl.com/bdh2z26u

📱 Telegram Phone ➡️ 09898867303
📱 Telegram  Link    ➡️ https://t.me/top17998

📱 ​Messenger          ➡️ https://tinyurl.com/top1me

🏅  Channel များ  🏅

📱 Viber        ➡️ https://tinyurl.com/4rbmr3h3

📱 Telegram ➡️ https://t.me/topone117

📱 Facebook ➡️ https://tinyurl.com/top1fb
Please open Telegram to view this post
VIEW IN TELEGRAM
ညီမလေးရဲ့ ရည်းစားဟောင်း (၂၀၂၅)

Genres - Comedy, Fantasy, Romance


မာရီ ဆိုတဲ့ကောင်မလေးဟာ ဘဝတစ်လျောက်လုံး အစ်မဖြစ်သူရဲ့ လောင်းရိပ်အောက်မှာ ကြီးပြင်းလာသူဖြစ်ပါတယ်။ ကောင်းတာမှန်သမျှ အစ်မဖြစ်သူကပဲ ရနေတာကြောင့် မာရီ က အဝတ်အစားကောင်းကောင်းတောင် မရှိရဘဲ ရှက်ရှက်ကွဲကွဲနဲ့နေနေသူပါ။ အစ်မဖြစ်သူက ချမ်းသာတဲ့ အာလ် အဆင့်ရှိ အထက်တန်းစားနဲ့ လက်ထပ်ဖို့ လမ်းတစ်ကမ်းအထိရောက်လာခဲ့ပေမဲ့ မတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ သို့သော် လက်ဖွဲ့အဖြစ်သဘောတူထားပြီးသားဖြစ်တာကြောင့်၊ အစ်မဖြစ်သူအစား မာရီ ဟာ အာလ် နဲ့ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။ မာရီ နဲ့ လက်ထပ်ရမဲ့ အာလ် ဟာ ရုပ်ရည်ချောမောပြီး ချမ်းသာသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ အရာရာ ပြည့်စုံနေတဲ့သူတစ်ဦးရဲ့ နှလုံးသားကို မာရီ တစ်ယောက်ပိုင်ဆိုင်နိုင်ပါ့မလားဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်လိုက်ကြပါဦး။

t.me/animeseriesmyanmar/1599
မှော်ဆရာမလေး ဆာကူရာ (၁၉၉၉)

ဒီကား‌လေးမှာ အလယ်တန်းကျောင်းသူလေး ဆာကူရာ ဟာ ကလိုး ကဒ် ဆိုတဲ့ ကဒ်တွေကို လိုက်ရှာဖွေနေရတဲ့ မှော်ဆရာမလေး ဖြစ်ပါတယ်။ သူ့ဟာ တနေ့ ကဒ်ရှာဖွေစုဆောင်းရင်း ကံစမ်းမဲနှိပ်ရာက ဟောင်ကောင်ကို သွားရမယ့်လက်မှတ်ကို ပေါက်သွားပါတယ်။ ဒါပေမယ့် ဆာကူရာ လေးက ဘယ်တုန်းကမှ မဲနှိပ်တာမှာ ကံကောင်းတဲ့သူ မဟုတ်ပါဘူး။ ဒီတခါမှာ ဘယ်လိုဖြစ်ပြီး ဒီဆုကြီးကို ပေါက်သွားရလဲဆိုတာ စဉ်းစားစရာပါပဲ။ ဒီဆုကြီးက ကံကောင်းပြီး ပေါက်သွားတာပဲလား။ ဒါမှမဟုတ် အဲ့နောက်ကွယ်မှာ မသက်သာစရာတခုခုရှိနေတာပဲလားဆိုတာ စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

t.me/cartoonmoviesmms/568
နှလုံးသား၏ ဆောင်းဦးရာသီ (၂၀၁၅)

နာရုဆယ် ဇွန် ဆိုတဲ့ ကောင်မလေးဟာ သူအမှတ်မထင် ပြောလိုက်တဲ့စကားကြောင့် သူ့မိဘတွေ ခွဲခွာသွားတာလို့ ယူဆထားပါတယ်။ အဖေဖြစ်သူ ထွက်သွားလို့ ငိုနေချိန်မှာ ကြက်ဥလေးတစ်လုံး ပေါ်လာကာ ရှေ့လျှောက် သူ့စကားတွေကြောင့် သူ့ဘဝမပျက်စီးရအောင်ဆိုပြီး စကားမပြောနိုင်အောင် ကျိန်စာခတ်လိုက်ပါတော့တယ်။ အလယ်တန်းအရွယ် ရောက်လာတဲ့အခါ စန္ဒရားတီးတတ်သူ အတန်းဖော် ကောင်လေး ဆာကာဂာမိ နဲ့ ရင်းနှီးသွားပြီး ဇွန် ဟာ စကားမပြောနိုင်ပေမယ့် သီချင်းဆိုလို့ရတယ်ဆိုတာ သိလိုက်ရပြီးနောက် သူပြောချင်တဲ့စကားတွေကို သီချင်းအဖြစ် ရေးဖို့ ဆာကာဂာမိ ကို အကူအညီတောင်းပါတော့တယ်။

t.me/cartoonmoviesmms/570
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️
ďťż
❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
♠ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber☎09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
စန်တာကလော့စ် ရဲ့ဒဏ္ဍာရီ (၂၀၁၉)

ချစ်ခြင်းမေတ္တာကို လူသားတွေက နည်းလမ်းအမျိုးမျိုးနဲ့ ဝေမျှကြပါတယ်။ ဒီခေတ်မှာ စာအိတ်ထဲထည့်ပေးကြတဲ့ပေးစာတွေ မရှိတော့ဘူးဆိုပေမယ့် လူမှုကွန်ယက်ပေါ်မှာတောင် တစ်ယောက်ကိုတစ်ယောက် စာတွေ ပေးပို့နေကြဆဲပါ။ ဒါပေမယ့် ပေးပို့တဲ့စာတွေထဲမှာ အမုန်းတရားထက် ချစ်ခြင်းမေတ္တာတွေထည့်ပေးထားနိုင်ရင် မကောင်းဘူးလား။ ဒီဇာတ်ကားလေးကတော့ အေးမြတဲ့ခရစ်စမတ်အကြောင်းကို နွေးထွေးတဲ့ချစ်ခြင်းမေတ္တာနဲ့ ပုံဖော်ထားတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ ခရစ်စမတ်မှာ လက်ဆောင်တွေ လာပေးနေတဲ့ ခရစ်စမတ်ဘိုးဘိုးကြီးလို့ လူသိများတဲ့ စန်တာကလော့စ် ရဲ့ဒဏ္ဍာရီကို အခြေခံပြီး ပုံဖော်ထားတာပါ။ အခွင့်ထူးခံ လူပေါ်ကျော့ ဂျက်စပါ ဆိုတဲ့ လူငယ်လေးတစ်ဦးက အဖေ့ရဲ့စာပို့လုပ်ငန်းကြီးမှာ တာဝန်ယူလိုက်စွာမလုပ်ဘဲ ပျင်းနေတဲ့အတွက်၊ အဖေက အပြစ်အဖြစ် လူနည်းလူရွှင်မရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်က အေးခဲခေါင်ဖျားလွန်းတဲ့ စမီရင်ဘာ့ဂ် မြို့ကလေးကို စာပို့သမားအဖြစ် ပို့လိုက်ပါတယ်။ ဒီမြို့မှာ တစ်နှစ်အတွင်း ပေးစာ ၆၀၀၀ ထွက်လာအောင် မလုပ်နိုင်ရင်၊ အဖေထံက အမွေစွန့်လွှတ်ခံရမှာပါ။ ပြောမယ့်အရာတွေထဲမှာ မနာလိုမှု၊ အမုန်း၊ သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့သူတွေအကြားမှာ ဂျက်စပါ တစ်ယောက်ဟာ ဘယ်လိုနည်းနဲ့ ခရစ်စမတ်အကြောင်းအရာနဲ့ပတ်သက်တဲ့ သဘောထားတွေ ပြောင်းလဲအောင်လုပ်နိုင်မလဲ။ ပြီးတော့ စာပို့ခြင်းနဲ့ မျှတမှု၊ ချစ်ခြင်းမေတ္တာ၊ နောက်ပြောင်တတ်မှုကနေ စံအလကားမဲ့ အဖြစ်အပျက်တွေရဲ့အမြင်ကို ဘယ်လိုပြန်ဖော်မလဲဆိုတာ

t.me/cartoonmoviesmms/572
ဂိုက်ဆရာလေးရဲ့ ချုပ်ကွက်များ

တော်ဝင်နန်းတော်မှာ သူအိပ်မက်မက်ခဲ့တဲ့အလုပ်အတွက် နောက်ဆုံးစာမေးပွဲကျရှုံးပြီးနောက်မှာတော့ ငယ်ရွယ်ထက်မြက်တဲ့ မှော်ဆရာလေး အဲလ်လင် က ကျေးလက်မှာ ရိုးရှင်းတဲ့ဘဝကိုပဲ နေချင်တဲ့စိတ် ပြင်းပြနေပါပြီ။ ဒါပေမယ့် ကံဆိုးချင်တော့ ရထားလက်မှတ်တောင် မတတ်နိုင်တဲ့အခြေအနေဖြစ်လာတာကြောင့် အလုပ်တစ်ခုတောင် ရှာဖို့မဖြစ်မနေလိုလာခဲ့ပါတယ်။ ဒီလိုနဲ့ သူ့မှာ ဦးတည်ချက်တစ်ခုတည်းပဲ ရှိလာခဲ့ပါတယ်၊ အဲဒါကတော့ ဘုရင့်နိုင်ငံရဲ့ သြဇာအရှိဆုံး မှူးမတ်ဖြစ်တဲ့ ဒျူးဟာဝက် က သူ့သမီး တီနာ အတွက် ကိုယ်ပိုင်ဆရာလိုအပ်နေတာပဲ ဖြစ်ပါတယ်။ ပညာရေးမှာ ထူးချွန်ပေမယ့် တီနာ ဟာ မှော်ပညာတစ်ခုတောင် မရွတ်ဆိုနိုင်ပါဘူး။ ပိုဆိုးတာကတော့ နာမည်ကြီး Royal Academy ရဲ့ ဝင်ခွင့်စာမေးပွဲတွေ နီးနေပြီဖြစ်ပြီး၊ မှော်ပညာအရည်အချင်းက မဖြစ်မနေလိုအပ်လာတဲ့အချိန်မှာပါ။ ဘုရင့်နိုင်ငံရဲ့ အတော်ဆုံးမှော်ဆရာတွေရဲ့ ကြိုးစားမှုတွေတောင် မဖြေရှင်းနိုင်ခဲ့တဲ့ တီနာ ရဲ့ မှော်ပညာချို့ယွင်းချက်ကို အဲလ်လင် ဟာ သူ့ရဲ့ထူးခြားတဲ့အတွေးအခေါ်နဲ့အတူ ကူညီပေးနိုင်ပါ့မလား။ ပြီးတော့ ဒျူးဟာဝက် ကလည်း သူ့သမီးကိုကူညီပေးချင်တဲ့ အဲလ်လင် ရဲ့ကြိုးပမ်းမှုကို တကယ်လက်ခံလိုလားပါ့မလားဆိုတာကိုတော့ သုံးသပ်ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။

t.me/animeseriesmyanmar/1612